အာဏာသိမ်း စစ်တပ်က မုဒိမ်းကျင့် လူသတ်နေသည်
တာတိုင်ရွာပြင် တနေရာ လမ်းမထက် အမျိုးသမီး ၃ ဦးရဲ့ ရုပ်အလောင်းတွေ တနေရာစီ ပြန့်ကျဲနေပါတယ်။ အသက်မဲ့နေတဲ့ သူတို့ ခန္ဓာကိုယ်ပေါ်က အဝတ်အစားတွေ ဖရိုဖရဲ ဖြစ်နေသလို ရင်သားတွေဟာလည်း ဒဏ်ရာ ဒဏ်ချက်ကြောင့် ညိုမဲနေပြီး မိန်းမကိုယ်တွေလည်း ရောင်အန်းလို့ နေပါတယ်။
“အမျိုးသမီး ၃ ယောက်လုံးရဲ့ မိန်းမကိုယ်ထဲကနေ သွေးတွေ ထွက်လာတာတော့ ကျနော်တို့ မျက်မြင်ပဲ။ နွားမတွေရဲ့ အင်္ဂါလို ပုံစံမျိုးကို ဖြစ်နေတာ ရောင်ကိုင်းပြီးတော့ တွန့်ခေါက် တွန့်ခေါက်တွေနဲ့ ကြည့်လို့ကို မကောင်းတော့ဘူး” လို့ လည်း ရုပ်အလောင်းတွေကို ကောက်ယူခဲ့ရသူ ရွာသားတဦးက ပြောပါတယ်။
သူ့နှုတ်ကနေ ထုတ်ပြောဖို့ မဝံ့ရဲလောက်အောင်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်နေသလို သေဆုံးသူ အမျိုးသမီးတဦးရဲ့ မိန်းမကိုယ်ထဲမှာဆိုရင် ကြက်သွန်နီဥ ထိုးထည့်ထားတာကိုပါ မြင်တွေ့ခဲ့ရတယ်၊ သေဆုံးသူ အမျိုးသမီး ၂ ဦးရဲ့ ခေါင်းဟာ သေနတ်နဲ့ ပစ်ထားခံရပြီး နောက် ၁ ဦးကတော့ ရင်ညွန့်ကို ပစ်ခံထားရသလို ပါးစောင်ထဲ ဓားနဲ့ထိုးထည့်ပြီး ဆွဲခွဲထားလို့ ပြတ်ထွက်နေတဲ့ ဒဏ်ရာတွေလည်း တွေ့ရတယ်လို့ သူက ဆိုပါတယ်။
ထုတ်ပြောဖို့ မဝံ့ရဲလောက်အောင်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်နေသလို သေဆုံးသူ အမျိုးသမီးတဦးရဲ့ မိန်းမကိုယ်ထဲမှာဆိုရင် ကြက်သွန်နီဥ ထိုးထည့်ထားတာကိုပါ မြင်တွေ့ခဲ့ရတယ်၊ သေဆုံးသူ အမျိုးသမီး ၂ ဦးရဲ့ ခေါင်းဟာ သေနတ်နဲ့ ပစ်ထားခံရပြီး နောက် ၁ ဦးကတော့ ရင်ညွန့်ကို ပစ်ခံထားရသလို ပါးစောင်ထဲ ဓားနဲ့ထိုးထည့်ပြီး ဆွဲခွဲထားလို့ ပြတ်ထွက်နေတဲ့ ဒဏ်ရာတွေလည်း တွေ့ရတယ်
ယခု မတ်လဆန်းပိုင်းကမှ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တာတိုင်ရွာမှာ ဖြစ်ပွားခဲ့တဲ့ အာဏာ သိမ်းစစ်တပ်ရဲ့ လူအစု လိုက်အပြုံလိုက် သတ်ဖြတ်မှုအတွင်း မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရသူ ဒေါ်ပန်းသွယ်၊ ဒေါ်ပန်းနွယ်၊ ဒေါ်ဆွေဆွေဦး ဆိုတဲ့ အမျိုးသမီး ၃ ဦးတို့ရဲ့ ရုပ်အလောင်းတွေကို ကောက်ယူခဲ့တဲ့ မျက်မြင်တွေရဲ့ ပြောဆိုချက်တွေပဲ ဖြစ်ပါတယ်။
၂၀၂၃ မတ်လ ၁ ရက် နံနက် ၁ နာရီလောက်မှာ အင်အား ၁၀၀ ခန့်ပါတဲ့ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ စစ်ကြောင်းဟာ အိမ်ခြေ ၈၀ လောက်သာရှိတဲ့ တာတိုင်ရွာလေးကို ပိတ်ဆို့ စီးနင်းခဲ့ပါတယ်။ အဲဒီ စစ်ကြောင်းဟာ တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းတခု ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြောဆိုချက်အရ သိရပါတယ်။
တာတိုင်ရွာကို စီးနင်းခဲ့တဲ့ အဲဒီစစ်ကြောင်းဟာ ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့တဲ့ ဒေသခံတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာ ဖြစ်ပြီး ဒေသကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် အပါအဝင် ဒေသခံ ၁၇ ဦး သေဆုံးခဲ့ရပါတယ်။ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိချိန်မှာတော့ ဦးခေါင်း၊ ခြေ၊ လက်၊ ဗိုက်ပေါက်ထွက် စသဖြင့် စစ်တပ်က အပိုင်းပိုင်းခုတ် ပြီး သတ်ဖြတ်ခဲ့တာတွေကို ဒေသခံတွေ ထိတ်လန့်ဖွယ်ရာ မြင်တွေ့ခဲ့ရတာပါ။
မုဒိမ်းကျင့် သတ်ဖြတ်ခံရတဲ့ အမျိုးသမီး ၃ ယောက်ရဲ့ ရုပ်အလောင်းမှာ ဆိုရင်လည်း မုဒိမ်းကျင့်ခံထားရတဲ့ လက္ခဏာ တွေအပြင် ဖမ်းဆီး စစ်ဆေးမှုတွေလုပ်စဉ်က ညှဉ်းပန်းနှိပ်စက်ခံထားရတဲ့ ဒဏ်ရာဒဏ်ချက်တွေပါ ပြည့်နှက်လို့ နေပါ တယ်။
သူတို့ရဲ့ ရုပ်အလောင်းတွေကိုတော့ တာတိုင်ရွာနဲ့ ရွာချင်းဆက် ညောင်ရင်းကျေးရွာအနီး ကျွန်းတကျွန်းက ပဲခင်း၊ ကြက်သွန်ခင်းနဲ့ လမ်းဘေးတနေရာမှာ တလောင်းစီ တွေ့ခဲ့တာ ဖြစ်ပါတယ်။
တာတိုင်ရွာ ဖြစ်စဉ်လိုပဲ လူမဆန်စွာ သတ်ဖြတ်မှုတွေ၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားမှုတွေကို အာဏာသိမ်း စစ်တပ်ဟာ နိုင်ငံအဝှမ်းမှာ လက်မရွံ့ ကျူးလွန်နေတာ ဖြစ်ပါတယ်။
မျက်မြင်တွေ့ခဲ့သူတဦးက သူမြင်ခဲ့ရတာနဲ့ ပတ်သက်လို့ “အလောင်း မ လိုက်တဲ့အချိန်မှာ မိန်းမကိုယ်ကနေ သွေးတွေ ဒလဟော ထွက်တာ။ ကျနော်တို့ မ မ ခင်ကတည်းက ထွက်ထားတဲ့ သွေးတွေရောဆိုတော့ ကျနော်တို့ မ လိုက်တဲ့အချိန် မှာ သွေးတွေက တောက်လျှောက် စီးကျတာ” လို့ ပြောပြပါတယ်။
တာတိုင်ရွာ ဖြစ်စဉ်လိုပဲ လူမဆန်စွာ သတ်ဖြတ်မှုတွေ၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားမှုတွေကို အာဏာသိမ်း စစ်တပ်ဟာ နိုင်ငံအဝှမ်းမှာ လက်မရွံ့ ကျူးလွန်နေတာ ဖြစ်ပါတယ်။
မကြာသေးခင် မတ်လ ၃ ရက်ကလည်း စစ်ကောင်စီတပ်တွေဟာ ယင်းမာပင်မြို့နယ်၊ မြောက်နုံးကျေးရွာကို ဝင်ရောက် လာပြီး ထွက်မပြေးနိုင်တဲ့ စိတ်ဝေဒနာရှင်တဦးနဲ့ ကျေးရွာသားတဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့သလို အသက် ၂၅ နှစ် အရွယ် အမျိုးသမီးတဦးကိုလည်း မုဒိမ်းကျင့် သတ်ဖြတ်ပြီး အလောင်းကို မီးရှို့ဖျောက်ဖျက်ခဲ့ပါသေးတယ်။
အလောင်းကို မီးရှို့ဖျောက်ဖျက်ခဲ့တာကြောင့် မုဒိမ်းမှုကျူးလွန်ခဲ့တဲ့ လက်ရာခြေရာတွေကို သေချာမစိစစ်နိုင်ခဲ့ပေမယ့် သေဆုံးသူ အမျိုးသမီးရဲ့ အလောင်းဘေးမှာ ကွန်ဒုံးတွေ တွေ့ရှိခဲ့ရတယ်လို့ မျက်မြင်တွေက ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းကလည်း ချင်းပြည်နယ်၊ တီးတိန်မြို့၊ အပ်လွယ်ကျေးရွာကို ဝင်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေဟာ ကိုယ်ဝန် ၇ လ ရှိပြီ ဖြစ်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးနဲ့ ကလေးမီးဖွားပြီးတာ ၁ လပဲ ရှိသေးတဲ့ မီးနေသည် တဦးကို အုပ်စုဖွဲ့ပြီး မုဒိမ်းကျင့်ခဲ့ဖူးပါတယ်။
စစ်တပ်ရဲ့ မုဒိမ်းမှုတွေဟာ အာဏာမသိမ်းခင် အရပ်သား အစိုးရလက်ထက်မှာတောင် အမှုပေါင်း ၈၀ ထက်မနည်း ရှိခဲ့ပြီး အရေးယူခံရတယ်ဆိုတာ ရှားပါးလွန်းလှတဲ့အပြင် အာဏာသိမ်းပြီးနောက် အခြေအနေတွေဟာ အဆပေါင်း များစွာ ဆိုးရွားလာခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) အဖွဲ့ရဲ့ အကြံပေး ဒေါ်တင်တင်ညိုက ဆိုပါတယ်။
စစ်တပ်ရဲ့ မုဒိမ်းမှုတွေဟာ အာဏာမသိမ်းခင် အရပ်သား အစိုးရလက်ထက်မှာတောင် အမှုပေါင်း ၈၀ ထက်မနည်း ရှိခဲ့ပြီး အရေးယူခံရတယ်ဆိုတာ ရှားပါးလွန်းလှတဲ့အပြင် အာဏာသိမ်းပြီးနောက် အခြေအနေတွေဟာ အဆပေါင်း များစွာ ဆိုးရွားလာခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) အဖွဲ့ရဲ့ အကြံပေး ဒေါ်တင်တင်ညိုက ဆိုပါတယ်။
“လူသားတန်ဖိုး လေးစားလိုက်နာမှုဆိုတာ စစ်တပ်အောက်မှာရှိတဲ့ စစ်သားတွေမှာ လုံးဝမရှိဘူး” လို့ သူက ဆိုပါတယ်။
လက်ရှိအချိန်ထိ အကြမ်းဖက်စစ်တပ်ရဲ့ မုဒိမ်းကျင့် သတ်ဖြတ်မှုကြောင့် အမျိုးသမီး ၁၃ ဦး သေဆုံးခဲ့ရပြီး စစ်တပ်က ကျူးလွန်တဲ့ အုပ်စုဖွဲ့မုဒိမ်းကျင့်တဲ့ အမှုပေါင်း ၁၅ မှု ရှိနေပြီလို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ သတင်းရရှိနိုင်မှု အခက်အခဲတွေကြောင့် တကယ့်မြေပြင်မှာ ထိုအချက်အလက်တွေထက် ပိုများနိုင်တယ်လို့လည်း ဆိုထားပါတယ်။
စစ်ခေါင်းဆောင် အပါအဝင် အဆင့်ဆင့်သော ပါဝင်ပတ်သက်သူတွေ အနေနဲ့ အမျိုးသမီးတွေအပေါ် လူမဆန်စွာ ကျူးလွန်ထားတဲ့ အပြစ်တွေအတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ကျခံရမှာ ဖြစ်တယ်လို့လည်း အမျိုးသမီးအရေး ဆောင်ရွက်သူတွေက ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနနဲ့ အမျိုးသားညီညွတ် ရေးအတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ ဂျန်ဒါမူဝါဒဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတို့ ပူးပေါင်းထုတ်ပြန်ချက်အရ လည်း အာဏာသိမ်းပြီးနောက် အမျိုးသမီး ၄၈၃ ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ မှတ်တမ်းတင်ထားမှုအရ တာတိုင်ရွာက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ် အပါအဝင် စစ်ကောင်စီက ကျူးလွန်တဲ့ ပြည်သူ ၅ ဦးထက်ပိုတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၃၀ ကျော် ရှိနေပြီ
အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အမျိုးသမီး ၃၁၂၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့အနက် ၁၁ ဦး သေဒဏ်ချမှတ်ခံထားရပြီး ၁၅ ဦးကိုလည်း ထောင်ဒဏ်တသက် ချမှတ်ထားပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ အမျိုးသမီး ၁၂၂ ဦးကို မုဒိမ်းကျင့် သတ်ဖြတ်မှုတွေ အပါအဝင် လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှုတွေ လုပ်ခဲ့တယ် လို့လည်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ဒါ့ပြင် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ မှတ်တမ်းတင်ထားမှုအရ တာတိုင်ရွာက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ် အပါအဝင် စစ်ကောင်စီက ကျူးလွန်တဲ့ ပြည်သူ ၅ ဦးထက်ပိုတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၃၀ ကျော် ရှိနေပြီလို့လည်း NUG ထံမှ သိရပါတယ်။
တာတိုင်ရွာသားတဦးက “ဒီကောင်တွေက လူကို မဟုတ်တော့ဘူး။ ဘာနဲ့နှိုင်းပြီး ပြောရမယ်တောင် မသိတော့ဘူး။ ဒီလောက်ကြီး လုပ်တာတွေက လူမှ မဟုတ်တော့တာ။ လူဆိုတဲ့ အသိစိတ်ရှိရင် ဒီလိုမျိုး လုပ်စရာအကြောင်း မရှိဘူး လေ။ လူကို မဟုတ်တော့ဘူး” လို့ ဆိုပါတယ်။
You may also like these stories:
စစ်တပ်က သတ်သွားသည့် တာတိုင်ရွာဒေသခံ ၁၇ ဦး အလောင်း ပြန်တွေ့
ဒုက္ခသည် အမျိုးသမီး ၄၀ ကျော် မုဒိမ်းကျင့်ခံရမှု တရားမျှတမှုရမှာလား