ရှုံးထွက်အဆင့် ပွဲကြိုတွေရေးနေတုန်း ကာတာကမ္ဘာ့ဖလားမှတ်တမ်းတခု ဖတ်လိုက်ရတယ်။၂၀၂၂ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်တွေပြီးဆုံးချိန်မှာ ရှုံးပွဲမကြုံတွေ့သေးတဲ့ အသင်း ၅ သင်းပဲ ကျန်ပါတော့တယ်။
ဒီ ၅ သင်းကတော့ နယ်သာလန်၊ အင်္ဂလန်၊ အမေရိကန်၊ မော်ရိုကိုနဲ့ ခရိုအေးရှားတို့ပါ။ ဒီထဲမှာမှ လာမယ့် ၁၆ သင်းရှုံးထွက်အဆင့်မှာတော့ နယ်သာလန်နဲ့ အမေရိကန်တို့က ထိပ်တိုက်တွေ့ဆုံနေပြီး အင်္ဂလန်က ဆီနီဂေါ၊ မော်ရိုကိုက စပိန်၊ ခရိုအေးရှားက ဂျပန်တို့နဲ့ အသီးသီး ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ရှုံးပွဲမရှိသေးတဲ့ အသင်း ၅ သင်းထဲက ၁၆ သင်းရှုံးထွက်အဆင့်ကို ဘယ်အသင်းတွေ ကျော်ဖြတ်နိုင်မလဲ။
အမေရိကန်အသင်းကတော့ ရှုံးထွက်အဆင့်ကပဲ အိမ်ပြန်သွားရပါပြီ။ အမေရိကန်ကိုကျော်ဖြတ်ခဲ့တဲ့ နယ်သာလန်အသင်းနဲ့ သြစတြေလျကို ကျော်ဖြတ်ခဲ့တဲ့ အာဂျင်တီးနားအသင်းတို့ ကွာတားဖိုင်နယ်မှာယှဉ်ပြိုင်ကစားရတောမှာပါ။
အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားသမိုင်းတလျှောက် ဗိုလ်လုပွဲငါးကြိမ်ရောက်ရှိခဲ့ကာ ချန်ပီယံနှစ်ကြိမ်ဖြစ်ဖူးပြီး ၂၀၁၄ ကမ္ဘာ့ဖလားပွဲမှာ နောက်ဆုံးအကြိမ် ဗိုလ်လုပွဲရောက်ခဲ့တယ်။နယ်သာလန်အသင်း ကတော့ ဗိုလ်လုပွဲသုံးကြိမ်ရောက်ဖူးကာ ၂၀၁၀ ကနောက်ဆုံးအကြိမ်ဖြစ်တယ်။
ဂျပန်- ခရိုအေးရှား
ဂျပန်က ဒီနှစ်ကမ္ဘာ့ဖလားမှာ မထင်တာတွေ လုပ်ပြခဲ့တဲ့အသင်းပါ။ ဒီဇင်ဘာ ၂ ရက်မှာကစားခဲ့တဲ့ စပိန်- ဂျပန်ပွဲအကြောင်း ဆောင်းပါးရှင် ချစ်ဝင်းမောင်ရေးသားမှတ်တမ်းတင်ထားတာ ဖတ်ကြည့်ပါ။
” ဒီနှစ် ကာတာ ကမ္ဘာ့ဖလားရဲ့ အကြပ်ဆုံး လို့ဆိုရမယ့် အုပ်စု E ပွဲစဉ်တွေ ပြီးသွားတဲ့အခါ ကြိုတင် မျှော်လင့်ထားတဲ့အတိုင်း အသင်းကြီးတသင်းကတော့ ရေတိမ်နစ်ခဲ့ရပါပြီ။ ဒီအုပ်စုမှာ ကမ္ဘာ့ဖလား လေးကြိမ်ရထားတဲ့ နာမည်ကြီး ဂျာမနီ ပါသလို ၂၀၁၀ ကမ္ဘာ့ဖလား ချန်ပီယံ စပိန်ပါတယ်။ ဒီအုပ်စုအတွင်း အတူကျတဲ့ ကျန် နှစ်သင်းအနေနဲ့ ဆင်လို အကောင်ကြီးတဲ့ အသင်းနှစ်သင်းကို ဖြတ်ကျော်ပြီး နောက်တဆင့် တက်ဖို့ဆိုတာ အိပ်မက်တခုလိုပါပဲ။ ဒါပေမယ့် မဖြစ်နိုင်တာ ဘာမှ မရှိဘူးဆိုတာ ဒီအုပ်စုမှာပါတဲ့ အာရှ ဆာမူရိုင်းအပြာ ဂျပန်တွေက လုပ်ပြသွားခဲ့တယ်။
ဒိုဟာ၊ ခါလီဖာကွင်းမှာ တနေ့က ကစားခဲ့တဲ့ ဂျပန် နဲ့ စပိန်တို့ ပွဲစဉ်မှာ ဂျပန်ဟာ စပိန်ကို (၂-၁) နဲ့အနိုင်ရပြီး နောက်တဆင့်ကို တက်ရောက်ခဲ့ပါတယ်။
ဒီနှစ် ကာတာကမ္ဘာ့ဖလားမှာလည်း ဂျာမနီပါဝင်တဲ့ အုပ်စု E ဟာ မထင်မှတ်တဲ့ အလှည့်အပြောင်းတွေ နဲ့ dramatic ဆန်ဆန်၊ ရင်ခုန်စရာ ကောင်းလှတယ်။ အုပ်စု အဖွင့်မှာ နာမည်ကြီး ဂျာမနီဟာ ဂျပန်ကို ရှုံးနိမ့်ခဲ့ရသလို နာမည်ကြီး စပိန်ကလည်း ဂျပန်ကို အရေးနိမ့်ခဲ့ရတယ်။
လူဗလံ David က လူ့ဘီလူး Goliath ကို နှစ်ခါ နိုင်ရိုးမရှိပေမယ့် ဆာမူရိုင်းဘလူး ဂျပန်ကတော့ ဥရောပ ဘောလုံး Giant နှစ်သင်းကို အနိုင်ရတဲ့ မှတ်တမ်းကို ၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာ ရေးထိုးနိုင်ခဲ့ပါပြီ။”
ဒီလိုဂျပန်အသင်းဟာ ရှုံးထွက်အဆင့်မှာတော့ ကွင်းလယ်စုဖွဲ့မှုကောင်းပြီး। အတွေ့အကြုံရင့်ကျက်တဲ့ ခရိုအေးရှားအသင်းနဲ့ ရင်ဆိုင်ကစားရတော့မှာပါ။ ခရိုအေးရှားအသင်းရဲ့အုပ်စုတွင်းပွဲဖြတ်သန်းခဲ့ပုံတွေက ဂျပန်အသင်းနဲ့ဆန့်ကျင်ဘက်। ဂိုးမရှိသရေပွဲတွေနဲ့ တအိအိအုပ်စုတက်လာတာပါ။
မော်ရိုကိုနဲ့ ဝ-ဝ। ကနေဒါကို ၄-၁। ဘယ်လ်ဂျီယံနဲ့ဝ-၀ သရေကျပြီး। ဂိုးမရှိသရေပွဲနှစ်ပွဲ।ဂိုးပြတိနိုင်ပွဲတပွဲနဲ့ ရှုံးထွက်အဆင့်တက်ခဲ့တယ်။ တခုရှိတာက ဂျပန်အသင်းဟာ တပွဲကောင်း အားကုန်ညှစ်ကစားတာ တွေ့ရတယ်။
“ခရိုအေးရှားက ဂျပန်ထက် သမ္ဘာပိုရင့်တယ်। နောက် ထိန်းကစားနိုင်တယ်। အုပ်စုတွင်း ဂျပန်ရဲ့အခြေအနေကို သိထားတဲ့ အဆင့်မှာရှိတော့ ခရိုအေးရှားက သိပ်ပြီး ပေါ့ပေါ့ဆဆ ကစားမယ့်ပုံ မရှိဘူး। ဒီလိုအဆင့်မှာ သတိထား ကစားလာဖို့ များတယ်। ဂျပန်ကတော့ဒီလိုအဆင့်ရောက်လာတာ မြန်နှုန်းနဲ့ စိတ်ဓာတ်နဲ့ ကစားတဲ့အသင်းဆိုတော့ ဂျပန်မြန်နှုန်းကို ထိန်းပြီးကစားနိုင်ရင် ခရိုအေးရှားအတွက် အခွင့်အရေး ပိုကောင်းလိမ့်မယ်ထင်တယ်”
ဂျပန်အသင်းဟာ ရှုံးထွက်အဆင့်လောက်နဲ့ပဲ ရပ်တန့်သွားမလား। သူ့မြန်နှုန်းနဲ့စိတ်ဓာတ်ပြင်းပြမှုက ကွာတားဖိုင်နယ်အထိ ဆွဲခေါ်သွားလေမလား။ စောင့်ကြည့်ကြရမှာပါ။
ပြိုင်ပွဲတခုမှာ ချန်ပီယံဖြစ်ဖို့ ခက်ပေမယ့် ပရိသတ်တွေကို မထင်မှတ်တဲ့ ခြေစွမ်းတဲ့ ဖမ်းစားနိုင်အောင် ပြုလုပ်နိုင်တဲ့အသင်းတွေကို ခေါ်တဲ့နာမည်က Underdogs ဖြစ်ပါတယ်။ ချန်ပီယံဖြစ်ဖို့ ရေပန်းစားတဲ့အသင်းတွေလောက် ကစားသမားအင်အားမတောင့်တင့်ဘူး ဆိုပေမယ့် ဘောလုံးပွဲမှာ ဘယ်လိုရလဒ်မျိုး မဆို ဖြစ်နိုင်တယ်ဆိုတာကို ဒီအသင်းတွေက လုပ်ဆောင်ပြလေ့ရှိပါတယ်။ ဒီအသင်းတွေထဲ အခုတော့ ဂျပန်နည်းတူ တောင်ကိုရီးယားအသင်းလည်းပါဝင်ခဲ့တယ်။
ဘရာဇီး-တောင်ကိုရီးယား
ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားတဲ့ ဘရာဇီးလ်အသင်း၊ ကမ္ဘာ့ဖလားချန်ပီယံဆုကို ၅ ကြိမ်အထိ ရယူထားပြီး ပြိုင်ပွဲရဲ့အအောင်မြင်ဆုံးအသင်း ဘရာဇီးလ်၊ ချန်ပီယံဆုနဲ့ ဆယ်စုနှစ် ၂ ခုကြာ ဝေးကွာလျက်ရှိတဲ့ ဘရာဇီးလ်အသင်း။ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးနေရာ ပြန်ရောက်ကာ အခု ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့ ဘရာဇီးလ်အသင်း။
အခု ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆာဘီးယားကို ၂-ဝ। ဆွစ်ဇာလန်ကို ၁-၀ တို့နဲ့နိုင်ပြီး စောစောစီးစီးအုပ်စုတက်ခဲ့တယ်။ အသင်းတိုက်စစ်က အားထားရတဲ့ ကစားသမား နေမာ ပထမပွဲမှာတင်ဒဏ်ရာရသွားပြီး।အခုအချိန်ထိ ပါဝင်ကစားနိုင်ခြင်း မရှိတော့တာက အသင်းတိုက်စစ်အတွက် ထိုးနှက်ချက်တခုဖြစ်နေတယ်။
ဂျပန်ဘောလုံးအသင်းလိုပဲ စိတ်ဓာတ်ပြင်းပြင်းနဲ့ အားသွန်ခွန်စိုက်ကစားတတ်တဲ့ ကိုရီးယားအသင်းဟာ ဒီနှစ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းစားမှုနဲ့အတူတူ ခြေစွမ်းကောင်းပြနေတဲ့ ဘရာဇီးနဲ့ ရှုံးထွက်အဆင့်မှာ ရင်ဆိုင်ရတော့မှာပါ။ စိတ်ဓာတ်ပြင်းပြင်း। အားကုန်သွန်ကစားတတ်တဲ့ ကိုရီးယားအသင်း သူ့စတိုင်အတိုင်း ဘရာဇီးကို ရင်ဆိုင်လို့ အဆင်ပြေပါ့မလား။
အားကစားဆောင်းပါးရှင် ကိုဟိန်းသန့်က”ဘရာဇီးကို အဲ့ဒီလို သွားကစားလို့ မရဘူး। ဘရာဇီးက သမ္ဘာရင့်တယ်। အတွေ့အကြုံများတယ်। ကစားပုံမာတယ်। ကိုရီးယားတို့ စိတ်ထင်တိုင်း ပေါက်ဖို့ မလွယ်ဘူး। အဓိက ဘရာဇီးတိုက်စစ် ကောင်းတယ်। တောင်ကိုရီးယားခံစစ်က ဒီလောက်ကြီး မဟုတ်ဘူး। ဘရာဇီးပဲ နိုင်ဖို့ များပါတယ်”
အခု ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာရှ ၃ သင်း (ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ) တို့ ရှုံးထွက်အဆင့် တက်ရောက်ခြင်းဟာ ပြိုင်ပွဲသမိုင်းတလျှောက် ပထမဆုံးဖြစ်ခဲ့တယ်။
မော်ရိုကို- စပိန်
မော်ရိုကိုအသင်းနည်းပြ ရီဂရာဂျီက မိမိတို့အနေနဲ့ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပြီးတဲ့နောက် ကမ္ဘာ့ဖလားချန်ပီယံဆုအကြောင်း အိပ်မက်မက်နေပြီလို့ ကြုံးဝါးပြောဆိုလိုက်တယ်။ သူကြုံးဝါးရလောက်အောင်ပဲ မော်ရိုကိုအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (F) မှာ ခရိုအေးရှား၊ ဘယ်လ်ဂျီယံ၊ ကနေဒါတို့နဲ့ အတူ ကျရောက်ခဲ့ပြီး। ရှုံးပွဲမရှိဘဲ ရမှတ်ခုနစ်မှတ်နဲ့ အုပ်စုပထမအဖြစ် ရှုံးထွက်အဆင့် တက်ရောက်နိုင်ခဲ့တယ်။
နာမည်ကြီးစပိန်အသင်းကတော့ အုပ်စုပထမပွဲမှာ ကော်စတာရီကာအသင်းကို ၇-၀ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရပြီးကတည်းက နောက်ပွဲတွေကို သူလိုတဲ့ပွဲရလာဒ်အတိုင်းထွက်ဖို့ ပုံဖော်ကစားခဲ့တယ်။ အင်အားကြီး ဂျာမနီအသင်းကို ၁-၁ ဆိုတဲ့ ရလာဒ်နဲ့ထိန်းကစားခဲ့ပြီး। ဂျပန်ကို သရေကစားဖို့ကြိုးပမ်းခဲ့ပေမယ့် မထင်မှတ်ဘဲ အရှုံးပေးလိုက်ရတယ်။ စပိန်ဟာ အုပ်စုတွင်းပွဲတွေ အားလုံးကို ပထမပွဲရလာဒ် ဂိုး(၇) ဂိုးကို ကိုင်ပြီး ရှုံးထွက်နဲ့ ကွာတာမှာ တွေ့နိုင်တဲ့ အင်အားကြီးတောင်အမေရိကအသင်းတွေကို ရှောင်လွှဲနိုင်ခဲ့သလို အုပ်စုတွင်း မဟာပြိုင်ဘက်ကိုလည်းဖြုတ်ချနိုင်ခဲ့တာ တွေ့ရတယ်။
အားကစားဆောင်းပါးရှင် ကိုဟိန်းသန့်က မော်ရိုကိုကို လျှော့တွက်လို့မရပေမယ့် စပိန်ခြေမှန်ရရင် စပိန်အနိုင်လို့ သုံးသပ်ပါတယ်။
“မော်ရိုကိုကို လျှော့တွက်လို့မရဘူး। အုပ်စုပွဲတွေမှာ ရှုံးပွဲမရှိ ကစားလာတဲ့အသင်းဆိုတော့। အဓိကက စပိန်ပဲ। ကြည့်ရသလောက် သူတို့ကစားခဲ့တဲ့ သုံးပွဲမှာ သူတို့လိုချင်သလိုကစားနေတယ်। ပထမပွဲမှာ ကော်စတာရီကာကို ဂိုးပြတ်နိုင်ပြီးတော့ တော်တော်လေးအခြေအနေကောင်းသွားပြီးနောက်ပိုင်း ကျန်တဲ့ နှစ်ပွဲလုံးမှာ သူတို့လိုချင်သလိုဖြစ်အောင် ကစားနေတာ တွေ့ရတယ်। နည်းပြက လူထုတ်ပုံစမ်းကစားနေတယ်। စပိန်အမာခံလူစာရင်းနဲ့ ပွဲထွက်လာတာ မတွေ့ရသေးဘူး। စပိန်ခြေစွမ်းပုံမှန်ကို မှန်းမရသေးတဲ့အနေအထား। မော်ရိုကိုက ကစားပုံမာတယ်။ ခံစစ် တိုက်စစ်မျှတယ်। စပိန်အတွက် အခက်တွေ့နိုင်တယ်। ဒီပွဲလည်း အမှတ်မထင် အချိန်ပိုတို့ ပယ်နယ်တီတို့အထိ ရောက်သွားနိုင်တယ်။ ရှုံးထွက်အဆင့်ကျမှ သူ့ရဲ့ပုံစံမှန်ထုတ်ပြလာရင် စပိန်သာတယ်”
ပေါ်တူဂီ- ဆွစ်ဇာလန်
ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူ ဖာနန်ဒိုဂိုးမက်ဇ်က ပေါ်တူဂီလက်ရွေးစင်အသင်းအနေနဲ့၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ မျှော်မှန်းထားကြောင်း ပြောကြားထားတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ခက်ခဲသော်လည်း ပေါ်တူဂီအသင်းအနေနဲ့ ယူရို-၂၀၁၆ ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့သလိုမျိုး စွမ်းဆောင်နိုင်မယ်လို့ ဖာနန်ဒိုဂိုးမက်ဇ်က ယုံကြည်နေတာပါ။
သူက ”လက်ရှိ ပေါ်တူဂီအသင်းက ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်မယ်လို့ ကျနော် မျှော်မှန်းပါတယ်။ လက်ရှိ ကစားသမားအစုအဖွဲ့က ပါရမီရှင်တွေနဲ့ စုစည်းထားတာမျိုးဖြစ်ပြီး မျှော်လင့်ချက်က ကြီးမားပါတယ်။ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ခက်ခဲပေမဲ့ ယူရို-၂၀၁၆ တုန်းကလို လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်”လို့ ဆိုပါတယ်။
အုပ်စုတွင်းပြိုင်ပွဲတွေမှာ ပေါ်တူဂီဟာ ဂါနာကို ၃-၂। ဥရုဂွေးကို ၂-ဝတို့နဲ့ အနိုင်ကစားပြီး အုပ်စုအဆင့်ကို စောစောစီးစီး ကျော်ဖြတ်ထားနိုင်ခဲ့တယ်။ ဗိုလ်စွဲဖို့ရေပန်းစားတဲ့ ပေါ်တူဂီအသင်းဟာ ဂိုးတွေသွင်းနိုင်သလို ဂိုးတွေပြန်ပေးနေရတာလည်း များတယ်။ နောက်တန်းအားနည်းချက်ရှိသလို ရော်နယ်ဒိုဦးဆောင်တဲ့ တိုက်စစ်ကလည်း အဆုံးသတ်ကောင်းဖို့ လိုနေသေးတယ်။
ဆွစ်ဇာလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၂၀၁၀ ပြိုင်ပွဲမှအပ ကျန်ပြိုင်ပွဲ (၃) ကြိမ်မှာအုပ်စုအဆင့်ကို ကျော်လွန်နိုင်ခဲ့တယ်။ ၃-၅-၂ ကို အဓိကအခြေခံထားတဲ့ ဆွစ်ဇာလန်အသင်းကစားကွက်မှာ ကစားသမားအများစုက နားလည်မှုကောင်းရထားတယ်။ စိတ်ရှည်လက်ရှည်ကစားတတ်ပြီး। ကစားရခက်တဲ့အသင်းထဲမှာ ဆွစ်ဇာလန်အသင်းပါတယ်။
ပေါ်တူဂီ- ဆွစ်ဇာလန်ပွဲက အချိန်ပိုအထိ ရောက်သွားနိုင်တယ်လို့ အားကစားဆောင်းပါးရှင် ကိုဟိန်းသန့်က သုံးသပ်တယ်။
“ဆွစ်ဇာလန်လိုအသင်းနဲ့တော့ အနိုင်ရဖို့ ခက်မယ်। ကစားရခက်တဲ့အသင်း ဘရာဇီးတောင်တဂိုးနဲ့ အနိုင်ရဖို့မနည်း ကစားခဲ့ရတဲ့အသင်း। ပေါ်တူဂီတိုက်စစ်က ဂိုးတွေရနေပေမယ့် ကွင်းလယ်အားနည်းချက်ရှိတယ်। ခံစစ်ပိုင်းကလည်း သိပ်စိတ်မချရသေးဘူး। ဆွစ်ဇာလန်က အသင်းလိုက်ညီတယ်। ဆွစ်ဇာလန်ရဲ့ မာမာကျောကျော ကစားပုံက ပေါ်တူဂီအတွက် အခက်တွေ့နိုင် အချိန်ပို ပယ်နယ်တီသွားမယ့် ပွဲမျိုး”
ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်တွေ ပြီးဆုံးခဲ့ပြီး। ရှုံးထွက်အဆင့်ပွဲတွေဆက်လက်ယှဉ်ပြိုင်ကစားနေကြပါပြီ။ အုပ်စုအဆင့်တွေအပြီးမှာတော့ အုပ်စုပွဲစဉ်အားလုံးအနိုင်ရပြီး ရမှတ် ၉ မှတ်ပိုင်ဆိုင်တဲ့ အသင်းတသင်းမှ မရှိခဲ့ပါဘူး။ ဒါဟာ ကမ္ဘာ့ဖလားကို အသင်းပေါင်း ၃၂ သင်းနဲ့ စတင်ကျင်းပချိန်ကစလို့ ပထမဆုံးအကြိမ်အဖြစ် ၉ မှတ်အပြည့်ရတဲ့ အသင်းထွက်ပေါ်မလာခဲ့တာ ဖြစ်ပါတယ်။
You may also like these stories:
ကာတာကမ္ဘာ့ဖလား ချန်ပီယံပြေးလမ်းပေါ်က အသင်းများ
အငြင်းပွားဖွယ်အများဆုံး ကာတာကမ္ဘာ့ဖလား လာပြီ