မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်မတော် (AA) အကြား ရခိုင်ပြည်နယ်တွင် မကြာသေးမီက အပစ်အခတ် ရပ်စဲလိုက်ခြင်းကြောင့် စစ်ကောင်စီသည် အခြားတော်လှန်ရေး အင်အားစုများ၏ ဒေသများတွင် ရခိုင်မှ တပ်များကို ဖြန့်ကျက် ထိုးစစ်ဆင်မည်ဆိုသည့် စိုးရိမ်မှုများ ဖြစ်ပေါ်နေသည်။
စစ်ကောင်စီတပ်က ထောက်ပံ့ရေးလမ်းကြောင်းများကို ဖြတ်တောက်ထားပြီးနောက် စစ်ကောင်စီနှင့် AA တို့သည် ဒေသတွင်း စားနပ်ရိက္ခာနှင့် ဆေးဝါး ပြတ်တောက်မှုကို ဖြေရှင်းရေးအတွက် ယာယီ အပစ်အခတ်ရပ်စဲရန် လွန်ခဲ့သောအပတ်က သဘောတူကြသည်။ ထိုအပစ်အခတ်ရပ်စဲရေးကို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရင်းနှီးသူ ဂျပန်မှ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ယိုဟဲအိ ဆာဆာကာဝါက ကြားဝင် ဆောင်ရွက်ပေးသည်။
၂ နှစ်ကြာ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားပြီးနောက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မတိုင်မီက မြန်မာစစ်တပ်နှင့် AA အကြား ယခင် အပစ်အခတ်ရပ်စဲရေးကိုလည်း မစ္စတာ ဆာဆာကာဝါက ကြားဝင် ဆောင်ရွက်ပေးခဲ့သည်။ ထိုအပစ်အခတ်ရပ်စဲမှုသည် လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလက စစ်အာဏာသိမ်းမှုအပြီး တနိုင်ငံလုံးမှ ပြည်သူ့ခုခံတော်လှန်ရေး အင်အားစုများနှင့် လူမျိုးစု လက်နက်ကိုင်တပ်များက စစ်အုပ်ချုပ်ရေးကို တော်လှန်ပုန်ကန်ချိန်တွင်ပင် ဆက်လက် တည်မြဲနေသည်။
သို့သော် စစ်ကောင်စီက မေလတွင် အရပ်သားများကို ဖမ်းဆီးပြီး ကုန်စည်ပို့ဆောင်မှုကို ပိတ်ဆို့ပြီးနောက် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပေါ်ကြောင်း AA က ပြောသည်။ နောက် ၇ လ ကြာသောအခါ လူသားချင်းစာနာမှု အကူအညီအတွက် ယာယီ အပစ်အခတ်ရပ်စဲရန် ၂ ဘက် သဘောတူခြင်း ဖြစ်သည်။
သို့သော် စစ်ကောင်စီက မေလတွင် အရပ်သားများကို ဖမ်းဆီးပြီး ကုန်စည်ပို့ဆောင်မှုကို ပိတ်ဆို့ပြီးနောက် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပေါ်ကြောင်း AA က ပြောသည်။ နောက် ၇ လ ကြာသောအခါ လူသားချင်းစာနာမှု အကူအညီအတွက် ယာယီ အပစ်အခတ်ရပ်စဲရန် ၂ ဘက် သဘောတူခြင်း ဖြစ်သည်။
အခြားတော်လှန်ရေး အင်အားစုများအပေါ် သက်ရောက်မှု
မြန်မာစစ်တပ်သည် ရခိုင်ပြည်နယ်တွင် စစ်အင်အား ၄ သောင်းခန့် ချထားကြောင်း AA ၏ ပြောကြားချက်အရ သိရသည်။
ထိုမျှ တပ်အင်အားချထားခြင်းသည် နှစ်နှင့်ချီသည့် ဘက်ပြောင်းမှုနှင့် ၂၀၂၁ ခုနှစ်နောက်ပိုင်း တနိုင်ငံလုံးမှ ခုခံတော်လှန်ရေး အင်အားစုနှင့် တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှု မြင့်မားနေသည့် စစ်ကောင်စီအနေဖြင့် အင်အားအကြီးအကျယ် ချထားရခြင်းဖြစ်သည်။
ဧရာဝတီတိုင်း ကမ်းခြေစောင့်တပ်မှ တပ်ဖွဲ့များနှင့် ခြေမြန်တပ်မ ၄ ခုဖြစ်သော ၁၁၊ ၂၂၊ ၇၇ နှင့် ၅၅ မှ တပ်များကို ရခိုင်ပြည်နယ်တွင် ချထားရသည်။
၁၁ နှင့် ၂၂ ခြေမြန်တပ်မများကို ဘူးသီးတောင်မြို့နယ်နှင့် ရခိုင်မြောက်ပိုင်းတွင် ချထားပြီး ခြေမြန်တပ်မ ၅၅ ကို တောင်ပိုင်း ပလက်ဝ၊ ပလက်ဝနှင့် ကျောက်တော်အကြားတွင် ချထားသည်။ ထိုတပ်မ ၄ ခုသည် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်ပြည်နယ်မှ အသီးသီး ဖြစ်သည်။
အမှတ် ၁၉ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်ကလည်း ပလက်ဝမြောက်ပိုင်းတွင် အခြေစိုက်စခန်း ထူထောင်ထားသည်။
ရခိုင်ပြည်နယ်မှ စစ်ကောင်စီတပ်များကို အခြား ခြေမြန်တပ်မများမှ ပြောင်းလာသည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်သားများဖြင့်လည်း အင်အားဖြည့်တင်းထားပြီး အထူးသဖြင့် ထိုတပ်များကို အမ်းမြို့နယ်တွင် ချထားကြောင်း AA ပြောခွင့်ရသူ ခိုင်သုခက ပြောသည်။
အပစ်အခတ်ရပ်စဲရေး တည်မြဲနေသမျှ ကာလပတ်လုံး စစ်ကောင်စီသည် ရခိုင်ပြည်နယ်မှ တပ်များကို အိမ်နီးချင်း ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းသို့ ပို့ဆောင်ဖွယ်ရှိသည်။ ထိုဒေသများတွင် စစ်ကောင်စီသည် ထိန်းချုပ်မှုရရေးအတွက် အရပ်သားများနှင့် ခုခံတော်လှန်ရေး အင်အားစုများကို အပြင်းအထန် တိုက်ခိုက်နေသည်။
အပစ်အခတ်ရပ်စဲရေး တည်မြဲနေသမျှ ကာလပတ်လုံး စစ်ကောင်စီသည် ရခိုင်ပြည်နယ်မှ တပ်များကို အိမ်နီးချင်း ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းသို့ ပို့ဆောင်ဖွယ်ရှိသည်။ ထိုဒေသများတွင် စစ်ကောင်စီသည် ထိန်းချုပ်မှုရရေးအတွက် အရပ်သားများနှင့် ခုခံတော်လှန်ရေး အင်အားစုများကို အပြင်းအထန် တိုက်ခိုက်နေသည်။
“ဒါဟာ စစ်ကောင်စီအတွက် အင်အားစုစည်းဖို့ အခွင့်အရေးတခုပဲ။ အပစ်အခတ်ရပ်စဲရေး တည်မြဲနေသမျှ ကျနော်တို့ဒေသတွေက ပြည်သူလူထုနဲ့ ခုခံတော်လှန်ရေး အင်အားစုတွေကို ထိခိုက်စေတယ်” ဟု မကွေးတိုင်း၊ ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်မှ ကိုယ်စားလှယ် ကိုဝေကြီးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ (ပလက်ဝ) ပြောခွင့်ရသူတဦးကလည်း ရခိုင်အပစ်အခတ် ရပ်စဲရေးအတွက် စိုးရိမ်ကြောင်း ပြောကြားပြီး ၎င်းတို့အဖွဲ့တွင် လက်နက်ခဲယမ်း မလုံလောက်ကြောင်း ပြောသည်။
“ပလက်ဝက ရခိုင်ပြည်နယ်နဲ့အနီးဆုံး ချင်းပြည်နယ် မြို့နယ်ဖြစ်တယ်။ အရမ်းစိုးရိမ်စရာ ကောင်းတယ်” ဟု ဧရာဝတီသတင်းဌာနသို့ ၎င်းကပြောသည်။
စစ်တပ်နှင့် အင်အားကြီးမားသော လက်နက်ကိုင်တပ်အကြား မည်သည့် အပစ်အခတ် ရပ်စဲရေး မဆိုသည် တော်လှန်ရေးကို အင်အားချိနဲ့စေကြောင်း စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှ အရပ်ဘက် ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့အစည်းမှ ပြောခွင့်ရသူ ကိုနွေဦးက ပြောသည်။
“စစ်တပ်က စစ်မျက်နှာတခုက တပ်တွေကို သုံးစရာမလိုရင် အခြားစစ်မျက်နှာမှာ သုံးလို့ရတယ်။ ဒါကြောင့် တုံ့ပြန်ဖို့ သေနင်္ဂဗျူဟာ ပြင်ဆင်ထားဖို့လိုတယ်” ဟု ကိုနွေဦးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
တနိုင်ငံလုံးမှ ပြည်သူများက စစ်တပ်ကို တော်လှန်နေချိန်တွင် အပစ်အခတ် ရပ်စဲခြင်းအတွက် AA ကို အခြားဝေဖန်မှုများလည်း ရှိသည်။
AA ပြောခွင့်ရသူက အပစ်အခတ်ရပ်စဲရခြင်း အကြောင်းရင်းကို ရှင်းပြပြီးဖြစ်ကြောင်းနှင့် သဘောထား ကွဲလွဲမှုကို ကြိုဆိုကြောင်းပြောသည်။
“လိုအပ်လာလို့ ပြင်းထန်တဲ့ တိုက်ပွဲတွေကို အပစ်အခတ်ရပ်လိုက်တယ်။ မတူတဲ့အမြင်နဲ့ ပြောနေတာတွေဟာ (ဒီအပစ်အခတ် ရပ်စဲရေးကို) မကြာခင် နားလည်လာမှာပါ” ဟု ခိုင်သုခက ပြောသည်။
တပ်များ ပြန်လည်ဖြန့်ကျက်မှုအတွက် သံသယများ
ခုခံတော်လှန်ရေး အင်အားစုများနှင် အရပ်သားများသည် ထိုအပစ်အခတ်ရပ်စဲမှုအပြီး ဖြစ်လာနိုင်သော ထိုးစစ်များကို စိုးရိမ်နေကြသော်လည်း စစ်ကောင်စီသည် ရခိုင်မှတပ်များကို မရုတ်သိမ်းရဲကြောင်း စစ်ရေးလေ့လာသူတဦးက ပြောသည်။
“ဒီ အပစ်အခတ်ရပ်စဲရေးက စာချုပ်စာတမ်းမရှိတဲ့ အပြန်အလှန် နားလည်မှုသာ ဖြစ်တဲ့အတွက် တိုက်ပွဲက အချိန်မရွေး ပြန်လည် စတင်နိုင်တယ်။ ဒါကြောင့် ရခိုင်ကတပ်တွေကို စစ်တပ်က ပြန်မဆုတ်ရဲဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုလေ့လာသုံးသပ်သူက ပြောသည်။
“ဒီ အပစ်အခတ်ရပ်စဲရေးက စာချုပ်စာတမ်းမရှိတဲ့ အပြန်အလှန် နားလည်မှုသာ ဖြစ်တဲ့အတွက် တိုက်ပွဲက အချိန်မရွေး ပြန်လည် စတင်နိုင်တယ်။ ဒါကြောင့် ရခိုင်ကတပ်တွေကို စစ်တပ်က ပြန်မဆုတ်ရဲဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုလေ့လာသုံးသပ်သူက ပြောသည်။
ထို့အပြင် ရခိုင်ပြည်နယ်ကမ်းရိုးတန်းမှ စစ်ကောင်စီရေတပ်သည် အခြားစစ်မြေပြင်များအတွက် သင့်လျော်အောင် ပြောင်းလဲနိုင်ခြင်း မရှိဘဲ စစ်ကောင်စီလေတပ်ကိုသာ အခြားဒေသများသို့ ဖြန့်ကြက်နေကြောင်း သူကပြောသည်။
စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးကလည်း ထိုအကဲဖြတ်ချက်ကို သဘောတူသည်။ စစ်ကောင်စီသည် ရခိုင်မှ တပ်များကို အခြားစစ်မြေပြင်သို့ ရွှေ့ပြောင်းချထားနိုင်မည်ဟု မထင်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က လွတ်လပ်သော အာရှအသံသို့ ပြောသည်။
“တပ်အပြောင်းအရွှေ့ အနည်းငယ်ပဲ ရှိလိမ့်မယ်။ ဒါပေမယ့် ရခိုင်က တပ်တွေ ဆုတ်ပြီး တခြားဒေသကို လွှတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး” ဟု ဦးရည်မွန်က ပြောသည်။
AA သည် တော်လှန်ရေးကို မစွန့်လွှတ်ဘဲ အပစ်အခတ်ရပ်စဲရေးသည် ယာယီသာဖြစ်မည်ဟု NUG က မျှော်လင့်ကြောင်း ၎င်းကပြောသည်။
ခုခံတော်လှန်ရေး အင်အားစုများ၏ သတင်းစကား
သို့သော် ခုခံတော်လှန်ရေး အင်အားစုများအား ၎င်းတို့ဒေသများတွင် ကြီးမားသော ထိုးစစ်များအတွက် ပြင်ဆင်ရန် တိုက်တွန်းခြင်း မရှိပေ။
တဘက်တွင်လည်း ထိုအပစ်အခတ်ရပ်စဲရေးသည် လက်ရှိ ခုခံတော်လှန်ရေး လှုပ်ရှားမှုကို ကြီးကြီးမားမား ထိခိုက်မှုမရှိနိုင်ကြောင်း ကိုနွေဦးနှင့် ကိုဝေကြီးတို့က ပြောသည်။
“တနိုင်ငံလုံးက တော်လှန်ရေးမှာ ပါဝင်လေလေ၊ တော်လှန်ရေး မြန်မြန် အောင်မြင်လေလေပဲ။ တနိုင်ငံလုံး မပါနိုင်ရင်တောင်မှ စစ်မျက်နှာချဲ့နိုင်ရင် ကောင်းတယ်” ဟု မကွေးတိုင်း ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကိုဝေကြီးက ပြောသည်။
NUG အနေဖြင့် လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သောစစ်ပွဲများ တိုးချဲ့ရေး တိုက်တွန်းရန်လည်း သူကပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Yuzana ၏ Rakhine Ceasefire Puts Pressure on Other Groups Battling Myanmar Junta ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
AA နှင့် စစ်တပ် အပစ်ရပ်မှု ခိုင်မာသည့် အာမခံချက် မရှိ
AA နှင့် စစ်တပ် အပစ်ရပ်သော်လည်း တပ်မရုပ်
AA နှင့် အာဏာသိမ်း စစ်တပ် ယာယီ အပစ်ရပ်
စစ်ကောင်စီကို ရခိုင်တန်ပြန်စစ်ဆင်မှုနှင့် လားရာ
—