စစ်တပ်က အာဏာသိမ်းပြီး နောက်တနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စစ်အာဏာသိမ်းမှုကို ကြိုဆိုကြောင်း တိပိဋက ဘွဲ့ရ ဘုန်းကြီးတပါးက ကြေညာချက်ထုတ်ခဲ့သည်။
ထိုဘုန်းကြီး၏ လုပ်ရပ်ကိုကြည့်၍ စာတတ်ပေတတ် ဘုန်းကြီးတွေကြားတွင် အံသြစရာ ဝေဖန်စရာလည်း ဖြစ်ခဲ့သည်။ မြန်မာ့သမိုင်းတွင် စစ်တပ်အာဏာသိမ်းမှုကို ကြိုဆိုသည့် ဘုန်းကြီးလည်း ဖြစ်ခဲ့သည်။
အာဏာသိမ်းမူကို ကြိုဆိုသော ကြေညာချက်ထုတ်သည့် ဘုန်းကြီးမှာ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဦးသီလက္ခန္ဓ ဘိဝံသ ဖြစ်သည်။
တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်သည် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနမှ ဆက်ကပ်ချီးမြှင့်သော သာသနာတော်ဆိုင်ရာ အမြင့်ဆုံး ဘွဲ့တံဆိပ်တော်များအနက် တခု ဖြစ်သည်။
အာဏာသိမ်းမူကို ကြိုဆိုသော ကြေညာချက်ထုတ်သည့် ဘုန်းကြီးမှာ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဦးသီလက္ခန္ဓ ဘိဝံသ ဖြစ်သည်။ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်သည် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနမှ ဆက်ကပ်ချီးမြှင့်သော သာသနာတော်ဆိုင်ရာ အမြင့်ဆုံး ဘွဲ့တံဆိပ်တော်များအနက် တခု ဖြစ်သည်။
ယင်းဘွဲ့တံဆိပ် ရရှိသူ အဆိုပါ ဘုန်းကြီးသည် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် တောင်ပိုင်း ပိဋက သုံးပုံ နိကာယ် စာသင်တိုက် ကို ဦးဆောင်အုပ်ချုပ်နေသည့် ဘုန်းကြီး ဖြစ်သည်။
အာဏာသိမ်းပြီး နောက်တနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဦးသီလက္ခန္ဓ ထုတ်ပြန်သည့် ကြေညာချက်တွင် “မဖြစ်မနေ ဆောင်ရွက်ပေးရမည့် ရွေးကောက်ပွဲ မဲစာရင်း မှားယွင်းမှုနှင့် မဲမသမာမှုများကို အမှန်အတိုင်း ဖြစ်အောင် ဖြေရှင်း ဆောင် ရွက်ပေးရန် တာဝန်ယူလိုက်သော မြန်မာ့တပ်မတော်ကြီးကို လှိုက်လဲစွာကြိုဆိုသည်”ဟု ကြေညာချက် ပထမဆုံး အပိုဒ် တွင် ဖော်ပြထားသည်။
ထို့ပြင် တပ်မတော် ခေါင်းဆောင်ကြီးများနှင့်တကွ တပ်မတော်သားများအားလုံး ဘေးရန်အန္တရာယ် ကင်းကင်းရှင်းရှင်း ရှိကြ ပါစေရန် ဆုတောင်းမေတ္တာပို့သအပ်ပါသည်ဟုလည်း ဖော်ပြပါရှိသည်။
ဦးသီလက္ခန္ဓသည် လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်များ နှင့် ရင်းနှီးသူ ဖြစ်သည်။ စစ်ခေါင်းဆောင် ရုရှားသွားသည့် ခရီးစဉ်တွင် လိုက်ပါသွားသည့် ဘုန်းကြီးလည်း ဖြစ်သည်။
ဦးသီလက္ခန္ဓသည် ယခုခေတ်မှာပင် စစ်ခေါင်းဆောင်များနှင့် ရင်းနှီးသူ မဟုတ်ပေ။ နဝတ အစိုးရ လက်ထက်ကပင် စစ်ဗိုလ်ချုပ်များနှင့် ရင်းနှီးခဲ့သူ ဖြစ်သည်။ နဝတ အစိုးရရုံးအား နေပြည်တော်သို့ မပြောင်း မီ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်သည် လပြည့်၊ လကွယ်နေ့တိုင်း ဦးသီလက္ခန္ဓ သီတင်းသုံးသည့် ဘုန်းကြီးကျောင်းသို့ လာရောက်၍ ဥပုဒ်သီလ လာရောက်တောင်းခံလေ့ ရှိခဲ့သည်။
ထို့အချိန်ထဲကစ၍ စစ်ခေါင်းဆောင်များသည် ဦးသီလက္ခန္ဓကျောင်းသို့ ဝင်ထွက်သွားလာလေ့ ရှိသည်ဟုလည်း ဒေသခံ အချို့က ဆိုသည်။
ထို့ပြင် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း NLD ပါတီအား မဲမပေးရန် တရားပွဲများတွင် ထည့်သွင်း ဟောပြောလေ့ ရှိသည်။ NLD ပါတီအား မဲမပေးရန် ဟောပြောထားသည့် တရားခွေများအား CD ချပ် ထုတ်ကာ ရွေးကောက်ပွဲ ကာလတွင် အချို့ သော မြို့နယ်များသို့ ဖြန့်ဝေခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲတွင်လည်း NLD ပါတီအား မဲမပေးရန် တရားပွဲများတွင် ထည့်သွင်း ဟောပြောလေ့ ရှိသည်။ NLD ပါတီအား မဲမပေးရန် ဟောပြောထားသည့် တရားခွေများအား CD ချပ် ထုတ်ကာ ရွေးကောက်ပွဲ ကာလတွင် အချို့ သော မြို့နယ်များသို့ ဖြန့်ဝေခဲ့သည်။
“NLD ပါတီက ဘာသာ သာသနာကို ဖျက်တဲ့ပါတီပေါ့။ ဒေါ်အောင်ဆန်းစုကြည်အမေဆိုရင် ဘယ်ဘာသာ ကိုးကွယ်မှန်း မသိတဲ့သူ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံခြားသားကို ယူခဲ့တယ်။ ဒါကြောင့် NLD ကို မဲမပေးဖို့သူ တရားတွေမှာ ထည့်ဟောတာ”ဟု ဆရာတော်၏ တရားပွဲကို နားဖူးသူ လူငယ်တဦးက ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်ရေး ထည့်သွင်းရေးဆွဲထားသည့် အချက်အလက်များသည် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် လွတ်လပ်ရေး မရခင်က ရေးဆွဲသွားသော ဥပဒေတွင် ထည့်သွင်းထားသည့် အချက်ဖြစ်သည်ဟုလည်း မဟုတ်မမှန်သည့် အချက်အလက်ကို သူ့တရားပွဲ တော်တော်များများတွင် ထည့်သွင်း ဟောလေ့ရှိသူလည်း ဖြစ်သည်။
ထို့ပြင် ဦးသိန်းစိန်အစိုးရနှင့် NLD အစိုးရ လက်ထက်တွင် ဦးသီလက္ခန္ဓကျောင်းထိုင်သည့် ကျောင်းတိုက်သို့ မဘသများနှင့် စစ်ခေါင်းဆောင်များ ဝင်ထွက်သွားလာလေ့ရှိပြီး နာမည်ဆိုးဖြင့် ကျော်ကြားသော ဦးဝီရသူလည်း လာရောက်လေ့ရှိသည်။
စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင်ပြုလုပ်သော ဦးသီလက္ခန္ဓ၏ ၅၈ နှစ်မြောက် မွေးနေ့ပွဲသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးလှစိုးနှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေတို့ တက်ရောက်ခဲ့ကြ သည်။
ကြံ့ခိုင်ရေးပါတီမှ ခေါင်းဆောင်များသည်လည်း သူ့ကျောင်းတိုက်သို့ ဝင်ထွက်လေ့ရှိပြီး ငွေကြေး လှူဒါန်းမှုများ ပြုခဲ့သည်။
ကြံ့ခိုင်ရေးပါတီ ဥက္ကဌဟောင်း ဦးသန်းဌေးမှ ဘုန်းကြီး ဦးသီလက္ခန္ဓအား ငွေကျပ် ၅ သိန်း လှူဒါန်းသည့် အကြောင်းအား ကြံ့ခိုင်ရေးပါတီ Facebook တွင် ဖော်ပြထားခဲ့သည်။
ထို့ပြင် ကြံခိုင်ရေးပါတီ ရန်ကုန်တိုင်း နာယက ဒေါက်တာ ခင်မောင်ထွန်းနှင့် ဇနီး ဒေါ်ဥမ္မာသန်း (ထက်လင်းနှင့် ရွှေခေါင်းပေါင်း) တိုင်းရင်းဆေးထုတ်လုပ်ရေး လုပ်ငန်းမှလည်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဦးသီလက္ခန္ဓအား ငွေနှင့် ဆေးပစ္စည်းများ လှူဒါန်းသည့် ဓာတ်ပုံအား တင်ထားခဲ့သည်။
ဗုဒ္ဓစာပေ ကျမ်းဂန်တတ်ဘုန်းကြီး ဖြစ်သော်လည်း မွတ်ဆလင်မုန်းတီးရေး တရားများဟောပြောခဲ့ပြီး မဘသများ ထုတ်ဝေသည့် အောင်ဇေယျတု ဂျာနယ်တွင်လည်း ပင်တိုင်ဆောင်းပါးများ ရေးခဲ့သည့် ဘုန်းကြီး ဖြစ်သည်။
ဗုဒ္ဓစာပေ ကျမ်းဂန်တတ်ဘုန်းကြီး ဖြစ်သော်လည်း မွတ်ဆလင်မုန်းတီးရေး တရားများဟောပြောခဲ့ပြီး မဘသများ ထုတ်ဝေသည့် အောင်ဇေယျတု ဂျာနယ်တွင်လည်း ပင်တိုင်ဆောင်းပါးများ ရေးခဲ့သည့် ဘုန်းကြီး ဖြစ်သည်။
ဦးသီလက္ခန္ဓသည် ဧရာဝတီတိုင်း မော်ကျွန်း (မော်လမြိုင်ကွန်းမြို့နယ်) ပန်းတောင်စု ကျေးရွာတွင် မွေးဖွားခဲ့သူ ဖြစ်ပြီး ငယ်ရွယ်စဉ်ကပင် ကိုရင်ဘဝဖြင့် သာသနာဘောင်ဝင်ခဲ့ပြီးနောက် ဘုန်းကြီးရဟန်း ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူ့အား မော်ကျွန်း ဆရာတော်ဟု ခေါ်လေ့ ရှိကြသည်။
သူသည် အသက် ၃၅ နှစ်အရွယ်တွင် ပိတိဋသုံးပုံ စာမေးပွဲကို အောင်မြင်ခဲ့သည့်အတွက် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့ ချီးမြှင့်ခံခဲ့ရသည့် သတ္တမမြောက် ဘုန်းကြီး ဖြစ်လာခဲ့သည်။
ထိုကဲ့သို့ ဗုဒ္ဓစာပေကျမ်းဂန်တတ်မြောက်သော ဘုန်းကြီးတပါးက မဟုတ်မမှန်သော စကားများကို ပြောဆိုခြင်း၊ အမုန်းတရားများ ဟောပြောခြင်း၊ စစ်အာဏာရှင်များအား ထောက်ခံခြင်းနှင့် အစွန်းရောက် မဘသများအား အားပေးနေခြင်း တို့သည့် အံသြစရာ ဖြစ်နေကြသည်။
“ဦးဇင်းတို့ မြင်တာတော့ စစ်တပ်က လူတွေက သူ့အားနည်းချက်ကို ကိုင်ထားပုံရတယ်။ အဲဒါကြောင့် သူ အခုလိုတွေ ဟောပြောနေတာ”ဟု ဆရာတော်မင်းသုည (ဗုဒ္ဓတက္ကသိုလ်)က မိန့်ကြားသည်။
ဦးသီလက္ခန္ဓနှင့် ပတ်သက်၍လည်း သူနှင့်ရင်းနှီးခဲ့သော ဒကာ ဒကာမများ၊ တောင်ဒဂုံဒေသခံ အချို့က တူညီသည့် စွပ်စွဲ ဝေဖန်မှု တခုရှိခဲ့သည်။ ဦးသီလက္ခန္ဓအား စစ်တပ်အသိုင်းအဝိုင်းနှင့် ငွေကြေးချမ်းသာသူများက ကိုးကွယ်လာပြီးနောက် စစ် ခေါင်းဆောင်များ၊ ငွေကြေးချမ်းသာသူများနှင့် ရင်းနှီးလိုသော အနုပညာရှင်များက ဘုန်းကြီးထံ ဝင်ရောက်ချည်းကပ်မှုများ ရှိခဲ့သည်။
ဦးသီလက္ခန္ဓသည်လည်း မြန်မာသံစဉ်၊ မြန်မာသီချင်းများကို ကြိုက်နှစ်သက်သူ ဖြစ်သည်။ ထို့ကြောင့် ဘုန်းကြီးထံ ချဉ်း ကပ်လာသူများထဲမှ မြန်မာသံစဉ် သီချင်းသီဆိုသော အဆိုတော်တဦးအား ဘုန်းကြီးမှ အရပ်စကားနှင့် ဆိုပါက စပွန်ဆာ ပေးမှုများ ရှိခဲ့သည်ဟု ပြောဆိုကြသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဦးသီလက္ခန္ဓသည် စစ်တပ်ကပြုလုပ်သောအခမ်းအနားများနှင့် YMBA အဖွဲ့က ပြုလုပ်သော အခမ်းအနားများသို့ တက်ရောက်လေ့ရှိသည်။ ထို့ပြင် စစ်ဗိုလ်ချုပ်များနှင့် အမျိုးသားရေး အမည်ခံ အစွန်းရောက်ဝါဒီများသည်လည်း ဘုန်းကြီးကျောင်းသို့ မကြာခဏ လာရောက်လေ့ ရှိကြသည်။
ဦးသီလက္ခန္ဓနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သူတဦး၏ အဆိုအရ အဆိုပါတေးသံရှင်အတွက် ဘုန်းကြီးမှ တေးစီးရီးထုတ်ပေးခြင်း၊ ကွန်ဒိုတိုက်ခန်းဝယ်ပေးခြင်းများ ရှိခဲ့သည်ဟု ဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဦးသီလက္ခန္ဓသည် စစ်တပ်ကပြုလုပ်သောအခမ်းအနားများနှင့် YMBA အဖွဲ့က ပြုလုပ်သော အခမ်းအနားများသို့ တက်ရောက်လေ့ရှိသည်။ ထို့ပြင် စစ်ဗိုလ်ချုပ်များနှင့် အမျိုးသားရေး အမည်ခံ အစွန်းရောက်ဝါဒီများသည်လည်း ဘုန်းကြီးကျောင်းသို့ မကြာခဏ လာရောက်လေ့ ရှိကြသည်။
ရန်ကုန်တိုင်းဒေသကြီး YMBA အသင်းကြီး၏ သြဝါဒ စရိယ ရာထူးကိုလည်း လက်ခံထားသူ ဖြစ် သည်။
ထို့ကဲ့သို့ စစ်တပ်အာဏာသိမ်းခြင်းကို ထောက်ခံကြိုဆိုသော စာထုတ်ခဲ့ပြီး စစ်တပ်အသိုင်းအဝိုင်းနှင့် ရင်းနှီးသော ဘုန်းကြီး ဦးသီလက္ခန္ဓ၏ ဘုန်းကြီးကျောင်းသို့ ဒဂုံမြို့သစ်တောင်ပိုင်းမှ ဒေသခံများမှာမူ သွားလာလှူဒါန်းမူ သိသိသာသာ နည်းသွားခဲ့တော့သည်။
You may also like these stories:
စစ်ကောင်စီ ဆန့်ကျင်သူများ ကွပ်မျက်ရေး ဆရာတော်များ ဝစီပိတ်နေ
ဦးသိန်းစိန်၏ ခြေရာကို “အဖေ့ခြေရာ” အဖြစ် ဆောင်ခိုင်းသူ