• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြို့ရန်ကုန် “ဟိုင်း” ခန်းများနှင့် ဥပဒေမဲ့ မူးယစ်စျေးကွက်

by အောင်ခမ်း
18 February 2023
in ဆောင်းပါး
A A
မူးယစ်ဆေးဝါးတွေသုံးဖို့ ပြင်ဆင်ပေးထားတဲ့ တာမွေမြို့နယ်က The Maze / IRW/CJ

မူးယစ်ဆေးဝါးတွေသုံးဖို့ ပြင်ဆင်ပေးထားတဲ့ တာမွေမြို့နယ်က The Maze / IRW/CJ

33.1k
VIEWS
Share on FacebookShare on Twitter

ညမထွက်ရအမိန့် ကြေညာထားသော ရန်ကုန်မြို့၏ လမ်းမများထက် လူသူရှင်းပြီး တိတ်ဆိတ် ခြောက်ကပ်သွားချိန်တွင် နီယွန်မီးရောင်စုံ ထွန်းလင်းထားသည့် ညဖျော်ဖြေရေးလုပ်ငန်းများ (ဘားနှင့်နိုက်ကလပ်) ဆီမှ ဆူညံကျယ်လောင်လှသော အီလက်ထရောနစ်ဂီတသံ (EDM) များက အလျှိုလျှို ပေါ်ထွက်လာလေသည်။

ညဉ့်နက်လာသည့်အမျှ ယင်းဘားနှင့်ကလပ်များဆီမှ ပိုမို ကျယ်လောင်လာသော EDM သီချင်းသံများနှင့်အတူ ယိမ်းထိုး ကခုန်နေသည့် လူငယ်များ၏ ဟန်ပန်မှာလည်း မြူးကြစွာ သက်ဝင်လှုပ်ရှားနေတော့သည်။

RelatedPosts

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

23 June 2025
359
ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

23 June 2025
4.3k
ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

23 June 2025
1.1k

စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် နှစ်နှစ်အတွင်း မြန်မာ့စီးပွားရေးသည် အဘက်ဘက်မှ ကျဆင်းနေသော်လည်း လျှပ်စစ်မီး မမှန်သော ရန်ကုန်မြို့တွင် မီးရောင်စုံ ထွန်းလင်းတောက်ပနေသည့် ညဖျော်ဖြေရေးလုပ်ငန်းများက မြို့နယ်တိုင်း လိုလို၌ မှိုပေါက်သလို အပြိုင်အဆိုင် ထွက်ပေါ်လာခဲ့သည်။

အဆိုပါ ဖျော်ဖြေရေးလုပ်ငန်းများနှင့်အတူ ပါတီစိတ်ကြွဆေး (Party Drugs) ဟု ခေါ်သည့် အမျိုးအမည် စုံလင်လှသော စိတ်ကြွမူးယစ်ဆေးဝါးများသည်လည်း လူငယ်များကြား စိုးရိမ်ဖွယ်ရာ ပျံ့နှံ့လာခဲ့သည်။

“ပါရာစီတမော့ကမှ အလုံးရေများများဝယ်ဖို့ ခက်နေဦးမယ်။ E တွေ၊ K တွေကတော့ ပေါချင်းသောချင်းပဲ။ ကလပ်တွေ၊ ဘားတွေမှာ အလုံး တသောင်းခွဲလား။ တရက်နဲ့တင် ကုန်တယ်” ဟု ရန်ကုန်မြို့နေ အသက် ၃၀ အရွယ် ကိုကယ်ဗင် (အမည်လွှဲ) က ဆိုသည်။

ရန်ကုန်မြို့တွင် စိတ်ကြွမူးယစ်ဆေးဝါးများ အလွယ်တကူ ဝယ်ယူရရှိနေမှုနှင့် ပတ်သက်ပြီး သူက ပြောပြခြင်း ဖြစ်သည်။

ကိုကယ်ဗင်သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျယ်ပြန့်လာသော ညဖျော်ဖြေရေးလုပ်ငန်းများတွင် ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းမှ စတင်ကာ ဖျော်ဖြေရေးပွဲများ စီစဉ်သည့်လုပ်ငန်း လုပ်ကိုင်နေသူတဦး ဖြစ်သည်။

သူ ပြောပြသော E ဆိုသည်မှာ အက်တစီ (Ecstasy) ဖြစ်ပြီး K မှာ ကက်တမင်း (Ketamine) ဟုခေါ်သော ဖျော်ဖြေရေး ကလပ်နှင့် ပါတီပွဲများတွင် စိတ်လန်းဆန်းတက်ကြွစေရန် လူငယ်များကြား သုံးစွဲမှု မြင့်တက်လာနေသော Party Drugs တချို့ပင် ဖြစ်သည်။

ထို့ပြင် E ၊ K ၊ မက်သာဖက်တမင်းနှင့် ဒိုင်ယာဇီပင် အပါအဝင် ဓာတုဆေးဝါးများကို အမှုန့်ကြိတ်ကာ ရောစပ်ထားသော ဟက်ပီးဝါးတားသည်လည်း ရန်ကုန်မြို့က လူငယ်များကြား ရေပန်းအစားဆုံး စိတ်ကြွဆေးတခု ဖြစ်ကြောင်း သိရသည်။

E သည် ဆေးပြားဖြစ်ပြီး တကြိမ်လျှင် တစိတ်မှ မိမိသုံးစွဲချင်သလောက် သောက်သုံးနိုင်ကာ K သည် အမှုန့်ဖြစ်ပြီး ပန်းကန် ပြားပေါ်တွင် သွားကြားထိုးတံတချောင်းစာ အတန်းလိုက်စီထားကာ ပိုက်ဖြင့် နှာခေါင်းမှတဆင့် ရှူသွင်းရခြင်း ဖြစ်သည်။ K ခေါ် Ketamine သည် တိရစ္ဆာန်များအတွက် မေ့ဆေး၊ ထုံဆေးများတွင် ပါဝင်အသုံးပြုသည့် ဓာတုဆေးဝါးတမျိုး ဖြစ်သည်။

မူးယစ်ဆေးဝါးတွေသုံးဖို့ ပြင်ဆင်ပေးထားတဲ့ တာမွေမြို့နယ်က The Maze (ဓာတ်ပုံ – IRW/CJ)

ကိုကယ်ဗင်က “အရင်တုန်းက E တလုံး တသိန်းကျော်တယ်။ K လည်း တသိန်းကျော်တယ်။ တော်ရုံတန်ရုံ လူတန်းစားက မသုံးနိုင်ဘူး။ သုံးလည်း တခါပေါ့။ အခုကတော့ ဈေးလည်းပေါ၊ ပစ္စည်းလည်း ပေါလာတာ” ဟု ပြောပြသည်။

အဆိုပါ စိတ်ကြွဆေးဝါးများသည် ယခင်က ကျပ် ၁ သိန်းဝန်းကျင်ထိ ရှိသော်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း E တလုံးလျှင် ကျပ် ၄ သောင်းမှ ၅ သောင်းသာ ပေါက်ဈေး ရှိတော့ကာ K အမှုန့် ၁ ဂရမ်လျှင် ကျပ် ၆ သောင်းမှ ၇ သောင်း ဝန်းကျင်ထိ ဈေးထက်ဝက် ကျဆင်းသွားသလို ပစ္စည်းများလည်း ဝင်ရောက်မှု များပြားလာခြင်းကြောင့် လူငယ်များကြား ပိုမို သုံးစွဲလာနိုင်ခြင်း ဖြစ်ကြောင်းလည်း သူက ရှင်းပြသည်။

ဟတ်ပီးဝါးတား ဈေးနှုန်းမှာ ၁ ထုပ်လျှင် ကျပ် ၃ သိန်းဝန်းကျင်ထိ ပေါက်ဈေး ရှိသည်။ ၁ ထုပ်တွင် ၁ မော့စာ အရက်ခွက် အသေးဖြင့် ၁၀ ခွက် ဖျော်သောက်နိုင်သည်။

ရန်ကုန်မြို့ရှိ နာမည်ကြီးကလပ် အများစုတွင် စိတ်ကြွဆေးဝါးများကို တရားဝင် ရောင်းချနေကြသလို လွတ်လွတ်လပ်လပ် သုံးစွဲခွင့်ပြုထားပြီး ယခုအခါ နာမည်အရမ်းထွက်လာသဖြင့် ဘားနှင့်ကလပ်များဘက်က အနည်းငယ် ပြန်လည် တင်းကျပ် လာကြောင်း သိရသည်။

ကိုကယ်ဗင်က “သူတို့ လုပ်ငန်းတွေအောင်မြင်ဖို့ သူတို့ပဲ တဖက်လှည့်နဲ့ ဒီဆေးတွေ သွင်းလာတာ။ ကလပ်ထဲမှာ ပေါ်ပေါ် တင်တင် လုပ်ခွင့်ပေးခဲ့တာ။ အခုမှ ပန်းကန်မပေးတော့တာတို့၊ ပိုက်တွေမပေးတော့တာတို့ ပြန်ဖြစ်လာတာ” ဟု ဆိုသည်။

Pioneer ကလပ် (ဓာတ်ပုံ – IRW/CJ)

လတ်တလော မြန်မာနိုင်ငံတွင်း စိတ်ကြွမူးယစ်ဆေးဝါးများ သုံးစွဲမှုကျယ်ပြန့်လာသည့် အခြေအနေသည် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်များထိန်းချုပ်ရာ နယ်စပ်ဒေသများတွင် ထုတ်လုပ်ကာ စစ်တပ် လမ်းကြောင်းဖြင့် သယ်ယူပို့ ဆောင်ပြီး ထိုမှတဆင့် ဈေးကွက်အတွင်းသို့ ခရိုနီများက ဖြန့်ဖြူးပေးနေခြင်း ဖြစ်သည်။

ထို့ပြင် တရုတ်၊ ထိုင်း-မြန်မာနယ်စပ်များမှတဆင့် မှောင်ခိုတင်သွင်းလာခြင်း ဖြစ်ကြောင်းလည်း သုံးစွဲသူများနှင့် ရောင်းဝယ် သူ တချို့ထံမှ စုံစမ်းသိရှိရသည်။ ထိုလုပ်ငန်းများနှင့် မူးယစ်ဆေးရောင်းဝယ် ဖြန့်ဖြူးမှုများကို ရဲတပ်ဖွဲ့က ဖုံးကွယ်ပေးထား သည်။

Party Drugs များ ဈေးနှုန်းကျဆင်းပြီး ဈေးကွက်အတွင်း ပေါများလာသော ဂယက်ကြောင့် WY နှင့် Ice စသည့် မူးယစ် ဆေးဝါး ဈေးနှုန်းများမှာလည်း ထက်ဝက်ချိုး ဈေးကျဆင်းပြီး အောက်ခြေ အခြေခံလူတန်းစားအထိပါ အလွယ်တကူ ရရှိ အသုံးပြုနိုင်သည့် အနေအထားသို့ ရောက်ရှိနေလေသည်။

အာဏာမသိမ်းခင်က WY တလုံး ကျပ် ၅၀၀၀ ဝန်းကျင် ရှိခဲ့ရာမှ ယခုအခါ ကျပ် ၃၀၀ မှ ၅၀၀ ဝန်းကျင်သာ ပေါက်ဈေး ရှိတော့သည်။

စိတ်ကြွဆေးဝါးများသည် လူ၏စိတ်ကို တက်ကြွလန်းဆန်းစေပြီး နာရီနှင့်ချီ မမောမပန်းဘဲ လှုပ်ရှားကခုန်နိုင်သော အာနိသင် ရှိကြောင်း၊ အလွန်အကျွံ သုံးစွဲခြင်းမျိုး မဟုတ်ပါက အသိစိတ်ပျောက်ကင်းသွားခြင်း မရှိကြောင်း ဆေးသုံးစွဲဖူးသူ အသက် ၂၅ နှစ်မှ ၃၀ နှစ်ကြား လူငယ်တချို့က ဧရာဝတီကို ပြောသည်။

လှိုင်သာယာမြို့နယ်နေ မဟန်နီက “သူက သုံးရင် E သောက်ပြီး K ရှူပေါ့။ တတွဲသုံးရတယ်။ ဒါပေမဲ့ တချို့ကလည်း E ပဲ ကြိုက်တာ ရှိကြသလို K ပဲ ကြိုက်ကြတာလည်း ရှိကြတယ်။ သူရဲ့ အာနိသင်က သိပ်မရှိဘူး။ သီချင်းမြူးတာ မမြူးတာနဲ့ လည်း ဆိုင်တယ်။ ကနေရင်းနဲ့ကို ဆေးအရှိန်က ပြန်ကျတယ် နာရီပိုင်းပဲ” ဟု ဆိုသည်။

တာမွေမြို့နယ်နေ အသက် ၂၅ နှစ်အရွယ် ကိုအောင်ခန့် (အမည်လွှဲ) ကလည်း သူ့အတွေ့အကြုံကို ပြောပြသည်။

“ဆေးကွဲသလိုပဲ မျက်လုံးလေး မှေးသွားမယ်၊ ပျော်နေတယ်။ K ရှူလိုက်ရင်လည်း ဝပ်သွားမယ်။ အရမ်းများသွားရင် စိတ်က တခြားတနေရာကို လွင့်သွားပြီး ခန္ဓာကိုယ်ကြီးက ဒီမှာကျန်ခဲ့ရောပေါ့။ စိတ်က တခြားနေရာမှာ ပျော်နေပြီးတော့ တော်တော်နဲ့ ပြန်မလာတော့ဘူး။ ဘေးကလူတွေကတော့ ဒီကောင်သေသွားပြီလားပေါ့။ ဒါပေမဲ့ သေတော့မသေဘူး” ဟု သူက ပြောသည်။

မွေးနေ့ပွဲတခုတွင် အရက်နှင့် K ကို တွဲဖက်သုံးစွဲလိုက်မိသော သူ၏ သူငယ်ချင်း မိန်းကလေးတဦး ဓာတ်မတည့်မှု ဖြစ်ပြီး အသက်ရှူ ရပ်မသွားရုံတမယ် အရုပ်ကြိုးပျက်ဖြစ်ကာ နာရီနှင့်ချီ သတိမေ့မြောသွားသည်ကို မျက်မြင်ကြုံတွေ့ခဲ့ ဖူးသည်ဟုလည်း သူက ဆိုသည်။

ယင်း အဖြစ်အပျက်နှင့် ပတ်သက်ပြီး အဆိုပါ မိန်းကလေးသည် ဘာကိုမျှ ပြန်လည် မှတ်မိခြင်း မရှိကြောင်းလည်း သူက ဆိုသေးသည်။

ကိုအောင်ခန့်က “ဒီဆေးတွေက ပုံမှန်လောက်ပဲ သုံးနေတာဆိုရင်တော့ စွဲတော့မစွဲဘူး။ ကျနော်ဆိုရင်လည်း မသုံးဘဲ နေနိုင်တယ်လေ။ ဒါပေမဲ့ K ကတော့ ဦးနှောက်ကို သွားတာဆိုတော့ သုံးတာများလာရင် မှတ်ဉာဏ် မကောင်းတော့ဘူး။ မေ့တာတွေ ဖြစ်တယ်” ဟု ပြောသည်။

လမ်းမပေါ်မှ မြင်တွေ့ရသည့် The Next Level Club ၏ ဟိုင်း အခန်းများ (ဓာတ်ပုံ – IRW/CJ)

ထိုဆေးများကို ဟိုင်းခန်းဟု အလွယ်ခေါ်ဆိုကြသည့် သီးသန့်အခန်း ပြုလုပ်ထားသော KTV များနှင့် ကလပ်များတွင် သွားရောက် သုံးစွဲကြပြီး ဆေးရရှိရန်အတွက်မူ ယင်းနေရာများ၌ပင် အလွယ်တကူ ဝယ်ယူနိုင်သလို တချို့ဟိုင်းခန်းများ တွင် ကြိုတင်စီစဉ်ပေးထားမှုများအထိ ရှိသည်။

ဟိုင်းခန်း ဆိုသည်မှာ ပါတီစိတ်ကြွဆေး သုံးစွဲသူများအတွက် သီးသန့် DJ များဖြင့် ကခုန်နိုင်ရနျ စီစဉ်ထားသော Private KTV အခန်းများပင်ဖြစ်ပြီး ထိုအခန်းများတွင် သီချင်းသီဆိုကြခြင်း မရှိဘဲ ဖွင့်ထားသော တေးဂီတဖြင့် တချိန်လုံး ကခုန်နေကြခြင်း ဖြစ်သည်။

တချိန်လုံး နာကျင်ကိုက်ခဲမှု မရှိဘဲ ကခုန်နိုင်ရန်အတွက် ဟိုင်းခန်းများတွင် K (ကက်တမင်း) ကို အသုံးများကြကြောင်း သိရသည်။

ဟိုင်းအခန်းများတွင် စိတ်ကြွဆေး သွားရောက်သုံးစွဲမည်ကို လူငယ်များကြား “ဟိုင်း” မည်ဟု အလွယ်ပြောဆိုလေ့ ရှိသည်။ (High စကားလုံးမှ Hi ကို အတိုကောက်ယူထားသော ဘန်းစကား ဖြစ်သည်။) တချို့ လူငယ်များသည် ဟိုင်းခန်းများတွင် ၂ ရက်မှ ၃ ရက်ထိ ဟိုင်းကြလေ့ရှိသည်ဟု ဆိုသည်။

ရန်ကုန်မြို့တွင်း၌ ဟိုင်းခန်းများနှင့် စိတ်ကြွဆေးဝါးများ ကျယ်ပြန့်လာသလို ဟိုင်းခန်းများတွင် အချိန်ပိုင်း ဖျော်ဖြေပေးရ သော ဟိုင်းဂဲလ် (Hi Girls) အလုပ်သည်လည်း အမျိုးသမီးငယ်များကြား ခေတ်စားလျက် ရှိနေပြန်သည်။

ထိုအလုပ်သည် လိင်ကိစ္စ မပါဝင်ဘဲ စိတ်ကြွဆေးဝါးများသုံးပြီး ဧည့်သည်အမျိုးသားနှင့် တညလုံး တွဲဖက် ကခုန်ပေးရခြင်း မျိုး ဖြစ်သည်။ ဟိုင်းဂဲလ်များ၏ တညဈေးနှုန်းမှာ (ည ၁၀ နာရီမှ နံနက် ၄ ဝန်းကျင်ထိ) ကျပ် ၅ သောင်းမှ ၁ သိန်းခွဲကျော် ထိ ဈေးနှုန်းအမျိုးမျိုး ရှိကြောင်း စုံစမ်းသိရှိရသည်။

ထိုအလုပ်သည် ယခင်က တရုတ်-မြန်မာနယ်စပ်ရှိ လောက်ကိုင်မြို့နှင့် ထိုင်း-မြန်မာနယ်စပ်ရှိ တာချီလိတ်မြို့ ကဲ့သို့သော တရားမဝင် လုပ်ငန်းများနှင့် မူးယစ်ဆေးဝါးကိစ္စရပ်များဖြင့် နာမည်ကျော်သော နယ်စပ်မြို့များတွင်သာ ခေတ်စားခဲ့ခြင်း ဖြစ် သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာနေသော ရန်ကုန်၊ မန္တလေးမြို့များကဲ့သို့ ပြည်မမြို့ကြီးများ၌ပါ ကျယ်ပြန့်လာနေခြင်း ဖြစ်သည်။

ဟိုင်းအခန်းတွေအပြင်မှာလည်း စည်ကားနေတဲ့ Honey Nest ကလပ် Honey Nest (ဓာတ်ပုံ – IRW/CJ)

မူးယစ်ဆေးဝါး အနွယ်ဝင် စိတ်ကြွဆေးဝါး အားလုံးသည် သုံးစွဲမှု အနည်းအများပေါ်မူတည်ပြီး ကျန်းမာရေးဆိုင်ရာ သက် ရောက်မှုများ ရှိနေသည်။

အဆိုပါ စိတ်ကြွဆေးဝါးများကို အကြိမ်ရေများများ သုံးစွဲပြီးနောက် ဆေးအာနိသင် ပျက်ပြယ်သည့်အချိန်တွင် စိတ်ဓာတ် ကျခြင်း၊ မှတ်ဉာဏ်ချို့ယွင်းကာ စိတ်ရှုပ်ထွေးခြင်း၊ ဆီးအိမ် အောင့်ခြင်းအပြင် ဆီးအိမ် အနာဖြစ်ခြင်း၊ ကျောက်ကပ်ပျက်စီး ခြင်း၊ အစာ စားချင်စိတ် မရှိခြင်း၊ အသိစိတ်လွတ်ကာ စိတ်ရောဂါဖြစ်ခြင်း၊ သတိလစ်ခြင်းနှင့် အန္တရာယ် ဖြစ်စေနိုင်လောက် သည်အထိ အသက်ရှူနှေးခြင်း စသည်ဖြင့် ဆိုးကျိုးများ ခံစားရသလို လိင်ကိစ္စအပေါ် စိတ်ဝင်စားမှု လျော့နည်းကာ ပန်း သေပန်းညိုး (အမျိုးသားများတွင် ဖြစ်သည့်ရောဂါ) လည်း ဖြစ်စေနိုင်ကြောင်း ကျန်းမာရေးအသိပညာပေးသူများနှင့် ကျန်းမာရေးဆိုင်ရာဝက်ဘ်ဆိုက်များ၌ သတိပေးထားသည်ကို တွေ့ရသည်။

အသက် ၃၀ နှစ်အရွယ် မဟန်နီက “ဆေးသောက်ထားတဲ့အချိန်မှာ ဘာမှမသိ၊ ဘာမှနာကျင်မှု မရှိဘဲ လှုပ်ရမ်းကခုန်နေခဲ့ တာ ဆိုတော့ ဆေးပြယ်ပြီး နောက်နေ့ကတော့ အသေခံရတာ။ လူတကိုယ်လုံး ကိုင်ရိုက်ထားသလိုကို နာကျင်တာ” ဟု ပြောပြသည်။

လက်ရှိတွင် ရန်ကုန်မြို့၌ စိတ်ကြွဆေးဝါးများရရှိရန် နာမည်အကြီးဆုံးကလပ်မှာ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်တံတား အဆင်းအနီး ဖွင့်လှစ်ထားသော Honey Nest ဖြစ်ပြီး ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းဆုံအနီးရှိ The One Entertainment မှာ နာမည်အကြီးဆုံး ဟိုင်းခန်း ဖြစ်သည်။

Honey Nest သည် စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ စက်တင်ဘာလကမှ စတင်ဖွင့်လှစ်ခဲ့သော တရုတ်နိုင်ငံသားပိုင် ဖျော်ဖြေရေးလုပ်ငန်းတခု ဖြစ်သည်။

ထို့ပြင် လူသိများသော ဟိုင်းခန်းတချို့မှာ ဗဟန်းမြို့နယ်ရှိ Music Buzz နှင့် VIP၊ စမ်းချောင်းမြို့နယ်မှ Diamond KTV၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Good Sound တို့ ဖြစ်ပြီး ကလပ်တချို့မှာ ကမာရွတ်မြို့နယ် The Next Level KTV Bar၊ သင်္ယန်းကျွန်းမြို့နယ်ရှိ Vuvuzela၊ တောင်ဥက္ကလာပမြို့နယ်ရှိ Woodland X၊ Domino Lounge ကလပ်၊ တာမွေမြို့နယ်ရှိ The Maze၊ ဗဟန်းမြို့နယ်ရှိ The Myst နှင့် ဒဂုံမြို့နယ်ရှိ Pioneer တို့ ဖြစ်သည်။

လမ်းမပေါ်မှမြင်တွေ့ရသည့် Vuvuzela ကလပ် (ဓာတ်ပုံ – IRW/CJ)

ယင်းတို့မှာ ဧရာဝတီက စုံစမ်းသိရှိရသည့် စိတ်ကြွဆေးဝါးသုံးစွဲရန် လူငယ်များကြား ရေပန်းစားနေသော ကလပ်နှင့်ဘား တချို့သာ ဖြစ်ပြီး တခြားသော နေရာများလည်း အများအပြား ရှိနိုင်သည်။

အဆိုပါ ဖျော်ဖြေရေးလုပ်ငန်းများသည် အာဏာသိမ်း စစ်ကောင်စီ ထိပ်ပိုင်း စစ်ဗိုလ်ချုပ်အသိုင်းအဝိုင်း၊ ၎င်းတို့နှင့် နှီးနွယ်နေသည့် လုပ်ငန်းရှင်များနှင့် တရုတ်လုပ်ငန်းရှင် တချို့က လုပ်ကိုင်နေခြင်းဖြစ်ရာ တရားဥပဒေစိုးမိုးရေးမှာ ကွက် ကျားမိုးရွာသကဲ့သို့ ဖြစ်နေသည်။

စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၂ နှစ်ကုန်ပိုင်းထိ ရန်ကုန်မြို့ပေါ်ရှိ KTV နှင့် ကလပ် တချို့အနီးနားတွင် စိတ်ကြွ မူးယစ်ဆေးဝါများ ရောင်းချဖြန့်ဖြူးသော လူပေါင်း ၃၀ ဦးခန့်ကို ဖမ်းဆီးခဲ့ပြီး ထိုအထဲတွင် ပူးပေါင်းကျူးလွန်သည့် ရဲတပ်ဖွဲ့ဝင် ၆ ဦး ကိုလည်း ဖမ်းဆီးထားကြောင်း ထုတ်ပြန်ထားသည်။

သို့သော် အဆိုပါ အမှုများကို ကြည့်ပါက စစ်ကောင်စီ၏ ရဲတပ်ဖွဲ့သည် အောက်ခြေ ဆေးရောင်းဆေးဝယ်သမားများကိုသာ ဟန်ပြဖမ်းဆီးလေ့ရှိပြီး စိတ်ကြွမူးယစ်ဆေးဝါးများ လွတ်လပ်စွာသုံးစွဲခွင့် ပြုထားပြီး အဓိက ဖြန့်ဖြူးရောင်းချနေသော KTV နှင့် ကလပ်များကိုမူ တိုက်ရိုက်အရေးယူခြင်း မရှိသေးသည်ကို တွေ့ရသည်။

ပြည်သူလူထု၏ အသံတိတ်သပိတ် တစ္ဆခြောက်ခံနေရသည့် စစ်ကောင်စီကလည်း ရန်ကုန်မြို့ပြန်လည်စည်ကားကြောင်း ပြနိုင်ဖို့အတွက် တရားမဝင် ဖျော်ဖြေရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါးနှင့် လောင်းကစားများကို မျက်စိမှိတ်ပေးထားသည်။

တချိန်က ခေတ်မီဖွံ့ဖြိုးတိုးတက်ရန် အခြေအနေကောင်းများစွာ ရှိခဲ့သော စီးပွားရေးမြို့တော် ရန်ကုန်သည် စစ်အာဏာသိမ်း မှုအောက် အစစအရာရာ ပျက်စီးယိုယွင်းလာမှုများနှင့်အတူ မူးယစ်ဆေးဝါးနှင့် တရားမဝင်လုပ်ငန်းများ တစထက်တစ ကျယ်ပြန့်လာနေမှုကလည်း ရန်ကုန်မြို့ကြီးအတွက် စိုးရိမ်စရာ ဖြစ်နေသည်။ ။

You may also like these stories:

သီးနှံစိုက်တောင်သူများ ဘိန်းပြောင်းစိုက်လာ

အသက်ငင်နေဆဲ မြန်မာ့စီးပွားရေးနှင့် တကျော့ပြန် ခရိုနီဝါဒ

စစ်အာဏာသိမ်းပြီးနောက် ဘိန်းစိုက်ပျိုးမှု လွန်စွာမြင့်မားလာ

ရွှေတြိဂံ မူးယစ်ဆေးမှောင်ခိုလုပ်ငန်းမှ ငွေကြေးခဝါချမှု

Your Thoughts …
Tags: Party Drugsစစ်အာဏာသိမ်းမှုညဖျော်ဖြေရေးလုပ်ငန်းမူးယစ်ဆေးဝါးရန်ကုန်
အောင်ခမ်း

အောင်ခမ်း

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.4k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.4k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.3k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

Next Post
ယခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် အင်းကြီးရွာ မီးရှို့ခံရမှုမြင်ကွင်း / Katha Revolution KR

ကသာနယ်တွင် စစ်ကြောင်းထိုးသဖြင့် ဒေသခံ ၃ထောင်ကျော် ထွက်ပြေးနေရ

ထိုင်းလွှတ်တော်အမတ် ဥပကစ်နှင့် ထွန်းမင်းလတ်

ထိုင်းအထက်လွှတ်တော်အမတ်နှင့် မြန်မာခရိုနီ နက်ရှိုင်းစွာ ပတ်သက်ပုံ ထိုင်းပါလီမန်တွင် ဆွေးနွေး

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.7k
ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

7 hours ago
4.3k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate