မူးယစ်ဆေးဝါးအရောင်းအဝယ် နှင့် ငွေကြေးခဝါချမှုများ အပါအဝင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ ဖြင့် ထိုင်းနိုင်ငံတွင် တရားစွဲဆိုခံထားရသော မြန်မာစစ်တပ်၏ လက်နက်ပွဲစား၊ ခရိုနီတဦးဖြစ်သည့် (ဦး)ထွန်းမင်းလတ်ထံမှ စစ်ခေါင်းဆောင်၏ သားနှင့်သမီး အမည်ပေါက်နေသော ပိုင်ဆိုင်မှုတချို့ကို ထိုင်းရဲက သိမ်းဆည်းရမိထားသည်။
ထိုအကြောင်းကို ဖော်ထုတ်လိုက်သော Justice For Myanmar ၏ အဆိုအရ (ဦး)ထွန်းမင်းလတ်ထံမှ ထိုင်းအစိုးရက သိမ်းဆည်းရမိသော ပိုင်ဆိုင်မှုပစ္စည်းများထဲတွင် အာဏာသိမ်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သားသမီးများဖြစ်သော ဦးအောင်ပြည့်စုံ နှင့် ဒေါ်ခင်သီရိသက်မွန် တို့၏ ပိုင်ဆိုင်မှုများ ပါဝင်လာနေခဲ့သည်။
အဆိုပါ သိမ်းဆည်းရမိသော ပိုင်ဆိုင်မှုများမှာ ဦးအောင်ပြည့်စုံ နာမည်ဖြင့် ဝယ်ယူထားသော အမေရိ ကန်ဒေါ်လာ ၁ သန်းကျော် တန်ကြေးရှိသော ဘန်ကောက်မြို့လယ်ရှိ အဆင့်မြင့်ဇိမ်ခံကွန်ဒို Belle Rama 9 မှ ကွန်ဒိုတိုက်ခန်းတခန်း နှင့် ဒေါ်ခင်သီရိသက်မွန် အမည်ဖြင့်ဖွင့်လှစ်ထားသော Siam Commercial Bank (SCB) ဘဏ်စာရင်းစာအုပ်များပင် ဖြစ်သည်။
အသက် ၅၃ နှစ်အရွယ်ရှိ (ဦး)ထွန်းမင်းလတ်ကို သူ၏ လုပ်ဖော်ကိုင်ဖက် ထိုင်းနိုင်ငံသားသုံးဦးနှင့်အတူ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၁၇ ရက်နေ့၌ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး လတ်တလောတွင် ၎င်းတို့ကို မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှု၊ ငွေကြေးခဝါချမှု နှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုဖြင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့က တရားစွဲဆိုထားသည်။
အသက် ၅၃ နှစ်အရွယ်ရှိ (ဦး)ထွန်းမင်းလတ်ကို သူ၏ လုပ်ဖော်ကိုင်ဖက် ထိုင်းနိုင်ငံသားသုံးဦးနှင့်အတူ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၁၇ ရက်နေ့၌ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး လတ်တလောတွင် ၎င်းတို့ကို မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှု၊ ငွေကြေးခဝါချမှု နှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုဖြင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့က တရားစွဲဆိုထားသည်။
ထိုင်းတော်ဝင် ရဲတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးဌာန ထုတ်ပြန်ချက်တွင် ထိုင်းရဲ တပ်ဖွဲ့၊ စစ်တပ်၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး တပ်ဖွဲ့များနှင့် တာဝန်ရှိသူများက စက်တင်ဘာလ ၁၇ ရက် နံနက် ၆ နာရီက အသက် ၅၃ နှစ် ရှိ မြန်မာအမျိုးသားတဦး၊ အသက် ၃၈ နှစ်အရွယ်ရှိ ထိုင်းအမျိုးသားတဦး၊ ၄၄ နှစ်အရွယ်ရှိ ထိုင်းအမျိုးသမီးတဦး၊ အသက် ၅၀ အရွယ်ရှိ ထိုင်းအမျိုးသမီးတဦးကို တဖက်နိုင်ငံမှ မူးယစ်ဆေးဝါး သယ်ဆောင်လာမှုဖြင့် ဖမ်းဆီးလိုက်ကြောင်း၊ ၎င်းတို့နှင့်အတူ ထိုင်းဘတ် သန်း၂၀၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် အဖိုးတန်ပစ္စည်း များနှင့် အတူ ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ထားသည်။
ယင်းကဲ့သို့ မူးယစ်ရာဇာ၊ လက်နက်ပွဲစားစသည့် ရာဇဝတ်မှု ကျူးလွန်ထားသူနှင့် ပတ်သက်နေသော စစ်ခေါင်းဆောင်မိသားစုဝင်များကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက ထိုင်းအစိုးရကို တိုက်တွန်းနေကြသလို စစ်ခေါင်းဆောင် သားနှင့် သမီးသည်လည်း မူးယစ်ဆေးဝါးအရောင်းအဝယ်ကိစ္စများတွင် ပါဝင်ပတ်သက်နေသလား ဆိုသော မေး ခွန်းများလည်း ထွက်ပေါ်လာနေသည်။
Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ ထိုင်းအာဏာပိုင်တွေအနေနဲ့ အောင်ပြည့်စုံနဲ့ ခင်သီရိသက်မွန်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းပြီး၊ ထွန်းမင်းလတ် စွဲဆိုခံထားရတဲ့ ငွေကြေးခဝါချမှုနဲ့ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုတွေကနေ အကျိုးအမြတ်တွေ ရရှိခဲ့ခြင်းရှိ မရှိကို စုံစမ်းစစ်ဆေးဖို့၊ ထိုင်းဥပဒေချိုးဖောက်မှု တစုံတရာတွေ့ရှိရင် သူတို့ကို တရားစွဲဆိုဖို့ တိုက်တွန်းတောင်းဆိုပါတယ်”ဟု ပြောဆိုသည်။
မြန်မာစစ်အုပ်စုအနေဖြင့် မြန်မာပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေးများ ဆက်လုပ်နေချိန်တွင် စစ်အုပ်စုအဖွဲ့ဝင်များ၏ မိသားစုများသည် စစ်တပ်၏ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများမှ ရရှိသော အကျိုးအမြတ်များကို နိုင်ငံပြင်ပ၌ ဖုံးကွယ်ရန် ကြိုးစားနေကြကြောင်း ၎င်းက ဆိုသည်။
ထို့အပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ၎င်း၏ သားသမီးနှစ်ဦးတို့သည် အမေရိကန် ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ အရေးယူခံထားရသူများ ဖြစ်သည်။ ထို့ကြောင့် ထိုင်းဘဏ်စနစ်ကို အသုံးပြုပြီး ပိတ်ဆို့အရေးယူမှုများကို ရှောင်လွှဲနေနိုင်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ထောက်ပြကြသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ၎င်း၏ သားသမီးနှစ်ဦးတို့သည် အမေရိကန် ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ အရေးယူခံထားရသူများ ဖြစ်သည်။ ထို့ကြောင့် ထိုင်းဘဏ်စနစ်ကို အသုံးပြုပြီး ပိတ်ဆို့အရေးယူမှုများကို ရှောင်လွှဲနေနိုင်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ထောက်ပြကြသည်။
ထိုင်းအာဏာပိုင်များက စစ်ခေါင်းဆောင် မင်းအောင်လှိုင် သားသမီးနှစ်ဦး၏ ပိုင်ဆိုင်မှုများကို သိမ်းယူထားခြင်း မရှိသေးကြောင်း မြန်မာစစ်တပ်၏ မတရားမှုများနှင့် တရားမဝင် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေမှုများ စုံစမ်းဖော်ထုတ်နေသော Justice For Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။
မင်းအောင်လှိုင်မိသားစု၏ အစောဆုံးစီးပွားဖက်
ခရိုနီ (ဦး)ထွန်းမင်းလတ်သည် မြန်မာစစ်တပ်၏ လက်နက်အဝယ်တော်မဖြစ်ခင်ကတည်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်မိသားစု၏ အစောဆုံး စီးပွားဖက်တဦးဖြစ်နေခဲ့ကြောင်း ဧရာဝတီ၏ သတင်းရင်းမြစ်များက ဆိုကြသည်။
၎င်းတို့နှစ်ဦးသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ်မဖြစ်ခင် ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ အခြေစိုက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဘဝကတည်းက ရင်းနှီးသည့် ဆက်ဆံရေးရှိသလို အကျိုးစီးပွားပူးပေါင်းဆောင်ရွက်မှုများ ရှိနေပြီဖြစ်သည်။
(ဦး)ထွန်းမင်းလတ်သည် ကာစီနိုလုပ်ငန်းများ ပါဝင်သော ဟိုတယ် Allure ကို ၁၉၉၉ ခုနှစ် ကတည်းက ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သော တာချီလိတ်မြို့တွင် လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းရှင်တဦး ဖြစ်သည်။ ထို့အပြင် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များနှင့် အကျိုးတူးပူးပေါင်းကာ ဟိုတယ်လုပ်ငန်း နှင့် အခြားလုပ်ငန်းများကိုလည်း လုပ်ကိုင်နေသူဖြစ်သည်။

ရှမ်းပြည်နယ် တာချီလိတ်မြို့သည် တရားမဝင် လောင်းကစားလုပ်ငန်းများ၊ ငွေကြေးခဝါချမှုများ နှင့် မူးယစ်ဆေးဝါးအရောင်းအဝယ်ကိစ္စရပ်များဖြင့် နာမည်ကျော်သော ရွှေတြိဂံဒေသ၏ မြန်မာနိုင်ငံဘက် အခြမ်းမှ မြို့တခုဖြစ်သည်။
(ဦး)ထွန်းမင်းလတ်၏ ဖခင် ဦးခင်မောင်လတ်မှာ ယခင်စစ်အုပ်စုလက်ထက်တွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာန၏ ညွှန်ကြားရေးမှူးချုပ် ရာထူး ထမ်းဆောင်ခဲ့သူတဦးဖြစ်ပြီး ၎င်းရှိနေစဉ်ကတည်းကပင် ထိုဒေသ၌ လုပ်ငန်းအများအပြားကို လုပ်ကိုင်ခွင့်ရရှိနေခြင်းဖြစ်သည်။ ဦးခင်မောင်လတ်သည် မြန်မာ့လေတပ်မှ ဒုတိယဗိုလ်မှူးကြီး ရာထူးဖြင့် အငြိမ်းစားယူခဲ့သူလည်း ဖြစ်သည်။
စီးပွားရေးလုပ်ငန်းရှင်တဦးက “မင်းအောင်လှိုင် တိုင်းမှူးအဖြစ် မပြောင်းလာခင်ကတည်းက ထွန်းမင်းလတ်တို့က တာချီလိတ်မှာ လုပ်ငန်းတော်တော်များများ လုပ်နေကြပြီ။ တိုင်းမှူးဖြစ်လာတော့ တပ်အသိုင်းအဝိုင်း အချင်းချင်းဆိုတော့ ပိုပြီး ပနံသင့်သွားကြတာ” ဟု ဆိုသည်။
“မင်းအောင်လှိုင် တိုင်းမှူးအဖြစ် မပြောင်းလာခင်ကတည်းက ထွန်းမင်းလတ်တို့က တာချီလိတ်မှာ လုပ်ငန်းတော်တော်များများ လုပ်နေကြပြီ။ တိုင်းမှူးဖြစ်လာတော့ တပ်အသိုင်းအဝိုင်း အချင်းချင်းဆိုတော့ ပိုပြီး ပနံသင့်သွားကြတာ”
ထိုနောက် မင်းအောင်လှိုင်မိသားစုနှင့် ထွန်းမင်းလတ်တို့ကြား ပိုမိုရင်းနှီးသည့် ဆက်ဆံရေးရှိလာပြီး သားဖြစ်သူ ဦးအောင်ပြည့်စုံကို ဟိုတယ်လုပ်ငန်းကဏ္ဍသို့ ဆွဲခေါ်ပေးခဲ့သူတဦးလည်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထွန်းမင်းလတ်သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တပ်ချုပ်ဖြစ်လာပြီးနောက်တွင်လည်း မင်း အောင်လှိုင်၏ ပြည်တွင်းပြည်ပ ခရီးစဉ်တချို့၌ အနီးနားတွင် လိုက်ပါခွင့်ရသော စီးပွားရေးလုပ်ငန်းရှင် အနည်းငယ်ထဲမှ တဦးဖြစ်သည်။ ၂၀၁၉ ခုနှစ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်သော လက်နက်ပြပွဲသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်စဉ်ကလည်းအနီးတွင် ပါဝင်ခဲ့သည်။
မြန်မာစစ်တပ်၏ စီးပွားရေးအေးဂျင့်
ထွန်းမင်းလတ်သည် မြန်မာစစ်တပ်ပိုင် ကုမ္ပဏီများနှင့်လည်း စီးပွားရေးအကျိုးတူလုပ်ကိုင်ခွင့်ရသော လုပ်ငန်းရှင်တဦးလည်း ဖြစ်သလို မြန်မာစစ်တပ်အတွက် အဓိက စစ်လက်နက်ပစ္စည်းများ တင်သွင်း နေသော Star Sapphire Group of Companies ၏ ပိုင်ရှင်လည်း ဖြစ်သည်။
ထို့ပြင် Star Sapphire ကုမ္ပဏီသည် ၂၀၀၁ ခုနှစ်မှ စတင်ပြီး သတ္တုတူးဖော်ရေးလုပ်ငန်းများကို စစ်တပ်နှင့် အကျိုးတူ လုပ်ကိုင်ခဲ့ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးဖြစ်သည့် ခင်သီရိသက်မွန် ပါဝင်ပတ်သက်နေကြောင်းလည်း မြန်မာစစ်တပ်၏ အကျိုးစီးပွားများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စောင့်ကြည့် ဖော် ထုတ်နေသည့် Justice For Myanmar က ထုတ်ပြန်ထားသည်။
သူ၏ ကုမ္ပဏီသည် အဓိကအားဖြင့် မြန်မာစစ်တပ်၏ လေတပ်အတွက် အစ္စရေးလုပ် ကင်းထောက် ဒရုန်းများ၊ လေယာဉ်များ အတွက် အထောက်အပံ့ပစ္စည်းများ နှင့် အပိုပစ္စည်းများကို တင်သွင်းပေးခဲ့သူ ဖြစ်ပြီး တရုတ်နိုင်ငံအခြေစိုက် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရောင်းချသော NORINCO ၏ တဦးတည်း မြန်မာကိုယ်စားလှယ်ကုမ္ပဏီလည်း ဖြစ်ကြောင်း Justice For Myanmar က ဖော်ထုတ်ထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD လက်ထက်တွင်လည်း ၂၀၁၉ ခုနှစ်က တင်ဒါခေါ် ယူခဲ့သော LNG သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းကို ရန်ကုန်မြို့ သီလဝါရှိ မြန်မာ့စီးပွား ရေးဦးပိုင်လီမီတက် MEHL ပိုင်မြေနေရာတွင် ဟောင်ကောင်ကုမ္ပဏီ VPower လုပ်ပိုင်ခွင့်ရရှိအောင် အဓိက ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထိုစီမံကိန်းကို VPower ကုမ္ပဏီက အမေရိကန်ဒေါ်လာ သန်း ၃၀၀ နီးပါး ရင်းနှီးမြှုပ်နှံခဲ့သည်။
စွမ်းအင်ကဏ္ဍတွင် အတွေ့အကြုံမရှိသော်လည်း ဦးသိန်းစိန်အစိုးရလက်ထက်က တနင်္သာရီတိုင်း ထားဝယ်မြို့၏ လျှပ်စစ်ဓာတ်အားဖြန့်ချိရေးလုပ်ငန်းကို ထွန်းမင်းလတ်၏ Andaman Power က လုပ်ပိုင်ခွင့်ရရှိခဲ့သည်။ ထိုကုမ္ပဏီတွင် ယခု ထိုင်းအထက်လွှတ်တော်အမတ်တဦးဖြစ်သော ဥပါကစ် ပန်ချာရီယန်ကန်ကလည်း ရင်းနှီးမြှုပ်နှံထားသည်။
ထွန်းမင်းလတ် ဖမ်းဆီးခံရပြီးနောက် ဥပါကစ်က ၎င်းတို့နှစ်ဦးမှာ နက်ရှိုင်းသော ဆက်ဆံရေးမရှိဟု ငြင်းဆန်ခဲ့သော်လည်း ထွန်းမင်းလတ်နှင့်အတူ ဖမ်းဆီးခံရသူများထဲမှာ ဥပါကစ်၏ သမက်လည်းပါဝင်ခဲ့သလို Andaman Power ကုမ္ပဏီ နှင့် ဟိုတယ် Allure တို့တွင် ၎င်းကိုယ်တိုင် ထိပ်ပိုင်း ရာထူးများကို နှစ်အတန်ကြာထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ထွန်းမင်းလတ် ဖမ်းဆီးခံရပြီးနောက် ဥပါကစ်က ၎င်းတို့နှစ်ဦးမှာ နက်ရှိုင်းသော ဆက်ဆံရေးမရှိဟု ငြင်းဆန်ခဲ့သော်လည်း ထွန်းမင်းလတ်နှင့်အတူ ဖမ်းဆီးခံရသူများထဲမှာ ဥပါကစ်၏ သမက်လည်းပါဝင်ခဲ့သလို Andaman Power ကုမ္ပဏီ နှင့် ဟိုတယ် Allure တို့တွင် ၎င်းကိုယ်တိုင် ထိပ်ပိုင်း ရာထူးများကို နှစ်အတန်ကြာထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ဥပါကစ်ကို ထိုင်းရဲက ကနဦး ဝရမ်းထုတ်ခဲ့သော်လည်း နောက်ပိုင်း ပြန်လည်ရုတ်သိမ်းသွားသည်။
ယခုအခါ ထွန်းမင်းလတ်ကို ထိုင်းအစိုးရရှေ့နေများက စွဲချက်တင်ထားပြီး ထိုင်းတွင် ထောင် ၁၅ နှစ်အထိ ချမှတ်နိုင်သော ငွေကြေးခဝါချမှု၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတို့အပြင် သေဒဏ်အထိ ကျခံရနိုင်သည့် မူးယစ်မှောင်ခိုမှုများဖြင့်လည်း စွပ်စွဲထားသည်။ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ထိုင်းအစိုးရအနေဖြင့် မည်သို့ ကိုင်တွယ်ဖြေရှင်းသွားမည်ကို စိတ်ဝင်တစား စောင့်ကြည့်နေသည်။
လူ့အခွင့်အရေးအဖွဲ့ Fortify Rights ၏ CEO ဖြစ်သူ Matthew Smith က မြန်မာစစ်တပ်သည် ဒေသတွင်း၌ အကြီးဆုံးနှင့် အရက်စက်ဆုံးသော နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတခုသာ ဖြစ်ပြီး အမျိုးသားတပ်မတော်တခုအဖြစ် ဟန်ဆောင်နေခြင်းဖြစ်ကြောင်း ပြောဆိုပြီး “မင်းအောင်လှိုင်နဲ့ သူ့က လေးတွေဟာ ဒီနည်းလမ်းတွေနဲ့ စနစ်တကျ ရာဇဝတ်မှုတွေနဲ့ ဆက်စပ်နေတယ်ဆိုတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ သူတို့တွေကို ထိုင်းအာဏာပိုင်တွေက စုံစမ်းစစ်ဆေးပြီး လိုအပ်ရင် သူတို့ကို တာဝန်ခံဖို့ လုပ်ဆောင်ရပါမယ်” ဟု အမေရိကန်သတင်းဌာနတခုဖြစ်သည့် VICE World News သို့ ပြောဆိုသွားသည်။
You may also like these stories:
ထိုင်းသိမ်းသော ထွန်းမင်းလတ် ပိုင်ဆိုင်မှုများထဲ စစ်ခေါင်းဆောင်သားသမီးပိုင်များ ပါဟု ဆို
ခရိုနီ ထွန်းမင်းလတ်ကို ထိုင်းက မူးယစ်မှောင်ခိုမှုဖြင့် တရားစွဲ
တိုင်းပြည်ပျက်လည်း စစ်ခေါင်းဆောင်မိသားစု စီးပွားရေးချဲ့ထွင်နေ
စစ်ခေါင်းဆောင် မိသားစု၏ ရှေ့ထွက်မင်းသား ဦးမောင်မောင်နိုင်