ခံစစ်နှင့် ကွင်းဖွင့်ရသည့် စစ်ကောင်စီ
၂၀၂၂ ခုနှစ် တကျော့ပြန်စစ်ပွဲများ စသည့် အချိန်တွင် စစ်ကောင်စီတပ်များသည့် ခံစစ်နှင့်စ၍ ကွင်းဖွင့်သည်ကို တွေ့ရသည်။
တကယ်တော့ အမ်း၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့များနှင့် အနီးတ ဝိုက်တွင် အခြေပြုထားသော AA စစ်ဒေသရုံးများ၊ အုပ်ချုပ်ရေးရုံးများ၊ AA တပ်ဖွဲ့များ တပ်စွဲထားသည့် နေရာများကို စစ်ကောင်စီဘက်က မသိဘဲ မနေပေ။
အနည်းနှင့် အများဆိုသလို သတင်းရသည်သာ ဖြစ်သည်။ သို့သော်လည်း မည်သည့်နေရာကိုမှ စစ်ကောင်စီတပ်များက ထိုးစစ်ဆင်တိုက်ခိုက်သည်ကို မတွေ့ရပေ။ အကြောင်းမှာ AA တပ်ဖွဲ့သည် ပလက်ဝမှသည် ဂွ အထိ ၁၈ မြို့နယ်လုံးတွင် အနှံ့အပြားဖြန့်ခွဲနေရာယူထားသည်။
ရခိုင်ကမ်းရိုးတန်း တလျှောက်သာမက ရမ်းဗြဲကျွန်း၊ မာန်အောင်ကျွန်းများတွင်ပါ လှုပ်ရှားမှု ရှိသည်။ ထို့ပြင် ထိုမြို့ အားလုံးကိုလည်း ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။ ဆက်သွယ်ရေးလမ်းကြောင်းများအားလည်း ခြိမ်းခြောက်နိုင်စွမ်းရှိသည်။
AA တပ်ဖွဲ့သည် ပလက်ဝမှသည် ဂွ အထိ ၁၈ မြို့နယ်လုံးတွင် အနှံ့အပြားဖြန့်ခွဲနေရာယူထားသည်။ ရခိုင်ကမ်းရိုးတန်း တလျှောက်သာမက ရမ်းဗြဲကျွန်း၊ မာန်အောင်ကျွန်းများတွင်ပါ လှုပ်ရှားမှု ရှိသည်။ ထို့ပြင် ထိုမြို့ အားလုံးကိုလည်း ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။ ဆက်သွယ်ရေးလမ်းကြောင်းများအားလည်း ခြိမ်းခြောက်နိုင်စွမ်းရှိသည်။
သို့ဖြစ်ရာ စစ်ကောင်စီသည် ဦးစွာအားဖြင့် မြို့များနှင့် ဆက်သွယ်ရေး လမ်းကြောင်းများကို ထိန်းချုပ်ရန် ခံစစ်ဖြင့် စတင် ကွင်းဖွင့်သည်ဟုဆိုရမည်။
ခံစစ်ဖြင့် ကွင်းဖွင့်ရင်း ၎င်းတို့အတွက် ထောက်ပံ့ရေးလမ်းကြောင်း ကောင်းသည့်နေရာများတွင် တိုက်ပွဲဖော်ရန် စစ်မြှူသည်ကို တွေ့ရသည်။ နယ်စပ်တကြော တိုက်ပွဲများ ပြင်းထန်နေချိန်တွင် မြောက်ဦးတွင် တိုက်ပွဲအတု ဖန်တီးသည်။ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သည်။ မြောက်ဦးဈေးအတွင်း ဗုံးမြှုပ်ထားသည်ဆိုကာ ပွဲလှန့်သည်။
ဤသို့ မြောက်ဦးလူထုအား ခြိမ်းခြောက်ပြီး စစ်မြှူသော်လည်း AA က သူစစ်မြှူသည့်အကွက်တွင်းသို့ ဝင်မလာ၍ တလခန့် ကြာပြီးနောက် ရပ်သွားသည်။ မောင်တောမြောက်ပိုင်း ခံစစ်စခန်းများ ဆုံးရှုံးပြီးနောက် ယခုနိုဝင်ဘာလအတွင်း အင်အား ၅၀၀ ခန့်၊ ခန့်မှန်းခြေ တပ်ရင်း ၄ ရင်းပါ ဗျူဟာတခုနှင့် ထိုးစစ်ဆင်သော်လည်း ကြိမ်ချောင်းအထက် ဝက်ကျိန်းတွင် AA က ခံစစ်ဆင်သဖြင့် ထင်တိုင်းမပေါက် ဖြစ်နေသည်။
ကျန်သည့်နေရာများတွင် ယခုတိုင် ထိုးစစ်ဆင်နိုင်ခြင်း မရှိပေ။ ရခိုင်တွင်သာမက တပြည်လုံးတွင် တွေ့ရသည့် စစ်ကောင်စီ၏ အားနည်းချက်မှာ ခံစစ်စခန်းတခု အတိုက်ခံရလျင် လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူသာ ပေးနိုင်ပြီး မြေပြင်စစ်ကူ ပေးနိုင်ခြင်း မရှိပေ။
နောက်တချက်မှာ အင်အားအများအပြားသုံး ထိုးစစ်ဆင်နိုင်ခြင်းမရှိဘဲ အများဆုံး တပ်ရင်း ၄ ရင်းပါ ဗျူဟာတခုကိုသာ အသုံးပြုပြီး အကန့်အသတ်နှင့်သာ ထိုးစစ်ဆင်နိုင်ခြင်း ဖြစ်သည်။
ကရင်ပြည်နယ် လေးကေးကော်ဒေသ သုံးထပ်ကွေ့တွင် ဗျူဟာတခုသုံး၍ ထိုးစစ်ဆင်သကဲ့သို့ ကချင်ပြည်နယ်၊ မိုးမောက် လုံဂျာဘွမ်ဒေသတွင်လည်း ဗျူဟာတခုသုံး၍ ထိုစစ်ဆင်သည်ကို တွေ့ရသည်။ ယခုရခိုင်တွင်လည်း မောင်တော မြောက်ဖက် ကြိမ်ချောင်းနယ်မြေတွင် ဗျူဟာတခုသုံး၍ ထိုးစစ်ဆင်သည်ကို တွေ့ရသည်။
အခြားနေရာနှစ်ခုကဲ့သို့ပင် ရခိုင်တွင်လည်း သိသာသည့် အောင်မြင်မှုမရပါ။ သို့ဖြစ်ရာ ရခိုင်တွင် စစ်ကောင်စီအနေနှင့် ထိုသို့ ဗျူဟာတခုခန့်သုံးသည့် စစ်ဆင်ရေးပြုလုပ်လာနိုင်သေးသော်လည်း ထို့ထက်ပို၍ အင်အားစုပြီး ပြုလုပ်ရန် ခက်ခဲမည်ဟု သုံးသပ်ရသည်။
ထိုသို့ ပြုလုပ်မည့် ထိုးစစ်များမှာ ယခုကဲ့သို့ အချက်အခြာကျသည့်နေရာများ ဆုံးရှုံးသည့်အခါ သို့မဟုတ် ဆုံးရှုံးနိုင်ခြေ ရှိသောအခါ ပြုလုပ်လာနိုင်သကဲ့သို့ စစ်ကောင်စီအနေနှင့် AA တပ်ဖွဲ့၏ သတင်းအပိုင်ရရှိသည့် အခြေအနေရှိသည့်ပြင် စစ်ကောင်စီတပ်ဘက်ကလည်း အလေးသာသည်ဟု တွက်ချက်ရသည့် အခါမျိုးတွင်လည်း ပြုလုပ်နိုင်သည်ဟု သုံးသပ်ရ၏။
ထို့ပြင် စစ်ကောင်စီအတွက် ရခိုင်တွင် ကြုံနေရသည့်အခက်အခဲမှာ စစ်ကောင်စီတပ်အား အထောက်အကူဖြစ်စေသည့် ပြည့်သူ့စစ်၊ ပျူစောထီး၊ နယ်ခြားစောင့်တပ်များကို ဖွဲ့စည်းနိုင်ခြင်း မရှိခြင်း ဖြစ်သည်။
စစ်ကောင်စီအတွက် ရခိုင်တွင် ကြုံနေရသည့်အခက်အခဲမှာ စစ်ကောင်စီတပ်အား အထောက်အကူဖြစ်စေသည့် ပြည့်သူ့စစ်၊ ပျူစောထီး၊ နယ်ခြားစောင့်တပ်များကို ဖွဲ့စည်းနိုင်ခြင်း မရှိခြင်း ဖြစ်သည်။
ရခိုင်လူထုအများစုကလည်း AA ကို ထောက်ခံနေသည်ဖြစ်ရာ စစ်ကောင်စီသည် လူထုစည်းရုံးနိုင်စွမ်း မရှိသည့်အပြင် လူထု ထောက်ခံမှု၊ ပူးပေါင်းဆောင်ရွက်မှု မရနိုင်ပေ။ ထို့ပြင် မြေပြင်သတင်းရရှိမှုမှာလည်း အားနည်းသည်။
မြစ်ချောင်းများနှင့် မြစ်ဝှမ်းဒေသစစ်ပွဲ
ရခိုင်စစ်ပွဲအတွင်း မယူမြစ်၊ ကုလားတန်မြစ်၊ လေးမြို့မြစ်ကြောင်းများအား စစ်ကောင်စီ ရေတပ်က စိုးမိုးထားသည်ဟု ဆိုနိုင်သော်လည်း များပြား ရှုပ်ထွေးသည့် မြစ်လက်တက်၊ ချောင်းလက်တက်များကို စစ်ကောင်စီ ရေတပ်က ထိန်းချုပ်နိုင်ခြင်း မရှိဘဲ AA က စက်တပ်ရေယာဉ်ငယ်များ အသုံးပြု၍ လွှမ်းမိုးထိန်းချုပ်ထားသည်။
အထူးသဖြင့် ကုလားတန်နှင့် လေးမြို့မြစ်ဝှမ်းဟု ဆိုရမည့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြား ကားလမ်း ဝိုင်းပတ်ထားသည့် ပေါက်တောနှင့် မြေပုံမြို့နယ်အများစု ပါဝင်သည့် မြစ်ဝကျွန်းပေါ်ဒေသသည် မြစ်ချောင်းများ ဆက်နွယ်ရှုပ်ထွေးသည့် ဒေသဖြစ်သည်။
စစ်ကောင်စီ ရေတပ်က မထိန်းချုပ်နိုင်ပေ။ စက်တပ်ယဉ်ငယ် သို့မဟုတ် လက်လှော်လှေများ အသုံးပြုသည့် AA ပြောက်ကျား တပ်ဖွဲ့များက စိုးမိုးထားသည်။ ထို့ပြင် ရမ်းဗြဲကျွန်းနှင့် ရခိုင်ကမ်းရိုးတန်းကြားရှိ မြစ်ချောင်းနှင့် ဒီရေတောများသည် စစ်ကောင်စီ ရေတပ်က မစိုးမိုးနိုင်ဘဲ AA ကသာ လှုပ်ရှားစိုးမိုးထားသည်ကို တွေ့ရသည်။
ဤသို့မြေအနေအထားတွင် စစ်ပွဲတရပ်ဆင်နွှဲခြင်းသည် ကရင်၊ ကချင်၊ ရှမ်းပြည်နယ် စသည့်တောင်တန်းဒေသများတွင် စစ်ပွဲဆင်နွဲသည်နှင့် ကွာခြားသည်။ စစ်ကောင်စီ ကြည်းတပ်နှင့် ရေတပ်သည်လည်း ၁၉၇၀ ခုနှစ် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသ စစ်ဆင်ရေးပြီးနောက်ပိုင်း ထိုအတွေ့အကြုံ မရှိတော့သည်မှာ နှစ်ပေါင်း ၅၀ ကျော်ခဲ့ပြီဖြစ်သည်။
သို့ဖြစ်ရာ ရခိုင်ရှိ မြစ်ချောင်းများနှင့် မြစ်ဝကျွန်းပေါ်ဒေသများ စစ်ဆင်ရာ၌ AA က တပန်းသာနေပြီး စစ်ကောင်စီအနေနှင့် အဓိက မြစ်ကြောင်းများနှင့် ပင်လယ်ဝများတွင် ထိန်းချုပ်ရန် ကြိုးစားနေရသည်။
ရခိုင်ရှိ မြစ်ချောင်းများနှင့် မြစ်ဝကျွန်းပေါ်ဒေသများ စစ်ဆင်ရာ၌ AA က တပန်းသာနေပြီး စစ်ကောင်စီအနေနှင့် အဓိက မြစ်ကြောင်းများနှင့် ပင်လယ်ဝများတွင် ထိန်းချုပ်ရန် ကြိုးစားနေရသည်။
သို့ဖြစ်ရာ စစ်ကောင်စီ ကြည်းတပ်သာမက ရေတပ်သည်လည်း မြစ်ကြောင်းနှင့် အချက်အခြာ ပင်လယ်ဝများတွင် စိုးမိုးထိန်းချုပ်ရန်၊ လက်နက်ကြီး ပစ်ကူပေးရန်နှင့် ရိက္ခာ၊ စစ်သည်သယ်ယူပို့ဆောင်ပေးရန်သာ တာဝန်ယူနိုင်ပြီး ထိုးစစ်ဆင်နိုင်ခြင်း မရှိပေ။
သို့ဖြစ်ရာ တကျော့ပြန် ရခိုင်စစ်ပွဲတွင် အင်အား အနေအထား၊ မြေအနေအထားတို့ပေါ် မူတည်၍ စစ်ကောင်စီသည် ခံစစ်ဖြင့် မြို့ပြများကို ထိန်းသိမ်းပြီး တပိုင်တနိုင် စစ်ဆင်ရန် ပြင်ဆင်ထားသည်ဟု ဆိုရပါမည်။
လူဖမ်းပွဲ
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ မောင်တောမြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပြီး နောက်ပိုင်းမှစ၍ နှစ်ဘက်တင်းမာမှု စသည်။
စစ်ကောင်စီဘက်မှ AA နှင့် ပတ်သက်သည်ဆိုသူများကို ဖမ်းဆီးလာရာမှ စစ်ပွဲစတင်လာသောအခါ ပို၍ အဖမ်းအဆီး ကြမ်းလာသည်။ တက်ကြွလှုပ်ရှားသူ၊ လူမှုရေးကူညီသူ၊ နိုင်ငံရေး ပါတီဝင်၊ ကျေးရွာအုပ်ချုပ်ရေးမှူး စသူများ သာမက စီးပွားရေး လုပ်ငန်းရှင်များ၊ စစ်ကောင်စိ အစိုးရဝန်ထမ်းများကိုပါ ဖမ်းဆီးလာသည်ကို တွေ့ရသည်။
ပညာရေးဌာနမှ ပညာရေးမှူးများ၊ ကျောင်းဆရာများ ပါသကဲ့သို့ ကျန်းမာရေးဌာနမှ ဆရာဝန်များလည်း ပါလာသည်။
ထို့ပြင် အခြားဌာနဆိုင်ရာ ဝန်ထမ်းများလည်း ပါလာသည်။ ထို့ပြင် စစ်ကောင်စီ၏ လုံခြုံရေး ယန္တရားမှ ရဲများသည်ပင်လျှင် AA နှင့် ဆက်သွယ်သည်ဟူ၍ ဖမ်းဆီးသည်ကို တွေ့ရသည်။
ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီ၏ အစိုးရယန္တရားတွင် ရခိုင်လူမျိုးအတော်များများ တာဝန်ထမ်းဆောင်နေသည်ဖြစ်ရာ စစ်ကောင်စီ အနေနှင့် ရခိုင်လူမျိုး ဝန်ထမ်းများကို အယုံအကြည်မရှိ ဖြစ်နေသည်ဟု ဆိုရမည်။
ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီ၏ အစိုးရယန္တရားတွင် ရခိုင်လူမျိုးအတော်များများ တာဝန်ထမ်းဆောင်နေသည်ဖြစ်ရာ စစ်ကောင်စီ အနေနှင့် ရခိုင်လူမျိုး ဝန်ထမ်းများကို အယုံအကြည်မရှိ ဖြစ်နေသည်ဟု ဆိုရမည်။
ရခိုင်ပြည်နယ်တွင်သာမက တနိုင်ငံလုံး ရခိုင်လူမျိုး အစိုးရဝန်ထမ်းများကို ၂၀၂၀ ခုနှစ်မှ စတင်ကာ သတိနှင့် ကိုယ်တွယ်လာခဲ့ရာ နေပြည်တော်ရှိ နိုင်ငံတော်အဆင့်၊ ပြည်ထောင်စုဝန်ကြီးအဆင့် ပုဂ္ဂိုလ်များ၏ ကိုယ်ရေးအရာရှိများထဲတွင် ရခိုင်လူမျိုးများ ပါဝင်နေပါက ဆက်မထားတော့ဘဲ လဲလှယ်ပစ်ခဲ့သည်ကို တွေ့ရသည်။
ထို့ပြင် ရခိုင်တောင်ပိုင်းသို့ AA ထိုးဖောက်လာသည်ဖြစ်ရာ သံတွဲမြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများအား အစည်းအဝေး ခေါ်ဆိုပြီး AA နှင့်အဆက်အသွယ် မပြုလုပ်ရန်၊ ပြုလုပ်ပါက အရေးယူမည်ဟု စစ်ကောင်စီ တာဝန်ရှိသူများက ပြောဆိုနေသည်ကိုလည်း တွေ့ရသည်။
စီးပွားရေးသမားများအားလည်း AA ကိုမကူညီ၊ မထောက်ပံ့ရန် ခြိမ်းခြောက်ပြောဆိုမှု၊ ဖမ်းဆီးမှု ပြုလုပ်သည်ကို တွေ့ရသည်။ ထို့ပြင် စစ်ဘေးဒုက္ခသည်စခန်းတွင် တာဝန်ယူနေသူများကိုလည်း လိုက်လံဖမ်းဆီးနေ၍ တိမ်းရှောင်နေရသည်ဟု သိရသည်။
လက်ရှိတွင် စစ်ကောင်စီ၏ ရခိုင်လူဖမ်းပွဲတွင် ဝန်ထမ်းများအပါ ရခိုင်တိုင်းရင်းသား ရာနှင့်ချီ၍ ဖမ်းဆီးခံထားရပြီး တောင်ကုတ် တမြို့ထဲ ၃၀ ခန့် ရှိသည်ဟု သိရသည်။
ဤသို့ စစ်ကောင်စီ၏ ဖမ်းဆီးမှုများသည် မြို့ပြများရှိ AA ၏ ခြေလက်များကို တုပ်နှောင်ရန် ကြိုးစားသည့် စစ်ကောင်စီ စစ်ဆင်ရေး၏ အစိတ်အပိုင်းဟု ဆိုရမည် ဖြစ်သည်။
ပိုမိုတင်းကြပ်လာသည့် ဖြတ်လေးဖြတ်
တကျော့ပြန် ရခိုင်စစ်ပွဲပြန်စလာသောအခါ စစ်ကောင်စီမှ ပိုမိုတင်းကျပ်လာသည်မှာ ဖြတ်လေးဖြတ်ဖြစ်သည်။ အဓိက ရိက္ခာနှင့် ဆေးဝါးဖြတ်တောက်ခြင်း ဖြစ်သည်။ ပို၍ဆိုးဝါးသည်မှာ ရခိုင်ပြည်နယ်တွင်း ဆေးဝါးဖြတ်တောက်ခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ်တွင်း တမြို့နှင့်တမြို့ ဆေးဝါးသယ်ဆောင်ခြင်းကို စစ်ကောင်စီက တင်းကြပ်စွာတားမြစ်ထားသည်။
အစိုးရ ဝန်ထမ်း ဆရာဝန်များပင် ဆေးဝါး သယ်ဆောင်ခွင့်မရှိဘဲ ဖမ်းဆီးအရေးယူသည်ကိုတွေ့ရသည်။ ထို့ကြောင့်လည်း ရခိုင်ပြည်နယ်တွင်းရှိ အစိုးရ တိုက်နယ်ဆေးရုံ၊ မြို့နယ်ဆေးရုံများတွင်ပါ ဆေးဝါးပြတ်လတ်နေသည်ကို တွေ့ရသည်။
အစိုးရ ဝန်ထမ်း ဆရာဝန်များပင် ဆေးဝါး သယ်ဆောင်ခွင့်မရှိဘဲ ဖမ်းဆီးအရေးယူသည်ကိုတွေ့ရသည်။ ထို့ကြောင့်လည်း ရခိုင်ပြည်နယ်တွင်းရှိ အစိုးရ တိုက်နယ်ဆေးရုံ၊ မြို့နယ်ဆေးရုံများတွင်ပါ ဆေးဝါးပြတ်လတ်နေသည်ကို တွေ့ရသည်။
သို့ဖြစ်ရာ စစ်ကောင်စီ၏ ဆေးဝါးဖြတ်တောက်မှုသည် AA ကို ရည်ရွယ်သည်ဆိုသော်လည်း လက်တွေ့တွင် ရခိုင် ပြည်နယ်တွင်းရှိ လူထုတရပ်လုံးကိုပါ ဆေးဝါးဖြတ်တောက်နေသည်ဟု ဆိုရမည်။
ရိက္ခာဖြတ်တောက်မှုကို သာမန်အရပ်သားများက ကိုယ့်နည်းကိုယ်ဟန်နှင့် ဖြေရှင်းနိုင်သော်လည်း စစ်ဘေးဒုက္ခသည် စခန်းများရှိ လူထုအတွက်မှာ ကြီးစွာအခက်အခဲဖြစ်စေသည်ကို တွေ့ရသည်။ စစ်ဘေးဒုက္ခသည်စခန်းများအား အကူအညီ ပေးသည့်အဖွဲ့များအား သွားလာခွင့် ပိတ်ပင်ကန့်သတ်ထားရာ စစ်ဘေးဒုက္ခသည်စခန်းများ အခက်ကြုံရသည်။
ဂျပန် နိပွန်းဖေါင်ဒေးရှင်း၏ အကူအညီ ဆန်အိတ်များကိုလည်း ပို့ဆောင်ခွင့်ပိတ်ထားရာ အောက်တိုဘာလတွင်မှ ဒုက္ခသည်တဦးလျင် ဆန်တအိတ်နှုန်း ခွင့်ပြုခဲ့၍ စစ်ဘေးဒုက္ခသည်များ အတန်ငယ် အသက်ရှူချောင်ခဲ့၏။ ဂျပန် အကူအညီ ဆန်အိတ်များကို ကြာရှည်စွာ တားမြစ်ထား၍ ဂိုဒေါင်တွင်းရှိ ဆန်အိတ်အချို့ ပျက်စီးမှုပင် ရှိခဲ့သည်။
ထို့ပြင် မောင်တောဒေသ တိုက်ပွဲများ ဖြစ်လာပြီး အငူမော်၊ မောင်တော ကားလမ်းအား ပိတ်ထားခဲ့သည်။ ထိုကားလမ်း တလျှောက်ရှိ ရွာများအားလည်း တရွာနှင့်တရွာ အကူးအသန်း မပြုရန် တားမြစ်ထားခဲ့၏။ ရွာသားများသည် လိုအပ်သော ပစ္စည်းဝယ်ရန် ၁၅ ရက်တကြိမ်သာ စစ်ကောင်စီတပ်များ၏ ခွင့်ပြုချက်ဖြင့် မောင်တောဈေးသို့ သွားခွင့်ပြုထားသည်။
ပလက်ဝ၊ ကျောက်တော် ရေလမ်းကြောင်းအားလည်း ယခင်ကထက် ပို၍ တင်းကြပ်ထားခဲ့သည်။ သို့သော်လည်း ရခိုင်ဒေသသည် ရှည်လျားသော ကမ်းရိုးတန်းရှိသည့်အပြင် မြစ်ချောင်းများပေါများသည်ဖြစ်၍ လူထုက ကိုယ့်နည်း ကိုယ့်ဟန် ဖြင့် စစ်ကောင်စီ၏ ပိတ်ဆို့မှုကို ကျော်လွှားကြသည်။
စစ်ကောင်စီသည်လည်း ကျယ်ပြန့်သော ကမ်းရိုးတန်းနှင့် မြစ်ချောင်းများကို အကုန်မပိတ်နိုင်ပေ။ အရင်က လွယ်ကူသည့် အရာများကို ခက်ခက်ခဲခဲ ကျော်လွှားရသည်သာ ကွာခြားသွားတော့၏။ သို့ဖြစ်ရာ ဆေးဝါး၊ ရိက္ခာများ လုံးဝပြတ်တောက် သွားသည့် အခြေမဆိုက်သော်လည်း ရှားပါးခြင်းနှင့် ကုန်ဈေးနှုန်း မြင့်ခြင်းကို ခံစားကြရသည်။
တကျော့ပြန် ရခိုင်စစ်ပွဲနှင့် ရခိုင်လူထု
စစ်ပွဲဖြစ်သည်နှင့် လူထု၏ အတိဒုက္ခသည် ကပ်ပါစမြဲဖြစ်သည်။ လက်ရှိ တကျော့ပြန်စစ်ပွဲဖြစ်ပြီးနောက် သုတေသန မှတ်တမ်းများအရ အောင်တိုဘာလ ၁၇ ရက်နေ့ထိ စာရင်းအရ ပလက်ဝနှင့် ရခိုင်ပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည် ၁၇၄၇၄ ဦး တိုးလာပြီး မူလကျန်နေဆဲ စစ်ဘေးဒုက္ခသည် ၇၄၃၆၉ ဦးနှင့်ပေါင်းပါက ၉၁၈၄၃ ဦးထိ ရှိလာသည်။
စစ်ပွဲဖြစ်သည်နှင့် လူထု၏ အတိဒုက္ခသည် ကပ်ပါစမြဲဖြစ်သည်။ လက်ရှိ တကျော့ပြန်စစ်ပွဲဖြစ်ပြီးနောက် သုတေသန မှတ်တမ်းများအရ အောင်တိုဘာလ ၁၇ ရက်နေ့ထိ စာရင်းအရ ပလက်ဝနှင့် ရခိုင်ပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည် ၁၇၄၇၄ ဦး တိုးလာပြီး မူလကျန်နေဆဲ စစ်ဘေးဒုက္ခသည် ၇၄၃၆၉ ဦးနှင့်ပေါင်းပါက ၉၁၈၄၃ ဦးထိ ရှိလာသည်။
စစ်ပွဲကျယ်ပြန့်လာပါက ထို့ထက် ပိုတိုးလာဖွယ်ရှိ၏။ ထို့ပြင် မိုင်းထိခြင်း၊ လက်နက်ကြီးထိမှန်ခြင်း၊ စစ်တပ်က အကြောင်းမဲ့ သတ်ဖြတ်ခြင်းတို့ကြောင့် သေဆုံးသူ ဆယ်အချို့နှင့် ဒဏ်ရာရရှိသူ ဆယ်အချို့ ရှိပြီဖြစ်ကြောင်း သိရသည်။
အဓိကအားဖြင့် တိုက်ပွဲဖြစ်သည် ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်သော စစ်ကောင်စီ၏ အမြောက်တပ်ကြောင့် ဖြစ်သည်ဟု မြေပြင်သတင်းများအရ သိရ၏။ စစ်ကောင်စီတပ်ကတော့ အမြဲငြင်းပယ်လေ့ ရှိသည်။
AA နှင့် ရခိုင်စစ်ပွဲ
ရက္ခိုင့်တပ်တော် ဒုတိယ စစ်ဦးစီးချုပ်ဖြစ်သူ ဒေါက်တာညိုထွန်းအောင်က ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့တွင် လက်ရှိ အချိန်သည် အဆုံးသတ်နှင့် အဆုံးအဖြတ်ပေးမည့် တိုက်ပွဲအချိန်ရောက်နေပြီဟု သူ၏ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသား လှုံ့ဆော်ခဲ့သည်ကို တွေ့ရသည်။
လက်ရှိ စစ်ကောင်စီက ၂၀၀၈ အခြေခံဥပဒေကို အသေဆုပ်ကိုင်ထားပြီး ပြင်လိုပါက သက်ဆိုင်ရာ အခန်းပါ ပုဒ်မ တခုချင်းကိုသာ ဆွေးနွေးပြင်ဆင်သွားမည်ဆိုသည့် နိုင်ငံရေး သဘောထားအရ လည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင် တပ်များအနေနှင့် လက်နက်ဆက်ကိုင်လိုပါက စစ်ကောင်စီ၏ စစ်တပ် သို့မဟုတ် နယ်ခြားစောင့်တပ်-BGF သို့ ဝင်ရမည်ဆိုသည့်သဘောထားအရ ၎င်းစစ်ကောင်စီနှင့် AA ကြား နိုင်ငံရေးဆွေးနွေးပွဲရလဒ် ထွက်ပေါ်စရာ အကြောင်း မရှိပေ။ သို့ဖြစ်ရာ AA နှင့် ရခိုင်စစ်မျက်နှာအခြေအနေသည် ပို၍ ပြင်းထန်လာဖွယ်ရာ ရှိသည်ဟု ဆိုရမည်။
AA သည် လက်ရှိကာလတွင် ဘင်္ဂလားနှင့် အိန္ဒိယနယ်စပ်တလျောက် တိုက်ပွဲများ အောင်မြင်စွာ ဆင်နွှဲနေသကဲ့သို့ ကျန် မြို့နယ်များတွင်လည်း ချေမှုန်းရေးတိုက်ပွဲများ အကန့်အသတ်နှင့် ဆင်နွှဲနေသည်။
ထို့ပြင် စစ်ကောင်စီတပ်များကို ပိတ်ဆို့ဖြတ်တောက်နေရာ စစ်ကောင်စီတပ်များ၏ အချို့စခန်းများ ဆုတ်လိုက်ရသကဲ့သို့ အချို့ စခန်းများ လှုပ်ရှား၍ မရပေ။ AA ၏ ပိတ်ဆို့ဖြတ်တောက်မှုကြောင့် လေးမြို့မြစ်တကြောရှိ စစ်ကောင်စီတပ်များသည် မြောင်းဘွေ၊ ပန်းမြောင်းအထိသာ တပ်စွဲနိုင်ပြီး လေးမြို့မြစ်အထက်ပိုင်းနှင့် ရခိုင်ရိုးမ အထက်ပိုင်းကို စိုးမိုးနိုင်ခြင်း မရှိတော့ပေ။
လတ်တလောတွင်လည်း နိုဝင်ဘာ ၁၀ ခန့်မှစ၍ AA တပ်များသည် စစ်တွေ-ပုဏ္ဏားကျွန်းကားလမ်းအား ဖြတ်တောက်သည်ကို တွေ့ရသည်။ AA တပ်ဖွဲ့များ ဖြတ်တောက်သည့်နေရာမှာ စစ်တွေမှ မိုင် ၂၀ ကျော်ခန့်သာ ဝေးသည့် တောင်ပေါက်ဆိုသည့် တောင်ကြောငယ်တွင်ဖြစ်သည်။ ပုဏ္ဏားကျွန်းမြို့နှင့် မိုင်အနည်းငယ်မျှသာ ဝေးသည်။ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ အမ်း ကားလမ်းမ ကြီးပေါ်တွင် ဖြတ်တောက်ခြင်း ဖြစ်သည်။
လတ်တလောတွင်လည်း နိုဝင်ဘာ ၁၀ ခန့်မှစ၍ AA တပ်များသည် စစ်တွေ-ပုဏ္ဏားကျွန်းကားလမ်းအား ဖြတ်တောက်သည်ကို တွေ့ရသည်။ AA တပ်ဖွဲ့များ ဖြတ်တောက်သည့်နေရာမှာ စစ်တွေမှ မိုင် ၂၀ ကျော်ခန့်သာ ဝေးသည့် တောင်ပေါက်ဆိုသည့် တောင်ကြောငယ်တွင်ဖြစ်သည်။ ပုဏ္ဏားကျွန်းမြို့နှင့် မိုင်အနည်းငယ်မျှသာ ဝေးသည်။ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ အမ်း ကားလမ်းမ ကြီးပေါ်တွင် ဖြတ်တောက်ခြင်း ဖြစ်သည်။
တောင်ပေါက်တွင် AA တပ်များ ဖြတ်တောက်ပြီး မကြာမီ စစ်တွေ-ပုဏ္ဏားကျွန်း ကားလမ်းပေါ်ရှိ ကွမ်းတောင်ရှိ စစ်ကောင်စီတပ်အား ဝင်တိုက်သည်မှအပ လှုပ်ရှားမှု မတွေ့ရပေ။ စစ်ကောင်စီဖက်ကလည်း နိုဝင်ဘာလ ၁၀ ရက်မှစ၍ စစ်တွေမြို့ အဝင်အထွက်ကို ပိတ်ဆို့ထားသည်။ AA တပ်အား ထွက်၍ ထိုးစစ်ဆင်သည့် မတွေ့ရပေ။ နှစ်ဖက်အခြေအနေကို စောင့်ကြည့်နေပုံရသည်။
AA တပ်ဖွဲ့များနှင့် စစ်ဒေသများသည် ဘင်္ဂလား၊ အိန္ဒိယနယ်စပ်မှသည် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ အမ်း၊ တောင်ကုတ်၊ သံတွဲနှင့် ရမ်းဗြဲကျွန်းအထိ တဆက်စပ်ထဲရှိနေ၏။
စစ်ကောင်စီတပ်ကလည်း ထိုနယ်တလျှောက် အင်အားအလုံးအရင်းချထားသည်။ စစ်ကောင်စီ တပ်ကလည်း အခွင့်သာလျင် ဗျူဟာတခုခန့်သုံးသည့် စစ်ဆင်ရေးအငယ်များ ပြုလုပ်ရန် ချောင်းမြောင်းနေသကဲ့သို့ AA ကလည်း မည်သည့်နေရာတွင် တိုက်ပွဲကြီးဖေါ်မည် သို့မဟုတ် တိုက်ကွက်ဖေါ်မည်ဆိုသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။
ယခုကာလတွင်တော့ စစ်ကောင်စီသည် တပြည်လုံးအနှံ့ စစ်တိုက်နေရသည်။ အရူးမီးဝိုင်းဖြစ်နေ၏။ တပ်အင်အားလည်း လိုသလောက် သုံးခွင့်မရတော့ပေ။
AA ဒု-စစ်ဦးစီးချုပ် လှုံ့ဆော်သကဲ့သို့ အဆုံးအဖြတ်ပေးသည့် တိုက်ပွဲ တိုက်၊ မတိုက်ဆိုသည်နှင့်ပတ်သက်၍ AA တပ်ဖွဲ့ ၏ လက်နက်ခဲယမ်း သုံးနိုင်စွမ်းကို မသိနိုင်သဖြင့် ပြောဆိုရန် ခက်ခဲသည်ဟု ဆိုရမည်။ သို့သော် လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေအရ ရခိုင်စစ်မျက်နှာတွင် ပို၍ ပြင်းထန်သော စစ်ပွဲများ ကြုံလာရတော့မည်ကတော့ မလွှဲမရှောင်သာဖြစ်သည်။
၂၀၁၉ ၊၂၀၂၀ ခုနှစ် ရခိုင်စစ်ပွဲကာလထက် ယခုကာလတွင် AA က အသာစီးရသည့် အခြေအနေတခုရှိသည်။ ၂၀၁၉၊ ၂၀၂၀ ခုနှစ် ကာလက မြန်မာစစ်တပ်သည် ရခိုင်စစ်မျက်နှာတခုထဲတွင်သာ အာရုံစိုက်၍ စစ်ဆင်ခွင့်ရသည်။ စစ်အင်အား လိုသလောက်သုံးခွင့်ရခဲ့သည်။
ယခုကာလတွင်တော့ စစ်ကောင်စီသည် တပြည်လုံးအနှံ့ စစ်တိုက်နေရသည်။ အရူးမီးဝိုင်းဖြစ်နေ၏။ တပ်အင်အားလည်း လိုသလောက် သုံးခွင့်မရတော့ပေ။
ပြီးပါပြီ။
(ကိုဦးသည် တိုင်းရင်းသားအရေး လေ့လာသူ သုတေသီတဦး ဖြစ်သည်။)
You may also like these stories:
စစ်တွေ- ပုဏ္ဏားကျွန်း ကားလမ်းကို AA ထိန်းချုပ်ထားပြီလား
စစ်တွေမြို့ကို စစ်ကောင်စီ ပိတ်ထား၍ ကူးသန်းသွားလာရေး အခက်အခဲများဖြစ်
ရခိုင်မြောက်ပိုင်းကို AA ထိန်းချုပ်နိုင်ခဲ့သော်