မြန်မာခုခံတော်လှန်ရေး အင်အားစုများသည် လွန်ခဲ့သောနှစ်အတွင်း ပြည်သူ့တပ်မတော်တရပ် ဖြစ်လာခဲ့သည်။ ယခု ၂၀၂၃ ခုနှစ်တွင် ခုခံတော်လှန်ရေး အင်အားစုသည် တော်လှန်ရေးအရှိန်အဟုန် မြှင့်တင်ရန် ပြင်ဆင်နေပြီး စစ်ကောင်စီကို ချေမှုန်းရန် ထိုးစစ်ဆင်တော့မည်ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ယခုအခါ နှစ်နှစ်နီးပါးကြာပြီ ဖြစ်သည်။ တော်လှန်ရေးသည် ၂၀၂၁ ခုနှစ်၊ မတ်လနှောင်းပိုင်းတွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၌ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးစခန်းမျာကို စစ်ကောင်စီက ဖြိုခွဲသောအခါ လုပ်သေနတ်များဖြင့် စတင်ခဲ့သည်။ လက်နက်ကိုင် ခုခံတော်လှန်ရေး လှုပ်ရှားမှုသည် ကလေးမှ တနိုင်ငံလုံးသို့ ပျံ့နှံ့သွားသည်။
အာဏာသိမ်းပြီး သုံးလကြာသောအခါ စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် နိုင်ငံတဝန်း ကျယ်ပြန့်သည့် ခုခံတော်လှန်ရေး အင်အားစုများကို ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) အဖြစ် ဖွဲ့စည်းခဲ့သည်။ ယခုအခါ PDF တပ်ရင်းပေါင်း ၃၀၀ ကျော်အထိ ရှိပြီဖြစ်ပြီး အချို့သော ခုခံတော်လှန်ရေး အင်အားစုများသည် သီးခြားလွတ်လပ်စွာ ရပ်တည်နေဆဲဖြစ်ကြောင်း NUG ၏ အဆိုအရ သိရသည်။ ထို့ပြင် ၂၀၂၂ ခုနှစ်၊ ဧပြီလအထိ ဒေသဆိုင်ရာကာကွယ်ရေးတပ်ဖွဲ့ (LDFs) ၄၀၁ ဖွဲ့ ရှိကြောင်းလည်း သိရသည်။
PDF တပ်ရင်းပေါင်း ၃၀၀ ကျော်အထိ ရှိပြီဖြစ်ပြီး အချို့သော ခုခံတော်လှန်ရေး အင်အားစုများသည် သီးခြားလွတ်လပ်စွာ ရပ်တည်နေဆဲဖြစ်ကြောင်း NUG ၏ အဆိုအရ သိရသည်။ ထို့ပြင် ၂၀၂၂ ခုနှစ်၊ ဧပြီလအထိ ဒေသဆိုင်ရာကာကွယ်ရေးတပ်ဖွဲ့ (LDFs) ၄၀၁ ဖွဲ့ ရှိကြောင်းလည်း သိရသည်။
လက်ရှိအချိန်တွင် ခုခံတော်လှန်ရေးတပ်များသည် စစ်ကောင်စီကို မြောက်ပိုင်း ကချင်ပြည်နယ်၊ အနောက်ပိုင်း ချင်းပြည်နယ်၊ အရှေ့ပိုင်း ကယားပြည်နယ်၊ အရှေ့တောင်ပိုင်း ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ပါဝင်သည့် အလယ်ပိုင်း အညာဒေသနှင့် တောင်ပိုင်း တနင်္သာရီတိုင်းတို့တွင် တိုက်ခိုက်နေသည်။
၂၀၂၃ ခုနှစ်အတွက် PDF ရည်မှန်းချက်ပန်းတိုင်များ
PDFs ခေါင်းဆောင်များသည် တော်လှန်ရေး အောင်မြင်စွာ အဆုံးသတ်နိုင်ရေးအတွက် ယခုနှစ် ဦးတည်ချက်နှင့် ခုခံတော်လှန်ရေး သေနင်္ဂဗျူဟာကို ပြောင်းလဲရန် စီစဉ်နေသည်။ တော်လှန်ရေးကို လက်လုပ်လက်နက်များဖြင့် စတင်ခဲ့ပြီးနောက် PDFs များသည် ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြသည်။
ပြည်သူလူထုသည် လွန်စွာ ပင်ပန်းနွမ်းနယ်နေသောကြောင့် တော်လှန်ရေးကို ၂၀၂၃ ခုနှစ်တွင် ပြီးစီးရမည်ဖြစ်ကြောင်း မိုးညိုတော်လှန်ရေးတပ်ဖွဲ့ ပြောခွင့်ရသူတဦးဖြစ်သူ ကိုတေဇာက ပြောသည်။ ထို့ပြင် PDF တပ်ဖွဲ့ဝင်များသည်လည်း မိသားစုနှင့် ပြန်လည် ဆုံစည်းလိုကြသည်ဟုလည်း ဆိုသည်။
“ဒီနှစ်အတွင်း တနိုင်ငံလုံး လွတ်မြောက်စေရမယ်” ဟု ကိုတေဇာက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
ထို့ကြောင့် ခုခံတော်လှန်ရေး အင်အားစုများကို အထူးကွန်မန်ဒို တိုက်ခိုက်ရေးသင်တန်းများ ပေးနေသည်။ ထို့ပြင် ခုခံတော်လှန်ရေး အမာခံဒေသများမှ PDF ခေါင်းဆောင်များသည် ၂၀၂၃ ခုနှစ် ထိုးစစ်အတွက် လက်နက်ခဲယမ်းများကို စုဆောင်းနေကြပြီ ဖြစ်သည်။
ခုခံတော်လှန်ရေး အင်အားစုများကို အထူးကွန်မန်ဒို တိုက်ခိုက်ရေးသင်တန်းများ ပေးနေသည်။ ထို့ပြင် ခုခံတော်လှန်ရေး အမာခံဒေသများမှ PDF ခေါင်းဆောင်များသည် ၂၀၂၃ ခုနှစ် ထိုးစစ်အတွက် လက်နက်ခဲယမ်းများကို စုဆောင်းနေကြပြီ ဖြစ်သည်။
“အဆုံးအထိတိုက်ပွဲဝင်ဖို့ ကျနော်တို့ ဆုံးဖြတ်ထားတယ်။ ဒါပေမယ့် အမေရိကန် ပြည်ထောင်စုလိုဆီက နိုင်ငံတကာ အကူအညီရရင် တော်လှန်ရေး မြန်မြန်အောင်မြင်မယ်” ဟု ရေစကြို ရေလယ်ကျွန်း ပြောက်ကျားတပ်ဖွဲ့မှ ပြောခွင့်ရသူတဦးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
NUG ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တော်လှန်ရေး အင်အားစုများက ကြေညာချက်များ ထုတ်ပြန်ပြီး တော်လှန်ရေး အရှိန်မြှင့်တင်ကာ စစ်အာဏာရှင်စနစ်ကို ၂၀၂၃ ခုနှစ်တွင် ဖြုတ်ချရန် လုပ်ဆောင်နေသည်။ NUG ခေတ္တသမ္မတ ဒူဝါလရှီးလက သူ၏နှစ်သစ်ကူး မိန့်ခွန်းတွင် ၂၀၂၃ ခုနှစ်သည် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့်စစ်ပွဲတွင် အပြောင်းအလဲမှတ်ဖြစ်ပြီး စဉ်ဆက်မပြတ် တော်လှန်ရန် တိုက်တွန်းဆိုသည်။
မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် ၃ ဖွဲ့ဖြစ်သော တအာင်းအမျိုးသား လွတ်လပ်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ကလည်း စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်ရန်အတွက် လိုအပ်သည်များကို ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
တိုင်းရင်းသားဒေသများနှင့် မြန်မာနိုင်ငံအလယ်ပိုင်းမှ PDFs အချို့သည် လွန်ခဲ့သောနှစ်အတွင်းက ပြင်းထန်သော တိုက်ပွဲများဆင်နွှဲပြီး နယ်မြေအချို့ကို ထိန်းချုပ်နိုင်ကြသည်။ ၎င်းတို့သည် ထိန်းချုပ်မှုများကို ယခုနှစ်အတွင်း ချဲ့ထွင်မည်ဖြစ်သည်။
စစ်ကောင်စီကို တိုက်ခိုက်နေသည့် သြဇာကြီးမားသော ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင် ဘန်လကလည်း နှစ်သစ်ကူး မိန့်ခွန်းတွင် စစ်တပ်သည် ပြည်သူတရပ်လုံး၏ ရန်သူဖြစ်ကြောင်းနှင့် ရန်သူကို တိုက်ခိုက်ရမည်ဖြစ်ကြောင်း ပြောသည်။
တိုင်းရင်းသားဒေသများနှင့် မြန်မာနိုင်ငံအလယ်ပိုင်းမှ PDFs အချို့သည် လွန်ခဲ့သောနှစ်အတွင်းက ပြင်းထန်သော တိုက်ပွဲများဆင်နွှဲပြီး နယ်မြေအချို့ကို ထိန်းချုပ်နိုင်ကြသည်။ ၎င်းတို့သည် ထိန်းချုပ်မှုများကို ယခုနှစ်အတွင်း ချဲ့ထွင်မည်ဖြစ်သည်။
ချင်းပြည်နယ်
ချင်းပြည်နယ်သည် စစ်ကောင်စီကို ခုခံတော်လှန်မှု ပြင်းထန်သော နေရာဖြစ်ပြီး ဘဝနောက်ခံမျိုးစုံမှ လူငယ်အများစုဖြင့် ဖွဲ့စည်းထားသည့် လက်နက်ကိုင်တပ်ဖွဲ့ ၂၇ ခု လှုပ်ရှားနေကြောင်း ချင်းပြည် ပူးတွဲကာကွယ်ရေး ကော်မတီ (CJDC) ၏ အဆိုအရ သိရသည်။ မြန်မာစစ်တပ်နှင့် ချင်းခုခံတော်လှန်ရေး အင်အားစုများအကြား တိုက်ပွဲများသည် ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်၊ ဟားခါး၊ ထန်တလန်၊ ပလက်ဝနှင့် မတူပီမြို့နယ်များတွင် ဖြစ်ပွားနေသည်။
မြို့များမှအပ ထိုမြို့နယ်များအားလုံးကို ခုခံတော်လှန်ရေး အင်အားစုများက ထိန်းချုပ်ထားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) ၏ အဆိုအရ သိရသည်။
စစ်ကောင်စီ အခြေစိုက်စခန်းများကို တိုက်ခိုက်ရန် စီမံချက်တခုအား ၂၀၂၃ ခုနှစ်အတွက် ပြင်ဆင်နေကြောင်း၊ ယင်းစီမံချက်ကို မဟာမိတ်များနှင့် NUG ထံ တင်ပြထားကြောင်း ချင်း ကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) မှ ကိုယ်စားလှယ်တဦးက ပြောသည်။
ချင်းပြည်နယ်ဒေသအများစုကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားပြီးဖြစ်သော်လည်း တော်လှန်ရေး တခုလုံးအနေဖြင့် အောင်မြင်မှု မရသေးကြောင်း ထိုကိုယ်စားလှယ်က ပြောသည်။ တော်လှန်ရေး ပိုမိုအောင်မြင် စေရန်အတွက် NUG က အောက်ခြေအဆင့် တော်လှန်ရေး အင်အားစုများကို ခေါင်းဆောင်မှုနှင့် ထောက်ပံ့မှု ပိုမိုပေးသင့်ကြောင်း ၎င်းကပြောသည်။
“NUG က ကျနော်တို့ကို လက်နက်ခဲယမ်းထောက်ပံ့ရင် ကျနော်တို့က လွတ်မြောက်ဒေသတွေကို တိုးချဲ့နိုင်ပြီး အခြားဒေသများ လွတ်မြောက်သည်အထိ ကူညီတိုက်ခိုက်ပေးနိုင်မယ်”
“NUG က ကျနော်တို့ကို လက်နက်ခဲယမ်းထောက်ပံ့ရင် ကျနော်တို့က လွတ်မြောက်ဒေသတွေကို တိုးချဲ့နိုင်ပြီး အခြားဒေသများ လွတ်မြောက်သည်အထိ ကူညီတိုက်ခိုက်ပေးနိုင်မယ်” ဟု ထိုကိုယ်စားလှယ်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
အညာဒေသ (မြန်မာနိုင်ငံအလယ်ပိုင်း)
အညာဒေသသည် စစ်ကောင်စီ၏ မီးရှို့တိုက်ခိုက်မှုများကို အပြင်းထန်ဆုံးခံရသော ဒေသဖြစ်သည်။ စစ်ကောင်စီက မီးရှို့တိုက်ခိုက်မှုများ၏ ၇၀ ရာခိုင်နှုန်းသည် ခုခံတော်လှန်ရေးအမာခံဒေသ မြန်မာနိုင်ငံအလယ်ပိုင်းတွင် ဖြစ်ပွားသည်။
အညာဒေသတခုတည်းတွင်ပင် PDF ၁၅,၀၀၀ နှင့် LDF ၂၀,၀၀၀ ရှိကြောင်း တကောင်း နိုင်ငံရေးလေ့လာမှုအဖွဲ့၏ အစီရင်ခံစာတခုအရ သိရသည်။
၂၀၂၃ ခုနှစ်တွင် မြို့နယ်များကို ထိန်းချုပ်ရန် တိုက်ခိုက်ရေးအတွက် စီစဉ်နေကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်များ၏ ကိုယ်စားလှယ် ဦးမြတ်ကိုက ပြောသည်။ ချင်းတွင်းရိုးမ မဟာမိတ်တပ်များတွင် စစ်ကိုင်းတိုင်းမှ ခုခံတော်လှန်ရေး အင်အားစု ၂၄ ခုပါဝင်ပြီး အင်အား ၄,၀၀၀ ရှိကာ စစ်ကောင်စီတပ်များကို စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းနှင့် ကရင်ပြည်နယ်တွင် တိုက်ခိုက်နေသည်။
အခြား PDFs များကဲ့သို့ပင် ချင်းတွင်းရိုးမ မဟာမိတ်တပ်များသည် လက်နက် လုံလုံလောက်လောက် မရှိသေးပေ။ သို့သော် ၎င်းတို့၏ စစ်ဆင်ရေးများတွင် အိမ်လုပ်လက်နက်များကို အသုံးပြုမည်ဖြစ်သည်။ အဆိုပါ တိုက်ခိုက်ရေးသမားများကို လွန်ခဲ့သောနှစ်ကုန်မှ စတင်ပြီး အထူးကွန်မန်ဒို လေ့ကျင့်သင်တန်းပေးနေပြီ ဖြစ်သည်။
“မနှစ်ကတုန်းက စစ်တပ်ရဲ့ ထိုးစစ်ကို ကျနော်တို့ ခုခံခဲ့တယ်။ အခုတော့ ၂၀၂၃ မှာ စစ်တပ်ကို တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေတယ်” ဟု ဦးမြတ်ကိုက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
“မနှစ်ကတုန်းက စစ်တပ်ရဲ့ ထိုးစစ်ကို ကျနော်တို့ ခုခံခဲ့တယ်။ အခုတော့ ၂၀၂၃ မှာ စစ်တပ်ကို တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေတယ်”
မိုးညိုတော်လှန်ရေးတပ်ဖွဲ့သည် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် အခြေစိုက်ပြီး တိုက်ခိုက်ရေးသမား ၂၀၀ ကျော်ရှိကာ ၎င်းတို့အနက် ၄၀ ကို အထူးစစ်ဆင်ရေးများအတွက် ကွန်မန်ဒိုသင်တန်းများ ပေးထားပြီးဖြစ်သည်။ ထိုတပ်ဖွဲ့သည် ယခုနှစ်တွင် တိုက်ခိုက်ရေး သေနင်္ဂဗျူဟာ ပြောင်းလဲခဲ့သည်။ ၎င်းတို့သည် စစ်ကိုင်း-မြင်းမူ လမ်းတွင် သွားလာနေသော စစ်ကောင်စီတပ်များကို မိုင်းခွဲ ခြုံခိုတိုက်ခိုက်ကြသည်။ ယခုအခါ ၎င်းတို့သည် ခြုံခိုတိုက်ခိုက်မှုများ သာမက တိုက်ခိုက်မှုများကို စတင်ပြုလုပ်ရန်လည်း စီစဉ်နေသည်။
လက်ရှိအချိန်တွင် မိုးညိုတော်လှန်ရေးတပ်ဖွဲ့တွင် လုံလောက်သော တိုက်ခိုက်ရေးသမားများရှိပြီး လိုအပ်သော လက်နက်များ အားလုံးကို ထုတ်လုပ်နိုင်နေသည်။
၎င်းတို့သည် စစ်တပ်နှင့် ရင်ဆိုင်တွေ့သောအခါ ဆုတ်ခွာရန် မလိုတော့ဘဲ စစ်ကောင်စီတပ်များကို သွားရောက် တိုက်ခိုက်မည်ဖြစ်ကြောင်း မိုးညိုတော်လှန်ရေးတပ် ပြောခွင့်ရသူ ကိုတေဇာက ပြောသည်။
လွန်ခဲ့သောနှစ်တွင်း တိုက်ခိုက်မှု စစ်ဆင်ရေး အနည်းဆုံး ၂၅ ကြိမ် လုပ်ခဲ့ကြောင်းနှင့် ယခုနှစ်အတွင်း အင်အားကြီးမားသော အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း Black God ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်က ပြောသည်။ Black God တွင် တိုက်ခိုက်ရေးသမား ၇၅ ဦးခန့်ရှိပြီး မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အခြေစိုက်သည်။
“NUG အရာရှိတွေအနေနဲ့ မြေပြင်က ကျနော်တို့ဆီကိုလာပြီး တတ်နိုင်သလောက် ကူညီစေချင်တယ်”
“NUG အရာရှိတွေအနေနဲ့ မြေပြင်က ကျနော်တို့ဆီကိုလာပြီး တတ်နိုင်သလောက် ကူညီစေချင်တယ်” ဟု ဧရာဝတီ သတင်းဌာနသို့ ၎င်းကပြောသည်။
ကယားပြည်နယ်
ကယားပြည်နယ်သည် ခုခံတော်လှန်ရေး အမာခံဒေသတခုဖြစ်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ လက်နက်ကိုင်တပ်ဖြစ်သော ကရင်နီတပ်မတော်နှင့်အတူ စစ်ကောင်စီကို တိုက်ခိုက်နေသည့် တော်လှန်ရေး အင်အားစုအနည်းဆုံး ၁၂ ခုမှ တပ်ဖွဲ့ဝင် ၁၅,၀၀၀ ကျော်ရှိသည်။ ထိုအဖွဲ့များအကြားတွင် ကရင်နီတိုင်းရင်းသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) ကို လူငယ်များက အများအားဖြင့် ဦးဆောင်ပြီး ၎င်းသည် အင်အားအကြီးမားဆုံးဖြစ်ကာ အမျိုးသမီးတိုက်ခိုက်ရေးသမားများ အပါအဝင် အင်အား ၇,၀၀၀ ကျော်ရှိသည်။
KNDF နှင့် မဟာမိတ် ခုခံတော်လှန်ရေး အင်အားစုများသည် လွန်ခဲ့သောနှစ်အတွင်း တိုက်ပွဲပေါင်း ၃၄၁ ပွဲ ဆင်နွှဲခဲ့ပြီး မြန်မာစစ်တပ်စခန်းအချို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီစစ်သား ၇၉၇ ဦး သေဆုံးပြီး ၉၃ ဦးဒဏ်ရာရစေခဲ့ကြောင်း KNDF ကပြောသည်။
သူ၏တပ်ဖွဲ့သည် ယခင်နှစ်က အတွေ့အကြုံများကို ပြန်လည်သုံးသပ်နေပြီး ၂၀၂၃ ခုနှစ်တွင် တိုက်ခိုက်မှု အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း မိုးဗြဲ PDF တပ်မှူး ဗိုလ်ကျောက်ဆောင်က ပြောသည်။
“သေနင်္ဂဗျူဟာနဲ့ လက်နက်ခဲယမ်းပိုင်းမှာ အားနည်းချက်ရှိနေတယ်။ ဒါပေမယ့် ကျနော်တို့ လူအင်အားနဲ့ စိတ်ဓာတ်က အရမ်းကို ခိုင်မာတယ်။ ဒါကြောင့် ၂၀၂၃ ခုနှစ်မှာ အရင်နှစ်ကထက် ပိုမို ထိရောက်လာလိမ့်မယ်” ဟု ဗိုလ်ကျောက်ဆောင်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
ခုခံတော်လှန်ရေးအင်အားစု ၆ ခုပါဝင်သော ကရင်နီတော်လှန်ရေး သမဂ္ဂသည် ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီက စီစဉ်ထားသည့် အထွေထွေရွေးကောက်ပွဲကို တားဆီးရန် မြို့ပြပြောက်ကျားများအဖြစ် တိုက်ခိုက်နိုင်မည်ဟု မျှော်လင့်နေသည်။
ခုခံတော်လှန်ရေးအင်အားစု ၆ ခုပါဝင်သော ကရင်နီတော်လှန်ရေး သမဂ္ဂသည် ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီက စီစဉ်ထားသည့် အထွေထွေရွေးကောက်ပွဲကို တားဆီးရန် မြို့ပြပြောက်ကျားများအဖြစ် တိုက်ခိုက်နိုင်မည်ဟု မျှော်လင့်နေသည်။
“ကျနော်တို့က မြို့ပြပြောက်ကျားအနေနဲ့ တော်လှန်ရေးကို စတင်ခဲ့တာကြောင့် ဒီနှစ်မှာလည်း ကျနော်တို့ နယ်မြေကို ထိန်းချုပ်နိုင်ဖို့ ဆက်လုပ်ချင်တယ်” ဟု ကရင်နီတော်လှန်ရေး သမဂ္ဂ ပြောခွင့်ရသူ ကိုလင်းလင်းက ပြောသည်။
၂၀၂၃ ခုနှစ်အတွင်း PDF တို့အတွက် လိုအပ်ချက်များ
NUG ကာကွယ်ရေးဝန်ကြီးဌာန အရာရှိများသည် ဇန်နဝါရီလအတွင်းက မန္တလေးအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တပ်ရင်း ၅ ရင်းနှင့် တွေ့ဆုံခဲ့သည်။
အထက်ပါ PDFs အားလုံးက ၎င်းတို့အတွက် အားနည်းချက်သည် လက်နက်ခဲယမ်း မလုံလောက်ခြင်းဖြစ်ကြောင်း ပြောသည်။ PDFs အချို့သည် NUG ထံမှ အထောက်အပံ့ရသော်လည်း လုံလောက်ခြင်း မရှိပေ။ PDF အချို့သည် NUG ထံမှ အထောက်အပံ့ လုံးဝမရပေ။
“ကျနော်တို့တွေက မြန်မာနိုင်ငံ အလယ်ပိုင်းမှာဖြစ်နေတော့ အထောက်အပံ့ မရသလောက်ဖြစ်နေတာကြောင့် လက်နက်စီးဆင်းမှု တိုးတက်အောင်လုပ်ဖို့ NUG ကို တောင်းဆိုချင်တယ်” ဟု ရေစကြိုအခြေစိုက် ရေလယ်ကျွန်း ပြောက်ကျားတပ်ဖွဲ့မှ ကိုယ်စားလှယ်တဦးက ပြောသည်။
NUG က တော်လှန်ရေး အင်အားစုများကို လက်နက်ထောက်ပံ့ရန် ကိုလင်းလင်းက တိုက်တွန်းသည်။ “ကရင်နီမှာ လက်နက်ကိုင်အင်အားစုတွေ အများကြီးရှိတယ်။ ဒါကြောင့် NUG အရာရှိတွေအနေနဲ့ အဲဒီတပ်ဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံဖို့ လိုတယ်” ဟု သူကပြောသည်။
NUG ကာကွယ်ရေး ဝန်ကြီးဌာနအနေဖြင့် LDFs များကို ပိုမိုစည်းရုံးရန် PDF ခေါင်းဆောင်များက တိုက်တွန်းသည်။ ခုခံတော်လှန်ရေး အင်အားစုများ ညီညွတ်စွာ တိုက်ခိုက်ပါက တော်လှန်ရေး အလျင်အမြန် ပြီးစီးမည်ဖြစ်ကြောင်း ၎င်းတို့ကပြောသည်။
NUG နှင့် မဟာမိတ်အဖွဲ့များသည် ယခုနှစ်အတွင်း တော်လှန်ရေးကို အဆုံးအဖြတ်ကျသော ရလဒ်များရရှိစေရန် ဆုံးဖြတ်ထားပြီး ထိုရလဒ်ရရန် တနှစ်စီမံကိန်း ရေးဆွဲထားကြောင်း သူ၏ နှစ်သစ်ကူး မိန့်ခွန်းတွင် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။
NUG နှင့် မဟာမိတ်အဖွဲ့များသည် ယခုနှစ်အတွင်း တော်လှန်ရေးကို အဆုံးအဖြတ်ကျသော ရလဒ်များရရှိစေရန် ဆုံးဖြတ်ထားပြီး ထိုရလဒ်ရရန် တနှစ်စီမံကိန်း ရေးဆွဲထားကြောင်း သူ၏ နှစ်သစ်ကူး မိန့်ခွန်းတွင် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။
ရန်ပုံငွေများ မျှော်လင့်သည်ထက် ပိုမိုရရှိထားသောကြောင့် PDF တပ်ရင်းအားလုံးကို လက်နက်ထောက်ပံ့ရန် စီစဉ်နေကြောင်းလည်း ၎င်းကပြောသည်။
“ခုခံတော်လှန်ရေး ဒုတိယနှစ်မှာ တော်လှန်ရေး အောင်မြင်ဖို့အတွက် ကောင်းမွန်တဲ့ အခြေခံ အုတ်မြစ်တွေလိုတယ်” ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Yuzana ၏ Myanmar’s Revolutionary Forces Prepare to go on the Offensive ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories :
ရှင်းလင်းပြတ်သားသည့် နိုင်ငံရေး စီမံချက်က ခုခံတော်လှန်ရေးအတွက် အထောက်အကူပြုမည်
မြန်မာနိုင်ငံ တည်ငြိမ်ရေး တော်လှန်ရေးတပ်များ ကွန်ရက်ကသာ တည်ဆောက်နိုင်
စစ်ကောင်စီ သက်ဆိုးမရှည်တော့ဟု KIA ဗိုလ်ချုပ် ပြော
မိုက်မဲသော အာဏာသိမ်းမှုကြောင့် စစ်ကောင်စီ ကျဆုံးရမည်