အကျပ်အတည်းပေါင်းစုံ ဆိုက်နေသော စစ်ကောင်စီသည် အရေးပေါ်ကာလ ၂ နှစ် ပြည့်သော်လည်း ရွေးကောက်ပွဲ ပြုလုပ်ရန် အခြေအနေ မရှိပေ။
တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်ပြီဟု ဝါဒဖြန့် ပြောဆိုနေသော်လည်း လက်တွေ့တွင် ထိန်းချုပ်နိုင်ခြင်းမရှိပေရာ တိုင်းပြည်အခြေအနေသည် သာမန်အခြေအနေ မဟုတ်ဟု ဝန်ခံလိုက်ရသည်။
သို့နှင့် ပုဒ်မ ၄၂၅ ၏ ဟာကွက်ကိုယူ၍ အတိုင်းအဆမရှိ သက်တမ်းတိုးရန် ခြေလှမ်းစလိုက်သည်။
စစ်ကောင်စီအတွက် ရွေးကောက်ပွဲ ပြုလုပ်ပြီး ရွေးကောက်ပွဲက တက်လာသည့် အရပ်သား အစိုးရ ပုံစံ အသွင်ပြောင်းခြင်းသည် သူ့အတွက် နိုင်ငံရေးထွက်ပေါက်ဟု ယူဆထားသော်လည်း လက်တွေ့တွင် ပြည်တွင်း ခုခံပုန်ကန်သူများ၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြသူများနှင့် ရင်ဆိုင်နေရသည့်အပြင် ရွေးကောက်ပွဲကို နိုင်ငံတကာ အသိမှတ်ပြုနိုင်ခြေ မရှိခြင်း တို့ကို ကြုံတွေ့နေရ၏။
စစ်ကောင်စီအတွက် ရွေးကောက်ပွဲ ပြုလုပ်ပြီး ရွေးကောက်ပွဲက တက်လာသည့် အရပ်သား အစိုးရ ပုံစံ အသွင်ပြောင်းခြင်းသည် သူ့အတွက် နိုင်ငံရေးထွက်ပေါက်ဟု ယူဆထားသော်လည်း လက်တွေ့တွင် ပြည်တွင်း ခုခံပုန်ကန်သူများ၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြသူများနှင့် ရင်ဆိုင်နေရသည့်အပြင် ရွေးကောက်ပွဲကို နိုင်ငံတကာ အသိမှတ်ပြုနိုင်ခြေ မရှိခြင်း တို့ကို ကြုံတွေ့နေရ၏။
လက်တွေ့တွင်လည်း ပထမအချက်အရ ရွေးကောက်ပွဲဝင်မည့် အမတ်များကိုယ်တိုင် မဲဆင်းဆွယ်ရန် နယ်မြေလုံခြုံမှု မရှိပေ။ သူ၏ ကြံ့ဖွံ့အမတ်များသည်ပင် မဲဆွယ်ဆင်းဝံ့သည့် အခြေအနေ မရှိပေ။
ဒုတိယအနေနှင့် ရွေးကောက်ပွဲတွင် အရေးပါသည်က ပညာရေးဝန်ထမ်းများဖြစ်သည်။ မြန်မာပြည်တွင် မြို့ကြီးပြကြီးမှသည် ကျေးလက်အထိရောက်သည့် ပညာတတ်ဝန်ထမ်းမှာ ပညာရေးဝန်ထမ်းများသာ ရှိသည်။
ထို့ကြောင့်လည်း သန်းခေါင်စာရင်း ကောက်သည်ဖြစ်စေ၊ ရွေးကောက်ပွဲပြုလုပ်သည်ဖြစ်စေ ပညာရေးဝန်ထမ်းများကို အခြေပြု ဆောင်ရွက်ကြရသည်။
ယခုအချိန်တွင် ပညာရေး ဝန်ထမ်းများမှာလည်း CDM ပြုလုပ်ကြ၍ အင်အားနည်းနေရာ ရွေးကောက်ပွဲ ပြုလုပ်ပါက မဲရုံ၊ မဲစာရင်းများ ဆောင်ရွက်ရန် အင်စတီကျူးရှင်း အားပျော့နေသည်။ ထိုကြောင့် စစ်ကောင်စီက အကြားအလပ်မရှိ ရွေးကောက်ပွဲပြုလုပ်ရန် အခြေအနေမရှိပေ။
သို့သော် စစ်ကောင်စီသည် ရွေးကောက်ပွဲမှ တက်လာသည့် အရပ်သားအစိုးရ ပုံစံပြောင်းခြင်းသည် သူ၏ ထွက်ပေါက်ဟု ယူဆထားပေရာ ရွေးကောက်ပွဲ မပြုလုပ်နိုင်သေးသော်လည်း ဤအတွက်လိုအပ်သော ခြေလှမ်းများ ပြင်ဆင်ခြင်းကို အလေးထားဆောင်ရွက်သည့် ခြေလှမ်းများကို ဆောင်ရွက်လာသည်။
သို့သော် စစ်ကောင်စီသည် ရွေးကောက်ပွဲမှ တက်လာသည့် အရပ်သားအစိုးရ ပုံစံပြောင်းခြင်းသည် သူ၏ ထွက်ပေါက်ဟု ယူဆထားပေရာ ရွေးကောက်ပွဲ မပြုလုပ်နိုင်သေးသော်လည်း ဤအတွက်လိုအပ်သော ခြေလှမ်းများ ပြင်ဆင်ခြင်းကို အလေးထားဆောင်ရွက်သည့် ခြေလှမ်းများကို ဆောင်ရွက်လာသည်။
လာမည့် ၆ လ သက်တမ်းအတွင်း စစ်ကောင်စီ၏ နိုင်ငံရေး ခြေလှမ်းများကို အောက်ပါအတိုင်း တွေ့ရလိမ့်မည်။
စစ်ကောင်စီသည် ရွေးကောက်ပွဲစနစ်အား ပီအာစနစ်သို့ ပြောင်းလဲခြင်း၊ အသင်းအပင်း ဖွဲ့စည်းခွင့်များအား ချုပ်ကိုင်ခြင်း၊ နိုင်ငံရေးပါတီများအား နိုင်ငံခြားအဖွဲ့အစည်းများနှင့်တွေ့ဆုံခြင်းတို့အား ကြပ်မတ်မှုပြုလုပ်လာသည့်အပြင် စစ်တပ်နှင့် သူ ၏ လက်ဝေခံ ကြံ့ဖွံ့ပါတီ ရာသက်ပန်အုပ်ချုပ်နိုင်ရမည်ဟု ရည်ရွယ်ပြီး နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေကို ပြဌာန်းလိုက်ကာ နိုင်ငံရေး ခြေလှမ်းသစ် စလိုက်သည်။
နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေသစ်သည် အစိုးရဖွဲ့နိုင်သည့် တပြည်လုံး အတိုင်းအတာဆောင်သည့် “ပြည်ထောင်စု ပါတီ”အဖြစ် စစ်တပ်လက်ဝေခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တပါတီတည်း ကြီးစိုးစေရန် ဥပဒေအရ အခိုင်အမာ ပြဌာန်းလိုက်သည်။
တချိန်တည်းတွင် ပြည်နယ်များ၌ အားကောင်းသော တိုင်းရင်းသားနိုင်ငံရေးပါတီများကို ထိန်းချုပ်နိုင်ရန် စစ်တပ်လက်ဝေခံ ပါတီငယ်များကို မွေးထုတ်ရေး ရည်ရွယ်သည်ကို တွေ့ရ၏။ ပီအာ ရွေးကောက်ပွဲစနစ်သည်ပင်လျင် ကြံ့ဖွံ့နှင့် စစ်တပ်အာဏာချုပ်ကိုင်နိုင်ရန် မသေချာဟု ယူဆကြသဖြင့် ဤခြေလှမ်းကို လှမ်းသည်ဟု ဆိုရမည်။
ဤဥပဒေအရ လက်ရှိပါတီအားလုံးသည် ပြန်လည်မှတ်ပုံတင်ရမည်။ ဤဥပဒေထွက်ပြီး နှစ်လအတွင်း မှတ်ပုံတင်ရမည်ဖြစ်ရာ လက်ရှိ ရှိနေသော နိုင်ငံရေး ပါတီ ၉၂ ပါတီအား ၎င်းတို့နောက် လိုက် မလိုက် ပြတ်ပြတ်သားသား အမြန်ဆုံးဖြတ်ခိုင်းလိုက်ခြင်း ဖြစ်ပြီး နိုင်ငံရေးပါတီများအား ထိန်းချုပ်ကန့်သတ်ရန် ခြေလှမ်းလှမ်းလိုက်ခြင်း ဖြစ်သည်။
တဖက်ကလည်း နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ရန် အခြေအနေမရှိသည့် NLD ပါတီအား တရားဝင် နိုင်ငံရေးပါတီ အဖြစ်မှ ဖယ်ရှားပစ်ရန် ရည်ရွယ်သည့် ခြေလှမ်းလည်း ဖြစ်သည်။
ထို့ပြင် လက်ရှိ နိုင်ငံရေးပါတီမှတ်ပုံတင် ဥပဒေသစ်အရ ပြည်ထောင်စုအဆင့် နိုင်ငံရေးပါတီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့်ပါတီ ဟူ၍ ခွဲခြားလိုက်၏။ ပြည်ထောင်စုအဆင့်ပါတီသာ တိုင်းနယ်ပြည်နယ် ၁၄ ခုလုံးတွင် ဝင်ရောက် စည်းရုံး ယှဉ်ပြိုင်ခွင့်ရှိပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်ပါတီများသည် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အတွင်း၌သာ စည်းရုံးခွင့်ရှိမည်ဟုဆို၏။
နိုင်ငံရေးပါတီများကို အဆင့်အတန်းခွဲ ကန့်သတ်လိုက်ပြီး ပြည်ထောင်စုအဆင့် အစိုးရဖွဲ့နိုင်မည့်ပါတီကို စိတ်ကြိုက် ရွေးထုတ်ရန် ပြင်ဆင်လိုက်သည့် ဥပဒေဖြစ်သည်ကိုတွေ့ရ၏။ ပြည်ထောင်စုအဆင့်ပါတီသည် ပါတီ ရံပုံငွေ သိန်းတထောင်စာရင်းပြရမည်ဟု ဆိုသည်။ ဤအချက်ကတော့ ပါတီတိုင်း ဖြေရှင်း ကျော်လွှားရန် မခက်ခဲလှပေ။
သို့သော် နောက်တချက်ဖြစ်သည့် သုံးလအတွင်း ပါတီဝင် တသိန်း စည်းရုံးသိမ်းသွင်းနိုင်ရမည်။ မသိမ်းသွင်းနိုင်ပါက ပါတီအဖြစ်မှ ဖျက်သိမ်းခံရမည်ဆိုသည်။ ဤအချက်သည် NLD ပါတီ ပြန်လည်မှတ်ပုံတင်ရန် မဖြစ်နိုင်သည့် အခြေအနေအောက်တွင် လက်ရှိ ပါတီဝင်ရှိပြီးသား ကြံ့ ဖွံ့ပါတီမှအပ အခြားပါတီများအတွက် လုပ်ဆောင်နိုင်ရန် မဖြစ်နိုင်ပေ။
သုံးလအတွင်း ပါတီဝင် တသိန်း စည်းရုံးသိမ်းသွင်းနိုင်ရမည်။ မသိမ်းသွင်းနိုင်ပါက ပါတီအဖြစ်မှ ဖျက်သိမ်းခံရမည်ဆိုသည်။ ဤအချက်သည် NLD ပါတီ ပြန်လည်မှတ်ပုံတင်ရန် မဖြစ်နိုင်သည့် အခြေအနေအောက်တွင် လက်ရှိ ပါတီဝင်ရှိပြီးသား ကြံ့ ဖွံ့ပါတီမှအပ အခြားပါတီများအတွက် လုပ်ဆောင်နိုင်ရန် မဖြစ်နိုင်ပေ။
တကယ်တန်း စည်းရုံး၍ ရနိုင်သည် သို့မဟုတ် NLD မရှိတောင်မှ အတိုက်အခံ မြို့ပေါ်ဥပဒေတွင် ပါတီတရပ်ရှိသင့်သည် စသဖြင့် ဆိုစေကာမူ လုံခြုံရေးအရ သွားလာစည်းရုံးရန် မလွယ်ကူသည့်အပြင် စစ်တပ်၏ ဥပဒေမဲ့ စစ်ဆေးဖမ်းဆီးနေသည့် ကာလတွင် ပါတီဝင်များ စည်းရုံးရန် မဖြစ်နိုင်ပေ။
လက်ရှိ မြို့နယ် ၃၇ မြို့နယ်အား စစ်အုပ်ချုပ်ရေး ကြေညာထားသည့် အခြေအနေအောက်တွင် ပို၍မဖြစ်နိုင်ပေ။ ထို့ပြင် လက်ရှိလူထု၏ စိတ်ဆန္ဒအခြေအနေအရလည်း လူထုက လက်ခံလိမ့်မည်မဟုတ်ပေ။
စစ်ကောင်စီသည် နိုင်ငံရေးအရ ဖက်ဒရယ် ဒီမိုကရေစီဟု ကြွေးကြော်နေသော်လည်း နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေသစ်ပါ အချက်အလက်များအရ ဗမာလူမျိုးကြီးဝါဒနှင့် တပါတီစနစ် အားကောင်းရေးကိုသာ လုပ်ဆောင်လျက်ရှိသည်ကို ရှင်းရှင်းလင်းလင်း တွေ့လာရသည်။
ထို့ပြင် ပြည်ထောင်စုအဆင့်ပါတီသည် ပြည်ထောင်စုအတွင်းရှိ မြို့နယ်တဝက် (၁၆၅ မြို့နယ်) တွင် ရုံးခန်းဖွင့်နိုင်ရမည် ဖြစ်ပြီး ရွေးကောက်ပွဲတွင်လည်း လွှတ်တော်ကိုယ်စားလှယ် နေရာအားလုံး၏ တဝက် (၅၀၀ နီးပါးခန့်) ဝင်ရောက် ယှဉ်ပြိုင်ရမည် ဖြစ်၏။
ဤအချက်များသည်လည်း ပြည်မရှိ ပါတီငယ်များအဖို့ စွမ်းဆောင်ရန် ခက်ခဲသည့်အချက်များ ဖြစ်သည်။ သို့ဖြစ်ရာ ဤအချက်သည် ပြည်ထောင်စုအဆင့်ပါတီအဖြစ် ကြံ့ဖွံ့သာ ကျန်ရစ်စေပြီး ကျန်ပါတီငယ်များအား ပြည်ထောင်စုအဆင့်မှ ဖယ်ရှားပစ်ရန် ရည်ရွယ်ချက်ရှိရှိ ပြဌာန်းသတ်မှတ်လိုက်ခြင်း ဖြစ်သည်။
ထိုသို့သော အခြေအနေအောက်တွင် ကြံ့ဖွံ့နှင့်အပေါင်းအပါ ပါတီငယ်များကတော့ ကြံ့ဖွံ့ပါတီသို့ နောက်ဖေးပေါက်မှ ဝင်လျှင်ဝင် မဝင်ပါက တိုင်းဒေသကြီးအဆင့်သို့ ပြောင်းလဲရပ်ခံရန်သာ ရှိသည်။
အကယ်၍ မဖြစ်မနေ ရပ်တည်လိုသည့် ပြည်မမှ နိုင်ငံရေးပါတီများမှာ တိုင်းဒေသကြီးအဆင့်ပါတီအဖြစ်သာ ရပ်တည်ပြီး ကိုယ့်တိုင်းအတွင်းသာ စည်းရုံး ရွေးကောက်နိုင်တော့မည်ဖြစ်ပြီး ပြည်ထောင်စုပါတီအဆင့် ရပ်တည်နိုင်မည် မဟုတ်တော့။
အကယ်၍ မဖြစ်မနေ ရပ်တည်လိုသည့် ပြည်မမှ နိုင်ငံရေးပါတီများမှာ တိုင်းဒေသကြီးအဆင့်ပါတီအဖြစ်သာ ရပ်တည်ပြီး ကိုယ့်တိုင်းအတွင်းသာ စည်းရုံး ရွေးကောက်နိုင်တော့မည်ဖြစ်ပြီး ပြည်ထောင်စုပါတီအဆင့် ရပ်တည်နိုင်မည် မဟုတ်တော့။
သို့ဖြစ်ရာ ဤဥပဒေသစ်အရ ပြည်ထောင်စုအဆင့်ပါတီ၊ ပြည်ထောင်စု အစိုးရ ဖွဲ့နိုင်သည့်ပါတီအဖြစ် ကြံ့ဖွံ့ တပါတီတည်းသာ ကျန်နေအောင် ပြုလုပ်လိုက်သည့် ခြေလှမ်းဖြစ်သည်။
SNDP ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ကတော့ ပြည်ထောင်စုပါတီအဖြစ် ရှမ်းပြည်နယ်အပြင် မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း ၊ တနင်္သာရီတိုင်းတို့တွင်ပါ ဝင်ပြိုင်မည်ဟုဆိုနေသည်။ ငွေဖြုန်းနိုင်စွမ်းရှိ၍ စိတ်ကူးယဉ်နေပုံ ရသည်။ ဥပဒေသစ်ကို သေချာနားလည်ပုံ မပေါ်သကဲ့သို့ ပြည်ထောင်စုပါတီအဖြစ် တိုးပေါက်နိုင်မည့် အလားအလာလည်း မရှိပေ။
ပြည်နယ်အဆင့်ပါတီများနှင့် ပတ်သက်ပြီး အများကြီး လျှော့ပေးထားသည်ကို တွေ့ရ၏။ ပါတီရံပုံငွေ သိန်းတရာ၊ သုံးလအတွင်း ပါတီဝင် တထောင် စည်းရုံးနိုင်ရန်သာ လိုသည်။ ထို့ပြင် ပါတီရုံးအား မြို့နယ် ၅ မြို့နယ်တွင် ဖွင့်လှစ်ရန် လိုပြီး ရွေးကောက်ပွဲတွင်လည်း အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ် တနေရာ ဝင်ပြိုင်လျင်ရပြီဟု ဆိုသည်။
အပေါ်ယံကြည့်လျင် ပြည်နယ်နှင့် တိုင်းဒေသကြီးများနှင့် အများကြီး လျှော့ပေါ့ပေးထားသည်ဟု ထင်ရသည်။
သို့သော် စစ်ကောင်စီ၏ ရည်ရွယ်ချက်မှာ ပြည်နယ်များရှိ အားကောင်းသော တိုင်းရင်းသား နိုင်ငံရေးပါတီ (ဥပမာ ရခိုင်မှ ANP ပါတီ၊ ရှမ်းပြည်နယ်မှ SNLD ပါတီ)များကို ယှဉ်ပြိုင်ကန့်သတ်ရန်အတွက် စစ်တပ်လက်ဝေခံ လူဦးရေနည်းသော တိုင်းရင်းသားလူမျိုးများ၏ ပါတီငယ်များ မွေးထုတ်ရန် ရည်ရွယ်ပုံရသည်။
ကြံ့ဖွံ့ပါတီ၊ စစ်တပ် ကိုယ်စားလှယ်များအပြင် စစ်တပ်လက်ဝေခံ တိုင်းရင်းသား ပါတီငယ်များ၏ ကိုယ်စားလှယ်များကို ပီအာစနစ်ဖြင့် သွတ်သွင်းပြီး ပြည်ထောင်စု အစိုးရအာဏာကို သာမက ပြည်နယ်အစိုးရ အာဏာကိုပါ ချုပ်ကိုင်ရန် ရည်ရွယ်သည်ကို တွေ့ရ၏။
ထို့ပြင် ကြံ့ဖွံ့၏ မဟာမိတ်ပါတီငယ်များကိုလည်း တိုင်းဒေသကြီးအဆင့် ပါတီများအဖြစ် ဖွဲ့စည်းစေပြီး ပီအာစနစ်ဖြင့် ကိုယ်စားလှယ် အရည်အတွက် ရနိုင်ကောင်း၏ဟု စဉ်းစားလုပ်ဆောင်ပုံရသည်။
နိုင်ငံရေးပါတီများ ဆက်လက်မှတ်ပုံတင်ခြင်း မရှိပါက ပါတီဖျက်သိမ်းရမည်ဖြစ်ပြီး ပါတီပိုင်ပစ္စည်းများကို အစိုးရက သိမ်းဆည်းမည်ဟု ဥပဒေသစ်တွင် ပြဌာန်းထားသည်။ ဤအချက်သည် ဖျက်သိမ်းလိုက်သော နိုင်ငံရေးပါတီများကို အကြမ်းဖက်အဖွဲ့နှင့် တတန်းတည်းထား၍ ပြုမူသည့် လုပ်ဆောင်ချက်ဖြစ်သည်။ ပါတီဝင်များ၏ ရံပုံငွေများဖြင့် မတည်ထားသော ပါတီပစ္စည်းများကို အစိုးရက သိမ်းဆည်းဆိုသည်မှာ တရားနည်းလမ်း မကျသည့် လုပ်ရပ်ဖြစ်၏။
နိုင်ငံရေးပါတီများ ဆက်လက်မှတ်ပုံတင်ခြင်း မရှိပါက ပါတီဖျက်သိမ်းရမည်ဖြစ်ပြီး ပါတီပိုင်ပစ္စည်းများကို အစိုးရက သိမ်းဆည်းမည်ဟု ဥပဒေသစ်တွင် ပြဌာန်းထားသည်။ ဤအချက်သည် ဖျက်သိမ်းလိုက်သော နိုင်ငံရေးပါတီများကို အကြမ်းဖက်အဖွဲ့နှင့် တတန်းတည်းထား၍ ပြုမူသည့် လုပ်ဆောင်ချက်ဖြစ်သည်။
ဤပြဌာန်းချက်နှင့်ပတ်သက်၍ စစ်ကောင်စီတွင် ရည်ရွယ်ချက် နှစ်ခုရှိပုံရသည်။ တချက်မှာ ပြန်လည်မှတ်ပုံတင်ရန် အခြေအနေတွင် မရှိသည့် NLD ပါတီအဆောက်အအုံများအား သိမ်းယူပြီး NLD ပါတီအား ထိုးနှက်၍ အပြတ်ရှင်းရန် ကြံရွယ်ခြင်း ဖြစ်သည်။
စစ်တပ်က အာဏာရယူနိုင်ရန်သာ စဉ်းစားလုပ်ဆောင်နေသော စစ်ကောင်စီသည် ဤသို့ NLD အား အသေသတ်ရန် ကြိုးစားခြင်းသည် စစ်တပ်၏ နိုင်ငံရေးထွက်ပေါက်အားလည်း ပိတ်လိုက်မိပြီဆိုသည်ကို နားလည်ပုံမပေါ်ပေ။
ဖျက်သိမ်းသည့် ပါတီပိုင်ပစ္စည်းများ သိမ်းရသည့် နောက်အကြောင်းတချက်မှာ ပါတီပြန်လည်မှတ်ပုံမတင်ဘဲ သပိတ်မှောက်နိုင်သည့် တိုင်းရင်းသားပါတီအချို့အား ခြိမ်းခြောက်အကြပ်ကိုင်ခြင်းလည်း ဖြစ်သည်။
ကြံဖွံ့ပါတီ အစိုးရဖြစ်အောင် ရည်ရွယ်သည့် တချိန်တည်းတွင် နိုင်ငံတကာအား ပါတီစုံဟု အပြကောင်းရန်အတွက် အစဉ်အလာရှိသည့် တိုင်းရင်းသားပါတီတချို့အား ထိန်းချုပ်ပြီး အပါခေါ်သွားရန် ကြံရွယ်ချက်လည်း ဖြစ်သည်။
ချုပ်၍ ဆိုရလျင် လက်ရှိ စစ်ကောင်စီ၏ နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေသစ်သည် လက်ရှိကာလတွင် ကြံ့ဖွံ့ပါတီ အနိုင်ရရှိစေရန် သေချာစေပြီး ကျန်နိုင်ငံရေးပါတီများကို ထိန်းချုပ်နိုင်ရန် ပြဌာန်းလိုက်သည့် ဥပဒေဖြစ်သည်။
ပါတီမှတ်ပုံတင်ရန် အချိန် ၂ လပေးထားပြီး သတ်မှတ်ပါတီဝင် အရေအတွက် ပြည့်မှီရန် အချိန် ၃ လသာ ပေးသည်ဖြစ်ရာ ၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်မှ ပြန်လည်သက်တမ်းတိုးသည့် စစ်ကောင်စီသက်တမ်း ၆ လအတွင်း အပြီးအစီး ပြုလုပ်မည့် စစ်ကောင်စီ၏ ခြေလှမ်းဖြစ်သည်။
ဤခြေလှမ်း၏ နောက်ကွယ်တွင် စစ်တပ်၏ကြီးမားသည့် ရည်ရွယ်ချက်တခုကို တွေ့ရသည်။ ထိုအချက်မှာ မြန်မာစစ်တပ် ကာကွယ်ရေး ဦးစီးချုပ်တိုင်းသည် ရာထူးသက်တမ်းပြည့်သည်နှင့် နိုင်ငံတော် သမ္မတရာထူးကို ဆက်ခံစေရမည်ဆိုသည့် ရည်ရွယ်ချက် ဖြစ်သည်။
စစ်တပ်က ၎င်း၏ လက်ဝေခံ ကြံဖွံ့ပါတီကို အသုံးပြုပြီး စဉ်ဆက်မပြတ် အာဏာချုပ်ကိုင်ရန် ရည်ရွယ်သည်။ ကြံ့ဖွံ့ပါတီသည် ယခင်စစ်ဗိုလ်ချုပ်ဟောင်းများ၏ နိုင်ငံရေးပါတီအဖြစ်မှ တက်လာသမျှ စစ်တပ်ကာကွယ်ရေးဦးစီးချုပ်၏ လက်ကိုင်ဒုတ် ပါတီအဖြစ် ပုံပြောင်းခံလိုက်ရပြီ ဖြစ်သည်။
စစ်တပ်က ၎င်း၏ လက်ဝေခံ ကြံဖွံ့ပါတီကို အသုံးပြုပြီး စဉ်ဆက်မပြတ် အာဏာချုပ်ကိုင်ရန် ရည်ရွယ်သည်။ ကြံ့ဖွံ့ပါတီသည် ယခင်စစ်ဗိုလ်ချုပ်ဟောင်းများ၏ နိုင်ငံရေးပါတီအဖြစ်မှ တက်လာသမျှ စစ်တပ်ကာကွယ်ရေးဦးစီးချုပ်၏ လက်ကိုင်ဒုတ် ပါတီအဖြစ် ပုံပြောင်းခံလိုက်ရပြီ ဖြစ်သည်။
သို့သော်လည်း ဤအတိုင်း ရည်မှန်းချက်က ၆ လအတွင်း ပြည့်မီမည် မပြည့်မီဆိုသည်ကို အာမမခံနိုင်ပေ။ အကြောင်းနှစ်ချက်ရှိသည်။ ပထမ အကြောင်းအချက်မှာ လူထုဆန့်ကျင်မှု ဖြစ်သည်။
ဒီမိုကရေစီအင်အားစုများ၏ လက်နက်ကိုင်ခုခံတွန်းလှန်မှုများသည် အရှိန်ရလာသည်။ စနစ်တကျ စုဖွဲ့လာနိုင်၏။ တိုက်ပွဲအတွေ့အကြုံရလာ၏။ လက်နက်ခဲယမ်း ပိုမိုတပ်ဆင်လာနိုင်သည်။
ဒီမိုကရေစီ အင်အားစုများနှင့် တိုင်းရင်းသား အင်အားစုများ၏ လက်နက်ကိုင်တော်လှန်မှု ပိုမိုပူးပေါင်းလာနိုင်သည်။
သေချာပေါက်ပြောနိုင်သည်မှာ စစ်ကောင်စီအနေနှင့် ထိုအင်အားစုများကို အနိုင်ရရှိရန် မဖြစ်နိုင်တော့။ ထို့အတူ ပြီးခဲ့သည့် ဖေဖဝါရီ ၁ ရက်နေ့က ပြုလုပ်သည့် အသံတိတ်သပိတ်က လူထု၏ စစ်ကောင်စီအား ဆန့်ကျင်မှု ထုနှင့်ထည်နှင့် ရှိသည်ကို ကောင်းစွာ တွေ့မြင်နိုင်သည်။
စစ်အာဏာသိမ်းမှု ၂ နှစ်တင်းတင်း ပြည်ခဲ့ပြီ ဖြစ်သော်လည်း လူထုက စစ်ကောင်စီကို ပြတ်ပြတ်သားသားဆန့်ကျင်ဆဲ ဖြစ်သည်ကို ပြလိုက်ခြင်းဖြစ်သည်။ လမ်းမပေါ်တွင် လူတယောက်မှ မရှိအောင်လုပ်နိုင်သော လူထုသည် အခြေအနေ အခွင့်အခါပေးလျင် လမ်းမပေါ် လူအပြည့်ဖြစ်အောင် လုပ်နိုင်သည်ကို ပြသနေသည်။
ဒုတိယအကြောင်းအချက်မှာ မြန်မာစစ်တပ်၏ သဘောသဘာဝကြောင့် ဖြစ်သည်။ စစ်တပ်အာဏာသိမ်း ခေါင်းဆောင်တိုင်းသည် အာဏာရသည်နှင့် ထင်ရာစိုင်းလေ့ရှိသည်။
အရင်လူလုပ်သမျှ အကုန်ဖျက်ပြီး ကိုယ်ထင်ရာ လုပ်လေ့ ရှိကြသည်။
ဗိုလ်နေဝင်းသည်လည်း အရင်လူများကို ဖမ်း၊ သူ့ အား ဆန့်ကျင်သူများကို ဖမ်း၊ အရင်လူများလုပ်သမျှ ဖျက်ပစ်ပြီး သူထင်ရာစိုင်းခဲ့၏။ ဗိုလ်သန်းရွှေလည်း သူအာဏာခိုင်သည်နှင့် ဗိုလ်နေဝင်း မိသားစုအပါ သူ့ဆန့်ကျင်သူများအား ဖမ်းဆီး၍ ဗိုလ်နေဝင်း လုပ်ခဲ့သမျှ ဖျက်ပစ်ပြီး သူထင်ရာစိုင်းသည်သာ။
မင်းအောင်လှိုင်သည်လည်း သူ့အာဏာခိုင်သည်နှင့် ဗိုလ်သန်းရွှေ လုပ်ခဲ့သမျှဖျက်၊ သူအားဆန့်ကျင်သူများ ဖမ်းဆီး ဖယ်ရှားပြီး သူထင်ရာစိုင်းသည်။ ဗိုလ်သန်းရွှေမိသားစု အဖမ်းမခံရသေးသော်လည်း ထိုးထိုးထောင်ထောင် မလုပ်ရဲဘဲ ငြိမ်ကုပ်နေရသည် မဟုတ်ပါလား။
မင်းအောင်လှိုင်သည်လည်း သူ့အာဏာခိုင်သည်နှင့် ဗိုလ်သန်းရွှေ လုပ်ခဲ့သမျှဖျက်၊ သူအားဆန့်ကျင်သူများ ဖမ်းဆီး ဖယ်ရှားပြီး သူထင်ရာစိုင်းသည်။ ဗိုလ်သန်းရွှေမိသားစု အဖမ်းမခံရသေးသော်လည်း ထိုးထိုးထောင်ထောင် မလုပ်ရဲဘဲ ငြိမ်ကုပ်နေရသည် မဟုတ်ပါလား။
အလားတူပင် နောက်တက်လာမည့် ကာချုပ်သည်လည်း သူ့အာဏာခိုင်သည်နှင့် မင်းအောင်လှိုင်လုပ်သမျှ ဖျက်၍ သူ ထင်ရာစိုင်းဦးမည်မှာ မလွဲဧကံပင် ဖြစ်သည်။ ထိုအချိန်ကျရင် မင်းအောင်လှိုင်၏ မိသားစုလည်း ယခုအချိန်ကဲ့သို့ ထိုးထိုး ထောင်ထောင်လုပ်၍ ရမည်မဟုတ်တော့ပေ။
ဤသည်မှာ အာဏာသိမ်း စစ်ခေါင်းဆောင်တိုင်းက အာဏာနှင့် ကိုယ်ကျိုးစီးပွါးကို ထပ်တူထား၍ဖြစ်သည်။ ဇာတ်သိမ်း မကောင်းသည့် အာဏာသိမ်းစစ်ခေါင်းဆောင်တိုင်း၏ ကံကြမ္မာလည်း ဖြစ်ပေတော့သည်။
You may also like these stories :
စစ်ကောင်စီ၏ နောက်ဆုံးခံတပ် သို့မဟုတ် နေပြည်တော်
ရာဇပလ္လင်ကို ဖက်တွယ်ရေး ကြိုးစားနေသည့် မင်းအောင်လှိုင်
ရန်ကုန်မြို့ကြီး သွေးမအေးသွားပါ
စစ်အာဏာသိမ်း ၂ နှစ်ကာလ ရီဗျူး – ၁
စစ်အာဏာသိမ်း ၂ နှစ်ကာလ ရီဗျူး -၂