• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

နမ့်ဆန်တိုက်ပွဲနှင့် နောက်ဆက်တွဲ အလားအလာ

by အိုက်မောင်
12 December 2022
in ဆောင်းပါး
A A
စစ်ရေးလှုပ်ရှားနေသည့် TNLA တပ်ဖွဲ့ဝင် တဦး

စစ်ရေးလှုပ်ရှားနေသည့် TNLA တပ်ဖွဲ့ဝင် တဦး

43k
VIEWS
Share on FacebookShare on Twitter

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့ နမ့်ဆန်ဒေသတွင်း ဖြစ်ပွားသည့် စစ်ကောင်စီတပ်နှင့် TNLA ခေါ် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်၏ တိုက်ပွဲက ထူးခြားဖြစ်စဉ်ဟု ဆိုရမည်။

TNLA ဖွဲ့စည်းပြီး ၂၀၁၂ ခုနှစ်မှ ယခုကာလအထိ မြန်မာစစ်တပ်နှင့် TNLA ကြား တိုက်ပွဲများကို ကြည့်ပါက ၂၀၁၂၊ ၂၀၁၃ ခုနှစ်များအတွင်း တိုက်ပွဲ ဆယ်ဂဏန်းအချို့သာ ရှိသော်လည်း ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈ စသည့် ၅ နှစ်အတွင်း တနှစ်လျှင် တိုက်ပွဲ ၁၀၀ ကျော်မှ ၂၀၀ ကျော်အထိ ရှိခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် တိုက်ပွဲပေါင်း ၃၀၀ ကျော်အထိ မြင့်တက်ခဲ့သည်ကိုတွေ့ရ၏။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
10k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
2.9k
မြိတ်မြို့

မြိတ်မြို့

11 May 2025
569

၂၀၂၀ ပြည့်နှစ်တွင် TNLA နှင့် မြန်မာစစ်တပ်ကြား တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့သေး၏။ သို့သော် စစ်တပ် အာဏာသိမ်းသည့် ၂၀၂၁၊ ၂၀၂၂ ခုနှစ်များအတွင်း မြန်မာစစ်တပ်နှင့် TNLA ကြား တိုက်ပွဲများ သိသိသာသာ လျော့ကျသွားခဲ့၏။ ၂၀၂၁ ခုနှစ်အတွင်း ၁၅ ကြိမ်နှင့် ၂၀၂၂ ခုနှစ်အတွင်း စက်တင်ဘာလအထိ ၆ ကြိမ်သာ ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။ ဤသို့ဆို၍ TNLA အနေနှင့် စစ်မတိုက်ဘဲ ငြိမ်နေသည်ဟု မဆိုသာပေ။ ထို ၂ နှစ်အတွင်း နယ်မြေစိုးမိုး ထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး TNLA နှင့် RCSS ကြား တိုက်ပွဲများစွာ ဖြစ်ပွားခဲ့၏။

၂၀၂၁ နှင့် ၂၀၂၂ အတွင်း RCSS နှင့် TNLA ကြား နယ်မြေထိန်းချုပ်ရေး တိုက်ပွဲများကြောင့် စကစတပ်နှင့် TNLA ကြား ကြီးမားသည့် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသည့်အပြင် စကစမှ TNLA အား အပစ်ရပ်ရေး ညှိနှိုင်းရန် ဖိတ်ခေါ်နေသည့် အခြေအနေများ ရှိနေသောကြောင့် စကစနှင့် TNLA ကြား တိုက်ပွဲများ မပေါ်နိုင်ဟု အများက ယူဆနေသည့်အချိန်တွင် TNLA ထိမ်းချုပ်ရာ နမ့်ဆန်ဒေသတွင် ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

၂၀၂၁ နှင့် ၂၀၂၂ အတွင်း RCSS နှင့် TNLA ကြား နယ်မြေထိန်းချုပ်ရေး တိုက်ပွဲများကြောင့် စကစတပ်နှင့် TNLA ကြား ကြီးမားသည့် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသည့်အပြင် စကစမှ TNLA အား အပစ်ရပ်ရေး ညှိနှိုင်းရန် ဖိတ်ခေါ်နေသည့် အခြေအနေများ ရှိနေသောကြောင့် စကစနှင့် TNLA ကြား တိုက်ပွဲများ မပေါ်နိုင်ဟု အများက ယူဆနေသည့်အချိန်တွင် TNLA ထိမ်းချုပ်ရာ နမ့်ဆန်ဒေသတွင် ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်နေ့မှ ဒီဇင်ဘာ ၁၁ ရက်နေ့ထိ ၅ ရက်တိုင် နေ့‌ရောညပါ ပြင်းထန်သောတိုက်ပွဲများ၊ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ရာ အားလုံးအတွက် စိတ်ဝင်စားဖွယ် ဖြစ်ခဲ့တော့သည်။ ထို့ပြင် ထိုတိုက်ပွဲကို စကစဘက်က စတင်ခဲ့ရာ ပို၍ စိတ်ဝင်စားခဲ့ကြ၏။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားနေကြသည့် TNLA တပ်များ / ဧရာဝတီ

တိုက်ပွဲစတင်သည့်အချိန်မှာ ၂၀၂၂ ပြည့်နှစ်၊ ဒီဇင်လာလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်တွင် ဖြစ်၏။ နမ့်ဆန့်မြို့ အနောက်မြောက်ဘက်၊ မန်တုံမြို့၏ တောင်ဘက်၊ မိုးမိတ်မြို့၏ အရှေ့မြောက်ဘက်ခန့်တွင် ရှိသည့် ကုန်းသာ ခေါ် ရူဘြာန်ရွာ၊ ဟူမန်းရွာ၊ ပန်လော့ရွာ၊ မန်လုံရွာ တဝိုက်တွင် စကစ၏ ရဟတ်ယာဉ် ၅ စင်း ဖြန့်ခွဲဆင်းသက်ခဲ့ပြီး စစ်အင်အားများ ချထားခဲ့သည်။ ရဟတ်ယာဉ်တစင်းလျှင် အင်အား ၂၀ မှ ၂၅ ဦးခန့် ပါဝင်သဖြင့် စကစ စစ်အင်အား ၁၀၀ မှ ၁၂၅ ဦးခန့်ဖြင့် TNLA ထိန်းချူပ်နယ်မြေ (ဝါ) TNLA စခန်းတခုခုအား အလစ်အငိုက် ဝင်ရောက်စီးနင်းရန် ကြိုးပမ်းရာမှ တိုက်ပွဲစတင်ခဲ့၏။

စကစ တပ်များအတွက် ကံဆိုးသည်မှာ ၅ စင်းအနက် တစင်းမှာ TNLA တပ်ဖွဲ့ဝင်များ အသင့်နေရာယူထားသည့် တောင်ကုန်းတခုအနီး ဆင်းသက်မိသဖြင့် ထိုစကစ စစ်သားများသည် မြေပြင်ရောက်ပြီး မကြာမီ ဆီးကြိုပစ်ခတ် တိုက်ခိုက်ခံခဲ့ရတော့၏။ ထို့ပြင် စကစ က အလစ်အငိုက်ယူရန် ကြိုးပမ်းခဲ့သော်လည်း ထိုဒေသအတွင်း ကြိမ်ဖန်များစွာ လေ့ကျင့်ထားခဲ့ကြသော TNLA တပ်ဖွဲ့ဝင်များက တနာရီခန့်အကြာ ညနေ ၄ နာရီခန့်တွင် ဝင်ရောက်စီးနင်းသည့် စကစ တပ်ဖွဲ့နေရာ အားလုံးကို ပြန်လည် တိုက်ခိုက်နိုင်ခဲ့ပြီး နမ့်ဆန်ဒေသတိုက်ပွဲကြီး စတင်ခဲ့၏။ စကစမှလည်း နမ့်ဆန်နှင့်မန်တုံမှ အမြောက်ပစ်ကူများ ပစ်ပေးခဲ့၏။ TNLA တပ်ဖွဲ့ကမူ ၎င်းတို့ဒေသအတွင်း ဝင်လာသည့် စကစ စစ်ကြောင်းအား ဝိုင်းပတ် ပိတ်ဆို့ထားပြီး တဆင့်ချင်း တိုက်ခိုက်မှုများ စတင်ခဲ့သည်။

သို့ဖြစ်ရာ စကစ တပ်များ အခြေမလှသဖြင့် ည ၉ နာရီခန့်တွင် လေယဉ် ၂ စင်းဖြင့် ဗုံးကြဲခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု စတင်ခဲ့၏။ ထို့နောက် ဒီဇင်ဘာ ၈ ရက်နေ့ မနက် ၄ နာရီမှစ၍ ဂျက်လေယာဉ် ၂ စင်းဖြင့် စတင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ညနေ ၆ နာရီအထိ ဂျက်လေယာဉ် ၂ စင်းဖြင့် ၆ ကြိမ်၊ ရဟတ်ယဉ် ၂ စင်းဖြင့် ၆ ကြိမ် တနေကုန် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့၏။ ထို့ပြင် ညနေ ၄ နာရီခွဲခန့်တွင် ရဟတ်ယာဉ် ၂ စင်းဖြင့် အဆိုပါ စကစ စစ်ကြောင်းအား လူအင်အား ၄၀ မှ ၅၀ ခန့် ထပ်မံ ဖြည့်တင်းပေးခဲ့သည်ကို တွေ့ရ၏။

စကစ တပ်များ အခြေမလှသဖြင့် ည ၉ နာရီခန့်တွင် လေယဉ် ၂ စင်းဖြင့် ဗုံးကြဲခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု စတင်ခဲ့၏။ ထို့နောက် ဒီဇင်ဘာ ၈ ရက်နေ့ မနက် ၄ နာရီမှစ၍ ဂျက်လေယာဉ် ၂ စင်းဖြင့် စတင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ညနေ ၆ နာရီအထိ ဂျက်လေယာဉ် ၂ စင်းဖြင့် ၆ ကြိမ်၊ ရဟတ်ယဉ် ၂ စင်းဖြင့် ၆ ကြိမ် တနေကုန် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့၏။

သို့သော်လည်း ဒီဇင်ဘာလ ၉ ရက်နေ့တွင် စကစ စစ်ကြောင်းများ နေရာယူထားသည့် ဟူမန်း၊ ပန်ကျရော့၊ မန်လုံ၊ ပိန်းလုံ (တောင်ရိုးဘုရားလမ်းကြောင်း) တို့အား TNLA တပ်ဖွဲ့ဝင်များက ပြန်လည် သိမ်းပိုက်မိပြီး စကစ စစ်ကြောင်းအား ကုန်းသာ ခေါ် ရူဘြာန်ရွာ ဝန်းကျင်တွင် ပိတ်ဆို့ထားနိုင်ခဲ့သည်။ စကစ စစ်ကြောင်းလည်း အထိအခိုက် အကျအဆုံးများ ရှိခဲ့သလို TNLA က ဖမ်းမိရရှိသူများလည်း ရှိခဲ့သည်ဟု မြေပြင်သတင်းများက ဆို၏။ စကစ ကလည်း ဒီဇင်ဘာလ ၉ ရက်နေ့တွင် လေယာဉ် ၂ စင်းဖြင့် ၄ ကြိမ်၊ ရဟတ်ယာဉ် ၃ စင်းဖြင့် ၄ ကြိမ် လေကြောင်းမှ တိုက်ခိုက်ခဲ့သကဲ့သို့ နမ့်ဆန်နှင့် မန်တုံမှ အမြောက်ပစ်ကူများ ဆက်တိုက် ပစ်ခတ်ပေးခဲ့သည်ကို တွေ့ရ၏။

ဒီဇင်ဘာ ၁၀ ရက်နေ့တွင် မနက် ၆ နာရီမှစ၍ ဂျက်လေယဉ် ၂ စင်းဖြင့် ၅ ကြိမ်၊ ရဟတ်ယာဉ် ၂ စင်းမှ ၃ စင်းအထိ အသုံးပြုပြီး ၆ ကြိမ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့၏။ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ဂျက်လေယာဉ် ၂ စင်းမှ ၃ စင်းနှင့် ရဟတ်ယာဉ် ၂ စင်းမှ ၃ စင်းအထိ အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ်ခန့် ပြုလုပ်ခဲ့၏။ ထို့ပြင် နမ့်ဆန်မြို့သို့လည်း ရဟတ်ယာဉ် ၃ စင်း အသုံးပြုပြီး ခဲယမ်းနှင့် လူအင်အားအချို့ ဖြည့်တင်းခဲ့၏။

မြေပြင်အနေအထားကို ကျွမ်းကျင်သော TNLA တပ်သားများ ဝိုင်းပတ်ပိတ်ဆို့မှုကို စစ်ကောင်စီတပ်များ လေကြောင်းအကူအညီဖြင့် ထိုးဖောက်နေရသည်

ည ၉ နာရီခန့်တွင် ကုန်းသာ တဝိုက်တွင်သာမက မိုးမိတ်ဘက်သို့ ဆင်းသည့်လမ်းတွင်ရှိသည့် ရေပုံးရွာသို့ပါ ဗုံးကြဲခဲ့သည်ကို တွေ့ရ၏။ သို့ဖြစ်ရာ ဒီဇင်ဘာ ၁၁ ရက်ညတွင် စကစ စစ်ကြောင်းမှ လက်ကျန် စစ်အင်အားများ ဆုတ်ခွာ ထွက်ပြေးရသည်ဟု မြေပြင်သတင်းများအရ သိရ၏။ အလစ်အငိုက်ရယူသည့် အင်အား ၁၄၀ မှ ၁၇၅ ဦး ခန့်ရှိသည့် စကစ တပ်အင်အားမှာ အများစု ချေမှုန်းသုတ်သင်ခံရ၊ ဖမ်းဆီးခံရပြီး လက်ကျန် ၂၀ ကျော်ခန့်သာ ထိုးဖောက် ထွက်ပြေးရန် ကြိုးစားနေသည်ဟု မြေပြင်သတင်းများက ဆိုပါသည်။ သို့သော်လည်း ထိုသူများမှာလည်း TNLA ၏ အဆင့်ဆင့် ဝိုင်းပတ်ပိတ်ဆို့မှုကြောင့် ဖောက်ထွက်နိုင်ရန် ခက်ခဲသည်ဟု မြေပြင် သတင်းအရင်းအမြစ်များအရ သိရ၏။ သို့သော် TNLA တပ်ဖွဲ့မှ တရားဝင် သတင်းထုတ်ပြန်မှုတော့ မရှိသေးပါ။

ဒီဇင်ဘာ ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ ၄ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ ခန့် ပြုလုပ်ခဲ့သည်ဟု ဒေသခံ သတင်းဌာတခုဖြစ်သည့် ရွှေဖီမြေသတင်းဌာနက ဖော်ပြသည်ကို တွေ့ရ၏။ ဒီဇင်ဘာ ၁၁ ရက်နေ့ပါဆိုလျှင် အကြိမ် ၄၀ ကျော်ခန့် ရှိမည်ဖြစ်၏။ အရပ်သားများ၏ အတွေ့အကြုံအရ လေကြောင်းတိုက်ခိုက်မှု အမြောက်အများ ပြုလုပ်ခြင်းကိုကြည့်ပြီး စစ်တပ် အထိနာနေသည်ကို တွက်ဆ၍ရ၏ဟု ဆိုကြပါသည်။

တိုက်ပွဲများအတွင်း လူနေအိမ်အချို့နှင့် ဘုန်းကြီးကျောင်းဆောင်တခု မီးလောင်ပျက်စီးခဲ့ပြီး စစ်ဘေးဒုက္ခသည် ၂,၀၀၀ ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးနေရသည်ဟု ဆို၏။

အလစ်အငိုက်ရယူသည့် အင်အား ၁၄၀ မှ ၁၇၅ ဦး ခန့်ရှိသည့် စကစ တပ်အင်အားမှာ အများစု ချေမှုန်းသုတ်သင်ခံရ၊ ဖမ်းဆီးခံရပြီး လက်ကျန် ၂၀ ကျော်ခန့်သာ ထိုးဖောက် ထွက်ပြေးရန် ကြိုးစားနေသည်ဟု မြေပြင်သတင်းများက ဆိုပါသည်။ သို့သော်လည်း ထိုသူများမှာလည်း TNLA ၏ အဆင့်ဆင့် ဝိုင်းပတ်ပိတ်ဆို့မှုကြောင့် ဖောက်ထွက်နိုင်ရန် ခက်ခဲသည်

၂၀၂၁ နှင့် ၂၀၂၂ အတွင်း စကစ တပ်များက ရဟတ်ယဉ်အသုံးပြုပြီး ဝင်ရောက်စီးနင်းခြင်းကို စစ်ကိုင်းနှင့် မကွေးတိုင်းအတွင်း အကြိမ်အချို့ ပြုလုပ်သည်ကို တွေ့ရ၏။ အနည်းဆုံး တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စင်းခန့် အသုံးပြု ပစ်ခတ်ပေးပြီး ရဟတ်ယဉ် ၄ စင်းခန့်ဖြင့် လူသယ်ကာ ဝင်ရောက်စီးနင်းခြင်း ဖြစ်၏။ ထိုနည်းကို အောင်မြင်သည်ဟု စကစ က ယူဆပုံရ၏။ တကယ်တမ်းတွင် ထိုသို့ အောင်မြင်သည့်ဟု ၎င်းတို့ ယူဆနေသည့် စစ်ကိုင်း၊ မကွေးတိုင်းများရှိ PDF များ၊ ဒေသခံ PDF များ၏ လေ့ကျင့်စုဖွဲ့မှု အသားမကျသေးခြင်း၊ တိုက်ပွဲအတွေ့အကြုံ နည်းနေသေးခြင်းနှင့် စစ်လက်နက်ခဲယမ်း မလုံလောက်ခြင်းတို့ကြောင့် ဖြစ်၏။

တကယ်တမ်း လေ့ကျင့်သားပြည့်ဝပြီး အတွေ့အကြုံလည်းရှိ လက်နက်ခဲယမ်းလည်း လုံလောက်ပြည့်စုံမှုရှိသည့် တပ်ဖွဲ့များနှင့်တွေ့လျှင် စကစ တပ်များ၏ လေကြောင်းချီတက် တိုက်ခိုက်မှုသည် အောင်မြင်မှု မရရှိပေ။

‌စကစ၏ လေကြောင်းချီတိုက်ခိုက်မှု ကျဆုံးခြင်းနှင့် ပတ်သက်ပြီးဆိုရလျှင် နမ့်ဆန်တိုက်ပွဲသည် ပထမအကြိမ်တော့ မဟုတ်ပေ။ ဒုတိယအကြိမ်ဟု ဆိုရမည်။ ပထမအကြိမ်မှာ ၂၀၂၀ ပြည့်နှစ်၊ မတ်လနှင့် ဧပြီလများအတွင်း ဖြစ်ပွားသည့် ရခိုင်ပြည်နယ်၊ ကျောက်တော် မြောက်ဘက်တွင် ဖြစ်ပွားသည့် မီးဝ ရက် ၄၀ တိုက်ပွဲတွင် ဖြစ်၏။ ထိုစဉ်ကလည်း အဝိုင်းခံထားရသော စကစ တပ်များကို ကယ်တင်ရန် တိုက်ခိုက်ရေး ရဟတ်ယာဉ် ၄ စင်း၊ သယ်ယူပို့ ဆောင်ရေး ရဟတ်ယာဉ် ၄ စင်းဖြင့် တပ်မ ၇၇ လက်အောက်ခံ ခမရ ၇ အား စေလွှတ်ခဲ့ရာ တပ်ဖွဲ့တခုလုံးကို AA က ချေမှုန်းခဲ့ပြီး တပ်ရင်းမှူးအပါ လူဦးရေ ဆယ်ဂဏန်းအချို့ အဖမ်းခံခဲ့ရ၏။ ယခုအချိန်ထိ ထိုတပ်ရင်းမှူးအား AA က ပြန်လွှတ်သည်ကိုပင် မတွေ့ရသေးပေ။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားနေကြသည့် TNLA တပ်များ / ဧရာဝတီ

တကယ်တွင် လက်ရှိတိုက်ပွဲဖြစ်ပွားရာ ကုန်းသာဒေသသို့ မြေပြင်မှ ဝင်ရန် သီပေါ-နမ္မတူ၊ ကျောက်မဲ-နမ့်ဆန်၊ မိုးမိတ်-ရေပုံး တို့မှ ပိုနီးပြီး နမ့်ခမ်း-မုန်းဝီး၊ နန့်ဖတ်ကာ-နန့်ခိုင်တို့မှ အတန်ငယ် အလှမ်းဝေးသည်။ သို့သော်လည်း ထိုလမ်းကြောင်းများမှဝင်လျှင် TNLA တပ်ဖွဲ့များ၏ တလမ်းလုံး ဖြတ်တောက်ပိတ်ဆို့မှုကို ခံရမည်ဖြစ်၍ ချီတက်ခြင်း မပြုနိုင်သည့်အပြင် လက်တွေ့တွင်လည်း စကစ စစ်ကြောင်း ပိတ်ဆို့ခံရသော်လည်း မြေပြင်စစ်ကူ စေလွှတ်နိုင်ခြင်း မရှိပေ။ ထို့ပြင် ဝိုင်းပတ်ခံရသော စစ်ကြောင်းအား TNLA က ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ရာ ရဟတ်ယာဉ်များကိုလည်း စက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ထိခိုက်မှုရှိနေရာ ရဟတ်ယဉ်ဖြင့်လည်း ပြန်၍ ကယ်ထုတ်နိုင်ခြင်း မရှိတော့ပေ။

စကစ၏ လေကြောင်းချီတိုက်ခိုက်မှု ကျဆုံးခြင်းနှင့် ပတ်သက်ပြီးဆိုရလျှင် နမ့်ဆန်တိုက်ပွဲသည် ပထမအကြိမ်တော့ မဟုတ်ပေ။ ဒုတိယအကြိမ်ဟု ဆိုရမည်။ ပထမအကြိမ်မှာ ၂၀၂၀ ပြည့်နှစ်၊ မတ်လနှင့် ဧပြီလများအတွင်း ဖြစ်ပွားသည့် ရခိုင်ပြည်နယ်၊ ကျောက်တော် မြောက်ဘက်တွင် ဖြစ်ပွားသည့် မီးဝ ရက် ၄၀ တိုက်ပွဲတွင် ဖြစ်၏။

သို့ဖြစ်ရာ လေကြောင်းပစ်ကူကို ပေါပေါများများသုံး၍ ကူညီရန် ကြိုးစားခဲ့သော်လည်း အရာမထင်ဟု ဆိုရမည်။ စကစ ခေါင်းဆောင်များသည် အမေရိကန်စစ်ကားများကို အကြည့်များပုံရ၏။ အမေရိကန်စစ်တပ်၏ လေကြောင်းချီ စစ်ဆင်ရေးများကို အားကျနေပုံရ၏။ သို့သော် လက်တွေ့တွင် စကစ တပ်များ၏ လေကြောင်းချီ တိုက်ခိုက်မှုများသည် စနစ်တကျ စုဖွဲ့လေ့ကျင့်ထားပြီး လက်နက်ခဲယမ်း ပြည့်စုံသော တော်လှန်ရေးတပ်ဖွဲ့များကို ရင်ဆိုင်နိုင်စွမ်း မရှိကြောင်း မီးဝတိုက်ပွဲ၊ နမ့်ဆန်တိုက်ပွဲများက ပြသနေသည်။

လက်ရှိ နမ့်ဆန်တိုက်ပွဲ အကျိုးဆက်ကို မျှော်ကြည့်ပါက အထိနာသွားသော စကစသည် ၎င်း၏ ဂုဏ်သိက္ခာ ဆယ်ရန်အတွက် တအာင်းဒေသသို့ မြေပြင်တပ်များ အသုံးပြုပြီး ထိုးစစ်ဆင်လာမည်လော။ (စစ်ရေးအကဲခတ်များက ရှမ်းမြောက်တွင် စစ်မျက်နှာအသစ်ဖွင့်သော စကစကို မိုက်မဲသည်ဟု ဆိုကြ၏။ တွင်းတူး၍ မိုက်နေသော စကစ အတွက် ပို၍ထူးဟန်မတူပါ။)

TNLA က နေရာအနှံ့အပြားတွင် တိုက်ပွဲ ပြန်လည် ဖော်လာမည်လော။ သို့မဟုတ် ယနေ့ကာလတွင် အပစ်ရပ်ရေး၊ ဆွေးနွေးရေးဆိုသည်မှာ မိမိအဖွဲ့အစည်း အကျိုးရှိအောင် အသုံးပြုကြသည့် နည်းလမ်းတခုဖြစ်ရာ ထိုနည်းလမ်းကို အသုံးပြု၍ မိမိအဖွဲ့အစည်း အသာရရေး၊ အကျိုးရှိရေး လုပ်ဆောင်ကြမည်လော။

သို့မဟုတ် TNLA က နေရာအနှံ့အပြားတွင် တိုက်ပွဲ ပြန်လည် ဖော်လာမည်လော။ သို့မဟုတ် ယနေ့ကာလတွင် အပစ်ရပ်ရေး၊ ဆွေးနွေးရေးဆိုသည်မှာ မိမိအဖွဲ့အစည်း အကျိုးရှိအောင် အသုံးပြုကြသည့် နည်းလမ်းတခုဖြစ်ရာ ထိုနည်းလမ်းကို အသုံးပြု၍ မိမိအဖွဲ့အစည်း အသာရရေး၊ အကျိုးရှိရေး လုပ်ဆောင်ကြမည်လော ဟူသည့် အလားအလာများစွာကို တွေ့မြင်ရဦးမည်ဖြစ်၏။

မည်သို့ပင်ဖြစ်စေ စကစသည် TNLA ၏ အရေးပါသော နေရာဒေသကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး TNLA ၏ ဂုဏ်သိက္ခာကို ထိပါးစေခဲ့သည်ဖြစ်ရာ TNLA အနေနှင့် စကစ အား ပို၍ အယုံအကြည်ကင်းမဲ့ခြင်း၊ ခါးသီးခြင်းကိုမူ စကစ တို့ ရှောင်လွှဲရန် မဖြစ်နိုင်တော့ပေ။

(အိုက်မောင်သည် တိုင်းရင်းသားရေး လေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

နမ့်ဆန်တွင် စစ်ကောင်စီတပ်ကို TNLA ဝိုင်းပတ်ပိတ်ဆို့ထား

ရှမ်းပြည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တွေ့ဆုံဆွေးနွေးရေး ဖြစ်နိုင်ပါ့မလား

TNLA ၏ ဆက်ကြေးကောက်မှု နမ့်ခမ်းမြို့မ ဈေးသည်များ ဈေးပိတ် ဆန္ဒပြမည်

Your Thoughts …
Tags: PDFTNLAစစ်ကောင်စီစစ်အာဏာသိမ်းမှုတအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်တိုက်ပွဲနမ့်ဆန်ဗုံးကြဲတိုက်ခိုက်မှုလေကြောင်းတိုက်ခိုက်မှုအမြောက်ပစ်ကူ
အိုက်မောင်

အိုက်မောင်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.1k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.2k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ  / U Khin Yi Facebook

ဦးခင်ရီကို USDP လုပ်ဖော်ကိုင်ဘက်ဟောင်းများ ထောက်ခံ

သေဒဏ် ချမှတ်ခြင်းခံရသော ဒဂုံတက္ကသိုလ် ကျောင်းသားများ / ဒဂုံတက္ကသိုလ်ကျောင်းသား သမဂ္

အမေမျှော်တဲ့ သားပြန်လမ်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
6.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate