မြန်မာစကားတွင် အထက်အညာ၊ အောက်အကြေဟု ခေါ်ဆိုလေ့ ရှိကြ၏။ ထိုဝေါဟာရ အထူးပြုမှုသည် ဗမာလူမျိုးတို့ အခြေချ နေထိုင်ရာဒေသများကို ခေါ်ဆိုခြင်း ဖြစ်သည်။ အညာဒေသသည် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဆုံ ဝဲယာ ဒေသ ဖြစ်ပြီး မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်း ဒေသတို့ ဖြစ်သည်။
အကြေဟုခေါ်သော ဒေသကတော့ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်း ဒေသတို့ ဖြစ်၏။ အညာနှင့် အကြေကြား ပြည်၊ အောင်လံ ဒေသကို မြေလတ်ဒေသဟုလည်း ခေါ်ဆိုကြသည်။ ထိုသို့ခေါ်ဆို သမုတ်သောဒေသသည် ဗမာလူမျိုးတို့ အခြေချ နေထိုင်ရာ ဒေသတို့ကို ရည်ညွှန်းခြင်း ဖြစ်သည်။
ထို့ကြောင့် အထက်၊ အညာဆိုသော်လည်း မြန်မာပြည်မြေပုံ၏ အလယ်ပိုင်းတွင် ရှိနေသည်ကို တွေ့ရမည် ဖြစ်ပေသည်။
မြန်မာမြေပုံ၏ အလယ်ပိုင်း ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဆုံရာ အထက်၊ အောက်၊ ဝဲ၊ ယာ တဝိုက် ဗမာလူမျိုးများ၏ မူလဘူတ အခြေစိုက်ရာ ဒေသဖြစ်၏။ ထိုအညာဒေသသည် ဗမာလူမျိုးတို့ သမိုင်းတင်သည့်ကာလတွင် မြို့ပြနိုင်ငံများ၊ ပဒေသရာဇ်နိုင်ငံ စတင်ထူထောင်သည့် ဒေသလည်း ဖြစ်၏။
မြန်မာမြေပုံ၏ အလယ်ပိုင်း ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဆုံရာ အထက်၊ အောက်၊ ဝဲ၊ ယာ တဝိုက် ဗမာလူမျိုးများ၏ မူလဘူတ အခြေစိုက်ရာ ဒေသဖြစ်၏။ ထိုအညာဒေသသည် ဗမာလူမျိုးတို့ သမိုင်းတင်သည့်ကာလတွင် မြို့ပြနိုင်ငံများ၊ ပဒေသရာဇ်နိုင်ငံ စတင်ထူထောင်သည့် ဒေသလည်း ဖြစ်၏။
ဗမာအစ တကောင်းက၊ ဗမာအစ ကျောက်ဆည်ကဟု အငြင်းပွားမှုများ ရှိစေကာမူ ဗမာသမိုင်းကတော့ ပုဂံခေတ်မှစ၍ သမိုင်းတင်သည်။ တောင်ငူခေတ်မှလွဲ၍ ပုဂံ၊ အင်းဝ၊ အမရပူရ၊ ရတနာပုံ မင်းနေပြည်တော် အားလုံးသည် အညာတွင် ရှိသည်။ အညာသည် ဗမာတို့၏ အထိမ်းအမှတ် သရုပ်သကန်လည်း ဖြစ်သည်ဟု ဆိုရမည်။
အောက် အကြေဒေသသည် အထူးသဖြင့် အင်္ဂလိပ်-မြန်မာစစ်ပွဲကာလတွင်မှ အညာမှ ဗမာလူမျိုးတို့ ပြောင်းရွှေ့ အခြေချသည့် ဒေသ ဖြစ်သည်။
ရခိုင်ကို ကြည့်ပါက စစ်တွေသည် အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးနောက် ရုံးစိုက်ရာဒေသဖြစ်သော်လည်း မြောက်ဦးသည်သာ ရခိုင်တို့၏ အစဉ်အလာ အုပ်ချုပ်ရေး အခြေစိုက်သည့်မြို့ ဖြစ်သည်။
ရှမ်းပြည်နယ်ရှိ တောင်ကြီး၊ လားရှိုးတို့သည်လည်း အင်္ဂလိပ်သိမ်းပိုက်ပြီးနောက် ရုံးစိုက်ရာ မြို့များအဖြစ် စည်ကားလာသော်လည်း ရှမ်းစော်ဘွားတို့၏ အုပ်ချုပ်ရေး အခြေပြုရာ၊ ဟော်နန်းစိုက်ရာမြို့များ မဟုတ်ခဲ့ပေ။
အလားတူပင် ရန်ကုန်သည် အင်္ဂလိပ်တို့၏ အုပ်ချုပ်ရေး အခြေစိုက်ရာ မြို့ဖြစ်ခဲ့သော်လည်း အညာသည်သာ ဗမာတို့၏ ပဒေသရာဇ်မင်း နေပြည်တော်များ အခြေစိုက်ရာ ဖြစ်သည်။ ဆိုရလျင် အညာသည် ဗမာသမိုင်း အစဖြစ်ကဲ့သို့ အညာသည် ဗမာတို့၏ ဘူမိနက်သန်လည်းဖြစ်သည်။
ဗမာလူမျိုးတို့၏ ကိုယ်ပိုင်လက္ခဏာ၊ ယဉ်ကျေးမှု မူလသရုပ်သကန်တို့ကို တွေ့နိုင်သောဒေသ ဖြစ်သည်။ ရန်ကုန်သည် အင်္ဂလိပ်ကိုလိုနီအောက်တွင် မြို့တော်ဖြစ်ခဲ့ပြီး အောက်အကြေအရပ်သည် ဖွံ့ဖြိုး စည်ကားခဲ့သော်လည်း ယဉ်ကျေးမှုတို့ ရောပြွမ်းနေသည်။
အညာသည် ဗမာလူမျိုးတို့၏ ယဉ်ကျေးမှု၊ အစဉ်အလာ၊ ကိုယ်ပိုင်လက္ခဏာနှင့် ဗမာလူမျိုးတို့ ရုန်းကန်ရှင်သန်မှု အစစ်အမှန်ကို တွေ့ရှိရသောဒေသဖြစ်သည်။ ထို့ကြောင့် အညာသည် ဗမာ၊ ဗမာသည် အညာဟု ဆိုရပေမည်။
အညာသည် ဗမာလူမျိုးတို့၏ ယဉ်ကျေးမှု၊ အစဉ်အလာ၊ ကိုယ်ပိုင်လက္ခဏာနှင့် ဗမာလူမျိုးတို့ ရုန်းကန်ရှင်သန်မှု အစစ်အမှန်ကို တွေ့ရှိရသောဒေသဖြစ်သည်။ ထို့ကြောင့် အညာသည် ဗမာ၊ ဗမာသည် အညာဟု ဆိုရပေမည်။
ပထဝီ ရာသီဥတုသဘောအရ အညာဒေသအား ယခင်က မိုးခေါင်ရေရှားရပ်ဝန်းဟု ခေါ်ဆိုပြီး ယခုအခါ မိုးနည်းရေရှား ရပ်ဝန်းဒေသဟု ခေါ်ဆိုကြသည်။ မည်သို့ပင် ခေါ်ဆိုခဲ့သည်ဖြစ်စေ ဗမာလူမျိုးတို့ အညာဒေသ၌ အခြေချပြီး သမိုင်းတင်ခဲ့သည်။
အညာဒေသသည် မိုးနည်းသော်လည်း ဧရာဝတီ၊ ချင်းတွင်း၊ မူးမြစ်၊ ဇော်ဂျီမြစ် စသည့် မြစ်များ ဖြတ်သန်းစီးဆင်းရာ ဒေသ ဖြစ်သည်။ ထိုမြစ်များမှ ဆည်ရေသွယ်တန်းခဲ့ကြပြီး စိုက်ပျိုးရေး ပြုလုပ်ခဲ့ကြသည်။ ဓားမဦးချ ခုတ်ထွင် ရှင်းလင်း စိုက်ပျိုးခဲ့ကြသည်။ ထိုမြစ်များအတွင်းရှိ နုံးတင်မြေနုကျွန်းဒေသများတွင် ဗမာတို့ အခြေချ စိုက်ပျိုးရှင်သန်ခဲ့ကြသည်။ ဗမာတို့၏ သမိုင်း၊ ယဉ်ကျေးမှု၊ ပဒေသရာဇ်နိုင်ငံနှင့် ဗမာတို့၏ ကိုယ်ပိုင်လက္ခဏာကို ဖေါ်ပြခဲ့ကြသည်။
ဤနေရာတွင် ဦးစွာပြောကြားလိုသည်မှာ ဗမာတို့၏ ပဒေသရာဇ်နိုင်ငံတော်နှင့် ဗမာတို့၏ ယဉ်ကျေးမှု အစပြု ဖော်ပြခြင်းအား ဗမာလူမျိုးကြီးဝါဒနှင့်လည်းကောင်း၊ ဗမာပဒေသရာဇ်နိုင်ငံတော်က အခြားလူမျိုးဒေသများအား ဝါးမြိုခြင်းနှင့်လည်းကောင်း ရောထွေးမကြည့်ရန်လိုအပ်ပါသည်။
ထို့အတူ ဗမာပဒေသရာဇ် နိုင်ငံတော်ခေတ်ကာလကလည်း အဆိုးများလည်းရှိသကဲ့သို့ တပြည်ထောင်စနစ် မကျင့်သုံးခဲ့သည်ကို ရှမ်းစော်ဘွားများ အုပ်ချုပ်ရေးကို ကြည့်လျင် တွေ့မြင်နိုင်ပါသေးသည်။
ထို့ပြင် ကမ္ဘာပေါ်ရှိ တိုင်းနိုင်ငံအများစုသည် လက်ရှိကာလတွင် မည်သည့်စနစ်ကို ကျင့်သုံးသည်ဖြစ်စေ ပဒေသရာဇ် နိုင်ငံတော် အဆင့်ကို ဖြတ်သန်းဖူးသည်သာ ဖြစ်သည်။
ယခုအခါတွင် ပဒေသရာဇ် သက်ဦးဆံပိုင်ကို မိမိတိုင်းပြည်၊ မိမိလူမျိုး၏ ကိုယ်ပိုင် သမိုင်းဖြတ်သန်းမှုအဖြစ် တန်ဖိုးထား မှတ်တမ်းပြုကြသည်သာ ဖြစ်သည်။
ဆိုလိုချင်သည်မှာ လက်ရှိ မြန်မာပြည်ရှိ ကချင်၊ ရှမ်း၊ ရခိုင် စသည့် တိုင်းရင်းသားလူမျိုးတိုင်းတွင် ကိုယ်ပိုင်ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ မိမိလူမျိုး ရှင်သန်မှုအတွက် ရုန်းကန်မှုစသည့် ကိုယ်ပိုင်လက္ခဏာများ ရှိကြသကဲ့သို့ ဗမာလူမျိုးတို့တွင်လည်း ကိုယ်ပိုင်လက္ခဏာရှိသည်။
လက်ရှိ မြန်မာပြည်ရှိ ကချင်၊ ရှမ်း၊ ရခိုင် စသည့် တိုင်းရင်းသားလူမျိုးတိုင်းတွင် ကိုယ်ပိုင်ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ မိမိလူမျိုး ရှင်သန်မှုအတွက် ရုန်းကန်မှုစသည့် ကိုယ်ပိုင်လက္ခဏာများ ရှိကြသကဲ့သို့ ဗမာလူမျိုးတို့တွင်လည်း ကိုယ်ပိုင်လက္ခဏာရှိသည်။
မြန်မာပြည်ရှိ ဗမာအပါ တိုင်းရင်းသား လူမျိုးတိုင်းသည် လူမျိုးတိုင်း၏ ကိုယ်ပိုင်လက္ခဏာကို အပြန်အလှန်အသိအမှတ်ပြု၍ လေးစားစွာ ဆက်ဆံရန် လိုအပ်ပေသည်။ ဤနေရာတွင် အညာနှင့်ပတ်သက်၍ ရေးသားလိုသည်မှာ ဗမာတို့၏ ကိုယ်ပိုင် လက္ခဏာနှင့် ပတ်သက်၍ ဖြစ်သည်။
အညာဒေသ၏ မြေပြန့်လွင်ပြင်ရှိ ဆည်ရေသောက်နှင့် နုံးတင်မြေနုကျွန်းများတွင် အညာသားတို့ စိုက်ပျိုး လုပ်ကိုင် စားသောက်သည်ဆိုနိုင်သော်လည်း မိုးမျှော်၍ စိုက်ပျိုးရသည့် ဒေသများ၊ သီးနှံများလည်း ရှိသည်။
မိုးကောင်းသည့် အချိန်ကာလတွင် သီးနှံအထွက်ကောင်း၍ မိုးခေါင်လျင် သီးနှံအထွက်ကျသည်။ သီးနှံပျက်၏။ မည်သို့ဖြစ်စေ ပုံမှန်မိုးရာသီကျသည်နှင့် ယာခင်းများကို ထွန်ယက်ပြင်ဆင်ထားကြပြီး မိုးမျှော်ကြရတော့၏။ ဤသည်မှာ အညာ၏ ဓလေ့ဖြစ်သည်။
မိုးမရွာသ၍ သီးနှံကျဲ မရ၊ စိုက်ပျိုး မရကြ။ မိုးခေါင်သည့်နှစ်သည် အညာသားတို့အတွက် ခက်ခဲသည့်နှစ်ဖြစ်သည်။ ထို အခက်အခဲများကို အညာသားတို့ စုပေါင်း ရင်ဆိုင်ကြ၏။ စုပေါင်း ရိုင်းပင်း ဖြေရှင်းကြ၏။ စုပေါင်းကျော်လွှားကြ၏။ စုပေါင်း ရှင်သန်ကြသည်။ ဤသည်ပင်လျင် အညာ၏ ဓလေ့၊ အညာ၏ စရိုက်လက္ခဏာ ဖြစ်သည်။
အညာ၏ ပူပြင်းသော ရာသီဥတု၊ မိုးနည်းပါးမှု စသည့် ရာသီဥတုဒဏ်ကို ကြံကြံခံရင်း လယ်ထဲ၊ ယာထဲ၊ ကိုင်းထဲတွင် အညာသားတို့ ရုန်းကန်ရှင်သန်ရသည်။ ကြီးပြင်းလာခဲ့ရ၏။ ဤသို့သို့သော ကြမ်းတမ်းသော ရာသီဥတုရှိသော နေပူစပ်ခါးတွင် အလုပ်လုပ်ခဲ့ရသော အညာသားတို့အတွက် သဘာဝကပေးသည့် ကြံခိုင်မှု ရရှိခဲ့သည်။
သန်စွမ်းမှုရရှိခဲ့သည်။ အခက်အခဲ ကြမ်းတမ်းမှုကို ခံနိုင်သည့် စွမ်းရည်များ ရရှိခဲ့သည်။ ပင်ပန်းဆင်းရဲမည်ကို မကြောက်ဘဲ ဘဝကို ရင်ဆိုင်ရဲသည့် သတ္တိများ ရရှိလာခဲ့ကြ၏။ ဤအချက်သည် တမာနံ့၊ ထနောင်းနံ့သင်းသည့် အညာဒေသမှ အညာသားတို့၏ စရိုက်လက္ခဏာတခုလည်း ဖြစ်၏။
အရေးအပါဆုံးသော အညာ၏ ကိုယ်ပိုင်လက္ခဏာမှာ ဗမာလူ့အဖွဲ့အစည်း၏ အုပ်ချုပ်ရေးစနစ်တရပ်ကို ထူထောင်ခြင်း၊ ဘာသာရေး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာတို့ကို ထူထောင်ခြင်းဖြစ်သည်။ ဤသည်မှာ အညာနှင့် အညာသားတို့၏ ထူးခြားချက်ဖြစ်သည်။
ပုဂံခေတ်မှစ၍ ကိုလိုနီခေတ်ကာလအထိ ဗမာတို့၏ အုပ်ချုပ်ရေးများ စတင်ထူထောင်ခြင်း၊ ပျက်ယွင်းသွားသည့် ဗမာတို့၏ အုပ်ချုပ်ရေးစနစ်များကို ပြန်လည် တည့်မတ်ထူထောင်ခြင်းတို့ ဆောင်ရွက်အားထုတ်ခဲ့ကြသည်မှာ အညာဖြစ်သည်။
ပုဂံခေတ်မှစ၍ ကိုလိုနီခေတ်ကာလအထိ ဗမာတို့၏ အုပ်ချုပ်ရေးများ စတင်ထူထောင်ခြင်း၊ ပျက်ယွင်းသွားသည့် ဗမာတို့၏ အုပ်ချုပ်ရေးစနစ်များကို ပြန်လည် တည့်မတ်ထူထောင်ခြင်းတို့ ဆောင်ရွက်အားထုတ်ခဲ့ကြသည်မှာ အညာဖြစ်သည်။
ပျက်ယွင်းသွားသော အုပ်ချုပ်ရေးများ ပြန်လည်ထူထောင်ရန် လူသူလက်နက်စုဆောင်းခြင်း၊ ရဲရင့်စွာ တိုက်ပွဲဝင်ကြခြင်း၊ မင်းနေပြည်တော်များ ပြန်လည်တည်ဆောက်ခြင်းဖြင့် ဗမာတို့၏ အုပ်ချုပ်ရေးကို ပြန်လည်အသက်သွင်းသည်မှာ အညာဒေသဖြစ်၏။ အညာသားများ ဖြစ်ခဲ့ကြသည်။
အညာသည် ဗမာအုပ်ချုပ်ရေးစနစ်များကို ကိုယ်ဒူးကိုယ်ချွန် ကိုယ်အားကိုယ်ကိုးပြီး ထူထောင်ခဲ့ကြသည်။ တိုက်ပွဲဝင်ခဲ့ကြသည်။ ဤသည်မှာ အညာ၏ ထူးခြားချက်ဖြစ်ခဲ့သည်။
ကိုလိုနီခေတ်ကာလ လွတ်လပ်ရေး ကြိုးပမ်းသည့်အချိန်များတွင် ရန်ကုန်သည် ဗဟိုချက်ဖြစ်ခဲ့သည်။ အကြောင်းမှာ နိုင်ငံရေး၊ မြန်မာပြည်အရေးသည် ကမ္ဘာကြီးနှင့်ဆက်စပ်နေသောကာလ ဖြစ်သွားခဲ့ပြီး နိုင်ငံလွတ်လပ်ရေးကြိုပမ်းမှုသည် ပညာတတ်များစုဝေးရာ အောက်အကြေသို့ စုဝေးရောက်ရှိသွားခဲ့သောကြောင့် ဖြစ်သည်။
ခက်ခဲကြမ်းတမ်းသည့်အပြင် ခေတ်နောက်ကျသော အရပ်ဒေသဖြစ်နေခဲ့သည့် အညာဒေသသည် ကမ္ဘာကြီးနှင့် ဆက်စပ်နေသော လွတ်လပ်ရေးကြိုးပမ်းမှုတွင် ရှေ့ဆောင်နိုင်ခြင်းမရှိခဲ့ပေ။
သို့သော်လည်း ပြီးခဲ့သော အနှစ် ၂၀ အတွင်း အညာသည် ကြီးမားစွာပြောင်းလဲခဲ့သည်။ ကိုလိုနီခေတ်နှင့် လွတ်လပ်ရေး ရပြီးနောက်ပိုင်း အခြားဒေသ အခြားလူမျိုးများကဲ့သို့ပင် အညာတွင် ပညာတတ်များစွာ ထွက်ပေါ်လာခဲ့၏။ နိုင်ငံတကာနှင့် လက်လှမ်းမှီခဲ့သည်။
အထူးခြားဆုံးအချက်မှာ ပြီးခဲ့သောအနှစ် ၂၀ အတွင်း အညာဒေသ ကျေးလက်မှ လူငယ်များ ထိုင်း၊ မလေးရှားအပါ နိုင်ငံရပ်ခြားသို့ အောက်ခြေအလုပ်များမှစ၍ သွားရောက်လုပ်ကိုင်သူ လွန်စွာ များပြားခဲ့သည်။
အညာဒေသ ရွာများတွင် နိုင်ငံခြားသို့ အလုပ်သွားလုပ်သူ တရွာလျင် ၈၀/၁၀၀ ခန့်မှသည် ရွာကြီးများဆိုလျင် ၂၀၀ နှင့် အထက်ရှိခဲ့သည်။ အညာဒေသ ချောင်ကြိုချောင်ကြား ရွာများပင်မကျန် သွားရောက်လုပ်ကိုင်ခဲ့ကြသည်။
အညာဒေသမှ နိုင်ငံခြားသို့ အလုပ်သွားလုပ်သူ သန်းချီခဲ့သည်။ သူတို့သည် နိုင်ငံရပ်ခြား နိုင်ငံများ၏ တိုးတက်မှု၊ ကြွယ်ဝ ချမ်းသာမှု၊ တဦးချင်း ဝင်ငွေမြင့်မားမှု၊ လုပ်ခလစာ မြင့်မားမှုတို့ကို စတင်ထိတွေ့ခဲ့ကြ၏။
အညာဒေသမှ နိုင်ငံခြားသို့ အလုပ်သွားလုပ်သူ သန်းချီခဲ့သည်။ သူတို့သည် နိုင်ငံရပ်ခြား နိုင်ငံများ၏ တိုးတက်မှု၊ ကြွယ်ဝ ချမ်းသာမှု၊ တဦးချင်း ဝင်ငွေမြင့်မားမှု၊ လုပ်ခလစာ မြင့်မားမှုတို့ကို စတင်ထိတွေ့ခဲ့ကြ၏။
ထိုမှတဆင့် နိုင်ငံသားများ၏ အခွင့်အရေး၊ ရပိုင်ခွင့်၊ အစိုးရ၏ တာဝန်ယူမှု၊ အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားများကို စာတွေ့ မဟုတ်ဘဲ လူကိုယ်တိုင် ထိတွေ့လေ့လာခွင့်ရခဲ့ကြသည်။
မြန်မာပြည်တွင် မရခဲ့သည့် အခွင့်အရေးများကို နိုင်ငံခြားတွင် ရခဲ့ကြသည်။ သူတို့မှတဆင့်အညာဒေသမှ သူတို့မိသားစုများသည်လည်း ထိတွေ့ခွင့်ရခဲ့ကြသည်။
ဤသို့သော အခြေအနေအောက်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်သော အဆိုပါ ဆိုးဝါးလှသော အုပ်ချုပ်ရေးစနစ်အား ဖျက်ဆီးပြီး အုပ်ချုပ်ရေး ယန္တယားတရပ် ထူထောင်ရန် အညာသားနှင့် အညာဒေသသည် အတက်ကြွဆုံး ပြန်လည်ပါဝင်ခဲ့ကြသည်ကို တွေ့ရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် အစောဆုံး ဆန္ဒပြပွဲကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် အညာဒေသ မန္တလေးတွင် အညာသားတို့ စတင်ဖောက်ခွဲခဲ့သည်။ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် မုံရွာသပိတ်စတင်သည်။ ထို့နောက် အညာတခွင်တွင် မြို့ပြရော၊ ကျေးလက်ပါ လူထုဆန္ဒပြပွဲများကို မြင်တွေ့ခဲ့ကြရသည်။
လူထုသပိတ်များကို စစ်ကောင်စီက အကြမ်းဖက်နှိမ်နင်းသောအခါတွင်လည်း အညာသားတို့ ရရာ လက်နက်စွဲကိုင်ပြီး တော်လှန်ခဲ့ကြသည်။ တူမီးများ၊ လက်လုပ်မိုင်းများဖြင့် စတင်တိုက်ပွဲဝင်ခဲ့ကြသည်။ ထိုသို့ စတင်ခါစက အညာသားတို့၏ တော်လှန်ပုန်ကန်မှုများအား ကောက်ရိုးမီးဟု ယူဆခဲ့ကြသည်။

စစ်ကောင်စီကလည်း ၆ လ လောက်နှိမ်နင်းလိုက်လျင် ငြိမ်သက်သွားမည်ဟု ယူဆခဲ့ကြသည်။ သို့သော် လပေါင်း ၂၀ ကျော်ခဲ့သော်လည်း အညာသားတို့၏ တော်လှန်ပုန်ကန်မှုအား စစ်ကောင်စီအနေဖြင့် နှိမ်နင်းနိုင်စွမ်း မရှိခဲ့ပေ။
ထိုသို့ဆို၍ စစ်ကောင်စီသည် ဗမာဒေသဖြစ်၍ အညာသားတို့အား သက်သက်ညှာညှာ စစ်ဆင်နေ၍ မဟုတ်ပေ။ မြန်မာပြည်ဒေသအားလုံးထဲတွင် အညာဒေသသည် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှု အခံရဆုံးဖြစ်သည်။
အညာဒေသသည် ဒုတိကမ္ဘာစစ်ကို ကြုံဖူးသည်။ ဂျပန်တို့ ပါးရိုက်သည်ကိုလည်း ခံဖူးသည်။ မဟာမိတ်တပ်များနှင့် ဂျပန်တို့ အပြင်းထန်တိုက်သည်ကိုလည်း ကြုံဖူးသည်။ လွတ်လပ်ရေးရပြီးနောက် အလံနီ၊ အလံဖြူ (ဗကပ)၊ ပြည်သူ့ရဲဘော်တို့၏ ပုန်ကန်ထကြွမှုနှင့် ပြည်တွင်းစစ်မီးကိုလည်း ကောင်းစွာခံခဲ့ရဖူးသည်။
အညာဒေသသည် ဒုတိကမ္ဘာစစ်ကို ကြုံဖူးသည်။ ဂျပန်တို့ ပါးရိုက်သည်ကိုလည်း ခံဖူးသည်။ မဟာမိတ်တပ်များနှင့် ဂျပန်တို့ အပြင်းထန်တိုက်သည်ကိုလည်း ကြုံဖူးသည်။ လွတ်လပ်ရေးရပြီးနောက် အလံနီ၊ အလံဖြူ (ဗကပ)၊ ပြည်သူ့ရဲဘော်တို့၏ ပုန်ကန်ထကြွမှုနှင့် ပြည်တွင်းစစ်မီးကိုလည်း ကောင်းစွာခံခဲ့ရဖူးသည်။ သို့သော် ယခုကာလလောက် ရက်စက်ကြမ်းကြုတ်မှုကို မခံခဲ့ရဖူးပေ။
သို့သော် ယခုကာလလောက် ရက်စက်ကြမ်းကြုတ်မှုကို မခံခဲ့ရဖူးပေ။ စာသင်ကျောင်းများကို စစ်ကောင်စီ လေကြောင်းက ပစ်ခတ်ခံရ၍ ဆရာနှင့် ကျောင်းသားများ သေဆုံးသည်ကို ကြုံခဲ့ရသည်။ CDM ကျောင်းဆရာအား ခေါင်းဖြတ်၍ ကျောင်းတံခါးတွင် ချိတ်ဆွဲသည်ကိုလည်း ခံရဖူးသည်။
ဆေးရုံ ဆေးခန်းများကို ဗုံးကြဲတိုက်ခိုက်သည်ကိုလည်း ခံရဖူးသည်။ စစ်ကောင်စီ စစ်ကြောင်းများ ရွာထဲဝင်လာလျှင် တွေ့သမျှ လူတိုင်းအား သူပုန်ဟု သတ်မှတ်၍ ပစ်သတ်ခြင်းကိုလည်း အကြိမ်ကြိမ်ခံခဲ့ရဖူးသည်။
ရဟတ်ယာဉ်၊ တိုက်လေယာဉ်များဖြင့် အညာကျေးရွာများအား အကြိမ်ကြိမ် တိုက်ခိုက်ခြင်းကိုလည်း ခံခဲ့ရဖူးသည်။ ခံနေရဆဲလည်းဖြစ်သည်။
ထို့ပြင် ဒုတိယကမ္ဘာစစ်ကာလ၊ လွတ်လပ်ရေး ရပြီးကာစ ပြည်တွင်းစစ် အစောပိုင်းကာလများတွင် မကြုံခဲ့သော အဖြစ်အပျက်ဟု ဆိုရမည့် ရက်စက်ကြမ်းကြုတ်သော စစ်ကောင်စီ တပ်များ၏ ရွာများအား မီးရှို့ မီးလောင်တိုက်သွင်းခြင်း ကိုလည်း ခံခဲ့ရသည်။ ခံနေရဆဲလည်း ဖြစ်သည်။

သုတသန အဖွဲ့အစည်းတခု ဖြစ်သည့် ISP-Myanmar ၏ မှတ်တမ်းများအရ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အထိ တပြည်လုံးတွင် ဘာသာရေး အဆောက်အအုံများအပါ အရပ်သားအိုးအိမ် စုစုပေါင်း ၃၈၅၆၈ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
၎င်းတို့အထဲတွင် စစ်ကိုင်းတိုင်းမှ ၂၆၉၇၀ လုံး၊ မကွေးတိုင်းမှ ၈၈၆၆ လုံး၊ မန္တလေးတိုင်းမှ ၁၁၁ လုံးရှိပြီး အညာဒေသတွင် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် အိုးအိမ်စုစုပေါင်းသည် ၉၃ ရာခိုင်နှုန်းကျော်ရှိပြီး အများဆုံးဖြစ်သည်ကို တွေ့ရသည်။

မြို့နယ်အလိုက်ဆိုလျှင် အညာဒေသစစ်စစ်ဖြစ်သည့် စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နှင့် မကွေးတိုင်း မြိုင်မြို့နယ်တို့တွင် အိမ်ခြေ အလုံး ၃၀၀၀ ကျော်စီဖြင့် အများဆုံးဖြစ်ကြောင်း တွေ့ရသည်။
စစ်ကောင်စီတပ်က မီးရှို့သူများသည် PDF များ ပုန်ကန်သူများဟု လက်ညိုးထိုး၍ ဘူးခံငြင်းဆိုလျက် ရှိသည်။ သို့သော် ဒေသခံ အညာသားများကတော့ သူတို့အိုးအိမ်၊ သူတို့ရပ်ရွာကို သူတို့ အညာသားများ မီးမရှို့သည်ကို ကောင်းစွာ သိကြပြီး ဖြစ်သည်။ မီးရှို့သူများသည် သူစိမ်းများ ဖြစ်ကြောင်း၊ စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှု ဖြစ်ကြောင်း ကောင်းစွာ သိကြသည်။
အညာဒေသ၌ စစ်ကောင်စီတပ်များ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုမှတ်တမ်းများ အပုံအပင်ရှိသည်။ ဤတသက်ဖျောက်ဖျက်၍ ရနိုင်တော့မည် မဟုတ်ပေ။
ရွာများထဲသို့ စစ်ကောင်စီတပ်များ ဝင်လာပါက ရွာမီးရှို့၊ တွေ့သည့်သူသတ် စသည့် စစ်ရာဇဝတ်မှုများ ကျူးလွန်ကြသဖြင့် တရွာလုံး တိမ်းရှောင်ထွက်ပြေးကြရသည်။ ဤသို့ဖြစ်ပျက်နေသည်မှာလည်း နှစ်ပေါက်နေပြီဖြစ်သည်။
အညာဒေသတွင် စစ်ဘေးဒုက္ခသည်အရေအတွက်ကို တွက်ဆရန် မလွယ်ကူလှပေ။ ဤမျှ ဒုက္ခကိုခါးစည်းခံနေသော်လည်း အညာသားအများစုတို့သည် အခြားဒေသသို့ သို့မဟုတ် ပြည်ပနိုင်ငံတခုသို့ ထွက်ပြေးသည်ကို မကြားရပေ။ထိုအညာဒေသ အတွင်းတွင်ပင် နေထိုင်ပြီး စစ်ကောင်စီကို ခုခံတိုက်ပွဲဝင်နေကြသည်။
အညာဒေသတွင် စစ်ဘေးဒုက္ခသည်အရေအတွက်ကို တွက်ဆရန် မလွယ်ကူလှပေ။ ဤမျှ ဒုက္ခကိုခါးစည်းခံနေသော်လည်း အညာသားအများစုတို့သည် အခြားဒေသသို့ သို့မဟုတ် ပြည်ပနိုင်ငံတခုသို့ ထွက်ပြေးသည်ကို မကြားရပေ။ထိုအညာဒေသ အတွင်းတွင်ပင် နေထိုင်ပြီး စစ်ကောင်စီကို ခုခံတိုက်ပွဲဝင်နေကြသည်။
မကြာမီက အညာဒေသ PDF တပ်ရင်းမှူး တဦးနှင့် ဧရာဝတီသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတခုတွင် “ကျနော်တို့ အညာမှာတော့ စစ်ကောင်စီတပ်တွေကို ခုခံတိုက်ပွဲဝင်တယ်ဆိုတာက ယာလုပ် မြေပဲခင်းလုပ်သလို နေ့စဉ်ပုံမှန်အလုပ် ဖြစ်သွားပြီဗျ”ဟု ဖြေဆိုသည်ကို တွေ့ရသည်။
အမှန်ပင် အညာဒေသကျေးရွာများတွင် မနက်မိုးလင်းသည်နှင့် စကစတပ်များအား မည်သို့တိုက်မည်၊ မည်သည့် လက်နက်ခဲယမ်းသုံးမည်၊ လက်နက်ခဲယမ်း မည်သို့ရှာမည်၊ ဝယ်မည်၊ ထုတ်လုပ်မည်ဆိုသည်ကို တိုင်ပင်ကြ၊ ဆွေးနွေးကြ၊ လုပ်ကိုင်ကြသည်မှာ နေ့စဉ်ပုံမှန် အလုပ်ဖြစ်နေပြီဟု အညာသားများက ပြောကြသည်။
စစ်ကောင်စီကလည်း အကြမ်းနည်းဖြင့် ဖိနှိပ်ရန် ကြိုးပမ်းနေသော်လည်း အညာသားတို့ နောက်မတွန့်ခဲ့ကြပေ။ စစ်ကောင်စီ လက်ကိုင်တုတ်ပါတီဖြစ်သည့် ကြံ့ဖွံ့ပါတီဥက္ကဌကလည်း အညာသားများသည် အသိဉာဏ်မဲ့သူများဟု ပုတ်ခတ် ပြောဆိုသည်ကို တွေ့ရသည်။

တကယ်တော့ အညာသားများသည် စစ်ကောင်စီ၏ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရန်၊ စစ်ကောင်စီ၏ အုပ်ချုပ်ရေးကို ဖယ်ရှား အစားထိုးရန် လိုအပ်ပြီကို ကောင်းစွာသိကြသည့် အသိဉာဏ်ကြီးသူများ ဖြစ်သည်။
စစ်ကောင်စီ၏ အလိမ်အညာများကို ငြိမ်ခံနေကြမည့် လူအများ မဟုတ်တော့ပေ။ ထို့ပြင် အညာသားများသည် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး ဘာသာရေးကို လေးစားကိုင်းရှိုင်းကြသူများ ဖြစ်၏။ ဗုဒ္ဓဘာသာအား ကိုးကွယ်ရာဘာသာအဖြစ် ယုံကြည်ဆည်းကပ်သူများဖြစ်သည်။

ဘာသာရေးအား မိမိကိုယ်စီးပွားအတွက်၊ မိမိအာဏာတည်မြဲရေးအတွက် အသုံးချရန်ကြိုးစားနေသည့် စစ်ကောင်စီအနေဖြင့် အညာသားတို့အား ဘာသာရေးဖြင့် ခုတုံးလုပ်ဖြိုခွဲရန်လည်း မဖြစ်နိုင်ပေ။
ကျန်ဗမာ အများစုနေထိုင်ကြသည့် အကြေဒေသများတွင် စစ်အာဏာရှင်အား ပုန်ကန်မှုများရှိသော်လည်း စစ်ကောင်စီအား တော်လှန်ပုန်ကန်ကြသည်မှာ အညာသာရှိသည်။ ဤအချက်သည် အညာ၏ ထူးခြားချက်ဖြစ်၏။ နွေဦးတော်လှန်ရေး၏ ထူးခြားချက်ဖြစ်၏။
ကျန်ဗမာ အများစုနေထိုင်ကြသည့် အကြေဒေသများတွင် စစ်အာဏာရှင်အား ပုန်ကန်မှုများရှိသော်လည်း စစ်ကောင်စီအား တော်လှန်ပုန်ကန်ကြသည်မှာ အညာသာရှိသည်။ ဤအချက်သည် အညာ၏ ထူးခြားချက်ဖြစ်၏။ နွေဦးတော်လှန်ရေး၏ ထူးခြားချက်ဖြစ်၏။
ကရင်နီပြည်နယ်၊ ချင်းပြည်နယ်များတွင်လည်း တခွင်တပြင်လုံး စစ်ကောင်စီအား တော်လှန်ကြသည့် ပြည်နယ်များ ဖြစ်သည်။ တိုင်းရင်းသားလူမျိုး၊ ပြည်နယ်တိုင်း စစ်ကောင်စီအား တော်လှန်နေကြသည်။
ဗမာလူမျိုးအဖို့ပြောလျင် ယခင်အခါက အယူဝါဒအပေါ် အခြေပြု၍ စစ်အာဏာရှင်စနစ်အား တော်လှန်ပုန်ကန်မှုရှိခဲ့သည်။ သို့သော် ယခုနွေဦး တော်လှန်ရေး၏ ထူးခြားချက်မှာ ဗမာလူမျိုး အညာသားများ၏ တော်လှန်ရေးသည် အယူဝါဒပေါ် အခြေမတည်ပေ။
ဆိုးဝါးလှသည့် စစ်အာဏာရှင်အုပ်ချုပ်ရေး ဖျက်သိမ်းပြီး အုပ်ချုပ်ရေးအသစ်တခု အစားထိုးရန် တော်လှန်သည့် အညာသား ဗမာလူမျိုးတို့၏ တော်လှန်ရေးဖြစ်သည်။ အာဏာရှင်များ၏ တရားဥပဒေမဲ့ ထင်ရာစိုင်းမှုများ၊ လက်နက်အားကိုး အနိုင်ကျင့်မှုများ ကိုယ်ကျိုးစီးပွါးရှာမှုများ၊ အကျင့်ပျက်လဘ်စားမှုများ ပြည့်နှက်နေသည့် အုပ်ချုပ်ရေးစနစ်အား ဖျက်သိမ်း၍ သစ်လွင်သည့် အုပ်ချုပ်ရေးစနစ် တရပ်အစားထိုးရန် ရည်ရွယ်သည့် အညာသားတို့၏ အစဉ်အလာတော်လှန်ရေးဖြစ်သည်။
နွေဦးတော်လှန်ရေးတွင် အခြားတိုင်းရင်းသားလူမျိုးများကဲ့သို့ အညာသားဗမာများ အလုံးအရင်းလိုက် ပါဝင်လာခြင်းသည် ထူးခြားချက်ဟု ဆိုရမည်။ ဤသည်မှာ အညာ၏ ထူးခြားချက်ဖြစ်သည်။ အညာ၏ ကိုယ်ပိုင်လက္ခဏာကို လှစ်ဟ ဖော်ပြ ခြင်းလည်း ဖြစ်ပေသည်။
(အေးချမ်းဆုသည် နိုင်ငံရေးနှင့် စစ်ရေးလေ့လာသူတဦးဖြစ်သည်။)
You may also like these stories:
စစ်ကိုင်းတွင် အရပ်သားများသတ်ဖြတ်ခံရပြီး ကျေးရွာများပါ မီးရှို့ခံနေရ
ကျေးလက်ကို မီးရှို့ကာ မြို့ပြအား အိမ်ရာမဲ့ ဖြစ်စေရန် စစ်ကောင်စီ လုပ်ဆောင်နေ
တပတ်အတွင်း စစ်ကိုင်းတိုင်းမှ ရွာ ၂၀ ကျော် စစ်တပ်မီးရှို့
ဧရာဝတီမြစ်ရိုးတလျှောက်ကရွာများအား စစ်တပ်က စီးနင်းဖျက်ဆီး
မီးရှို့မည်ဟု ခြိမ်းခြောက်သဖြင့် လှတောရွာ တရွာလုံးနီးပါး ထွက်ပြေးတိမ်းရှောင်