ဒီမနက်ခင်း ဖေ့စ်ဘုတ်ကို ဖွင့်လိုက်ချိန် စတွေ့လိုက်တာက ဘရာဇီးရဲ့ ဘောလုံးဂန္ထဝင် ကစားသမားကြီး ပီလီ ကွယ်လွန်တိမ်းပါး သွားပြီဆိုသော သတင်းပို့စ်တွေ။ ဖေ့စ်ဘုတ်သာမက အခြားသော လူမှုဝက်ဘ်ဆိုက်အများစုတွင်လည်း ပီလီ ဆုံးပါးသွားသော သတင်းပို့စ်များနှင့် ဖုံးလွှမ်းလို့။
ဟိုတလော ကာတာမှာ ကမ္ဘာ့ဖလားကျင်းပနေချိန်အတွင်းက ပီလီတယောက် ဆေးရုံတက်ရသည့်သတင်းများ ထွက်လာသေးသည်။ ထိုစဉ်ကတည်းက သူ့အခြေအနေက စိုးရိမ်ရသည်ဆိုသောသတင်းများ ထွက်ခဲ့သည်။ သူ့မိသားစုဝင်တွေ ပြီးခဲ့တဲ့အပတ်က ဆေးရုံမှာ စုဝေးကြသည်။ ကြာသပတေးမှာတော့ သူဆုံးပြီ။ ဘောလုံးကမ္ဘာကြီးတခုလုံးအတွက် ဝမ်းနည်းကြေကွဲစရာ အကောင်းဆုံး ဆုံးရှုံးမှုတခုပဲ ဖြစ်သည်။
ပီလီနှင့် ဘောလုံးကစားနည်းက ဘယ်လိုမှ ခွဲခြား၍ မရ။ ဘောလုံးဟုဆိုလိုက်သည်နှင့် ပီလီကို ပြေးမြင်၊ ပြေးသတိရမိသည်အထိ ပီလီ၏ အရှိန်အဝါနှင့်အောင်မြင်မှုများက တကမ္ဘာလုံးကို လွှမ်းမိုးမှု ရှိခဲ့သည်။ နောက်ပိုင်းတွင် နာမည်ကျော် ကစားသမားများ တဦးပြီးတဦးပေါ်ထွက်လာပါစေ၊ ပီလီ၏ အမည်နှင့် ဂုဏ်သတင်းများက မှေးမှိန်မသွားခဲ့။
ပီလီနှင့် ဘောလုံးကစားနည်းက ဘယ်လိုမှ ခွဲခြား၍ မရ။ ဘောလုံးဟုဆိုလိုက်သည်နှင့် ပီလီကို ပြေးမြင်၊ ပြေးသတိရမိသည်အထိ ပီလီ၏ အရှိန်အဝါနှင့်အောင်မြင်မှုများက တကမ္ဘာလုံးကို လွှမ်းမိုးမှု ရှိခဲ့သည်။ နောက်ပိုင်းတွင် နာမည်ကျော် ကစားသမားများ တဦးပြီးတဦးပေါ်ထွက်လာပါစေ၊ ပီလီ၏ အမည်နှင့် ဂုဏ်သတင်းများက မှေးမှိန်မသွားခဲ့။
အကောင်းဆုံးဆိုသည့် ကစားသမားတိုင်း ပီလီနှင့် အမြဲ နှိုင်းယှဉ်ခြေရာတိုင်း ခံခဲ့ကြရသည်အထိ ပီလီ၏ အရှိန်အဝါက အမြဲကြီးမားလွှမ်းမိုးနေနိုင်ခဲ့သည်ချည်း ဖြစ်သည်။ ခုချိန်ထိလည်း သူတင်ထားသည့် ဘောလုံးနှင့်ပတ်သက်သည့် စံချိန်များကို ချိုးဖျက်နိုင်သူဆို၍လည်း ဘောလုံးကမ္ဘာတွင် မရှိသေး။
သူ၏ ဘောလုံးကစားသမား ဘဝ ၂၁ နှစ်တာအတွင်း ၃၇ ကြိမ် ဗိုလ်စွဲခဲ့ပြီး ဂိုးပေါင်း ၁၂၇၉ ဂိုးသွင်းယူခဲ့သည့် စံချိန်ကို မည်သူမျှ မချိုးနိုင်သေးပေ။ ကမ္ဘာ့ဖလား သုံးကြိမ်ကိုင်မြောက်ဖူးသောစံချိန်ကိုဆိုလျှင် ခုနောက်ပိုင်းကစားသမားများ ချိုးနိုင်ဖွယ် မလွယ်တော့။ ကမ္ဘာ့ဖလားကို ကိုင်မြှောက်ချိန်တွင် ပီလီသည် အသက် ၁၇ နှစ်သာ ရှိသေးသည်။ ထိုပွဲတွင် ဘောလုံးပရိသတ်များကြား ပြောစမှတ်ကျန်ခဲ့သည့် ကိုယ်ကို လေမှာ ဝဲ၍ နောက်ပြန်ကန်သွင်းပုံမှာ ဂန္တဝင်ဖြစ်၏။
ပီလီတင်ထားသည့် စံချိန်များက မနည်းလှ။ အဲဒီလောက်အထိကို သူ့ခေတ်သူ့ကာလတွင် ပီလီ၏အောင်မြင်မှုများက အံ့မခန်း ရှိခဲ့သည်။ ဒါကြောင့်လည်း ပီလီဆိုသော နာမည်တလုံးကို ခုချိန်ထိ အမြင့်ဆုံးမှာ ထိန်းထားနိုင်သူတစ်ယောက် ဖြစ်ခဲ့ခြင်းပင် ဖြစ်သည်။
ပီလီ၏ကစားသမားနောက်ပိုင်းဘဝများတွင်လည်း ဘောလုံးနှင့်လုံးဝကင်လွတ်နေခြင်းမျိုး မရှိခဲ့။ ဘရာဇီးနိုင်ငံ အားကစားဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသကဲ့သို့ ရုပ်ရှင်ဇာတ်လမ်းများတွင်လည်း ပါဝင် သရုပ်ဆောင်ခဲ့ဖူးသူ ဖြစ်သည်။ သူ သရုပ်ဆောင်ခဲ့သော ရုပ်ရှင်ကားများအနက် မှတ်မှတ်ရရ ရှိနေဇာတ်ကားက Escape to victory ဆိုသော ဇာတ်ကား၊ ထိုဇာတ်ကားတွင် ထိုစဉ်က နာမည်ကြီးသရုပ်ဆောင် ဆီလ်ဗက်စတာ စတောလုံးနှင့်အတူ ပူးတွဲသရုပ်ဆောင်ပြီး ၁၉၈၁လောက် အမေရိကန်တွင် ရုံတင်ပြသခဲ့ရာ အောင်မြင်မှုရခဲ့သည့် ဇာတ်ကားတစ်ကား ဖြစ်ခဲ့သည်။
ပီလီ၏ကစားသမားနောက်ပိုင်းဘဝများတွင်လည်း ဘောလုံးနှင့်လုံးဝကင်လွတ်နေခြင်းမျိုး မရှိခဲ့။ ဘရာဇီးနိုင်ငံ အားကစားဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသကဲ့သို့ ရုပ်ရှင်ဇာတ်လမ်းများတွင်လည်း ပါဝင် သရုပ်ဆောင်ခဲ့ဖူးသူ ဖြစ်သည်
ထိုဇာတ်ကားထဲတွင် ပီလီက သူ၏နာမည်ကျော် ကန်ချက်ဖြစ်သည့် Pele’s kick ကို ကန်ပြရင်း ပရိသတ်ကိုဆွဲဆောင်ပြနိုင်ခဲ့သည်။ ထိုဇာတ်ကားပြီးချိန် မင်းသားကြီးစတောလုံး ပြန်ပြေသည့် ရိုက်ကွင်းနောက်ကွယ်မှစကားကလည်း မှတ်မှတ်ရရ၊ မင်းသားကြီးစတောလုံးမှာ ထိုဇာတ်ကားတွင် ဂိုးသမားတစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့ရပြီး ရိုက်ကွင်းတွင် ပီလီ၏ ပင်နယ်တီကန်ချက်ကို ကာကွယ်ရင်း သူ့လက်အရိုးကျိုးခဲ့ဖူးကြောင်း ဖွင့်ပြောသွားခဲ့ဖူးသည်။
စတောလုံးက” ပီလီက ဒုတိယကမ္ဘာစစ်လောက်တုန်းက ဘောလုံးကန်ဖိနပ်ကြီးစီးပြီး ကန်တာဗျာ၊ သူ့ဖိနပ်က သံစူးတွေနဲ့ အလေးကြီး၊ အဲဒီဖိနပ်နဲ့ကန်လိုက်တာ ဘောလုံးရဲ့ အရှိန်က အမြောက်နဲ့ပစ်လိုက်သလားတောင် အောင့်မေ့ရတယ်။ အဲဒီဘောလုံးကို ကာကွယ်ဖို့ကြိုးစားရင်း ကျွန်တော်လက်အရိုး ကျိုးသွားခဲ့တယ်”လို့ ပြန်ပြောခဲ့ဖူးသည်။
ပီလီဘဝမှာ အမြဲလို ကျီစယ်နောက်ပြောင်ခံခဲ့ရတာ တခုကတော့ သူ့ရဲ့ ခန့်မှန်းချက်တွေ ပါသည်။ ဘောလုံးကစားရာမှာ သူမတူ ထူးချွန်ပြီးအောင်မြင်ခဲ့သလောက် ပီလီ၏ ပါးစပ်နှင့် ဘောလုံးအတွက် ခန့်မှန်းပြောဆိုမှုများကတော့ အမြဲလိုလိုတလွဲ ဖြစ်နေခဲ့ခြင်းက ပီလီ့အပေါ် ချစ်စနိုးနှင့် ကျီစယ်နောက်ပြောင်ချင်စရာ အရာတခုအဖြစ် အမြဲ ရှိသွားခဲ့သည်။
အခု သူ မဆုံးပါးမီ နောက်ဆုံးခန့်မှန်းခဲ့သည့် သူ့နိုင်ငံ ဘရာဇီး ကာတာကမ္ဘာ့ဖလားချန်ပီယံ ဖြစ်မည်ခန့်မှန်းမှုအထိ သူ့ခန့်မှန်းမှုက လွဲတုန်း။ သူကလည်း သူ့နိုင်ငံဘရာဇီးအသင်း ကမ္ဘာ့ဖလားချန်ပီယံအဖြစ် အောင်ပွဲခံမှုကို အမြဲမြင်တွေ့ချင်နေသူ၊ ခုတော့ သု့ရဲ့အဖြစ်ချင်ဆုံးဆန္ဒတခုကို ဘရာဇီးအသင်းကလည်း မဖြည့်ဆည်းပေးနိုင်ခဲ့၊ သူလည်း ဘရာဇီးအသင်းအောင်ပွဲခံပုံကို ဘယ်တော့မျှ မြင်နိုင်တော့သည့် ဘဝတခုသို့ ကူးပြောင်းသွားခဲ့ရပြီ ဖြစ်သည်။
ဘောလုံးကမ္ဘာမှာ အောင်မြင်မှုများနှင့် နာမည်တလုံး တည်ဆောက်ယူနိုင်ခဲ့သူ ဘရာဇီး ဘောလုံးဘုရင်ကြီး ပုလဲနက် ပီလီတယောက် ၂၀၂၁ခုနှစ်တွင် စတင်ကြုံတွေ့ခဲ့ရသော အူမကြီး ကင်ဆာဝေဒနာနှင့် စစ်ခင်းခဲ့ရသည့် ကစားပွဲတွင်မူ အောင်မြင်မှု မရယူနိုင်တော့။ အချိန်တနှစ်ကျော်ကျော် လောက်မှာပင် ဝေဒနာကို အရှုံးပေးခဲ့ရပြီး မည်သူမျှ မလွန်ဆန်နိုင်သော လမ်းနောက်ကို လိုက်သွားခဲ့ပြီပဲ ဖြစ်သည်။
ဘောလုံးကမ္ဘာမှာ အောင်မြင်မှုများနှင့် နာမည်တလုံး တည်ဆောက်ယူနိုင်ခဲ့သူ ဘရာဇီး ဘောလုံးဘုရင်ကြီး ပုလဲနက် ပီလီတယောက် ၂၀၂၁ခုနှစ်တွင် စတင်ကြုံတွေ့ခဲ့ရသော အူမကြီး ကင်ဆာဝေဒနာနှင့် စစ်ခင်းခဲ့ရသည့် ကစားပွဲတွင်မူ အောင်မြင်မှု မရယူနိုင်တော့။
သို့သော် သူ တည်ဆောက်ယူထားခဲ့သော ဘောလုံးကမ္ဘာမှ သူ့နာမည်တလုံးကိုတော့ ကမ္ဘာပေါ်တွင် အချိန်အကြာကြီး ဆက်ပြီး ချန်ထားနိုင်ဦးမှာကတော့ သေချာနေသည်။
ပီလီတိမ်းပါးသွားပြီးနောက် ဘရာဇီးလက်ရွေးစင်နေမာက သူ့အင်စတာဂရမ်တွင် ယခုလို တင်ထားခဲ့သည်။
“ပီလီဟာ အရာရာကို ပြောင်းလဲစေခဲ့ပါတယ်၊ ဘောလုံးကို အနုပညာနဲ့ဖျော်ဖြေမှုဆီ အသွင်ပြောင်းလဲစေခဲ့ပါတယ်။ ဘောလုံးလောကကြီးနဲ့ ဘရာဇီးတနိုင်ငံလုံးက ဒီဘုရင်ကြီးအပေါ် အမြဲတမ်းကျေးဇူးတရားတွေနဲ့အတူ ရှိပေးနေကြမှာပါ၊ သူ ထွက်ခွာသွားပါပြီ၊ ဒါပေမဲ့ သူ့ရဲ့မှော်အစွမ်းတွေကတော့ ဆက်ပြီးရှင်သန်နေပါလိမ့်မယ်။ ပီလီဆိုတာ အမြဲထာဝရပါ။”
You may also like these stories:
ကမ္ဘာ့ဖလားပွဲ ပြီးတော့ ဘာတွေကျန်ခဲ့လဲ
အာဏာသိမ်း စစ်ကောင်စီကြောင့် အနုတ်လက္ခဏာ ပြနေတဲ့ မြန်မာ့ဘောလုံး
ဂန္တဝင်ဘောလုံးသမားကြီး ဒီယေဂိုမာရာဒိုနာ နှလုံးရောဂါကြောင့် ကွယ်လွန်