အကျပ်အတည်း ကျရောက်နေသော မြန်မာ့စီးပွားရေးသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်အတွင်း ၃ ရာခိုင်နှုန်း တိုးတက်မည်ဟု မျှော်လင့်ရသောကြောင့် လွန်ခဲ့သော ၂ နှစ် စစ်အာဏာ မသိမ်းမီကထက် များစွာနိမ့်ကျနေကြောင်း ကမ္ဘာ့ဘဏ်က ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
မကြာသေးမီ လများအတွင်း စီးပွားရေးမတည်ငြိမ်မှု သိသိသာသာဖြစ်ခဲ့ပြီး အနာဂတ်တွင် အန္တရာယ်များနှင့် မရေရာမှုများ ဆက်လက် ဖြစ်ပေါ်နေကြောင်း ကမ္ဘာ့ဘဏ်က ပြောသည်။ ငွေလဲလှယ်မှုနှုန်း ကျဆင်းခြင်းနှင့် သယ်ယူပို့ဆောင်ရေး အကန့်အသတ်ကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်ပြီး ဇူလိုင်လအထိ ကာလအတွင်း ငွေကြေးဖောင်းပွမှု ၂၀ ရာခိုင်နှုန်း အထိရှိကြောင်းလည်း ဖော်ပြထားသည်။ ဆောက်လုပ်ရေး ကုန်ကျစရိတ် မြင့်မားနေခြင်းအပြင် လျှပ်စစ်ဓာတ်အား အကြီးအကျယ် ပြတ်တောက်ခြင်းနှင့် စစ်ကောင်စီ၏ လုပ်ထုံးလုပ်နည်း ကန့်သတ်ချက်များကြောင့် စီးပွားရေး လုပ်ငန်းများ ထိခိုက်သည်ဟုလည်း ဖော်ပြထားသည်။
ထိုစီးပွားရေး ပြဿနာများသည် ၂၀၂၀ ရွေးကောက်ပွဲတွင် စစ်တပ် ကျောထောက်နောက်ခံပြုပါတီ ရှုံးနိမ့်ခြင်းကို ပယ်ဖျက်ရန်အတွက် ရွေးကောက်ပွဲကျင်းပပြီး တရားဝင်မှုရအောင် လုပ်နေသည့် စစ်ဗိုလ်ချုပ်များအတွက် အန္တရာယ်ဖြစ်စေမည် ဖြစ်သည်။
လွန်ခဲ့သော ဇူလိုင်နှင့် သြဂုတ်လအတွင်း ပြုလုပ်ခဲ့သည့် စစ်တမ်းတွင် ဖြေဆိုသည့် မိသားစုများ၏ ထက်ဝက်က လွန်ခဲ့သောနှစ်ကထက် ဝင်ငွေကျဆင်းကြောင်း ပြောသည်ဟု “Myanmar Economic Monitor: Navigating Uncertainty” အမည်ရှိ ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။ စားနပ်ရိက္ခာ မလုံလောက်မှု ဆိုးရွားလာသောကြောင့် မိသားစုများသည် စားသုံးမှု လျှော့ချနေရသည်။
စီးပွားရေးသည် ၂၀၂၁ ခုနှစ်တွင် ၁၈ ရာခိုင်နှုန်း ကျုံ့သွားပြီးနောက် လွန်ခဲ့သောနှစ်တွင် ၃ ရာခိုင်နှုန်း တိုးတက်လာသည်။ “ထို့ကြောင့် စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှု (GDP) သည် ကိုဗစ်နိုင်တင်း မတိုင်မီကထက် ၁၃ ရာခိုင်နှုန်း နိမ့်ကျနေဆဲဖြစ်သည်” ဟု ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။ “ကျဆင်းမှု အန္တရာယ်များတွင် စီစဉ်ထားသော ရွေးကောက်ပွဲမတိုင်မီ ပဋိပက္ခ ပိုမိုဆိုးရွားလာခြင်းနှင့် ကမ္ဘာ့စီးပွားရေး ပတ်ဝန်းကျင် ပိုမိုဆိုးရွားမည့် အလားအလာများ ပါဝင်သည်” ဟုလည်း ဖော်ပြထားသည်။
စီးပွားရေးသည် ၂၀၂၁ ခုနှစ်တွင် ၁၈ ရာခိုင်နှုန်း ကျုံ့သွားပြီးနောက် လွန်ခဲ့သောနှစ်တွင် ၃ ရာခိုင်နှုန်း တိုးတက်လာသည်။ “ထို့ကြောင့် စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှု (GDP) သည် ကိုဗစ်နိုင်တင်း မတိုင်မီကထက် ၁၃ ရာခိုင်နှုန်း နိမ့်ကျနေဆဲဖြစ်သည်” ဟု ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုသို့သော ခန့်မှန်းချက်များသည် ဒေသတွင်း အခြားနိုင်ငံများနှင့် ဆန့်ကျင်ဘက်ဖြစ်နေပြီး ထိုနိုင်ငံများတွင် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုသည် ၂၀၁၉ ခုနှစ် မတိုင်မီသို့ ပြန်လည်ရောက်ရှိပြီး ဖြစ်သည်။
“လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း မြန်မာ့စီးပွားရေး အလားအလာ ပျောက်ကွယ်သွားတယ်” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ မာရီယန် ရှားမင်းက ပြောသည်။ “မိသားစုတွေနဲ့ လုပ်ငန်းတွေဟာ မလုံခြုံမှုနဲ့ ပဋိပက္ခကြောင့် ဆက်လက် အကျပ်အတည်း ရောက်နေတယ်။ စီးပွားရေးလုပ်ငန်း ပတ်ဝန်းကျင်က အကြီးအကျယ် အကျပ်အတည်းဖြစ်နေပြီး ရင်းနှီးမြှုပ်နှံလိုစိတ် မရှိကြတော့ဘူး” ဟုလည်း သူက ဆက်ပြောပြီး “အရေးပါတဲ့ ကျန်းမာရေးနဲ့ ပညာရေးဝန်ဆောင်မှုတွေအတွက် ရန်ပုံငွေထောက်ပံ့မှု ကျဆင်းနေပြီး အများပြည်သူ ယုံကြည်မှု ကင်းမဲ့နေတယ်” ဟုလည်း ထောက်ပြသည်။
စစ်တပ်၏ အုပ်ချုပ်နိုင်စွမ်း မရှိခြင်းနှင့် စီးပွားရေးလုပ်ငန်းများအပေါ် ယုံကြည်မှုကင်းမဲ့ခြင်းကို ထိုအစီရင်ခံစာက ဖော်ပြနေသည်။ စစ်ကောင်စီက စက်မှုဇုန်များ၊ စွမ်းအင်နှင့် ကုန်ထုတ်လုပ်ရေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် ရုရှားကို အကူအညီတောင်းသော်လည်း အောင်မြင်ခြင်း မရှိသေးပေ။
စစ်တပ်၏ အုပ်ချုပ်နိုင်စွမ်း မရှိခြင်းနှင့် စီးပွားရေးလုပ်ငန်းများအပေါ် ယုံကြည်မှုကင်းမဲ့ခြင်းကို ထိုအစီရင်ခံစာက ဖော်ပြနေသည်။ စစ်ကောင်စီက စက်မှုဇုန်များ၊ စွမ်းအင်နှင့် ကုန်ထုတ်လုပ်ရေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် ရုရှားကို အကူအညီတောင်းသော်လည်း အောင်မြင်ခြင်း မရှိသေးပေ။
လက်ရှိစီးပွားရေး အကျပ်အတည်းများသည် ဒီမိုကရေစီလှုပ်ရှားမှုကြောင့် မဟုတ်ပေ။ ရွေးကောက်ပွဲ အနိုင်ရပြီး ဖြုတ်ချခံရသည့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က စစ်တပ်ပိုင် ကုန်အမှတ်တံဆိပ်များကို သပိတ်မှောက်ထားပြီး စစ်ကောင်စီကို ပစ်မှတ်ထားအရေးယူရန် တောင်းဆိုနေသော်လည်း ကျယ်ပြန့်သည့် စီးပွားရေး ပိတ်ဆို့မှုများကို တောင်းဆိုခြင်း မရှိပေ။
NUG အစိုးရ ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင်က အများအားဖြင့် အမျိုးသမီးများပါဝင်သည့် အထည်ချုပ် အလုပ်သမားများကို ကာကွယ်ရန် လိုအပ်ကြောင်းပြောဆိုပြီး ကုမ္ပဏီများအနေဖြင့် စစ်ကောင်စီကို အခွန်မဆောင်ရန် တောင်းဆိုကာ ဥရောပ သမဂ္ဂအနေဖြင့် မြန်မာကို လက်နက်မှလွဲပြီး အခြားအကူအညီများ မပိတ်ပင်ရန် တောင်းဆိုသည်။
တချိန်တည်းတွင် စစ်ကောင်စီသည် နိုင်ငံရေး အကျပ်အတည်းကြောင့် ဒုက္ခရောက်နေပြီးဖြစ်သည့် ပြည်တွင်းပြည်ပ ကုမ္ပဏီများကို အကြီးအကျယ် ထိခိုက်စေမည့် မူဝါဒများ ဆက်လက် ချမှတ်နေသည်။ နိုင်ငံခြားငွေလဲနှုန်းကို ထိန်းချုပ်ရန်အတွက် ဗဟိုဘဏ်က ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် နှုန်းရှင်ငွေလဲနှုန်းကို ပုံသေငွေလဲနှုန်းဖြင့် အစားထိုးလိုက်ပြီး ၁ ဒေါ်လာလျှင် ၁,၈၅၀ ကျပ်နှုန်း သတ်မှတ်လိုက်သလို နိုင်ငံခြားငွေများကို တရက်အတွင်း ကျပ်ငွေနှင့် လဲလှယ်ရမည်ဟု အမိန့်ထုတ်သည်။ ထို့ကြောင့် လွန်ခဲ့သောနှစ် စက်တင်ဘာလတွင် ၁ ဒေါ်လာလျှင် ၄,၂၀၀ ကျပ်အထိ စံချိန်တင် မြင့်တက်သွားပြီး ဈေးကွက်က တုံ့ပြန်သည်။
“နိုင်ငံခြားငွေ ကန့်သတ်ချက်များကြောင့် နိုင်ငံခြားငွေ မလုံလောက်မှုဖြစ်စေပြီး လွန်စွာခက်ခဲသည့် ကုန်သွယ်ရေးလိုင်စင် လိုအပ်ခြင်းကြောင့် သွင်းကုန်များ ဖြတ်တောက်ခံရကာ ငွေကြေးဖောင်းပွမှု ဖိအားပိုမိုဖြစ်စေသည်” ဟု ကမ္ဘာ့ဘဏ်က ပြောသည်။
နိုင်ငံခြားငွေများ အစိုးရထံရောင်းချရန် စည်းကမ်းချက်များကို မကြာသေးမီက လျှော့ချပေးသော်လည်း ပို့ကုန်သမား အများအပြားအပေါ် ကြီးမားသော အခွန်များ ဆက်လက် ချမှတ်ထားသည်။ ထိုအခြေအနေက မူဝါဒသည် စီးပွားရေး အကျပ်အတည်းကို မသက်သာစေဘဲ ပိုမိုဆိုးရွားစေကြောင်း ပြသသည့် ဥပမာဖြစ်သည်ဟုလည်း ကမ္ဘာ့ဘဏ်က ဖော်ပြသည်။
နိုင်ငံခြားငွေများ အစိုးရထံရောင်းချရန် စည်းကမ်းချက်များကို မကြာသေးမီက လျှော့ချပေးသော်လည်း ပို့ကုန်သမား အများအပြားအပေါ် ကြီးမားသော အခွန်များ ဆက်လက် ချမှတ်ထားသည်။ ထိုအခြေအနေက မူဝါဒသည် စီးပွားရေး အကျပ်အတည်းကို မသက်သာစေဘဲ ပိုမိုဆိုးရွားစေကြောင်း ပြသသည့် ဥပမာဖြစ်သည်ဟုလည်း ကမ္ဘာ့ဘဏ်က ဖော်ပြသည်။
စီးပွားရေးလုပ်ငန်း အများအပြားသည် သွင်းအားစုဈေးတက်ခြင်းနှင့် နိုင်ငံခြားငွေကို ဗဟိုဘဏ်သို့ ရောင်းချရခြင်းများအကြား နိုင်ငံခြားငွေရရှိရန်၊ ပြည်ပသို့ ငွေပေးချေရန်၊ သွင်းကုန်လိုင်စင်ရရန်၊ ပြည်တွင်းဝယ်လိုအား နည်းနေချိန်တွင် အမြတ်အစွန်းရရန် ဆက်လက် ရုန်းကန်နေရသည်ဟု ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုအခြေအနေများသည် အရေးယူပိတ်ဆို့မှု အန္တရာယ်များနှင့် အခြား ဝန်ထုတ်ဝန်ပိုးများကို ပေါင်းစပ်ပြီး မကြာသေးမီလများအတွင်း အသားအရေထိန်းသိမ်းသည့် အလှပြင်လုပ်ငန်း Beiersdorf ၊ ဆက်သွယ်ရေး လုပ်ငန်းကြီး Ooredoo ၊ ရေနံလုပ်ငန်း Puma Energy နှင့် ANZ bank အပါအဝင် နိုင်ငံခြား ကုမ္ပဏီများ ထွက်ခွာသွားစေသည်။
ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းသည် စီးပွားရေးကို ဆက်လက် ထိခိုက်စေပြီး ဘဝများနှင့် အသက်မွေးဝမ်းကြောင်းများကို ပျက်စီးစေသည်ဟု ကမ္ဘာ့ဘဏ်က သတိပေးသည်။
“အကြမ်းဖက်မှုများ ဖြစ်ပွားခြင်းနှင့် လမ်း ပိတ်ဆို့ စစ်ဆေးမှုများက ကုန်စည်ပို့ဆောင်မှုကို တားဆီးကာ လုံခြုံရေး ပြဿနာများကလည်း ကုန်သွယ်ရေးကို ထိခိုက်စေသည်” ဟု ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ မကြာခဏဖြစ်ပေါ်ခြင်း ပြန်လည်ပေါ်ပေါက်လာကြောင်း မှတ်ချက်ချပြီး ဇန်နဝါရီလမှ ဧပြီလအတွင်း ခြောက်သွေ့ရာသီတွင် ဓာတ်အားထုတ်လုပ်မှု ထပ်မံကျဆင်းမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။
သို့သော် စိုက်ပျိုးရေးကဏ္ဍသည် သွင်းအားစုဈေးနှုန်းများ မြင့်မားခြင်းရှိသော်လည်း တိုးတက်မှု ရှိနေကြောင်း ကမ္ဘာ့ဘဏ်က အကောင်းမြင်သည်။ တချိန်တည်းတွင် ဝယ်ယူမှုအညွန်းကိန်း (PMI) အရ ထုတ်လုပ်မှုနှင့် အမှာစာအသစ်များသည် ဇူလိုင်လနောက်ပိုင်းတွင် ကျဆင်းသွားကြောင်း ပြသနေသည်။
ဝင်ငွေတိုးတက်ခြင်းနှင့် အသုံးစရိတ် လျှော့ချခြင်းကြောင့် ဘဏ္ဍာရေး လိုငွေပြမှုသည် ၂၀၂၂ ခုနှစ်၊ မတ်လအထိ ၆ လအတွင်း လျော့နည်းလာသော်လည်း အများပြည်သူကြွေးမြီသည် ၂၀၁၉ ခုနှစ်ကထက် ၂၀ ရာခိုင်နှုန်းကျော် တက်လာပြီး စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) ၏ ၆၀ ရာခိုင်နှုန်း ရှိလာသည်။
ဝင်ငွေတိုးတက်ခြင်းနှင့် အသုံးစရိတ် လျှော့ချခြင်းကြောင့် ဘဏ္ဍာရေး လိုငွေပြမှုသည် ၂၀၂၂ ခုနှစ်၊ မတ်လအထိ ၆ လအတွင်း လျော့နည်းလာသော်လည်း အများပြည်သူကြွေးမြီသည် ၂၀၁၉ ခုနှစ်ကထက် ၂၀ ရာခိုင်နှုန်းကျော် တက်လာပြီး စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) ၏ ၆၀ ရာခိုင်နှုန်း ရှိလာသည်။
ဗဟိုဘဏ် ငွေကြေးထောက်ပံ့မှု အသုံးပြုခြင်း တိုးလာပြီး ငွေချေးစာချုပ်နှင့် ငွေတိုက်စာချုပ်များ ထုတ်ရောင်းခြင်းမှ လမ်းခွဲလိုက်သည်။ စစ်တပ်၏ အစီအစဉ်အရဆိုပါက အများပြည်သူအသုံးစရိတ် လိုအပ်ချက်များ၏ ၃ ပုံ ၂ ပုံကို ဗဟိုဘဏ်က ပံ့ပိုးရမည်ဟု မျှော်လင့်ရသည်။ ထိုသို့ လုပ်ခြင်းသည် ဗဟိုဘဏ်က အစိုးရဘဏ္ဍာရေး လိုအပ်ချက်များကို ဖြည့်ဆည်းရသော လျှော့ချသည့် ယခင်က အားထုတ်မှုများကို ဖျက်သိမ်းလိုက်ခြင်းဖြစ်ပြီး ငွေကြေးဖောင်းပွမှုနှင့် ငွေလဲနှုန်းဖိအားများကို ပိုမိုဖြစ်စေနိုင်သည်။
ထိုသို့သော ခန့်မှန်းချက်များ ရှိသော်လည်း ပကတိအခြေအနေတွင် စီးပွားရေးလုပ်ငန်းများသည် ဆက်လက်ရှင်သန်ရန် ရုန်းကန်နေရသည်။
“အာဏာသိမ်းကာလအလွန် စီးပွားရေးက ကျုံ့သွားပြီး မြန်မာစီးပွားရေး လုပ်ငန်းတွေ ရှင်သန်ဖို့ ရုန်းကန်နေရတယ်။ သူတို့မှာ ရွေးစရာမရှိဘူး” ဟု မြန်မာစီးပွားရေး သုတေသီတဦးက ပြောသည်။ “စစ်ကောင်စီရဲ့ မူဝါဒတွေက လုပ်ငန်းတွေကို အပြင်းအထန် ထိခိုက်စေတယ်။ နိုင်ငံခြား အရန်ငွေ ဘယ်လောက်ရှိတယ်ဆိုတာနဲ့ တရားဝင် ငွေလဲနှုန်း ထပ်တက် မတက် ဘယ်သူမှ မသိဘူး” ဟုလည်း ၎င်းကပြောသည်။
စီးပွားရေး ပြဿနာများကြောင့် စစ်ကောင်စီကို လူထုထောက်ခံမှု ပိုမိုကျဆင်းလာကြောင်း သူကပြောသည်။ “ရွေးကောက်ပွဲက မြောင်းထဲရောက်နေတယ်။ နိုင်ငံရေး အကျပ်အတည်းအပြင် ဓာတ်အားပြတ်တောက်တာတွေ၊ သွင်းကုန် ကန့်သတ်ချက်တွေ၊ လုပ်ထုံးလုပ်နည်း အပြောင်းအလဲတွေက လာမယ့်နှစ်တွေမှာ စီးပွားရေး ယုံကြည်မှုကို ဆက်လက် ထိခိုက်စေမှဖြစ်တယ်” ဟုလည်း သူကပြောသည်။
(Nikkei Asia မှ Thompson Chau နှင့် Dominic Oo တို့၏ Myanmar economy to grow 3%, but far less than 2020: World Bank ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
စစ်အာဏာသိမ်း ၂ နှစ်အတွင်း မြန်မာ့စီးပွားရေး ဇောက်ထိုးကျ
ပြည်သူကို မီးမှန်အောင်မပေးနိုင်ဘဲ လျှပ်စစ်ကားအားသွင်းရုံများ ဆောက်ရန်ပြင်နေ
ကုမ္ပဏီဘဏ်စာရင်း မဖွင့်သည့် လုပ်ငန်းရှင်များကို အရေးယူမည်ဟု စစ်ကောင်စီ ဖိအားပေး
စစ်တပ်ဘဏ်နှင့် ဆက်ဆံသော ပြည်ပဘဏ်ကြီးများ စုံစမ်းခံနေရ