၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်ည MRTV သတင်းတွင် ကြေညာခဲ့ပြီး ၁၈ ရက်နေ့ စစ်ကောင်စီထုတ် သတင်းစာများတွင် ဖေါ်ပြခဲ့သည့် သတင်းတပုဒ်မှာ မပြုံးဘဲနှင့် ဝါးလုံးကွဲ ရီမောရသည်။
ထိုသတင်းမှာ ရှမ်းပြည်နယ်၊ မြောက်ပိုင်း နမ့်ဆန်ဒေသ ကုန်းသာရွာတွင် ဖြစ်ပွားသော တိုက်ပွဲနှင့် ပတ်သက်သည့် သတင်း ဖြစ်သည်။
စစ်ကောင်စီ သတင်းစာ၏ အလိုအရ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်နေ့တွင် ကုန်းသာရွာအနီး PDF များ ရောက်ရှိနေသည်ကို သတင်းရသဖြင့် စစ်ကောင်စီမှ လေကြောင်းချီ၍ အချိန်မှီတိုက်ခိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု ဆိုကာ ဓာတ်ပုံနှင့်တကွ ဖေါ်ပြသည်ကို တွေ့ရ၏။
ကုန်းသာတိုက်ပွဲသည် ဒီဇင်ဘာ ၇ ရက်နေ့မှ ၁၂ ရက်နေ့ထိ ၆ ရက်ကြာ ပြင်းထန်စွာဖြစ်ပွားသော တိုက်ပွဲကြီး ဖြစ်ရာ အများသူငါ စိတ်ဝင်စားသည့် တိုက်ပွဲကြီးတပွဲ ဖြစ်သည်။
ကုန်းသာတိုက်ပွဲသည် ဒီဇင်ဘာ ၇ ရက်နေ့မှ ၁၂ ရက်နေ့ထိ ၆ ရက်ကြာ ပြင်းထန်စွာဖြစ်ပွားသော တိုက်ပွဲကြီး ဖြစ်ရာ အများသူငါ စိတ်ဝင်စားသည့် တိုက်ပွဲကြီးတပွဲ ဖြစ်သည်။
ဒီဇင်ဘာ ၇ ရက်နေ့ ညနေ ၃ နာရီခန့် ရဟတ်ယဉ် ၅ စီးဖြင့် ဆင်းပြီး မကြာခင် ရဟတ်ယဉ်တစီးမှ ဆင်းလာသောအဖွဲ့နှင့် တိုက်ပွဲဖြစ်ပြီး ညနေ ၄ နာရီခန့်မှစ၍ နေရာတိုင်းတွင် TNLA က ပြန်လည်တိုက်ခိုက်နိုင်ခဲ့သဖြင့် စစ်ကောင်စီတပ်များ ထင်တိုင်းမပေါက်ခဲ့ပေ။
ထို့ကြောင့် ဒီဇင်ဘာ ၇ ရက်နေ့ညမှ စ၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု စတင်ပြုလုပ်ခဲ့သည်ကို တွေ့ရ၏။ ထို့ပြင် ဒီဇင် ဘာ ၈ ရက်၊ ၉ ရက်နေ့များတွင်လည်း လေကြောင်းတိုက်ခိုက်မှုများအပြင် မြေပြင်တွင်လည်း ပြင်းထန်စွာတိုက်ခိုက်ခဲ့ရာ TNLA တပ်များက မြေပြင်တွင် ထိမ်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်များ သေသူသေ အဖမ်းခံရသူ အဖမ်းခံရပြီး အဝိုင်းခံခဲ့ ရသည်။
ထို့နောက် ၁၀ ရက် ၊ ၁၁ ရက်၊ ၁၂ ရက်များတွင် စစ်ကောင်စီတပ်များ ထပ်မံချေမှုန်းခံရပြီး မြေပြင်ကလည်း စစ်ကူမလာ၊ လေကြောင်းကလည်း ပြန်မခေါ်ဆောင်နိုင်ဘဲ အများစု ချေမှုန်းခံလိုက်ရသည်။
ထိုတိုက်ပွဲကာလတွင် မြေပြင်တွင်လည်း အနီးကပ်တိုက်ပွဲဖြစ်ပွားနေပြီး နမ်ဆန်၊ မန်တုံတို့မှ လက်နက်ကြီးများ တောက်လျှောက် ပစ်ခတ်နေသည့်အပြင် လေကြောင်းကလည်း နေ့ရောညပါ ဗုံးကြဲတိုက်ခိုက်နေသည်။
လေယာဉ်နှင့် ရဟတ်ယာဉ် ၁၀ စီးခန့်အသုံးပြုပြီး နေ့ရောညပါ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၅၀ ကျော်ပြုလုပ်နေ ချိန်တွင် သတင်းစာတွင် ဖော်ပြသည့် ဓါတ်ပုံအတိုင်း လက်နက်များ ခင်းကျင်းပြီး လူစုပြီး ဓါတ်ပုံရိုက်ရန် အချိန်မရှိပေ။ သို့ဖြစ်ရာ စစ်ကောင်စီ၏ လိမ်ညာမှုသည် အပေါစားပျက်လုံးသဖွယ် ဖြစ်နေ၏။
လေယာဉ်နှင့် ရဟတ်ယာဉ် ၁၀ စီးခန့်အသုံးပြုပြီး နေ့ရောညပါ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၅၀ ကျော်ပြုလုပ်နေ ချိန်တွင် သတင်းစာတွင် ဖော်ပြသည့် ဓါတ်ပုံအတိုင်း လက်နက်များ ခင်းကျင်းပြီး လူစုပြီး ဓါတ်ပုံရိုက်ရန် အချိန်မရှိပေ။ သို့ဖြစ်ရာ စစ်ကောင်စီ၏ လိမ်ညာမှုသည် အပေါစားပျက်လုံးသဖွယ် ဖြစ်နေ၏။
ထို့ပြင် ထိုသတင်းဓါတ်ပုံနောက်ခံတွင် ကျွန်းပင်ပေါက်များတွေ့ရရာ နမ့်ဆန်ဒေသတွင် ကျွန်းပင်ပေါက်ရောက်ခြင်း မရှိဟု ဒေသခံများက အခိုင်အမာဆိုကြသည်။ အဆိုပါ ဓါတ်ပုံရိုက်သည့် နေရာသည် မိုးမိတ်၊ မိုးလို၊ မဘိန်း အနီးတဝိုက်ဒေသ ဖြစ်နိုင်သည်။
အဘယ်ကြောင့်ဆိုသော ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့ခန့်တွင် မိုးလိုဒေသတွင် AA မှ ရခိုင်သို့ပို့ရန် ပုံစံ ၈၁ အမျိုး အစား ချေမှုန်းရေး ရိုင်ဖယ် ၇၈ လက်နှင့် လက်နက်ခဲယမ်းများ ဖမ်းမိသည့် သတင်းကို စစ်ကောင်စီ လော်ဘီအချို့က တယ်လီဂရမ်ချယ်နယ်များတွင် တင်ကြသည်ကို တွေ့ခဲ့ရသည်။
ထိုစဉ်က စစ်ကောင်စီက တရားဝင်သတင်းထုတ်ပြန်ခဲ့ခြင်း မရှိဘဲ ယခုတိုက်ပွဲတွင်မှ ရောင်တော်ပြန်နှင့် ရော၍ ထုတ်ပြန်လာခြင်းဖြစ်သည်ကို တွေ့ရသည်။ အကြောင်းမှာ ကုန်းသာတိုက်ပွဲတွင် စစ်ကောင်စီ စစ်ကြောင်းတခုလုံး ပြုတ်သွားသည့် ၎င်းတို့အရှက်ရဖွယ်သတင်းကို ဖုံးကွယ်ရန် ဖြစ်နိုင်သည်ဟု ယူဆရသည်။
သို့ဖြစ်ရာ သတင်းမှန်နှင့် သတင်းမှားကို ရောထွေးအသုံးပြုပြီး လိမ်ညာမှုပြုခဲ့သည်ဟု ဆိုရမည်။ စစ်ကောင်စီ၏ သတင်းဖေါ်ပြချက်တွင် လက်နက်ခဲယမ်းများကို ဖျက်ဆီးခဲ့သည်ဟု ဆိုခဲ့သည်။
လက်တွေ့တွင် စစ်ကောင်စီတပ်များ ချေမှုန်းခံရပြီး အလူးအလဲ ထွက်ပြေးရသည်ဖြစ်ရာ လက်နက်များ သယ် မသွားနိုင်သည်ကလည်း သေချာသည်။ ဤမျှလက်နက်ပုံကြီးကို ဖျက်ဆီးပစ်မည်ဆိုပါက သူတို့ထွက်ပြေးသွားချိန် တွေ့ရမည် ဖြစ်သော်လည်း မြေပြင်တွင် မည်သည့်ခြေရာလက်ရာမှ မကျန်ခဲ့ပေ။
နယ်မြေခံ သတင်းဌာနများတွင် တက်လာသော သတင်းဓာတ်ပုံများတွင် စစ်ကောင်စီ တပ်သားများ၏ အလောင်းနှင့်လက်နက်များကိုသာ တွေ့ရသည်။ စစ်ကောင်စီက ဗြောင်လိမ်သည့် လုပ်ရပ်ဟု ဆိုရမည်။
နယ်မြေခံ သတင်းဌာနများတွင် တက်လာသော သတင်းဓာတ်ပုံများတွင် စစ်ကောင်စီ တပ်သားများ၏ အလောင်းနှင့်လက်နက်များကိုသာ တွေ့ရသည်။ စစ်ကောင်စီက ဗြောင်လိမ်သည့် လုပ်ရပ်ဟု ဆိုရမည်။
ထို့ပြင် ကုန်းသာသည် TNLA ထိန်းချုပ်ဒေသဖြစ်၏။ TNLA ထိန်းချုပ်ရာ ဒေသဖြစ်စေ၊ ကျန် တိုင်းရင်းသားတပ်ဖွဲ့များ ထိန်းချုပ်သောဒေသများတွင်ဖြစ်စေ NUG/PDF များအနေနှင့် တိုင်းရင်းသားတပ်ဖွဲ့များနှင့် သဘောတူညီချက်မရှိဘဲ သွားလာ၍မရပေ။
လက်တွေ့တွင်လည်း ထိုဒေသ မြေပြင်မြေအနေထားအား မကျွမ်းကျင်သည့် PDF များက TNLA မသိဘဲ သို့မဟုတ် TNLA အကူအညီမပါဘဲ လှုပ်ရှားရန် လုံးဝ မဖြစ်နိုင်ပေ။
ထို့ပြင် စစ်ကောင်စီ တပ်များအနေနှင့် PDF များကိုသာ ဦးတည်တိုက်ခိုက်ခြင်း ဖြစ်သည်ကို TNLA အနေနှင့် နောက်ပိုင်း နားလည်သွားခဲ့သည်ဟု စစ်ကောင်စီက အရှက်မဲ့စွာဖေါ်ပြခဲ့ခြင်းသည် TNLA က စစ်ကောင်စီအား ဆက်လက်တိုက်ခိုက်မည်ကို စိုးရိမ်နေသည်ကို ဖေါ်ပြနေသည်။
ထို့ပြင် TNLA ၏ အရေးပါသောဒေသအား ဝင်ရောက်၍ အပြင်းအထန်တိုက်ခိုက်ပြီး အရှက်မဲ့စွာ ရူးချင်ယောင်ဆောင်သည့် လုပ်ရပ်လည်းဖြစ်သည်။ ဘုန်းကြီးခေါင်း ခေါက်ပြီးမှ တောင်းပန်သည့် လုပ်ရပ်မျိုး ဖြစ်သည်။
ဒီဇင်ဘာ ၁၈ ရက်နေ့တွင် TNLA ၏ ပြန်လည်၍ ရှင်းလင်းထုတ်ပြန်ချက်က စစ်ကောင်စီ၏ သတင်း ထုတ်ပြန်ချက်သည် အလိမ်အညာများပင် ဖြစ်ကြောင်း ဖွင့်ချသလို ဖြစ်၏။
ဒီဇင်ဘာ ၁၈ ရက်နေ့တွင် TNLA ၏ ပြန်လည်၍ ရှင်းလင်းထုတ်ပြန်ချက်က စစ်ကောင်စီ၏ သတင်း ထုတ်ပြန်ချက်သည် အလိမ်အညာများပင် ဖြစ်ကြောင်း ဖွင့်ချသလို ဖြစ်၏။
TNLA ၏ ထုတ်ပြန်ချက်အရ
၁။ စစ်ကောင်စီတပ်များသည် TNLA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၄၃၄ ၏ တပ်စခန်းများကို ဝင်ရောက် တိုက်ခိုက်ခဲ့၏။
၂။ တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီ တပ်သားအများအပြား သေဆုံး၏။ ဖမ်းဆီးရမိ၏။
၃။ တိုက်ပွဲအတွင်း TNLA မှ လက်နက်ခဲယမ်း ဆုံးရှုံးခြင်းမရှိဘဲ စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများသာ သိမ်းဆည်းရမိသည်။
၄။ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် တပြည်လုံးတွင် လေကြောင်းစစ်ဆင်ရေးအပါ အင်အား အလွန်အကျွံသုံးပြီး အလုံးစုံပျက်သုဉ်းရေးကို လုပ်ဆောင်နေသည်ဖြစ်ရာ တအာင်းဒေသပြည်သူများအနေနှင့် တော်လှန် ရေးသတိ အထူးထားရှိပြီး စစ်ကောင်စီအား စည်းလုံးညီညွတ်စွာ ခုခံတွန်းလှန်ကြရန် ထုတ်ပြန်သည်ကို တွေ့ရ၏။
သို့ဖြစ်ရာ မြေပြင်အခြေအနေများအရလည်းကောင်း၊ TNLA ၏ ထုတ်ပြန်ချက်အရလည်းကောင်း စစ်ကောင်စီ၏ ကုန်းသာ တိုက်ပွဲသတင်းထုတ်ပြန်ချက်သည် အလိမ်အညာသာ ဖြစ်ကြောင်း ရှင်းလင်းစွာ တွေ့မြင်ရသည်။
ထို့ပြင် စစ်ကောင်စီ၏ TNLA အား မျက်နှာချိုသွေးမှုအားလည်း TNLA ဘက်က ရှင်းလင်းစွာ ပယ်ချထားသည်ကို တွေ့ရ ၏။ စစ်ကောင်စီက ဤသို့ထုတ်ပြန်ခြင်းသည် ၎င်းတို့၏ ဆုံးရှုံးမှုနှင့် အရှက်ကွဲမှုအား ဖုံးဖိရန်အတွက် လိမ်ညာခြင်း ဖြစ်ရုံ သက်သက်သာမက အခြားဖုံးဖိရန် မည်သည့် အကြောင်းအချက်များ ရှိသည်ကို စူးစမ်းကြည့်ပါက အောက်ပါအတိုင်းတွေ့ရ၏။
နမ့်ဆန်၊ ကုန်းသာဒေသသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်-ရမခ ကွပ်ကဲမှု နယ်မြေအတွင်း၌ ရှိသော်လည်း ယခု စစ်ဆင်ရေးအား ရမခက ကွပ်ကဲခြင်းမဟုတ်သကဲ့သို့ ရမခ တပ်များ မပါဝင်ပေ။
ကုန်းသာ စစ်ဆင်ရေးအား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် – မပခ လက်အောက်ခံ မိုးမိတ် အခြေချဗျူဟာက ဦးစီးပြီး မိုးမိတ်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၂၇၆၊ မံစီအခြေစိုက် ခြေမြန် တပ်ရင်း ခမရ ၃၁၉၊ ဗန်းမော်အခြေစိုက် ခြေ လျင်တပ်ရင်း ခလရ ၁၂၁ များအား အသုံးပြီးတိုက်ခိုက်ခဲ့သည်ကို တွေ့ရ၏။
စစ်သည်သယ်ဆောင်သည့် ရဟတ်ယဉ်များ၊ တိုက်ခိုက်ရေး ရဟတ်ယဉ်များ အားလုံးလိုလို မိုးမိတ်ကထွက်သည်။ လားရှိုးတွင် ရဟတ်ယဉ်သံ မကြားရပေ။ ဖြစ်နိုင်ခြေမှာ မိုးလိုဒေသတွင် လက်နက်ရသည့် အကျိုးဆက်အဖြစ် အကျိုးအမြတ်ရယူလိုသည့် မျက်နှာရလိုသည့် မပခ နှင့် ကစထ – ၁ က ကွပ်ကဲသည့် စစ်ဆင်ရေးဖြစ်၏။
သို့ဖြစ်ရာ မပခ မျက်နှာရမည့် အမှတ်ရမည့် စစ်ဆင်ရေးအား ရမခ နယ်မြေအတွင်း လာလုပ်ခြင်း ဖြစ်သည်။ သို့သော်လည်း ၎င်းတို့ထင်သလိုမဖြစ်ဘဲ အဝိုင်းခံရပြီး ကျဆုံးသောအခါ မပခ အနေနှင့် ၎င်းတို့ကွပ်ကဲနယ်မြေနှင့် ဝေးကွာသဖြင့် မြေပြင် စစ်ကူ ပေးပို့နိုင်ခြင်း မရှိပေ။
တကယ်တမ်း နမ့်ဆန်-ကုန်းသာ တိုက်ပွဲဖြစ်ပွားရာ နယ်မြေသို့ မြေပြင်စစ်ကူ အမြန်ပို့နိုင်သည်မှာ ရမခ တပ်များ ဖြစ်သည်။ ကျောက်မဲ၊ နမ့်ဆန်မှ တဆင့်ပေးပို့နိုင်သကဲ့သို့ သီပေါ-နမ္မတူမှတဆင့်လည်း ပေးပို့နိုင်သည်။
မပခ မျက်နှာရမည့် အမှတ်ရမည့် စစ်ဆင်ရေးအား ရမခ နယ်မြေအတွင်း လာလုပ်ခြင်း ဖြစ်သည်။ သို့သော်လည်း ၎င်းတို့ထင်သလိုမဖြစ်ဘဲ အဝိုင်းခံရပြီး ကျဆုံးသောအခါ မပခ အနေနှင့် ၎င်းတို့ကွပ်ကဲနယ်မြေနှင့် ဝေးကွာသဖြင့် မြေပြင် စစ်ကူ ပေးပို့နိုင်ခြင်း မရှိပေ။
ပေးပို့နိုင်သည့် တပ်အင်အားအချို့လည်း ရှိသည်ကို မြေပြင်သတင်းများအရ သိရသည်။ ပေးပို့ရန် အချိန်လည်း လုံလောက်သည်။ သို့သော် နမ့်ဆန်၊ မန်တုံမှ လက်နက်ကြီး ပစ်ကူပေးသည်မှအပ ၆ ရက်လုံးလုံး မည်သည့်စစ်ကူမှ မပို့ချေ။
သို့ဖြစ်ရာ လေကြောင်းချီသည့် မပခ မှ စစ်ကြောင်းသည် TNLA ၏ ပိတ်ဆို့ ချေမှုန်းခြင်း ခံလိုက်ရ၏။ ဤဖြစ်ရပ်နှင့် ပတ်သက်၍ ရိုးရိုးကြည့်လျင် မပခ နှင့် ရမခ စစ်တိုင်းနှစ်ခုကြား ပူးပေါင်းဆောင်ရွက်မှု ညံ့ဖျင်းခြင်း၊ ကစထ-၁ နှင့် ကစထ-၂ ကြား ပူးပေါင်းဆောင်ရွက်မှု ညံ့ဖျင်းခြင်းကြောင့်ဟု ဆို၍ရသည်။
တိုင်းတခုနှင့်တခု မကူခြင်း၊ ပူးပေါင်းဆောင်ရွက်မှုမရှိခြင်းသည် တိုင်းမှူး၊ ကစထမှူးများကြား မသင့်မြတ်မှုကြောင့်လော၊ သို့မဟုတ် တဦးတယောက် အမှတ်ရ၊ နံမည်ရမည်ကို မလိုလားကြ၍လော ဟုစဉ်းစားဖွယ်ဖြစ်သည်။
လက်တွေ့တွင် အခြားစဉ်းစားစရာ များစွာရှိနေ၏။ ဤသို့ တိုင်းတခုနှင့်တခု မကူခြင်း၊ ပူးပေါင်းဆောင်ရွက်မှုမရှိခြင်းသည် တိုင်းမှူး၊ ကစထမှူးများကြား မသင့်မြတ်မှုကြောင့်လော၊ သို့မဟုတ် တဦးတယောက် အမှတ်ရ၊ နံမည်ရမည်ကို မလိုလားကြ၍လော ဟုစဉ်းစားဖွယ်ဖြစ်သည်။
သေချာသည်က စစ်ကောင်စီ အကြီးပိုင်းသည် ၎င်းတို့အကျိုးစီးပွါးအတွက် အောက်ခြေ တပ်မှူးတပ်သားများ၏ အသက်များ အား စတေးပြီး ၎င်းတို့၏ အခွင့်အာဏာ၊ အကျိုးစီးပွားကို တည်ဆောက်နေကြသည်ကတော့ အမှန်ပင်ဖြစ်သည်။
ထို့ကြောင့် ဖေါ်ပြပါအချက်တို့သည် ကုန်းသာတိုက်ပွဲနှင့်ပတ်သက်၍ စစ်ကောင်စီ၏ သတင်းလိမ်များ ထုတ်နေရခြင်း၏ အကြောင်းရင်းခံများ ဖြစ်ပေလိမ့်မည်။
You may also like these stories :
နမ့်ဆန်က စစ်ကောင်စီ လေကြောင်းချီစစ်ဆင်ရေး ဘာကြောင့် ကျရှုံးရသလဲ
နမ့်ဆန်တိုက်ပွဲနှင့် နောက်ဆက်တွဲ အလားအလာ
မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အကြောင်းပြ၍ တပ်ဆုတ်ခိုင်းခြင်း SSPP လက်ခံမည်မဟုတ်
စစ်ကောင်စီ သက်ဆိုးမရှည်တော့ဟု KIA ဗိုလ်ချုပ် ပြော