“မီးလောင်နေလို့ လာကြပါဦးရှင်။ ဝါယာကြိုးကနေ ရှော့ဖြစ်နေလို့ပါ” ဆိုသည့် အထပ်မြင့် တိုက်ခန်းတစ်ခု ပေါ်မှ အမျိုးသမီး တဦး၏ အထိတ်တလန့် အော်သံကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။
ယင်းဖြစ်စဉ်သည် ရန်ကုန်မြို့၊ ဆင်ခြေဖုံး မြို့နယ်တစ်ခု အတွင်းရှိ အထပ်မြင့် ကန်ထရိုက် တိုက်ခန်းတစ်ခု ပေါ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အနီး ပတ်ဝန်းကျင်ရှိ သူများ မီးလောင်သော အထပ်သို့ အပြေးအလွှား တက်၍ ဝိုင်းဝန်း မီးငြှိမ်း သတ်လိုက်ရသည်။ အဆိုပါ မီးလောင်မှုသည် မိနစ် အနည်းငယ်သာ ကြာမြင့်သည့်အတွက် ကြီးကြီးမားမား ဆုံးရှုံးမှု မဖြစ်ခဲ့ချေ။ အဲကွန်း ဆေ့ပ်ဂတ် safeguard အပူ လွန်ကဲရာမှ တဆင့် ဝါယာရှော့ ဖြစ်ကာ လောင်ကျွမ်းခဲ့သော မီးလန့်မှု တခုသာ ဖြစ်သည်။
ရန်ကုန်မြို့တွင် ယင်းကဲ့သို့ မီးလန့်မှု/မီးလောင်မှု ဖြစ်စဉ်များ မကြာခဏ ဆိုသလို ဖြစ်ပွားလေ့ ရှိသည်။ ယင်းမှာ လျှပ်စစ်မီး ပြတ်တောက်ချိန်နှင့် ပြန်လာချိန်များ မမှန်ရာမှ တဆင့် လျှပ်စစ်မီး သုံးစွဲသူကိုယ်တိုင် မီးခလုတ်များ ပိတ်ရန် မေ့လျော့ကြကာ အပူလွန် လောင်ကျွမ်းခြင်းများ ဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း စီးပွားရေးမြို့တော်ဟု ဆိုသော် ရန်ကုန်မြို့ အပါအဝင် အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း လျှပ်စစ်မီး ပြတ်တောက်မှုများ ပို၍ ဆိုးရွားလာသည်။
ရန်ကုန်မြို့တွင် ယင်းကဲ့သို့ မီးလန့်မှု/မီးလောင်မှု ဖြစ်စဉ်များ မကြာခဏ ဆိုသလို ဖြစ်ပွားလေ့ ရှိသည်။ ယင်းမှာ လျှပ်စစ်မီး ပြတ်တောက်ချိန်နှင့် ပြန်လာချိန်များ မမှန်ရာမှ တဆင့် လျှပ်စစ်မီး သုံးစွဲသူကိုယ်တိုင် မီးခလုတ်များ ပိတ်ရန် မေ့လျော့ကြကာ အပူလွန် လောင်ကျွမ်းခြင်းများ ဖြစ်သည်။
မီးစက်သံများသည် လွန်ခဲ့သော ဆယ်စုနှစ်ကျော်က စစ်အုပ်ချုပ်ရေး ကာလကို ပြန်လည် အမှတ်ရစေသည်။ ပြည်သူများ မီတာခ မပေးဆောင်လျှင် မီတာပုံး ဖြုတ်သိမ်းမည်ဟု စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဌာနက ကြေညာချက်ထုတ်ပြီးနောက်တွင် လျှပ်စစ်မီး ပြတ်တောက်မှုများ တဆက်တည်း ဖြစ်ပေါ်လာခဲ့သည်။
လူထုက လစဉ် မီတာခ ပေးဆောင်မှု ပုံမှန် ပြုလုပ်လာကြပြီ ဖြစ်သော်လည်း လျှပ်စစ်မီး ရရှိမှုမှာ တစ်ရက်လျှင် နှစ်ကြိမ်ခန့်သာ လာသည့်အပြင် အချိန်မမှန်ခြင်း၊ အချိန်ကြာမြင့်စွာ ပြတ်တောက်ခြင်းတို့ ကြုံတွေ့ နေရသည်။
ရန်ကုန်မြို့ပြလို နေရာမျိုးတွင် လျှပ်စစ်မီး လာချိန်သည် တရက်လျှင်နှစ်ကြိမ်ဖြင့် တကြိမ်လျှင် လေးနာရီကြာသာ ရရှိလျက် ရှိသည်။ ယင်းသည်ပင် အချိန်မမှန်ဘဲ အပြောင်းအလဲ ရှိနေသည်။
“မီးက အခု ရန်ကုန်မှာ လေးနာရီလာ လေးနာရီ ပျက်တယ်။ ဒါကလည်း ပုံမှန်မဟုတ်ဘူး။ ပျက်ချင်ရင် လေးနာရီထက် ပိုပြီးလည်း ပျက်နေတယ်။ ပြီးတော့ လာတဲ့အချိန်နဲ့ ပျက်တဲ့အချိန်ကလည်း မမှန်ဘူး။ ရက်နည်းနည်း ကြာရင် မီးလာချိန်နဲ့ မီးပျက်ချိန်က ပြောင်းသွားပြန်ရော။ ဘယ်လိုမှ ခန့်မှန်းလို့မရဘူး” ဟု ရန်ကုန်မြို့အတွင်း နေထိုင်သူ တဦးက လျှပ်စစ်မီးပေးဝေမှု အခြေအနေကို ထောက်ပြသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လျှပ်စစ်မီးနှင့် ရေကို ချွေတာ သုံးစွဲကြရန် မကြာခဏ ပြောဆိုလေ့ရှိသည်။ ၎င်း၏ လက်အောက်ခံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသောင်းဟန်ကလည်း လျှပ်စစ်ဓာတ်အား လိုအပ်ချက် ပြည့်မီအောင် မပေးနိုင်သေးကြောင်းနှင့် အချိန်ပိုင်းဖြင့်သာ ပေးဝေမည်ဖြစ်ကြောင်း ပြောထားသည်။
ထိုသို့သော အခြေအနေမျိုးတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လျှပ်စစ်မီးနှင့် ရေကို ချွေတာ သုံးစွဲကြရန် မကြာခဏ ပြောဆိုလေ့ရှိသည်။ ၎င်း၏ လက်အောက်ခံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသောင်းဟန်ကလည်း လျှပ်စစ်ဓာတ်အား လိုအပ်ချက် ပြည့်မီအောင် မပေးနိုင်သေးကြောင်းနှင့် အချိန်ပိုင်းဖြင့်သာ ပေးဝေမည်ဖြစ်ကြောင်း ပြောထားသည်။
ပြီးခဲ့သော နိုဝင်ဘာ ၂၇ ရက်က ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းရုံး (YESC) တွင် ပြုလုပ်သည့် ရန်ကုန် တိုင်းဒေသကြီးအတွင်း နွေရာသီကာလ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမည့် အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က “ ရရှိတဲ့ လျှပ်စစ်ဓာတ်အားကို လူတိုင်း အချိန်ပိုင်းအလိုက် မျှဝေခံစားနိုင်အောင် ဓာတ်အား ဖြန့်ဖြူးပေးသွားမယ့် အစီအမံတွေကို ချမှတ် ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ သင့်တော်တဲ့ နာရီခြားနဲ့ ဓာတ်အား ဖြန့်ဖြူးပေးဖို့ တိုင်းနဲ့ ပြည်နယ် အားလုံးမှာ လုပ်ဆောင်နေပါတယ် ” ဟု ဆိုသည်။
ထို့အပြင် နေပြည်တော်ကောင်စီ နယ်မြေအတွင်း၌ အသေးစား ရေအားလျှပ်စစ်နှင့် အခြား ဓာတ်အားပေး စက်ရုံများ တည်ဆောက်ရန် စီစဉ်နေပြီး စက်ရုံ တည်ဆောက်နိုင်မည့် မြေနေရာများအား စစ်ဆေးမှုများ ဆောင်ရွက်နေသည်ဟု ၎င်းက ဆိုသည်။
နိုင်ငံတဝှမ်း ဖြန့်ချိနေသော လျှပ်စစ်ပမာဏ ၄၂ ရာခိုင်နှုန်းခန့်သည် ပုဂ္ဂလိက ဓာတ်အားထုတ်လုပ်ခြင်းမှ ရရှိခြင်း ဖြစ်ကြောင်း ပြည်သူ့အစိုးရလက်ထက် လျှပ်စစ်ဖြန့်ဖြူးခြင်းနှင့် ပတ်သတ်သည့် စာရင်းများတွင် ဖော်ပြထားသည်။
လက်ရှိတွင် ပေါင်းလောင်း ရေလွှဲဆည်နှင့် အောက်ဘက် နေရာနှစ်ခုတွင် အသေးစား ရေအားလျှပ်စစ် စက်ရုံတည် ဆောက်ရန်နှင့် ပေါင်းလောင်းချောင်း၏ အရှေ့ဘက်ခြမ်း၌ နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံနှင့် အခြား လျှပ်စစ်ဓာတ်အားပေး စက်ရုံများ တည်ဆောက်ရန် သင့်တော်မည့် နေရာများကို ရွေးချယ်နေသည်ဟုလည်း ဆိုသည်။
မည်သို့ပင်ဆိုစေ စစ်ကောင်စီလက်ထက် လျှပ်စစ်မီး ပေးဝေမှုမှာ နိုင်ငံတဝှမ်း ဆိုးဝါးစွာ ပြတ်တောက်လျက် ရှိပြီး ရန်ကုန်မြို့တွင်သာမက အခြား ပြည်နယ်နှင့် တိုင်းများတွင်လည်း ဆိုးဝါးစွာ ကြုံတွေ နေသည်။
“မီးက တနေကုန် နီးပါးလောက်ကို ပျက်နေတာ။ မနက်ခင်း ၈ နာရီလောက်က ပျက်ရင် နောက်နေ့ မနက် ၅ နာရီလောက်မှ ပြန်လာတယ်။ စက်မှုဇုန်ဘက်က လွဲရင် မြို့ထဲပိုင်း အကုန်ပျက်တာ။ စက်မှုဇုန်တောင် ညနေ ၄ နာရီအထိပဲ မီးရတယ်။ ပြီးရင် ပျက်တာဘဲ။ ဒါ လုပ်ငန်းရှင်တွေဘက်က ပိုက်ဆံ ပေးထားရတယ်လို့ ကြားတယ်။ ဇုန်မှာ အလုပ်ဆင်းတဲ့သူတွေ အချိန်ပို မဆင်းရတာ လနဲ့ချီ ကြာပြီ။ ပြောရရင် ကျနော်တို့ မြို့က စစ်တပ်မြို့လို့တောင် ပြောလို့ရတယ် ” ဟု မိတ္ထီလာမြို့တွင် နေထိုင်သူ တဦးက ပြောသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ထုတ်လုပ်ခြင်းနှင့် ပတ်သတ်၍ အစိုးရ ကိုယ်တိုင် ထုတ်လုပ်သလို ပုဂ္ဂလိကနှင့် ပူးတွဲ ထုတ်လုပ်ခြင်းများလည်း ရှိသည်။ ထို့အပြင် ပုဂ္ဂလိက က သီးသန့်ထုတ်လုပ်ပြီး အစိုးရကို ပြန်လည် ရောင်းချသည့် ပုံစံမျိုးလည်း ရှိသည်။
ထို့အပြင် ၂၀၁၉ ခုနှစ် ဝန်းကျင်မှ စ၍ ပုဂ္ဂလိက ရင်းနှီးမြှပ်နှံမှု တခုဖြစ်သော မင်းဘူး နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံက ထွက်ရှိလာသည့် လျှပ်စစ်များကိုလည်း ပြည့်သူ့ အစိုးရလက်ထက်က ဝယ်ယူ ဖြန့်ဖြူး ပေးခဲ့သည်။
နိုင်ငံတဝှမ်း ဖြန့်ချိနေသော လျှပ်စစ်ပမာဏ ၄၂ ရာခိုင်နှုန်းခန့်သည် ပုဂ္ဂလိက ဓာတ်အားထုတ်လုပ်ခြင်းမှ ရရှိခြင်း ဖြစ်ကြောင်း ပြည်သူ့အစိုးရလက်ထက် လျှပ်စစ်ဖြန့်ဖြူးခြင်းနှင့် ပတ်သတ်သည့် စာရင်းများတွင် ဖော်ပြထားသည်။
ပြည်သူ့ အစိုးရက လျှပ်စစ်ထုတ်လုပ် ဖြန့်ချိရေးနှင့် ပတ်သတ်၍ စီမံခန့်ခွဲမှုကို အတတ်နိုင်ဆုံး ဆောင်ရွက် ပေးခဲ့သော်လည်း စစ်ကောင်စီ လက်ထက်တွင် ပြည်သူများ လျှပ်စစ်မီးမရသည့် ဒုက္ခကို ရင်ဆိုင်နေကြရသည်။
ပြည်သူ့အစိုးရ လက်ထက် ဗဟိုစာရင်းအင်း အဖွဲ့၏ အစီရင်ခံစာများတွင် နှစ်စဉ် တနိုင်ငံလုံး ဓာတ်အား ထုတ်လုပ်မှု၏ ထက်ဝက် နီးပါးကို သုံးစွဲနေသော ရန်ကုန်မြို့သည် စစ်ကောင်စီ လက်ထက် လျှပ်စစ်ဓာတ်အားပေးဝေခြင်း စီမံခန့်ခွဲမှု အလွဲများကြောင့် မြို့နေ ပြည်သူများ အခက်အခဲများစွာ ဖြစ်လျက် ရှိသည်။
ထို့ကြောင့် ရန်ကုန်မြို့တွင် လျှပ်စစ်မီး ပြတ်တောက်ချိန်၌ ကြီးစိုးနေသည့် အသံမှာ မီးစက်သံများပင် ဖြစ်လာခဲ့သည်။
“လုပ်ငန်း လုပ်နေသူတွေ အဖို့က လျှပ်စစ်မီး မရလို့မှ မဖြစ်ဘဲ။ မီးပျက်တော့ မီးစက်နှိုးပြီး အလုပ် ဆက်လုပ်ကြရတာပေါ့။ အခုဟာက လျှပ်စစ်မီး အတွက်လည်း မီတာခ ဆောင်နေရသလို မီးစက်အတွက်လည်း ဆီ ဝယ်နေရတယ်။ လူထုက ဝန်ထုတ်ဝန်ပိုး အရမ်းဖြစ်နေပြီး မီတာ မဆောင်ရင် မီးဖြတ်မယ် ဆိုတော့ လူထုက မီတာ ဆောင်တယ်။ ဒါလည်း မီးက မလာဘူး ” ဟု ရန်ကုန်မြို့နေ ပြည်သူတဦးက ဆိုသည်။
ကမ္ဘာ့ဘဏ်၏ ၁၉၉၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ပြုစု မှတ်တမ်းတင်ထားသော မြန်မာနိုင်ငံ၏ လျှပ်စစ်ဆိုင်ရာ အချက်အလက်များအရ အာဆီယံဒေသအတွင်း နိုင်ငံများအနက် မြန်မာနိုင်ငံသည် လျှပ်စစ်ဓာတ်အား ပေးဝေခြင်းနှင့် လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှု မြင့်မားသော တိုင်းပြည်တခု အဖြစ် ပါဝင်နေကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် စစ်တပ် အာဏာမသိမ်းမီ ပြည်သူ့အစိုးရ လက်ထက်တွင် ရေအားနှင့် သဘာဝဓာတ်ငွေ့ စသော စွမ်းအင် အရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စီမံကိန်းများ ချမှတ်ထားသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အသစ် စတင်မည့် ဓာတ်အားပေးစီမံကိန်းများ အနေဖြင့် ရန်ကုန်တိုင်းတွင် ကျပ် ၅၂၈ ဒသမ ၁၄၃ ဘီလီယံ အသုံးပြု၍ အလုံ၊ သန်လျင်၊ သာကေတ နှင့် ဆိပ်ကြီးခနောင်တို စီမံကိန်း၊ ပဲခူးတိုင်းတွင် ကျပ် ၀ ဒသမ ၉၉၇ ဘီလီယံ ကုန်ကျမည့် ၂၀၈ မဂ္ဂါဝပ်၊ မကွေးတိုင်းတွင် ကျပ် ၆၆ ဒသမ ၃၈၇ ဘီလီယံ ကုန်ကျမည့် ၆၆ မဂ္ဂဝပ်ထွက် မကွေးစီမံကိန်း၊ ၂၀ မဂ္ဂဝပ် ထွက် ကျွန်းချောင်းစီမံကိန်း၊ ရခိုင်ပြည်နယ်တွင် ကျပ် ၁၀၀ ဒသမ ၁၃၈ ဘီလီယံ ကုန်ကျမည့် ၁၅၀ မဂ္ဂဝပ်ထွက် ကျောက်ဖြူစီမံကိန်း တို့ဖြစ်သည် ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန (MOEE) ၏ ထုတ်ပြန်ထားသော အချက်အလက်များတွင် ဖော်ပြထားသည်။
အလားတူ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆက်လက်ဆောင်ရွက်မည့် ဓာတ်အားပေးစီမံကိန်းများ အနေဖြင့် မန္တလေးတိုင်းတွင် ကျပ် ၁၄၁ ဒသမ ၈၂၅ ဘီလီယံ ကုန်ကျမည့် ၂၈၀ မဂ္ဂါဝပ်ထွက် အထက်ရဲရွာ စီမံကိန်း၊ ဧရာဝတီတိုင်းတွင် ကျပ် ၂၁ ဒသမ ဘီလီယံ ကုန်ကျမည့် ၂၃ မဂ္ဂါဝပ်ထွက် မြန်အောင်စီမံကိန်း၊ ရှမ်းပြည်နယ်တွင် ကျပ် ၈၄ ဒသမ ၉၇၅ ဘီလီယံ ကုန်ကျမည့် ၂၅၂ မဂ္ဂါဝပ်ထွက် အလယ်ပေါင်းလောင်း၊ ၆၇၀ မဂ္ဂါဝပ်ထွက် ရွှေလီ (၃)၊ ၅၁ မဂ္ဂါဝပ်ထွက် အထက်ကျိုင်းတောင်းစီမံကိန်း၊ ရခိုင်ပြည်နယ်တွင် ကျပ် ၅၀ ဒသမ ၁၀၉ ဘီလီယံ ကုန်ကျမည့် ၁၀၁ မဂ္ဂါဝပ်ထွက် သူဌေးကျွန်းစီမံကိန်းတို့ကို ဆောင်ရွက်သွားမည် ဟုလည်း MOEE ၏ မှတ်တမ်းများအရ သိရသည်။
လျှပ်စစ်ဓာတ်အား လုံလောက်စွာ မပေးနိုင်မှုကြောင့် ချက်ပြုတ် လျှော်ဖွပ်ရေးမှ အစ နောက်ဆက်တွဲ ပြသာနာများစွာ ရင်ဆိုင်နေကြရပြီး အချိန် ကြာမြင့်စွာ ပြတ်တောက်မှုကြောင့် ပြည်သူလူထု၏ ညည်းညူ သံများ ယခုကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာရခြင်း ဖြစ်သည်။
ထိုသို့ စီမံကိန်းများ ရှိခဲ့သော်လည်း ယင်းစီမံကိန်းများမှ ထွက်ရှိလာမည့် လျှပ်စစ် ဓာတ်အားများကို စစ်ကောင်စီက မည်သို့ စီမံခန့်ခွဲ၍ ပေးဝေနေသည်ကို ပြည်သူလူထုအား ရှင်းလင်းစွာ တင်ပြ ပြောဆိုထားခြင်း မရှိပေ။
ပြည်သူ့ အစိုးရက လျှပ်စစ်ထုတ်လုပ် ဖြန့်ချိရေးနှင့် ပတ်သတ်၍ စီမံခန့်ခွဲမှုကို အတတ်နိုင်ဆုံး ဆောင်ရွက် ပေးခဲ့သော်လည်း စစ်ကောင်စီ လက်ထက်တွင် ပြည်သူများ လျှပ်စစ်မီးမရသည့် ဒုက္ခကို ရင်ဆိုင်နေကြရသည်။
“ပြည်သူက ကျသင့် မီတာခကို ဘယ်လောက်ပဲ ဆောင်ဆောင် လျှပ်စစ်က ပုံမှန် မရလာဘူး။ စစ်ခေါင်းဆောင် လုပ်ချင်တဲ့ ပွဲတော်တွေမှာတော့ လျှပ်စစ်မီးကို လွန်လွန်ကဲကဲ သုံးနေတာ တွေ့ရတယ်။ ပြောရရင်တော့ ငါးတကာ ပါတဲ့ချေး ပုစွန်ခေါင်းမှာ စုခံစေ ဆိုတဲ့ စကားအတိုင်း နောက်ဆုံး လူထုပဲ နစ်နာရတာပေါ့” ဟု လွှတ်တော် ကိုယ်စားလှယ်ဟောင်း တဦးက မှတ်ချက်ပြုသည်။
လက်ရှိ လျှပ်စစ်မီး ပြတ်တောက်မှုနှင့် ပတ်သက်၍ စစ်ကောင်စီက PDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူများ မိုင်းဖောက်ခွဲ ဖျက်ဆီး၍ ဓာတ်အားပေးစက်ရုံ အချို့နှင့် ဓာတ်အားလိုင်း တာဝါတိုင်များ ဖြိုလဲ ဖျက်ဆီးခံရခြင်းကြောင့် ဖြစ်ကြောင်းနှင့် ရေအားလျှပ်စစ်နှင့် လည်ပတ်လျက် ရှိသော ဓာတ်အားပေး စက်ရုံများလည်း ရေအားနည်းလာသည့်အတွက် လျှပ်စစ် ထုတ်လုပ်မှု ပမာဏ ကျဆင်းခြင်းများ ရှိမည်ဟုလည်း ပြောဆိုပြန်သည်။
လျှပ်စစ်မီး ပုံမှန် မရရှိသော်လည်း စစ်ကောင်စီက ဓာတ်အားခငွေ လက်ခံ ကောင်တာများကို အပတ်စဉ် နံနက် ၈ နာရီမှ ညနေ ၃ နာရီထိ ဖွင့်လှစ်ထားကြောင်း အမြဲပင် ထုတ်ပြန်လေ့ရှိသည်။
လျှပ်စစ်မီး ပုံမှန် မလာခြင်းနှင့် ပြတ်တောက်ချိန် ကြာမြင့်ခြင်း တို့ကြောင့် ရန်ကုန်မြို့ အပါအဝင် အခြား တိုင်းနှင့် ပြည်နယ်များ အတွင်းရှိ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) နှင့် တပိုင်တနိုင် စီးပွားရေး လုပ်ငန်းများ အခက်အခဲများစွာ ကြုံတွေ့ လာကြရသည်။
“SME လုပ်ငန်းနဲ့ ပတ်သက်ပြီးပြောရရင် ထုတ်လုပ်မှုဆိုတာက ထိပ်ဆုံးက ပါတယ်။ ဘယ်မှာလဲ လျှပ်စစ်မီး ပုံမှန်ရရှိမှု၊ လက်လီလက်ကား ရောင်းဝယ် ဖောက်ကားဖို့ ဘယ်မှာလဲ လမ်းပန်း ဆက်သွယ်ရေး လုံခြုံ စိတ်ချရမှု ဒါတွေကို မေးချင်တယ်။ ဘာတခုမှ အဆင်ပြေပြေ လုပ်ကိုင်စားသောက်ရတာ မရှိတော့ဘူး။ ကုန်ပစ္စည်း ပို့တော့လည်း လမ်းမှာ လူစစ် မစစ်ဘူး။ အကုန်မွှေနှောက်၊ အကြောင်း ရှင်းပြတော့လည်း လက်မခံဘူး။ သတင်းစာထဲမှာ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေး ဆိုတာမျိုး ပြောလို့ မရဘူး။ အောက်ခြေကို ဘယ်နှစ်ခါများ ဆင်းကြည့်သလဲ “ဟု မိတ္ထီလာမြို့ရှိ လုပ်ငန်းရှင် တဦးက ပြောသည်။
ပြီးခဲ့သော အောက်တိုဘာ ၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် SME လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က SME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရန် ချေးငွေများ ထုတ်ပေးမည် ဖြစ်ကြောင်း ၊ ဒေသထွက် ကုန်ကြမ်းများကို အခြေခံသော ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် စက်မှုလုပ်ငန်းမှ ထုတ်ကုန်များ တိုးမြှင့်သွားရန် ပြောဆိုခဲ့သည်။ သို့သော် လျှပ်စစ်ဓာတ်အားက ပုံမှန် မရရှိပေ။
လျှပ်စစ်ဓာတ်အား လုံလောက်စွာ မပေးနိုင်မှုကြောင့် ချက်ပြုတ် လျှော်ဖွပ်ရေးမှ အစ နောက်ဆက်တွဲ ပြသာနာများစွာ ရင်ဆိုင်နေကြရပြီး အချိန် ကြာမြင့်စွာ ပြတ်တောက်မှုကြောင့် ပြည်သူလူထု၏ ညည်းညူ သံများ ယခုကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာရခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ လျှပ်စစ်မီး ရရှိမှု အနည်းဆုံး ကာလသည် နွေရာသီ ဖြစ်လင့်ကစား ယင်းအချိန် မတိုင်မီ မီးပျက်တောက်မှုများ ကြုံတွေ့နေကြရာ နွေရာသီသို့ ရောက်လျှင် မတွေးရဲစရာပင် ဖြစ်သည်ဟု မှတ်ချက်ပြု ပြောဆိုနေသည့် စကားများလည်း လူထုအကြား ကျယ်ကျယ်လောင်လောင် ထပ်မံ ထွက်ပေါ် လျက် ရှိသည်။
You may also like these stories:
မီးပျက်ချိန် များသဖြင့် မန္တလေးရှိ အသေးစားလုပ်ငန်းအချို့ ရပ်နား
စစ်ကောင်စီလက်အောက်က UMFCCI ခေါင်းဆောင်မှုသစ် ဘယ်လောက်စွမ်းသလဲ
တရုတ် လော့ဒေါင်း ဖြေလျှော့၍ မြန်မာ့ ဖရဲ၊ သခွား ဈေးကွက် ပြန်ကောင်းလာ
ကမ္ဘာ့ဖလား ဂျာစီအင်္ကျီတွေ ဘယ်သူချုပ်သလဲ