စစ်ကောင်စီသည် ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်မှ အနုပညာရှင်အချို့နှင့် ပူးပေါင်းကာ ဝါဒဖြန့်ချိရေး ဖျော်ဖြေ တင်ဆက်မှုများ ဆက်တိုက်လုပ်လာနေသည်။
ပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ် တော်လှန်ရေးတွင် စိတ်ဝင်စားမှု လျော့ကျလာစေရန်အတွက် ဖျော်ဖြေ တင်ဆက်မှုများအား ပုံစံမျိုးစုံဖြင့် ပြုလုပ်နေခြင်း ဖြစ်သည်။
စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေးနှင့် စည်းရုံးလှုံ့ဆော်ရေး လုပ်ငန်းများအတွက် အဓိက ကူညီ ပုံဖော်ပေးနေသူမှာ Forever Group ဖြစ်သည်ဟု အနုပညာရှင်အချို့က ဆိုကြသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်နေ့ ရဲတပ်ဖွဲ့နေ့တွင် ထုတ်လွှင့်ခဲ့သော ရုပ်ရှင် ဇာတ်လမ်းတွဲ ရိုက်ကူးရေးအတွက် Forever Group မှ အဓိက ပံ့ပိုးပေးခဲ့ပြီး လာမည့် တပ်မတော်နေ့တွင် ပြသမည့် ရုပ်ရှင် ဇာတ်လမ်း ရိုက်ကူးရေးအတွက်လည်း Forever Group မှ ပံ့ပိုး ကူညီနေသည်။
စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေးနှင့် စည်းရုံးလှုံ့ဆော်ရေး လုပ်ငန်းများအတွက် အဓိက ကူညီ ပုံဖော်ပေးနေသူမှာ Forever Group ဖြစ်သည်ဟု အနုပညာရှင်အချို့က ဆိုကြသည်။
မကြာသေးခင်က နေပြည်တော် မြို့တော်ခန်းမတွင် ၅ ရက်ကြာ ကပြ ဖျော်ဖြေခဲ့သည့် ပွဲကိုလည်း Forever Group က အ ကောင်အထည်ဖော်ပေးခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ လုပ်ဆောင်နိုင်ရန်အတွက် စစ်ကောင်စီက ငွေကြေး၊ မြေယာနှင့် လုပ်ပိုင်ခွင့်များအား ထောက်ပံ့ပေးထားသည်။
Forever Group ၏ အကြီးအကဲမှာ ဦးဝင်းမော်ဖြစ်ပြီး ဒုတိယအကြီးအကဲမှာ စစ်ထောက်လှမ်းရေးဟောင်း ဦးသိန်းထွန်းအောင် ဖြစ်သည်။
Foerver Group သည် မြန်မာနိုင်ငံတွင် ရုပ်သံ ချန်နယ်နှင့် FM လိုင်းတို့အား နဝတ/နအဖ လက်ထက်ကတည်းက တည်ထောင်လုပ်ပိုင်ခွင့်ရသူ ဖြစ်သည်။ Forever Group က ထုတ်လွှင့်သော ရုပ်သံလိုင်းများမှာ MRTV-4 ၊ Channel 7 အပါအဝင် ရုပ်သံ ချန်နယ် ၄ ခုနှင့် Mandalay FM တို့ ဖြစ်သည်။
ဦးဝင်းမော်သည် သင်္ဘောသား အလုပ်လုပ်ကိုင်ခဲ့ဖူးပြီး Forever နာမည်နှင့် ကွန်ပျူတာပစ္စည်းများ တင်သွင်းခြင်း၊ Digital သင်တန်းနှင့် ရုပ်ရှင်အနုပညာသင်တန်းကျောင်းတို့ကို လုပ်ကိုင်ခဲ့သည်။
MMDC သင်တန်းကျောင်းသည် ဦးဝင်းမော်ပိုင်ဆိုင်သည့် သင်တန်းကျောင်းတခုလည်း ဖြစ်သည်။
ထို့နောက် လွတ်လပ်သော သတင်းမီဒီယာများကို တန်ပြန်ရန် “မီဒီယာကို မီဒီယာနဲ့ တိုက်မယ်” ဟု ဟစ်ကြွေးခဲ့သော ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်း လက်ထက်တွင် MRTV-4 ရုပ်သံချန်နယ်လုပ်ငန်းအား လုပ်ခွင့်ရခဲ့ပြီးနောက် ဦးဝင်းမော်သည် ချမ်းသာ ကြွယ်ဝလာခဲ့သည်။
လွတ်လပ်သော သတင်းမီဒီယာများကို တန်ပြန်ရန် “မီဒီယာကို မီဒီယာနဲ့ တိုက်မယ်” ဟု ဟစ်ကြွေးခဲ့သော ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်း လက်ထက်တွင် MRTV-4 ရုပ်သံချန်နယ်လုပ်ငန်းအား လုပ်ခွင့်ရခဲ့ပြီးနောက် ဦးဝင်းမော်သည် ချမ်းသာ ကြွယ်ဝလာခဲ့သည်။
မြန်မာနိုင်ငံတွင် အင်တာနက် မထွန်းကားမီကတည်းက ရုပ်သံချန်နယ် လုပ်ခွင့်ရသည့်အတွက် အကျိုးအမြတ်များစွာ ရခဲ့သည်။ အင်တာနက်အသုံးပြုသူနည်းသည့်ခေတ်တွင် စီးပွားရေး ကြော်ငြာအများစုသည် ရုပ်သံမီဒီယာများကိုသာ အားကိုးခဲ့ရသည်။
ထိုအချိန်က MRTV-4 တွင် ကြော်ငြာခဈေးနှုန်းမှာ ၁၀ စက္ကန့်လျှင်ပျမ်းမျှ ကျပ် ၁၀ သိန်းခန့် ရှိသည်။ ထို့ကြောင့်လည်း ဦးဝင်းမော်မှာ နေ့ချင်းညချင်း ကြီးပွားလာခဲ့သည်။
ဖျော်ဖြေရေးလုပ်ငန်း ဦးစားပေး ရုပ်သံချန်နယ်ဖြစ်သည်နှင့်အညီ MRTV-4 က ထုတ်လွှင့်သော ဇာတ်လမ်းတွဲများသည် မြန်မာလူထုကြား ရေပန်းစားခဲ့ပြီး ကြော်ငြာကဏ္ဍမှ ဝင်ငွေများစွာ ရရှိခဲ့သည်။
နဝတ အစိုးရလက်ထက် ထိပ်တန်းခရိုနီကြီးများ လုပ်ချင်သော်လည်း လုပ်ခွင့်မရခဲ့သည့် ရုပ်သံမီဒီယာလုပ်ငန်းအား ဦးဝင်းမော်မှ ရရှိခဲ့ပြီး ထိုလုပ်ငန်းကြောင့်ပင် ဦးဝင်းမောင်သည် မြန်မာနိုင်ငံ၏ ထိပ်တန်းသူဌေးတဦး ဖြစ်လာခဲ့သည်။
ထိုကဲ့သို့ အမြတ်ငွေ များစွာရသောလုပ်ငန်းဖြစ်သော်လည်း နဝတ အစိုးရ လက်ထက်နှင့် ဦးသိန်းစိန် အစိုးရလက်ထက်တွင် အခွန်ကင်းလွတ်ခွင့်ပေးခဲ့သည်။ မီဒီယာ ဖွံဖြိုးရေးခေါင်းစဉ်ဖြင့် နဝတ အစိုးရနှင့် ဦးသိန်းစိန် အစိုးရတို့က အခွန်ကင်းလွတ်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။
အမြတ်ငွေ များစွာရသောလုပ်ငန်းဖြစ်သော်လည်း နဝတ အစိုးရ လက်ထက်နှင့် ဦးသိန်းစိန် အစိုးရလက်ထက်တွင် အခွန်ကင်းလွတ်ခွင့်ပေးခဲ့သည်။ မီဒီယာ ဖွံဖြိုးရေးခေါင်းစဉ်ဖြင့် နဝတ အစိုးရနှင့် ဦးသိန်းစိန် အစိုးရတို့က အခွန်ကင်းလွတ်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် သမ္မတ ဦးသိန်းစိန်လက်ထက်တွင်လည်း ရန်ကုန်မြို့ တောင်ဥက္ကလာဂေါက်ကွင်းအနီး ဝေဇယန္တာလမ်းမဘေးတွင်ရှိသော ၆ ဧကခန့်ရှိ ပြန်ကြားရေးဝန်ကြီးဌာနပိုင် မြေကွက်လပ်တခုအား Forever Group က လုပ်ပိုင်ခွင့်ရရှိခဲ့သည်။
ထိုကဲ့သို့ ဦးသိန်းစိန်အစိုးရမှ လုပ်ပိုင်ခွင့်ပေးခဲ့သည့်အတွက် သမ္မတ ဦးသိန်းစိန်ထူထောင်ခဲ့သော မဘသ အဖွဲ့ကြီးထဲမှ မဘသ ဘုန်းကြီးတပါး၏ တရားတော်များကိုလဲ MRTV – 4 က ထုတ်လွှင့်ပေးခဲ့သည်။
အဆိုပါ မဘသ ဘုန်းကြီးသည် အစ္စလာမ်မုန်းတီးရေး တရားများ ဟောသည့်ဘုန်းကြီးအဖြစ် နာမည်ကြီးသူ ဖြစ်သည်။ ထို့ပြင် အဆိုပါဘုန်းကြီးမှာ ဘုန်းကြီးဝတ်ဖြင့် မိန်းမယူထားကာ ကလေးရသည်အထိ ဖြစ်ခဲ့သည်။
အဆိုပါ မဘသ ဘုန်းကြီးအား MRTV – 4 ဆရာတော်အဖြစ် လူသိများခဲ့သည်။
လက်ရှိ စစ်ကောင်စီ၏ အတွင်းရေးမှူးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၏ တူမ အရင်းဖြစ်သူ စုမြတ်နန္ဒာအောင် (သရုပ်ဆောင်နာမည် စုလင်းရှိန်) ကိုလည်း MRTV – 4 က ဇာတ်လမ်းတွဲတခု ရိုက်ကူးထုတ်လွှင့်ပေးခဲ့သည်။
MRTV-4 က ပြသခဲ့သည့် မာယာလှည့်ကွက်ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်စုလင်းရှိန်၏ ပထမဆုံးရိုက်ကူးသည့် ရုပ်ရှင် ဇာတ်လမ်းတွဲ ဖြစ်သည်။ သရုပ်ဆောင်စုလင်းရှိန်၏ အမေမှာ ဒေါက်တာစုစုဒွေးဖြစ်ပြီး လက်ရှိ ကျန်းမာဝန်ကြီးဌာန၏ ညွန်ချုပ်တဦး ဖြစ်သည်။
ထိုကဲ့သို့နဝတ အစိုးရလက်ထက်မှ ဦးသိန်းစိန်အစိုးရလက်ထက်အထိ အခွင့်အရေးများရခဲ့သော Forever Group မှာ စစ် အာဏာသိမ်းပြီးတက်လာသည့် စစ်ကောင်စီ လက်ထက်တွင်လည်း အခွင့်အရေးများ ထပ်ရလာခဲ့သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မီဒီယာလုပ်ငန်း လုပ်ကိုင်နေသူများအား စည်းရုံးသိမ်းသွင်းသည့် အနေဖြင့် ငွေထုတ် ချေးပေးသည့်အခါ Forever Group က ကျပ်ငွေ ၁၀ ဘီလီယံရရှိခဲ့သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မီဒီယာလုပ်ငန်း လုပ်ကိုင်နေသူများအား စည်းရုံးသိမ်းသွင်းသည့် အနေဖြင့် ငွေထုတ် ချေးပေးသည့်အခါ Forever Group က ကျပ်ငွေ ၁၀ ဘီလီယံ ရရှိခဲ့သည်။
ထို့ပြင် ပင်းတယမြို့တွင် wည်ဆောက်နေသော ရုပ်ရှင်မြို့တော်တွင်လည်း မြေဧက ၁၀၀၀ ခန့်ရရှိထားပြီး တနေ့တည်း ရုပ်ရှင်ဗီဒီယို ၄ ကား ရိုက်နိုင်သည့် စတူဒီယိုတခု တည်ဆောက်နေသည်။
ထိုကဲ့သို့ ခေတ်အဆက်ဆက် လုပ်ပိုင်ခွင့်ရအောင် အဓိက ဆောင်ရွက်ပေးသူမှာ စစ်တက္ကသိုလ် အပတ်စဉ် ၂၂ ကျောင်း ဆင်း ဦးသိန်းထွန်းအောင် ဖြစ်သည်။
ဦးသိန်းထွန်းအောင်သည် ဗိုလ်ချုပ်ခင်ညွန့် လက်ထက်က ပဲခူးတိုင်း ဒေသကြီး စစ်ထောက်လှမ်းရေး တပ်ဆွယ်တွင် တပ်မှူး အဖြစ် တာဝန်ထမ်းဆောင်သူ ဖြစ်သည်။ ဦးသိန်းထွန်းအောင်၏ ညီဖြစ်သူမှာလည်း စစ်ထောက်လှမ်းရေး ဖြစ်သည်။
ထို့နောက် နဝတ အစိုးရ လက်ထက် ပြန် ကြားရေး ဝန်ကြီး ဦးကျော်ဆန်း လက်ထက်တွင် ပြန်ကြားရေးဝန်ကြီးဌါနသို့ပြောင်းရွှေ့လာခဲ့သည်။ ထို့နောက် ရုပ်ရှင်၊ သဘင်၊ ဂီတ ဆင်ဆာအဖွဲ့၏ အတွင်းရေးမှူး ဖြစ်လာခဲ့သည်။
“မြန်မာနိုင်ငံက ရုပ်ရှင်၊ သဘင်၊ ဂီတလောကသားတွေရဲ့အကြောင်းစုံကိုသိတာ ကိုသိန်းထွန်းအောင် တယောက်ပဲ ရှိတယ်။ ဗီဒီယိုတခု ဆင်ဆာကျ စေချင်ရင် သူ့ကို ဂါရတာ။ သူက စစ်ကား ရိုက်ဖို့ပြောတာကို ငြင်းခဲ့ရင် အဲလိုငြင်းတဲ့ မင်း သား၊ မင်းသမီးတွေပါတဲ့ ရုပ်ရှင်ဗီဒီယိုတွေရဲ့ဆင်ဆာကို သူက ကြည့်မပေးတော့ဘူး”ဟု အနုပညာရှင်တဦးက ဆိုသည်။
ဦးသိန်းထွန်းအောင်သည် လက်ရှိ ဒုတိယ စစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့် လက်ရှိ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းတို့နှင့် စစ်တက္ကသိုလ် တပတ်စဉ်တည်း တက်ခဲ့သူ ဖြစ်သည်။
ဦးသိန်းထွန်းအောင်သည် လက်ရှိ ဒုတိယ စစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့် လက်ရှိ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းတို့နှင့် စစ်တက္ကသိုလ် တပတ်စဉ်တည်း တက်ခဲ့သူ ဖြစ်သည်။
ထို့ပြင် သမ္မတ ဦးသိန်းစိန် လက်ထက် ပြန်ကြားရေး ဝန်ကြီး ဖြစ်ခဲ့သူ ဦးရဲထွဋ်၊ ရေတပ်ဦးစီးချုပ်လုပ်ခဲ့သူ ဗိုလ်ချုပ်ကြီး သူရ သက်ဆွေနှင့် စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ်နှင့် ပြည်ထဲရေးဝန်ကြီး တာဝန်ယူခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ တို့နှင့် စစ်တက္ကသိုလ် တပတ်စဉ်တည်း တက်ရောက်ခဲ့သူ ဖြစ်သည်။
ထိုကဲ့သို့အဆက်အသွယ်ကောင်းသော ဦးသိန်းထွန်းအောင်သည် သူ့သူငယ်ချင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် လက်ထက်တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ညွန်ကြားရေးမှူးရာထူးဖြင့် အငြိမ်းစားယူကာ Forever Group တွင် ဒုတိယ ဥက္ကဌ အဖြစ် တာဝန်ယူလာခဲ့သည်။
Forever Group ကဲ့သို့ မီဒီယာ ကုမ္ပဏီကြီးများသည် ဦးသိန်းထွန်းအောင်တို့ကဲ့သို့သော စစ်တပ်အရာရှိဟောင်း၊ အစိုးရ အရာရှိဟောင်းများကို ၎င်းတို့ ကုမ္ပဏီထံသို့ လစာကောင်းကောင်းပေး၍ ခေါ်ယူလေ့ရှိပြီး စီးပွားရေး အခွင့်အလမ်းနှင့် အဆက်အသွယ်များအတွက် အသုံးချကြသည်။
NLD အစိုးရတက်လာသည့် အခါတွင်လည်း ဝါရင့် မီဒီယာသမားများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများကို ကုမ္ပဏီ အကြံပေးများ အဖြစ် ခေါ်ယူပြီး အစိုးရနှင့် အဆင်ပြေအောင် အချိတ်အဆက်မိအောင် ပြုလုပ်ကြပြန်သည်။
ခေတ်ကာလအလိုက် အစိုးရနှင့် အစည်းအဝေးများတွင် ထိုသူများကို ရှေ့ဆုံးက ထိုင်ခိုင်းလေ့ ရှိသည်။
စစ်တပ်က အာဏာသိမ်းပြီး တနှစ်ကျော် အကြာတွင် ဦးသိန်းထွန်းအောင်သည် စစ်ကောင်စီက ဆောင်ရွက်ချင်သော ဝါဒဖြန့် ဇာတ်ကားများ၊ သီဆို ဖျော်ဖြေပွဲများအား နောက်ကွယ်က စီစဉ်ပေးသူ ဖြစ်လာခဲ့သည်။
စစ်တပ်က အာဏာသိမ်းပြီး တနှစ်ကျော် အကြာတွင် ဦးသိန်းထွန်းအောင်သည် စစ်ကောင်စီက ဆောင်ရွက်ချင်သော ဝါဒဖြန့် ဇာတ်ကားများ၊ သီဆို ဖျော်ဖြေပွဲများအား နောက်ကွယ်က စီစဉ်ပေးသူ ဖြစ်လာခဲ့သည်။
“ရုပ်ရှင်၊ သဘင်၊ ဂီတ နယ်ပယ်အားလုံးက လူတွေရဲ့အားနည်းချက်တွေကိုသိတော့ သူက အကုန်လိုက် စည်းရုံးတာ အခုတော့ တော်တော်များများ ပါကုန်ပြီ။ အကုန်လုံး အနုပညာလုပ်ငန်းတွေ ပြန်လုပ်ကြပြီ”ဟု အနုပညာရှင်တဦးက ပြောသည်။
လက်ရှိအချိန်တွင် ဦးသိန်းထွန်းအောင်သည် နေပြည်တော်တွင် အခြေချကာ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးနှင့် စည်းရုံး လှုံ့ဆော်ရေး လုပ်ငန်းများကို လုပ်ဆောင်နေသည်။
လာမည့် လွတ်လပ်ရေးနေ့တွင် နေပြည်တော်၌ သဘင်၊ ဂီတ ပွဲတော်များ ကျင်းပရန် ပြင်ဆင်နေပြီး ဝါဒဖြန့်ချီရေး စည်းရုံး ရေး ရုပ်ရှင်များလည်း ရိုက်ကူးနေပြီ ဖြစ်သည်။
ထို့ပြင် နွေဦးတော်လှန်ရေးတွင် ပါဝင်ခဲ့သော CDM ဝန်ထမ်းများနှင့် တော်လှန်ရေး အင်အားစုများအား ထိုးနှက်မည့် ရုပ် ရှင်ဇာတ်လမ်းနှင့် ပြဇာတ်များလည်း ရိုက်ကူးနေပြီး အချို့ဇာတ်လမ်းတွဲများအား MRTV-4 တွင် မြင်တွေ့ရတော့မည် ဖြစ်သည်။
You may also like these stories:
ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း
ခေတ်ဟောင်း ခရိုနီတွေ အရာကျကုန်ပြီ
လေယာဉ်ဆီကုမ္ပဏီ Puma ရှယ်ယာတွေ ဘယ်သူဝယ်သလဲ
ကမ္ဘာ့ဘဏ် အထောက်အပံ့ရ ရိုးမဘဏ်နှင့် စစ်တပ်ပိုင် Mytel တို့ ပူးပေါင်းဆောင်ရွက်နေ
စစ်ကောင်စီလက်အောက်က UMFCCI ခေါင်းဆောင်မှုသစ် ဘယ်လောက်စွမ်းသလဲ