ဆောင်းပါး

မီဒီယာ ကြိုးကိုင်ခြယ်လှယ်ရန် တရုတ်ထံမှ စစ်ကောင်စီ လေ့လာနေ

တရုတ်နိုင်ငံသည် ဆယ်စုနှစ် နှစ်ခုအတွင်း ဆင်းရဲသော အာရှနိုင်ငံအဖြစ်မှ စီးပွားရေး၊ နိုင်ငံရေးနှင့် စစ်ရေး မဟာအင်အားကြီးနိုင်ငံအဖြစ် ပြောင်းလဲလာခဲ့သည်ကို သံသယဖြစ်စရာ မလိုပေ။ သို့သော် ကမ္ဘာအနှံ့သို့ ရောက်သည့် လက်တံများရှိပြီး ထိန်းချုပ်မှု အပြည့်ရှိသော သတင်းမီဒီယာတခု ထူထောင်ထားသည့် နည်းလမ်းကို အာရုံမစိုက်မိသလောက် ဖြစ်နေသည်။

ဒီမိုကရေစီ မဟုတ်သော ၎င်းတို့၏ စနစ်သည် “လစ်ဘရယ် ဒီမိုကရေစီ” အစားထိုးဖြစ်သည်ဟုနှင့် ဝါဒဖြန့်ရန် သာမက ရှင်ကျန်းနှင့် တိဘက်ကဲ့သို့သော တိုင်းရင်းသားလူနည်းစု ဒေသများ အခြေအနေနှင့် ပတ်သက်သည့် သတင်းမှားများ ဖြန့်ချိရန် အာဏာရ တရုတ်ကွန်မြူနစ်ပါတီသည် ၎င်းတို့ပိုင် သတင်းဌာနများနှင့် ထိုသတင်းဌာနများက အခြားနိုင်ငံအချို့မှ သတင်းစာများ၊ အင်တာနက် စာမျက်နှာများ၊ ဘလော့ဂ်များအပေါ် သြဇာသက်ရောက်မှုကို အသုံးပြုသည့် နည်းလမ်းများကြောင့်သာ မဟုတ်လျှင် ထိုကိစ္စသည် ထူးခြားသော ကိစ္စမဟုတ်ပေ။

တရုတ်နိုင်ငံ၏ ဝါဒဖြန့်ချိရေး ယန္တရားသည် သတင်းမှားများ ဖြန့်ချိခြင်းနှင့် အများပြည်သူကြား ထင်ရှားသူများကို ကြိုးကိုင်ခြယ်လှယ်ခြင်းဖြင့် အခြားနိုင်ငံများမှ ပြည်တွင်းမူဝါဒများကိုပင် သြဇာလွှမ်းရန် ကြိုးစားသည်။ ‘ဘေဂျင်း၏ ကမ္ဘာ့မီဒီယာထိုးစစ်-အာရှနှင့် ကမ္ဘာကို သြဇာလွှမ်းမိုးရန် တရုတ်၏ မသေသပ်သော လှုပ်ရှားမှု’ (Beijing’s Global Media Offensive: China’s Uneven Campaign to Influence Asia and the World) စာအုပ်တွင် နိုင်ငံခြားဆက်ဆံရေးကောင်စီ (CFR) မှ အရှေ့တောင်အာရှရေးရာ ဝါရင့်သုတေသီ ဂျိုရွှာ ကာလန့်ဇစ်က တရုတ်၏ ကမ္ဘာ့မီဒီယာထိုးစစ်နှင့် ဘေဂျင်းမှခေါင်းဆောင်များသည် ရုရှားမှ ၎င်းတို့၏ ရဲဘော်များနှင့် မည်သို့ ပိုမိုပူးပေါင်းဆောင်ရွက်ပြီး ကမ္ဘာ့မီဒီယာ သြဇာလွှမ်းမိုးသူများဖြစ်အောင် လုပ်ဆောင်နေသည်ကို လေ့လာထားသည်။

‘ဘေဂျင်း၏ ကမ္ဘာ့မီဒီယာထိုးစစ်-အာရှနှင့် ကမ္ဘာကို သြဇာလွှမ်းမိုးရန် တရုတ်၏ မသေသပ်သော လှုပ်ရှားမှု’ (Beijing’s Global Media Offensive: China’s Uneven Campaign to Influence Asia and the World) စာအုပ်တွင် နိုင်ငံခြားဆက်ဆံရေးကောင်စီ (CFR) မှ အရှေ့တောင်အာရှရေးရာ ဝါရင့်သုတေသီ ဂျိုရွှာ ကာလန့်ဇစ်က တရုတ်၏ ကမ္ဘာ့မီဒီယာထိုးစစ်နှင့် ဘေဂျင်းမှခေါင်းဆောင်များသည် ရုရှားမှ ၎င်းတို့၏ ရဲဘော်များနှင့် မည်သို့ ပိုမိုပူးပေါင်းဆောင်ရွက်ပြီး ကမ္ဘာ့မီဒီယာ သြဇာလွှမ်းမိုးသူများဖြစ်အောင် လုပ်ဆောင်နေသည်ကို လေ့လာထားသည်။

ကာလန့်ဇစ် ထောက်ပြသည့်အတိုင်းဆိုပါက တရုတ်နိုင်ငံသည် မကြာခဏဆိုသလို ၎င်းတို့အားထုတ်မှုများ အောင်မြင်ခြင်း မရှိလှသော်လည်း ၎င်း၏ “နိုင်ငံရေးနှင့် အင်တာနက် ထိန်းချုပ်မှု စံနမူနာ ပုံစံများ” ကို မြန်မာ၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်အပါအဝင် အာရှမှ စိတ်တူကိုယ်တူနိုင်ငံများသို့ တင်ပို့ရာတွင် အောင်မြင်နေသည်။ ထိုလုပ်ဆောင်မှုများသည် “တရုတ်ပြည်မှ အာဏာရပါတီကို ကာကွယ်ရာတွင်သာမက အာဏာရှင်နိုင်ငံများနှင့် မဟာမိတ်ဖွဲ့ရေးနှင့် ကမ္ဘာတဝန်း သတင်းလွတ်လပ်ခွင့်၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို အင်အားချိနဲ့အောင် လုပ်ရာတွင်ပါ အထောက်အကူပြု” သည်။ CFR သည် အမေရိကန် ပြည်ထောင်စု အခြေစိုက် သုတေသနလုပ်ငန်း ဖြစ်စေကာမူ လွတ်လပ်ပြီး ဘက်မလိုက်ဘဲ ဝါရှင်တန်နှင့် ၎င်း၏ မူဝါဒများကို ဝေဖန်သည့် အစီရင်ခံစာများ မကြာခဏ ထုတ်ပြန်လေ့ရှိသည်။

ကာလန့်ဇစ်၏ လေ့လာမှုသည် မီဒီယာလုပ်ငန်းကိုသာ အာရုံစိုက်သော်လည်း ယခုအခါ မြန်မာတနိုင်ငံလုံးရှိ မြို့ကြီးများတွင် တပ်ဆင်ပြီး အာဏာရှင်စနစ် ဆန့်ကျင်သူများကို ရှာဖွေဖော်ထုတ်ရန် စစ်ကောင်စီအား အထောက်အကူပြုသည့် မျက်နှာသွင်ပြင် ခွဲခြားသိရှိဖော်ထုတ်နိုင်သော စွမ်းရည်ရှိ ကင်မရာများ ပေးပို့သည့် တရုတ်ကုမ္ပဏီ သုံးခုကို Reuters သတင်းဌာနက လွန်ခဲ့သောနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် ဖော်ပြခဲ့သည်ကိုလည်း ထောက်ပြသင့်သည်။ ထိုကုမ္ပဏီ သုံးခုအနက် နှစ်ခုဖြစ်သော ရှန်ကျန်းအခြေစိုက် နည်းပညာလုပ်ငန်းကြီး ဟွာဝေးနည်းပညာ၊ ကျယ်ကျန့် ပြည်နယ် ဟန်ကျိုးမှ ကျယ်ကျန့် ဒါဟွာ Zhejiang Dahua နည်းပညာတို့သည် Reuters က မေးမြန်းသော မေးခွန်းများကို ပြန်လည်ဖြေကြားခြင်း မပြုကြပေ။ ဟန်ကျိုးတွင်ပင် အခြေစိုက်သော တတိယကုမ္ပဏီဖြစ်သည့် အစိုးရ တစိတ်တပိုင်းပိုင် Hikvision ဟစ်ဗီးရှင်းက အဓိပ္ပာယ်ရှင်းလင်းမှုမရှိသည့် ကြေညာချက်တစောင် ထုတ်ပြန်ပြီး ၎င်းတို့ကုမ္ပဏီသည် မြန်မာအစိုးရ အာဏာပိုင်များသို့ မည်သည့် ကိရိယာကိုမျှ တိုက်ရိုက်ရောင်းချခြင်း မရှိကြောင်း ပြောသည်။

ထို့အပြင် ၎င်းတို့သည် မြန်မာသို့ မျက်နှာသွင်ပြင် သိရှိခွဲခြားနိုင်သည့် နည်းပညာ မပံ့ပိုးကြောင်းလည်း ဟစ်ဗီးရှင်းက ပြောသည်။ သို့သော် ဟစ်ဗီးရှင်းသည် ဒေသခံ တရုတ်နှင့် မြန်မာ ကြားလူများမှတဆင့် ထိုသို့သော ကိရိယာများကို စစ်ကောင်စီသို့ ရောင်းချခဲ့ကြောင်း၊ ထိုသို့သော သွယ်ဝိုက်ရောင်းချမှုများသည် လွန်ခဲ့သောနှစ်အတွင်း သိသိသာသာ တိုးလာကြောင်း ထိုလုပ်ငန်း ရင်းမြစ်များထံမှ ဧရာဝတီသတင်းဌာနက လေ့လာသိရှိရသည်။ တရုတ်ကုမ္ပဏီများသည် မြန်မာစစ်ကောင်စီသို့ အင်တာနက်ကို ထိန်းချုပ်နိုင်သည့်၊ လွတ်လပ်သော စာမျက်နှာများသို့ ချိုးဖောက်ဝင်ရောက်ပြီး ပြင်ပကမ္ဘာမှ မြန်မာသို့ စီးဝင်လာသည့် သတင်းများကို ထိန်းချုပ်နိုင်စေသည့် နည်းပညာများကိုလည်း ပံ့ပိုးခဲ့ကြသည်။

တရုတ်ကုမ္ပဏီများသည် မြန်မာစစ်ကောင်စီသို့ အင်တာနက်ကို ထိန်းချုပ်နိုင်သည့်၊ လွတ်လပ်သော စာမျက်နှာများသို့ ချိုးဖောက်ဝင်ရောက်ပြီး ပြင်ပကမ္ဘာမှ မြန်မာသို့ စီးဝင်လာသည့် သတင်းများကို ထိန်းချုပ်နိုင်စေသည့် နည်းပညာများကိုလည်း ပံ့ပိုးခဲ့ကြသည်။

“နိုင်ငံအားလုံးသည် နိုင်ငံများ၏ ၎င်းတို့ကိုယ်ပိုင် လူမှုစနစ်နှင့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းများကို ရွေးချယ်ခွင့် ရှိသည်ဆိုသည့်အချက်ကို လေးစားသင့်သည်” ဟု ဖော်ပြပြီး ပြင်ပကမ္ဘာသို့ ၎င်းတို့၏ အာဏာရှင်စနစ်ကို ဖြန့်ချိရန် ဘေဂျင်းက နှစ်ပေါင်းများစွာ ကြိုးစာခဲ့သည့် အစောပိုင်းဥပမာအဖြစ် ၂၀၀၅ ခုနှစ်က တရုတ်သမ္မတ ဟူကျင်တောင်က ကုလသမဂ္ဂတွင် ပြောကြားခဲ့သည့် မိန့်ခွန်းတခုကို ကာလန့်ဇစ်က ကိုးကားခဲ့သည်။

ပြောရန်မလိုသည့် အချက်မှာ မြန်မာနှင့် အာဏာရှင်နိုင်ငံများတွင် ပြည်သူများသည် ၎င်းတို့အစိုးရကို ရွေးချယ်ခွင့် မရှိဆိုသောအချက် ဖြစ်သည်။ အာဏာကို လုယူသည့် ရက်စက်ကြမ်းကြုတ်သူ လူယုတ်မာတစုက ဖိနှိပ်အုပ်ချုပ်သည်ကို မည်သူမျှ မရွေးချယ်ပေ။ သို့သော် သာမန်ပြည်သူများ မည်သို့စဉ်းစားသည်ကို ဘေဂျင်းမှ ခေါင်းဆောင်များ ဂရုမစိုက်ပေ။ တရုတ်နိုင်ငံ၏ ပုံစံသည် အတန်အသင့် ရိုးရှင်းသည်။ စီးပွားရေးတိုးတက်မှုကို ဖြစ်စေသည်မှာ ဒီမိုကရေစီမဟုတ်၊ အာဏာရှင်စနစ်သာ ဖြစ်သည်ဆိုသည့် အယူအဆဖြစ်သည်။ အာရှ၊ အာဖရိကနှင့် တောင်အမေရိကနိုင်ငံအချို့မှ အုပ်ချုပ်သူများနှင့် နိုင်ငံရေးသမားများက ထိုအယူအဆကို အတိုင်းအတာတခုအထိ လက်ခံကြသည်။

၂၀ ရာစုနှောင်းပိုင်းနှင့် ၂၁ ရာစုအစောပိုင်းတွင် စတင်ခဲ့သည့် တရုတ်နိုင်ငံ၏ စည်းရုံးရေးထိုးစစ်သည် အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂအပါအဝင် အနောက်နိုင်ငံ အများအပြားက နှစ်ပေါင်းများစွာ အသုံးပြုခဲ့သည့် နည်းလမ်းများနှင့် ကွာခြားခြင်း မရှိပေ။ တရုတ်နိုင်ငံသည် ပြည်ပနိုင်ငံအများအပြားတွင် ကွန်ဖြူးရှပ် အင်စတီကျုများ တည်ထောင်ထားပြီး အပေါ်ယံအားဖြင့် ကြည့်ပါက ထိုအင်စတီကျုများသည် အမေရိကန် ပြန်ကြားရေးဌာန၊ ဗြိတိသျှ ကောင်စီ၊ Alliance Française တို့နှင့် အတူတူပင်ဖြစ်သည်။

တရုတ်၏ ကွန်ဖြူးရှပ် အင်စတီကျုများသည် အနောက်နိုင်ငံများမှ အလားတူ အဖွဲ့အစည်းများထက် များစွာ ပိုမိုလက်တံရှည်သည်။ ထိုအင်စတီကျုများသည် ပညာရပ်ဆိုင်ရာ လွတ်လပ်ခွင့် အပေးအယူများဖြင့် လာစေကာမူ အမေရိကန် တက္ကသိုလ် အများအပြားသည် ၎င်းတို့၏ တက္ကသိုလ်များတွင် ကြီးကြပ်မှုမရှိဘဲ ကွန်ဖြူးရှပ် အင်စတီကျုများ၏ တရုတ်အုပ်ချုပ်မှုပုံစံကို မသိလိုက်ဖာသာ ထူထောင်ခွင့်ပေးထားးခဲ့ကြသည်။

သို့သော် တရုတ်၏ ကွန်ဖြူးရှပ် အင်စတီကျုများသည် အနောက်နိုင်ငံများမှ အလားတူ အဖွဲ့အစည်းများထက် များစွာ ပိုမိုလက်တံရှည်သည်။ ထိုအင်စတီကျုများသည် ပညာရပ်ဆိုင်ရာ လွတ်လပ်ခွင့် အပေးအယူများဖြင့် လာစေကာမူ အမေရိကန် တက္ကသိုလ် အများအပြားသည် ၎င်းတို့၏ တက္ကသိုလ်များတွင် ကြီးကြပ်မှုမရှိဘဲ ကွန်ဖြူးရှပ် အင်စတီကျုများ၏ တရုတ်အုပ်ချုပ်မှုပုံစံကို မသိလိုက်ဖာသာ ထူထောင်ခွင့်ပေးထားကြောင်း အမေရိကန် အထက်လွှတ်တော်၏ စုံစမ်းထောက်လှမ်းရေးဆိုင်ရာ အမြဲတမ်း ဆပ်ကော်မတီက ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ အစီရင်ခံစာတွင် တွေ့ရှိခဲ့ကြောင်း ကာလန့်ဇစ်၏ အဆိုအရ သိရသည်။

ထိုအင်စတီကျုများကို ဘီစီ ၅၅၁ မှ ၄၇၉ ခုနှစ်အထိ ရှင်သန်ခဲ့သည်ဟု ယူဆရသည့် တရုတ် အတွေးအခေါ်ပညာရှင် ကွန်ဖြူးရှပ် အမည်ပေးခြင်းသည် လွယ်ကူသော ဆုံးဖြတ်ချက်ဖြစ်ပုံ မရပေ။ တရုတ်အာဏာရှင်ဟောင်း မော်စီတုန်းနှင့် သူ၏ဇနီး ကျန်ချင်းတို့သည့် မော်၏ဘဝ နောက်ဆုံး သုံးနှစ်ဖြစ်သည့် ၁၉၇၃ ခုနှစ်မှ ၁၉၇၆ ခုနှစ်အတွင်း “လင်းကို ဝေဖန်ကြ၊ ကွန်ဖြူးရှပ်ကို ဝေဖန်ကြ” လှုပ်ရှားမှု ပြုလုပ်သည်။ လင်းဆိုသည်မှာ အာဏာသိမ်းရန် ကြိုးစားပြီးနောက် ဆိုဗီယက်ယူနီယံသို့ ထွက်ပြေးသည့် မော်ကိုဆက်ခံမည့်သူ လင်းပြောင်ကို ဆိုလိုသည်။ သို့သော် သူထွက်ပြေးသည့် လေယာဉ်သည် ၁၉၇၁ ခုနှစ် စက်တင်ဘာလတွင် မွန်ဂိုလီးယား၌ ထူးဆန်းစွာ ပျက်ကျသည်။ မော်ကို ဆန့်ကျင်သူဖြစ်သောကြောင့် သူ့ကို “ပြည်သူ့ရန်သူ” အဖြစ် တံဆိပ်ကပ်သည်။

ကွန်ဖြူးရှပ်သည် မြေရှင်ပဒေသရာဇ်စနစ်၊ ကျေးကျွန်စနစ်နှင့် အမျိုးသမီးများကို ဖိနှိပ်မှုကို ကိုယ်စားပြုသည်ဟု မော်နှင့် ကျန်ချင်းက ဆိုသည်။ ထို့ကြောင့် ၁၉၇၀ ပြည့်နှစ်များက တရုတ်နိုင်ငံသားများ၏ အသိစိတ်တွင် ကျန်ရှိနေဆဲဖြစ်သော ကွန်ဖြူးရှပ် အတွေးအခေါ် လက်ကျန်များသည် နိုင်ငံတိုးတက်ရေးကို အဟန့်အတား ဖြစ်စေသည်ဟု မော်နှင့် ကျန်ချင်းက ပြောသည်။

ယနေ့ ပြုပြင်ပြောင်းလဲထားသည့် တရုတ်နိုင်ငံတွင် ကွန်ဖြူးရှပ် အင်စတီကျုများကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက တိုက်ရိုက်ထိန်းချုပ်ထားသည့် ဌာနတခုဖြစ်သည့် ညီညွတ်သော တပ်ပေါင်းစု လုပ်ငန်းဌာန (China’s United Front Work Department (UFWD) က ကြီးကြပ်သည်။ ထိုဌာနသည် ထောက်လှမ်းရေးသတင်း စုဆောင်းပြီး တရုတ်နိုင်ငံတွင်း နိုင်ငံပ အဖွဲ့အစည်းများနှင့် ဆက်ဆံရေးကို စီမံခန့်ခွဲကြောင်း သိရသည်။

မြန်မာစစ်အုပ်စုကို ကာလကြာမြင့်စွာ ထောက်ခံခဲ့သော တရုတ်နိုင်ငံသည် မြန်မာတွင် ယခင်ကသာမက ယခုအထိလည်း လူထုထောက်ခံမှု မရပေ။ ထို့ကြောင့် စစ်အုပ်ချုပ်ရေး ဆန့်ကျင်သူများကို အများပြည်သူပိုင် နေရာများတွင် တပ်ဆင်ထားည့် ထောက်လှမ်းရေး ကင်မရာဖြင့်ဖြစ်စေ၊ အင်တာနက် ထိန်းချုပ်ခြင်းအားဖြင့် ဖော်ထုတ်ရန်ဖြစ်စေ စစ်ကောင်စီ၏ အားထုတ်မှုများကို တရုတ်က ထောက်ခံခြင်းဖြစ်သည်။

UFWD ထောက်လှမ်းရေးများနှင့် ထိုအဖွဲ့အတွက် အလုပ်လုပ်နေသော ဒေသခံသတင်းပေးများသည် ဘေဂျင်းနှင့် ဘေဂျင်း၏ မူဝါဒများအပေါ် ပြည်ပဆန့်ကျင်မှုများကို စောင့်ကြည့်နေသည်ဟု သံသယရှိကြသည်။ ၂၀၁၉ -၂၀၂၀ ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲများအတွင်း ဟောင်ကောင်တွင် ထိုအတိုင်းဖြစ်ခဲ့သည်။ တရုတ်ပိုင်နက် ဒေသများမှ ပိုမိုဝေးကွာသော ရန်ကုန်ရှိ တရုတ်သံရုံးပြင်ပတွင် ဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီး ဘေဂျင်းမှ အာဏာချုပ်ကိုင်ထားသူများကို ရိုက်ခတ်စေခဲ့သည်။ မြန်မာစစ်အုပ်စုကို ကာလကြာမြင့်စွာ ထောက်ခံခဲ့သော တရုတ်နိုင်ငံသည် မြန်မာတွင် ယခင်ကသာမက ယခုအထိလည်း လူထုထောက်ခံမှု မရပေ။ ထို့ကြောင့် စစ်အုပ်ချုပ်ရေး ဆန့်ကျင်သူများကို အများပြည်သူပိုင် နေရာများတွင် တပ်ဆင်ထားည့် ထောက်လှမ်းရေး ကင်မရာဖြင့်ဖြစ်စေ၊ အင်တာနက် ထိန်းချုပ်ခြင်းအားဖြင့် ဖော်ထုတ်ရန်ဖြစ်စေ စစ်ကောင်စီ၏ အားထုတ်မှုများကို တရုတ်က ထောက်ခံခြင်းဖြစ်သည်။

ကွန်ဖြူးရှပ် အင်စတီကျုများအပြင် ပြည်ပနိုင်ငံများတွင် အများပြည်သူထင်မြင်ချက်ကို သြဇာလွှမ်းမိုးရန် ကြိုးစားသည့် တရုတ်ခေါင်းဆောင်များ အသုံးပြုသော အခြား အဓိကနည်းလမ်းတခုမှာ ၎င်းတို့ ရွေးချယ်ထားသည့် နိုင်ငံများမှ မီဒီယာများနှင့် သတင်းဖလှယ်ခြင်း ဖြစ်သည်ဟု ကာလန့်ဇစ်က ဖော်ပြသည်။ ထိုမီဒီယာများမှ ဖော်ပြသည့် သတင်းအချို့ကို တရုတ်မီဒီယာတွင် ဖော်ပြပေးပြီး ၎င်းတို့ကို အစိုးရက ထိန်းချုပ်သည့် သတင်းဌာန ဆင်ဟွာနှင့် တရုတ်အမျိုးသားရုပ်သံက ထုတ်လွှင့်သည့် အစီအစဉ်များကို အခမဲ့ပေးသည်။ ထိုင်းနိုင်ငံတွင် Matichon Group သည် ၂၀၁၉ ခုနှစ်တွင် ဆင်ဟွာနှင့် သတင်းဖလှယ်ရေး သဘောတူညီချက် ရရှိကြောင်း ကြေညာသည်။ Matichon Group သည် ထိုင်းတွင် အများပြည်သူ လေးစားသော Khaosod အင်တာနက်စာမျက်နှာကို ပိုင်ဆိုင်သည်။

Khaosod သည် ဆင်ဟွာ ဆောင်းပါးများကို အခမဲ့ ဖော်ပြပြီး ထိုသို့ ပထမဆုံးဖော်ပြသည့် ဆောင်းပါးများတွင် ၂၀၁၉ ခုနှစ် ဟောင်ကောင်ဆန္ဒပြပွဲများကို “အနောက်တိုင်း လှုံ့ဆော်ရေးသမားများ၏ လက်ကိုင်တုတ်များ” ဖြစ်သည်ဟု သရုပ်ဖော်ပြီး ရှင်ကျန်းသည် “လူမျိုးစုအုပ်စုများနှင့် ဘာသာရေးများအကြား တန်းတူညီမျှမှု၊ သွေးစည်းချစ်ကြည်မှုနှင့် သဟဇာတဖြစ်မှု စိုးမိုးသောနေရာ” အဖြစ် ဖော်ပြသည်။ ထိုဒေသမှ ပြည်သူများသည်လည်း “ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု” ကို ခံစားနေရသည်ဟု ဆိုသည်။ တရုတ်အာဏာပိုင်များသည် ရှင်ကျန်းမှ မွတ်ဆလင် ဝီဂါ တသန်းအထိ များပြားစွာ ဖမ်းဆီးထားပြီး ဒေသခံအမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။

“ဝီဂါနှင့် အခြားမွတ်ဆလင်အုပ်စုများ အငြင်းပွားဖွယ်ရာ ခွဲခြားဆက်ဆံ ဖမ်းဆီးခြင်း” အပါအဝင် “ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်နေကြောင်း” ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးက လွန်ခဲ့သောနှစ် သြဂုတ်လက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ကောက်ချက်ချထားပြီး ထိုသို့သော ကျူးလွန်မှုများသည် “နိုင်ငံတကာ ရာဇဝတ်မှု၊ အထူးသဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု မြောက်နိုင်သည်” ဟု ဆိုသည်။ ဆင်ဟွာနှင့် သတင်းဖလှယ်ရေး သဘောတူညီမှုအတွက် Matichon အုပ်စုကို နိုင်ငံခြားရေးမူဝါဒ (FP) စာစောင်တွင် တိုင်လာရော်နီက ဝေဖန်သောအခါ Khaosod အယ်ဒီတာ၏ တုံ့ပြန်မှုမှာ “သတင်းတပုဒ်တွင် ဘက် နှစ်ဘက်ရှိကြောင်း” နှင့် “စာဖတ်သူများ၏ အဆုံးအဖြတ်ကို ယုံကြည်ကြောင်း” ပြောသည်။

ဒေသတွင်း အနှံ့အပြားတွင်လည်း လာအို၊ ကမ္ဘောဒီးယားနှင့် အရှေ့တီမောနိုင်ငံတို့မှ အစိုးရထိန်းချုပ်သော ရုပ်သံများသည် တရုတ်မီဒီယာလုပ်ငန်းများနှင့် အချိတ်အဆက်များ ရှိကြသည်။ ကမ္ဘောဒီးယားတွင် အစိုးရသည် တရုတ် အင်တာနက်ဥပဒေများကို ပုံတူကူးသည့် ပြည်တွင်းအင်တာနက် စည်းမျဉ်းသစ်များကို ဖန်တီးထားသည်။ တရုတ်နှင့် ဆက်ဆံရေး အမြဲတမ်း အဆင်ပြေသည်မဟုတ်ဟု အနည်းဆုံးယူဆနိုင်သည့် ဗီယက်နမ်တွင် အာဏာပိုင်များသည် တရုတ်ပုံစံ နိုင်ငံတော်အာဏာကို ပုံတူကူးချရုံသာမက တရုတ်၏ ဆိုက်ဘာနယ်ပယ်ဆိုင်ရာ ဥပဒေနှင့်တူသည့် ဥပဒေသစ်ကိုလည်း အကောင်အထည်ဖော်သည်။

ဒေသတွင်း အနှံ့အပြားတွင်လည်း လာအို၊ ကမ္ဘောဒီးယားနှင့် အရှေ့တီမောနိုင်ငံတို့မှ အစိုးရထိန်းချုပ်သော ရုပ်သံများသည် တရုတ်မီဒီယာလုပ်ငန်းများနှင့် အချိတ်အဆက်များ ရှိကြသည်။ ကမ္ဘောဒီးယားတွင် အစိုးရသည် တရုတ် အင်တာနက်ဥပဒေများကို ပုံတူကူးသည့် ပြည်တွင်းအင်တာနက် စည်းမျဉ်းသစ်များကို ဖန်တီးထားသည်။

မြန်မာတွင် “၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက အာဏာသိမ်းသော စစ်ကောင်စီသည် တရုတ်အင်တာနက် ဥပဒေများနှင့် အလားတူသော ဆိုက်ဘာနယ်ပယ်ဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းများကို အလျင်အမြန် အကောင်အထည်ဖော်ရန် ကြိုးစားသည်” ဟု ကာလန့်ဇစ်က ထောက်ပြသည်။ ဆင်ဟွာသတင်းဌာနသည် စစ်ကောင်စီအာဘော် ဂလိုဘယ် နယူးလိုက်အော့ဖ်မြန်မာနှင့် ကြေးမုံ သတင်းစာများမှ သတင်းများကို မကြာခဏ ကိုးကားဖော်ပြသည်။ တရုတ်နိုင်ငံပိုင် မီဒီယာများသည် မြန်မာမှ တရုတ်ဘာသာ သတင်းဌာနများနှင့် သတင်းဖလှယ်သည့် သဘောတူညီချက်များကို အနည်းဆုံး အတိုင်းအတာတခုအထိ ချုပ်ဆိုထားပြီး ၂၀၁၂ ခုနှစ်တွင် တရုတ် နိုင်ငံတကာ ရေဒီယိုသည် မြန်မာအစိုးရရုပ်သံတွင် တရုတ်အစီအစဉ်များ ထုတ်လွှင့်ပြသရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။

ပိုမိုအငြင်းပွားဖွယ်ဖြစ်သော ကိစ္စမှာ ယူနန်တွင် ‘ပေါက်ဖော်’ စာစောင်ကို ထုတ်ဝေနေသည့် ဒါဟောင်အုပ်စုသည် စစ်အာဏာမသိမ်းမီ ၂၀၁၈ ခုနှစ်က ကချင်ပြည်နယ်တွင် ပြည်သူလူထု အလေးစားခံရဆုံးဖြစ်သည့် ‘မြစ်ကြီးနားသတင်းဂျာနယ်’ နှင့် သတင်းဖလှယ်ရေး သဘောတူစာချုပ် ချုပ်ဆိုသည်။ တရုတ်သတင်းရင်းမြစ်များ ရရှိရန် မျှော်လင့်သောကြောင့် ထိုသဘောတူစာချုပ်ကို ချုပ်ဆိုကြောင်း မြစ်ကြီးနားသတင်းဂျာနယ် အယ်ဒီတာများက ပြောသည်။ ထိုဂျာနယ်ကို ဆက်လက် လည်ပတ်နေဆဲ ဖြစ်သော်လည်း အင်တာနက်စာမျက်နှာနှင့် Facebook တွင်သာ ဆက်လက် ရေးသားဖော်ပြနိုင်သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် အယ်ဒီတာ အများအပြားလည်း ထွက်ပြေးနေရသည်။

ထိုစာအုပ်သည် ပြည်တွင်းနှင့် အခြားနိုင်ငံများမှ ဒီမိုကရက်တစ် အင်အားစုများကို ထိန်းချုပ်ရန် ဘေဂျင်း၏ ဘက်စုံစည်းရုံးရေး လှုပ်ရှားမှုထိုးစစ် မည်သို့ဖြစ်ပေါ်နေသည်ကို ထူးခြားစွာ ဖော်ပြထားသည်။ သတင်းလွတ်လပ်ခွင့်ကို စိတ်ဝင်စားပြီး ကမ္ဘာတဝန်းမှ မီဒီယာများကို ကြိုးကိုင်ရန် တရုတ်ခေါင်းဆောင်များ မည်သို့လုပ်သည်ကို စိတ်ဝင်စားသူတိုင်း ဖတ်ရှုသင့်သော စာအုပ်ဖြစ်သည်။

ကမ္ဘာ့မီဒီယာအားထုတ်မှုတခုကို လေ့လာရာတွင် ကာလန့်ဇစ်၏ စာအုပ်သည် အရှေ့တောင်အာရှ မီဒီယာများကိုသာမက ကမ္ဘာ့ကျန်အစိတ်အပိုင်းများ၊ အထူးသဖြင့် အာဖရိက ဒေသကိုပါ လေ့လာသည်မှာ သဘာဝကျသည်။ အာဖရိကတွင် တရုတ်၏ မသိမ်မွေ့လှသော စည်းရုံးသိမ်းသွင်းရေးထိုးစစ်ကို လေ့လာ ခွဲခြမ်းစိတ်ဖြာရန် ပိုမိုလွယ်ကူသည်။ ထိုစာအုပ်သည် ပြည်တွင်းနှင့် အခြားနိုင်ငံများမှ ဒီမိုကရက်တစ် အင်အားစုများကို ထိန်းချုပ်ရန် ဘေဂျင်း၏ ဘက်စုံစည်းရုံးရေး လှုပ်ရှားမှုထိုးစစ် မည်သို့ဖြစ်ပေါ်နေသည်ကို ထူးခြားစွာ ဖော်ပြထားသည်။ သတင်းလွတ်လပ်ခွင့်ကို စိတ်ဝင်စားပြီး ကမ္ဘာတဝန်းမှ မီဒီယာများကို ကြိုးကိုင်ရန် တရုတ်ခေါင်းဆောင်များ မည်သို့လုပ်သည်ကို စိတ်ဝင်စားသူတိုင်း ဖတ်ရှုသင့်သော စာအုပ်ဖြစ်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Bertil Lintner ၏ Myanmar Regime Learning From China’s Expertise at Media Manipulation ကို ဘာသာပြန် ဖော်ပြသည်။ ဂျိုရွှာ ကာလန့်ဇစ် (Joshua Kurlantzick) ရေးသားသည့် ဘေဂျင်း၏ ကမ္ဘာ့မီဒီယာထိုးစစ်-အာရှနှင့်ကမ္ဘာကို သြဇာလွှမ်းမိုးရန် တရုတ်၏ မသေသပ်သော လှုပ်ရှားမှု (Beijing’s Global Media Offensive: China’s Uneven Campaign to Influence Asia and the World) စာအုပ်ကို အောက်စဖို့ဒ် တက္ကသိုလ်ပုံနှိပ်တိုက်က ထုတ်ဝေသည်။)

You may also like these stories:

ဝါဒဖြန့် မီဒီယာကွန်ရက် ထူထောင်နိုင်ဖို့ စစ်ကောင်စီ ကြိုးပမ်းနေ

စစ်ကောင်စီသစ္စာခံက ကလောင်ဝှက်ဖြင့် ASEAN ကို တိုက်ခိုက်ဝေဖန်

အင်တာနက် ထိန်းချုပ်မှုကို လက်နက်သဖွယ် အသုံးပြုလာခြင်း

ရန်ကုန်တရုတ်တွေအကြောင်း စာအုပ်ဝေဖန်ချက်

စစ်ကောင်စီ ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ IMEI

Loading