စစ်ကောင်စီကိုဆန့်ကျင်သည့် လက်နက်ကိုင်တော်လှန်ရေးတွင် မနှင်းဆီလှိုင် စတင်ပါဝင်ချိန်ကတည်းကပင် “စစ်ခွေးများ” ဟု သူတို့ ခေါ်သည့် စစ်ကောင်စီစစ်သားများကို သတ်ဖြတ်ရန် မည်သည်ကိုမဆို လုပ်ကိုင်မည်ဖြစ်ကြောင်း ပြောခဲ့သည်။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များအတွက် ထောက်ပို့အဖွဲ့ဝင် အသက် ၂၀ အရွယ် မနှင်းဆီလှိုင်သည် ဇန်နဝါရီလ ၇ ရက်နေ့တွင် စစ်ကောင်စီတပ်များနှင့် ရင်ဆိုင်တွေ့ရသောအခါ အခြားရဲဘော်ရဲဘက်တဦးနှင့်အတူ အသေခံဖောက်ခွဲပြီး သူ၏စကားကို သက်သေပြခဲ့သည်။
ထိုအမျိုးသမီး နှစ်ဦးတို့သည် ခုခံတော်လှန်ရေး အင်အားစုများအတွက် လက်လုပ်ဗုံးများ ပို့ဆောင်ပေးရန် ဆိုင်ကယ်စီးလာစဉ် စစ်အာဏာသိမ်းမှုကို ခုခံတော်လှန်သည့် အင်အားစုအမာခံဒေသများအနက် တခုဖြစ်သော ကောလင်းမြို့နယ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီစစ်ကြောင်းကို မမျှော်လင့်ဘဲ ရင်ဆိုင်ခဲ့ရချိန်ဖြစ်သည်။
၎င်းတို့သည် လက်နက်မချသလို ရဲဘော်ရဲဘက်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ပေးရနိုင်သည့် စစ်ကြောရေးကို ရင်ဆိုင်မည့်အစား စစ်ကောင်စီစစ်သားများ ၎င်းတို့အနီး ချဉ်းကပ်လာစဉ် ဗုံးများကို ဖောက်ခွဲခဲ့ကြသည်။
ထိုအသေခံ ဖောက်ခွဲမှုတွင် စစ်ကောင်စီစစ်သား အများအပြား ထိခိုက်ဒဏ်ရာရပြီး ထိုအမျိုးသမီးများ၏ ကြွင်းကျန်သော ရုပ်အလောင်းများကို မိသားစုများသို့ ပြန်လည်ပေးအပ်ခြင်း မရှိသေးကြောင်း ဒေသခံ PDF အဖွဲ့ဖြစ်သော ကောလင်း တော်လှန်ရေးအဖွဲ့ (KRT) က ပြောသည်။
မနှင်းဆီလှိုင်သည် ကောလင်းရှိ စတိုးဆိုင်တခုတွင် အရောင်းစာရေးလုပ်ခဲ့ပြီး ကောလင်း PDF တွင် တာဝန် ထမ်းဆောင်နေကာ စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုရန် ပြင်ဆင်နေသူဖြစ်သည်။
မနှင်းဆီလှိုင်သည် ကောလင်းရှိ စတိုးဆိုင်တခုတွင် အရောင်းစာရေးလုပ်ခဲ့ပြီး ကောလင်း PDF တွင် တာဝန် ထမ်းဆောင်နေကာ စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုရန် ပြင်ဆင်နေသူဖြစ်သည်။
သူနှင့်အတူ ကျဆုံးခဲ့သည့်ရဲဘော်မှာ ဒေါ်စုစုရည်ဖြစ်သည်။ အသက် ၄၅ နှစ်ရှိပြီဖြစ်သော ဒေါ်စုစုရည်တွင် အသက် ၂၀ အရွယ် သားတယောက်နှင့် အသက် ၇၀ အရွယ် မိခင် ကျန်ရစ်ခဲ့သည်။ စစ်အာဏာမသိမ်းမီက ဒေါ်စုစုရည်သည် ကောလင်းမြို့နယ်တွင် ကွမ်းယာရောင်းသူတဦးဖြစ်သည်။
သို့သော် စစ်အာဏာသိမ်းပြီးနောက်တွင် သူသည် စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ပြီး ကောလင်း PDF ထောက်ပို့အဖွဲ့ဝင်တဦး အဖြစ်သာမက KRT အတွက် ကင်းထောက်တဦးလည်း ဖြစ်လာသည်။
တော်လှန်ရေးအတွက် အသက်ပေးခဲ့ကြသော လူငယ်များအတွက် ဝမ်းနည်းကြောင်းနှင့် ထိုလူငယ်များအစား သူသာ သေပေးလိုက်လိုကြောင်း ဒေါ်စုစုရည်က ပြောဖူးသည်ဟု KRT က ဆိုသည်။
သူသေဆုံးပြီးနောက် သူ၏အိမ်ကို စစ်ကောင်စီက ချိတ်ပိတ်လိုက်သည်။ သူ၏သားနှင့် မိခင်ကို ယခုအခါ ထိုမြို့နယ်မှ NUG အုပ်ချုပ်ရေး အဖွဲ့ဖြစ်သော ကောလင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စောင့်ရှောက်ထားသည်။
ဒေါ်စုစုရည်နှင့် မနှင်းဆီလှိုင်တို့သည် တော်လှန်ရေးအတွက် အသက်ကို စတေးခဲ့သည်ဟု PDF က ကြေညာချက်ထုတ်ပြန်ပြီး ၎င်းတို့ကို သူရဲကောင်းများအဖြစ် ဂုဏ်ပြုသည်။
ထိုအမျိုးသမီး နှစ်ဦး၏ တိုက်ခိုက်မှုသည် မြန်မာတွင် ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းရေးအတွက် တိုက်ပွဲဝင်နေသော တော်လှန်ရေးအင်အားစုများ၏ မကြာသေးမီက တိုက်ခိုက်ရေးစိတ်ဓာတ် စံနမူနာဖြစ်သည်။
ရဲဘော်ရဲဘက်များနှင့် တော်လှန်ရေးအတွက် အသက်စတေးခဲ့သော အခြား ခုခံတော်လှန်ရေးသမား များစွာ ရှိသည်။ ၎င်းတို့အနက် အချို့ကို အောက်တွင် ဖော်ပြလိုက်ပါသည်။
ရေစကြိုတော်လှန်ရေးအဖွဲ့ (YGO) မှ ကိုမိုး
ကိုမိုးသည် မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် လွန်ခဲ့သောနှစ် ဇူလိုင်လ အစောပိုင်းက အသေခံဖောက်ခွဲပြီး စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့သူဖြစ်သည်။
သားသမီး နှစ်ဦး၏ဖခင်ဖြစ်သော ကိုမိုးသည် ရေစကြိုတော်လှန်ရေးအဖွဲ့ (YRG) ကျေးရွာကာကွယ်ရေးအဖွဲ့ စေတနာ့ဝန်ထမ်းလည်း ဖြစ်သည်။ အသက် ၄၅ နှစ်ရှိပြီဖြစ်သော ကိုမိုးသည် ဇူလိုင်လ ၈ ရက်နေ့တွင် ရေစကြိုနှင့် ပခုက္ကူနယ်စပ် သဲတောရွာ ဘုန်းကြီးကျောင်းအနီးတွင် စစ်ကောင်စီတပ်များနှင့် ရင်ဆိုင်တွေ့ခဲ့သည်။ ထို ဘုန်းကြီးကျောင်းတွင် စစ်သား ၈၀ ခန့် စခန်းချနေသည်ကို ကိုမိုး မသိပေ။

ဘုန်းကြီးကျောင်းအနီးတွင် စစ်ကောင်စီတပ်များက ပစ်ခတ်သောကြောင့် ဒဏ်ရာရပြီးနောက် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျသွားခဲ့သည်။ စစ်သားများ သူ၏အနီးသို့ရောက်လာသောအခါ ကိုမိုးသည် လက်ပစ်ဗုံး သုံးလုံးကို ဖောက်ခွဲလိုက်ပြီး စစ်သား ခုနစ်ယောက်ကို ချက်ခြင်းသေဆုံးစေကာ နောက်ထပ် ရှစ်ဦးမှာ ဆေးရုံတွင် သေဆုံးကြောင်း YRG က ဖော်ပြသည်။
“သူက တိုက်ခိုက်ရေးသမား မဟုတ်ဘူး။ ထောက်ပို့တပ်က။ ဒါပေမယ့် လက်ပစ်ဗုံး သုံးလုံး အမြဲသယ်ဆောင်တယ်။ အဖမ်းမခံဘဲ အသေပဲခံမယ်လို့ သူအမြဲတမ်းပြောနေခဲ့တာ” ဟု YRG ပြောခွင့်ရသူ ကိုဇီးရိုးက ပြောသည်။
စစ်သားများ သူ၏အနီးသို့ရောက်လာသောအခါ ကိုမိုးသည် လက်ပစ်ဗုံး သုံးလုံးကို ဖောက်ခွဲလိုက်ပြီး စစ်သား ခုနစ်ယောက်ကို ချက်ခြင်းသေဆုံးစေကာ နောက်ထပ် ရှစ်ဦးမှာ ဆေးရုံတွင် သေဆုံးကြောင်း YRG က ဖော်ပြသည်။
ကိုမိုးသည် PDF များက စစ်ကောင်စီတပ်များကို တိုက်ခိုက်ရန် မိုင်းထောင်သောအခါ ကင်းစောင့်ပေးသည်ဟု YRG ခေါင်းဆောင် ကိုပသေးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
“ကျနော်တို့အဖမ်းခံရရင် စစ်သား များနိုင်သမျှ များများ သတ်နိုင်ဖို့ပဲ ကျနော်တို့အားလုံး စဉ်းစားကြတယ်” ဟု သူကပြောသည်။
မိုးညိုတော်လှန်ရေးတပ်ဖွဲ့မှ အီးဇီး
အသက် ၁၉ နှစ်ရှိပြီဖြစ်သော အီးဇီးသည် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် နှစ်ဘာသာဂုဏ်ထူးရသူဖြစ်ပြီး စစ်အာဏာရှင်စနစ်ကို ဖြုတ်ချရန် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှ မိုးညိုတော်လှန်ရေးတပ်ဖွဲ့သို့ လွန်ခဲ့သောနှစ်က ဝင်ရောက်ခဲ့သည်။
သူသည် အင်ဂျင်နီယာဖြစ်ချင်ခဲ့ပြီး မိဘများက သူ့ကို ဂျပန်သို့ သွားရောက်အလုပ်လုပ်စေရန် ရည်ရွယ်ခဲ့သည်။ တော်လှန်ရေးအောင်မြင်မှသာ ဂျပန်သို့သွားမည်ဖြစ်ကြောင်း သူကပြောခဲ့သည်ဟု မိုးညိုတော်လှန်ရေးတပ်ဖွဲ့ ပြောခွင့်ရသူ ကိုတေဇာက ပြောသည်။
“တော်လှန်ရေးရှိနေသရွေ့ လက်နက်မချဘူးလို့ သူပြောခဲ့တယ်။ သူ့မိဘတွေက သူ့ကို အိမ်ပြန်လာဖို့ပြောပေမယ့် သူကမပြန်ဘူး” ဟု ကိုတေဇာက ပြောသည်။
အီးဇီးသည် မိုင်းကျွမ်းကျင်သူဖြစ်ပြီး စစ်ကိုင်း-မြင်းမူလမ်းတွင် မိုင်းခွဲတိုက်ခိုက်မှုများကို ဦးဆောင်သည်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလ နှောင်းပိုင်းက စစ်ကောင်စီတပ်နှင့် တိုက်ပွဲတခုတွင် သူ၏ရဲဘော်များကို ကာကွယ်ပေးနေစဉ် ကျဆုံးခဲ့သည်။ သူနှင့် အခြားရဲဘော် လေးဦးသည် စစ်သား ၁၅၀ ပါဝင်သော စစ်ကြောင်းတခုကို မိုင်းခွဲတိုက်ခိုက်ရန် ပြင်ဆင်နေစဉ် စစ်ကောင်စီတပ်၏ အဝိုင်းခံရသည်။

ပေါင်တွင် ကျည်ဆံထိမှန်ပြီးနောက် ရဲဘော်များက သူ့ကိုကယ်ရန် ကြိုးစားမှုကို လက်မခံဘဲ ဆုတ်ခွာသွားရန် ရဲဘော်များကိုပြောပြီး နေခဲ့သည်။ သူ၏ရဲဘော်များက သူ့ကိုလက်လုပ်သေနတ်တလက်နှင့် ကျည်ဆံ ငါးတောင့် ပေးခဲ့သည်။ သူ့အလောင်းကို ပြန်လည်ရရှိသောအခါ သူ့တွင် ကျည်ဆံတတောင့်သာ ကျန်တော့သည်။
“သူ့ကို အရှင်ဖမ်းနိုင်တယ်။ ဒါပေမယ့် သူက သူ့ကို စစ်မေးတာ မခံချင်ဘူး” ဟု ကိုတေဇာက ပြောသည်။ ထိုတိုက်ပွဲအပြီးတွင် ၎င်းတို့ခုခံတော်လှန်ရေးတပ်ဖွဲ့၏ စခန်းကို စီးနင်းခံရခြင်း မရှိကြောင်းလည်း ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။
တိုက်ပွဲဖြစ်ပြီး နောက်တရက်ကြာသောအခါ အီးဇီး၏ အလောင်းကို သူ့ကိုဖမ်းမိသည့်နေရာမှ ဝေးကွာသောနေရာတွင် ရှာတွေ့ခြင်းဖြစ်သည်။ ရင်ဘတ်နှင့် ဦးခေါင်းတွင် ကျည်ဆံထိမှန်သည့် ဒဏ်ရာ သုံးခု တွေ့ရပြီး စစ်သားများက သူ့ကိုဒရွတ်တိုက်ဆွဲထားသောကြောင့် သူ၏ခြေထောက်များ ပွန်းပဲ့ပေါက်ပြဲနေသည်။
“သူ့ကို စစ်ခွေးတွေမိသွားရင် သူစကားမပြောဘဲ သူတို့မျက်နှာကို တံတွေးနဲ့ထွေးမယ်လို့ သူပြောခဲ့တယ်” ဟု ကိုတေဇာက ပြန်ပြောပြသည်။
အီးဇီးသည် သဘောကောင်းပြီး အမြဲပြုံးနေတတ်သည့် လူငယ်တဦးဖြစ်ကြောင်းနှင့် ရဲဘော်များကို ကယ်ဆယ်ရန် အသက်ကို စတေးခဲ့သူဖြစ်ကြောင်း သူ၏ရဲဘော်များက ပြောသည်။
“အီဇီးလို လူမျိုးရှားတယ်။ သူက ငယ်ရွယ်ပေမယ့် ရင့်ကျက်တယ်” ဟု ကိုတေဇာက ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။
ရွှေဘိုကာကွယ်ရေး တပ်ဖွဲ့ (SBDF) မှ ဗိုလ်သံမဏိ
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တွင် လွန်ခဲ့သော ဇွန်လကဖြစ်ပွားသည့် တိုက်ပွဲတခုအတွင်း ရဲဘော်များ၏ အသက်ကို ကယ်ဆယ်ရန် ဗိုလ်သံမဏိ အသက်ပေးခဲ့သည်။
ရွှေဘိုကာကွယ်ရေး တပ်ဖွဲ့ (SBDF) ကို တည်ထောင်သူ အသက် ၄၉ နှစ်အရွယ် ဗိုလ်သံမဏိသည် အခြားရဲဘော်တဦးနှင့်အတူ တိုက်ပွဲတွင် ကျဆုံးသည်။ စစ်ကောင်စီစစ်သား နှစ်ဒါဇင်ခန့်က အင်အား ၁၅ ဦးပါသည့် ဗိုလ်သံမဏိနှင့် အဖွဲ့ကို ပစ်ခတ်သည်။ ဗိုလ်သံမဏိနှင့် အခြားရဲဘော် ကိုစိုးပိုင်တို့ ဒဏ်ရာရခဲ့သည်။
ပေါင်တွင် ကျည်ဆံထိမှန်ပြီးနောက် ရဲဘော်များက သူ့ကိုကယ်ရန် ကြိုးစားမှုကို လက်မခံဘဲ ဆုတ်ခွာသွားရန် ရဲဘော်များကိုပြောပြီး နေခဲ့သည်။ သူ၏ရဲဘော်များက သူ့ကိုလက်လုပ်သေနတ်တလက်နှင့် ကျည်ဆံ ငါးတောင့် ပေးခဲ့သည်။ သူ့အလောင်းကို ပြန်လည်ရရှိသောအခါ သူ့တွင် ကျည်ဆံတတောင့်သာ ကျန်တော့သည်။
စစ်ကောင်စီတပ်များသည် ပေ ၂၀ ခန့်အထိ ကပ်နေသောကြောင့် ဗိုလ်သံမဏိက ရဲဘော်များကို ဆုတ်ခွာခိုင်းပြီး သူနှင့် ကိုစိုးပိုင်က ကာပစ်ပေးခဲ့ကြောင်း SBDF တပ်ရင်း ၂၃ မှ တပ်မှူး ကိုရန်ကြီးက ပြောသည်။
“ဆရာ (ဗိုလ်သံမဏိ) နဲ့ ကိုပိုင်စိုးတို့သာ ကာပစ်မပေးခဲ့ရင် ကျနော်တို့ အခုလိုအသက်ရှင်နေနိုင်မှာ မဟုတ်ဘူး” ဟု ကိုရန်ကြီးက ဧရာဝတီသတင်းဌာနသို့ ရှင်းပြသည်။
သူတို့နှစ်ဦး လက်ချင်းချိတ်လျှက် သေဆုံးနေသည်ကိုတွေ့ရသည်။ ဗိုလ်သံမဏိသည် နှစ်ကြိမ်ပစ်ခတ်ခံရပြီး တချက်သည် နှလုံးကိုထိကာ အခြားတချက်က ဦးခေါင်းသို့ ထိမှန်သည်။
“ဆရာသေဆုံးသွားတာ ကျနော်တို့အတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုဖြစ်တယ်” ဟု ကိုရန်ကြီးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
ဗိုလ်သံမဏိသည် သူ၏ SBDF ရဲဘော်များကို သူ၏ သားသမီးရင်းများသဖွယ် ဆက်ဆံသူဖြစ်သည်။ သူ၏ ရဲဘော်များက သူ့အနေဖြင့် အခြေစိုက်စခန်းမှသာ ဦးဆောင်စေလိုကြသော်လည်း သူသည်ရှေ့တန်း စစ်မျက်နှာသို့ လိုက်ပါရန် အတင်းအကျပ် တောင်းဆိုခဲ့သည်။
“သူက နောက်ဆုံးထွက်သက်အထိ ရဲဘော်တွေအကြောင်းပဲ စဉ်းစားပြီး ကျနော်တို့အတွက် သူ့အသက်ကို ပေးခဲ့တယ်” ဟု ကိုရန်ကြီးက ပြောသည်။
သူ၏ရဲဘော်များနှင့်အတူ ဗိုလ်သံမဏိသည် စစ်ကောင်စီတပ်များကို MA-1 ရိုင်ဖယ်များ၊ လက်လုပ်သေနတ်များနှင့် ခုခံတိုက်ခိုက်ခဲ့သည်။
လက်နက်မလုံလောက်သောကြောင့် ခုခံတော်လှန်တိုက်ခိုက်ရေးသမားများ စစ်မြေပြင်တွင် ကျဆုံးရခြင်းဖြစ်သည်။ လတ်တလော လှုပ်ရှားနေသော PDF တပ်ရင်း ၃၀၀ ကျော်ကို လက်နက်တပ်ဆင်ပေးရန် တာဝန်ရှိနေသော NUG အနေဖြင့် ထိုတပ်များကို မြန်နိုင်သမျှအမြန်ဆုံး လက်နက်တပ်ဆင်ပေးရန် ကိုရန်ကြီးက တိုက်တွန်းသည်။
လတ်တလော လှုပ်ရှားနေသော PDF တပ်ရင်း ၃၀၀ ကျော်ကို လက်နက်တပ်ဆင်ပေးရန် တာဝန်ရှိနေသော NUG အနေဖြင့် ထိုတပ်များကို မြန်နိုင်သမျှအမြန်ဆုံး လက်နက်တပ်ဆင်ပေးရန် ကိုရန်ကြီးက တိုက်တွန်းသည်။
SBDF တွင် အော်တိုမက်တစ်သေနတ် ၁၀ လက်ခန့်သာရှိပါက ၎င်းတို့သည် စစ်ကောင်စီစစ်သားများကို ချေမှုန်းနိုင်ပြီး ခေါင်းဆောင်ဗိုလ်သံမဏိကို ကယ်ဆယ်နိုင်မည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
မြင်းမူမြို့နယ် မိုးညိုတော်လှန်ရေးတပ်ဖွဲ့မှ ကိုတေဇာကလည်း ပိုမိုကောင်းမွန် များပြားသည့် လက်နက်များကို တောင်းဆိုသည်။ “ကျနော်တို့မှာ အော်တိုမက်တစ်သေနတ်တွေရှိရင် အီးဇီးလို ကျနော်တို့ ရဲဘော်တွေ သေဆုံးမှာ မဟုတ်ဘူး” ဟု သူကပြောသည်။
ခုခံတော်လှန်ရေးအင်အားစုများလိုအပ်သည့် လက်နက်များအားလုံးကို မပေးနိုင်သေးကြောင်း NUG က ဝန်ခံခဲ့ပြီး ၎င်းတို့ကို အတတ်နိုင်ဆုံးထောက်ပံ့ရန် ကြိုးစားနေကြောင်း ပြောသည်။
“လက်နက်ကောင်းကောင်းတွေ မရမချင်း ကျနော်တို့အသက်တွေ ပေးနေရမှာပဲ” ဟု ကိုတေဇာက ပြောသည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Yuzana ၏ Myanmar Resistance Fighters Sacrifice Themselves to Save Comrades ကို ဘာသာပြန် ဖော်ပြသည်။
You may also like these stories :
PDF များ ပခုံးထမ်းလေယာဉ်ပစ် လက်နက်တွေ မရနိုင်သေးတဲ့အခါ
စစ်ကောင်စီကို ဖြုတ်ချရန် NUG ဒေါ်လာသန်း ၁၀၀ ကျော် ရန်ပုံငွေရှာထား
မြန်မာ့တော်လှန်ရေး အင်အားစုများ ထိုးစစ်ဆင်ရန် ပြင်ဆင်နေ
အထင်သေး မရသော ပဲခူးရိုးမ တော်လှန်ရေးမီးတောက်များ