ကာတာကမ္ဘာ့ဖလား အုပ်စုတွင်းပြိုင်ပွဲများ အားလုံး ပြီးဆုံးသွားပြီး ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ဘရာဇီးလ်၊ အာဂျင်တီးနား၊ ပြင်သစ် စတဲ့အသင်းများ နောက်တဆင့် တက်သွားကြတယ်။
နာမည်ကြီး ဂျာမနီ၊ ဘယ်လ်ဂျီယံ အသင်းများ အုပ်စုအဆင့်မှာပဲ ပြိုင်ပွဲက ထွက်ခွာခဲ့ကြရပြီး အာရှအသင်း ၃ သင်း၊ အာဖရိက ၂ သင်းတို့ ရှုံးထွက် ၁၆ သင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြတယ်။
အသင်းပေါင်း ၃၂ သင်းပါဝင်တဲ့ အုပ်စုပွဲစဉ်များအပြီး အာရှဇုန်မှ ဩစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယား၊ အာဖရိကမှ ဆီနီဂေါနဲ့ မော်ရိုကိုတို့ပဲ ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဩစတြေးလျက နာမည်ကြီး အာဂျင်တီးနား၊ ဂျပန်က ခရိုအေးရှား၊ တောင်ကိုရီးယားက ချန်ပီယံဆု ၅ ကြိမ်ရ ဘရာဇီးလ်အသင်းတို့နဲ့ ရှုံးထွက်အဆင့်မှာ ယှဉ်ပြိုင်ကစားကြရမှာ ဖြစ်တယ်။
အာဖရိက ၂ သင်းဖြစ်တဲ့ ဆီနီဂေါက ဥရောပထိပ်သီး အင်္ဂလန်၊ မော်ရိုကိုက ဘောလုံးအင်အားကြီး စပိန်တို့နဲ့ ယှဉ်ပြိုင်ကစားကြရမှာပါ။
တခြားအသင်းများအနေနဲ့ နယ်သာလန်က အမေရိကန်၊ ပြင်သစ်က ပိုလန်၊ ပေါ်တူဂီက ဆွစ်ဇာလန်အသင်းတို့နဲ့ ရှုံးထွက်အဆင့်မှာ ယှဉ်ပြိုင်ကစားကြရမှာပါ။
အုပ်စုတွင်း နောက်ဆုံးပွဲများ ကစားခဲ့ကြရာမှာ စပိန်၊ ဂျာမနီ၊ ဂျပန်နဲ့ ကော်စတာရီကာတို့ ပါဝင်ကြတဲ့ အုပ်စု (E) ဟာ ရင်ခုန်စိတ်လှုပ်ရှားစရာ စောင့်ကြည့်ခဲ့ရတဲ့ပွဲများ ဖြစ်ခဲ့တယ်။
အထူးသဖြင့်တော့ ဂျပန်အသင်းရဲ့ စပိန်နဲ့ အုပ်စုနောက်ဆုံးပွဲဟာ ပွဲပြီးဆုံးချိန်အထိ စိတ်လှုပ်ရှားစွာ စောင့်ကြည့်ခဲ့ရပြီး ဂျပန်ရဲ့ အနိုင်ဂိုးဟာလည်း အငြင်းပွားဖွယ် ဖြစ်ခဲ့တယ်။
အထူးသဖြင့်တော့ ဂျပန်အသင်းရဲ့ စပိန်နဲ့ အုပ်စုနောက်ဆုံးပွဲဟာ ပွဲပြီးဆုံးချိန်အထိ စိတ်လှုပ်ရှားစွာ စောင့်ကြည့်ခဲ့ရပြီး ဂျပန်ရဲ့ အနိုင်ဂိုးဟာလည်း အငြင်းပွားဖွယ် ဖြစ်ခဲ့တယ်။
အခုတော့ ၁၆ သင်းအဆင့် ရှုံးထွက်ပြိုင်ပွဲများကို ကြိုတင်ရင်ခုန် ခံစားကြည့်ကြရအောင်ပါ။ ရှုံးထွက် ၈ ပွဲကို ဒီဇင်ဘာ ၃ ရက်ကနေ ဒီဇင်ဘာ ၇ ရက်အထိ တရက် ၂ ပွဲ ယှဉ်ပြိုင်ကစားကြမှာပါ။
နယ်သာလန် – အမေရိကန်
အုပ်စု (A) ပထမ နယ်သာလန်အသင်းနဲ့ အုပ်စု (B) ဒုတိယ အမေရိကန်အသင်းတို့ ရင်ဆိုင်တွေ့ကြမှာ ဖြစ်ပါတယ်။ နယ်သာလန်အသင်းဟာ ကမ္ဘာ့ဖလားသမိုင်းမှာ ဗိုလ်လုပွဲသို့ အကြိမ်အများဆုံး ရောက်ရှိပြီး ချန်ပီယံဆုဖလား မရယူနိုင်တဲ့ တခုတည်းသောအသင်း ဖြစ်တယ်။
၁၉၇၄၊ ၁၉၇၈ နဲ့ ၂၀၁၀ ကမ္ဘာ့ဖလားတို့မှာ ဒုတိယအဆင့်နဲ့ ကျေနပ်ခဲ့ရပြီး အသင်းဟာ ကံကြမ္မာကို ယိုးမယ်ဖွဲ့ရမယ့်အခြေအနေ ဖြစ်ခဲ့တယ်။
ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ နယ်သာလန်အသင်းက မည်မည်ရရ မစွမ်းဆောင်နိုင်ခဲ့ပေမယ့် လက်ရှိအသင်း လူအင်အားက ယူရိုပြိုင်ပွဲထက် ပိုမိုတောင့်တင်းတယ်။ ခံစစ်ပိုင်းက နယ်သာလန်အသင်း အားသာချက်ရှိပြီး ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းမှာတော့ အခြားပြိုင်ဘက် အသင်းကြီးနဲ့ယှဉ်ရင် အနည်းငယ် လျော့ကျနေတယ်။ အခု ပြိုင်ပွဲမှာ ဂက်ပို၊ ဒန်ဂျူမာစတဲ့ လူငယ်ကစားသမားများ ခြေစွမ်းပြ ဂိုးသွင်းနေကြလို့ တိုက်စစ်ပိုင်းအတွက် စိတ်သက်သာရာ ရနေစေတယ်။
အုပ်စုတွင်းပြိုင်ပွဲများမှာ နယ်သာလန်ဟာ ဆီနီဂေါကို ၂ ဂိုး ဂိုးမရှိ၊ အီကွေေဒေါနဲ့ ဂိုးမရှိသရေ၊ ကာတာကို ၂ ဂိုး ဂိုးမရှိတို့နဲ့ ကစားခဲ့ပြီး မျှော်မှန်းထားတဲ့အတိုင်း အုပ်စု (A) ပထမ ရပြီး နောက်တဆင့် တက်ထားတယ်။
အုပ်စုတွင်းကစားခဲ့ရာမှာ ဝေးလ်နဲ့ တဂိုးစီသရေ၊ အင်္ဂလန်နဲ့ ဂိုးမရှိသရေ၊ အီရန်ကို တဂိုးအသာနဲ့ကစားပြီး ရှုံးထွက်အဆင့် တက်လာနိုင်ခဲ့တယ်။ အုပ်စုတွင်း ပွဲအဖြေတွေအရ အမေရိကန်တိုက်စစ် အားနည်းတာ သိသာတယ်။ ခံစစ်ကောင်းတဲ့ နယ်သာလန်နဲ့တွေ့ရင် အမေရိကန် ကျော်ဖြတ်နိုင်ဖို့ သိပ်မလွယ်လှဘူး။
ဥရောပထိပ်တန်းလိဂ်များ အခြေစိုက် လူငယ်ကစားသမားအများစုနဲ့ စုဖွဲ့ထားတဲ့ အမေရိကန် အသင်းဟာ ဘောလုံးလောကရဲ့ တက်သစ်စအသင်းဖြစ်ပြီး သူလည်း မျှော်မှန်းထားသလို အုပ်စုဒုတိယနဲ့ ရှုံးထွက်အဆင့်ကို တက်လာခဲ့တယ်။
အုပ်စုတွင်းကစားခဲ့ရာမှာ ဝေးလ်နဲ့ တဂိုးစီသရေ၊ အင်္ဂလန်နဲ့ ဂိုးမရှိသရေ၊ အီရန်ကို တဂိုးအသာနဲ့ကစားပြီး ရှုံးထွက်အဆင့် တက်လာနိုင်ခဲ့တယ်။ အုပ်စုတွင်း ပွဲအဖြေတွေအရ အမေရိကန်တိုက်စစ် အားနည်းတာ သိသာတယ်။ ခံစစ်ကောင်းတဲ့ နယ်သာလန်နဲ့တွေ့ရင် အမေရိကန် ကျော်ဖြတ်နိုင်ဖို့ သိပ်မလွယ်လှဘူး။
အားကစားဆောင်းပါးရှင် ကိုဟိန်းသန့်က “အုပ်စုတွင်း ခြေစွမ်းတွေအရ အမေရိကန်ရော နယ်သာလန်ပါ သိပ်ပြီးအားရစရာ မရှိဘူး၊ သူတို့နှစ်သင်း ယှဉ်လိုက်ရင်တော့ နယ်သာလန်က နည်းနည်း သာသလိုရှိတယ်၊ နယ်သာလန်က အုပ်စုတွင်းမှာ ထိန်းကစားခဲ့ပုံပေါ်တယ်၊ ခြေစွမ်းအရလည်း တိုက်စစ်ခံစစ်က မျှတယ်၊ ခံစစ်က ၃ ပွဲမှာ တဂိုးပဲ ပေးရတယ်၊ နယ်သာလန်တိုက်စစ်ကို အမေရိကန်ခံစစ်က ထိန်းထားနိုင်မလားဆိုတာ ပွဲအဖြေပဲ၊ နယ်သာလန် အခြေအနေ ကောင်းသွားနိုင်မယ် ထင်တယ်” လို့ သုံးသပ်ပါတယ်။
အာဂျင်တီးနား – သြစတြေးလျ
ကမ္ဘာ့ဖလားချန်ပီယံဆုနဲ့ ဝေးကွာခဲ့တာ ဆယ်စုနှစ် ၃ ခုခွဲကျော် ကြာမြင့်လာခဲ့ပြီဖြစ်တဲ့ အာဂျင်တီးနား အသင်းဟာ ပြိုင်ပွဲမစမီက ဗိုလ်စွဲဖို့ရေပန်းစားခဲ့တယ်။
နာမည်ကြီး အာဂျင်တီးနားအသင်းဟာ ပွဲဦးထွက်မှာ ဆော်ဒီအသင်းကို မမျှော်လင့်ဘဲ ရှုံးပြီး အုပ်စုတက်ဖို့ ရုန်းကန်ခဲ့ရတယ်။ အသင်းခေါင်းဆောင် မက်ဆီရဲ့ခြေစွမ်းနဲ့ ဦးဆောင်နိုင်မှုကြောင့် မက္ကဆီကိုနဲ့ ပိုလန်တို့ကို ၂ ဂိုးအသာနဲ့ ကစားခဲ့ပြီး အုပ်စုဗိုလ်နဲ့ ရှုံးထွက်အဆင့် တက်လာနိုင်ခဲ့တယ်။
အာရှဇုန်ကိုယ်စားပြု သြစတြေးလျအသင်းဟာ စိတ်ဓာတ်ပိုင်းနဲ့ အသင်းလိုက်စည်းလုံးမှုပိုင်း အားသာချက်ရှိတယ်။ ကစားသမားစုဖွဲ့မှုနဲ့ အစဉ်အလာ အတွေ့အကြုံပိုင်းမှာ အားနည်းချက်ရှိတယ်။
“အာဂျင်တီးနားကစားပုံက တပွဲပြီးတပွဲ ယုံကြည်မှု အားကောင်းလာတာ တွေ့ရတယ်။ အသင်းလိုက်ကစားပုံ တိုးတက်မှုရှိလာတယ်၊ လူငယ်ကစားသမားတွေ တိုက်စစ်နဲ့ ဂိုးတွေရလာတယ်၊ မက်ဆီတို့က သြစတြေးလျနဲ့ ခက်ခက်ခဲခဲ ကစားရမယ်လို့ ပြောနေကြပေမယ့် လက်တွေ့မှာ ဒီနှစ်သင်းခြေစွမ်းနဲ့ အင်အားချင်းကွာတယ်၊ အာဂျင်တီးနားက နိုင်ဖို့များမယ်ထင်တယ်”။ အားကစားဆောင်းပါးရှင် ကိုဟိန်းသန့် သုံးသပ်ခဲ့တာပါ။
ပြင်သစ် – ပိုလန်
ပြင်သစ်အသင်းဟာ ခေတ်အဆက်ဆက် ရွှေရောင်ကစားသမားများနဲ့ ပြိုင်ပွဲတိုင်းလိုလိုမှာ ချန်ပီယံဆုအတွက် ရေပန်းစားတဲ့ အသင်းများထဲ ပါဝင်ခဲ့တယ်။
လက်ရှိချန်ပီယံအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားမှာလည်း ဘရာဇီးလ်၊ အာဂျင်တီးနား အသင်းများနောက် ချန်ပီယံဆုအတွက် တတိယ ရေပန်းအစားဆုံး အသင်းဖြစ်တယ်။ အုပ်စုတွင်း ၂ ပွဲမှာ အဓိကပြိုင်ဘက် ဒိန်းမတ်ကို ၂-၁၊ သြစတြေးလျကို ၄-၁ တို့နဲ့ အနိုင်ကစားပြီး ရှုံးထွက်အဆင့်ကို စောစောစီးစီး တက်နိုင်ခဲ့တယ်။
ပိုလန်က ရှုံးထွက်အဆင့်ကို လိမ်ဖယ်လိမ်ဖယ်နဲ့ တက်လာခဲ့တဲ့အသင်းဖြစ်ပြီး ခံစစ်ကောင်းတယ်။ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ မာမာထန်ထန် တုန့်ပြန်ကစားတတ်တယ်။ လီဝန်ဒေါစကီး ဦးဆောင်တဲ့တိုက်စစ်က ဂိုးသွင်းသေချာတယ်။
ပိုလန်က ရှုံးထွက်အဆင့်ကို လိမ်ဖယ်လိမ်ဖယ်နဲ့ တက်လာခဲ့တဲ့အသင်းဖြစ်ပြီး ခံစစ်ကောင်းတယ်။ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ မာမာထန်ထန် တုန့်ပြန်ကစားတတ်တယ်။ လီဝန်ဒေါစကီး ဦးဆောင်တဲ့တိုက်စစ်က ဂိုးသွင်းသေချာတယ်။
“ပိုလန်က ခံစစ်အားပြုပြီး ကစားပုံ မဆိုးဘူး၊ ဂိုးသမား ဆက်စနီက အခုကမ္ဘာ့ဖလားမှာ အရင်ထက် ခြေစွမ်းပြနေတာ တွေ့ရတယ်၊ ပြင်သစ်နဲ့ပွဲမှာလည်း ပိုလန်က အာဂျင်တီးနားနဲ့ ပွဲလိုပဲ ခံစစ်နဲ့ ပိတ်ကစားသွားဖို့ရှိတယ်၊ ပြင်သစ်တိုက်စစ်က ဂိုးရအောင် တော်တော်လေး ကြိုးစားကစားရမယ် ထင်တယ်၊ ပြင်သစ်ခံစစ်က ဒီ ကမ္ဘာ့ဖလားမှာ သိပ်ပြီးတောင့်တင်းလှတာ မဟုတ်ဘူး၊ ပိုလန်က တိုက်စစ်ချောင်းကစားရင် ပြင်သစ်တိုက်စစ် ကျွံ့ပြီးတော့ ပိုလန်ဂိုးရသွားနိုင်တယ်”။ ဒါ့အပြင် ပြင်သစ် – ပိုလန်ပွဲဟာ အချိန်ပိုနဲ့ ပယ်နယ်တီအထိ ရောက်သွားနိုင်တယ်လို့ ဆောင်းပါးရှင် ကိုဟိန်းသန့်က သုံးသပ်တယ်။
အင်္ဂလန် – ဆီနီဂေါ
အထင်ကြီးစရာ လူစာရင်းစုဖွဲ့မှု၊ အရှိန်အဝါသမ္ဘာနဲ့ ဘောလုံးအဆင့်အတန်း မြင့်မားမှုတွေကြောင့် အင်္ဂလန်အသင်းဟာ ပြိုင်ပွဲတိုင်းလိုလိုမှာ အသင်းကြီးတသင်းအဖြစ် အမြဲလိုလို သတ်မှတ်ခံရတယ်။ အုပ်စုတွင်းမှာ အီရန်ကို ၆-၂၊ အမေရိကန်နဲ့ ဂိုးမရှိသရေ၊ ဝေးလ်ကို ၃-၀ နဲ့နိုင်ပြီး အုပ်စုဗိုလ်ဖြစ်ခဲ့တယ်။
ဆီနီဂေါအသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲကို တတိယအကြိမ်မြောက် ခြေစစ်ပွဲ အောင်မြင်လာတာဖြစ်ပြီး ဆီနီဂေါအသင်းရဲ့ လက်ရှိလူအင်အားနဲ့ ကစားအားက တောင့်တင်းတယ်။ အုပ်စုတွင်း အင်အားကြီး နယ်သာလန်ကို ၂-၀ နဲ့ ရှုံးခဲ့ပေမယ့် ကာတာကို ၃-၁၊ အီကွေဒေါကို ၂-၁ နဲ့နိုင်ပြီး ရှုံးထွက်အဆင့် တက်လာတယ်။ ခံစစ်အထိုင်ချပြီး တန်ပြန်တိုက်စစ်နဲ့ အလျင်အမြန် ကစားလေ့ရှိတယ်။
ဆောင်းပါးရှင် ကိုဟိန်းသန့်က ဝါသမ္ဘာသာတဲ့ အင်္ဂလန် အနိုင်ရနိုင်တယ်လို့ သုံးသပ်ပါတယ်။
“အင်္ဂလန်က သူလိုရင်လိုသလို ညှစ်ကစားတယ်၊ တိုက်စစ်ပိုင်း ဂိုးသွင်းနှုန်းက အတက်အကျများတယ်၊ ခံစစ်ပိုင်းကလည်း အီရန်လိုအသင်းကို ၂ ဂိုး ပေးထားရတာဆိုတော့ ဆီနီဂေါကို မနည်းထိန်းကစားရမယ် ထင်တယ်၊ အင်္ဂလန် ခက်ခက်ခဲခဲ ကစားယူရမယ့်ပွဲမျိုးပဲ။ ဒါပေမယ့် သမ္ဘာပိုင်းကျတော့ အင်္ဂလန်ကသာပြီး အဲ့ဒီအချက်ကပဲ စကားပြောသွားမယ်”။
ဂျပန် – ခရိုအေးရှား၊ ဘရာဇီး – ကိုရီးယား၊ မော်ရိုကို – စပိန်၊ ပေါ်တူဂီ – ဆွစ်ဇာလန်ပွဲ ပွဲကြိုများကို ဆက်လက် ဖော်ပြပါမယ်။
You may also like these stories:
သူတင်ကိုယ်တင် ယှဉ်ကစားလာသည့် ကမ္ဘာ့ဖလား အုပ်စုဒုတိယပွဲများ
ပထမတကျော့မှာပင် ဖမ်းစားနိုင်ခဲ့တဲ့ ကာတာကမ္ဘာ့ဖလား
ကာတာကမ္ဘာ့ဖလား ချန်ပီယံပြေးလမ်းပေါ်က အသင်းများ
အငြင်းပွားဖွယ်အများဆုံး ကာတာကမ္ဘာ့ဖလား လာပြီ