ဆောင်းပါး

PDF များ ပခုံးထမ်းလေယာဉ်ပစ် လက်နက်တွေ မရနိုင်သေးတဲ့အခါ

လာမည့်လများအတွင်း ဖက်ဒရယ် ဒီမိုကရေစီ အတိုက်အခံများအပေါ် တနိုင်ငံလုံး အတိုင်းအတာဖြင့် ထိုးစစ်ဆင်ရန် ကြိုတင်ပြင်ဆင်မှုများကို စစ်ကောင်စီလေတပ်က မစတင်မီ တော်လှန်သည့် နိုင်ငံရေးသမားများ၊ တပ်မှူးများ၊ တိုက်ခိုက်ရေးသမားများနှင့် သာမန်ရွာသူရွာသားများအားလုံး စိုးမိုးလာသည့် ဖိစီးမှုဖြင့် အတူတကွ ရင်ဆိုင်နေကြရသည်မှာ အလွန်စိုးရိမ်ဖွယ်ရာ အတိုင်းအတာဖြင့် လေကြောင်းရန်ကာကွယ်ရေးက ကင်းမဲ့နေခြင်း ဖြစ်သည်။

ထိုကဲ့သို့ အကျပ်ရိုက်နေရမှု အနည်းဆုံး လျော့ပါးသက်သာသွားစေရန် နိုင်ငံတကာအသိုက်အဝန်းကို မချိတင်ကဲ မေတ္တာရပ်ခံတောင်းဆိုရေး ကြိုးပမ်းအားထုတ်မှုများနှင့် စိတ်ကူးယဉ်မှုများက လျော့ပါးသွားခဲ့ခြင်း မရှိဘဲ အချို့သောဖြစ်ရပ်များတွင် အလွန်အမင်း ဈေးကြီးလှသည့်၊ တရားမဝင် နိုင်ငံတကာ လက်နက်မှောင်ခိုဈေးကွက်မှ စိတ်ချရမှုမရှိသည့် ပွဲစားများထံ ချဉ်းကပ်ဆက်သွယ် လုပ်ဆောင်မှုများလည်း ရှိနေခဲ့သည်။

ကြိုးပမ်းမှုနှစ်မျိုးစလုံးတွင် ပြောက်ကျားတပ်ဖွဲ့တိုင်းက ဆန္ဒရှိကြသည့်အတိုင်း ခက်ခဲနေသော ပြဿနာအတွက် လွယ်ကူသောအဖြေ ဖြစ်သည့် MANPADS ခေါ် လူဖြင့်သယ်ဆောင်နိုင်သည့် လေကြောင်းကာကွယ်ရေး စနစ်များအပေါ် အာရုံစိုက်နေကြခြင်း ဖြစ်သည်။

သို့ရာတွင် ၂၀၂၃ ခုနှစ် အစောပိုင်းသို့ ရောက်ရှိလာသည့်အခါ ပဋိပက္ခအတွင်း ပါဝင်နေကြသူများ အားလုံးနီးပါးနှင့် ပြင်ပလေ့လာသူများက မှန်းဆကြည့်နိုင်သည့် မကြာမီအနာဂတ်ကာလအတွင်း ပခုံးထမ်း မြေပြင်မှဝေဟင်ပစ် ဒုံးကျည်များက မြန်မာအတိုက်အခံအင်အားစုများကို ကယ်တင်ရန် ရောက်လာကြလိမ့်မည် မဟုတ်ဆိုသည့် လက်တွေ့အမှန်တရားကို အသိအမှတ်ပြုလာခဲ့ကြသည်။

၂၀၂၃ ခုနှစ် အစောပိုင်းသို့ ရောက်ရှိလာသည့်အခါ ပဋိပက္ခအတွင်း ပါဝင်နေကြသူများ အားလုံးနီးပါးနှင့် ပြင်ပလေ့လာသူများက မှန်းဆကြည့်နိုင်သည့် မကြာမီအနာဂတ်ကာလအတွင်း ပခုံးထမ်း မြေပြင်မှဝေဟင်ပစ် ဒုံးကျည်များက မြန်မာအတိုက်အခံအင်အားစုများကို ကယ်တင်ရန် ရောက်လာကြလိမ့်မည် မဟုတ်ဆိုသည့် လက်တွေ့အမှန်တရားကို အသိအမှတ်ပြုလာခဲ့ကြသည်။

၁၉၈၀ ပြည့်နှစ်များအတွင်းက အာဖဂန်နစ္စတန်၊ ၂၀၁၀ ပြည့်နှစ်များအတွင်းက ဆီးရီးယားတို့နှင့် သိသာခြားနားစွာပင် ပြင်ပအင်အားကြီးနိုင်ငံတခု သို့မဟုတ် ယုံကြည်စိတ်ချရသည့် လက်နက်မှောင်ခို ရောင်းချသူတို့က ပေးအပ်ရန် ဆန္ဒ ရှိနေသည်ဆိုသည့်တိုင် ပခုံးထမ်း မြေပြင်မှဝေဟင်ပစ် ဒုံးကျည်များ သို့မဟုတ် အခြားသိသာထင်ရှားသည့် လက်နက်ပစ္စည်းများကို ၂၀၂၀ ပြည့်နှစ်များအတွင်း မြန်မာနိုင်ငံသို့ ပို့ဆောင်ရာတွင် အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ပေးရန် မည်သည့်အိမ်နီးချင်းနိုင်ငံကမှ စိတ်ဝင်စားမှု မရှိကြချေ။

အိမ်နီးချင်း ထိုင်း၊ အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နှင့် လာအိုနိုင်ငံတို့ အားလုံးက အတိုက်အခံအင်အားစုများထံသို့ ရေရှည်ခိုင်မာသည့် လက်နက်ထောက်ပံ့ရေး လမ်းကြောင်းတခု ပေါ်ပေါက်လာခဲ့ပါက မြန်မာစစ်ကောင်စီ ပြိုကွဲသွားခဲ့လျှင် ဖြစ်လာနိုင်သော ‘မသိနိုင်သည့် အခြေအနေ’ များထက်၊ တိုးလာနေသော်လည်း ထင်ရှားမြင်သာသည့် အဆင့်များဖြင့် မတည်မငြိမ်ဖြစ်နေသည့် ‘သိနိုင်သည့် အခြေအနေ’ ကို ပို၍လိုလားသော အကဲဖြတ်မှုအပေါ် အခြေခံထားသည့် မူဝါဒကို ချမှတ်ထားကြသည်။

တချိန်တည်းမှာပင် မြန်မာနိုင်ငံအတွင်း ပခုံးထမ်းလေယာဉ်ပစ် ဒုံးလက်နက်များဖြစ်သည့် တတိယမျိုးဆက် တရုတ် FN-6 နှင့် ခေတ်နောက်ကျသည့် HN-5s နှစ်မျိုးစလုံးကို အများအပြား ပိုင်ဆိုင်ထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တခုဖြစ်သည့် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က ၎င်းတို့ကို ပြန်လည်ရောင်းချရန် ရည်ရွယ်ချက် မရှိပေ။

၂၀၁၉ ခုနှစ်က တည်ထောင်မှု နှစ် ၃၀ ပြည့်အခမ်းအနားတွင် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က စစ်လက်နက်များ ပြသစဉ် / ဧရာဝတီ

‘ဝ’ အနေဖြင့် တရုတ်နိုင်ငံထုတ်ရော မိမိတို့နယ်မြေအတွင်းမှ ပြည်တွင်းထုတ် လက်နက်များပါ ပါဝင်သည့် အထင်ကြီးစရာ စစ်လက်နက်ပစ္စည်းမျိုးစုံကို ၎င်းတို့၏ မြောက်ပိုင်းမဟာမိတ်များအား ထောက်ပံ့ပေးရန် စိတ်အားထက်သန်မှု ရှိနေပုံရသော်လည်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) မှ ၎င်းတို့၏ အဆက်အသွယ်များက ပခုံးထမ်းလေယာဉ်ပစ် ဒုံးလက်နက်များ ပျံ့နှံ့မသွားစေရန် ပြင်းထန်သည့် တားမြစ်မှုများကို ချမှတ်ထားသည်မှာ သေချာသလောက် ဖြစ်သည်။

‘ဝ’ အနေဖြင့် တရုတ်နိုင်ငံထုတ်ရော မိမိတို့နယ်မြေအတွင်းမှ ပြည်တွင်းထုတ် လက်နက်များပါ ပါဝင်သည့် အထင်ကြီးစရာ စစ်လက်နက်ပစ္စည်းမျိုးစုံကို ၎င်းတို့၏ မြောက်ပိုင်းမဟာမိတ်များအား ထောက်ပံ့ပေးရန် စိတ်အားထက်သန်မှု ရှိနေပုံရသော်လည်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) မှ ၎င်းတို့၏ အဆက်အသွယ်များက ပခုံးထမ်းလေယာဉ်ပစ် ဒုံးလက်နက်များ ပျံ့နှံ့မသွားစေရန် ပြင်းထန်သည့် တားမြစ်မှုများကို ချမှတ်ထားသည်မှာ သေချာသလောက် ဖြစ်သည်။

ထို့ပြင် ပဋိပက္ခ၏ ဤအဆင့်တွင် (အိမ်နီးချင်းနိုင်ငံများ၏) မူဝါဒပြောင်းလဲမှု သို့မဟုတ် ‘ဝ’ အနေဖြင့် သိသာသည့် အတိုင်းအတာတခုအထိ လုပ်ဆောင်ရန် ကြိုးပမ်းမှု ရှိလာလိမ့်မည်ဟု ယုံကြည်ရန်အကြောင်းက နည်းပါးလှသည်။

ခက်ခဲသည့် အခြားရွေးချယ်စရာများ

ပခုံးထမ်းလေယာဉ်ပစ် ဒုံးလက်နက်များ မရှိသည့်အချိန်တွင် အခြားလွယ်ကူသည့်အဖြေ မရှိနိုင်ခြင်း သို့မဟုတ် လာမည့်နှစ်အတွင်း ရရှိလာနိုင်ဖွယ် မရှိသည့်တိုင် လေကြောင်းမှခြိမ်းခြောက်မှုကို တန်ပြန်ရန် စစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအဖွဲ့များ အနေဖြင့် ဖြစ်နိုင်ခြေရှိသည့် အခြားနည်းလမ်းနှစ်ခု သို့မဟုတ် ၎င်းတို့နှစ်ခုအား ပေါင်းစပ်အသုံးချနိုင်ကြသည်။

ပထမတခုမှာ အကြီးစား စက်သေနတ် (HMGs) များ၊ အထူးသဖြင့် နိုင်ငံအနှံ့ ပြန့်ကျဲရောက်ရှိနေပြီးဖြစ်ကာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ (TNLA)၊ ရှမ်းပြည်နယ်ရှိ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် ရခိုင်ကမ်းရိုးတန်း အနောက်ဘက်ခြမ်းရှိ ရက္ခိုင့်တပ်တော် (AA) တို့ ပါဝင်ကြသည့် ညီနောင်မဟာမိတ်သုံးဖွဲ့ ကဲ့သို့သော အဓိကကျသည့် တိုက်ခိုက်ရေးအဖွဲ့များက အသုံးပြုနေကြသည့် တရုတ်လုပ် Type-77 12.7 mm လက်နက်များကို တဖြည်းဖြည်း တိုးချဲ့တပ်ဆင်ခြင်း ဖြစ်သည်။

အတည်မပြုနိုင်သော သတင်းများအရ ယမန်နှစ် ဒီဇင်ဘာလအတွင်း ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း TNLA ၏ တရုတ် HMGs စက်သေနတ်ကြီးများကို ယူဆောင်လာခဲ့နိုင်မှုက လေကြောင်းချီတပ်ဖွဲ့များကို ရဟတ်ယာဉ်များဖြင့် ဖြန့်ကြက်ချထားရာတွင် စစ်တပ်က ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ရခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းတခုဖြစ်ကြောင်း သိရှိရသည်။

Type-77 HMG စက်သေနတ်ကြီးများကို ဦးစားပေးပြောဆိုရခြင်းမှာ ၎င်း၏ပစ်အားဖြင့် အနိမ့်ပိုင်းတွင် ပျံသန်းနေသည့် ရဟတ်ယာဉ်များအပေါ်တွင် သိသာစွာနှင့် အနိမ့်ပျံ လေယာဉ်များအပေါ် ယင်းထက်လျော့နည်း သိသာစွာ အဟန့်အတား ဖြစ်စေနိုင်ခြင်းကြောင့် ဖြစ်သည်။

Type-77 HMG စက်သေနတ်ကြီးများကို ဦးစားပေးပြောဆိုရခြင်းမှာ ၎င်း၏ပစ်အားဖြင့် အနိမ့်ပိုင်းတွင် ပျံသန်းနေသည့် ရဟတ်ယာဉ်များအပေါ်တွင် သိသာစွာနှင့် အနိမ့်ပျံ လေယာဉ်များအပေါ် ယင်းထက်လျော့နည်း သိသာစွာ အဟန့်အတား ဖြစ်စေနိုင်ခြင်းကြောင့် ဖြစ်သည်။

၁၉၇၉ ခုနှစ်နှင့် ၁၉၈၆ ခုနှစ် အာဖဂန်နစ္စတန်ပဋိပက္ခ၏ အစပိုင်းတွင် ပါကစ္စတန်မှတဆင့် ပေးပို့ခဲ့သော အမေရိကန်က ထောက်ပံ့ခဲ့သည့် စတင်ဂါ ပခုံးထမ်းလေယာဉ်ပစ် ဒုံးကျည်များကို စတင်အသုံးပြုချိန်တွင် လေကြောင်းစစ်ဆင်မှုအတွက် တွက်ချက်မှုကို သိသိသာသာ ပြောင်းလဲသွားစေခဲ့ပြီး ကွန်မြူနစ်ဆန့်ကျင်ရေး တပ်ဖွဲ့များသည် 12.7mm HMGs စက်သေနတ်များအပေါ် များစွာမှီခိုအားထားခဲ့ကြကာ အောင်မြင်မှုအချို့ကို အခိုင်အမာ ရရှိခဲ့ကြသည်။

HMGs ၏ အကန့်အသတ်ရှိမှုမှာ သုံးခုဖြစ်သည်။ ပထမအချက်မှာ စက်သေနတ်ဖြင့် တိကျစွာ ပစ်ခတ်နိုင်ခြင်း ရှိစေကာမူ ဒုံးကျည်ဖြင့် ပစ်လွှတ်တိုက်ခိုက်မှုကဲ့သို့ ချက်ချင်းလက်ငင်း လှုပ်ရှားမှုမျိုးဖြင့် ပိုမိုကျယ်ပြန့်သည့် စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်မှုမျိုးကို ဖြစ်စေနိုင်ခြင်း မရှိပေ။

ဒုတိယအချက်မှာ အလေးချိန် ဖြစ်သည်။ သုံးချောင်းထောက် သို့မဟုတ် မော်တော်ယာဉ်ပေါ်တွင် တပ်ဆင်ထားသည့် Type-77 HMG စက်သေနတ်သည် “လူဖြင့် သယ်သွား၍ ရနိုင်သည့်အရာ” မဟုတ်ချေ။ သုံးချောင်းထောက်အပါအဝင် ၅၆ ကီလိုဂရမ်မျှ အလေးချိန်ရှိသော (တရုတ်လုပ် FN-6 ပုခုံးထမ်းလေယာဉ်ပစ် လက်နက်က ၁၆ ကီလိုဂရမ်သာ လေးသည်) စက်သေနတ်ကို လား၊ မြင်း သို့မဟုတ် လမ်းကြမ်းတွင် သုံးနိုင်သည့်ယာဉ်ဖြင့် သယ်ယူပို့ဆောင်ပေးရန် လိုအပ်သည်။

ထို့ကြောင့် ၎င်း၏ ဗျူဟာမြောက်အသုံးဝင်မှုမှာ အကန့်အသတ်ရှိပြီး တစိတ်တပိုင်း အသေထိုင်ထားသည့် စခန်းများကို နှစ်လက် သို့မဟုတ် ထို့ထက်ပိုသည့် စက်သေနတ်များ၏ လက်ယှက်ထိုးပစ်ခတ်မှုဖြင့် အကောင်းဆုံး အကာအကွယ်ပေးရန် သို့မဟုတ် လေကြောင်း‌ထောက်ကူပေးမှုဖြင့် ကျားကန်ထားသော ရန်သူ့တည်နေရာများအပေါ် အစီအစဉ်ရှိရှိ တိုက်ခိုက်မှုများအတွင်း ပံ့ပိုးပေးရန်အတွက်သာ အသုံးဝင်နိုင်သည်။

တတိယအချက်အနေဖြင့် နှစ်ဖွဲ့စလုံးတွင် မိမိတို့ကိုယ်တိုင် လက်နက်ငယ်များ ထုတ်လုပ်နိုင်စွမ်းရှိသည့် UWSA သို့မဟုတ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တို့အနေဖြင့် Type-77 စက်သေနတ်များကို ပုံတူကူး ထုတ်လုပ်နိုင်သည့်အပေါ်တွင် အကြံပြုစရာ တစုံတရာမရှိပါ။

အရေအတွက် အကန့်အသတ်ရှိပြီး တရုတ်နိုင်ငံတွင် ထုတ်လုပ်ကာ ‘ဝ’ ဒေသမှတဆင့် ဖြတ်သန်းလာသည့် HMG စက်သေနတ်များမှာ အာဏာသိမ်းမှုဆန့်ကျင်ရေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) ထံ ပိုမိုကျယ်ပြန့်စွာ ရောင်းချပေးမှုထက် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များ (EROs) က ရရှိမှု ပို၍များနေသည်။

ဆိုလိုသည်မှာ အရေအတွက် အကန့်အသတ်ရှိပြီး တရုတ်နိုင်ငံတွင် ထုတ်လုပ်ကာ ‘ဝ’ ဒေသမှတဆင့် ဖြတ်သန်းလာသည့် HMG စက်သေနတ်များမှာ အာဏာသိမ်းမှုဆန့်ကျင်ရေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) ထံ ပိုမိုကျယ်ပြန့်စွာ ရောင်းချပေးမှုထက် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များ (EROs) က ရရှိမှု ပို၍များနေသည်။

မီးကို မီးဖြင့် ငြိမ်းသတ်ခြင်း

လေယာဉ်များကို ပျံတက်ခြင်းမှ တားဆီးရန် ရည်ရွယ်သည့် လေတပ်အခြေစိုက်စခန်းများကို ဦးစားပေးတိုက်ခိုက်ခြင်းက လေကြောင်းစွမ်းအားကို ပိုမိုသေချာထိရောက်စွာ တုံ့ပြန်မှုဖြစ်သည်။ လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြင့်လာသည်နှင့်အမျှ မြေပြင်ပေါ်ရှိ လေယာဉ်များကို ဖျက်ဆီးရန် ကြိုးပမ်းလာခြင်းက တိုက်ဆိုင်မှုမဟုတ်ပေ။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်နှင့် PDF တပ်ဖွဲ့များက နမ့်ပေါင်၊ မိတ္ထီလာ၊ မကွေး၊ တောင်ငူနှင့် နောက်ဆုံးမကြာသေးမီက မင်္ဂလာဒုံရှိ လေတပ်အခြေစိုက်စခန်းများကို တိုက်ခိုက်ခဲ့ကြသည်။

ပြည်သူ့ကာကွယ်ရေးတပ် (PDF) တည်ထောင်ကြောင်း ကြေညာခြင်း တနှစ်ပြည့် အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ မေလ ၆ ရက်က ပြည်သူ့ကာကွယ်ရေးတပ် (တောင်ငူခရိုင်) တပ်ရင်း အမှတ် (၃၅၀၂) တွင် ကျင်းပစဉ် / Bago Region PDF

အဆိုပါ တိုက်ခိုက်မှုများအတွင်း အားလုံးနီးပါးတွင် ၈ ကီလိုမီတာ အကွာအဝေးအထိ ပစ်ခတ်နိုင်သော အလွန်ပင် တိကျမှုမရှိသည့် (ရှော့တိုက်ဒုံး ခေါ်) 107mm မြေပြင်မှမြေပြင်ပစ် ဒုံးကျည်များကို မှီခိုအားထားခဲ့ကြသည်။ ထို 107mm ဒုံးကျည်အား ပစ်လွှတ်ရန်အတွက် အဓိကအားဖြင့် ပြောင်း ၁၂ ခုပါ ပစ်ခတ်မှုစနစ် လိုအပ်သော်လည်း မြန်မာနိုင်ငံတွင် ပြောင်းမပါဘဲ ဒုံးကျည်များကို နှစ်စင်း သို့မဟုတ် သုံးစင်းခန့်အထိ ပစ်ခတ်ခဲ့ပြီး ယနေ့အထိ လေယာဉ်များကို ဖျက်ဆီးရန် မဆိုထားနှင့် ပျက်စီးဆုံးရှုံးမှုများပင် မရှိခဲ့ချေ။

လက်နက်တပ်ဆင်ထားသည့် မောင်းသူမဲ့ဒရုန်းယာဉ်များအား အသုံးပြုရာတွင် နိုင်ငံတဝန်းလုံးရှိ PDFs များ၏ ရရှိလာခဲ့သည့် ကျွမ်းကျင်မှုများကြောင့် လေတပ်အခြေစိုက်စခန်းများကို တိုက်ခိုက်မှုများအတွက် ဤနည်းဗျူဟာအပေါ် အားကိုးနိုင်ရန် မျှော်လင့်စရာ ရှိနေသည်။ သို့ရာတွင် ထိုကဲ့သို့သော လုပ်ဆောင်မှုများ မရှိခြင်းက တခုတည်းသော ကောက်ချက်ကို ပေးလာသည်။ ၎င်းမှာ ၂၀၂၂ ခုနှစ်အတွင်း တရုတ်နိုင်ငံမှ ဝယ်ယူခဲ့သည့် ဒရုန်းဆက်သွယ်မှု ဖြတ်တောက်သည့် စက်များကို မဟာဗျူဟာအရ အရေးပါသော အဆောက်အဦများအား ကာကွယ်ရန် စနစ်တကျ တပ်ဆင် ဟန့်တားထားခြင်းဖြစ်သည်။

အဝေးပစ်ဒုံးကျည် သို့မဟုတ် ဒရုန်းဖြင့် တိုက်ခိုက်မှုများအစား ပိုမိုထိရောက်သည့် ရွေးချယ်စရာနည်းလမ်းမှာ တိုက်ခိုက်ရေးသမားများက လက်နက်ငယ်များနှင့် ဖောက်ခွဲရေးပစ္စည်းများဖြင့် လေတပ်အခြေစိုက် စခန်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ ရပ်ထားသည့်လေယာဉ်များကို အနီးကပ် ဖောက်ခွဲဖျက်ဆီးခြင်း ဖြစ်သည်။ ယင်းမှာ ၂၀၀၀ ပြည့်နှစ်များအတွင်း သီရိလင်္ကာ တမီလ်ကျား ပြောက်ကျားများ တီထွင်ခဲ့သော သိသာအကျိုးရှိသည့် နည်းဗျူဟာတခုဖြစ်ပြီး နောက်ပိုင်းတွင် ပါကစ္စတန်ရှိ ဂျီဟတ်ပြောက်ကျားများက ကူးယူအသုံးချခဲ့ကြသည်။

အဝေးပစ်ဒုံးကျည် သို့မဟုတ် ဒရုန်းဖြင့် တိုက်ခိုက်မှုများအစား ပိုမိုထိရောက်သည့် ရွေးချယ်စရာနည်းလမ်းမှာ တိုက်ခိုက်ရေးသမားများက လက်နက်ငယ်များနှင့် ဖောက်ခွဲရေးပစ္စည်းများဖြင့် လေတပ်အခြေစိုက် စခန်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ ရပ်ထားသည့်လေယာဉ်များကို အနီးကပ် ဖောက်ခွဲဖျက်ဆီးခြင်း ဖြစ်သည်။

၂၀၀၁ ခုနှစ် ဇူလိုင်လအတွင်းက တမီလ်ကျား ကွန်မန်ဒို ၁၄ ဦးသည် ကိုလံဘိုမြို့တော်မြောက်ဘက် ကာတူနာယကေးရှိ သီရိလင်္ကာလေတပ်၏ ပင်မအခြေစိုက်စခန်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး စစ်လေယာဉ် ရှစ်စင်းကို ဖျက်ဆီးကာ အခြားလေယာဉ်များကို ထိခိုက်ပျက်စီးစေခဲ့သည်။ ဆက်လက်၍ တဘက်ရှိ ဘန်ဒရာနိုက်ကေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အရပ်ဘက် အဲဘတ်စ်ဂျက်လေယာဉ် သုံးစင်းကို ဖျက်ဆီးကာ အခြားလေယာဉ်နှစ်စင်းကို ထိခိုက်ပျက်စီးစေခဲ့သည်။

၂၀၀၇ ခုနှစ် အောက်တိုဘာလက တမီလ်ကျား ကွန်မန်ဒို ၂၁ ဦးပါဝင်ခဲ့သည့် အလားတူ တိုက်ခိုက်မှုအတွင်း အနုရာဓပူရရှိ စစ်ဘက်လေတပ်စခန်းမှ အနည်းဆုံး လေယာဉ်ရှစ်စင်းကို ဖျက်ဆီးပစ်ခဲ့ကာ အခြား ၁၀ စင်းကို ထိခိုက်ပျက်စီးစေခဲ့သည်။

သို့ရာတွင် အဆိုပါ စီးနင်းတိုက်ခိုက်မှု နှစ်ခုစလုံးကို အသေခံစစ်ဆင်ရေးအဖြစ် စီစဉ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တမီလ်ကျားနက် ချေမှုန်းရေးအဖွဲ့ဝင် အားလုံးနီးပါး သေဆုံးခဲ့သည်။ လုံးဝကွဲပြားသည့် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအခြေအနေအရ PDF တိုက်ခိုက်ရေးသမားများက ထိုကဲ့သို့ တလမ်းသွား ချေမှုန်းစစ်ဆင်မှုများကို မကြာမီအနာဂတ်တွင် စေတနာ့ဝန်ထမ်းအဖြစ် လုပ်ဆောင်ကြလိမ့်မည်ဟု ရည်ညွှန်းပြောဆိုစရာကား မရှိပါ။

နိုင်ငံတဝန်းရှိ အခြေစိုက်စခန်းများသို့ ပုံမှန်ပို့ဆောင်ပေးရန် လိုအပ်ပြီး လေကြောင်းစစ်ပွဲ၏ အဓိက အသက်သွေးကြောဖြစ်သည့် လောင်စာဆီများကို ပစ်မှတ်ထားကာ အသေခံဗုံးခွဲ တိုက်ခိုက်ခြင်းက ပိုမိုလက်တွေ့ကျသည့် ရွေးချယ်စရာနည်းလမ်း ဖြစ်ကောင်းဖြစ်နိုင်သည်။

သို့ရာတွင် ဤကဲ့သို့ ရိုးရှင်းကောင်းမွန်သည့် နည်းလမ်းအတွက်ပင်လျှင် လောင်စာဆီတင်ယာဉ်များကို ဖျက်ဆီးရန် လိုအပ်သည့် RPG များနှင့် စက်သေနတ်များ တပ်ဆင်ထားသည့် တိုက်ခိုက်ရေးအဖွဲ့များကို ပံ့ပိုးပေးထားသည့် ယုံကြည်စိတ်ချရသော ထောက်လှမ်းရေး သတင်းရင်းမြစ်ကွန်ရက် လိုအပ်မည်ဖြစ်သည်။ တော်လှန်ရေးတပ်ဖွဲ့များအတွက် ထိုကဲ့သို့ ရှုပ်ထွေးသည့် စွမ်းဆောင်ရည်မျိုး ရှိလာရန်မှာ လာမည့်လများအတွင်း သေချာ‌ပေါက် လက်လှမ်းမမီ ဖြစ်နေလိမ့်ဦးမည် ဖြစ်သည်။

ကမ္ဘာ့အကြီးဆုံး ရေနံတင်ပို့သည့် နိုင်ငံတခုဖြစ်သည့် ရုရှားက အရှေ့တောင်အာရှရှိ ၎င်း၏တခုတည်းသော မဟာမိတ်လေတပ်အနေဖြင့် အနောက်နိုင်ငံများ၏ ဒဏ်ခတ်အရေးယူမှုများကြောင့် တဖြည်းဖြည်း ရပ်တန့်သွားရမည်ကို မည်သို့မျှ လုပ်ဆောင်ခြင်းမပြုဘဲ ရပ်ကြည့်နေလိမ့်မည် မဟုတ်ပေ။

နောက်ဆုံးအနေဖြင့် လေယာဉ်လောင်စာဆီ တင်သွင်းမှုအပေါ် ဒဏ်ခတ်အရေးယူမှုများ ချမှတ်ခြင်းဖြင့် အလားတူရလဒ်မျိုး ရရှိနိုင်မည်ဟူသော အဆိုပြုချက်က အမှန်တကယ်တွင် လေးနက်မှုမရှိလှပေ။ ကမ္ဘာ့အကြီးဆုံး ရေနံတင်ပို့သည့် နိုင်ငံတခုဖြစ်သည့် ရုရှားက အရှေ့တောင်အာရှရှိ ၎င်း၏တခုတည်းသော မဟာမိတ်လေတပ်အနေဖြင့် အနောက်နိုင်ငံများ၏ ဒဏ်ခတ်အရေးယူမှုများကြောင့် တဖြည်းဖြည်း ရပ်တန့်သွားရမည်ကို မည်သို့မျှ လုပ်ဆောင်ခြင်းမပြုဘဲ ရပ်ကြည့်နေလိမ့်မည် မဟုတ်ပေ။

နည်းဗျူဟာအရ လိုက်လျောညီထွေဖြစ်စေခြင်း

ထိုကဲ့သို့ နည်းဗျူဟာအရ စိုးရိမ်စရာ အကန့်အသတ်ရှိမှုများက ကျယ်ပြန့်လွှမ်းမိုးမှုရှိသည့် မဟာဗျူဟာအရ မေးခွန်းတခုကို ဖြစ်လာစေသည်။ စစ်တပ်၏ အခိုင်အမာနေရာများကို တိုက်ခိုက်ချေမှုန်းရန်အတွက် ရှေ့တိုးလှုပ်ရှားလာသည့် မြန်မာအတိုက်အခံတပ်ဖွဲ့များကို တွန်းလှန်ရန်၊ စစ်ရေးနှင့် နိုင်ငံရေးအရ တော်လှန်ရေးဒီရေ တဖြည်းဖြည်းချင်း ကျသွားသည့်အချိန်အထိ နေပြည်တော်က စောင့်စားနေစဉ် အတောအတွင်း မြို့ပြဒေသများကို အချိန်အကန့်အသတ်မရှိ ထိန်းထားနိုင်ရန် လုံလောက်သည့် အစွမ်းအစနှင့် နေရာအနှံ့ ခုခံနိုင်မည့် လေကြောင်းစွမ်းရည် စစ်ကောင်စီမှာ ရှိပါမည်လား။

အဖြေက “ရှိရန် မလို” ဟုသာ ချင့်ချိန်လျက် ပြောဆိုရမည် ဖြစ်သည်။ ခေတ်သစ် လက်နက်ကိုင်တော်လှန်ရေး၏ သမိုင်းက ညွှန်ပြနေသည်မှာ လေကြောင်းစွမ်းအားက အရပ်သားများအပေါ် သေစေနိုင်သည့် ထိရောက်မှုရှိပြီး ဆိုးရွားလှသည့် သေပျောက်မှုများ ဖြစ်စေသည်ကို အတိအကျအသေအချာ သက်သေပြနိုင်သည်။ သို့သော် ၎င်းကို မည်သည့်အခါမှ နေရာတိုင်းတွင် တချိန်တည်းလုပ်ဆောင်နိုင်မည် မဟုတ်ဘဲ ကျယ်ပြန့်စွာ ပြန့်ကြဲလျက်ရှိနေကြသည့် ပြောက်ကျားတပ်ဖွဲ့များအပေါ် ထိခိုက်စေနိုင်မှုက စစ်ရေးအရ ပြတ်ပြတ်သားသား အဆုံးအဖြတ်ပေးနိုင်ခြင်း မရှိသလောက်ပင် ဖြစ်သည်။ အဆုံးစွန်အားဖြင့် ဆိုရလျှင် မြေပြင်တွင်ဖြစ်ပွားနေသည့် စစ်ပွဲများ၏ အနိုင်အရှုံးကို ကြည်းတပ်များကသာ အဆုံးအဖြတ်ပေးကြသည်။

သို့ရာတွင် ထပ်တူထပ်မျှ ရှင်းရှင်းလင်းလင်းရှိနေသည်က အတိုက်အခံတပ်ဖွဲ့များအတွက် အောင်မြင်မှုအလားအလာ ရှိလာစေရန် ယခုလက်ရှိအချိန်တွင် မဟာဗျူဟာမြောက် ရည်မှန်းချက်များဖြစ်သည့် ရန်သူ့တပ်ဖွဲ့များကို ချေမှုန်းရန်နှင့် လက်နက်များကို သိမ်းယူရရှိနိုင်ရန် ထိုးစစ်အဆင့်အတွက် နည်းဗျူဟာများကို ပြင်ဆင် လက်ခံကျင့်သုံးကြရန် လိုအပ်ခြင်း ဖြစ်သည်။ စစ်အုပ်စုက ဝင်ရောက်တိုက်ခိုက်နိုင်သည့် နယ်မြေဒေသများကို အချိန်မတိုင်မီနှင့် အချည်းနှီး သိမ်းပိုက်ရန် မကြိုးပမ်းသင့်ပေ။

တော်လှန်ရေးတပ်ဖွဲ့များတွင် ပြင်ပမှ ပံ့ပိုးကူညီမှုများ မရှိခြင်းအတွက် တဖြည်းဖြည်းချင်း ဖြည့်တင်းပေးနေစဉ် ရန်သူ့တပ်ဖွဲ့များကို ချေမှုန်းခြင်းနှင့် ၎င်းတို့၏ လက်နက်များကို သိမ်းယူခြင်းတို့က နေပြည်တော်၏ အကြီးမားဆုံး စစ်ရေးဆိုင်ရာ အားနည်းချက်များဖြစ်သည့် တပ်အင်အား နည်းပါးနေခြင်းနှင့် အလွန်အမင်း ဖြန့်ကြက်ချထား နေရခြင်းတို့အပေါ် ပစ်မှတ်ထားလျက် ရှိနေသည်။

အထင်ရှားဆုံးအဆင့် အနေဖြင့် လေတပ်စွမ်းအင်၏ လက်တွေ့အခြေအနေနှင့် လိုက်လျောညီထွေဖြစ်မည့် နည်းဗျူဟာများတွင် အမှောင်ထု၊ အဖုံးအကွယ်နှင့် ရွေ့လျားရွှေ့ပြောင်းမှုတို့ကို စနစ်တကျ အသုံးချရန် လိုအပ်သည်။ ယင်းတို့သည် အထူးသဖြင့် အရပ်သားများက နိုင်ငံဒေသအများအပြားတွင် သင်ယူရရှိထားခဲ့ကြပြီးဖြစ်သည့် ရှင်သန်ရပ်တည်နိုင်မှုအတွက် အခြေခံကျသည့် လက်တွေ့အကျိုးရှိ အသုံးတည့်သော အချက်များဖြစ်ကြသည်။

လေတပ်စွမ်းအင်၏ လက်တွေ့အခြေအနေနှင့် လိုက်လျောညီထွေဖြစ်မည့် နည်းဗျူဟာများတွင် အမှောင်ထု၊ အဖုံးအကွယ်နှင့် ရွေ့လျားရွှေ့ပြောင်းမှုတို့ကို စနစ်တကျ အသုံးချရန် လိုအပ်သည်။

သို့ရာတွင် စစ်ရေးအရ အရေးပါသည့်အတိုင်း လေတပ်အင်အား ကျောထောက်နောက်ခံပြုလျက် အခိုင်အမာရှိနေသည့် စစ်အုပ်စုအား ဆန့်ကျင်တွန်းလှန်ရာတွင် အကောင်အထည်ဖော်ရန် လိုအပ်သည်မှာ အောင်မြင်သော ပြောက်ကျားစစ်ပွဲ၏ အခြေခံအကျဆုံး နည်းဗျူဟာဖြစ်သည်။ ၎င်းမှာ အဆုံးအဖြတ်ပေးနိုင်သော လူအင်အားနှင့် ပစ်အားသာလွန်မှုကို စုစည်းလျက် အားနည်းသည့် နေရာများအပေါ် တဟုန်ထိုး တိုက်ခိုက်စီးနင်းပြီး အလျင်အမြန် တပ်ဆုတ် တပ်ဖျောက်ခြင်းဖြစ်သည်။

ဤအစဉ်အလာ နည်းဗျူဟာတွင် “အဆုံးအဖြတ်ပေးနိုင်သည့် သာလွန်မှု” ဟူသည့် စကားလုံးက အဓိကကျပြီး များသောအားဖြင့် ထိုးစစ်ဆင်သူများနှင့် ခံစစ်ထိုင်သူများအကြား လူအင်အား ၃ ဆ ၁ ဆ အချိုးရှိခြင်းကို ဆိုလိုသည်။ အကယ်၍ မြန်မာနိုင်ငံတွင် တွေ့မြင်ရလေ့ရှိသည့်အတိုင်း ဤသဘောတရားအား မကြာခဏ လျစ်လျူရှုထားကြမည်ဆိုပါက အခြေခံကျသည့် စိန်ခေါ်မှုတခု ရှိနေသည့်အချက်နှင့် (အောင်မြင်မှုမရခြင်းအတွက်) အကြောင်းပြစရာအချက် ဖြစ်လိမ့်မည်။

စစ်အုပ်စု၏ မြေပြင်တပ်ဖွဲ့များအား ချေမှုန်းရန်အတွက် တော်လှန်ရေးတပ်ဖွဲ့များကို ဗျူဟာအရ စုဖွဲ့မှု၊ တပ်ဖျောက်မှုနှင့် တချိန်တည်းတွင် လေကြောင်းအင်အား၏ ထိရောက်မှုကို လျှော့ချနိုင်ရန်တို့မှာ စစ်ဆင်ရေးအတွင်း အဆင့်မြင့် ကွပ်ကဲမှု၌ တစုံတရာ ညီညွတ်မှုရှိနေမှသာ ဖြစ်နိုင်ပါလိမ့်မည်။

မြန်မာနိုင်ငံအပေါ် သာမန် လေ့လာသူတဦးအတွက်ပင် ရှင်းရှင်းလင်းလင်းဆိုရလျှင် တော်လှန်ရေး တပ်ဖွဲ့များအား အမျိုးသားအဆင့် ညီညွတ်သည့် စစ်ရေးအရ အမိန့်ပေးမှုဆိုသည်မှာ မဖြစ်နိုင်သလို လိုလားအပ်သည့်အရာလည်း မဟုတ်ချေ။ မတူကွဲပြားသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ (EROs) များအကြား ပိုင်းခြားထားသည့် ပထဝီအနေအထား၊ ယဉ်ကျေးမှုနှင့် အဖွဲ့အစည်းဆိုင်ရာ အတားအဆီးများ ရှိနေသည်ကို ရိုးရိုးရှင်းရှင်း ကျော်ဖြတ်၍ မရနိုင်ပေ။

မတူကွဲပြားသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ (EROs) များအကြား ပိုင်းခြားထားသည့် ပထဝီအနေအထား၊ ယဉ်ကျေးမှုနှင့် အဖွဲ့အစည်းဆိုင်ရာ အတားအဆီးများ ရှိနေသည်ကို ရိုးရိုးရှင်းရှင်း ကျော်ဖြတ်၍ မရနိုင်ပေ။

EROs များနှင့် ဗမာအများစု ပါဝင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့အကြား နိုင်ငံရေးအရ ကွဲလွဲမှုများနှင့် နေပြည်တော်မှ ထွက်ရှိလာသည့် အနာဂတ်ပြုပြင်ပြောင်းလဲရေး ကမ်းလှမ်းချက်များထက် သာလွန်အရေးပါပြီး ကျယ်ပြန့်သည့် အကျိုးဆက်သက်ရောက်မှုများပါရှိကာ အဓိကကျသည့် တိုင်းရင်းသားလူနည်းစု အသိုက်အဝန်းများက လက်သင့်ခံ‌ရန် အာမခံချက်ရရှိထားသော ဖက်ဒရယ် ကိုယ်ပိုင်အုပ်ချုပ်မှုအတွက် ပဋိဉာဉ်တခု အရေးတကြီးလိုအပ်နေခြင်းတို့က ထပ်ဆင့်ရှုပ်ထွေးမှုများကို ဖြစ်လာစေခဲ့သည်။

C3C ဖြစ်လာနိုင်မည်လား

ဤကဲ့သို့သော အခြေအနေများ၏အောက်တွင် အမျိုးသားအဆင့်၌ အကောင်းဆုံး မျှော်လင့်နိုင်သည့်အရာမှာ NUG က ဖွဲ့စည်းထားပြီးဖြစ်သည့် “C3C” ခေါ် ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (Central Command and Coordination Committee ) ၏ ဖွဲ့စည်းမှုအပေါ် အခြေခံ၍ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု ဖြစ်သည်။ ဤ C3C စင်္ကြံစင်မြင့်က အနာဂတ်စစ်ပွဲ အဆင့်ဆင့်အတွင်း မတူသည့်ဒေသများတွင် သီးခြားစစ်ဆင်မှုများအတွင်း အနည်းဆုံးအနေဖြင့် လျော့လျဲသည့် ပူးပေါင်းဆောင်ရွက်မှုများအတွက် ဖြစ်နိုင်ခြေကို ပေးစွမ်းသည်။

ထို့ထက်ပို၍ ချက်ချင်းလက်ငင်း နိုင်ငံ၏ နယ်စပ်များရှိ အချို့သောဒေသများအတွင်း စစ်ဆင်ရေးအဆင့်တွင် ကွပ်ကဲရေးအရ ထိရောက်မှုရှိသည့် ပေါင်းစပ်မှုသည် ဖြစ်နိုင်ရုံသာမက မရှိမဖြစ် လိုအပ်သော အရာလည်းဖြစ်နေသည်။

ကြမ်းတမ်းခက်ထန်သည့် မြေပြင်အနေအထားနှင့် ကချင်၊ ချင်း၊ ကရင်နှင့် ကရင်နီပြည်များတွင် အခြေစိုက်သည့် EROs အဖွဲ့များ၏ ခံနိုင်ရည်ရှိမှုတို့ နှစ်ခုစလုံးတို့ကြောင့် ထိုဒေသများသည် စစ်ရေးဗဟိုချက်ဒေသများအဖြစ် ဖြစ်ထွန်းလာခဲ့ပြီး တိုက်ဆိုင်မှုကြောင့်မဟုတ်ဘဲ ၂၀၂၁ ခုနှစ်တွင် “စစ်ဒေသ” သုံးခုအဖြစ် NUG က ကြေညာခဲ့သည်နှင့် တထပ်တည်း ကျနေသည်။

အနည်းဆုံး စာရွက်ပေါ်တွင် စစ်ဒေသသုံးခုအဖြစ် ကချင်နှင့် ချင်းပြည်နယ်များကို လွှမ်းခြုံထားသည့် အမှတ် (၁) စစ်ဒေသ၊ ကရင်ပြည်နယ်ကို လွှမ်းခြုံထားသည့် အမှတ် (၂) စစ်ဒေသနှင့် ကရင်နီပြည်နယ်ကို လွှမ်းခြုံထားသည့် အမှတ် (၃) စစ်ဒေသတို့အတွင်း NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDFs တပ်ဖွဲ့အသစ်များအား အတွေ့အကြုံရှိပြီး ပိုမိုကောင်းမွန်စွာ လက်နက်တပ်ဆင်ထားသည့် EROs များက စစ်ဆင်ရေးကွပ်ကဲမှုများကို လုပ်ဆောင်လျက် ရှိကြပြီး ထိုတပ်ဖွဲ့များကို ပူးတွဲစစ်ဆင်ရေးများအတွက် ERO တပ်မှူးများ၏ အလုံးစုံညွှန်ကြားမှုအောက်တွင် တပ်ဖြန့်ချထားနိုင်သည်။

အကောင်းဆုံး အခြေအနေတွင် ပြောင်းလဲနေသည့် အခြေအနေများအကြား သီးခြားစီရှိနေကြသည့် တော်လှန်ရေးအဖွဲ့များအား စစ်ရေးအရ ပေါင်းစည်းမှုရရှိရန် အပြင်းအထန် ကြိုးစားလုပ်ဆောင်နေရသည့် ပို၍အလယ်ပိုင်းကျသော ဗမာလူမျိုးစုဒေသများမှ PDF အဖွဲ့များကို ဤကွပ်ကဲမှုအတွင်း ပေါင်းစပ်ထည့်သွင်းနိုင်ရန် ဖွဲ့စည်းပုံကို အမျိုးသားအဆင့်မှ တဖြည်းဖြည်းချင်း တိုးချဲ့သွားနိုင်သည်။

ဒေသဆိုင်ရာအဆင့်၌ပင် တော်လှန်ရေးတပ်ဖွဲ့များအပေါ် ညီညွတ်မှုရှိသည့် အမိန့်ပေးကွပ်ကဲမှုအချို့ ထားရှိရန်မှာ လွယ်ကူလိမ့်မည် မဟုတ်ပေ။ သံသယရှိသည့် လေ့လာဆန်းစစ်သူအချို့က မဖြစ်နိုင်ဟုပင် ထောက်ပြလျက် ရှိကြသည်။ ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင်မှ ပေါ်ပေါက်လာခဲ့ကြသည့် PDF များနှင့် ERO များ ကြားတွင်သာမက ERO များ အချင်းချင်းကြားတွင်လည်း စစ်ရေးအရ ကွဲပြားနေကြသည့် အဖြစ်မှန်ကို သေချာပေါက် ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။

ဒေသဆိုင်ရာအဆင့်၌ပင် တော်လှန်ရေးတပ်ဖွဲ့များအပေါ် ညီညွတ်မှုရှိသည့် အမိန့်ပေးကွပ်ကဲမှုအချို့ ထားရှိရန်မှာ လွယ်ကူလိမ့်မည် မဟုတ်ပေ။ ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင်မှ ပေါ်ပေါက်လာခဲ့ကြသည့် PDF များနှင့် ERO များ ကြားတွင်သာမက ERO များ အချင်းချင်းကြားတွင်လည်း စစ်ရေးအရ ကွဲပြားနေကြသည့် အဖြစ်မှန်ကို သေချာပေါက် ရင်ဆိုင်ရလိမ့်မည်

ဆယ်စုနှစ်များစွာတိုင် ကရင်၊ ကချင်နှင့် အခြား ERO များသည် ရွှေ့ပြောင်းမှုလိုအပ်သော ထိုးစစ်ဆင်တိုက်ခိုက်သည့် ဗျူဟာထက် ပြောက်ကျားနည်းဗျူဟာကို အသုံးပြုသည့် ဒေသ ကာကွယ်ရေးအတွက် ၎င်းတို့၏ တပ်ဖွဲ့များကို ဖွဲ့စည်းမှုအရ သီးခြား တပ်မဟာနယ်မြေများအဖြစ် ခွဲဝေချထားခဲ့ကြသည်။ အကျိုးဆက်အဖြစ် အချို့သော ERO အဖွဲ့များ၊ အထူးသဖြင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) အဖွဲ့အတွင်း အချင်းချင်း တိုက်ခိုက်မှုများနှင့် အဖွဲ့ခွဲထွက်မှုများဖြင့် ကြုံခဲ့ရသည်။

နောက်ဆုံးအနေဖြင့် ထောက်ပံ့ပို့ဆောင်ရေးနှင့် အရင်းအမြစ်ဆိုင်ရာ ပြဿနာများက ကြီးမားလာလျက် ရှိနေသည်။ အဖွဲ့အများအပြားက ၎င်းတို့၏ကိုယ်ပိုင်အစီအစဉ်များ ရှိနေမှုနှင့်အတူ မတူကွဲပြားသည့် လက်နက်ကိုင်တပ်ဖွဲ့များအား ခက်ခဲရှည်ကြာသည့် ထိုးစစ်ဆင်နွှဲမှုများအတွင်း တပ်ဖြန့်ချထားမှုကို ကျေနပ်လက်ခံမှုဖြင့် ပေါင်းစည်းပေးရာတွင် ‌ခဲယမ်း၊ ဆန်နှင့် အထူးသဖြင့် ငွေကြေး အပါအဝင် အရင်းအမြစ်များရရှိရေး၊ ထောက်ပံ့နိုင်ရေးတို့မှာ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်များ၏ စွမ်းရည်အပေါ်တွင် အဓိကတည်မှီလျက် ရှိနေသည်။

ခြောက်သွေ့ရာသီအတွင်း လာမည့်လများတွင် လေကြောင်းမှ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုများ၏ ဖိအားအောက်၌ အဆိုပါစိန်ခေါ်မှုများအား အသိအမှတ်ပြု၍ တုံ့ပြန်ကိုင်တွယ်ရာတွင် များသောအားဖြင့် တော်လှန်ရေးတပ်မှူးများ၏ အောင်မြင်မှု သို့မဟုတ် ကျရှုံးမှုက စစ်ပွဲ၏ အနာဂတ်ကို ပုံဖော်ပေးမည်ဖြစ်သည်။

(Asia Times မှ Anthony Davis ၏ Myanmar PDFs need MANPADs to have a fighting chance ကို ဘာသာပြန် ဖော်ပြသည်။ ပထမပိုင်းဖြစ်သည့် Myanmar Air Force fiercely gunning to win the war ၏ ဘာသာပြန် စစ်ပွဲအောင်နိုင်ရေး စစ်ကောင်စီလေတပ် ရက်ရက်စက်စက် ပစ်ခတ်နေ ကိုလည်း ဖတ်ရှုနိုင်ပါသည်။)

You may also like these stories :

မြေပြင်စစ်ရှုံးနေသော စစ်ကောင်စီက လေကြောင်းအားကိုးနေ

တော်လှန်ရေးအင်အားစုများအတွက် ရဟတ်ယာဉ်ပစ် ဒုံးများ လိုသည်

စစ်ကောင်စီ ဗြောင်လိမ်တဲ့ လက်ယက်ကုန်းက ကလေးတွေ သတ်ဖြတ်မှု

ကလေးများ ပြန်ပြောပြသော လက်ယက်ကုန်း လူသတ်ပွဲ

မြန်မာပြည်ထဲ ဝင်လာတဲ့ တရုတ်လုပ် လေယာဉ်ပစ်ဒုံးများ

စစ်ပွဲအောင်နိုင်ရေး စစ်ကောင်စီလေတပ် ရက်ရက်စက်စက် ပစ်ခတ်နေ

Loading