“ထိုင်းနှင့်မြန်မာသည် သေးငယ်သော မြစ်ကလေးတစင်းဖြင့်သာ ခွဲခြားထားသည့် ချစ်ခင်ရင်းနှီးသော အိမ်နီးချင်းများ ဖြစ်သည်” ဟု တရုတ်-ထိုင်း-မြန်မာ စီးပွားရေး စင်္ကြံအဖြစ် ကြော်ငြာနေသည့် Facebook ဗီဒီယိုတခုတွင် ဟောင်ကောင်အခြေစိုက် ယာထိုင် အင်တာနေရှင်နယ် ဟိုးလ်ဒင်းအုပ်စုက ဖော်ပြထားသည်။
သောင်ရင်းမြစ် တလျှောက်မှ ရွှေကုက္ကို ယာထိုင်မြို့သစ်ကို ဒေါ်လာ ၁၅ ဘီလီယံတန်သည့် အနာဂတ်၏ စိတ်ကူးစိတ်သန်း ထူးခြားသော မြို့တမြို့ဖြစ်သည်ဟု ထင်ကြသည်။ မြန်မာမှ ငှက်ဖျားနှင့် ပဋိပက္ခထူပြောသော ကရင်ပြည်နယ်တွင် တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ကိုင်နေဆဲ ဖြစ်သည်။ ထိုပြည်နယ်တွင် ကရင်လူမျိုးစု လက်နက်ကိုင်များသည် ၁၉၄၈ ခုနှစ်မှစတင်ပြီး ဗဟိုအစိုးရကို ပုန်ကန်တိုက်ခိုက်နေသည်။
ရပ်ဝန်းနှင့် လမ်းအစီအစဉ် (BRI) ဂုဏ်ပုဒ်အတုဖြင့် ထိုမြို့သည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၏ မြောက်ဘက်နားတွင် တည်ရှိသည်။ ထိုစီမံကိန်းကို ယခင် ဒေါ်အောင်ဆန်းစုကြည် အစိုးရက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး မြန်မာရှိ တရုတ်သံရုံးကလည်း ထိုစီမံကိန်းသည် တရုတ်နိုင်ငံနှင့် မသက်ဆိုင်ကြောင်း ၂၀၂၀ ပြည့်နှစ်က ကြေညာထားသည်။ ထိုမြို့တွင် နည်းပညာနှင့် စက်မှုဥယျာဉ်များ၊ အပမ်းဖြေနှင့် ခရီးသွားလာရေးနေရာများ၊ လူမျိုးစု ယဉ်ကျေးမှု ဒေသများ၊ စီးပွားရေးနှင့် သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှုနေရာများ၊ ဂေဟဗေဒနှင့် စိုက်ပျိုးရေးအတွက် နေရာများလည်း ပါဝင်သည်ဟု ကြော်ငြာများတွင် ဖော်ပြထားသည်။ သေနတ်ပစ်လေ့ကျင့်သည့် နေရာတခုပင် ပါသည်ဟုဆိုသည်။
ရွှေကုက္ကိုသည် “မြန်မာ၏ ဆီလီကွန်တောင်ကြား” ဖြစ်ပြီး အိန္ဒိယ သမုဒ္ဒရာနှင့် တောင်တရုတ် ပင်လယ်အကြား မြေသားပေါင်းကူးဖြစ်သည့် ရေကြောင်း ပိုးလမ်းမ၏ အဓိကကျသော ခရီးတထောက်နားရာ နေရာဖြစ်သည် ဟုလည်းဆိုသည်။
သို့သော် ပကတိအခြေအနေမှာ မှောင်မိုက်နေသည်။ ရွှေကုက္ကိုသည် အွန်လိုင်းလောင်းကစား၊ အွန်လိုင်း ငွေကြေးလိမ်လည်မှုနှင့် လူကုန်ကူးသည့် ရာဇဝတ်မှု အချက်အခြာဒေသ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရက ထိုစီမံကိန်းနှင့် BRI ကြား ဆက်စပ်မှုကို သံသယဖြစ်သောကြောင့် ထိုင်းအစိုးရက ထိုမြို့သို့ ပေးပို့သည့် လျှပ်စစ်ဓာတ်အားနှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ၂၀၂၀ ပြည့်နှစ်တွင် ဖြတ်တောက်ခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို ဖြုတ်ချပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းပြီး နှစ်ပတ်အတွင်း ထိုအရေးပါသည့် အဆက်အသွယ်များ အားလုံးကို ပြန်လည်ချိတ်ဆက်ခဲ့သည်။
ရွှေကုက္ကိုသည် အွန်လိုင်းလောင်းကစား၊ အွန်လိုင်း ငွေကြေးလိမ်လည်မှုနှင့် လူကုန်ကူးသည့် ရာဇဝတ်မှု အချက်အခြာဒေသ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရက ထိုစီမံကိန်းနှင့် BRI ကြား ဆက်စပ်မှုကို သံသယဖြစ်သောကြောင့် ထိုင်းအစိုးရက ထိုမြို့သို့ ပေးပို့သည့် လျှပ်စစ်ဓာတ်အားနှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ၂၀၂၀ ပြည့်နှစ်တွင် ဖြတ်တောက်ခဲ့သည်။
ထိုသို့သော ဖြစ်ပေါ်တိုးတက်မှုများ သက်သက်ကြောင့်သာ စီမံကိန်းကို သတိထားစရာ ဖြစ်လာသည် မဟုတ်ပေ။
ရေတိမ်ပြီး ကွေ့ကောက်သော သောင်ရင်းမြစ်၏ တောင်ဘက်တလျှောက်တွင် ရာဇဝတ်ဇုန်များ ရုတ်တရက် ပေါ်ပေါက်လာသည်။ သောင်ရင်းမြစ်သည် အခြောက်သွေ့ဆုံး ရာသီများတွင် ခြေလျင်ဖြတ်ကူးနိုင်သည်။ ထိုနေရာသည် အရှေ့တောင်အာရှ အမှောင်ထု၏ ဗဟိုချက်ဖြစ်သည်၊ ထိုနေရာသည် “ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက်မှု ကြီးထွားနေသည့်” ဥပဒေမဲ့ဒေသဖြစ်သည်ဟု အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP) ၏ လွန်ခဲ့သောလက ထုတ်ဝေသည့် ဆောင်းပါးတစောင်တွင် ပရစ်စယ်လာ အေ ကလက်ပ်နှင့် ဂျေဆင် တာဝါ တို့က ဖော်ပြသည်။
“၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်၊ မတ်လအတွင်း ကိုဗစ်နိုင်တင်း ဖြစ်ပွားနေချိန်တွင် သောင်ရင်းမြစ်ကမ်း ကီလိုမီတာ ၄၀ ရှည်လျားသောနေရာတွင် အဆောက်အအုံသစ်များ တည်ဆောက်ခဲ့သည်” ဟု ကလက်ပ်နှင့် တာဝါ တို့က ရေးသားခဲ့သည်။
ထိုဒေသတွင် ရာဇဝတ်မှုဇုန် ၁၅ ခု USIP က တွေ့ရှိထားကြောင်း ၎င်းတို့က ရေးသားသည်။ အဆိုပါနေရာများ၏ တည်နေရာနှင့် တည်ဆောက်မှုများကို Google Earth တွင် ရှာဖွေပြီး နယ်စပ်သို့ သွားရောက် လေ့လာနိုင်ကြောင်းလည်း ဖော်ပြသည်။ ထိုနေရာများအားလုံးတွင် ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာတို့နှင့် ထိုင်းနယ်စပ်များတွင် တွေ့ရသော “အထူးစီးပွားရေးဇုန်များ” ဟုခေါ်သည့် ကာစီနိုလောင်းကစားရုံများကို မတွေ့ရပေ။ သိုလှောင်ရုံများနှင့် စက်ရုံများကို မတွေ့ရသောကြောင့် ထိုနေရာသည် အထူးစီးပွားရေးဇုန် မဟုတ်ပေ။ USIP က တွေ့ရှိသည့် ထိုဇုန်များသည် လူအများကို ထိန်းသိမ်းထားရန် နေရာများဖြစ်ပြီး အချို့အခန်းများတွင် လူ ၆ ဦးအထိ ကျပ်ကျပ်တည်းတည်း ချုပ်နှောင်ထားကြောင်း အချို့သတင်းများက ဖော်ပြထားသည်။
“မြို့နှင့်ဆင်သော ထိုနေရာများသည် ထောင်များနှင့် ပိုတူသည်” ဟု USIP က ဖော်ပြသည်။ ၄ မီတာမြင့်သည့် ကွန်ကရစ်တံတိုင်းများတွင် သံဆူးကြိုးများ တပ်ဆင်ထားသည်ကို အထင်အရှားတွေ့ရသည်။ အချို့နေရာများတွင် မျှော်စင်များလည်း ရှိနေသောကြောင့် ညှဉ်းပန်းနှိပ်စက်ရေး စခန်းများနှင့် တူနေသည်။
“မြို့နှင့်ဆင်သော ထိုနေရာများသည် ထောင်များနှင့်ပိုတူသည်” ဟု USIP က ဖော်ပြသည်။ ၄ မီတာမြင့်သည့် ကွန်ကရစ်တံတိုင်းများတွင် သံဆူးကြိုးများ တပ်ဆင်ထားသည်ကို အထင်အရှားတွေ့ရသည်။ အချို့နေရာများတွင် မျှော်စင်များလည်း ရှိနေသောကြောင့် ညှဉ်းပန်းနှိပ်စက်ရေး စခန်းများနှင့် တူနေသည်။
မြစ်တဘက်ကမ်းမှ ထိုင်းနိုင်ငံဘက်အခြမ်း မျက်နှာချင်းဆိုင်တွင် 5G တာဝါတိုင်တခု တည်ဆောက်ထားသည်။ မြစ်ကမ်းပါး နေရာအများအပြားတွင် ကွန်ကရစ် ကုန်းဘောင်များ တည်ဆောက်ထားပြီး ဆောက်လုပ်ရေး ပစ္စည်းသယ်သည့်ကားများ သွားလာရလွယ်ကူအောင် တည်ဆောက်ထားသည်ကို တွေ့ရသည်။
မဲဆောက်သည် သယ်ယူပို့ဆောင်ရေးအရ အရေးပါသည့် နယ်စပ်မြို့ဖြစ်သည်။ အာရှအဝေးပြေးလမ်း အမှတ် ၁ တွင် တည်ရှိပြီး သောင်ရင်းမြစ်ကိုဖြတ်ကာ မြန်မာမှ မြဝတီမြို့နှင့် ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားဖြင့် ဆက်သွယ်ထားသည်။ ထိုတံတားကို ပိတ်ထားဆဲ ဖြစ်သည်။ ဇွန်လက ပြင်းထန်သော ကားဗုံးပေါက်ကွဲမှုကြောင့် ဖြစ်လာသည့် အဆောက်အအုံအပျက်အစီးကို အထင်အရှား တွေ့နေရဆဲဖြစ်ပြီး လူထောင်ပေါင်းများစွာကို နေရပ်စွန့်ခွာစေသည့် မတည်ငြိမ်မှု၏ အထောက်အထား ဖြစ်သည်။ မြဝတီမြို့ မြောက်ဘက်တွင် ကုန်တင်ယာဉ်များအတွက် အကောက်ခွန် စစ်ဆေးရေး စခန်းပါဝင်သည့် တံတားတခုရှိသည်။ မြန်မာတွင် လက်နက်ကိုင် မတည်ငြိမ်မှုများ ရှိနေသော်လည်း ထိုတံတားကို ဖွင့်ထားသည်။
အနောက်ဘက် ၁၇၅ ကီလိုမီတာခန့်တွင် မော်လမြိုင်မြို့ တည်ရှိသည်။ အောက်မြန်မာနိုင်ငံမှ ဗြိတိသျှတို့ ၁၉ ရာစုတွင် တည်ဆောက်ခဲ့သည့် အိန္ဒိယ သမုဒ္ဒရာမှ ကပ္ပလီပင်လယ် ဆိပ်ကမ်းတခု ဖြစ်သည်။ ယာထိုင်က မော်လမြိုင်နှင့် ထိုင်းနိုင်ငံ၏ အကြီးမားဆုံးဆိပ်ကမ်း လာအမ် ချာဘန် ဆိပ်ကမ်းကို ကားလမ်းဖြင့် ဆက်သွယ်ရန် အဆိုပြုပြီး ထိုမှတဆင့် တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းမှ ကြီးမားသော ကွမ်ကျိုး ဆိပ်ကမ်းနှင့် ဆက်သွယ်မည်ဟု ဆိုသည်။
ယာထိုင်၏ အဓိကစီမံကိန်းဖြစ်သော ရွှေကုက္ကိုသည် ၁၉၉၄ ခုနှစ်ကအထိ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း ၁၀၁ ထိန်းချုပ်ထားသည့် ကော်မူးရာ အနီးတွင်ရှိသည်။ ယနေ့တွင်မူ ထိုဒေသကို ကရင်ခွဲထွက်အဖွဲ့တခုဖြစ်သည့် ကရင်နယ်ခြားစောင့်တပ်က ထိန်းချုပ်ထားသည်။ ထိုအဖွဲ့သည် မြန်မာစစ်တပ်နှင့် ငြိမ်းချမ်းရေးယူပြီး စီးပွားရေးလုပ်နေသည်။ ထိုအဖွဲ့၏ ရွှေကုက္ကိုမှ ရုံးများသည် ယာထိုင်၏ ရုံးများနှင့်အတူ တည်ရှိနေသည်။ ထိုသို့သော ဆက်ဆံရေးကြောင့် တရုတ်မြေအောက်လောကနှင့် မြန်မာစစ်ကောင်စီအကြား ဆက်စပ်မှုကို ပြသနေသော်လည်း မည်သည့် အတိုင်းအတာအထိ ရှိသည်မှာမူ ခန့်မှန်း ပြောကြားချက်များသာ ဖြစ်သည်။
စုံစမ်းမေးမြန်းမှုများကို အကြောင်းပြန်ကြားခြင်း မရှိသည့် ယာထိုင်က ထိုမြို့ကို သောင်ရင်း မြစ်ကမ်းတလျှောက် ၁၉ ကီလိုမီတာအထိ ရှည်အောင် တည်ဆောက်ရန် ရည်ရွယ်ထားပြီး စုစုပေါင်း ၁၂၀ စတုရန်းကီလိုမီတာ ကျယ်မည်ဖြစ်သည်။ ထိုအရွယ်အစားသည် တရုတ်တွင် လောင်းကစားလုပ်ငန်း တရားဝင်သည့် တခုတည်းသော ဒေသဖြစ်သည့် မက္ကာအိုထက် အနည်းငယ်ကြီးမားသည်။ သို့သော် တရုတ်အာဏာပိုင်များသည် ထိုလောင်းကစား လုပ်ငန်းများကို လိုလားမှု လျော့ကျလာသည်။
ကိုဗစ်နိုင်တင်း လော့ဒေါင်းချခြင်းနှင့် ကာစီနိုခရီးစဉ်များကို ဖြိုခွဲမှုများကြောင့် မက္ကာအို၏ လောင်းကစား ဝင်ငွေသည် လွန်ခဲ့သောနှစ်က ယခုရာစုအတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းခဲ့သည်။ မက္ကာအိုမှ လောင်းကစားလုပ်ငန်း ငွေကြေးစိုက်ထုတ်သူများသည် အနည်းဆုံး ၂၀၁၆ ခုနှစ်မှ စတင်ပြီး အခြား စည်းကမ်းထိန်းချုပ်မှု နည်းသော ကမ္ဘောဒီးယားမှ ဆီဟန်နောက်ဗီးလ်နှင့် ပွိုင်ပက်စသည့် နေရာများ၊ ထို့နောက် ထိုင်းနှင့် မြန်မာ၊ လာအို နယ်စပ်များသို့ ထွက်ခွာနေကြသောကြောင့် တရားဥပဒေစိုးမိုးမှု မရှိသည့် ကာစီနိုအများအပြား ပေါ်ပေါက်လာသည်။ အွန်လိုင်းငွေကြေး လိမ်လည်ခြင်းအတွက် သုံးရန် အွန်လိုင်း လောင်းကစားနည်းပညာနှင့် အခြေခံအဆောက်အအုံများကို အသုံးပြုနေသောကြောင့် ဒေသတွင်း အွန်လိုင်းငွေကြေး လိမ်လည်မှု ကူးစက်နေသည်။
ရွှေကုက္ကိုမှ အဓိက ကာစီနိုလုပ်ငန်းသည် အခြား ကာစီနိုအများစုထက် ပိုမိုကြီးမားသည်။ ထိုမြို့ကို အဓိက စီမံနေသည်မှာ ယာထိုင်အင်တာနေရှင်နယ် ဟိုးလ်ဒင်း၏ ဥက္ကဋ္ဌ ရှို ကျင်ကျောင် သို့မဟုတ် ဒိုင်လန် ရှို ဖြစ်သည်။ သူသည် တရုတ်ရေခြားမြေခြား လုပ်ငန်းရှင်များအသင်းချုပ် ဒုဥက္ကဋ္ဌလည်း ဖြစ်သည်။ ထိုအသင်းချုပ်သည် တရုတ်နိုင်ငံလုံးဆိုင်ရာ ရေခြားမြေခြားမှ ပြန်လာသူများအသင်းနှင့်အတူ ရွှေကုက္ကိုကို ထောက်ခံသည့် အသင်းဖြစ်သည်။
တရုတ်နိုင်ငံမှ Caixin သတင်းဌာန၏ အဆိုအရ ရှို သည် ၂၀၁၂ ခုနှစ်မှစတင်ပြီး တရုတ်အာဏာပိုင်များထံမှ ထွက်ပြေးနေသူဖြစ်ကြောင်း သိရသည်။ သူသည် ကမ္ဘောဒီးယား၊ မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံများတွင်လည်း လောင်းကစားကွန်ရက်များကို ထူထောင်ထားသည်ဟု ဆိုသည်။ သြဂုတ်လမှ စတင်ပြီး သူသည် ထိုင်းလူဝင်မှု ကြီးကြပ်ရေး၏ ဖမ်းဆီးခံထားရပြီး တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးမည့်အချိန်ကို စောင့်နေရသည်။ ထိုသို့ လွှဲပြောင်းပေးရေးမှာလည်း သူ၏ ကမ္ဘောဒီးယားနိုင်ငံသား ဖြစ်နေခြင်းကြောင့် ရှုပ်ထွေးနေသည်။ သို့သော် ယာထိုင်သည် ယခင်အတိုင်း လုပ်ငန်းများ ဆက်လက် လည်ပတ်နေသည်။
အသက် ၄၀ နှစ် ရှိပြီဖြစ်သော ရှိုကို ဟူနန်တွင် မွေးဖွားသော်လည်း တရုတ်လောင်းကစား ဂိုဏ်းခေါင်းဆောင် အများအပြားကဲ့သို့ပင် ဒေါ်လာ ၂ သိန်းခန့်ဖြင့် တရားဝင်ဝယ်ယူနိုင်သည့် ကမ္ဘောဒီးယား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သည်။ တရုတ်မှ ရာဇဝတ်ဂိုဏ်းအချို့သည် ပြည်မကြီးမှ ရာဇဝတ်ဂိုဏ်းများကို နှိမ်နင်းမှုများတွင် လုပ်ဖော်ကိုင်ဘက်များကို သစ္စာဖောက်ပြီး လွတ်ရာလွတ်ကြောင်း ရှာဖွေသည်ဟု လေ့လာသူများက ပြောသည်။ ထိုသူများသည် အမည် အချက်အလက်အသစ်များနှင့် အရှေ့တောင်အာရှ တလွှားတွင် တရားဝင် စီးပွားရေး လုပ်ငန်းရှင်များအဖြစ် ပျံ့နှံ့နေသည်။
ရှိုသည် မြဝတီ အရှေ့တောင်ပိုင်းနှင့် မဝေးသော KK Park နှင့်လည်း ပတ်သက်နေသည်။ ထိုလုပ်ငန်းသည် ဒေသသစ်များတွင် အမည်ဆိုး အကျော်ကြားဆုံး ဖြစ်သည်။ မလေးရှား၊ ထိုင်ဝမ်နှင့် အန္ဒိယနိုင်ငံသား အများအပြားသည် ထိုနေရာသို့ ပြန်ပေးဆွဲခံရပြီး ခြိမ်းခြောက်တောင်းငွေ ပေးခဲ့ရသည် သို့မဟုတ် ပြန်လည် လွတ်မြောက်ရေးအတွက် အွန်လိုင်းမှ ငွေကြေး လိမ်လည်ကြရသည်။
Google ၏ မြေပုံများတွင် KK Park အမည်ကို မလေးနှင့် တရုတ်ဘာသာများဖြင့် ဖော်ပြထားသည်။ အပြင်ဘက် နံရံများတွင် ပြတင်းပေါက်မပါသည့် ဘေးချင်းကပ် အဆောက်အအုံများကို ထောင်ဟု တစုံတယောက်က အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြသည်။ အလယ်တွင် အဆင့်မြင့်အိမ်ကြီးများကို မြင့်မားသော တံတိုင်းများဖြင့် ထပ်မံကာထားသည်။
“သောင်ရင်းမြစ်တခုလုံးက ရာဇဝတ်မြစ် ဖြစ်နေတယ်” ဟု တာဝါက Nikkei Asia သို့ ပြောသည်။ “လူတွေကို မြစ်တဖက်ကမ်းကိုလာအောင် သိမ်းသွင်းပြီး ဟိုဘက်ရောက်တဲ့ အခါကျတော့ ခြိမ်းခြောက်ငွေ တောင်းတယ်” ဟု ပြောသော်လည်း ထိုငွေကိုပေးသည့်တိုင် လွတ်မြောက်ရေးကို အာမ မခံနိုင်ကြောင်း သူကပြောသည်။
“သောင်ရင်းမြစ်တခုလုံးက ရာဇဝတ်မြစ် ဖြစ်နေတယ်” ဟု တာဝါက Nikkei Asia သို့ ပြောသည်။ “လူတွေကို မြစ်တဖက်ကမ်းကိုလာအောင် သိမ်းသွင်းပြီး ဟိုဘက်ရောက်တဲ့ အခါကျတော့ ခြိမ်းခြောက်ငွေ တောင်းတယ်” ဟု ပြောသော်လည်း ထိုငွေကိုပေးသည့်တိုင် လွတ်မြောက်ရေးကို အာမ မခံနိုင်ကြောင်း သူကပြောသည်။
“သောင်ရင်းမြစ် တဘက်ကမ်းက တခြားဂြိုဟ်လို ဖြစ်နေတယ်။ အုပ်ချုပ်မှုပုံစံက အရမ်းဆိုးတယ်” ဟုလည်း ၎င်းက ပြောသည်။
ကိုဗစ်နိုင်တင်း လော့ဒေါင်းမတိုင်မီ ၂၀၂၀ ပြည့်နှစ် အစောပိုင်းက မြဝတီသို့ သွားရောက်ခဲ့သည့် ထိုင်းသတင်းထောက်တဦးက ကမ္ဘောဒီးယားမှ လောင်းကစားဝန်ထမ်းများကို တွေ့ခဲ့ကြောင်း ရေးသားခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံက တောင်းဆိုသောကြောင့် ကမ္ဘောဒီးယားအစိုးရက ဆီဟန်နောက်ဗီးလ်မှ လောင်းကစားလုပ်ငန်းများကို ဖြိုခွဲပြီးနောက် ထိုဝန်ထမ်းများ မြဝတီသို့ ပြောင်းလာခြင်း ဖြစ်သည်။ ထိုအဆောက်အအုံများတွင် အွန်လိုင်း လောင်းကစား လုပ်ငန်းများကို ဗြောင်ကျကျ လုပ်နေကြောင်း သူကရေးသားခဲ့သည်။
မလေးရှားနိုင်ငံသားများသည် မန်ဒရင်းတရုတ်စကား ကောင်းစွာ ပြောတတ်သောကြောင့် လူကုန်ကူးမှု၏ အဓိက ပစ်မှတ်များ ဖြစ်လာသည်။ တရုတ်ပြည်မကြီးတွင် လော့ဒေါင်း ပိတ်ထားသောကြောင့် ပြည်ပမှ တရုတ်များကို လိမ်လည်ရာတွင် တရုတ်စကား ပြောဆိုနိုင်ခြင်းသည် အထောက်အကူပြုသည်။ မလေး အများအပြားသည် အင်္ဂလိပ်စကားလည်း ပြောတတ်သောကြောင့် နောက်ထပ်ဈေးကွက်တခုလည်း ပွင့်လာသည်။ ဖိလစ်ပိုင်၊ အိန္ဒိယနှင့် အာဖရိကသားများသည်လည်း အလားတူပင် ဖြစ်သည်။ အများစုကို မက်လောက်သော အလုပ်အကိုင် ကြော်ငြာများဖြင့် ဖျားယောင်း ခေါ်ယူခြင်းဖြစ်သည်။
မြန်မာနိုင်ငံအတွင်း အထူးသဖြင့် သောင်ရင်းမြစ် တလျှောက်တွင် နိုင်ငံခြားသား တသိန်းခန့်အထိ ပိတ်မိနေနိုင်ကြောင်း USIP က ခန့်မှန်းသည်။ ဘန်ကောက်မှတဆင့် အခြေအနေကို စောင့်ကြည့်နေသော အရှေ့တောင်အာရှ သံတမန်တဦးကလည်း ထိုသို့ ချုပ်နှောင်ထားသောသူ အရေအတွက်သည် လွန်စွာ မြင့်မားနိုင်ကြောင်း ပြောသည်။ မလေးရှားနိုင်ငံသား အများအပြားသည် မြန်မာနယ်စပ်သို့ လူကုန်ကူးခံရပြီးနောက် ပြန်လည် လွတ်မြောက်လာပြီး မလေးရှားသို့ ပြန်ပို့ခံရသည်။
သုံးထပ်တိုက် ပြတင်းပေါက်မှ ခုန်ချပြီးနောက် မဲဆောက်မှတဆင့် ပြန်လည် လွတ်မြောက်လာသည့် မလေးရှား နိုင်ငံသားတဦးက အဆောက်အအုံ အမျိုးမျိုးတွင် မလေးရှားနိုင်ငံသား ထောင်ပေါင်းများစွာ တွေ့ခဲ့ကြောင်း ပြောသည်။ ထိုင်းလူဝင်မှု ကြီးကြပ်ရေး အာဏာပိုင်များ ပြန်လည် ပို့ဆောင်ပေးခဲ့ရသည့် ၁၅ နှစ် အရွယ် မလေးရှားနိုင်ငံသား ၂ ဦး၏ အမှုကို လိုက်ပါဆောင်ရွက်ပေးခဲ့ရကြောင်း မဲဆောက် ပင်မရဲစခန်းနှင့် တွဲဖက်လုပ်ကိုင်သည့် ထိုင်းရှေ့နေတဦးက Nikkei Asia သို့ ပြောသည်။
သုံးထပ်တိုက် ပြတင်းပေါက်မှ ခုန်ချပြီးနောက် မဲဆောက်မှတဆင့် ပြန်လည် လွတ်မြောက်လာသည့် မလေးရှား နိုင်ငံသားတဦးက အဆောက်အအုံ အမျိုးမျိုးတွင် မလေးရှားနိုင်ငံသား ထောင်ပေါင်းများစွာ တွေ့ခဲ့ကြောင်း ပြောသည်။
ထိုင်းမှ လူကုန်ကူးခံရသူများကို အကူအညီပေးသူတဦးဖြစ်သော အက်ကာပေါ့ လူယန်ပရာဆတ်က ရုပ်ဖျက်ထားသည့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတဦးကို သတင်းဌာနများနှင့် ပြီးခဲ့သည့် ဧပြီလက တွေ့ဆုံပေးခဲ့သည်။ ထိုအမျိုးသမီးသည် အလုပ်အကိုင်တုဖြင့် မြဝတီသို့ ဖျားယောင်းခေါ်ယူခံရပြီး လိင်အလုပ်သမအဖြစ် အတင်းအကျပ် လုပ်ကိုင်စေကြောင်း သိရသည်။ သူသည် ထွက်ပြေး လွတ်မြောက်လာသော်လည်း ထိုင်းအမျိုးသမီး အနည်းဆုံး ၃၀၀ ခန့် ထိုနေရာတွင် ဖမ်းဆီးခံထားရကြောင်း သူကပြောသည်။
“အဲဒီမှာ ဖမ်းဆီးခံထားရသူတွေကို ကူညီဖို့ မဖြစ်နိုင်သလောက်ပဲ” ဟု ဘန်ကောက်မှ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုရုံး (UNODC) မှ ဒေသဆိုင်ရာ ကိုယ်စားလှယ် ဂျရမီ ဒေါက်ဂလပ်စ်က Nikkei Asia သို့ ပြောသည်။
“သောင်ရင်းမြစ် တဘက်ကမ်းဟာ တခြားဂြိုဟ်တခုလို့လည်း ပြောလို့ရတယ်။ အုပ်ချုပ်ရေး အရမ်းဆိုးတယ်။ ထိန်းချုပ်လို့ မရဘူး” ဟု သူက ပြောသည်။
ပြင်းထန်သော အရေးယူမှုများ ပြုလုပ်ရန် ဒေါက်ဂလပ်စ်က တောင်းဆိုသည်။ နယ်စပ်တလျှောက် ရာဇဝတ်ဂိုဏ်းတွေ၊ သူတို့ရဲ့ ကာစီနို လောင်းကစားရုံတွေနဲ့ အွန်လိုင်း လိမ်လည်မှုတွေကို ဆက်သွယ်ရေးနဲ့ လျှပ်စစ်ဓာတ်အား ဖြတ်တောက်ရမယ်။ ဒါမှ သူတို့လုပ်ငန်း လည်ပတ်လို့ မရမှာ” ဟု သူကပြောသည်။ “အဲဒီနေရာကို အဝင်အထွက် ဘယ်လိုလုပ်တယ် ဆိုတာကိုလည်း စုံစမ်းစစ်ဆေးသင့်တယ်” ဟုလည်း ၎င်းကပြောသည်။
(Nikkei Asia မှ Dominic Faulder ၏ Chinese underworld floods Thailand-Myanmar border river ကို ဘာသာပြန် ဖော်ပြသည်။ ဤဆောင်းပါးကို Pak Yiu ပူးပေါင်းရေးသားသည်။)
You may also like these stories:
ရွှေကုက္ကိုလ်စီမံကိန်း တရုတ်လုပ်ငန်းရှင် ထိုင်းဖမ်းဆီး၊ စီမံကိန်းထိခိုက်မည်မဟုတ်ဟု BGF ပြော
အိန္ဒိယသားများ မြဝတီသို့ လူကုန်ကူးခံရပြီး ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်ခိုင်း
မြန်မာလူကုန်ကူးမှု ကုလသမဂ္ဂ ကြားဝင်ရန် မလေးရှား NGO များ တောင်းဆို
အိန္ဒိယ လူကုန်ကူးခံရသူများပြောသည့် မြဝတီမှ ‘ရေထောင်’
အွန်လိုင်းငွေလိမ်မှုများ အရှေ့တောင်အာရှ သံတမန်ရေး ထိခိုက်နိုင်ကြောင်း မလေးရှား သတိပေး
ရွှေကုက္ကိုလ်နှင့် ပတ်သက်သော လက်ဝှေ့ရုံပိုင်ရှင် တရုတ်တဦးကို ထိုင်းရဲဖမ်း