ကချင်ပြည်နယ် စစ်မျက်နှာနှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA)သည် စစ်ကောင်စီ၏ ရာဇာပလ္လင်အား ကိုင်လှုပ်နေသည့် အင်အားစုတခု ဖြစ်သည်။ ထိုအင်အားစု၊ ထိုစစ်မျက်နှာသည် ခပ်သေးသေး အင်အားစု မဟုတ်ဘဲ အတော် ကြီးမားသည့် အင်အားစုတခု ဖြစ်၏။ စစ်ကောင်စီအတွက် ထွေးမနိုင် မြိုမရသည့် အင်အားစုတခုဟုလည်း ဆိုရမည်။
ထို့ပြင်၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းသောအခါ ပြတ်ပြတ်သားသားဆန့်ကျင်ခဲ့သည့်အပြင် လူထုအား ပစ်ခတ်မှုပြုလုပ်ပါက တုန့်ပြန်သွားမည်ဟု ပြောဆိုထားသည့်အတိုင်း ၂၀၂၁ မတ်လအတွင်း အလော့ဘွမ် တိုက်ပွဲကြီးအား ဖေါ်ဆောင်ခဲ့ရာ စစ်ကောင်စီ အထိနာခဲ့ပြီး ပြန်လည်ထိုးစစ်ဆင်သိမ်းပိုက်နိုင်ခြင်း မရှိတော့ပေ။
အလော့ဘွမ်အား ယနေ့တိုင် KIA မှ ထိန်းချုပ်ထားနိုင်ခဲ့သည်ကို တွေ့ရသည်။ အလော့ဘွမ်တိုက်ပွဲကာလမှစ၍ KIA သည် ပြည်မလူထု၏ စိတ်ဝင်စားမှုနှင့် ထောက်ခံမှုကိုလည်း ရယူနိုင်ခဲ့၏။
ထို့ပြင် KIA သည် စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်ကွပ်မှုကြောင့် တိမ်းရှောင်လာသည့် CDM ဝန်ထမ်းများအပြင် စစ်ကောင်စီအား နိုင်ငံရေးအရသာမက စစ်ရေးအရပါ အံတုသူများကို ကာကွယ်စောင့်ရှောက်ပေးခဲ့၏။ NUG ဖွဲ့စည်းရာတွင်လည်း တက်ကြွစွာ ပါဝင်ခဲ့သည်။
စစ်ကောင်စီအား ပို၍ ထိုးနှက်နိုင်စေခြင်းမှာ စစ်ကောင်စီအား ဆန့်ကျင်အံတု တိုက်ပွဲဝင်မည့်သူများအား စစ်ရေးလေ့ကျင့်ပေးခြင်း၊ လက်နက်ခဲယမ်း တပ်ဆင်ပေးခြင်း၊ ထောက်ပို့ပေးခြင်း၊ စစ်ရေးအရ အကြံပေးခြင်း၊ ကူညီကွပ်ကဲခြင်းများကို တောက်လျှောက် ဆောင်ရွက်ခဲ့သည်။
စစ်ကောင်စီအား ပို၍ ထိုးနှက်နိုင်စေခြင်းမှာ စစ်ကောင်စီအား ဆန့်ကျင်အံတု တိုက်ပွဲဝင်မည့်သူများအား စစ်ရေးလေ့ကျင့်ပေးခြင်း၊ လက်နက်ခဲယမ်း တပ်ဆင်ပေးခြင်း၊ ထောက်ပို့ပေးခြင်း၊ စစ်ရေးအရ အကြံပေးခြင်း၊ ကူညီကွပ်ကဲခြင်းများကို တောက်လျှောက် ဆောင်ရွက်ခဲ့သည်။
ထို့ကြောင့်လည်း မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းများသာမက ချင်းပြည်နယ်ထိ မြန်မာပြည် အနောက်မြောက်ဘက်ခြမ်း တလျှောက် KIA လက်တံရှည်ခဲ့သည်။ ထိုဒေသများတွင် လက်နက်ကိုင်တော်လှန်များ အရှိန်အဟုန် ကောင်းလာခြင်း၊ လက်နက်ပိုမို တပ်ဆင်လာခြင်းတို့မှာ နောက်ကွယ်တွင် KIA ၏ အကူအညီကြောင့် ဖြစ်သည်။
စစ်ကိုင်းတိုင်းအား ၆ လအတွင်း အပြတ်ရှင်းမည်ဆိုသည့် စစ်ကောင်စီ၏ ကြွားလုံးသည်လည်း လေထဲတွင် ပျောက်ကွယ် သွားခဲ့ရပြီ ဖြစ်သည်။ ဤအချက်မှာ ဒေသခံလူထု၏ ပြောင်မြောက်သည့် တိုက်ပွဲဝင်မှု၊ စွန့်လွှတ်စွန့်စားမှုတို့အပြင် KIA ၏ ပံ့ပိုးမှုတို့ကြောင့်ဟု ဆိုရမည်။
ထို့ကြောင့်လည်း KIA သည် ကချင်လူထုသာမက မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းရှိ ပြည်မလူထု၏ ထောက်ခံမှုပါ ရရှိခဲ့ပြီး နိုင်ငံရေးဩဇာ တက်ခဲ့သည်။
KIA သည် ၁၉၉၄ မှ ၂၀၁၁ ထိ ၁၇ နှစ်တာမျှ စစ်တပ်နှင့် အပစ်ရပ်ထားသော်လည်း တဖက်တွင် သူ၏ အဖွဲ့အစည်းအား အားကောင်းမောင်းသန်ဖြစ်အောင် တည်ဆောက်နိုင်ခဲ့သည်ကို တွေ့ရ၏။
ဘဏ္ဏာရေးအရ၊ စစ်အင်အားအရ၊ စစ်လက်နက် ပစ္စည်းတပ်ဆင်ထားမှုအရ ပိုမိုအားကောင်းအောင် တည်ဆောက်လာနိုင်သည့်အပြင် အုပ်ချုပ်ရေး၊ ပညာရေး၊ တရားစီရင်ရေး စသည့် အပိုင်းများအားလည်း စနစ်တကျ တည်ဆောက်နိုင်ခဲ့သည်။
စစ်ရေးအရ ကချင်ပြည်နယ်တွင် KIA သည် အားကောင်းမောင်းသန်ဖြင့် ရပ်တည်နေ၏။ KIA တင် တပ်မဟာ ၁၀ ခု ရှိ သည်။ ၃ ခု မှာ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားသည်။ လှုပ်ရှားတပ်မ ၂ ခု၊ လက်နက်ကြီးတပ်မ ၁ ခု ဖွဲ့စည်းထားပြီး ၎င်းတပ်မဟာ၊ တပ်မများလက်အောက်တွင် ဒေသ အခြေစိုက်တပ်ရင်း ၂၄ ခု၊ လှုပ်ရှားတပ်ရင်း ၂၇ ခု၊ လက်နက်ကြီး တပ်ရင်း ၅ ခုနှင့် အထူးတပ်ရင်း ၃ ခုဖြင့် အဆင့်ဆင့် ကြီးကြပ် ကွပ်ကဲမှုစနစ်ဖြင့် ဖွဲ့စည်းထားသည်။ KIA တွင် စစ်ဖက်အရာရှိ ၆၀၀ ကျော် လေ့ကျင့်ထားပြီးဟု ဆိုကြသည်။
စစ်ရေးအရ ကချင်ပြည်နယ်တွင် KIA သည် အားကောင်းမောင်းသန်ဖြင့် ရပ်တည်နေ၏။ KIA တင် တပ်မဟာ ၁၀ ခု ရှိ သည်။ ၃ ခု မှာ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားသည်။ လှုပ်ရှားတပ်မ ၂ ခု၊ လက်နက်ကြီးတပ်မ ၁ ခု ဖွဲ့စည်းထားပြီး ၎င်းတပ်မဟာ၊ တပ်မများလက်အောက်တွင် ဒေသ အခြေစိုက်တပ်ရင်း ၂၄ ခု၊ လှုပ်ရှားတပ်ရင်း ၂၇ ခု၊ လက်နက်ကြီး တပ်ရင်း ၅ ခုနှင့် အထူးတပ်ရင်း ၃ ခုဖြင့် အဆင့်ဆင့် ကြီးကြပ် ကွပ်ကဲမှုစနစ်ဖြင့် ဖွဲ့စည်းထားသည်။ KIA တွင် စစ်ဖက်အရာရှိ ၆၀၀ ကျော် လေ့ကျင့်ထားပြီးဟု ဆိုကြသည်။
ကချင်ပြည်နယ်နှင့် KIA ၏ စစ်ရေး အလားအလာ မည်သို့ရှိမည်ဆိုသည်ကို အောက်ပါအတိုင်း တွက်ဆ သုံးသပ်ရပေသည်။
ကချင်ပြည်နယ်သည် ၈၉၀၄၁.၈ စတုရန်း ကီလိုမီတာ (၃၄၃၇၉.၂ စတုရန်းမိုင်) ဧရိယာကျယ်ပြန့်ပြီး မြန်မာပြည် တွင် တတိယ အကြီးဆုံးဒေသ ဖြစ်သည်။၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၁,၆၈၉,၄၄၁ ဦး (၁၇ သိန်းခန့်) ရှိသည်။ မြစ်ချောင်းများပြားသကဲ့သို့ တောတောင် လည်း ထူထပ်သည့်ဒေသဖြစ်၏။
ကချင်ပြည်နယ်အား စစ်ကောင်စီမှ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) နယ်မြေအဖြစ် သတ်မှတ်ထား၏။ ကျယ်ဝန်းသော စစ်မျက်နှာရှိသည်။
ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားအား ဗဟိုပြု၍ မြစ်ကြီးနား အနောက်မြောက်ဖက် တနိုင်းဒေသ၊ မြစ်ကြီးနား မြောက်ဖက် ဆွမ်ပရာဘွမ်-ပူတာအိုဒေသ၊ မြစ်ကြီးနား အရှေ့မြောက်ဖက် ဆဒုံး-ချီဗွေ-ဆော့လော်-ပန်ဝါဒေသ၊ မြစ်ကြီးနား အရှေ့ဖက် ဝိုင်းမော်-နန့်ဆန်ယန်ဒေသ၊ မြစ်ကြီးနား အနောက်တောင်ဖက် ကာမိုင်း-ဖါးကန့်-ဝှေခါဒေသ၊ မြစ်ကြီးနား တောင်ဖက် မိုးကောင်း-မိုးညှင်း-နန့်စီအောင်စသည့် မြစ်ကြီးနားနှင့် မန္တလေး-ရွှေဘို ရထားလမ်း ကားလမ်းတလျှောက်ရှိ သံလမ်းရိုးဒေသတို့ ရှိသည်။
ထို့ပြင် ဗန်းမော်အား ဗဟိုပြု၍ ဗန်းမော်မြောက်ဖက် မြို့သစ်-ဒေါ်ဖုန်းယန်-နားလုံ ဒေသ၊ ဗန်းမော်အရှေ့ဖက် မိုးမောက်-စိန်လုံကဘာ-ယောယုံ-လွယ်ဂျယ်ဒေသ၊ ဗန်းမော် အရှေ့တောင်ဖက် မန်စီ-မဒယန်-မန်ဝန်းကြီးဒေသ (နမ့်ခမ်း)၊ ဗန်းမော် အနောက်ဖက် ရွှေကူ-မိုးဒါး-ကသာဒေသတို့ ရှိသည်။
စစ်ကောင်စီ၏ မပခ ဌာနချုပ်အား မြစ်ကြီးနားတွင် အခြေပြုထား၏။ မပခ ဌာနချုပ်နှင့်တွဲဖက်၍ မြစ်ကြီးနား လေတပ်စခန်း ဌာနချုပ် ရှိသည်။ မြစ်ကြီးနားလေတပ်စခန်းတွင် ရဟတ်ယာဉ်အုပ်စုထားရှိပြီး တိုက်လေယဉ်၊ ဗုံးကြဲလေယဉ်များ အဆင်းအတက်ပြုလုပ်နိုင်သည့် ကြားစခန်းအဖြစ်လည်း အသုံးပြုသည်။
ထို့ပြင် အမြောက်တပ်၊ ဒရုန်းတပ်များ တွဲဖက်ထားသည့်အပြင် စစ်ဆေးရုံ၊ တိုင်းဗဟိုလေ့ကျင့်ရေးကျောင်းအပြင် လက်ရုံးတပ်ဖွဲ့များလည်း တွဲဖက်ထားရှိ၏။
ယခုလည်း မြစ်ကြီးနားတွင် စစ်ကောင်စီတပ်၏ စစ်ယန္တရားများ အကြီးအကျယ် ရောက်ရှိနေရာ စစ်တပ်ထဲတွင်ပင် နေရာမလောက်သဖြင့် မြစ်ကြီးနားခရိုင် မီးသတ်တပ်ဖွဲ့ရုံးတွင်ပင် တင့်ကားကြီးများ ထိုးထားရကြောင်း ဒေသခံများက ပြောသည်။
ယခုလည်း မြစ်ကြီးနားတွင် စစ်ကောင်စီတပ်၏ စစ်ယန္တရားများ အကြီးအကျယ် ရောက်ရှိနေရာ စစ်တပ်ထဲတွင်ပင် နေရာမလောက်သဖြင့် မြစ်ကြီးနားခရိုင် မီးသတ်တပ်ဖွဲ့ရုံးတွင်ပင် တင့်ကားကြီးများ ထိုးထားရကြောင်း ဒေသခံများက ပြောသည်။
KIA ဌာနချုပ်မှာမူ မြစ်ကြီးနား၏ အရှေ့ဖက်စူးစူး တရုတ်-မြန်မာနယ်စပ် လိုင်ဇာတွင် အခြေပြုသည်။ KIO၊ KIA၊ KIC စသည့် KIA အရပ်ဖက် စစ်ဖက်ဌာနချုပ်များ ရှိသည်။ အမြောက်တပ်မ၊ စစ်ဆေးရုံ၊ ဗိုလ်သင်တန်းကျောင်းများအပြင် အရပ်ဖက်ဌာနများ ရှိသည်။ မြေပြင်သတင်းများအရ KIA ဌာနချုပ်အနီးတွင် လက်နက်ခဲယမ်း ထုတ်လုပ်သည့် စက်ရုံ ရှိသည်ဟု ပြောဆိုမှုများလည်း ရှိသည်။
မပခ စစ်တိုင်းလက်အောက်ခံ ခြေလျင်နှင့် ခြေမြန်တပ်ရင်း ၃၇ ရင်းရှိပြီး နယ်မြေအလိုက် အောက်ပါအတိုင်း ဖြန့်ခွဲထားသည်။
တနိုင်းဒေသတွင် မပခ လက်အောက်ခံ တနိုင်း ဒကစ (ဒေသကွပ်ကဲရေး စစ်ဌာနချုပ်)နှင့် တိုင်းတပ်များ ရှိသည်။ KIA မှ တပ်မဟာ ၂ နှင့် လက်အောက်ခံ တပ်ရင်းများ လှုပ်ရှားသည်။
ဆွမ်ပရာဘွမ်-ပူတာအိုဒေသတွင် မပခ လက်အောက်ခံ စဗဟ/စဗခ (စစ်ဗျူဟာ/အခြေချစစ်ဗျူဟာ) နှင့် လက်အောက်ခံ တိုင်းတပ်များ ရှိသည်။ KIA မှ တပ်မဟာ ၁ နှင့် လက်အောက်ခံတပ်ရင်းများ လှုပ်ရှားသည်။
ဆဒုံး-ချီဗွေ-ဆော့လော်-ပန်ဝါဒေသတွင် မပခ လက်အောက်ခံ စဗဟနှင့် တိုင်းတပ်များရှိသည့်အပြင် ယခင် NDAK ငြိမ်း ချမ်းရေးအဖွဲ့၊ အသွင်ပြောင်း BGF တပ်ရင်း ၃ ရင်း ရှိသည်။ KIA မှ တပ်မဟာ ၇ နှင့် လက်အောက်ခံ တပ်ရင်းများသည် ၎င်းဒေသတွင်းရှိ လောခေါင်-လဂွေ-ဖရယ် ဒေသများသို့ တိုးဝင်လှုပ်ရှားသည်။ ဆဒုံးဖက်တွင် KIA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်းများ ရှိသည်။
ကာမိုင်း-ဖါးကန့်-ဝှေခါဒေသတွင် မပခ ကွပ်ကဲမှုအောက်ရှိ ရှေ့တန်း တပ်မ ၃၃ ရှိသည်။ ရှေ့တန်း တပ်မ ၃၃ ဌာနချုပ်နှင့် နဗဟ (နည်းဗျူဟာ)တခုနှင့် လက်အောက်ခံတပ်ရင်းများအား ဖါးကန့်၊ နည်းဗျူဟာတခုနှင့် လက်အောက်ခံ တပ်ရင်းများအား ကာမိုင်း၊ နည်းဗျူဟာတခုနှင့် လက်အောက်ခံတပ်ရင်းများအား ဝှေခါဒေသတွင် ဖြန့်ခွဲ အခြေပြုသည်။ KIA မှ တပ်မဟာ ၉ နှင့် လက်အောက်ခံ တပ်ရင်းများ လှုပ်ရှားသည်။
မိုးကောင်း-မိုးညှင်း-နန့်စီအောင်ဒေသတွင် မပခ လက်အောက်ခံ စကခ ၃ (အမှတ် ၃ စစ်ဆင်ရေးနှင့် ကွပ်ကဲမှုဌာနချုပ်) မိုးကောင်းတွင် အခြေပြုပြီး စကခ ၃ နှင့် လက်အောက်ခံတပ်ရင်းများသည် မြစ်ကြီးနား-နန့်စီအောင် ကားလမ်းကြောင်းတလျှောက် လုံခြုံရေး တာဝန်ယူသည်။ စကခ ၃ အား အထူးတပ်မဟာ ၃ ဟု အသွင်ပြောင်း စမ်းသပ်ဖွဲ့စည်းနေသည်ဟု သိရ၏။ KIA မှ ထိုဒေသတွင် တပ်မဟာ ၈ နှင့် လက်အောက်ခံ တပ်ရင်းများ လှုပ်ရှား၏။
ဗန်းမော်မြို့ရှိ မပခ ကွပ်ကဲမှုအောက်တွင် ရှေ့တန်း တပ်မ ၈၈ နှင့် နည်းဗျူဟာ အခြေပြု တခုနှင့် လက်အောက်ခံ တပ်ရင်းများ အခြေပြုသည်။ တပ်မ ၈၈ ၏ အခြား နဗဟ ၂ ခုအား ဗန်းမော်နှင့် ဆက်စပ်နေသည့် စစ်ကိုင်းတိုင်း ကသာတွင် တခု၊ အင်းတော်တွင် တခု ဖြန့်ခွဲအခြေပြုသည်။ ဗန်းမော်ဒေသတွင် KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်းများ လှုပ်ရှားသည်။
မြို့သစ်- ဒေါ်ဖုန်းယန်-နားလုံ ဒေသရှိ စခန်းများတွင် ရှေ့တန်း စကခ ၂၁ ဌာနချုပ်နှင့် နည်းဗျူဟာ တခုက တာဝန်ယူသည်။ ထိုဒေသတွင် KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်းအချို့နှင့် KIA ဗဟိုဌာနချုပ်မှ တပ်များ တာဝန်ယူသည်။
မိုးမောက်-စိန်လုံကဘာ- ယောယုံ-လွယ်ဂျယ်ဒေသတွင် စကခ ၂၁ လက်အောက်ခံ နည်းဗျူဟာ တခုက စိန်လုံတွင် အခြေပြု၍ လည်းကောင်း၊ နည်းဗျူဟာတခုက လွယ်ဂျယ်တွင် အခြေပြု၍ လည်းကောင်း ဖြန့်ခွဲ စခန်းထိုင်သည်။ ထို ဒေသတွင် KIA တပ်မဟာ ၃ မှ လက်အောက်ခံတပ်ရင်းများ လှုပ်ရှားသည်။
မန်စီ-မဒယန်-မန်ဝိန်းကြီးဒေသအား မပခ တိုင်းတပ်များအစား အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် ရမခ လားရှိုးကွပ်ကဲမှု အောက်ရှိ ရှေ့တန်း စကခ ၇ မှ တာဝန်ယူသည်။ ရှေ့တန်း စကခ ၇ ဌာနချုပ်နှင့် နည်းဗျူဟာ တခုသည် နမ့်ခမ်းတွင် အခြေပြုသည်။
နည်းဗျူဟာ တခုသည် မန်ဝိန်းကြီးတွင် အခြေပြုပြီး နည်းဗျူဟာ တခုသည် မန်စီတွင် အခြေပြုသည်။ ရွှေလီမြစ် အရှေ့ ခြမ်းရှိ နမ့်ခမ်းဖက်တွင် KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်းများ လှုပ်ရှားပြီး ရွှေလီမြစ် အနောက်ဖက်ခြမ်းရှိ မန်ဝိန်းကြီး-မန်စီ-မဒယန်ဒေသတွင် KIA တပ်မဟာ ၃ မှ တပ်ရင်းများ လှုပ်ရှားသည်။
ရွှေကူ-မိုးဒါး-ကသာဒေသတွင် မပခ ကွပ်ကဲမှုအောက်ရှိ တပ်မ ၈၈ မှ နည်းဗျူဟာ တခု တာဝန်ယူသည်။ KIA မှ တပ်မဟာ ၈ လက်အောက်ခံတပ်ရင်းများ တာဝန်ယူသည်။
စစ်ကောင်စီသည် ပန်ဝါဒေသတွင် ဇခုံတိန့်ယင်း၏ ပန်ဝါ ပြည်သူ့စစ်၊ ပူတာအိုဒေသတွင် တန်ကူးတန်၏ ရဝမ် ပြည်သူ့စစ်၊ ဝိုင်းမော်ဒေသတွင် လီဆူး ပြည်သူ့စစ်၊ တနိုင်း-တာလောကြီး-ဖါးကန့်နှင့် သံလမ်းရိုးတလျောက်တွင် ရှမ်းနီ ပြည်သူ့စစ်များ ဖွဲ့စည်း အသုံးပြုသည်။
ထို့ပြင် စစ်ကောင်စီသည် ပန်ဝါဒေသတွင် ဇခုံတိန့်ယင်း၏ ပန်ဝါ ပြည်သူ့စစ်၊ ပူတာအိုဒေသတွင် တန်ကူးတန်၏ ရဝမ် ပြည်သူ့စစ်၊ ဝိုင်းမော်ဒေသတွင် လီဆူး ပြည်သူ့စစ်၊ တနိုင်း-တာလောကြီး-ဖါးကန့်နှင့် သံလမ်းရိုးတလျောက်တွင် ရှမ်းနီ ပြည်သူ့စစ်များ ဖွဲ့စည်း အသုံးပြုသည်။
KIA သည်လည်း ၎င်းတို့ လှုပ်ရှားစိုးမိုးရာ ဒေသအားလုံးတွင် MHH ခေါ် ပြည်သူ့စစ်များ ဖွဲ့စည်းထားရှိသည်။
သို့ဖြစ်ရာ ကချင်ပြည်နယ်တဝှမ်း စစ်ကောင်စီတပ်များ (မပခ တိုင်းတပ် ၃၇ ရင်း၊ တပ်မ/စကခ ၃၈ ရင်း စုစုပေါင်း ၇၅ ရင်းနှင့် အမြောက်တပ်ရင်းများ၊ လက်ရုံးတပ်များ)၊ နယ်ခြားစောင့် BGF ၃ ရင်းနှင့် ပြည်သူ့စစ်များ ဖြန့်ခွဲ အခြေပြုထားသကဲ့သို့ KIA ကလည်း တပ်မဟာ ၇ ခု၊ လှုပ်ရှား တပ်မ ၂ ခု၊ လက်နက်ကြီးတပ်မ တခုတို့ဖြင့် ဖြန့်ခွဲရင်ဆိုင်ထားသည်။
KIA တပ်မဟာ ၄၊ တပ်မဟာ ၆ နှင့် တပ်မဟာ ၁၀ တို့မှာ ရှမ်းမြောက်တွင် ဖြန့်ခွဲ့လှုပ်ရှားသည်။
ကချင်ပြည်နယ် မပခ လက်အောက်ခံ တိုင်းတပ်များနှင့် မပခ ကွပ်ကဲမှုအောက်ရှိ တပ်မ/စကခ တပ်များသည် ကချင် ပြည်နယ်တွင်းရှိ အဓိကမြို့များ၊ ဆက်သွယ်ရေး လမ်းကြောင်းများအား ထိန်းချုပ်နိုင်ရန် အခိုင်အမာ စခန်းတည်ဆောက် နေရာယူထားသည်။ ကျောက်စိမ်းထွက်သော ဖါးကန့်ဒေသအား ထိန်းချုပ်နိုင်ရန် တပ်မတခုချထား၍ အခိုင်အမာစခန်းများ တည်ဆောက်နေရာ ယူထားသည်။
KIA တပ်ဖွဲ့ကမူ တောတောင်ထူထပ်သည့် ကချင်ပြည်နယ်၏ မြေအနေအထားအား ကောင်းစွာ အသုံးချပြီး ကျေးလက်ဒေသနှင့် တောင်တန်းများအား ထိန်းချုပ်ပြီး မြို့များ၊ ဆက်သွယ်ရေး လမ်းကြောင်းများကို ခြိမ်းခြောက် လှုပ်ရှားလျက်ရှိသည်။
ကချင်ပြည်နယ်၌ ကျောက်စိမ်း၊ ပယင်း၊ ရွှေစသည့် သဘာဝသယံဇာတထွက်ရှိသည့်ဒေသများအား ထိန်းချုပ်ပြီး ၎င်းတို့တပ်ဖွဲ့ ဘဏ္ဏာရေးလိုအပ်ချက်အား ဖြည့်ဆည်းနိုင်စွမ်းရှိသည်မှာ KIA ၏ အားသာချက်ဟု ဆိုရမည်။ ချုပ်၍ဆိုရလျင် KIA သည် ကချင်ပြည်နယ်တခုလုံးတွင် ဖြန့်ခွဲလှုပ်ရှားပြီး ပြည်နယ်အနှံ့ရှိ စစ်ကောင်စီ တပ်ဖွဲ့များကို ခြိမ်းခြောက်ထားနိုင်သည်ကို တွေ့ရသည်။
ထို့ပြင် ကချင်ပြည်နယ်၌ ကျောက်စိမ်း၊ ပယင်း၊ ရွှေစသည့် သဘာဝသယံဇာတထွက်ရှိသည့်ဒေသများအား ထိန်းချုပ်ပြီး ၎င်းတို့တပ်ဖွဲ့ ဘဏ္ဏာရေးလိုအပ်ချက်အား ဖြည့်ဆည်းနိုင်စွမ်းရှိသည်မှာ KIA ၏ အားသာချက်ဟု ဆိုရမည်။ ချုပ်၍ဆိုရလျင် KIA သည် ကချင်ပြည်နယ်တခုလုံးတွင် ဖြန့်ခွဲလှုပ်ရှားပြီး ပြည်နယ်အနှံ့ရှိ စစ်ကောင်စီ တပ်ဖွဲ့များကို ခြိမ်းခြောက်ထားနိုင် သည်ကို တွေ့ရသည်။
၂၀၂၁ ခုနှစ် မတ်လတွင် ဖေါ်ဆောင်ခဲ့သည့် အလော့ဘွမ်တိုက်ပွဲစဉ်သည် KIA ဗဟိုဌာနချုပ်မှ တိုက်ရိုက်ဦးစီးသည့် စစ် ဆင်ရေးဟု ဆိုရမည်။ အလောဘွမ်တိုက်ပွဲအပြီး လပေါင်း ၂၀ အတွင်းတွင် ကချင်ပြည်နယ်တွင်း၌ တပ်မဟာ နယ်မြေ အလိုက် စစ်ဆင်ရေးများကိုသာ တွေ့ရ၏။
ပူတာအို၊ ဆွမ်ပရာဘွမ်ဒေသ၊ တနိုင်းဒေသ၊ ဖါးကန့်ဒေသ၊ ဝိုင်းမော်ဒေသ၊ ဗန်းမော်၊ ကသာ မြစ်ကြောင်းတို့တွင် တိုက်ပွဲများ တောက်လျှောက် ဖြစ်ပွားသည်ကို တွေ့ရသည်။ ထိုဒေသအလိုက်ဖြစ်ပွားသော တိုက်ပွဲများသည် ကချင်ပြည်နယ်တွင်းရှိ မပခ တပ်များကို ထိန်းချုပ်ထားနိုင်သည်ကို တွေ့ရ၏။
တဖက်ကကြည့်လျင် ကချင်ပြည်နယ်တွင်း အလော့ဘွမ်တိုက်ပွဲအပြီး တိုက်ပွဲကြီးများ ဖေါ်ဆောင်သည့် မတွေ့ရသော်လည်း စစ်ကောင်စီကလည်း အလော့ဘွမ်တိုက်ပွဲအပြီးတွင် KIA အား ထိုးစစ်ကြီး ဆင်နိုင်စွမ်း မရှိသည်ကို တွေ့ရ၏။
ပြဿနာမှာ စစ်ကောင်စီသည် ၂၀၂၁ အာဏာသိမ်းသည်မှစ၍ တပြည်လုံးအနှံ့တွင် စစ်မျက်နှာဖွင့်ထားရ၏။ သို့ဖြစ်ရာ စစ်ကောင်စီ၏ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တိုက်ရိုက်ကွပ်ကဲသည့် တပ်မနှင့် စကခ ၃၀ (တပ်ရင်း ၃၀၀) အား ကရင်၊ မွန်၊ ကရင်နီ၊ ရခိုင်၊ ချင်း၊ ရှမ်း၊ ကချင်၊ စစ်ကိုင်းနှင့် မကွေးစသည့် ပြည်နယ်နှင့်တိုင်းများတွင် ဖြန့်ခွဲထားရရာ တနေရာရာအား စုစည်း၍ ထိုးစစ်ဆင်ရန် တပ်မရှိတော့ပေ။ လက်ရှိတွင် ဒေသတခုခုမှ တပ်နှုတ်ပါက ထိုဒေသတွင် အရေးနိမ့်တော့မည်ဖြစ်ရာ တပ်မထုတ်ရဲပေ။
လိုအပ်သည်နေရာများကို ဖြည့်တင်းရန်အတွက် လက်ရုံးတပ်များမှ ထုတ်နှုတ်၍ လက်ရုံးညွန့်ပေါင်းတပ်များ ဖွဲ့စည်း၍ တပ်မ/စကခတို့မှ နောက်ချန်ဌာနချုပ် တပ်ခွဲများနှင့် ပူးပေါင်းဖြည့်တင်းနေရ၏။ သို့ဖြစ်ရာ ယခုကာလတွင် စကစ သည် တပ်မ/စကခ ၃/၄ ခု စုစည်း၍ ထိုးစစ်ဆင်သည့် စစ်ဆင်ရေးများ ပြုလုပ်နိုင်ဖွယ် မရှိပေ။
သို့သော်လည်း မပခ လက်အောက်ခံတပ်များသည် ရှိသည်တပ်များထုတ်နှုတ်သည့် စစ်ဆင်ရေးအငယ်များ ပြုလုပ်သည်ကို ဖါးကန့်ဒေသ၊ တနိုင်းဒေသ၊ ပူတာအိုဒေသနှင့် ဝိုင်းမော်အရှေ့ဖက်ဒေသများတွင် ပြုလုပ်သည်ကို တွေ့ရသော်လည်း အတိုင်းအတာ မကြီးမားသကဲ့သို့ အချိန်ကာလလည်း မကြာမြင့်ပေ။
လက်ရှိ အောက်တိုဘာလကုန်ပိုင်းတွင် ပြုလုပ်သည့် မိုးမောက်အရှေ့ဖက် လုံဂျာဘွမ် KIA စခန်းအား ထိုးစစ်ဆင်သည်က စစ်ဆင်ရေး အလတ်စားဟု ဆိုရမည်။ ထိုစစ်ဆင်ရေးသည်ပင် မပခ ကွပ်ကဲမှုအောက်ရှိ တပ်သက်သက်ဖြင့် တိုက်သည် မဟုတ်ပေ။
လက်ရှိ အောက်တိုဘာလကုန်ပိုင်းတွင် ပြုလုပ်သည့် မိုးမောက်အရှေ့ဖက် လုံဂျာဘွမ် KIA စခန်းအား ထိုးစစ်ဆင်သည်က စစ်ဆင်ရေး အလတ်စားဟု ဆိုရမည်။ ထိုစစ်ဆင်ရေးသည်ပင် မပခ ကွပ်ကဲမှုအောက်ရှိ တပ်သက်သက်ဖြင့် တိုက်သည် မဟုတ်ပေ။
ရမခ ကွပ်ကဲမှုအောက်ရှိ ရှေ့တန်း စကခ ၇ လက်အောက်ခံ နည်းဗျူဟာ နှစ်ခုအား ကချင်ပြည်နယ် မန်ဝိန်းကြီး-မန်စီ-မဒယန်ဒေသသို့ ဖြည့်တင်းစခန်းထိုင်စေပြီးမှ မပခ ကွပ်ကဲမှုအောက်ရှိ စစ်ကြောင်း ၆ ခု အင်အား ၆၀၀ ခန့်အား ထုတ်နှုတ် အသုံးပြုပြီး လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူဖြင့် ပြုလုပ်သည့် စစ်ဆင်ရေး ဖြစ်သည်။
ထိုအလတ်စား စစ်ဆင်ရေးတွင် KIA စခန်းအား သိမ်းနိုင်သည်ဟု စစ်တပ်ကကြေညာသော်လည်း KIA က သိမ်းနိုင်ခြင်း မရှိဟု ထုတ်ပြန်သည်။ မည်သို့ပင်ဆိုစေ စစ်ကောင်စီ၏ စစ်ဆင်ရေးအငယ်နှင့် အလတ်တို့ကို KIA နှင့် KPDF တို့ ကောင်းစွာ တုန့်ပြန်နိုင်သည်ဟု ဆိုရပါမည်။
ဤကာလအတွင်း KIA အတွက် ဆုံးရှုံးမှုကြီးမားသည်မှာ အနန့်ပါလေကြောင်းတိုက်ခိုက်မှုသာရှိသည်။ KIA တပ်မဟာ ၉ မှူး ကျဆုံးခဲ့သည်။ ထို့ပြင် ဤကာလတွင် မြို့ပေါ်တက်၍ လှုပ်ရှားသည့် ကေအိုင်အေ တပ်မဟာ ၈ ဒု တပ်မဟာမှူး အဖမ်းခံခဲ့ရ၏။
သို့သော်လည်း ဤအဆုံးအရှုံးလောက်သည် KIA တခုလုံးအား ထိခိုက်မှု မရှိပါ။
ကချင်ပြည်နယ်ဘက်မှ လာသည့် နောက်ဆုံး သတင်းများအရ စစ်ကောင်စီသည် KIA ဌာနချုပ် လိုင်ဇာအထိ လေကြောင်းဖြင့် တိုက်ခိုက်နိုင်သည်ဟု ဆိုသည်။ သို့သော် ထိုသတင်းသည် ယခုမှ မဟုတ် မကြာခဏ ထွက်ပေါ်လေ့ရှိသည်။
လက်ရှိအချိန်တွင် KIA သည် ကချင်ပြည်နယ်အတွင်း KPDF (ကချင် PDF) များကို ဦးစီးဖွဲ့စည်းထားရှိရာ KIA ၏ အင်အားသည် ယခင်ကထက် ပိုလာသည်။ မိုးကောင်း-ဟိုပင်-မိုးညှင်း-နမ္မား ရထား/ကားလမ်းတလျှောက်တွင် KIA နှင့် ပူးပေါင်းထားသည့် KPDF များ အင်အားကောင်းလာ၏။
လက်ရှိအချိန်တွင် KIA သည် ကချင်ပြည်နယ်အတွင်း KPDF (ကချင် PDF) များကို ဦးစီးဖွဲ့စည်းထားရှိရာ KIA ၏ အင်အားသည် ယခင်ကထက် ပိုလာသည်။ မိုးကောင်း-ဟိုပင်-မိုးညှင်း-နမ္မား ရထား/ကားလမ်းတလျှောက်တွင် KIA နှင့် ပူးပေါင်းထားသည့် KPDF များ အင်အားကောင်းလာ၏။
မြေပြင်သတင်းများအရ မိုးညှင်း-ဟိုပင်မြို့၏ အရှေ့ဖက်ကပ်ရက်ရှိ နန့်ယင်းချောင်းအား ကျော်၍ စစ်ကောင်စီတပ်များ မသွားရဲတော့ကြောင်း သိရသည်။ မြစ်ကြီးနားရထားလမ်းနှင့် ဧရာဝတီမြစ်ကြားရှိ ဒေသအခေါ် ကောက်ကွေ့ဂွင်အား KIA နှင့် KPDF များ စိုးမိုးထားပုံရသည်။
အလော့ဘွမ်တိုက်ပွဲအပြီး လပေါင်း ၂၀ ခန့်အတွင်း KIA သည် PDF တပ်ဖွဲ့များအား လေ့ကျင့်ခြင်း၊ လက်နက် တပ်ဆင်ပေးခြင်း အပြင် စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲများ ဖော်ခဲ့သည်ကို တွေ့ရသည်။ ပင်လည်ဘူး၊ ဗန်းမောက် ဒေသတွင် တိုက်ပွဲကြီးများ တိုက်ခဲ့သည်ကို တွေ့ရသည်။
များမကြာမီကာလအတွင်း ကချင်ပြည်စစ်မျက်နှာတွင် KIA ဦးစီးသည့် တိုက်ပွဲကြီးများကို မြင်တွေ့ရနိုင်သည်ဟု သုံးသပ်ရ၏။ အနှေးနှင့်အမြန်ဟုသာ ဆိုရပါမည်။
ထိုလပေါင်း ၂၀ သည် ကချင်ပြည်နယ်အတွင်းရှိ KPDF များအား လေ့ကျင့်ခြင်း၊ စုဖွဲ့ခြင်း၊ လက်နက်တပ်ဆင်ခြင်း၊ လက်နက် ခဲယမ်းစုဆောင်းခြင်းတို့အတွက် တစုံတရာ လုံလောက်သည့်အချိန်ကာလလည်း ဖြစ်သည်ဟု ဆိုရမည်။
သို့ဖြစ်ရာ များမကြာမီကာလအတွင်း ကချင်ပြည်စစ်မျက်နှာတွင် KIA ဦးစီးသည့် တိုက်ပွဲကြီးများကို မြင်တွေ့ရနိုင်သည်ဟု သုံးသပ်ရ၏။ အနှေးနှင့်အမြန်ဟုသာ ဆိုရပါမည်။
(ကိုဦးသည် တိုင်းရင်းသားအရေးလေ့လာသူ သုတေသီတဦး ဖြစ်သည်။)
You may also like these stories:
အနန့်ပါ ဗုံးကြဲခံရမှု နောက်ဆက်တွဲဖြစ်စဉ်များကို UWSA သတိထားစောင့်ကြည့်နေ
ကော့ကရိတ် မြို့သိမ်းတိုက်ပွဲ မဟုတ်ဘူး၊ တပ်စွဲထားတဲ့ တပ်တွေ ပြန်ရုပ်ရေး တိုက်တာ
အုပ်စုကွဲနေသည့် ရာမည နိုင်ငံရေး
စစ်ကောင်စီကို ရခိုင်တန်ပြန်စစ်ဆင်မှုနှင့် လားရာ
—