• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

by ကိုဦး
3 January 2023
in ဆောင်းပါး
A A
UWSA ဝ ကွန်မန်ဒိုတပ်ဖွဲ့

UWSA ဝ ကွန်မန်ဒိုတပ်ဖွဲ့

6.5k
VIEWS
Share on FacebookShare on Twitter

မြန်မာပြည်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များစွာ ရှိ၏။ အနည်းဆုံး ၁၀ နှစ်ကျော်ကြာလေ့ကျင့်ဖွဲ့စည်းထားရှိသည့် အဖွဲ့များမှသည် လွတ်လပ်ရေးရခါစကတည်းက တိုက်ပွဲဝင်နေခဲ့ကြသည့် နှစ်ပေါင်း ၆၀/၇၀ ကျော်ကြာ ဖွဲ့စည်းတိုက်ပွဲဝင်နေကြသည့် အဖွဲ့များလည်း ရှိ၏။

ထိုအဖွဲ့များသည် မတူညီသော အခြေအနေများရှိကြသော်လည်း လက်နက်ကိုင်တပ်ဖွဲ့စည်း
ထားရှိသည့် အတွေ့အကြုံ၊ လက်နက်ကိုင်တိုက်ပွဲအတွေ့အကြုံ၊ အခြေခံဒေသတည်ဆောက်သည့် အတွေ့အကြုံစသည့် အတွေ့အကြုံကောင်းများစွာ ရှိကြသည်။ ထို့ပြင် တိုက်ရည်ခိုက်ရည်ရှိသည့်၊ တိုက်ပွဲအတွေ့အကြုံရှိသည့် လက်နက်တပ်ဆင်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့များ ရှိကြ၏။

RelatedPosts

ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

20 May 2025
762
နှစ် ၄၀ ကျော်လက်လွှတ်ခဲ့ရသည့် မော်ဖိုးကေစခန်း KNU ပြန်သိမ်း

နှစ် ၄၀ ကျော်လက်လွှတ်ခဲ့ရသည့် မော်ဖိုးကေစခန်း KNU ပြန်သိမ်း

20 May 2025
572
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

20 May 2025
2.8k

ထိုတိုင်းရင်းသားတပ်ဖွဲ့များသည် ၂၀၂၁ ခုနှစ်မှ လက်နက်ကိုင်ပုန်ကန်ကြသည့် ပြည်မအင်အားစုများအတွက် အားထားရာ ဖြစ်ခဲ့သည်။ အကူအညီ အထောက်အပံ့ ရရှိနိုင်ရာ ရင်းမြစ်လည်းဖြစ်၏။

သို့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ အခြေအနေမှာ တဖွဲ့နှင့် တဖွဲ့ မတူခြားနားချက်များရှိရာ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးစတင်ပြီး ၂၀၂၁/၂၀၂၂ အတွင်း တွေ့မြင်ရသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ပတ်သက်၍ အကြမ်းအားဖြင့် အုပ်စု ၄ ခုခွဲ၍ တွေ့မြင်ရ၏။

ပထမအုပ်စုမှာ ပြည်မဒီမိုကရေစီအင်အားစုများနှင့် အတိအလင်းပူးပေါင်းသောအင်အားစုများဖြစ်သည်။ ထိုအင်အားစုတွင် KIA ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ ၊ KNU ကရင်အမျိုးသားအစည်းအရုံး၊ KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ CNF ချင်းအမျိုးသားတပ်ဦး နှင့် ABSDF တို့ ပါဝင်သည်။

ပထမအုပ်စုမှာ ပြည်မဒီမိုကရေစီအင်အားစုများနှင့် အတိအလင်းပူးပေါင်းသောအင်အားစုများဖြစ်သည်။ ထိုအင်အားစုတွင် KIA ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ ၊ KNU ကရင်အမျိုးသားအစည်းအရုံး၊ KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ CNF ချင်းအမျိုးသားတပ်ဦး နှင့် ABSDF တို့ ပါဝင်သည်။

ထိုအင်အားစုများသည် ပြည်မအင်အားစုများအား ကြိုဆိုသည်။ ၎င်းတို့ဒေသများအတွင်း ဒီမိုကရေစီအင်အားစုများအား စစ်ရေးလေ့ကျင့်ပေးခြင်း၊ ပူးတွဲစစ်ဆင်ရေးများပြုလုပ်ခြင်း၊ လက်နက်တပ်ဆင်ရေးအတွက် ကူညီခြင်းများကို ဗြောင်အတိအလင်းတက်တက်ကြွကြွ ပြုလုပ်ခဲ့ကြ၏။ NUG/PDF နှင့်အတိအလင်းပူးပေါင်းပြီး စစ်ဆင်ရေးများကို ဆောင်ရွက်ကြ၏။ စကစ၏ အပစ်ရပ်ရေး ကမ်းလှမ်းချက်ကို ပြတ်ပြတ်သားသား ပယ်ချထားကြ၏။

ထိုသို့ရပ်တည်သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ စုစုပေါင်းအင်အားမှာ ၄၅၀၀၀ ခန့်ရှိသည်။ ဤတိုင်းရင်းသားအင်အားစုမှာ နွေဦးတော်လှန်ရေးတွင်တွေ့ရသည့် ပထမအင်အားစုဟုဆိုရမည်။

KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ဝင်များ

ထို့ကြောင့်လည်း စစ်ကောင်စီသည် ကချင်ပြည်နယ်တွင် တိုင်းတပ်များအပြင် တပ်မ/စကခ ၄ ခု၊ ကရင်ပြည်နယ်တွင် တိုင်းတပ်များအပြင် တပ်မ/စကခ ၅ ခု၊ ကရင်နီပြည်နယ်တွင် တိုင်းတပ်များအပြင် တပ်မ ၁ ခု၊ ချင်းပြည်နယ်တွင် တိုင်းတပ်များအပြင် စကခ ၁ ခု ဖြန့်ခွဲရင်ဆိုင်ထားရာ ထိုပြည်နယ် ၄ ခုတွင် တိုင်းတပ်များအပြင် တပ်မ/စကခ ၁၁ ခု ရင်ဆိုင်ထားသည်။

ဒုတိယအင်အားစုမှာ မြောက်ပိုင်း ၃ ဖွဲ့ဟုလူသိများသော AA ရက္ခိုင့်တပ်တော်၊ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် MNDAA မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (ကိုးကန့်,) တို့ဖြစ်ကြ၏။ ထိုအင်အားစုသည် နွေဦးတော်လှန်ရေးအင်အားစုများအား လေ့ကျင့်ရေး၊ လက်နက်တပ်ဆင်ရေးတို့နှင့်ပတ်သက်ပြီး ကူညီသည်။ NUG/PDF တို့နှင့် ဆက်ဆံမှုရှိသည်။ သို့သော်လည်း ဗြောင်အတိအလင်း ပူးပေါင်းဆောင်ရွက်မှု မပြုကြ။ သိုသိုသိပ်သိပ်သာ ဆောင်ရွက်ကြသည်။ ထို့ပြင် ယခုအချိန်ထိ NUG/PDF တို့နှင့်တွဲ၍ စစ်ရေးလှုပ်ရှားမှု ဆောင်ရွက်သည်ကို မတွေ့ရသေးပေ။ ထို့အတူ ၎င်းတို့ဖါသာ စကစနှင့်စစ်ရေးအရ တိုက်ခိုက်သည်ကလည်း အကန့်အသတ်နှင့် တိုက်သည်။

KA ကရင်နီတပ်ဖွဲ့ဝင်များ

AA သည် နွေဦးတော်လှန်ရေး စသည့် ၂၀၂၁ ခုနှစ် တနှစ်လုံး စစ်ကောင်စီနှင့် အပစ်ရပ်ထားသည်။ ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီနှင့် လအချို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သော်လည်း ၂၀၂၂ ခုနှစ် နှစ်ကုန်မှ စ၍ ပြန်လည်အပစ်ရပ်ထား၏။ TNLA သည်လည်း ၂၀၂၁/၂၀၂၂ အတွင်း စစ်ကောင်စီကို ဦးတည်တိုက်ခိုက်သည့် စစ်ရေးလှုပ်ရှားမှု ကြီးကြီးမားမား မရှိခဲ့ပေ။ RCSS နှင့်ဖြစ်ပွါးသည့် တိုက်ပွဲများသာ များခဲ့သည်။ သို့သော်၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်း နမ့်ဆန်-ကုန်းသာသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ၆ ရက်ကြာ ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်ခဲ့သည်။ ထို ကုန်းသာတိုက်ပွဲမှအပ စစ်ကောင်စီနှင့် TNLA ကြား ၂၀၂၁/၂၂ အတွင်း ပြင်းထန်သည့် တိုက်ပွဲ အခြားမရှိပေ။

AA သည် နွေဦးတော်လှန်ရေး စသည့် ၂၀၂၁ ခုနှစ် တနှစ်လုံး စစ်ကောင်စီနှင့် အပစ်ရပ်ထားသည်။ ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီနှင့် လအချို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သော်လည်း ၂၀၂၂ ခုနှစ် နှစ်ကုန်မှ စ၍ ပြန်လည်အပစ်ရပ်ထား၏။ TNLA သည်လည်း ၂၀၂၁/၂၀၂၂ အတွင်း စစ်ကောင်စီကို ဦးတည်တိုက်ခိုက်သည့် စစ်ရေးလှုပ်ရှားမှု ကြီးကြီးမားမား မရှိခဲ့ပေ။ RCSS နှင့်ဖြစ်ပွါးသည့် တိုက်ပွဲများသာ များခဲ့သည်။

TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်

ကိုးကန့် MNDAA နှင့် စစ်ကောင်စီကြား ၂၀၂၁ အတွင်း ပြင်းပြင်းထန်ထန် တိုက်ပွဲများရှိခဲ့သော်လည်း ၂၀၂၂ ခုနှစ်အတွင်း တိုက်ပွဲများ သိသိသာသာ လျော့ကျသွား၏။ ဆိုရလျင် ၂၀၂၁/၂၂ အ တွင်း ထိုသုံးဖွဲ့နှင့် စစ်ကောင်စီကြား စစ်ရေးတိုက်ပွဲ လျော့ကျနေခဲ့သည်။ တဖက်ကပြောလျင် ထိုသုံးဖွဲ့သည် တဖက်က ၎င်းတို့တပ်၊ အခြေခံဒေသကို တည်ဆောက်နေသကဲ့သို့ တဖက်ကလည်း NUG/PDF အပါ နွေဦးတော်လှန်ရေး အင်အားစုများကို ကူညီနေ၏။ စစ်ရေးအရ တိုက်ခိုက်မှုသာ လျှော့ချထားသည်။

ထို သုံးဖွဲ့နှင့် စကစကြား ၂၀၂၁ နှစ်ကုန်ပိုင်းတွင် တွေ့ဆုံဆွေးနွေးမှုရှိသော်လည်း မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ပါ။ အလားတူ AA နှင့် စကစကြား ၂၀၂၂ နိုဝင်ဘာလ၌ ဒုတိယအကြိမ် နားလည်မှုဖြင့် အပစ်ရပ်သည်ဆိုသော်လည်း အခိုင်အမာ သဘောတူညီချက် မရှိသကဲ့သို့ နှစ်ဖက်စားပွဲဝိုင်းထိုင် ဆွေးနွေးမှုအဆင့် ရောက်သည်ကို မတွေ့ရပေ။ ထို့ပြင် ၂၀၂၂ ခုနှစ်အတွင်း စကစ ခေါင်းဆောင်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကမ်းလှမ်းချက်အား ပယ်ချထားပြီး သွားရောက်တွေ့ဆုံဆွေးနွေးမှု မရှိပေ။

AA ရက္ခိုင့်တပ်ဖွဲ့ဝင်များ

စကစအနေနှင့် ထိုသုံးဖွဲ့နှင့် ယာယီအပစ်ရပ်ထားလိုပြီး ထိုးစစ်ဆင်ခြင်းထက် ခံစစ်ကိုသာ အဓိကပြင်ထားသည်။ စကစသည် ထိုမြောက်ပိုင်းသုံးဖွဲ့အား လုံးဝယုံကြည်စိတ်ချခြင်းမရှိဘဲ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်သည်ဟု တွက်ဆထားပုံရသည်။ ထို့ကြောင့်လည်း ထိုသုံးဖွဲ့တည်ရှိရာ ရခိုင်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် အခိုင်အခန့် စစ်ပြင်ထားသည်။ ရခိုင်တွင် တိုင်းတပ်များအပြင် တပ်မနှင့် စကခ ၇ ခု၊ ရှမ်းမြောက်တွင် တိုင်းတပ်များအပြင် တပ်မနှင့် စကခ ၇ ခုချထားပြီး စစ်ပြင်ရင်ဆိုင်ထား၏။

သို့ဖြစ်ရာ မြောက်ပိုင်းသုံးဖွဲ့သည် ၂၀၂၁/၂၂ တွင် စစ်ရေးလှုပ်ရှားမှု ကြီးကြီးမားမားမရှိသော်လည်း စကစ စစ်အင်အား အတော်များများကို ထိန်းထားနိုင်သည်။ ဤမြောက်ပိုင်း ၃ ဖွဲ့ အနေအထားသည် နွေဦးတော်လှန်ရေးကာလတွင် တွေ့ရသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ဒုတိယအင်အားစုဖြစ်၏။ အဆိုပါ ဒုတိယအင်အားစု၏ အင်အားမှာလည်း ၄၅၀၀၀ ခန့်ရှိသည်။

နွေဦးတော်လှန်ရေးကာလအတွင်း တွေ့ရသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တတိယအင်အားစုဟု ဆိုရမည့်အင်အားစုတွင် UWSA ဝ အဖွဲ့၊ SSPP/SSA ရှမ်းပြည်တပ်မတော် / ရှမ်းပြည်တပ်မတော်နှင့် NDAA အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်- မိုင်းလားအဖွဲ့တို့ဖြစ်သည်။ ထိုတတိယအင်အားစုမှာလည်း အင်အား ၄၅၀၀၀ ခန့်ရှိ၏။

နွေဦးတော်လှန်ရေးကာလအတွင်း တွေ့ရသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တတိယအင်အားစုဟု ဆိုရမည့်အင်အားစုတွင် UWSA ဝ အဖွဲ့၊ SSPP/SSA ရှမ်းပြည်တပ်မတော် / ရှမ်းပြည်တပ်မတော်နှင့် NDAA အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်- မိုင်းလားအဖွဲ့တို့ဖြစ်သည်။ ထိုတတိယအင်အားစုမှာလည်း အင်အား ၄၅၀၀၀ ခန့်ရှိ၏။

ထိုသုံးဖွဲ့တွင် ဝနှင့် မိုင်းလားသည် မြန်မာစစ်တပ်နှင့် အပစ်ရပ်ထားသည်မှာ အနှစ် သုံးဆယ်ကျော်ကြာခဲ့ပြီ ဖြစ်သကဲ့သို့ ၎င်းတို့ ထိန်းချုပ်ဒေသအားလည်း ၎င်းတို့ဖါသာ စီမံအုပ်ချုပ်နေပြီး ဗဟိုအစိုးရအုပ်ချုပ်အောက်မှ ကင်းလွတ်နေသည့် အဖွဲ့များဖြစ်၏။

SSPP က မြန်မာစစ်တပ်နှင့် တိုက်ပွဲများရှိခဲ့သော်လည်း ၂၀၂၁/၂၂ အတွင်း RCSS နှင့် အဓိကတိုက်ခိုက်ခဲ့ပြီး ရှမ်းမြောက်နှင့် ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးကားလမ်းမြောက်ဖက်ခြမ်းအား ထိန်းချုပ်စိုးမိုးထား၏။ RCSS အား တိုက်ခိုက်ရာတွင် UWSA တပ်ဖွဲ့များက အင်နှင့်အားနှင့် ကူညီခဲ့သည်။ လက်ရှိတွင်လည်း ရှမ်းပြည်တောင်ပိုင်းတွင် SSPP တပ်ဖွဲ့နှင့်အတူ UWSA တပ်ဖွဲ့များလည်း တပ်ဖြန့်နေရာယူထား၏။ သို့သော် ဒေသအုပ်ချုပ်ရေးကို SSPP ကသာ ဆောင်ရွက်သည်။

ပုံမှန်အားဖြင့် UWSA နှင့် NDAA သည် အပစ်ရပ်ထားသည်မှာ အနှစ် ၃၀ ကျော်ကြာပြီဖြစ်ရာ စစ်ပွဲတပွဲ အလွယ်တကူ စတင်ရန် ခက်ခဲ၏။ ထိုသုံးဖွဲသည် မြန်မာစစ်တပ်နှင့် အပစ်ရပ်ထားသည်။ ၂၀၂၂ ခုနှစ် စကစ ခေါင်းဆောင်က ဖိတ်ခေါ်သည့် တွေ့ဆုံပွဲသို့လည်း နှစ်ကြိမ်တိုင်တက်ရောက်ပြီးဖြစ်သည်။

UWSA ဝ တပ်ဖွဲ့

သို့သော် ၎င်းတို့သည် NCA လက်မှတ်ရေးထိုးရန် ငြင်းဆိုထားသည်ဖြစ်ရာ ၎င်းတို့နှင့် စကစ ဆွေးနွေးကြသော်လည်း စကစ လိုချင်သည့် ဘောင်အတွင်း၌ မရှိပေ။ ဝ က လွတ်လပ်သောပြည်နယ်တောင်းထား၏။ မိုင်းလားက ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ တောင်းထား၏။ SSPP ကတော့ ရှမ်းမူ ခေါ် တောင်ကြီးမူကို စွဲမြဲစွာ ဆုပ်ကိုင်ထား၏။ သို့ဖြစ်ရာ စကစ နှင့် ထိုသုံးဖွဲ့ကြား နိုင်ငံရေးအရ သဘောတူညီချက်ရရန် ခက်ခဲသည်။ သို့သော် စကစနှင့် အလွယ်တကူပြန်လည်တိုက်ခိုက်ကြရန်လည်း ခက်ခဲ၏။

စကစကလည်း ရှမ်းတောင်ရှိ SSPP နှင့် UWSA တပ်များ တပ်စွဲထားသည့် ပင်လုံ-ဆနင်းတောင်ကြော၊ မိုင်းကိုင်တောင်ကြောနှင့် မိုင်းရှူးအနီးမှ စခန်းများ ဆုတ်ခွါပေးရန် မတ်လကုန်မှစ၍ ဖိအားပေးသည်။ အင်အားပြ၍ ခြိမ်းခြောက်သည်။ UWSA အား အမည်လုံးဝမဖေါ်၊ SSPP ကိုသာ ခေါင်းတပ်၍ ဖိအားပေးသည်။ ဖိအားပေးသည့်အကြိမ်တိုင်း SSPP က မာမာထန်ထန်တုန့်ပြန်သဖြင့် စကစ ကလျှော့ပေးသည်ကို တွေ့ရ၏။

စကစ အနေနှင့် ၎င်းတို့ စမတိုက်ပါက SSPP နှင့် UWSA တပ်များ စတိုက်နိုင် မတိုက်နိုင် သွေးတိုးစမ်းရုံသက်သက် ဖြစ်ပုံရ၏။ စကစ က လက်ရှိတွက်ချက်မှုအရ ထိုသုံးဖွဲ့သည် ၎င်းတို့အား အရင် စမတိုက်နိုင်ဟု တွက်ချက်ထားပုံရသည်။ ရှမ်းတောင်နှင့် ရှမ်းအရှေ့တွင် တိုင်းတပ်များအပြင် စကခ ၂ ခုသာ ထားသည်။ အင်အား ၄၅၀၀၀ ရှိသော ထိုတတိယအင်အားစုကို ရင်ဆိုင်ရာတွင် စကစ အနေနှင့် အတော်အသက်ရှုပေါက်ချောင်သည်။

စတုတ္ထအင်အားစုမှာ RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ NMSP မွန်ပြည်သစ်ပါတီ၊ DKBA ၊ KNU- PC စသည့် KNU ခွဲထွက်အဖွဲ့ ၂ ဖွဲ့၊ ALP – ရခိုင်လွတ်မြောက်ရေးပါတီ၊ PNLO- ပ‌အိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ၊ LDU – လားဟူ အဖွဲ့ စသည့် အဖွဲ့ ၇ ဖွဲ့ဖြစ်၏။ ထိုအဖွဲ့ ၇ ဖွဲ့တွင် အင်အားရှိသည်မှာ RCSS နှင့် NMSP နှစ်ဖွဲ့သာရှိသည်။ ကျန်အဖွဲ့များသည် အင်အားများများစားစား မရှိပေ။ အချို့အဖွဲ့ဆိုလျင် လက်နက်ကိုင်အင်အားပင် မရှိပေ။ သို့ဖြစ်ရာ ထိုစတုတ္တအင်အားစု၏ လက်နက်ကိုင်အင်အားမှာ RCSS နှင့် NMSP အင်အားသာ အဓိကဖြစ်ပြီး အင်အား ၁၂၀၀၀ ခန့်ရှိ၏။

စတုတ္ထအင်အားစုမှာ RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ NMSP မွန်ပြည်သစ်ပါတီ၊ DKBA ၊ KNU- PC စသည့် KNU ခွဲထွက်အဖွဲ့ ၂ ဖွဲ့၊ ALP – ရခိုင်လွတ်မြောက်ရေးပါတီ၊ PNLO- ပ‌အိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ၊ LDU – လားဟူ အဖွဲ့ စသည့် အဖွဲ့ ၇ ဖွဲ့ဖြစ်၏။ ထိုအဖွဲ့ ၇ ဖွဲ့တွင် အင်အားရှိသည်မှာ RCSS နှင့် NMSP နှစ်ဖွဲ့သာရှိသည်။

ထိုအဖွဲ့ ၇ ဖွဲ့လုံးသည် NCA လက်မှတ်ရေးထိုးထားသကဲ့သို့ လက်ရှိ စကစ နှင့်တွေ့ဆုံဆွေးနွေးလျက်ရှိ၏။ တတိယအကြိမ် စကစ ၏ ဖိတ်ခေါ်ချက်ကို PPST အနေနှင့် ၇ ဖွဲ့စုံညီ မတက်ရောက်ရန် ဆုံးဖြတ်ထားသော်လည်း စကစ၏ ဖိအားပေးမှုကြောင့် RCSS နှင့် NMSP မှအပ တပ်အင်အားမရှိသည့် ကျန်အဖွဲ့ ၅ ဖွဲ့သွားတက်သည်။

SSPP ရှမ်းတပ်ဖွဲ့ဝင်များ

သို့ဖြစ်ရာ အဆိုပါ စတုတ္ထအင်အားစုထဲမှ ထိုအဖွဲ့ ၅ ဖွဲ့မှာ စကစ၏ နိုင်ငံရေးစကားကွက်အတွင်း၌သာ ရှိနေမည်ဖြစ်ပြီး RCSS နှင့် NMSP ကမူ စကစ ၏ နိုင်ငံရေးစကားကွက်အတွင်း အလွယ်တကူ ဝင်ရောက်လိမ့်မည် မဟုတ်ဟု သုံးသပ်ရ၏။ သို့သော်လည်း ထိုစတုတ္ထအင်အားစုသည် စကစ နှင့် စစ်ရေးအရ ပြန်လည်ရင်ဆိုင်တိုက်ခိုက်ကြရန် အချိန်တိုအတွင်း ဖြစ်နိုင်ခြေ နည်း ပါးသည်။

ထို့ကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ စုစုပေါင်းအင်အား ၁၅၀၀၀၀ ခန့်ရှိသည်ကို တွေ့ရပြီး စုစုပေါင်းအင်အား၏ ၃၁ ရာခိုင်နှုန်း ရှိသော ပထမ အင်အားစုဖြစ်သည့် KIA၊ KNU၊ KNPP ၊ CNF ၊ ABSDF တို့က နွေဦးတော်လှန်ရေးတွင် အပြည့်အဝ
ပါဝင်ပူးပေါင်းသည်ကို တွေ့ရ၏။

စုစုပေါင်းအင်အား၏ ၃၁ရာခိုင်နှုန်း ရှိသော ဒုတိယအင်အားစုဖြစ်သည့် AA/TNLA/MNDAA တို့သည် နွေဦးတော်လှန်ရေးတွင် တစိတ်တပိုင်းသာ ပါဝင်သေးသော်လည်း စကစ တပ်များကို ကောင်းစွာ ရင်ဆိုင်ထိမ်းချုပ်ထားနိုင်သည်။ အလားတူ စုစု ပေါင်းအင်အား၏ ၃၁ ရာခိုင်နှုန်း ရှိသော တတိယအင်အားစုဖြစ်သည့် UWSA ၊ SSPP ၊ NDAA ,တို့သည် လောလောဆယ် နွေဦးတော်လှန်ရေးတွင် ပါဝင်မှုမရှိဟု ဆို၍ရ၏။ စစ်ရေးအရလည်း စကစ တပ်များအတွက် အသက်ရှူ ချောင်စေသည့် အနေအထားတွင် ရှိသည်။

စုစုပေါင်းအင်အား၏ ၇ ရာခိုင်နှုန်းခန့်ရှိသော စတုတ္တအင်အားစုဖြစ်သည့် RCSS၊ NMSP၊ DKBA ၊ KNU-PC ၊ PNLO ၊ ALP ၊ LDU တို့ကတော့ လောလောဆယ် နွေဦးတော်လှန်ရေးတွင် ဒီမိုကရေစီအင်အားစုများနှင့် ပူးပေါင်းရန် အလားအလာ မရှိသလောက်ဖြစ်နေသည်ဟု ဆိုရမည်။

RCSS ရှမ်းတပ်ဖွဲ့ဝင်များ

သို့ဖြစ်ရာ လက်ရှိနွေဦးတော်လှန်ရေးတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့စုစုပေါင်း အင်အား၏ ၃၁ ရာခိုင်နှုန်းခန့်သာ တက်တက်ကြွကြွ ပါဝင်တိုက်ခိုက်နေသည်ကို သတိပြုရန်လို၏။ စကစ လိုချင်သည်မှာလည်း တိုင်းရင်းသားအဖွဲ့များကို ခွဲထုတ်အပစ်ရပ်ထားပြီး ပြည်မဒီမိုကရေစီအင်အားစုများကို ဖြိုခွဲရန်၊ နွေဦးတော်လှန်ရေးကို ဖြိုခွဲရန်ဖြစ်သည်။

လက်ရှိနွေဦးတော်လှန်ရေးတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့စုစုပေါင်း အင်အား၏ ၃၁ ရာခိုင်နှုန်းခန့်သာ တက်တက်ကြွကြွ ပါဝင်တိုက်ခိုက်နေသည်ကို သတိပြုရန်လို၏။ စကစ လိုချင်သည်မှာလည်း တိုင်းရင်းသားအဖွဲ့များကို ခွဲထုတ်အပစ်ရပ်ထားပြီး ပြည်မဒီမိုကရေစီအင်အားစုများကို ဖြိုခွဲရန်၊ နွေဦးတော်လှန်ရေးကို ဖြိုခွဲရန်ဖြစ်သည်။

သိုသော်လည်း စကစ နှင့် ပူးပေါင်းသည်မှာလည်း ၇ ရာခိုင်နှုန်းသာရှိပြီး ဒီမိုကရေစီအင်အားစုနှင့်အပြည့်အဝ ပူးပေါင်းသည်ကလည်း ၃၁ ရာခိုင်နှုန်းသာရှိ‌သေးသည်။ သို့ဖြစ်ရာ နွေဦးတော်လှန်ရေးတွင် စကစ နှင့် ဒီမိုကရေစီအင်အားစုတို့ အပြိုင်လွန်ဆွဲနေသည်မှာ စုစုပေါင်းအင်အား၏ ၆၂ ရာခိုင်နှုန်းရှိသော ကျန်တိုင်းရင်းသားအင်အားစု ၂ စု ဖြစ်သည်။

ထိုအင်အားစု ၂ စုလုံးသည် စကစအား နိုင်ငံရေးအရ အယုံအကြည်လုံးဝမရှိသော တိုင်းရင်းသားအင်အားစုများဖြစ်၏။ ထိုအင်အားစုနှစ်ခုလုံးကို နွေဦးတော်လှန်ရေးတွင် တသားတည်းပါဝင်လာနိုင်ရန် ကြိုးပမ်းရန် လို၏။ တိုင်းရင်းသားများနှင့် တစိတ်တဝမ်းတည်း ပူးပေါင်းရန်မှာ လက်တွေ့ကျရန် လိုသည်။ တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်လက္ခဏာကို အသိအမှတ်ပြုရန် လို၏။ တိုင်းရင်းသားလူမျိုးများ၏ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို အသိအမှတ်ပြုရန် လို၏။ ဗဟိုမှ ချုပ်ကိုင်သည့် တပြည်ထောင်စနစ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ရန် လို၏။ တိုင်းရင်းသားလူမျိုးများနှင့် တန်းတူရည်တူဆက်ဆံနေထိုင်နိုင်သည့် နိုင်ငံ တော်ပုံစံသစ်ကို ‌ညှိနှိုင်းတိုင်ပင်ရေးဆွဲရန်လို၏။ အာမခံချက်ပေးရန်လို၏။

အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်အင်အားစု၏ ၆၂ ရာခိုင်နှုန်းကိုသာ နွေဦးတော်လှန်ရေးတွင် တသားတည်းပါဝင်အောင် စည်းရုံးနိုင်ပါက နွေဦးတော်လှန်ရေး တဝက်အောင်ပြီဟု ဆိုချင်ပါသည်။

You may also like these stories :

မြောက်ပိုင်း EAO ၇ ဖွဲ့နှင့် တရုတ်အထူးကိုယ်စားလှယ်သစ် တွေ့ဆုံ

စစ်ကောင်စီ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွေးနွေးပွဲ RCSS နဲ့ NMSP ဘာကြောင့်မတက်သလဲ

ဘာလဲဟဲ့ တွေ့ဆုံဆွေးနွေးရေး

နမ့်ဆန်က စစ်ကောင်စီ လေကြောင်းချီစစ်ဆင်ရေး ဘာကြောင့် ကျရှုံးရသလဲ

အထင်သေး မရသော ပဲခူးရိုးမ တော်လှန်ရေးမီးတောက်များ

Your Thoughts …
Tags: AATNLAUWSAကချင်ကရင်ကရင်နီချင်းတိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံနွေဦးတော်လှန်ရေး
ကိုဦး

ကိုဦး

ကိုဦးသည် တိုင်းရင်းသားအရေး လေ့လာသူ သုတေသီတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

Next Post
၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းဆန့်ကျင်ရေး ရန်ကုန်တွင် ဆန္ဒပြနေသူတဦး

နွေဦးတော်လှန်ရေးအတွက် ၂၀၂၃ ခုနှစ်ရဲ့ စိန်ခေါ်မှုများ

ဘယ်သူ့လက်နက်တွေနဲ့ မြန်မာတွေကို သတ်နေကြတာလဲ (ရုပ်/သံ)

ဘယ်သူ့လက်နက်တွေနဲ့ မြန်မာတွေကို သတ်နေကြတာလဲ (ရုပ်/သံ)

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
2.8k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.3k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate