ကြိုတင်မှန်းဆခဲ့တဲ့အတိုင်း မက်ဆီ ဦးဆောင်တဲ့ အာဂျင်တီးနားအသင်းက လက်ရှိချန်ပီယံ ပြင်သစ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရဗိုလ်စွဲသွားတယ်။ တကယ်တော့ အာဂျင်တီးနားအသင်းရဲ့ ပထမပိုင်း သွင်းဂိုး ၂ ဂိုးနဲ့ ပွဲပြီးသွားရမှာဖြစ်ပေမယ့် အသက်မဲ့နေတဲ့ ပြင်သစ်တိုက်စစ်က ဒုတိယပိုင်း မိနစ် ၈၀ မှာ တိုက်စစ်မှူး အမ်ဘာပေ ခြေစွမ်းနဲ့ ချေပဂိုး ၂ ဂိုး ပြန်ရသွားတယ်။
အချိန်ပိုအထိ ပရိသတ်ရင်ခုန်အောင် ဆွဲခေါ်ကစားသွားပြီး ၁ ဂိုးစီထပ်သွင်းကြ၊ ပင်နယ်တီ ကန်သွင်းကြနဲ့ နောက်ဆုံးတော့ မက်ဆီတို့ အာဂျင်တီးနားအသင်း အောင်ပွဲခံသွားတာပါပဲ။
နာကျင်အချိန်ပိုအထိ အပြန်အလှန်သွင်းဂိုးတွေနဲ့ မက်ဆီနဲ့ အမ်ဘာပေတို့ အားပြိုင်ခဲ့ကြပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ အာဂျင်တီးနားက ၄-၂ နဲ့ အနိုင်ရရှိကာ ၃၆ နှစ်ကြာ ဝေးကွာနေတဲ့ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းဟာ ဗိုလ်လုပွဲကို ထိုက်တန်တဲ့ခြေစွမ်းပြပြီး ရောက်ခဲ့သလို ဗိုလ်လုပွဲမှာလည်း ချန်ပီယံခြေစွမ်းပြပြီး ဗိုလ်စွဲခဲ့တာပါ။ ပြင်သစ်အသင်းကတော့ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲတလျှောက် အဆိုးဆုံးခြေစွမ်းနဲ့ ကစားခဲ့ပေမယ့် ဂိုးသွင်းတတ်တဲ့ အသင်းကြီးတသင်းဆိုတာကိုတော့ သက်သေပြနိုင်ခဲ့ပါတယ်။
အာဂျင်တီးနားအသင်းဟာ ဗိုလ်လုပွဲကို ထိုက်တန်တဲ့ခြေစွမ်းပြပြီး ရောက်ခဲ့သလို ဗိုလ်လုပွဲမှာလည်း ချန်ပီယံခြေစွမ်းပြပြီး ဗိုလ်စွဲခဲ့တာပါ။ ပြင်သစ်အသင်းကတော့ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲတလျှောက် အဆိုးဆုံးခြေစွမ်းနဲ့ ကစားခဲ့ပေမယ့် ဂိုးသွင်းတတ်တဲ့ အသင်းကြီးတသင်းဆိုတာကိုတော့ သက်သေပြနိုင်ခဲ့ပါတယ်။
အဖွင့်ပွဲမှာ ဆော်ဒီအာရေဗျအသင်းကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့တဲ့ အာဂျင်တီးနားအသင်းဟာ အသင်းတွင်း ယုံကြည်မှု ပြန်လည်တည်ဆောက်ပြီး အသင်းခေါင်းဆောင် မက်ဆီရဲ့ခြေစွမ်းနဲ့ ဦးဆောင်မှုနဲ့အတူ တပွဲထက်တပွဲ ခြေစွမ်းကောင်းပြခဲ့တယ်။ မက်ဆီ ပြောသလို ဆော်ဒီနဲ့ရှုံးပွဲတွေ့ကတည်းက ပွဲတိုင်းကို ဗိုလ်လုပွဲလို သဘောထားပြီး ကစားခဲ့တဲ့ ကြိုးပမ်းအားထုတ်မှုကံက စကားပြောသွားတာပါ။
နောက်ဆုံးဗိုလ်လုပွဲမှာတော့ အာဂျင်တီးနားအသင်းရဲ့ ချန်ပီယံခြေစွမ်းထုတ်ပြခဲ့ပြီး ထိုက်ထိုက်တန်တန် ဗိုလ်စွဲခဲ့တာပါ။ ဗိုလ်လုပွဲမှာ အာဂျင်တီးနားက ဒီမာရီယာရဲ့ အတိုးအလှုပ်တွေက အလုပ်ဖြစ်ခဲ့ပြီး ပြင်သစ်မှာ တောက်လျှောက် ခြေစွမ်းပြခဲ့တဲ့ ဂရစ်ဇ်မန်း ခြေမပေါ်ခဲ့တာဟာလည်း ပွဲရဲ့အဖြေတခု ဖြစ်ခဲ့တယ်။

ကာတာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဟာ ပြိုင်ပွဲမစမီက ဗိုလ်စွဲဖို့ ရေပန်းစားတဲ့အသင်းတွေပဲ ဗိုလ်လုပွဲတက်ပြီး ဗိုလ်စွဲသွားခဲ့တယ်လို့ ဆိုနိုင်ပေမယ့် မထင်မှတ်တဲ့ ရလဒ်တွေနဲ့ အသင်းကြီးတချို့ ပြိုင်ပွဲက ထွက်သွားခဲ့ရတာမျိုးတွေလည်း ရှိခဲ့တယ်။
ပြိုင်ပွဲစတင်ခါနီး ထွက်ပေါ်ခဲ့တဲ့ နိုင်ငံရေး၊ လူမှုရေးပြဿနာ အထွေထွေဟာ ဘောလုံးပွဲတွေအောက်မှာ စုံးစုံးမြုပ်သွားခဲ့ရတယ်။
ကာတာနိုင်ငံမှာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ဖို့ ရွေးခဲ့တဲ့ ဖီဖာဥက္ကဋ္ဌဟောင်း ဘလတ္တာက ပြိုင်ပွဲမစမီလေးမှာ “ကာတာဟာ အင်မတန် သေးငယ်လွန်းပြီး ဘောလုံးနဲ့ ကမ္ဘာ့ဖလားက အင်မတန် ကြီးလွန်းလှတယ်။ တကယ်တော့ ကာတာဟာ ကမ္ဘာ့ဖလားနဲ့ မထိုက်တန်ပါဘူး” လို့ ထုတ်ပြောခဲ့တယ်။
သူ့စကားမမှန်ကြောင်း ကာတာကမ္ဘာ့ဖလားက သက်သေပြခဲ့တယ်။ ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲပြီးခါနီးမှာပဲ လက်ရှိ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက အခု ကျင်းပနေတဲ့ ကာတာ ၂၀၂၂ ကို အကောင်းဆုံး ကမ္ဘာ့ဖလားအဖြစ် ချီးကျူးလိုက်တယ်။
အင်ဖန်တီနိုက “ဒီကမ္ဘာ့ဖလားမှာ ပါဝင်ခဲ့ကြတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ စေတနာ့ဝန်ထမ်းတွေ အားလုံးက အကောင်းဆုံး ကမ္ဘာ့ဖလားဖြစ်အောင် ပြုလုပ်နိုင်ခဲ့ကြပါတယ်။ ဘယ်လို အဖြစ်အပျက်မှမရှိဘဲ ပွဲတွေကို ကစားနိုင်ခဲ့ပါတယ်။ အလွန်ပျော်စရာကောင်းတဲ့ အားပေးမှုတွေ ဖြစ်ခဲ့ပါတယ်။ အာဖရိကအသင်းဟာ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် တက်နိုင်ခဲ့ပါတယ်။ ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးဒိုင်လူကြီး ဖရန်ပါ့တ်က တာဝန်ယူခဲ့ပါတယ်။ ကြည့်ရှုသူ အရေအတွက် ၅ ဘီလီယံအထိ ရောက်ခဲ့တာကလည်း မယုံနိုင်လောက်တဲ့ အောင်မြင်မှုပါပဲ” လို့ ပြောခဲ့တာပါ။
လူ့အခွင့်အရေးသမားတွေက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ပြဿနာ၊ လူ့အခွင့်အရေး ပြဿနာ၊ gay နဲ့ LGTB လိင်ခွဲခြားဆက်ဆံမှုကိစ္စတွေကို ရှေ့တန်းတင်ပြီး ကာတာ ကမ္ဘာ့ဖလားအပေါ် ဝေဖန်ဆန့်ကျင်ခဲ့ကြပေမယ့် ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက အိမ်ရှင်ကာတာဘက်ကနေ ပြိုင်ပွဲမစမီကတည်းက ရပ်တည်ကာကွယ်သွားခဲ့သူပါ။
လူ့အခွင့်အရေးသမားတွေက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ပြဿနာ၊ လူ့အခွင့်အရေး ပြဿနာ၊ gay နဲ့ LGTB လိင်ခွဲခြားဆက်ဆံမှုကိစ္စတွေကို ရှေ့တန်းတင်ပြီး ကာတာ ကမ္ဘာ့ဖလားအပေါ် ဝေဖန်ဆန့်ကျင်ခဲ့ကြပေမယ့် ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက အိမ်ရှင်ကာတာဘက်ကနေ ပြိုင်ပွဲမစမီကတည်းက ရပ်တည်ကာကွယ်သွားခဲ့သူပါ။
သူပြောခဲ့တာလည်း မှန်နေတာပဲလေ။
“အခု ပြောနေတာတွေဟာ ဟောဒီက ပဉ္စလက် ဘောလုံးလေး ကွင်းထဲ လှုပ်ရှားသွားတာနဲ့ လူတွေအားလုံးရဲ့ အာရုံဟာ ဒီဘောလုံးလေးပေါ် ရောက်ပြီး ကျန်တာအားလုံး မေ့သွားကြပါလိမ့်မယ်” တဲ့။
ကာတာကမ္ဘာ့ဖလားမှာ ဗိုလ်စွဲမယ်လို့ ရေပန်းအစားဆုံးအသင်းက ဘရာဇီးလ် ဖြစ်ပြီး ဒုတိယ ရေပန်းအစားဆုံးအသင်းက အာဂျင်တီးနားပါ။ တတိယ ရေပန်းအစားဆုံးအသင်းက ပြင်သစ် ဖြစ်ပါတယ်။ ဘီဘီစီ အားကစားခန့်မှန်းကြသူများက ဘရာဇီးလ် ဗိုလ်စွဲမယ်လို့ ၇ ယောက်က ထင်ကြေးပေးပြီး ၃ ယောက်က အာဂျင်တီးနားကို ထင်ကြေးပေးကာ ၂ ယောက်ကတော့ ပြင်သစ် ဗိုလ်စွဲမယ်လို့ ခန့်မှန်း ထင်ကြေးပေးခဲ့ကြတာပါ။

ဘရာဇီးလ်က ခြေချော်ပြီး ခရိုအေးရှားကိုရှုံးကာ ပြိုင်ပွဲကနေ ထွက်ခဲ့ရတော့ ဘောလုံးပရိသတ်ကြီး အံ့အားသင့်ခဲ့ကြရ၊ စုတ်တသပ်သပ် ဖြစ်ခဲ့ကြရတယ်။ ခန့်မှန်းထင်ကြေးပေးခဲ့ကြတဲ့ အသင်းတွေထဲ ဘရာဇီးလ်တသင်းပဲ ပြုတ်ကျန်ခဲ့ပြီး အာဂျင်တီးနားနဲ့ ပြင်သစ်တို့ ဗိုလ်လုပွဲတက်ခဲ့တယ်။ အာဂျင်တီးနားအသင်း ချန်ပီယံဖြစ်ခဲ့ပြီး နာမည်ကြီးမက်ဆီရဲ့ ကမ္ဘာ့ဖလားအိပ်မက် ပြည့်ခဲ့တယ်။
အခုနှစ် ကမ္ဘာ့ဖလားမှာ နိုင်ငံရေးတွေ ပါခဲ့တယ်။ အင်္ဂလန်- အီရန်ပွဲမှာ အီရန်ဘောလုံးသမားတွေ အီရန်နိုင်ငံတော်သီချင်းကို လိုက်မဆိုဘဲ အသံတိတ် နှုတ်ဆိတ်နေခဲ့ကြတယ်။ အီရန်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အမျိုးသမီးအခွင့်အရေး ဆန္ဒပြပွဲများအတွင်း အစိုးရရဲ့ ရက်ရက်စက်စက် ဖိနှိပ်မှုနဲ့ အကြမ်းဖက်မှုကို ခံစားနေရတဲ့ ပြည်သူများနဲ့ တသားတည်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြတာလည်း ဖြစ်တယ်။ အီရန်ကစားသမားတွေ နိုင်ငံတော်သီချင်းမဆိုဘဲ အသံတိတ်ငြိမ်သက်နေကြစဉ် အီရန်ရုပ်သံဟာ အဲဒီရုပ်သံအပိုင်းကို ဖြတ်တောက်ခဲ့ပြီး ကွင်းကိုသာ ပြသခဲ့တယ်လို့ ဆိုတယ်။
တရုတ်နိုင်ငံက နှာခေါင်းစည်းမတပ်ဘဲ အားပေးနေတဲ့ ပရိသတ်ကိုမပြဘဲ ကမ္ဘာ့ဖလားဘောလုံးပွဲတွေ ထုတ်လွှင့်ပြသခဲ့တယ်။ မြောက်ကိုရီးယားမှာ ဘရာဇီးလ်ကို ဂိုးပြတ်ရှုံးတဲ့ တောင်ကိုရီးယားပွဲကို ဝါဒဖြန့် ထုတ်လွှင်ပြသပါသတဲ့။ ကမ္ဘာ့ထိပ်တန်း ဘောလုံးအင်အားကြီး အာဂျင်တီးနားအသင်းကို အံ့အားသင့်ဖွယ် အနိုင်ရရှိလိုက်ပြီးတဲ့နောက် ဒီအောင်ပွဲကို ဂုဏ်ပြုတဲ့အနေနဲ့ ဆောဒီအာရေဗျဘုရင် ဆယ်လ်မန်က နိုဝင်ဘာလ ၂၃ ရက်ကို အများပြည်သူတွေရဲ့ အလုပ်အားလပ်ရက်အဖြစ် ကြေညာခဲ့တယ်။
ဘောလုံးဆိုတာ လုံးနေကြောင်း ဆော်ဒီက ကမ္ဘာ့ထိပ်သီး အာဂျင်တီးနားကို အနိုင်ယူပြီးတဲ့နောက် ဂျပန်ရဲ့ ဂျာမနီနိုင်ပွဲဆက်ပြီး အာရှသားတွေအတွက် ဒီနှစ် ကာတာကမ္ဘာ့ဖလား မှတ်တမ်းသစ် ရေးထိုးခဲ့တယ်။ အိမ်ရှင် ကာတာအသင်းက ကမ္ဘာ့ဖလားကို အစောဆုံး နှုတ်ဆက်ထွက်ခွာခဲ့ရတယ်။ ဘရာဇီးလ် စတားပလေယာ နေမာ ပွဲဦးထွက်မှာ ဒဏ်ရာရပြီး အုပ်စုပွဲလက်ကျန်ပွဲတွေ မကစားနိုင်ခဲ့တာလည်း သတင်းဖြစ်ခဲ့တယ်။
အုပ်စု E ဂျာမနီ-ကိုစတာရီကာပွဲမှာ ကွင်းလယ်ဒိုင်လူကြီး အပါအဝင် အရန်ဒိုင်တွေအားလုံး အမျိုးသမီး ဒိုင်လူကြီးတွေ အသုံးပြုသွားခဲ့တယ်။

ကွင်းလယ်ဒိုင်လူကြီးက ပြင်သစ်အမျိုးသမီး စတက်ဖ်နီ ဖရက်ပတ် ဖြစ်ပြီး စည်းကြပ်ဒိုင်များအဖြစ် ဘရာဇီးလ်အမျိုးသမီး နျူဇာဘက်နဲ့ မက္ကဆီကိုအမျိုးသမီး ကရင်မ်ဒိုင်ယက် မေဒီနာတို့ တာဝန်ယူ ကိုင်တွယ်ခဲ့ကြတယ်။ အမျိုးသမီးဒိုင်များ ပထမဆုံး ကိုင်တွယ်ကြီးကြပ်တဲ့ ကာတာကမ္ဘာ့ဖလား ဖြစ်ခဲ့တယ်။
ဘောလုံးပွဲခန့်မှန်းသူတွေ လွဲကြတဲ့ ကမောက်ကမ ရလဒ်တွေထွက်ခဲ့ပြီး ဥရောပအသင်းကြီးတွေဖြစ်တဲ့ ဂျာမနီနဲ့ ဘယ်လ်ဂျီယံ အုပ်စုအဆင့်က ထွက်ခဲ့ရတယ်။ ရှုံးထွက်အဆင့်မှာ နောက်ထပ်နာမည်ကြီး စပိန်အသင်းက မော်ရိုကို ကို ရှုံးပြီးထွက်ခဲ့ရသလို ကွာတားမှာ မော်ရိုကိုကပဲ ပေါ်တူဂီကို ဖြုတ်ချခဲ့ပြန်တယ်။ ဘယ်သူမှ ထင်မထားတဲ့ ဘရာဇီးလ်အသင်းလည်း ကွာတားမှာ ခရိုအေးရှားကိုရှုံးပြီး ထွက်သွားရတယ်။
ကွင်းလယ်ဒိုင်လူကြီးက ပြင်သစ်အမျိုးသမီး စတက်ဖ်နီ ဖရက်ပတ် ဖြစ်ပြီး စည်းကြပ်ဒိုင်များအဖြစ် ဘရာဇီးလ်အမျိုးသမီး နျူဇာဘက်နဲ့ မက္ကဆီကိုအမျိုးသမီး ကရင်မ်ဒိုင်ယက် မေဒီနာတို့ တာဝန်ယူ ကိုင်တွယ်ခဲ့ကြတယ်။ အမျိုးသမီးဒိုင်များ ပထမဆုံး ကိုင်တွယ်ကြီးကြပ်တဲ့ ကာတာကမ္ဘာ့ဖလား ဖြစ်ခဲ့တယ်။
ဘရာဇီးလ်ရဲ့ ဂိုးပေါက်တည့်တည့် ကန်သွင်းခွင့် ၁၁ ကြိမ်မှာ ပြိုင်ဘက် ခရိုအေးရှားက ၁ ကြိမ်ပဲ ရခဲ့တယ်။ ကန်သွင်းခွင့် ၁ ကြိမ်ပဲ ရတဲ့အသင်းက နောက်တဆင့် တက်သွားပြီး အကြိမ်ကြိမ် ဂိုးပေါက်ထဲ ကန်သွင်းခွင့်ရတဲ့ အသင်းက အိမ်ပြန်ခဲ့ရတယ်။
ကာတာကမ္ဘာ့ဖလားမှာ မထင်တာတွေ အားလုံးဖြစ်တယ် ဆိုတဲ့အတိုင်း အာဖရိကမြောက်ပိုင်းက အာရပ်နိုင်ငံငယ်ကလေး မော်ရိုကိုက ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို ပထမဆုံး တက်ရောက်သွားတဲ့ အာဖရိကနိုင်ငံတခုအဖြစ် သမိုင်းမှတ်တမ်း ရေးထိုးခဲ့တယ်။
ဗိုလ်လုပွဲတက်ခဲ့တဲ့ အာဂျင်တီးနားအသင်းက မက်ဆီနဲ့ ပြင်သစ်အသင်းက အမ်ဘာပေတို့ စံချိန်သစ်တွေ အသီးသီး တင်ခဲ့ကြတယ်။

မက်ဆီဟာ ကမ္ဘာ့ဖလား ၂၅ ပွဲမြောက် ပြည့်ခဲ့လို့ ဂျာမနီက လိုသာမားသီးယက်စ်ကို ကျော်ဖြတ်ပြီး ပွဲအများဆုံး စံချိန်ရခဲ့တယ်။
မက်ဆီဟာ ၁၆ သင်းအဆင့် စတင်ပါဝင်ခဲ့တဲ့ ၁၉၈၆ ကမ္ဘာ့ဖလားနောက်ပိုင်း ၁၆ သင်းအဆင့် ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ပွဲစဉ် အားလုံးမှာ ဂိုးသွင်းနိုင်တဲ့ ၆ ယောက်မြောက် ကစားသမား ဖြစ်လာခဲ့တယ်။
S. Schillaci – 1990
R. Baggio – 1994
H. Stoichkov – 1994
D. Suker – 1998
W. Sneijder – 2010
L. Messi – 2022
မက်ဆီရဲ့ နောက်ထပ် စံချိန်တခုက ကမ္ဘာ့ဖလားပွဲစဉ် ၄ ပွဲမှာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမူ နှစ်ခုစလုံး ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး မှတ်တမ်းတွေ စတင်ခဲ့တဲ့ ၁၉၆၆ ကမ္ဘာ့ဖလားနောက်ပိုင်းမှာ မက်ဆီတဦးသာ စွမ်းဆောင်နိုင်ခဲ့တယ်။

2006 vs Serbia
2022 vs Mexico
2022 vs Netherlands
2022 vs Croatia
နောက်ထပ် စံချိန်တခုကတော့ မက်ဆီဟာ ကမ္ဘာ့ဖလားသွင်းဂိုး ၁၃ ဂိုးနဲ့ ဖန်တီးမူ ၈ ကြိမ်၊ စုစုပေါင်း ဂိုးပါဝင်ပတ်သက်မူ ၂၁ ကြိမ်ရှိပြီး ကလိုဆေး၊ ရော်နယ်ဒိုကြီးနဲ့ ဂတ်မူလာတို့ရဲ့စံချိန် ချိုးခဲ့တယ်။
နိုဝင်ဘာလ ၂၀ ရက်ကနေ စတင်ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဒီဇင်ဘာ ၁၈ ရက် မှာ အဆုံးသတ်ခဲ့ပြီး လက်ရှိပြိုင်ပွဲမှာ ၂ ပွဲကစားဖို့ ကျန်သေးတဲ့အထိ တက်ရောက်ကြည့်ရှုသူ ဦးရေ ၃ ဒသမ ၂၇ သန်းအထိ ရှိခဲ့တယ်။
ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုရှင် ကီလီယန် အမ်ဘာပေကတော့ ၂၀၂၂ ကမ္ဘာ့ဖလားရဲ့ ဂိုးသွင်းအများဆုံး ကစားသမား၊ ကမ္ဘာ့ဖလားဖိုင်နယ်မှာ ဂိုးသွင်းအများဆုံး ကစားသမား၊ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆဋ္ဌမမြောက် ဂိုးသွင်းအများဆုံး ကစားသမား၊ ကမ္ဘာ့ဖလားဖိုင်နယ် နှစ်ကြိမ်ဆက် တက်ရောက်နိုင်တဲ့ အသက်အငယ်ဆုံး ကစားသမား၊ ကမ္ဘာ့ဖလားသွင်းဂိုး ၁၀ ဂိုး သွင်းယူနိုင်တဲ့ အသက်အငယ်ဆုံး ကစားသမား၊ ဂျော့ဖ်ဟာ့တ်စ် (၁၉၆၆) နောက်ပိုင်း ကမ္ဘာ့ဖလားဖိုင်နယ်ပွဲစဉ်မှာ ဟက်ထရစ် ရယူနိုင်တဲ့ ကစားသမား စတဲ့စံချိန်ကောင်း၊ မှတ်တမ်းကောင်းတွေ ရခဲ့ပါတယ်။
နိုဝင်ဘာလ ၂၀ ရက်ကနေ စတင်ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဒီဇင်ဘာ ၁၈ ရက် မှာ အဆုံးသတ်ခဲ့ပြီး လက်ရှိပြိုင်ပွဲမှာ ၂ ပွဲကစားဖို့ ကျန်သေးတဲ့အထိ တက်ရောက်ကြည့်ရှုသူ ဦးရေ ၃ ဒသမ ၂၇ သန်းအထိ ရှိခဲ့တယ်။

ဖီဖာဟာ ၂၀၁၈ ကနေ ၂၀၂၂ အထိ လည်ပတ်မှုမှာ ဒေါ်လာ ၇ ဒသမ ၅ ဘီလီယံဝန်းကျင် ရရှိထားပြီး အင်ဖန်တီနိုကတော့ လာမယ့် ၂၀၂၆ မြောက် အမေရိကမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဝင်ငွေဒေါ်လာ ၁၁ ဘီလီယံကျော်အထိ ရောက်ရှိလာဖို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။ ဖီဖာဟာ လာမယ့် ၂၀၂၅ မှာ ကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကိုလည်း ပထမဆုံးအကြိမ် ၃၂ သင်းနဲ့ ကျင်းပသွားမယ်လို့လည်း အတည်ပြု ထားတယ်။
လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အသင်းပေါင်း ၃၂ သင်းကနေ ၄၈ အသင်းအထိ တိုးချဲ့ကျင်းပ သွားမှာဖြစ်ပြီး အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို သုံးနိုင်ငံမှာ လက်ခံကျင်းပသွားမှာ ဖြစ်တယ်။ ဒီကြားထဲမှာ ဂျာမနီမှာကျင်းပမယ့် ယူရို ၂၀၂၄ ဘောလုံးပြိုင်ပွဲက ဆီးကြိုနေပြီး မကြာခင်မှာ ယူရိုခြေစစ်ပွဲတွေ ကြည့်ရပေဦးမယ်။ အချိန်တွေနဲ့အတူ ဘောလုံးပွဲတွေက မရပ်မနား ရှေ့ဆက်နေတာမို့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီး ပြီးပြန်တော့ ယူရိုပွဲတွေက မြိုင်မြိုင်ဆိုင်ဆိုင် စောင့်ကြိုနေပါရောလား။
You may also like these stories:
ကမ္ဘာ့ဖလား ဂျာစီအင်္ကျီတွေ ဘယ်သူချုပ်သလဲ
ကာတာကမ္ဘာ့ဖလား ချန်ပီယံပြေးလမ်းပေါ်က အသင်းများ
အငြင်းပွားဖွယ်အများဆုံး ကာတာကမ္ဘာ့ဖလား လာပြီ