ရန်ကုန် အင်းစိန်အကျဉ်းထောင်ထဲ အကျဉ်းချခံထားရသော သြစတြေးလျနိုင်ငံသား စီးပွားရေး ပညာရှင် မစ္စတာ ရှောင်တာနယ်ကို ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု စစ်ကောင်စီက ကြေညာသည်။
သူသည် မြန်မာနိုင်ငံအား အကြွေးထောင်ချောက်ထဲ မကျအောင် အဓိက ဆော်ဩခဲ့သူ တဦး ဖြစ်ပြီး ခရိုနီများအပေါ် မျက်နှာသာပေး အကျင့်ပျက်နေသော ဗဟိုဘဏ်နှင့် စီးပွားရေး စီမံခန့်ခွဲမှုများအား ပြုပြင်ပြောင်းလဲရေး အကြံပေးတိုက်တွန်းခဲ့သူလည်း ဖြစ်သည်။
နေပြည်တော်ထောင်မှ စစ်ကောင်စီထိန်းချုပ် တရားရုံးက နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေနှင့် ဗီဇာ လုပ်ထုံးလုပ်နည်း ချိုးဖောက်မှုများဖြင့် သူ့ကို စက်တင်ဘာလ ၂၉ ရက်နေ့တွင် ထောင် ၃ နှစ်ချခဲ့ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက် အမျိုးသားနေ့တွင် ပြန်လွှတ်ပေးပြီး ပြည်နှင်ဒဏ် ပေးလိုက်သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသာမှုများ ရှိသည်ဟု စွပ်စွဲကာ အာဏာသိမ်းခဲ့သည့် စစ်အုပ်စု အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့နိုင်ငံရေး စီးပွားရေး အပြောင်းအလဲကို လေးစားချစ်ခင်စွာ ကူညီဆောင်ရွက်နေသော ရှောင်တာနယ်အား ဖမ်းဆီးခဲ့သောကြောင့် ဩစတြေးလျရှိ ရှောင်တာနယ်၏ မိသားစုဝင်များက ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့မှု ယနေ့ပြည့်မြောက်ခဲ့ပြီ။
၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသာမှုများ ရှိသည်ဟု စွပ်စွဲကာ အာဏာသိမ်းခဲ့သည့် စစ်အုပ်စု အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့နိုင်ငံရေး စီးပွားရေး အပြောင်းအလဲကို လေးစားချစ်ခင်စွာ ကူညီဆောင်ရွက်နေသော ရှောင်တာနယ်အား ဖမ်းဆီးခဲ့သောကြောင့် ဩစတြေးလျရှိ ရှောင်တာနယ်၏ မိသားစုဝင်များက ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့မှု ယနေ့ပြည့်မြောက်ခဲ့ပြီ။
ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး အကြံပေးအဖြစ် ဆောင်ရွက်ခဲ့သူ မစ္စတာရှောင်တာနယ်သည် သြစတြေးလျနိုင်ငံ၏ နာမည်ကြီး မက်ကွာရီ တက္ကသိုလ်၏ စီးပွားရေး ပါမောက္ခလည်း ဖြစ်သည်။ ပါမောက္ခ ရှောင်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် မရင်းနှီးခင်ကတည်းက ကမ္ဘာသိ မြန်မာ့စီးပွားရေး ပညာရှင်များ ဖြစ်သော ဒေါက်တာလှမြင့်နှင့် ဒေါက်တာ ဦးမြင့်တို့နှင့် ခင်မင်ရင်းနှီးခဲ့သူ ဖြစ်သည်။
မစ္စတာ ရှောင်တာနယ်သည် ၈၈ အရေးတော်ပုံကြီး နောက်ပိုင်း ပြည်ပရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ခင်မင်ရင်းနှီးခဲ့ကာ မြန်မာ့အရေး အထူးသဖြင့် မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုအတွက် အရေးပါသော သုတေသနစာတမ်းများကို ရေးသားပြုစုခဲ့သည်။
သူသည် မြန်မာ့စီးပွားရေးကို မက်ခရိုစီးပွားရေးအခြေအနေမှ အသေးစားစီးပွားရေးပြုပြင်ပြောင်းလဲမှုအထိ ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြနိုင်သည်။ သူသည် ဘဏ္ဍာရေးနှင့် ငွေကြေးမူဝါဒ၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံအဆောက်အအုံလိုအပ်ချက်၊ ဘဏ္ဍာရေးဈေးကွက်၊ ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းနှင့် အရေးအကြီးဆုံးမှာ ပညာရေးနှင့် လူ့စွမ်းအားအရင်းအနှီးတို့အထိ အသေးစိတ် တူးဖော်ခဲ့သည်။
ဩစတြေးလျက ငယ်ဘဝ
ရှောင်တာနယ်သည် ဆစ်ဒနီအနောက်တောင်ဘက်ရှိ Macquarie Fields ၏ ဆင်ခြေဖုံးရပ်ကွက်တွင် ကြီးပြင်းခဲ့သည်။ ငယ်ရွယ်စဉ်ကတည်းက ထက်မြက်မှုကိုပြသပြီး ဆစ်ဒနီအနောက်မြောက်ပိုင်းရှိ မက်ကွာရီ တက္ကသိုလ်တွင် စီးပွားရေးဘွဲ့ကို ရရှိခဲ့သည်။ နောက်ပိုင်း PhD ရပြီး တက္ကသိုလ်တွင် တွဲဖက်ပါမောက္ခအဖြစ် ဝင်လုပ်ခဲ့သည်။
ဘွဲ့ရပြီးနောက် သူသည် ဩစတြေးလျ ဗဟိုဘဏ် Australia Reserve Bank တွင်လည်း အလုပ်လုပ်ခဲ့သေးသည်။ ထိုနေရာတွင် သူသည် အလုပ်ကြိုးစားသော အဖွဲ့ဝင်တဦး အဖြစ် လူသိများခဲ့သည်။
မက်ကွာရီ တက္ကသိုလ်၏ စီးပွားရေးဌာန၏ အကြီးအကဲဟောင်းတဦးဖြစ်သူ ပါမောက္ခ ဒေးဗစ်သရော်စဘီက ရှောင်တာနယ်သည် ဩစတြေးလျ ဗဟိုဘဏ်တွင် ဘာမဆို ဖြစ်နိုင်သည်ဟု သူယုံကြည်ကြောင်း ပြောခဲ့သည်။ “ဒါပေမယ့် သူက ယဉ်ကျေးမှုအရ ပညာရေးနဲ့ ပိုလိုက်ဖက်ပြီး တက္ကသိုလ်ပတ်ဝန်းကျင်မှာ ပိုနေခဲ့တယ်” ဟု ရှောင်တာနယ်၏ မိတ်ဆွေ ဆစ်ဒနီ နည်းပညာတက္ကသိုလ်မှ ဘောဂဗေဒ ပါမောက္ခ တင်မ်ဟားကုတ်က The Conversation တွင် ရေးသည်။
ရှောင်တာနယ်သည် ၁၉၉၁ ခုနှစ်တွင် မက်ကွာရီ တက္ကသိုလ်၏ စီးပွားရေးဌာနသို့ ဝင်ရောက်ခဲ့သည်။ သူသည် ပညာရေးတွင် ထူးချွန်ပြီး ဘောဂဗေဒ တွေးခေါ်ပညာရှင် ဂျွန်မေနာ့ဒ်ကိန်း John Maynard Keynes အကြောင်းကို ပြောင်မြောက်သော စာတမ်းဖြင့် PhD ယူခဲ့သည်။ သူသည် ပညာရှင်ဘဝမစမီက “ဟေမယ်လ်တန်ဂိုဏ်းဝင် Hamiltonian” လည်း ဖြစ်ခဲ့သည်။
ရှောင်တာနယ်သည် ၁၉၉၁ ခုနှစ်တွင် မက်ကွာရီ တက္ကသိုလ်၏ စီးပွားရေးဌာနသို့ ဝင်ရောက်ခဲ့သည်။ သူသည် ပညာရေးတွင် ထူးချွန်ပြီး ဘောဂဗေဒ တွေးခေါ်ပညာရှင် ဂျွန်မေနာ့ဒ်ကိန်း John Maynard Keynes အကြောင်းကို ပြောင်မြောက်သော စာတမ်းဖြင့် PhD ယူခဲ့သည်။ သူသည် ပညာရှင်ဘဝမစမီက “ဟေမယ်လ်တန်ဂိုဏ်းဝင် Hamiltonian” လည်း ဖြစ်ခဲ့သည်။
အမေရိကန်၏ ပထမဆုံး ဘဏ္ဍာရေးဝန်ကြီး အလက်ဇန်းဒါး ဟေမယ်လ်တန် Alexander Hamilton ၏ ဘဝနှင့် အချိန်များအပေါ် နက်နက်ရှိုင်းရှိုင်းစိတ်ဝင်စားပြီး အမျိုးသားမော်ကွန်းတိုက်များနှင့် ပြတိုက်များတွင် နာရီပေါင်းများစွာကြာအောင် သူ့သူရဲကောင်း၏ အသေးစိတ်အချက်အလက်များကို ရှာဖွေခဲ့သည်။
မြန်မာပြည်သာ သူ့ဘဝ သူ့ကမ္ဘာ
သို့သော် မြန်မာနိုင်ငံသည် ရှောင်တာနယ် ပရော်ဖက်ရှင်နယ်ဘဝ၏ ဗဟိုချက်ဖြစ်လာခဲ့ပြီး ၎င်း၏ သုတေသနပြုချက်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေး စီးပွားရေးနှင့် စီးပွားရေးသမိုင်းကို အာရုံစိုက်လာခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ထုတ်ဝေခဲ့သော Fiery Dragons: Banks, Moneylenders and Microfinance in Burma စာအုပ်တွင် မြန်မာ့ငွေကြေးဈေးကွက်အကြောင်း သမိုင်းနှင့်ချီပြီး စမ်းစစ်တင်ပြခဲ့သည်။
၁၉၉၀ ခုနှစ်များတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး ၎င်းတို့၏ ပရော်ဖက်ရှင်နယ် ဆက်ဆံရေးသည် ထိုနေရာမှ ခိုင်မာလာခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် သူသည် စစ်အာဏာရှင်အစိုးရ လက်ထက်တွင် ရရှိနိုင်သော အချက်အလက် နည်းပါးမှုအတွက် ယုံကြည်စိတ်ချရသော စီးပွားရေးဆိုင်ရာ အချက်အလက်များနှင့် မှတ်ချက်ပေးသည့် ဘလော့ဂ်တစ်ခုဖြစ်သည့် Burma Economic Watch ကို တည်ထောင်ခဲ့သည်။
၂၀၁၁ ခုနှစ်တွင် ဒီမိုကရေစီ တစိတ်တပိုင်း ပြန်လည်ထူထောင်လာသောအခါ ရှောင်တာနယ်သည် မြန်မာ့စီးပွားရေး၏ ကဏ္ဍအားလုံးကို လွှမ်းခြုံနိုင်သော နည်းပညာဆိုင်ရာ စီးပွားရေးပညာရှင်အဖြစ် လုပ်ကိုင်ခွင့်ရခဲ့သည်။ ဆစ်ဒနီတွင် ဆက်လက်နေထိုင်သော်လည်း မြန်မာနိုင်ငံသို့ ပုံမှန်သွားရောက်လည်ပတ်ခဲ့သည်။
မြန်မာ့စီးပွားရေးကို လေ့လာစောင့်ကြည့်သူများအနေဖြင့် ရှောင်တာနယ်နှင့် ပူးတွဲ အမှတ်ရနေသည့်အချက်မှာ “တရုတ်အကြွေးထောင်ချောက်” မကျရောက်အောင် သတိပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာ့စီးပွားရေးကို လေ့လာစောင့်ကြည့်သူများအနေဖြင့် ရှောင်တာနယ်နှင့် ပူးတွဲ အမှတ်ရနေသည့်အချက်မှာ “တရုတ်အကြွေးထောင်ချောက်” မကျရောက်အောင် သတိပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီအနိုင်ရပြီး အစိုးရ ဖွဲ့လာသည့်အခါ စီးပွားရေး ပညာရှင် မစ္စတာ ရှောင်တာနယ်အား ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး ခန့်အပ်ခဲ့သည်။
စီးပွားရေးအကြံပေးဖြစ်လာသော မစ္စတာရှောင်တာနယ်၏ အဓိက အလုပ်မှာ စစ်အစိုးရများနှင့် သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်က လုပ်ခဲ့သော ချေးငွေယူ၍ ဆောင်ရွက်မည့် စီမံကိန်းများအား ပြန်လည်သုံးသပ်ခြင်း၊ ဗဟိုဘဏ် ပြုပြင်ပြောင်းလဲရေးနှင့် ငွေလဲနှုန်း တည်ငြိမ်ရေးတို့ ဖြစ်သည်။
“ချေးငွေယူပြီး အကောင်အထည်ဖော်မယ့် စီမံကိန်းတွေကို တခုချင်း ပြန်တွက်ပေးရတာ၊ ချေးငွေယူပြီး လုပ်ရင် တွက်ချေ ကိုက် မကိုက် အကျိုးအမြတ် ရှိ မရှိ တွက်ပေးရတာ အဓိက။ အတိုးနဲ့ ဒုက္ခမရောက်အောင် မစ္စတာရှောင်က တွက်ပေးခဲ့တာ” ဟု ရှောင်တာနယ်နှင့် အတူ အလုပ်လုပ်ခဲ့သူတဦးက ပြောသည်။
ယခုအခါ ဒေဝါလီခံခဲ့ရပြီး ဖြစ်သော သီရိလင်္ကာကို ဥပမာပေးပြီး လမ်း တံတားနှင့် အခြား အခြေခံအဆောက်အဦးများ လိုအပ်နေသော်လည်း အကယ်၍ တရုတ်ထံမှ အကြွေး အဆမတန် ယူပြီး အကောင်အထည်ဖော်မည်ဆိုပါက မြန်မာနိုင်ငံသည် အကြွေးဝန်ပိကာ ဒေဝါလီခံရနိုင်ကြောင်း ရှောင်တာနယ်က ဦးစွာ သတိပေးခဲ့သည်။
ယခင် စစ်အုပ်ချုပ်ရေးများနှင့် တရုတ်အစိုးရကြား ဆောင်ရွက်ခဲ့သည့် စီမံကိန်း အများစုသည်လည်း မြန်မာနိုင်ငံအတွက် အကျိုးမရှိဘဲ တရုတ်အတွက် အကျိုးများသော လုပ်ငန်းများသာ ဖြစ်သည်။ မြန်မာပြည်သူတို့အတွက် အကျိုးမရှိဘဲ စစ်ဗိုလ်ချုပ်များ အတွက်သာ အကျိုးရှိခဲ့သည်။
ယခင် စစ်အုပ်ချုပ်ရေးများနှင့် တရုတ်အစိုးရကြား ဆောင်ရွက်ခဲ့သည့် စီမံကိန်း အများစုသည်လည်း မြန်မာနိုင်ငံအတွက် အကျိုးမရှိဘဲ တရုတ်အတွက် အကျိုးများသော လုပ်ငန်းများသာ ဖြစ်သည်။ မြန်မာပြည်သူတို့အတွက် အကျိုးမရှိဘဲ စစ်ဗိုလ်ချုပ်များ အတွက်သာ အကျိုးရှိခဲ့သည်။
ထို့ကြောင့် ယင်းအခြေအနေမျိုးကို ရှောင်ရှားနိုင်ရန် ကျောက်ဖြူရေနက် ဆိပ်ကမ်း၏ ရင်းနှီးမြှုပ်နှံမှု ပမာဏအား လျော့ချခဲ့သည်။ တရုတ်နှင့် အပြင်းအထန် ပြန်လည်ညှိနှိုင်းခဲ့ရသည်။
အကြွေးထောင်ချောက်ကို လွတ်အောင်ရှောင်
ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းအား သမ္မတဦးသိန်းစိန် အစိုးရသည်၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် တရုတ်နိုင်ငံပိုင် ကော်ပိုရေးရှင်း တခုဖြစ်သော(China International Trust Investment Corporation – CITIC) အား လုပ်ပိုင်ခွင့် ပေးခဲ့သည်။
ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ရေနက်ဆိပ်ကမ်း၊ စက်မှုဇုံနှင့် အိမ်ရာစီမံကိန်းဟူ၍ စီမံကိန်း သုံးခု ပါဝင် သည်။ အဆိုပါ စီမံကိန်းများအတွက် ကုန်ကျစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၇ ဒဿမ ၃ ဘီလီယံ သတ်မှတ်ထားသည်။
စီမံကိန်းအတွက် တရုတ်ဘက်မှ ၈၅ ရာခိုင်နှုန်းနှင့် မြန်မာဘက်က ၁၅ ရာခိုင်နှုှန်း ထည့်ဝင်ရန် သမ္မတဦးသိန်းစိန် အစိုးရက သဘောတူခဲ့သည်။
နအဖ အစိုးရ လက်ထက် နှစ်နိုင်ငံခေါင်းဆောင်များကြား သဘောတူခဲ့သော မြစ်ဆုံစီမံကိန်းအား သမ္မတ ဦးသိန်းစိန်သည် တရုတ်နိုင်ငံအား အကြောင်းကြားခြင်းမရှိဘဲ သူ့အစိုးရ လက်ထက်တွင် ရပ်ဆိုင်းထားရန် ဆုံးဖြတ်ခဲ့သည်။
အဆိုပါ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ တရုတ် အစိုးရမှ စိတ်ဆိုးဒေါသ ဖြစ်ခဲ့သည်။ ထို့ကြောင့် သမ္မတ ဦးသိန်းစိန်သည် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းအား တရုတ်အစိုးရဘက်မှ တောင်းဆိုသည့်အတိုင်း အတည်ပြုပေးခဲ့သည်။
သို့သော် သမ္မတ ဦးသိန်းစိန်အစိုးရမှ သဘောတူခဲ့သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအား သူရ ဦးရွှေမန်း ဦး ဆောင်သော ကြံခိုင်ရေးပါတီ လွှတ်တော်က အတည်မပြုဘဲ ထားခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲဖြင့် တက်လာသော အစိုးရအဖွဲ့ အနေဖြင့် စီမံကိန်းနှင့် ပတ်သက်၍ ပြင်ဆင်လိုက ပြင်ဆင်နိုင်ရန် လွှတ်တော်က အတည်မပြုခဲ့ခြင်း ဖြစ်သည်။
၂၀၁၆ ခုနှစ်တွင် NLD အစိုးရတက်လာပြီး နောက်ပိုင်း စီးပွားရေး ပညာရှင် မစ္စတာရှောင်တာနယ်မှ ကျောက်ဖြူ ရေနက် ဆိပ်ကမ်း စီမံကိန်းနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ခဲ့ပြီး တရုတ်အကြွေးထောင် ချောက်ထဲမကျရန် ပြန်လည် ပြင်ဆင်ခဲ့သည်။
၂၀၁၆ ခုနှစ်တွင် NLD အစိုးရတက်လာပြီး နောက်ပိုင်း စီးပွားရေး ပညာရှင် မစ္စတာရှောင်တာနယ်မှ ကျောက်ဖြူ ရေနက် ဆိပ်ကမ်း စီမံကိန်းနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ခဲ့ပြီး တရုတ်အကြွေးထောင် ချောက်ထဲမကျရန် ပြန်လည် ပြင်ဆင်ခဲ့သည်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းနှင့်ပတ်သက်၍ ရှယ်ယာနှင့် ရင်းနှီးမြှုပ်နှံမှု မူ ဘောင်ကို ပြင်ဆင်ချုပ်ဆိုနိုင်ခဲ့သည်။
သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ရှယ်ယာနှင့်ပတ်သက်၍ တရုတ်ဘက်မှ ၈၅ ရာခိုင်နှုန်း မြန်မာဘက်မှ ၁၅ ရာ ခိုင်နှုန်းသာ သတ်မှတ်ခဲ့သည်။ သို့သော် NLD အစိုးရ လက်ထက်တွင် တရုတ်ဘက်မှ ၇၀ ရာခိုင်နှုန်း၊ မြန်မာဘက်မှ ၃၀ ရာခိုင်နှုန်းသို့ ပြင်ဆင်ခဲ့သည်။
ထို့အပြင် သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်က စီမံကိန်း၏ ကုန်ကျစရိတ်အား အမေရိကန်ဒေါ်လာ ၇ ဒဿမ ၃ ဘီလီယံ ဆိုသည့် သဘောတူညီမှုအစား NLD အစိုးရ လက်ထက်တွင် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံဖြင့် စတင်ရန် ပြင်ဆင်ခဲ့သည်။
ထိုသို့ ပြင်ဆင်နိုင်ရန်အတွက်လည်း မစ္စတာရှောင်တာနယ်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံတကာ ရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်းနှင့် တိုင်ပင်ညှိနှိုင်းပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၀၂၀၀ ကျော်ရှိပြီး ၎င်းတို့ အထဲတွင် တရုတ်ကြွေးမြီမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၀၀၀ နှင့် အများဆုံး ရှိနေသည်။
ခေတ်အဆက်ဆက် အစိုးရများ ချေးယူခဲ့သည့် ချေးငွေများထဲတွင် တရုတ်ချေးငွေသည့် အတိုးနှုန်း အများဆုံး ဖြစ်ပြီး ပျမ်းမျှ အတိုးနှုန်းမှာ ၄ ရာခိုင်နှုန်းကျော်တွင် ရှိသည်။
၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပကြွေးမြေများအား အတိုးအရင်းပြန်ဆပ်ရသည့် ပမာဏမှာ အမေရိကန် ဒေါ်လာ သန်း ၇၀၀ ကျော်ရှိခဲ့ပြီး အဲဒီပမာဏထဲမှ တရုတ်နိုင်ငံတခုတည်းအား အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ပေးဆပ်ခဲ့ရသည်။
ထို့ကြောင့်လည်း ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပကြွေးမြေများအား အတိုးအရင်းပြန်ဆပ်ရသည့် ပမာဏမှာ အမေရိကန် ဒေါ်လာ သန်း ၇၀၀ ကျော်ရှိခဲ့ပြီး အဲဒီပမာဏထဲမှ တရုတ်နိုင်ငံတခုတည်းအား အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ပေးဆပ်ခဲ့ရသည်။
မစ္စတာ ရှောင်တာနယ်၏ အကြံပြုချက်ကြောင့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၆ ဘီလီယံ (သန်း ၆၀၀၀) ကို လျော့ချနိုင်ခဲ့သည်။
ထိုပမာဏကို မလျော့ချနိုင်ပါက အမေရိကန်ဒေါ်လာ သန်း ၆၀၀၀ အတွက် ပေးဆပ်ရမည့်အတိုးနှုန်းမှာ တစ်နှစ်လျင် ပျမ်းမျှသန်း ၂၀၀ ခန့် ပေးရမည်ဖြစ်သည်။ ဖွံဖြိုးမှု နည်းသော မြန်မာနိုင်ငံအတွက် သန်း ၂၀၀ ဆိုသော ပမာဏဖြင့် ဖွံဖြိုးရေး လုပ်ငန်းများစွာ လုပ်နိုင်သည်။
ရှောင်တာနယ်ကို အားနာတယ်
သို့သော်လည်း အာဏာသိမ်း စစ်ကောင်စီက ထိုကဲ့သို့ မြန်မာပြည်အတွက် ကောင်းကျိုး ဆောင်ခဲ့သော ပညာရှင်အား ဖမ်းဆီး ထောင်ချခဲ့သည်။
ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီး ဖေဖေါ်ဝါရီ ၅ ရက်နေ့မှာ ဖမ်းဆီးလိုက်ခြင်း ဖြစ်ပြီး အာဏာသိမ်းမှု တစိတ်တပိုင်းအနေဖြင့် ဖမ်းဆီးသော ပထမဆုံး နိုင်ငံခြား နိုင်ငံသားလည်း ဖြစ်သည်။
သြစတြေးလျနိုင်ငံနှင့် နိုင်ငံတကာက ဖိအားပေးသည့်ကြားက မစ္စတာရှောင်တာနယ်အား မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက် ဥပဒေပုဒ်မ-၃ (၁) (ဂ) အမှုနဲ့ ထောင်သုံးနှစ် ချမှတ်ခဲ့သည်။
အမှန်တကယ်တွင် သူ့ကို ဖမ်းဆီးချုပ်နှောင်ရန် အကြောင်းပြချက် မည်သည်မျှ မရှိ။ ဘာအမှားမှလည်း မကျူးလွန်ခဲ့ဘဲ မြန်မာပြည်သူပြည်သားများ ဆင်းရဲတွင်းမှ ထွက်နိုင်ရန်နှင့် မြန်မာပြည် ကောင်းကျိုးချမ်းသာကို မြှင့်တင်ရန် သူ့အချိန်နှင့် ခွန်အားကို မြှုပ်နှံထားခဲ့ခြင်းသာ ရှိသည်။
အမှန်တကယ်တွင် သူ့ကို ဖမ်းဆီးချုပ်နှောင်ရန် အကြောင်းပြချက် မည်သည်မျှ မရှိ။ ဘာအမှားမှလည်း မကျူးလွန်ခဲ့ဘဲ မြန်မာပြည်သူပြည်သားများ ဆင်းရဲတွင်းမှ ထွက်နိုင်ရန်နှင့် မြန်မာပြည် ကောင်းကျိုးချမ်းသာကို မြှင့်တင်ရန် သူ့အချိန်နှင့် ခွန်အားကို မြှုပ်နှံထားခဲ့ခြင်းသာ ရှိသည်။
မြန်မာ့စီးပွားရေးနှင့်ပတ်သက်သည့် ရှောင်တာနယ်၏ အသိပညာနှင့် မြန်မာပြည်ကို ကောင်းစေချင်သော သူ့ဆန္ဒသည် အစားထိုးရနိုင်ဖွယ် ခဲယဉ်းသည်။ သူ့အား ထောင်သွင်း အကျဉ်းချခဲ့သည့် လုပ်ရပ်သည် အလွန်အားနာစရာ ကောင်းလှသည်။
မည်သို့ဆိုစေ ပြန်လည်လွတ်မြောက်လာသော ပါမောက္ခ ရှောင်တာနယ်အတွက် ဇနီးသည် ဒေါက်တာဟာဗူနှင့် မိသားစုဝင်များ၊ မိတ်ဆွေများအပြင် သက်ဆိုင်သူအားလုံးက ဝမ်းသာနေကြသည်။ ကြိုဆိုနေကြသည်။
You may also like these stories:
ထိပ်ပိုင်းအကျဉ်းချခံတချို့ကို စစ်ကောင်စီ ဘာကြောင့် ပြန်လွှတ်ပေးလဲ
NLD စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း ပြန်လွတ်
စစ်ကောင်စီက ဖမ်းတဲ့ နိုင်ငံခြားသား ၆ ဦး
တည်ငြိမ်ပြီး ဖွံ့ဖြိုးသော နိုင်ငံ့စီးပွားရေးကို ပဲ့ကိုင်ခဲ့ကြသူများ