ကိုမျိုးသည် မြန်မာမှ ဇာတိမြေသို့ ပြန်ရန် အစီအစဉ်မရှိတော့ပေ။
လွန်ခဲ့သော နှစ်နှစ်က စစ်အာဏာသိမ်းလိုက်သောအခါ နိုင်ငံသည် ဖရိုဖရဲဖြစ်သွားပြီး အနာဂတ်တွင် မရေရာမှုများဖြင့် ပြည့်နေသည်။
အပြင်းအထန်ဖြစ်နေသော ပြည်တွင်းစစ်၊ အတိုက်အခံများကို ဖိနှိပ်ခြင်းနှင့် စီးပွားရေး အကျပ်အတည်းတို့ကြောင့် အခြေအနေကောင်းလာလိမ့်မည်ဟု မျှော်လင့်ရန် ခက်ခဲလာသည်။ ရက်သတ္တပတ်များ၊ လများ ကုန်ဆုံးလာသောအခါ ဒီမိုကရေစီလမ်းကြောင်းသို့ ပြန်သွားရေးမှာ ဝေးကွာသော အိပ်မက်ဖြစ်သည်ဟု ခံစားလာရသည်။
အပြင်းအထန်ဖြစ်နေသော ပြည်တွင်းစစ်၊ အတိုက်အခံများကို ဖိနှိပ်ခြင်းနှင့် စီးပွားရေး အကျပ်အတည်းတို့ကြောင့် အခြေအနေကောင်းလာလိမ့်မည်ဟု မျှော်လင့်ရန် ခက်ခဲလာသည်။ ရက်သတ္တပတ်များ၊ လများ ကုန်ဆုံးလာသောအခါ ဒီမိုကရေစီလမ်းကြောင်းသို့ ပြန်သွားရေးမှာ ဝေးကွာသော အိပ်မက်ဖြစ်သည်ဟု ခံစားလာရသည်။
ဝမ်းနည်းစိတ်ပျက်နေသည့် အသက် ၃၇ နှစ်အရွယ် ကိုမျိုးသည် ဆက်သွယ်ရေးလုပ်ငန်း အလုပ်မှ နုတ်ထွက်လိုက်သည်။ လွန်ခဲ့သောနှစ် မတ်လတွင် ရန်ကုန်မှ မိသားစုကို နှုတ်ဆက်ပြီး ဘန်ကောက်သို့ ထွက်လာခဲ့သည်။
“ကျနော်က ဝင်ငွေပုံသေမရှိဘဲ အလွတ်သဘော အလုပ်ကို လုပ်ရတော့ နေ့စဉ် စိတ်ဖိစီးတာတောင် ဒီအလုပ်ကို ကျနော်သဘောကျတယ်” ဟု CNA သတင်းဌာနသို့ ၎င်းကပြောသည်။
ပြည်ပနိုင်ငံတခုတွင် ဘဝကို ရပ်တည်ရခြင်းသည် ကိုမျိုးအတွက် စိန်ခေါ်မှုများသည်။ သူသည် ထိုင်းစကား မပြောတတ်သလို့ ပုံမှန်ဝင်ငွေ သို့မဟုတ် အလုပ်လုပ်ခွင့်လည်း မရှိပေ။ ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ခွင့်ရမည့် အခွင့်အလမ်းကို ရှာဖွေရင်း အိမ်လခကို အချိန်မီ ပေးနိုင်မည်လားဟု အမြဲတမ်း စိတ်ပူနေရသည်။
သို့သော် စစ်အုပ်ချုပ်ရေးအောက်တွင် အနာဂတ်အလားအလာများ မှောင်မိုက်နေသည့် မြန်မာသို့ ပြန်ရမည်ထက် ထိုအလုပ်ကို သူပိုကြိုက်သည်။
မြန်မာပြည်သူအများအပြားတွင် ထိုသို့သော အမြင်များ ရှိကြသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းပြီးနောက် အတတ်ပညာရှင်များ ပြည်ပသို့ ရွှေ့ပြောင်းသွားသောကြောင့် မြန်မာသည် ဦးနှောက်ယိုစီးမှုကို ခံစားနေရသည့် လက္ခဏာများ ရှိနေသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းပြီးနောက် အတတ်ပညာရှင်များ ပြည်ပသို့ ရွှေ့ပြောင်းသွားသောကြောင့် မြန်မာသည် ဦးနှောက်ယိုစီးမှုကို ခံစားနေရသည့် လက္ခဏာများ ရှိနေသည်။
အလုပ်လက်မဲ့ တိုးတက်များပြားလာခြင်း၊ မြင့်တက်နေသည့် ကုန်ဈေးနှုန်းနှင့် ကျပ်ငွေတန်ဖိုး ခေါင်းစိုက်ကျဆင်းခြင်းတို့ကြောင့် လူအများအပြားသည် ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေလာရသည်။ ထိုသူများတွင် ကိုမျိုး၊ သူနှင့် ဝမ်းကွဲတော်စပ်သူများ၊ မိတ်ဆွေများနှင့် လုပ်ဖော်ကိုင်ဖက်များ ပါဝင်သည်။
“သူတို့က ရန်ကုန်မှာ ဆက်မနေချင်တော့ဘူး။ ရှိတာ အကုန်ထားခဲ့ပြီး ဒီကိုထွက်လာကြတယ်” ဟု သူက ပြောသည်။
“ကျနော်နဲ့ သိတဲ့သူအားလုံး ဒီမှာရှိနေတော့ ကိုယ့်နိုင်ငံမှာ ကိုယ်နေရသလို ခံစားရတယ်” ဟု ကိုမျိုးက ပြောသည်။
စင်ကာပူ၊ ထိုင်းနှင့် အာရပ်စော်ဘွားများနိုင်ငံ (UAE) တို့သည် ပြည်ပသို့ပြောင်းရွှေ့ရန် နည်းလမ်းရှာနိုင်သည့် မြန်မာမှ ကော်လာဖြူ ကျွမ်းကျင်ဝန်ထမ်းများအကြား ရေပန်းစားသည့် နေရာများဖြစ်သည်။
စင်ကာပူ၊ ထိုင်းနှင့် အာရပ်စော်ဘွားများနိုင်ငံ (UAE) တို့သည် ပြည်ပသို့ပြောင်းရွှေ့ရန် နည်းလမ်းရှာနိုင်သည့် မြန်မာမှ ကော်လာဖြူ ကျွမ်းကျင်ဝန်ထမ်းများအကြား ရေပန်းစားသည့် နေရာများဖြစ်သည်။
ဟိုတယ်လုပ်ငန်းများတွင် အလုပ်ရှာသူများသည် UAE သို့ အသွားများပြီး အင်ဂျင်နီယာများက စင်ကာပူကို ရွေးချယ်ကြောင်း ကိုမျိုးက ပြောသည်။ အသက်မွေးဝမ်းကြောင်း ရွေးစရာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မရှိသူများအတွက် ထိုင်းနိုင်ငံသည် ရွေးစရာဖြစ်သည်။
သို့သော် ပြည်ပတွင် အသက်မွေးဝမ်းကြောင်းရခြင်းသည် မလွယ်ကူပေ။ သူအပါအဝင် အဝေးရောက် မြန်မာများသည် ဘာသာစကား အခက်အခဲနှင့် ဗီဇာပြဿနာများကြောင့် အလုပ်အကိုင် အတည်တကျရရန် ခက်ခဲကြောင်း ကိုမျိုးက ပြောသည်။
ထိုင်းနိုင်ငံကို ရောက်ရှိပြီးနောက် ရေတိုအတွက် ပြဿနာကို ဖြေရှင်းနည်းမှာ ကျောင်းသားဗီဇာရရေးအတွက် ပညာရေးအဖွဲ့အစည်းများတွင် စာရင်းပေးသွင်းခြင်း ဖြစ်သည်။ ကျောင်းသား ဗီဇာရယူထားသူများကို အလုပ်လုပ်ခွင့် မပေးသော်လည်း အလုပ်အကိုင်ရှာခြင်း၊ စီးပွားရေး အခွင့်အလမ်းရှာခြင်းများ ပြုလုပ်ကြသည်။
ကျောင်းသား ဗီဇာရယူထားသူများကို အလုပ်လုပ်ခွင့် မပေးသော်လည်း အလုပ်အကိုင်ရှာခြင်း၊ စီးပွားရေး အခွင့်အလမ်းရှာခြင်းများ ပြုလုပ်ကြသည်။
ဥပမာအားဖြင့်ဆိုရပါက ကိုမျိုးသည် ထိုင်းဘာသာစကား သင်တန်းတက်ပြီး မြန်မာအခြေစိုက် ဖောက်သည်များအတွက် ကိုယ်စားလှယ်အဖြစ် အလွတ်သဘော လုပ်ကိုင်သည်။ “သူတို့တွေ ဘန်ကောက်က ဝန်ဆောင်မှုတခုခုလိုချင်ရင် ကျနော်က သူတို့ကိုယ်စား လုပ်ကိုင်ပေးတယ်။ သူတို့ကွန်ဒိုမီနီယံ တိုက်ခန်းဝယ်ချင်ရင် ကျနော်က သူတို့အတွက် ရှာပေးတယ်။ ကျနော်က သူတို့အတွက် သတင်းအချက်အလက် စုဆောင်းပေးနိုင်တယ်” ဟု သူကပြောသည်။
အလွတ်သဘော အလုပ်လုပ်ကိုင်ခြင်းသည် တည်ငြိမ်မှုမရှိသော်လည်း ကိုမျိုး၏ နေထိုင်မှု ကုန်ကျစရိတ်များ ရရှိစေသည်။ သူသည် အွန်လိုင်းတွင်သာ အလုပ်လုပ်ပြီး တလလျှင် ဘတ် ၅ သောင်း မှ ၇ သောင်းအထိ (အမေရိကန်ဒေါ်လာ ၁၅၂၀ မှ ၂၁၃၀ အထိ) ရနိုင်ပြီး ရန်ကုန်တွင် နေထိုင်စဉ်က တလလျှင် အမေရိကန်ဒေါ်လာ ၆၁၀ ခန့်သာရသည်။
“တခါတရံကျတော့လည်း ဝင်ငွေ တပြားမှ မရှိဘူး” ဟု သူက ဆက်ပြောသည်။
(CNA မှ Pichayada Promchertchoo ၏ ‘Don’t want to live in Yangon anymore’: Skilled workers leaving for jobs abroad 2 years after Myanmar coup ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
CI စာအုပ်ထုတ်သည့် လုပ်ငန်းစဉ်ရှုပ်ထွေး၍ ပွဲစားများဖြင့် လုပ်ဆောင်နေရ
တရားမဝင်လမ်းမှ ပြည်ပထွက်သူပိုများလာတော့မည်
ပတ်စ်ပို့သက်တမ်းတိုးခြင်း ရပ်ဆိုင်းမှု ထိုင်း ရောက် မြန်မာများ စိုးရိမ်နေ
MoU ဖြင့် လုပ်သားများ ခေါ်နေသော်လည်း ထိုင်းသို့ တရားမဝင်လာသူ များနေဆဲဟုဆို