• English
Saturday, July 12, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဦးသန်းရွှေ၏ “သမ္မတလေယာဉ်အိပ်မက်” ဘယ်လိုပျက်

by ဧရာဝတီ
1 March 2023
in ဆောင်းပါး
A A
(ဝဲမှယာ) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ လေတပ်ဦးစီးချုပ် မြတ်ဟိန်းနှင့် သမ္မတ ဦးသိန်းစိန်

(ဝဲမှယာ) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ လေတပ်ဦးစီးချုပ် မြတ်ဟိန်းနှင့် သမ္မတ ဦးသိန်းစိန်

12.9k
VIEWS
Share on FacebookShare on Twitter

၂၀၁၁ ခုနှစ်၊ မတ်လ ၅ ရက်နေ့ မော်စကို စံတော်ချိန် နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် ရုရှားလုပ် ခရီးသည်တင် ဂျက်လေယာဉ်တစင်းသည် ရုရှားအလယ်ပိုင်း ကုန်းမြင့်ဒေသ အရှေ့တောင်ဘက်စွန်းမှ မတ်စောက်သည့် တောင်တန်းဒေသ လေထဲတွင် ပေါက်ကွဲပြီး ဘယ်လ်ဂိုရော့ အော့ဘလတ်မှ ကျေးရွာအပြင်တွင် ပျက်ကျသည်။

လေယာဉ်ဝန်ထမ်း ခြောက်ဦးလုံး သေဆုံးသည်။ နှစ်ဦးမှာ မြန်မာလေတပ်မှ ဖြစ်သည်။

RelatedPosts

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

12 July 2025
43
စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

12 July 2025
76
မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

12 July 2025
78

ထိုလေယာဉ်မှာ ၂၀၁၀ ပြည့်နှစ်က လက်မှတ်ရေးထိုးထားသည့် ကန်ထရိုက်စာချုပ်အရ “မြန်မာသို့ပေးပို့မည့်” လေယာဉ်ကို သရုပ်ပြပျံသန်းခြင်းဖြစ်ကြောင်း ရုရှားမှ United Aircraft က ပြောသည်။ ထိုလေယာဉ်၏ တန်ဖိုးမှာ အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၂၀ ရှိကြောင်း လေယာဉ်များကို စောင့်ကြည့်လေ့လာသည့် အင်တာနက် စာမျက်နှာအရ သိရသည်။

ထိုနေ့တွင် An-148 ပျက်ကျခြင်းနှင့်အတူ ထိုစဉ်က မြန်မာစစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၂၅ ရက် အတွင်း နိုင်ငံသမ္မတဖြစ်မည့် သူ၏တပည့် ဦးသိန်းစိန်အတွက် “အမေရိကန် သမ္မတစီးသည့် လေယာဉ်သဖွယ်ဖြစ်သော” လေယာဉ် ဝယ်ယူရေး အိပ်မက်သည် တစစီပြိုကွဲသွားခဲ့သည်။

An-148 ပျက်ကျခြင်းနှင့်အတူ ထိုစဉ်က မြန်မာစစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၂၅ ရက် အတွင်း နိုင်ငံသမ္မတဖြစ်မည့် သူ၏တပည့် ဦးသိန်းစိန်အတွက် “အမေရိကန် သမ္မတစီးသည့် လေယာဉ်သဖွယ်ဖြစ်သော” လေယာဉ် ဝယ်ယူရေး အိပ်မက်သည် တစစီပြိုကွဲသွားခဲ့သည်။

သူ့တပည့်များလိုက်ပါမည့် ထိုလေယာဉ်ကို အရပ်သားအစိုးရတု သမ္မတလေယာဉ်အဖြစ် ထားရှိရန် အာဏာရှင်ဟောင်း၏ အစီအစဉ်သည် သူပျိုးထောင်ခဲ့သည့် ပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ရွေးကောက်ခံသည့် မဲလိမ်ပွဲ ကျင်းပသော ၂၀၁၀ ပြည့်နှစ်တွင် စိတ်ကူးပေါက်လာသည်ဟု ယူဆရသည်။

ထိုရွေးကောက်ပွဲအပြီးတွင် စစ်အာဏာရှင်ဟောင်းက ထိုစဉ်လေတပ်ဦးစီးချုပ် မြတ်ဟိန်းကို “အမေရိကန် သမ္မတ လေယာဉ်လိုမျိုး လေယာဉ်မျိုးဝယ်။ လုံခြုံရေးအပါအဝင် အစစ အရာရာအဆင်ပြေပါစေ” ဟု ပြောသည်။

ထိုအစီအစဉ်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေခေတ်က လေတပ်အကြီးအကဲလုပ်ခဲ့သူ၏ အတွေ့အကြုံများကို ရေးသားသောအခါ ပထမဆုံးအကြိမ် သိလာရသည်။ ဦးသိန်းစိန် အစိုးရခေတ်တွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ဆက်သွယ်ရေးနှင့် နည်းပညာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် မြတ်ဟိန်းက ရေးသားခဲ့ခြင်း ဖြစ်သည်။ သူသည် စစ်တပ်ကျောထောက်နောက်ခံပြုပါတီ USDP အတွက် ဒုတိယ ဥက္ကဋ္ဌ (၁) ဖြစ်သည်။

ဦးသန်းရွှေသည် သူ၏စစ်အုပ်စုအမာခံ သဘောထားတင်းမာသူများအနက် တဦးဖြစ်သူ သီဟသူရ တင်အောင်မြင့်ဦးကို လေယာဉ်တစင်းဝယ်ရန် စေခိုင်းကြောင်း၊ သူသည် ဦးသိန်းစိန်အစိုးရတွင် ဒုတိယ သမ္မတတဦးဖြစ်လာကြောင်း လေတပ်ဗိုလ်ချုပ်ကြီးဟောင်း မြတ်ဟိန်းက ရေးသားသည်။

သို့သော် သူ၏အကြံအစည်သည် အဆင်ပြေချောမွေ့ခြင်း မရှိပေ။

သီဟသူရ တင်အောင်မြင့်ဦးသည် ကနဦးတွင် ဘရာဇီးလ်မှ Embraer က ထုတ်လုပ်သည့် E-190 ဝယ်ယူရန် ဆက်သွယ်ခဲ့သော်လည်း စစ်အုပ်စုကို နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများကြောင့် ဒေါ်လာ သန်း ၅၀ ခန့်တန်သည့် ထိုအရောင်းအဝယ်သည် မဖြစ်နိုင်ပေ။ Air Bus, Boeing တို့နှင့် အလားတူ အစီအစဉ်များသည်လည်း မအောင်မြင်ပေ။

ကနဦးတွင် ဘရာဇီးလ်မှ Embraer က ထုတ်လုပ်သည့် E-190 ဝယ်ယူရန် ဆက်သွယ်ခဲ့သော်လည်း စစ်အုပ်စုကို နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများကြောင့် ဒေါ်လာ သန်း ၅၀ ခန့်တန်သည့် ထိုအရောင်းအဝယ်သည် မဖြစ်နိုင်ပေ။ Air Bus, Boeing တို့နှင့် အလားတူ အစီအစဉ်များသည်လည်း မအောင်မြင်ပေ။

ထိုအခါ စစ်ကောင်စီ၏ ကာလကြာမြင့်ပြီဖြစ်သော မဟာမိတ် ရုရှားက မော်စကိုမှ အကြီးမားဆုံး လေယာဉ်ထုတ်လုပ်သူ VASO ၏ An-148 ကို ကမ်းလှမ်းသည်။ ဦးသိန်းစိန် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမည့် ၂၀၁၂ ခုနှစ် မတ်လတွင် ပေးပို့ရန် ၂၀၁၀ ပြည့်နှစ်တွင် သဘောတူကြသည်။

၂၀၁၀ ရွေးကောက်ပွဲမတိုင်မီတွင် ယခု သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်ထွန်း ဦးဆောင်သည့် လေယာဉ်မှူးအဖွဲ့သည် An-148 အတွက် လေ့ကျင့်ရန် ရုရှားသို့ သွားရောက်သည်။ သို့သော် ရုရှားက အဆင်သင့် မဖြစ်သေးသောကြောင့် ထိုအဖွဲ့သည် နောက်နှစ် ဖေဖော်ဝါရီလတွင် ပြန်လာခဲ့ကြောင်း မြတ်ဟိန်းက ရေးသားသည်။

တချိန်တည်းတွင် An-148 နှင့် ပတ်သက်သည့် နည်းပညာချို့ယွင်းမှုများကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် တုန်လှုပ်နေပြီး ထိုလေယာဉ်၏ ဘေးကင်းလုံခြုံမှုကို ရုရှားက အာမခံရန် တောင်းဆိုသည်။ သို့သော် မြတ်ဟိန်းက မည်သည့် ပြဿနာများ ဖြစ်ခဲ့သည်ကို အသေးစိတ်ရှင်းလင်းရေးသားခြင်း မပြုခဲ့ပေ။

ပျက်ကျခဲ့သည့် An-148 နှင့် ပုံစံတူ လေယာဉ် / Wikipedia

မတ်လ ၅ ရက်နေ့က လေယာဉ်ပျက်ကျခြင်းကို မြတ်ဟိန်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တိုက်ရိုက် အစီရင်ခံသည်။

ထိုသတင်းကို သိသောအခါ စစ်အာဏာရှင်က အသစ်တည်ဆောက်ထားသည့် လေယာဉ်ပင် ပျက်ကျသောကြောင့် ဝယ်သင့်၊ မဝယ်သင့် မေးကြောင်း လေတပ်အကြီးအကဲဟောင်းက ပြန်လည်ရေးသားသည်။

ထိုလေယာဉ်ကို လေယာဉ်ဝန်ထမ်းများက နားမလည်ဘဲ လေကြောင်းပျံသန်းမှု အကန့်အသတ်ထက် ကျော်လွန်ရောက်သွားပြီးနောက် ပျက်ကျကြောင်း ရုရှားစက်မှုဝန်ကြီးဌာန စုံစမ်းစစ်ဆေးမှုက ဖော်ပြသည်။

“၎င်းတို့လိုချင်သော အမြန်ဆုံးအမြင့်ဆုံးနှုန်းကို ခွင့်ပြုထားသည့် အမြင့်ဆုံးနှုန်းထက် လေယာဉ်မှူးက ကျော်လွန်သောကြောင့် လေယာဉ်သည် လေထဲတွင် ပေါက်ကွဲသွားသည်” ဟု စုံစမ်းရေးစစ်ဆေးရေး ကော်မရှင်က ပြောသည်။

“၎င်းတို့လိုချင်သော အမြန်ဆုံးအမြင့်ဆုံးနှုန်းကို ခွင့်ပြုထားသည့် အမြင့်ဆုံးနှုန်းထက် လေယာဉ်မှူးက ကျော်လွန်သောကြောင့် လေယာဉ်သည် လေထဲတွင် ပေါက်ကွဲသွားသည်” ဟု စုံစမ်းရေးစစ်ဆေးရေး ကော်မရှင်က ပြောသည်။

ထိုဖြစ်ရပ်ပြီးနောက် သီဟသူရ တင်အောင်မြင့်ဦး ဒုသမ္မတ ဖြစ်လာသောအခါ လေယာဉ်ဝယ်ယူမှုကို ပယ်ဖျက်ရန် ရုရှားဆိုင်ရာ မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ် အောင်သော်နှင့် ဆက်ဆံရသည်ဟု မြတ်ဟိန်းက ဆက်လက်ရေးသားသည်။ ဦးအောင်သော်သည် လက်ရှိ ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့် စစ်ကောင်စီခန့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဖြစ်သည်။

၂၀၀၃ ခုနှစ်၊ စက်တင်ဘာလက အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ အိန္ဒိယလေတပ် (IAF) ဌာနချုပ်သို့ ရောက်ရှိလာသည့် လေတပ်ဦးစီးချုပ် မြတ်ဟိန်းက ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးနေစဉ် / AFP

သို့သော် ရုရှားက ငွေပြန်မပေးဘဲ အလားတူ တန်ဖိုးရှိသောအရာတခု ပြန်ပေးမည်ဟု ပြောသည်။ စစ်အုပ်စုက စိတ်မပါသော်လည်း လက်ခံရသည်။

ရုရှားဘက်က မည်သည့်အရာ ပြန်လည်ပေးအပ်သည်ကို မြတ်ဟိန်းက ရေးသား ဖော်ပြခြင်း မပြုသော်လည်း “ထိုကိစ္စကို မိမိ မြန်မာလေတပ်တွင် တာဝန်ယူစဉ် ဖြေရှင်းနိုင်ခြင်းမရှိ” ဟု ရေးသားခဲ့သည်။ သူသည် ဦးသိန်းစိန် အစိုးရခေတ်အတွင်း ၂၀၁၃ ခုနှစ်တွင် ဆက်သွယ်ရေးနှင့် သတင်းနည်းပညာဝန်ကြီး ဖြစ်လာခဲ့သည်။

၂၀၁၁ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဦးသိန်းစိန်ကို အာဏာလွှဲပြီး အငြိမ်းစားယူသည်။ ထို့နောက်တွင် သူ့ကို လူမြင်ကွင်းတွင် တွေ့ရခဲသည်။ သို့သော် ထိုအာဏာရှင်ဟောင်းသည် သူ့တပည့် လက်ရှိစစ်အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင် နေပြည်တော်တွင် တည်ထားသော လွန်စွာကြီးမားသည့် ဆင်းတုတော် တည်ဆောက်သည့်နေရာသို့ သွားရောက်သည်။ အသက် ၉၀ အရွယ် ဦးသန်းရွှေသည် သွားနိုင်လာနိုင်ဆဲ ဖြစ်သည်။

ထိုလေယာဉ် ကိစ္စတွင် ပတ်သက်သူများသည် တာဝန်ထမ်းဆောင်ခြင်း မရှိတော့သော်လည်း ထိုပြဿနာသည် ဆက်လက် ကျန်ရှိနေသည်။

ရုရှားသည် ပြဿနာရှိသော လေယာဉ်များကို မြန်မာစစ်အစိုးရသို့ ရည်ရွယ်ချက်ရှိရှိ ရောင်းချနေသလား

An-148s များအနက် တစီးသည် ထိုသို့ မတော်တဆမှု ရင်ဆိုင်ရသောကြောင့် မြန်မာနှင့် ရုရှားအကြား ၂၀၁၀ ပြည့်နှစ်တွင် ဝယ်ယူမှုစာချုပ် လက်မှတ်ရေးထိုးသောအခါ ထိုနှစ်အစောပိုင်းတွင် ရုရှား၏ သက်တမ်း အရှည်ဆုံးနှင့် အကြီးမားဆုံး လေကြောင်းလိုင်းများအနက် တခုဖြစ်သော Rossiaya က An-148 ၏ ပထမဆုံး ပျံသန်းမှုသည် မှီခိုအားထားနိုင်မှု၊ စီးပွားရေးအရ လက်တွေ့ကျမှုနှင့် လိုအပ်သောပြုပြင်ပြောင်းလဲမှုများကို လူသိရှင်ကြား မေးခွန်းထုတ်သည်။

ထို့ကြောင့် ရုရှားသည် ပြဿနာရှိသော လေယာဉ်များကို မြန်မာစစ်အစိုးရသို့ ရည်ရွယ်ချက်ရှိရှိ ရောင်းချနေသလား ဆိုသည်ကို မေးလာရသည်။

ပျက်ကျသွားသောလေယာဉ်အတွက် အစားထိုးရန် ရုရှားက မည်သည်ကို အစားထိုးဖြေရှင်းပေးသနည်း ဆိုသည်မှာ ပဟေဠိ ဖြစ်နေသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ How the Myanmar Ex-Dictator’s ‘Air Force One’ Dream Was Shattered ကို ဘာသာပြန် ဖော်ပြသည်။)

You may also like these stories:

စစ်ကောင်စီ၏ အမောင်းသင်လေယာဉ်များ အပိုပစ္စည်းပြတ်၍ ရပ်ထားရ

စစ်ပွဲအောင်နိုင်ရေး စစ်ကောင်စီလေတပ် ရက်ရက်စက်စက် ပစ်ခတ်နေ

သတိထားရမယ့် တရုတ်လုပ် FTC – 2000G တိုက်လေယာဉ်များ

စစ်ကောင်စီ ဝယ်ထားတဲ့ JF-17 တိုက်လေယာဉ် ဘာချွတ်ယွင်းချက်တွေ ရှိနေလဲ

စစ်ကောင်စီ၏ လူသားစားကျားကို ရုရှားက Su-30s များဖြင့် တောင်ပံတပ်ပေး

Your Thoughts …
Tags: Air Force OneAn-148USDPစစ်အစိုးရဗိုလ်ချုပ်မှူးကြီး သန်းရွှေဗိုလ်မှူးချုပ် အောင်သော်မြတ်ဟိန်းရုရှားသမ္မတလေယာဉ်သီဟသူရ တင်အောင်မြင့်ဦးဦးသိန်းစိန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.6k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.1k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.6k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.6k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

Next Post
ယခုနှစ် ဖေဖေါ်ဝါရီ ၂၇ရက် ရခိုင်ပြည်နယ် ခရီးစဉ်တွင် တွေ့ရသည့် စစ်ခေါင်းဆောင် / CINCDS

ရခိုင်၌ စီးပွားရေးများ တိုးချဲ့ပေးမည်ဟု စစ်ခေါင်းဆောင် ပြောဆိုချက် ယုံကြည်ရန်ခက်

စခန်းတာဝန်ခံကို မုဒိမ်းမှုဖြင့် တိုင်တန်းထားသည့် အမျိုးသမီးများ

ဒုက္ခသည် အမျိုးသမီး ၄၀ ကျော် မုဒိမ်းကျင့်ခံရမှု တရားမျှတမှုရမှာလား

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

2 days ago
4.3k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate