• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ကျေးလက်ကို မီးရှို့ကာ မြို့ပြအား အိမ်ရာမဲ့ ဖြစ်စေရန် စစ်ကောင်စီ လုပ်ဆောင်နေ

by ဧရာဝတီ
28 November 2022
in ဆောင်းပါး
A A
စစ်ကောင်စီသည် စစ်ကိုင်းတိုင်းတွင် နေအိမ်များ မီးရှို့ဖျက်ဆီးနေသည်သာမက ရန်ကုန်၊မန္တလေး မြို့ကြီးများတွင်  ရပ်ကွက်တချို့ကိုလည်း ကျူးကျော်ဟု ခေါင်းစဉ်တပ်ကာ ဖျက်ဆီးဖယ်ရှားမှုများလုပ်နေသည်

စစ်ကောင်စီသည် စစ်ကိုင်းတိုင်းတွင် နေအိမ်များ မီးရှို့ဖျက်ဆီးနေသည်သာမက ရန်ကုန်၊မန္တလေး မြို့ကြီးများတွင် ရပ်ကွက်တချို့ကိုလည်း ကျူးကျော်ဟု ခေါင်းစဉ်တပ်ကာ ဖျက်ဆီးဖယ်ရှားမှုများလုပ်နေသည်

10.5k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်း စစ်ကောင်စီသည် စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကယား စသည့် ဒေသများရှိ ပြည်သူများ၏ နေအိမ်များကို အကြမ်းဖက် မီးရှို့ဖျက်ဆီးနေသည်သာမက ရန်ကုန်၊မန္တလေးကဲ့သို့ မြို့ကြီးများရှိ ရပ်ကွက်တချို့ကိုလည်း ကျူးကျော်ဟု ခေါင်းစဉ်တပ်ကာ ဖျက်ဆီးဖယ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေသည်။

လက်ရှိ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်၊ မန္တလေးမြို့ရှိ ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့ နယ် တို့တွင် တရားမဝင် ကျူးကျော်နေထိုင်သည်ဟုဆိုကာ ထောင်နှင့်ချီသည့် နေအိမ်များအား အဓမ္မအကြမ်းဖက်သည့် နည်း လမ်းဖြင့် ဖြိုချ ဖယ်ရှားလျှက်ရှိသည်။

RelatedPosts

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

19 May 2025
203
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
739
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
507

ယင်းလုပ်ရပ်များကြောင့် ပြည်သူများမှာ အိုးမဲ့အိမ်မဲ့ဘဝသို့ ရောက်ခဲ့ရပြီး ဖျက်ဆီးမှုများကို တားဆီးကန့်ကွက်ပါက ဖမ်းဆီး အရေးယူခံရမှုနှင့် ရန်ရှာခြိမ်းခြောက်ခြင်းများ ကြုံတွေ့ခံစားနေကြရာ ထိုသို့ဖိအားပေးမှုကြောင့် မိမိကိုယ်ကို အဆုံးစီရင်သူ ၃ ဦးခန့်အထိ ရှိနေကြောင်းလည်း သိရသည်။

မရမ်းကုန်းမြို့နယ်မှ ကျူးကျော်ဟုဆိုကာ နေအိမ်ဖယ်ရှားပေးရမည့်သူတဦးက “ဘဝတွေပျက်တာပေါ့၊ အကုန်လုံးက စိတ် တွေဆင်းရဲပြီး နေကြရတာ၊ ကိုဗစ်ရဲ့ဂယက်ရော၊ အာဏာသိမ်းမှုကြောင့်ရော အကုန်လုံးက စီးပွားရေးထိခိုက်ပြီး နလန်မထူ နိုင်ဘဲနဲ့ ကြိုးစားအသက်ရှင်နေကြရတာ၊ လူတွေကတော့ ဘဝက ပျက်ပြီးရင်း ပျက်ရင်းပဲ၊ ကူရာကယ်ရာ တော်တော်မဲ့တဲ့ အခြေအနေဖြစ်နေတယ်” ဟု ပြောသည်။

လတ်တလော ရန်ကုန်မြို့၌ ဖယ်ရှားမည့်နေရာများမှာ အိမ်ခြေတထောင်ကျော်ရှိသည့် မင်္ဂလာဒုံ၊ ထောက်ကြံ့ တိုးချဲ့(၁) ရပ်ကွက်၊ ပျဉ်းမပင်ကျေးရွာ အုပ်စုရှိ ရပ်ကွက်ငါးခု၊ အိမ်ခြေ တရာခန့်ရှိသော မရမ်းကုန်း ၁ ရပ်ကွက် ဘောလုံးကွင်း ဘေးပတ်လည်နေရာ၊ မရမ်းကုန်းမြို့နယ် (၃ )ရပ်ကွက်၊ ကံသာဇေယျုံလမ်းထဲမှ အိမ်ခြေ ၁၅၀ ခန့်တို့ဖြစ်ကြောင်း သိရ သည်။

မန္တလေးမြို့တွင်လည်း ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့မှ ထောင်နှင့်ချီသည့်နေအိမ်များနှင့် ပြင်ဦးလွင်မြို့၊ ဘူတာလမ်းရှိ စစ်ဗိုလ်ချုပ်များ အိမ်ရာအရှေ့မှ အိမ်ဆိုင်ခန်း ၂၀၀ ခန့်ကိုလည်း ဖယ်ရှား ရှင်းလင်းရန် အမိန့်ထုတ်ထားပြီး နေရာအချို့တွင် နေအိမ်များအား ဘူဒိုဇာများဖြင့် စတင်ဖြိုဖျက်နေကြပြီ ဖြစ်သည်။

ထိုသို့ ဖြိုဖျက်ခံရသူများထဲက အချို့မှာ ဤနေရာတွင် နေထိုင်လာသည်မှာ နှစ်ပေါင်း ၂၀ခန့် ရှိပြီဖြစ်ပြီး မြေနေရာ ဝယ်ယူ ကာ လက်ဆင့်ကမ်းနေထိုင်လာကြသူများ ဖြစ်သည်။

အိမ်ရာအခွင့်အရေးဆိုင်ရာ ကုလမဂ္ဂအထူးကိုယ်စားလှယ် Balakrishnan Rajagopal က စစ်ကောင်စီသည် ရန်ကုန် မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်စက်မှုဇုန်မှ မိသားစုပေါင်း တသောင်းခန့်ကို ယနေ့မှ စတင် မောင်းထုတ်ဖို့ အမိန့်များပေးနေ ကြောင်း၊ ထိုလုပ်ရပ်ကို ရပ်တန့်ပြီး အခြားနည်းလမ်းရှာရမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၈ ရက်နေ့က သူ၏ Twitter စာမျက်နှာမှ နေ၍ ပြောထားသည်။

ထို့အပြင် အစုလိုက်အပြုံလိုက် အကြမ်းဖက်မောင်းထုတ်ခြင်းများသည် မကြာသေးမီက ကုလသမဂ္ဂအထွေထွေ ညီလာခံ အစီရင်စာတွင် မကြာသေးမီက မိမိသတိပေးခဲ့သည့်အတိုင်း နိုင်ငံတကာ ဥပဒေအရ ရာဇဝတ်မှုမြောက်သည် ထိုအချက်ကို မြန်မာစစ်ကောင်စီအနေဖြင့် ကောင်းစွာသတိရသင့်သည်ဟုလည်း ဆိုထားသည်။

သို့သော် လူထုကို အကြမ်းဖက်သတ်ဖြတ်ပြီး နေအိမ် ထောင်သောင်းချီကာ မီးရှို့ဖျက်ဆီးနေသော ရာဇဝတ်မှုများစွာကို ကျူးလွန်နေသည့် စစ်ကောင်စီအပေါ် လက်တွေ့ကျ ထိရောက်သည့် အရေးယူမှုများမရှိဘဲ ဖိအားပေးရုံသက်သက်ဆိုလျှင် နေအိမ်များ အဓမ္မ ဖြိုဖျက်ဖယ်ရှားနေသည့် စစ်ကောင်စီအတွက် သက်ရောက်မှုရှိလိမ့်မည် မဟုတ်ပေ။

လေ့လာသူများ၏ အဆိုအရ ရန်ကုန်တမြို့လုံးတွင် ကျူးကျော်နေထိုင်သည့် လူဦးရေမှာ ၄ သိန်းခန့်ရှိနေပြီး စက်မှုဇုန်များ တည်ထောင်ထားသည့် လှိုင်သာယာကဲ့သို့ မြို့နယ်များတွင် အများဆုံး နေထိုင်ကြကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်တွင်မူ အဆိုပါ ကျူးကျော် နေထိုင်မှု ပြဿနာများ ဖြေရှင်းရေးအတွက် မြို့ပြစီမံကိန်း ချမှတ်ကာ တန်ဖိုးနည်း ပြည်သူ့အငှားအိမ်ရာစီမံကိန်းများ ဖော် ဆောင်ခြင်း၊ ကျူးကျော် နေထိုင်ကြောင်း အသိအမှတ်ပြု စမတ်ကဒ်များ ထုတ်ပေးကာ နေရာချထားပေးရန် ပြင်ဆင်ခြင်း စသည့် နည်းလမ်းများဖြင့် ကြိုးပမ်းခဲ့ သည်။

အဆိုပါ စီမံကိန်းများသည် အနည်းအကျဉ်းသာ အဆင်ပြေပြီး ကျူးကျော်နေထိုင်သူများအရေး အလုံးစုံ မဖြေရှင်းနိုင်ခဲ့ သော်လည်း ရေရှည်စီမံကိန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရန် ကြိုးပမ်းမှုများအား မြင်တွေ့ခဲ့ရသည်။

အာဏာသိမ်းပြီး နောက်ပိုင်း ယခုလို ကျူးကျော်ခေါင်းစဉ်တပ်၍ နေအိမ်များ အဓမ္မဖယ်ရှားခြင်းအပေါ် စစ်ကောင်စီ ပြောခွင့် ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ တရားဥပဒေ စိုးမိုးရေးအရ လုပ်ဆောင်ခြင်းဖြစ်သည့်အပြင် ရွေးကောက်ခံ နိုင်ငံရေးအစိုးရ မဟုတ်သည့်အတွက် လုပ်ရဲခြင်းဖြစ်ကြောင်း မတ်လ ၂၄ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။

ထိုပြောကြားချက်မှာ စစ်ကောင်စီအနေဖြင့် နိုင်ငံသားတို့၏ အိမ်ရာပိုင်ဆိုင်ခွင့် အခွင့်အရေးကို လျစ်လျူရှုပြီး ၎င်းတို့ ကိုယ် ကျိုးစီးပွားနှင့် အာဏာဆုပ်ကိုင်ထားနိုင်ရန် လူထုအပေါ် စနစ်တကျ ရည်ရွယ်ချက် ရှိရှိ အစုလိုက်အပြုံလိုက် နှင်ထုတ် ဖယ်ရှားရန် လုပ်ဆောင်နေသည်ကို ပြသနေခြင်း လည်းဖြစ်သည်။

အာဏာသိမ်းမှုကို လက်မခံဘဲ ဆန့်ကျင်ကန့်ကွက်သည့် လူထုအပေါ် ရန်သူသဖွယ် သဘောထားသည့် စစ်ကောင်စီသည် မြို့ပြနေ အခြေခံလူတန်းစား ကျူးကျော်နေထိုင်သူများ အရေးနှင့်ပတ်သက်၍ အဆင်ပြေအောင် လုပ်ဆောင်ပေးရန် ဆန္ဒ မရှိကြောင်း ထင်ရှားနေပေသည်။

ရန်ကုန်အခြေစိုက် အဓမ္မရွှေ့ပြောင်းမှုနှင့် ကျူးကျော်နေထိုင်မှုဆိုင်ရာ လေ့လာနေသူတဦးက “စစ်ကောင်စီက လုံခြုံရေး အကြောင်းပြ ရွှေ့ပေမယ့် သူတို့အကျိုးစီးပွားက အဓိကလို့ပဲ ထင်ပါတယ်၊ အကျိုးဆက်ကတော့ လူတွေ ဒုက္ခပင်လယ် ဝေလေ၊ နိုင်ငံရေးကို အာရုံ မစိုက်နိုင်လေ ဖြစ်ဖို့ ရည်ရွယ်ပုံပါပဲ၊ အာဏာရှင်များ လုပ်ထုံးလုပ်နည်းပေါ့၊ နေစရာလည်း ဖန်တီးမပေးနိုင်၊ အလုပ်အကိုင်၊ ဘဝမြှင့်တင်ရေး ဘာမှကို မလုပ်ပေးနိုင်ဘဲနဲ့ အိမ်တွေဖျက်ပြီး ကျူးရှင်းတယ်ဆိုတာ အာဏာရှင်လုပ်ရပ် သက်သက်၊ ဥပဒေမဲ့လုပ်ရပ် သက်သက်သာဖြစ်ပါတယ်” ဟု ပြောသည်။

အကျိုးစီးပွားဟုဆိုရာတွင် အာဏာသိမ်းစစ်ခေါင်းဆောင်များနှင့် ၎င်းတို့အပေါင်းအပါ ခရိုနီစီးပွားရေးလုပ်ငန်းရှင်များလည်း ပါဝင်ပြီး အဓမ္မဖယ်ရှားခံလိုက်ရသည့် ပြည်သူများနေထိုင်ရာ နေရာများတွင် အဆောက်အအုံသစ်များစွာဖြင့် နေရာယူ လာ ကြပြီး အကျိုးအမြတ်ရမည့်သူများ ဖြစ်သည်။

ဖယ်ရှားခံရသူများမှာ စားဝတ်နေရေး အကျပ်အတည်းများကြား မြို့စွန်နေရာများတွင် ငှားရမ်းနေထိုင်ရမည့် နေစရိတ် အတွက်ပါ ပိုမိုရုန်းကန်ကြရမည်ဖြစ်သည့်အတွက် ဝန်ထုပ်ဝန်ပိုးနှင့် ဖိအားများကို ပို၍ ရင်ဆိုင်ကြရမည် ဖြစ်သည်။

ယခုကဲ့သို့ စစ်ကောင်စီ၏ လုပ်ရပ်များအပေါ် မြို့နေအခြေခံလူတန်းစာများက အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများတွင် တက်ကြွစွာပါဝင်ခဲ့ ကြသူများ ဖြစ်သည့်အတွက် အငြိုးထားကာ တန်ပြန်မှုဖြစ်သလို ကျူးကျော်နေရာ ဟုဆိုသော နေရာ များသည် မြို့ပြလက်နက်ကိုင် ပြောက်ကျားလှုပ်ရှားမှုအတွက် ရေခံမြေခံနှင့် အထောက်အပံ့ပြုရာ နေရာအဖြစ် စစ်ကောင်စီ က ရှုမြင်နေသည်။

စစ်ကောင်စီအနေဖြင့် အာဏာသိမ်းပြီး လပိုင်းအကြာတွင် အခြေခံလူတန်းစား အများဆုံးနေထိုင်သည့် ရန်ကုန်တိုင်း၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာစသည့် မြို့နယ်များအား စစ်အုပ်ချုပ်ရေးကြေညာပြီး ပြင်းပြင်းထန်ထန် နှိပ်ကွပ်သတ်ဖြတ်ပြခဲ့သည်။

ထို့ပြင် အဆိုပါ မြို့နယ်များအတွင်း ကျူးကျော်ဟုဆိုကာ ဖယ်ရှားရှင်းလင်းမှုများကို ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ခဲ့ရာ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် လှိုင်သာယာမြို့နယ်တခုတည်းမှ မိသားစုရှစ်ထောင်ခန့်မှာ နေအိမ်များ အဓမ္မဖြိုဖျက်ခံရပြီး မည်သည့်နစ်နာကြေးမှ မရဘဲ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြသည်။

အဓမ္မရွှေ့ပြောင်းမှုနှင့် ကျူးကျော်နေထိုင်မှုဆိုင်ရာ လေ့လာနေသူတဦးက “မြို့ပြမြေအောက် တော်လှန်ရေး လှုပ်ရှားမှုတွေ ရပ်မသွားဘဲ အားကောင်းနေဆဲက ရန်ကုန်နဲ့မန္တလေးက အမြဲထိပ်ကပါတယ်၊ ကျူးကျော်အိမ်ရာတွေက မျက်ကွယ်လည်း ရတယ်၊ စစ်ကောင်စီလှုပ်ရှားမှုကိုလည်း စောင့်ကြည့်ရ လွယ်ကူတယ်၊ ပြေးဝင်ပုန်းခိုရင်လည်း စိစစ်ဖို့ မလွယ်ဘူး၊ ဒါကြောင့် ရှင်းချင်တာထင်တယ်၊ နောက်တခု ဖြစ်နိုင်တာက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စီမံကိန်းတချို့လုပ်ချင်တာ၊ နိုင်ငံရေး မငြိမ် သက်ချိန်မှာ တပ်ပိုင်မြေတွေ ပြန်သတ်မှတ်ပြီး သိမ်းယူချင်တာမျိုးကြောင့်လို့ ထင်တယ်” ဟု သုံးသပ်သည်။

အာဏာနှင့် အကျိုးစီးပွားအတွက် လူထုကို မျက်ကွယ်ပြုကာ အဓမ္မနေရာရွေ့ပြောင်းမှုများသည် ရှေးယခင် အာဏာရှင် စစ်အစိုးရများ လက်ထက်ကတည်းက လုပ်ဆောင်ခဲ့ ကြသည်သာဖြစ်သည်။

၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီးအပြီးတွင်လည်း ရန်ကုန်မြို့မှ ပြည်သူအများအပြားအား မြို့ပြဖွံ့ဖြိုးရေး အမည်ခံ အကြောင်း ပြချက်ဖြင့် အဓမ္မ ဖယ်ရှားရွှေ့ပြောင်းစေမှုများကို အပြစ်ဒဏ်ပေးသည့်အနေဖြင့် လုပ်ဆောင်ခဲ့သည်။

ထိုသို့ ဖယ်ရှားခံခဲ့ရသူများထဲတွင် ၁၉၈၈ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် လူထုမိန့်ခွန်းပြောကြားရာ ဗဟန်းမြို့နယ်၊ ရွှေတိဂုံဘုရားပတ်ဝန်ကျင်ရှိ ဆန္ဒပြပွဲများတွင် တက်ကြွပါဝင်ခဲ့သူများ၏ နေရာများအား ပစ်မှတ်ထားကာ ရွှေ့ပြောင်းမှု များပြုလုပ်ခဲ့ကြောင်း မြေယာနှင့် ပတ်သက်၍ သုတေသနပြု မှတ်တမ်းတင်နေသည့် ရန်ကုန် ဇာတ်လမ်းများအဖွဲ့က ဆိုထားသည်။

ရန်ကုန်ဇာတ်လမ်းများ(Yangon Stories)အဖွဲ့သည် ရန်ကုန်မြို့တွင် မြေယာပိုင်ဆိုင်မှုအပေါ် အကြမ်းဖက်သည့် ကျူးလွန် မှု ဖြစ်ရပ်များအား သုတေသနပြုမှတ်တမ်းတင်နေသည့် အဖွဲ့အစည်းဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် လှိုင်သာယာ မြို့နယ်တွင် ကျူးကျော်ဟုဆိုကာ နေအိမ်များအား ဖယ်ရှားရှင်းလင်းသည့် အကြောင်းအရာ၊ အချက်အလက်များကိုလည်း ၎င်းတို့၏ ဝက်ဆိုဒ်တွင်ဖော်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီသည်လည်း ၎င်းတို့အား အားကောင်းကောင်းဖြင့် ခုခံနေသည့် ဒေသများမှ ပြည်သူများအား သတ်ဖြတ်ခြင်း၊ ရွာလုံးကျွတ်မီးရှို့ ဖျက်ဆီးခြင်းများ၊ မြို့ပေါ်နေပြည်သူများအပေါ် ကျူးကျော်ဟု ဆိုကာ အဓမ္မဖယ်ရှားမှုများအား လုပ်ဆောင် လျှက်ရှိသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြို့ပေါ်တွင် ကျူးကျော်ဟုဆိုကာ အဓမ္မဖယ်ရှားရွှေ့ပြောင်းမှုကြောင့် ဖြိုဖျက်ခံရသည့်အိမ် အရေအတွက်မှာလည်း သောင်းဂဏန်းအထက် ရှိနေပြီး၊ ထို့အတူ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် အောက်တိုဘာလ တလအတွင်းမှာပင် နေအိမ် ၁၅၀၀ ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရ ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု(ISP-Myanmar) က ဆိုထားသည်။

အဆိုပါ လုပ်ရပ်များသည် နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများအား ကြီးမားစွာချိုးဖောက်ပြီး နိုင်ငံသားများအနေဖြင့် ဂုဏ်သိက္ခာရှိစွာ အသက်ရှင်ရပ်တည်မှုနှင့် ဘဝလုံခြုံမှုအတွက် အိမ်ရာပိုင်ဆိုင်ခွင့် ရရှိရမည့် အခွင့်အရေးများကို စစ်ကောင်စီက စနစ်တကျဖြင့် ချိုးဖောက် ကျူးလွန်နေခြင်းလည်း ဖြစ်သည်။

You may also like these stories:

ရွှေပြည်တော် မျှော်တိုင်းဝေးနေဦးမယ့် ကျူးကျော် ပြဿနာ

စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေး ရေစုန်မြောနေပြီ

ဘဏ်အပ်ငွေ ကျပ်သန်းပေါင်းထောင်ချီ ထုတ်သည့် ရွှေလုပ်ငန်းရှင် ၇ ဦး စစ်ဆေးခံရ

Your Thoughts …
Tags: ကျူးကျော်ဖြိုဖျက်ရွှေ့ပြောင်းအဓမ္မအိမ်ရာမဲ့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

သံတွဲမြို့ရှိ ဌာနဆိုင်ရာများ ပြောင်းရွှေ့နေဟုဆို

သံတွဲမြို့ရှိ ဌာနဆိုင်ရာများ ပြောင်းရွှေ့နေဟုဆို

by ရိုးကျော်
20 May 2024
3.6k

သံတွဲမြို့ နှင့် ငပလီကမ်းခြေတို့တွင် ယခုတပတ်အတွင်း ဌာနဆိုင်ရာများမှ အရေးကြီးစာရွက်စာတမ်း များကို သိမ်းဆည်းခြင်း၊ နေရာရွှေ့ပြောင်းခြင်းများ ဆက်တိုက်ပြုလုပ်နေ

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရ နဲ့ ဓမ္မဒူတ အရှင်ဆေကိန္ဒ

အာဏာရှင်လက်စွဲဆရာတော်များ

by ဧရာဝတီ
12 November 2022
48.7k

အခု ဦးဇင်းမှာ အညာက တပည့်၊ ဒကာတွေရှိတယ်။ ရွာပြန်ချင်လို့ ရွာမရှိတော့ဘူး။ အိမ်မရှိတော့ဘူး။ ဘုန်းကြီးကျောင်းလည်း မရှိတော့ဘူး။ အကုန်စစ်တပ်က မီးရှို့တာခံလိုက်ရတယ်။ ဒါတွေ ကြားမြင်နေရတာ ဦးဇင်းမယ် ဆွမ်းတောင်မျိုမကျဘူး

မြန်မာစစ်တပ်ရန်မှ ကာကွယ်ပေးရန် ထိုင်းအရပ်ဘက်အဖွဲ့အစည်းများ  တောင်းဆို

မြန်မာစစ်တပ်ရန်မှ ကာကွယ်ပေးရန် ထိုင်းအရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

by ဧရာဝတီ
8 August 2023
2.8k

ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌသစ်ထံသို့ ထိုင်းအရပ်ဘက်အဖွဲ့အစည်း ၇ ခုက စာပို့ တောင်းဆိုလိုက်သည်။

မြန်မာပြည်သူများနှင့် ရွှေ့ပြောင်းအရေး ထိုင်းအောက်လွှတ်တော်၌ ဆွေးနွေး

မြန်မာပြည်သူများနှင့် ရွှေ့ပြောင်းအရေး ထိုင်းအောက်လွှတ်တော်၌ ဆွေးနွေး

by ဧရာဝတီ
24 March 2025
1.8k

ထိုင်းအောက်လွှတ်တော်တွင် ကျင်းပခဲ့သည့် “ထိုင်းနိုင်ငံ နယ်စပ်တလျှောက်၌ လုံခြုံရေးမြှင့်တင်ခြင်းနှင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း အခန်းကဏ္ဍ” ဆွေးနွေးပွဲတွင် စစ်ကောင်စီလက်အောက် မြန်မာပြည်သူလူထုတရပ်လုံး၏ စိုးရိမ်စရာ အခြေအနေများနှင့် ထိုင်းသို့ရွှေ့ပြောင်းလာသည့် မြန်မာနိုင်ငံသားများ ကြုံတွေ့နေကြရသော အခက်အခဲများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြပြီး ထိရောက်သည့်...

စူရတ်ဌာနီရှိ မြန်မာစာသင်ကျောင်း ၆ ကျောင်း ထိုင်းပညာရေးဝန်ကြီးဌာန ပိတ်သိမ်း

စူရတ်ဌာနီရှိ မြန်မာစာသင်ကျောင်း ၆ ကျောင်း ထိုင်းပညာရေးဝန်ကြီးဌာန ပိတ်သိမ်း

by ဧရာဝတီ
7 September 2024
837

ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင်ရှိ မေတ္တရိပ် မြန်မာစာသင်ကျောင်း အပိတ်ခံရပြီးနောက် ပညာရေး ဝန်ကြီးဌာနက ခရိုင်အတွင်း တရားမဝင်ဖွင့်ထားသော မြန်မာကျောင်း ၆ ကျောင်းကို ထပ်မံပိတ်လိုက်ကာ တခြားသော ခရိုင်များတွင် လည်း စုံစမ်းစစ်ဆေးဖို့ သက်ဆိုင်ရာ ဒေသအာဏာပိုင်တို့က အမိန့်ထုတ်ကြောင်း...

ကရင်၊ မွန်၊ ရခိုင်ပြည်နယ်တို့တွင် ရေကြီးရေလျှံမှုများ ဆက်တိုက် ဖြစ်ပွား

ကရင်၊ မွန်၊ ရခိုင်ပြည်နယ်တို့တွင် ရေကြီးရေလျှံမှုများ ဆက်တိုက် ဖြစ်ပွား

by ဧရာဝတီ
8 August 2023
596

မင်းပြားမြို့နယ်ရှိ ပြင်ယောင်းကျေးရွာတွင် ဩဂုတ်လ ၆ ရက်နေ့က ၃နှစ်သားအရွယ် ကလေးတဦးနှင့် အသက် ၃ဝ အရွယ် သားအမိ ၂ ဦးတို့မှာ ရေနစ်သေဆုံးခဲ့ရကြောင်း

Next Post
ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များ

AA နှင့် စစ်တပ် အပစ်ရပ်သော်လည်း တပ်မရုပ်

အစိုးရများက အင်တာနက်ပိတ်ခြင်းများသည် ပုံစံအမျိုးမျိုးရှိသည်

အင်တာနက် ဘယ်လိုပိတ်လဲ၊ ဘယ်လို ပြန်တိုက်ဖျက်သလဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate