စစ်အာဏာသိမ်းမှု ၂ နှစ်တာ ကာလအတွင်း မြန်မာ့စီးပွားရေးကဏ္ဍမှာ အသက်ငင်နေသည့် အခြေအနေ ဆိုက်ရောက်နေ ပြီး လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့လုပ်ငန်း ဆက်လက် ရှင်သန်ရပ်တည်နိုင်ရေး အကျပ်အတည်းများကြားက ရုန်းကန်နေကြရသည်။
မြန်မာ့စီးပွားရေးဝန်းကျင်တွင် ဆိတ်သုဉ်းပျောက်ကွယ်သွားသည့် အသိသာဆုံးသော ကဏ္ဍတခုမှာ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (SME) ၏ ဖွံ့ဖြိုးတိုးတက်ရေးပင် ဖြစ်သည်။ မြန်မာနိုင်ငံရှိ ပုဂ္ဂလိကလုပ်ငန်း စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းခန့်မှာ SME များ ဖြစ်သည်။
ထိုလုပ်ငန်းများထဲ ထုတ်လုပ်မှုလုပ်ငန်း၊ လုပ်အားအခြေပြု ထုတ်လုပ်မှုလုပ်ငန်း (CMP) အပါအဝင် လက်လီလက်ကား ရောင်းဝယ်ရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများနှင့် အခြားလုပ်ငန်းများ ပါဝင်သည်။
ယခု အာဏာသိမ်းမှု ၂ နှစ်ပြည့်ချိန်တွင် SME လုပ်ငန်းများအတွက် အဓိက ရင်ဆိုင်နေရသော ပြဿနာမှာ လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်ခြင်းနှင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း ကြီးမြင့်လာ၍ လုပ်ငန်းကုန်ကျစရိတ်များ ပိုမို မြင့်တက်လာခြင်းပင် ဖြစ်သည်။
ယခု အာဏာသိမ်းမှု ၂ နှစ်ပြည့်ချိန်တွင် SME လုပ်ငန်းများအတွက် အဓိက ရင်ဆိုင်နေရသော ပြဿနာမှာ လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်ခြင်းနှင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း ကြီးမြင့်လာ၍ လုပ်ငန်းကုန်ကျစရိတ်များ ပိုမို မြင့်တက်လာခြင်းပင် ဖြစ်သည်။
“အထုပ်ကြီးတထုပ်ကို ထမ်းထားပြီးတော့ လမ်းမှားနေတဲ့သူ၊ လမ်းပျောက်နေတဲ့ လူတယောက်လိုပဲ” ဟု စစ်အာဏာသိမ်း မှုအောက် စီးပွားရေး လုပ်ကိုင်နေရမှု အခြေအနေနှင့် ပတ်သက်ပြီး SME စီးပွားရေးလုပ်ငန်းရှင် ဦးဉာဏ် (အမည်လွှဲ) က ညည်းတွား ပြောဆိုသည်။
၎င်းပြောသည့် အထုပ်ကြီးတထုပ် ဆိုသည်မှာ ကုမ္ပဏီ၏ ဝန်ထမ်းများအား ဆက်ခန့်ထားနိုင်ရေးနှင့် လုပ်ငန်းလိုအပ်ချက် အရ ချေးယူထားသော ချေးငွေများကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။
အာဏာသိမ်း စစ်ကောင်စီ၏ ကန့်သတ်ထိန်းချုပ်မှုများနှင့် မရေရာမသေချာသော စီးပွားရေးဆိုင်ရာမူဝါဒများ၊ ညွှန်ကြား ချက်များကြောင့်လည်း လမ်းပျောက်နေရကြောင်း ဦးဉာဏ်က ဆိုသည်။
၎င်း၏ ကုမ္ပဏီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရွေးကောက်ခံ အရပ်သားအစိုးရလက်ထက်က မြန်မာ့အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းကဏ္ဍတွင် အ အောင်မြင်ဆုံး SME လုပ်ငန်းတခုအဖြစ် ရပ်တည်နိုင်ခဲ့ပြီး အရည်အသွေးမြှင့် စိုက်ပျိုးရေး ထုတ်ကုန်တခုကို ပြည်တွင်းပြည်ပသို့ ဖြန့်ဖြူးရောင်းချသည့်ကုမ္ပဏီ ဖြစ်သည်။
ဦးဉာဏ်က “အခုက အလုပ်ကို ဖြစ်အောင် လုပ်နေရတယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ကို မှီခိုနေရတဲ့ ဝန်ထမ်းတွေ ရှိမယ်။ နောက် ကျနော်တို့ကို ပစ္စည်းတွေ လာသွင်းနေတဲ့ တောင်သူတွေ ရှိနေတဲ့အတွက် အလုပ်ကို ဆက်လုပ်နေရတာ” ဟု လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး ရှင်းပြသည်။
ဦးဉာဏ်ကဲ့သို့ပင် တခြားသော SME လုပ်ငန်းရှင်များမှာလည်း စစ်အာဏာသိမ်းမှု၏ အကျိုးဆက် ဖြစ်ပေါ်လာသော အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း ကြီးမြင့်မှု၊ ဝယ်လိုအားကျဆင်းပြီး ဈေးကွက်မတည်ငြိမ်ခြင်းနှင့် လျှပ်စစ်မီး မမှန်ခြင်းတို့ကြောင့် လုပ်ငန်းများ ဆက်လက် ရပ်တည်နိုင်ရေးကို မနည်းကြိုးပမ်းနေကြရသည်။
တခြားသော SME လုပ်ငန်းရှင်များမှာလည်း စစ်အာဏာသိမ်းမှု၏ အကျိုးဆက် ဖြစ်ပေါ်လာသော အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း ကြီးမြင့်မှု၊ ဝယ်လိုအားကျဆင်းပြီး ဈေးကွက်မတည်ငြိမ်ခြင်းနှင့် လျှပ်စစ်မီး မမှန်ခြင်းတို့ကြောင့် လုပ်ငန်းများ ဆက်လက် ရပ်တည်နိုင်ရေးကို မနည်းကြိုးပမ်းနေကြရသည်။
မန္တလေးရှိ SME လုပ်ငန်းရှင်တဦးကလည်း “စက်မှုလုပ်ငန်းတွေအတွက် ကုန်ကြမ်းပစ္စည်း ဝယ်ယူတာမှာ ဈေးနှုန်း အဆမတန် ကြီးမြင့်လာတယ်။ မီးပျက်ချိန် များလာတာကလည်း ကုန်ထုတ်လုပ်မှုမှာ သိသိသာသာ ထိခိုက်စေတယ်” ဟု ပြောသည်။
နိုင်ငံရေး မတည်ငြိမ်မှုများနှင့် စီးပွားရေး ကျဆင်းမှုတို့ကြောင့် SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော နည်းပညာအကူအညီနှင့် ချေးငွေရရှိနိုင်မှု အကူအညီများမှာလည်း ရပ်တန့်သွားကြောင်း ၎င်းက ဆိုသည်။ ထို့ပြင် ကိုဗစ် ချေးငွေကို စစ်ကောင်စီက ပြန်ဆပ်ခိုင်းနေသဖြင့် လုပ်ငန်းအများစုမှာ ပြန်ဆပ်ရန် အခက်အခဲ ဖြစ်နေကြကြောင်းလည်း သိရသည်။
ကမ္ဘာ့ဘဏ်၏ ၂၀၂၂ စက်တင်ဘာလ စစ်တမ်းအရ လယ်ယာစိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် လက်လီ လက်ကား ကဏ္ဍများတွင် လယ်ယာကဏ္ဍ၏ လုပ်ငန်းလည်ပတ်နိုင်မှုသည် အခြားကဏ္ဍများနှင့် နှိုင်းယှဉ်ပါက အနိမ့်ဆုံး ကဏ္ဍ ဖြစ်နေရာ ၅၃ ရာခိုင်နှုန်းသာ လုပ်ငန်းလည်ပတ်နိုင်ပြီး ၂၀ ရာခိုင်နှုန်းမှာ ကုန်ကျစရိတ် မြင့်တက်ခြင်းနှင့် ပဋိပက္ခများ တိုးမြင့်လာခြင်းတို့ကြောင့် ယာယီ ရပ်ဆိုင်းထားရသည်။
ထို့ပြင် လုပ်ငန်းအများစုမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်း၊ ကျပ်ငွေတန်ဖိုး မတည်ငြိမ်ခြင်း၊ ဝယ်လိုအား ကျဆင်း ခြင်းနှင့် ထောက်ပံ့ပို့ဆောင်ရေးများ အကန့်အသတ် ရှိလာခြင်းတို့က အဓိက စိန်ခေါ်မှုများအဖြစ် ကြုံတွေ့နေရပြီး အမေရိကန်ဒေါ်လာနှင့် ကျပ်ငွေ လဲလှယ်ရာတွင် ငွေတန်ဖိုး ကျဆင်းနေသည့်အတွက် လုပ်ငန်းလုပ်ကိုင်ရာ၌ အနုတ်လက္ခဏာ ဆောင်သည့် သက်ရောက်မှုများနှင့် ရင်ဆိုင်နေရသော လုပ်ငန်းပေါင်း ၄၈ ရာခိုင်နှုန်းအထိ ရှိနေကြောင်း သိရသည်။
သီလဝါအထူးစီးပွားရေးဇုန်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၀၀ ကျော်အနက် တချို့ လုပ်ငန်းများ ရပ်ဆိုင်းထားရသလို ထက်ဝက်ကျော်မှာလည်း ကုန်ကြမ်းရရှိမှု အခက်အခဲ နှင့် လုပ်ငန်းလည်ပတ်ငွေ ပုံမှန်မဖြစ်သေးခြင်းတို့ကြောင့် ၎င်းတို့၏ လုပ်ငန်းလည်ပတ်နိုင်စွမ်းထက် လျှော့ချလုပ်ကိုင်နေရ သည့် အခြေအနေ ဖြစ်နေသည်။
ထိုသို့ SME လုပ်ငန်းများဘက်တွင် ရုန်းကန်နေကြရသလို စီးပွားရေးလုပ်ငန်းကြီးများဘက်တွင်လည်း သိပ်မထူးခြားလှပါ။
စစ်ကောင်စီ၏ နိုင်ငံခြားအရန်ငွေ ခမ်းခြောက်မှုကို ကုစားရန် ပို့ကုန်သွင်းကုန်လိုင်စင် ကန့်သတ်ချက်များကြောင့် စီးပွားရေး လုပ်ငန်းများအတွက် ကုန်ကြမ်းရရှိမှု အခက်အခဲနှင့် ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ အပြည့်အဝလဲလှယ်ခွင့် မရှိခြင်းအပြင် လက်ရှိအချိန်အထိ ဘဏ်လုပ်ငန်း အကျပ်အတည်းများ ရှိနေဆဲပင် ဖြစ်သည်။
လတ်တလောတွင် စစ်ကောင်စီဗဟိုဘဏ်က အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းကို ၁ ဒေါ်လာလျှင် ကျပ် ၂၁၀၀ သတ်မှတ် ထားသော်လည်း ပြင်ပဈေးကွက်အတွင်း၌ ၁ ဒေါ်လာကို ကျပ် ၂၉၀၀ မှ ကျပ် ၃၀၀၀ ဝန်းကျင်ထိ ပေါက်ဈေး ရှိနေသည်။
အဆိုပါ ကန့်သတ်ချက်များထဲမှ တချို့ကို ကင်းလွတ်ခွင့် ရရှိထားသော သီလဝါအထူးစီးပွားရေးဇုန်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၀၀ ကျော်အနက် တချို့ လုပ်ငန်းများ ရပ်ဆိုင်းထားရသလို ထက်ဝက်ကျော်မှာလည်း ကုန်ကြမ်းရရှိမှု အခက်အခဲ နှင့် လုပ်ငန်းလည်ပတ်ငွေ ပုံမှန်မဖြစ်သေးခြင်းတို့ကြောင့် ၎င်းတို့၏ လုပ်ငန်းလည်ပတ်နိုင်စွမ်းထက် လျှော့ချလုပ်ကိုင်နေရ သည့် အခြေအနေ ဖြစ်နေသည်။
ထိုအခက်အခဲများကြောင့် လုပ်ငန်းများ ယာယီရပ်ဆိုင်းထားသော ကုမ္ပဏီများထဲ ဂျပန်ကားကုမ္ပဏီ ဆူဇူကီးနှင့် ခေါက်ဆွဲ ခြောက် ထုတ်လုပ်သော Acecook ကုမ္ပဏီလည်း ပါဝင်သည်။ Acecook ဆိုလျှင် ပြီးခဲ့သည့် ၂၀၂၁ ဇွန်လကတည်းက လုပ်ငန်း ရပ်ဆိုင်းထားခဲ့ခြင်း ဖြစ်ပြီး ယခုအချိန်ထိ ပြန်လည်၍ လုပ်ငန်းစတင်နိုင်ခြင်း မရှိသေးပေ။
အထက်ပါ ဖော်ပြခဲ့သော စစ်ကောင်စီ၏ သွင်းကုန်ပို့ကုန် လိုင်စင်ကန့်သတ်မှုများ အပါအဝင် လျှပ်စစ်မီး၊ ဒေါ်လာငွေ လဲလှယ်မှုနှုန်း၊ ဈေးကွက် အခက်အခဲများကို ကြုံတွေ့နေရကြောင်း ဇန်နဝါရီလကုန်ပိုင်းတွင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) သို့ ထိုင်းနှင့် ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်အသင်းအဖွဲ့များက လာရောက် တင်ပြခဲ့သေးသည်။
မြန်မာ့စီးပွားရေးသည် ၂၀၂၁ တွင် ၁၈ ရာခိုင်နှုန်း ကျုံ့သွားပြီးနောက် ပြီးခဲ့သည့် ၂၀၂၂ တွင် ၃ ရာခိုင်နှုန်း ပြန်တိုးတက် လာသော်လည်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) မှာ ကိုဗစ်-၁၉ မတိုင်မီကထက် ၁၃ ရာခိုင်နှုန်း နိမ့်ကျနေဆဲ ဖြစ် ကြောင်း ကမ္ဘာ့ဘဏ်၏ ဇန်နဝါရီ ၃၀ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
မကြာသေးမီလများအတွင်း စီးပွားရေး မတည်ငြိမ်မှုမျာသည် သိသိသာသာ ဖြစ်ခဲ့ပြီး ရှေ့အနာဂတ်တွင် အန္တရာယ်များနှင့် မရေရာမှုများ ဆက်လက် ဖြစ်ပေါ်နေဦးမည် ဖြစ်ကြောင်းလည်း ကမ္ဘာ့ဘဏ်က ဆိုထားသည်။
၂၀၂၁-၂၂ မီနီဘတ်ဂျက်မှ ၂၀၂၂ နှစ်ကုန်ပိုင်းအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ကျော် ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသော်လည်း အမှန်တကယ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ထိုကိန်းဂဏန်းများထက် နည်းနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်တချို့က သုံးသပ်သည်။
ငွေလဲလှယ်မှုနှုန်း ကျဆင်းခြင်းနှင့် သယ်ယူပို့ဆောင်ရေး အကန့်အသတ်ကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်ပြီး ဇူလိုင်လထိ ကာလအတွင်း ငွေကြေးဖောင်းပွမှု ၂၀ ရာခိုင်နှုန်းအထိပင် ရှိခဲ့ကြောင်း၊ ဆောက်လုပ်ရေး ကုန်ကျစရိတ် မြင့်မားနေခြင်း အပြင် လျှပ်စစ်ဓာတ်အား အကြီးအကျယ် ပြတ်တောက်ခြင်းနှင့် စစ်ကောင်စီ၏ လုပ်ထုံးလုပ်နည်း ကန့်သတ်ချက်များ ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်လျက် ရှိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
စစ်အာဏာသိမ်းမှု ၂ နှစ်ကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ် ဝင်ရောက်မှုများ လွန်စာနည်းပါးလျက်ရှိသည်။
၂၀၂၁-၂၂ မီနီဘတ်ဂျက်မှ ၂၀၂၂ နှစ်ကုန်ပိုင်းအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ကျော် ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသော်လည်း အမှန်တကယ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ထိုကိန်းဂဏန်းများထက် နည်းနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်တချို့က သုံးသပ်သည်။
ကုန်သွယ်ရေးဘက်တွင် ကြည့်ပါကလည်း ကိုဗစ်-၁၉ ကန့်သတ်ချက်များနှင့် ပြည်တွင်းသယ်ယူပို့ဆောင်ရေး အခက်အခဲ များကြောင့် အာဏာသိမ်းမှု ၂ နှစ်တာကာလအတွင်း ကုန်သွယ်မှုပမာဏ (နယ်စပ်နှင့် ပင်လယ်ရေကြောင်း) မှာ အမေရိကန်ဒေါ်လာ ၃၈ ဘီလီယံကျော်သာ ရှိခဲ့သည်။
ထိုပမာဏသည် ကိုဗစ်ကာလ ဖြစ်သော ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၁ နှစ်စာ၏ ကုန်သွယ်မှုပမာဏနီးပါးသာ ရှိနေသည်။
ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ မာရီယန်ရှားမင်းက “လွန်ခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာ့စီးပွားရေး အလားအလာ က ပျောက်ကွယ်သွားတယ်” ဟု မှတ်ချက်ပြုသကဲ့သို့ SME လုပ်ငန်းရှင် ဦးဉာဏ်ကလည်း “အခုက အရင်တုန်းကလို စီးပွားရေး အခြေအနေ ပြန်ရောက်ဖို့ကို ကျနော်တို့ ခန့်မှန်းပြီးတောင် မပြောနိုင်တော့ဘူး” ဟု ဆိုသည်။
တကျော့ပြန် ခရိုနီဝါဒ
စစ်အာဏာသိမ်းမှုကာလအတွင်း မြန်မာ့စီးပွားရေးကဏ္ဍတွင် အဘက်ဘက်မှ အနုတ်လက္ခဏာများ ပြနေသော်လည်း ဒီမိုကရေစီ အရပ်သားအစိုးရ လက်ထက်က ငုပ်လျှိုးနေသော ခရိုနီဝါဒသည် တကျော့ပြန် ခေါင်းထောင်လာနေသည်။ ယခင် စစ်ဗိုလ်ချုပ်များနှင့်ပေါင်းပြီး စီးပွားရှာခဲ့သော ခရိုနီအဟောင်းများအပြင် ခရိုနီ လက်သစ်ပေါင်းများစွာလည်း ပေါ်ထွက်လာနေသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အရပ်သားအစိုးရ လက်ထက်၌ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ အားလုံးသည် အစိုးရတင်ဒါများနှင့် စီမံကိန်းလုပ်ကိုင်ခွင့်များ လျှောက်ထားမှုကို မျှတစွာ ယှဉ်ပြိုင်နိုင်ခွင့် ရှိသော်လည်း ယခုအခါ ယင်း အခြေအနေများ မရှိတော့ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုသည်။
ဥပမာဆိုရလျှင် ပြည်ပမှ စက်သုံးဆီ တင်သွင်းရန်အတွက် လိုအပ်သောဒေါ်လာကို ဗဟိုဘဏ်က စက်သုံးဆီကုမ္ပဏီများသို့ ထုတ်ရောင်းပေးရာ၌ပင် စစ်ကောင်စီနှင့် နီးစပ်သော ကုမ္ပဏီများကသာ ခွဲတမ်းများများ ရရှိကြပြီး အခြားကုမ္ပဏီများကမူ ဒေါ်လာကို ပြင်ပဈေးကွက်မှသာ ဝယ်ယူနေကြရကြောင်း စက်သုံးဆီတင်သွင်းရောင်းချသော ကုမ္ပဏီတချို့က ဧရာဝတီကို ပြောသည်။
လက်ရှိအချိန်တွင် စစ်ခေါင်းဆောင်မိသားစုပိုင် ကုမ္ပဏီများနှင့် စစ်ကောင်စီနှင့်နီးစပ်သော ခရိုနီကုမ္ပဏီများသည် လုပ်ငန်း လုပ်ပိုင်ခွင့် မည်မျှရရှိထားသည်ကို အတိအကျသိနိုင်ရန် ခက်ခဲသော်လည်း စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှ လုပ်ငန်းများ ရပ်ဆိုင်းပြီး ပြန်လည် ထွက်ခွာသွားသော နိုင်ငံခြားကုမ္ပဏီများကို စစ်ကောင်စီနှင့်နီးစပ်သည့် ကုမ္ပဏီများကသာ ဝယ်ယူခွင့် ရရှိထားသည်။
ထိုအထဲတွင် နော်ဝေးတယ်လီနောဆက်သွယ်ရေးကုမ္ပဏီ (ယခု ATOM) ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် မိသားစုနှင့် ရင်းနှီးသော စက်သုံးဆီလုပ်ငန်းရှင် ဦးသိန်းဝင်းဇော်ပိုင် ရွှေဗျိုင်းဖြူကုမ္ပဏီက ဝယ်ယူခွင့်ရရှိခဲ့ပြီး စစ်ခေါင်း ဆောင်သမီး ဖြစ်သူ ဒေါ်ခင်သိရီသက်မွန်ကလည်း ရှယ်ယာ ထည့်ဝင်ထားသေးသည်။
လက်ရှိအချိန်တွင် စစ်ခေါင်းဆောင်မိသားစုပိုင် ကုမ္ပဏီများနှင့် စစ်ကောင်စီနှင့်နီးစပ်သော ခရိုနီကုမ္ပဏီများသည် လုပ်ငန်း လုပ်ပိုင်ခွင့် မည်မျှရရှိထားသည်ကို အတိအကျသိနိုင်ရန် ခက်ခဲသော်လည်း စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှ လုပ်ငန်းများ ရပ်ဆိုင်းပြီး ပြန်လည် ထွက်ခွာသွားသော နိုင်ငံခြားကုမ္ပဏီများကို စစ်ကောင်စီနှင့်နီးစပ်သည့် ကုမ္ပဏီများကသာ ဝယ်ယူခွင့် ရရှိထားသည်။
ထို့အတူ ကာတာအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ အူရီဒူးကိုလည်း ယခင် စစ်အာဏာရှင် ဦးသန်းရွှေ လက်ထက်က တည်းက စစ်ဗိုလ်ချုပ်ဟောင်းများနှင့် လက်ရှိ စစ်ဗိုလ်ချုပ်များနှင့် ဆက်ဆံရေး ကောင်းမွန်သော ဧရာင်္ဟသာလုပ်ငန်းစု ပိုင်ရှင် ဦးဇော်ဝင်းရှိန်က ဝယ်ယူခွင့် ရရှိခဲ့သည်။
၎င်း တည်ထောင်ထားသော A Bank သည်လည်း စစ်အာဏာသိမ်းပြီးနောက် မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍတွင် ရှေ့တန်းရောက်လာသော ဘဏ်တခု ဖြစ်လာခဲ့သည်။
ထို့ပြင် ရှမ်းပြည်နယ် ဘော်တွင်းသတ္တုတွင်းစီမံကိန်းမှ ပြန်လည် ထွက်ခွာသွားသော ဩစတြေးလျကုမ္ပဏီ Myanmar Metal ၏ ရှယ်ယာများကို ခရိုနီ ဦးအောင်အောင်ဇော် ပိုင်ဆိုင်သော 24 Hour ကုမ္ပဏီအုပ်စုက ဝယ်ယူခွင့် ရရှိခဲ့သည်။
ဦးအောင်အောင်ဇော်သည် မြန်မာနိုင်ငံ၏ ဩဇာကြီးမားသော ခရိုနီ ဦးအောင်ကိုဝင်းပိုင် (KBZ) ကုမ္ပဏီများနှင့် လုပ်ငန်း များကို လက်လွှဲလုပ်ပိုင်ခွင့်ရှိသော စီးပွားရေးလုပ်ငန်းရှင်အနည်းငယ်ထဲမှ တဦးပင် ဖြစ်သည်။ သူ၏ 24 Hour ကုမ္ပဏီသည် မြန်မာ့လေကြောင်းကဏ္ဍရှိ Air KBZ နှင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) များကို ကမ္ဘောဇလုပ်ငန်းစု (KBZ) ထံမှ ဝယ်ယူခွင့် ရရှိထားခဲ့သည်။
၎င်းတို့အပြင် စစ်ခေါင်းဆောင်၏ သားဖြစ်သူ စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံအတွက် ရှေ့ ထွက်ကာ စီးပွားရေး လုပ် ကိုင်ပေးကြရသော Amazing Hotels & Resorts အုပ်စုပိုင်ရှင် ဦးအောင်မျိုးမင်းဒင်နှင့် Sky One ဆောက်လုပ်ရေးကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးမောင်မောင်နိုင်တို့သည်လည်း အာဏာသိမ်းပြီးနောက် ရှေ့ထွက်လုပ်ကိုင်မှု ပိုများလာခဲ့သည်။
ဦးမောင်မောင်နိုင်၏ Yetagon Energy ကုမ္ပဏီဆိုလျှင် ပြည်တွင်း၌ ဖြစ်ပေါ်နေသော စက်သုံးဆီ အကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် စစ်ကောင်စီက ဖွဲ့စည်းလိုက်သော ရုရှားနိုင်ငံမှ စက်သုံးဆီ ဝယ်ယူသိုလှောင်ဖြန့်ဖြူးရေး ဦးဆောင် ကော်မတီ၌ပင် ပါဝင်ခွင့် ရရှိခဲ့သည်။ ထိုကုမ္ပဏီသည် စက်သုံးဆီလုပ်ငန်း အတွေ့အကြုံ မရှိသလို အာဏာသိမ်းပြီးနောက်မှ ထူထောင်ထားသော ကုမ္ပဏီလည်း ဖြစ်သည်။
လက်ရှိ အာဏာသိမ်း စစ်ကောင်စီလက်ထက်၌ ခေတ်ဟောင်းခရိုနီများထဲ ဩဇာအကြီးဆုံး ဖြစ်လာသူမှာ ကမ္ဘောဇအုပ်စု (KBZ) ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း ဖြစ်ပြီး ၎င်းနှင့် ဆွေမျိုးတော်စပ်သူတဦးကိုပင် စစ်ကောင်စီ၏ ဗဟိုဘဏ်၌ ထိပ်ပိုင်းရာထူး ပေးကာ ခန့်အပ်ထားရသည်။
ထို့ပြင် မြန်မာစစ်ဗိုလ်ချုပ်များနှင့် ခရိုနီတို့သည် မူးယစ်ဆေးဝါးနှင့် တရားမဝင် ငွေကြေးခဝါချမှုများ၌ ပါဝင်ပတ်သက် နေနိုင်သည် ဆိုသော သံသယကို ပိုမိုခိုင်မာစေသည့် သက်သေပြချက်တခုကိုလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်ထက်တွင် ဖော်ထုတ်ခံခဲ့ရသည်။
ထို့ပြင် မြန်မာစစ်ဗိုလ်ချုပ်များနှင့် ခရိုနီတို့သည် မူးယစ်ဆေးဝါးနှင့် တရားမဝင် ငွေကြေးခဝါချမှုများ၌ ပါဝင်ပတ်သက် နေနိုင်သည် ဆိုသော သံသယကို ပိုမိုခိုင်မာစေသည့် သက်သေပြချက်တခု စစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်ထက်တွင် ဖော်ထုတ်ခံခဲ့ရသည်။
ယင်းသက်သေမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ ပြည်တွင်းပြည်ပ ခရီးစဉ်များ၌ အနီးကပ် လိုက်ပါခွင့်ရသော Star Sapphire Group လုပ်ငန်းစုပိုင်ရှင် ဦးထွန်းမင်းလတ်ကို ထိုင်းရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှု၊ ငွေကြေး ခဝါချမှုနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဖြင့် ဖမ်းဆီး တရားစွဲဆိုထားစဉ် ၎င်းထံမှ သိမ်းဆည်းရမိသော ပိုင်ဆိုင်မှုတချို့သည် စစ်ခေါင်းဆောင်၏ သားနှင့်သမီး အမည်ပေါက် ပိုင်ဆိုင်မှုများ ပါဝင်နေခြင်းပင်။
You may also like these stories:
စီးပွားရေးအကျပ်အတည်းအောက် ရင်မောနေရတဲ့ ပြည်သူများ
ဖွံ့ဖြိုးမှု ၃ ရာခိုင်နှုန်း တိုးနိုင်သော်လည်း မြန်မာ့စီးပွားရေး ပျက်ယွင်းဆဲ
Air KBZ နှင့် MAI လေကြောင်းလိုင်းပိုင်ရှင် ခရိုနီ ဦးအောင်အောင်ဇော်
စစ်ခေါင်းဆောင်၏သား ဆိုလာစီမံကိန်းတည်ဆောက်ရန် ဖခင်ထံ ခွင့်ပြုချက်တောင်း