ကျနော့်ဇာတိ ရွှေဘိုမြို့ဆီ ပြန်မရောက်ဖြစ်တာ လေးနှစ်လောက် ရှိတော့မယ်။ ကိုဗစ်ကာလတွေ မတိုင်ခင် တနှစ်ကျော်လောက်မှာ နောက်ဆုံးရောက်ခဲ့ပြီးတည်းက ပြန်မရောက်ဖြစ်တာ။ အိမ်ပြန်ချင်ပေမယ့် မိသားစုအဆင်မပြေမှုတွေ၊ ရောဂါကပ်ဆိုးတွေနဲ့ကြောင့် အလွမ်းတွေကို မြိုသိပ်ခဲ့ရတယ်။ နောက်တော့ အာဏာသိမ်းမှုကြောင့် အထွေထွေ ခက်ခဲကြပ်တည်းသူတွေထဲ ကိုယ်လည်းအပါအဝင်မို့ မပြန်ဖြစ်ခဲ့။
ဒီကာလတွေအတွင်းမှာ အညာမြေ ဇာတိမြို့ဆီက အခြေနေတွေ၊ ကြားရတဲ့သတင်းတွေက ကောင်းတယ်ဆိုတာ မရှိ။ ရွှေဘိုဈေးကြီး မီးလောင်ခဲ့တယ်။ ကိုယ့်ရဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေရဲ့ ပူပင်မှုတွေ၊ သောကတွေ၊ ခံစားရတဲ့ဒုက္ခတွေကို အဝေးကနေ နှစ်သိမ့်ရုံသာ တတ်နိုင်ခဲ့တဲ့ ကျနော်။ ယုတ်မာရက်စက် ကောက်ကျစ်သူတွေကို တောက်ခေါက်ရင်း ကျိန်ဆဲရုံသာတတ်နိုင်ခဲ့တယ်။
၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှာတော့ ရွှေဘိုနယ်ဘက်က အဖြစ်အပျက်တွေ၊ သတင်းတွေက တဖြည်းဖြည်း ပိုကြမ်းလာခဲ့တယ်။ မတ်လဆန်းမှာတော့ မပြန်မဖြစ် ကိစ္စလေးတွေကြောင့် ကျနော် အိမ်ပြန်ဖို့ဖြစ်လာခဲ့တယ်။ မန္တလေးကနေ ရွှေဘိုသွားတဲ့ခရီးလမ်းဟာ ဟိုးအရင်တွေတုန်းကဆို ကျနော့်အတွက် ရင်ခုန်စရာ၊ ပျော်စရာ။ ဒီတခါတော့ ကျနော် ရင်ခုန်နေပေမယ့် မပျော်တဲ့အပြင် စိုးရိမ်စိတ်တွေနဲ့။
မန္တလေးကနေ ရွှေဘိုသွားတဲ့ခရီးလမ်းဟာ ဟိုးအရင်တွေတုန်းကဆို ကျနော့်အတွက် ရင်ခုန်စရာ၊ ပျော်စရာ။ ဒီတခါတော့ ကျနော် ရင်ခုန်နေပေမယ့် မပျော်တဲ့အပြင် စိုးရိမ်စိတ်တွေနဲ့။
မသွားမဖြစ် သွားလာနေကြရတဲ့ ဒီလမ်းခရီးမှာ တိုက်ပွဲတွေကြောင့် လိုရာခရီးမဆက်နိုင်ဘဲ ပြန်လှည့်ကြရတာတွေ၊ တိုက်ပွဲဖြစ်နေချိန်မှာ ခရီးသွားတွေ ရှေ့ဆက်မရဘဲ ဘေးကင်းချိန်အထိ စောင့်ပြီးမှ သွားကြရတာတွေက ကျနော့်အတွက် ကြားပြီးသားတွေ။ ဒါပေမယ့် ဒီလိုအချိန်ကာလမျိုးမှာ ဒီလိုခရီးက ကျနော့်အတွက် ပထမဆုံး။

အဲဒီအတွေးက ရပ်မသွားဘဲ ငါတို့နယ်က လူတွေခမျာ ဒီလိုအဖြစ်တွေကို စကြုံရတုန်းက ဘယ်လိုများ ရင်ဆိုင်ခဲ့ရလဲလို့ ဆက်တွေးမိတယ်။ ဒီခရီးမှာ သတိထားမိတာက သွားလာနေကြသူတွေတိုင်းက ပြုံးပြုံးရယ်ရယ် ပေါ့ပေါ့ပါးပါးမျက်နှာထား တယောက်မှ မရှိ။ ကိုယ့်အသက်ကို ဆိုင်ရာဘုရားဆီအပ်လို့ မာန်တင်းထားရသလိုလို၊ ရှင်ရေးခက်လို့ သေရေးကို မမှုနိုင်တော့သလို၊ ကျနော် သေချာ အဓိပ္ပာယ်မဖွင့်နိုင်ပေမယ့် သေချာတာတခုကတော့ ဘယ်သူမှ ပျော်မနေတာပဲ။
ရွှေဘိုအပြန်ခရီးရဲ့ စစ်ကိုင်းတံတား (ဧရာဝတီတံတား) ပေါ်တက်ခါနီး နှာပေါက်မှာ စစ်ဆေးရေးဂိတ်ဆီ မရောက်ခင် ကားစပယ်ယာဆီကနေ အော်သံတခုထွက်လာတယ်။ “ဒီနားမှာ ဖုန်းမပြောကြပါနဲ့ဗျို့” တဲ့။ ကျနော့်ခုံနောက်က ဦးလေးကြီး ဖုန်းပြောတာရပ်လိုက်ပြီး မကြာခင်မှာပဲ နှာပေါက်ဂိတ်ကို ရောက်လာတယ်။
ဒီဂိတ်မှာ ဟိုတလောက PDF ကလေးနှစ်ယောက် အဖမ်းခံရတဲ့နေရာပဲလို့ ဖတ်မိတဲ့သတင်းတခုက ခေါင်းထဲရောက်လာတော့ ရင်ထဲဆစ်ခနဲ။ ကားပေါ်ကို mask တပ်ထားပြီး လည်ဂုတ်မှာ တက်တူးကြီးနဲ့ အသက် ၂၀ ဝန်းကျင် လူငယ်တယောက် တက်လာတာ အရပ်ဝတ်နဲ့မို့ ခရီးသည် ထင်မိပေမယ့် တာဝန်အရ စစ်ဆေးတဲ့သူဖြစ်နေတော့ အံ့သြမိပါရော။ စစ်ဆေးရေးဂိတ်မှာတောင် ယူနီဖောင်းမဝတ်နိုင်ကြတော့။
စစ်ဆေးဖို့တက်လာတဲ့ အရပ်ဝတ်နဲ့လူငယ်က ကားပေါ်က အရွယ်ကောင်း လူငယ်လေး သုံး၊ လေးယောက်ကို ဘယ်သွားမှာလဲ၊ ဘယ်ကလာလဲ၊ ဘာလုပ်တာလဲ စစ်မေးပြီး လှည့်လည်စစ်ဆေးလို့ ပြန်ဆင်းသွားတော့မှ ကျနော်လည်း ဂိတ်ဘက်ကိုကြည့်မိတယ်။ တာဝန်ယူထားသူ အားလုံးက အရပ်ဝတ်တွေနဲ့ချည်းပဲ။

စစ်ကိုင်းအထွက်ကစပြီး လမ်းတလျှောက်က ခြောက်ကပ်ကပ် ဖြစ်လာတယ်။ ကားတွေ ဥဒဟိုသွားနေကျ၊ ကားရပ်တဲ့နေရာတွေ၊ ဈေးသည်တွေ ဘာတခုမှ စည်ကားမနေဘဲ အရာရာဟာလည်း ပိုပြီးတိတ်ဆိတ်လာတယ်။ ရွှေဘို-မန္တလေးကားလမ်းမှာ အစည်ကားဆုံး ရွာကြီးတရွာဖြစ်တဲ့ ဆားတောင်ဆိုလည်း မည်ကာမတ္တလောက်သာ လူရှိနေတယ်။ လမ်းတလျှောက် ဖွင့်ထားတဲ့ဆိုင်ထက် ပိတ်ထားတဲ့ဆိုင်က ပိုများနေတာ စိတ်မကောင်းစရာ။ အစ်မတယောက်ကတော့ သူတို့သွားတုန်းကဆို ဈေးဗန်းတွေခင်းပြီးကာမှ ပြေးကြရတယ်ထင်တယ်၊ လူတွေတယောက်မှ မတွေ့ဘဲ ဈေးခင်းထားတာပဲ တွေ့ခဲ့တယ်ဆိုတဲ့ စကားကိုပြန်ကြားမိတယ်။
ကားပေါ်ကို mask တပ်ထားပြီး လည်ဂုတ်မှာ တက်တူးကြီးနဲ့ အသက် ၂၀ ဝန်းကျင် လူငယ်တယောက် တက်လာတာ အရပ်ဝတ်နဲ့မို့ ခရီးသည် ထင်မိပေမယ့် တာဝန်အရ စစ်ဆေးတဲ့သူဖြစ်နေတော့ အံ့သြမိပါရော။ စစ်ဆေးရေးဂိတ်မှာတောင် ယူနီဖောင်းမဝတ်နိုင်ကြတော့။
‘ဝက်လက်မြို့နယ်မှ ကြိုဆိုပါ၏’ ဆိုတဲ့ ဧရိယာထဲအရောက်မှာတော့ ပတ်ဝန်းကျင်က ပိုပြီးခြောက်ကပ်လာတယ်။ မဖြစ်မနေသွားနေကြရတဲ့ ကားတွေနဲ့ ဆိုင်ကယ်တစီးတလေကလွဲရင် လူမရှိဘူး။ လမ်းတွေမှာလည်း အပေါက်တွေ၊ အတားတွေနဲ့ လမ်းဘေးဝဲယာမှာ မီးခိုးတွေက နေရာတိုင်းနီးပါး ခပ်မှိုင်းမှိုင်းလွင့်နေတာ ရှုတဲ့လေမှာတောင် မီးခိုးနံ့ပါနေရောပဲ။ တချို့ရွာတွေမှာတော့ PDF အဖွဲ့တွေက ဂိတ်ထိုင်ထားကြတယ်။ ဒီဂိတ်တွေကို ဖြတ်ချိန် ခရီးသွားတွေမှာ ထိတ်လန့်မျက်နှာမရှိသလို ကျနော်ကိုယ်တိုင်လည်း လန့်မနေခဲ့ဘူး။ ပြည်သူချင်းဆိုတဲ့စိတ်က ဆက်ထားလေသလားပဲ။
လမ်းဘေးဝဲယာမှာ မီးလောင်ထားတဲ့သစ်ပင်တွေ၊ အိမ်တွေဆိုတာလည်း ကိုယ်တိုင်အပြင်မှာမြင်ရတော့ ကျနော် မျက်ရည်ကျမိတယ်။ ကားလမ်းဘေးမှာပုံထားတဲ့ မီးလောင်ပြင်က မီးကျွမ်းစတွေပုံတွေနား နေပူကြီးထဲထိုင်ပြီး ထိုးဆွရှာဖွေနေကြတဲ့ မိန်းမသားတချို့ကိုတွေ့ရတာလည်း ရင်နင့်ရတယ်။ ဒီလို ဆိတ်သုဉ်းမှုတွေ၊ လောင်ကျွမ်းပျက်ဆီးမှု မြင်ကွင်းတွေ ဆက်တိုက်ကျော်ဖြတ်လာရင်း တနေရာအရောက်တော့ ဗုဒ္ဓသာသနာနိက အဆောက်အဦတခု ဆောက်နေတာမြင် လိုက်ရတော့ စိတ်ထဲကနေ ‘သြော်’ လို့သာ ရေရွတ်မိတယ်။
လမ်းတလျှောက်တွေ့ခဲ့တဲ့ စာသင်ကျောင်းတွေဆိုတာလည်း တကျောင်းလုံးမှာ သစ်ရွက်ခြောက်တွေနဲ့ နွယ်ပင်ချုံပင်တွေနဲ့၊ ကျောင်းအဆောက်အဦးတွေကို မဖွင့်တာကြာမှန်း သိသာလွန်းတဲ့ တံခါးတွေ၊ ခြုံနွယ်တွေနဲ့ စည်းရိုးတွေက ကာရံထားလေရဲ့။ ဝက်လက်နယ်တကြောကနေ ရွှေဘိုရောက်တဲ့အထိ ပတ်ဝန်းကျင်တခုလုံး ခြောက်ကပ်တိတ်ဆိတ်ခြင်းတွေကသာ ပိုင်စိုးထားတာ ရွှေဘိုမြို့ထဲ ရောက်တဲ့အထိလည်း အဲဒီအငွေ့အသက်ကနေ ကင်းလွတ်သွားတာမရှိ။
မြို့ကလည်း ကျနော် မှတ်မိနေတဲ့မြို့ မဟုတ်တော့ဘူး။ အရမ်းစည်ကားခဲ့တဲ့ ဈေးနဲ့အနီးတဝိုက်လေးမှာ ဈေးသည် ဈေးဝယ်လေး ခပ်စိပ်စိပ်ရှိနေတာကလွဲရင် နေရာအတော်များများက ခြောက်ကပ်လို့။ အားလုံးရဲ့မျက်နှာကလည်း စစ်ပွဲထဲရောက်နေသလို တခုခုအတွက် အသင့်ရှိနေဖို့ သတိထားနေရတဲ့ပုံတွေ။
လမ်းဘေးဝဲယာမှာ မီးလောင်ထားတဲ့သစ်ပင်တွေ၊ အိမ်တွေဆိုတာလည်း ကိုယ်တိုင်အပြင်မှာမြင်ရတော့ ကျနော် မျက်ရည်ကျမိတယ်။ ကားလမ်းဘေးမှာပုံထားတဲ့ မီးလောင်ပြင်က မီးကျွမ်းစတွေပုံတွေနား နေပူကြီးထဲထိုင်ပြီး ထိုးဆွရှာဖွေနေကြတဲ့ မိန်းမသားတချို့ကိုတွေ့ရတာလည်း ရင်နင့်ရတယ်။
စစ်အုပ်ချုပ်ရေး ကြေညာပြီးစတည်းက သတင်းတွေကလည်း မြို့သေးသေးလေးမှာ ပြန့်လာတာက ညနေ ၆ နာရီ မထိုးသေးပေမယ့် လမ်းမှာ ကင်းလှည့်စစ်သားတွေနဲ့တွေ့တော့ ပက်ပက်စက်စက် အရိုက်ခံရတဲ့လူ၊ မနက် ၆ နာရီဆိုတာနဲ့ ဈေးရောင်းချင်တော့ အပြင်မထွက်ဘဲ ဆိုင်ထဲမှာပဲ ပြင်ဆင်ချက်ပြုတ်နေတာကို အသံတွေ ဆူတယ်ဆိုပြီး ဆိုင်ထဲဝင်ပြီး ရိုက်နှက်သွားတယ် ဆိုတာတွေကလည်း ချက်ချင်းဆိုတော့ လူတွေက အသံထွက်ရမှာကို ကြောက်နေကြသလိုပဲ။
အလုပ်လုပ်တဲ့ဆိုင်က ဆိုင်သိမ်းတာနောက်ကျတော့ ခပ်လှမ်းလှမ်းက အိမ်ဆီ အချိန်မီအောင်ပြန်ပေမယ့် ပစ်သတ်ခံလိုက်ရတဲ့ လူငယ်လေးသတင်းကြောင့်လည်း မြို့ကဆိုင်တွေက ညနေ ၅ နာရီ ကျော်လောက်တည်းက ပိတ်ဖို့ပြင်ကြ၊ ပိတ်ကုန်ကြပြီ။ ညနေဘက်ဆို မြို့ကြီးကိုယ်တိုင်က ခြောက်ကပ်တိတ်ဆိတ်နေရော။ အိမ်ထဲကနေတောင် အသံကျယ်ကျယ် မထွက်ဝံ့ကြတာတွေ့ရတယ်။
နောက်နေ့ မနက်စာစားပြီး မြို့ထဲ ဆိုင်ကယ်တစီးနဲ့ ဟိုဟိုဒီဒီသွားဖြစ်ရင်း သတိထားမိတာက ခါတိုင်း ဒီလိုအချိန်မှာ ကြားနေကျ သင်္ကြန်သီချင်း မပြောနဲ့ ဘယ်နေရာမှာမှကို သီချင်းသံမကြားမိဘူး။ လူတွေမျက်နှာမှာလည်း အပြုံးပျော်ဆိုတာထက် ဖိစီးမှုနဲ့ ထိတ်လန့်မှုတွေသာ ကြီးစိုးနေသလို စကားပြောရင်းကနေလည်း အသံတွေ တိုးတိုးသွားတာ အကျင့်ဖြစ်နေကြသလို။
ဈေးထဲသွားမိတော့ ကုန်အပြည့်ဖြည့်ထားပြီးကာမှ ဈေးမီးလောင်ချိန် တဆိုင်လုံးပါသွားတဲ့ သူငယ်ချင်းဆီအရောက် သူ့ဆိုင်မှာ ရောင်းကုန် တောင့်တောင့်တင်းတင်း မရှိတော့တာ ဒါ ပထမဆုံး မြင်ဖူးခြင်းပဲ။ အနီးအနားရွာတွေက ဈေးဝယ်ကို အဓိက အားထားရောင်းရတဲ့ မြို့ကလေးက အနီးအနားရွာတွေမှာ မီးရှို့မခံရတဲ့ရွာဆိုတာ မရှိသလောက် လက်ချိုးရေလို့ ငါးချောင်းမပြည့်တော့ချိန် မြို့ကလေးရဲ့ အရောင်းအဝယ်တွေ မစည်ကားတာကိုလည်း ဘယ်ဈေးသည်ကမှ ထူးပြီး မညည်းကြတော့။ ကျနော်က ဈေးဝယ်လာတဲ့အမေကြီးကို အဆင်ပြေရဲ့လား မေးမိတော့ ချက်ချင်း ဝဲတက်လာတဲ့မျက်ရည်တွေ ထိန်းရင်း “ဒီလိုပါပဲ ပြေးရင်းလွှားရင်း လုပ်ရင်းကိုင်ရင်းပေါ့” တဲ့။ ကိုယ့်ရင်ထဲအထိပါ ကူးစက်ရတဲ့ နာကျင်ခြင်းတွေ။
အလုပ်လုပ်တဲ့ဆိုင်က ဆိုင်သိမ်းတာနောက်ကျတော့ ခပ်လှမ်းလှမ်းက အိမ်ဆီ အချိန်မီအောင်ပြန်ပေမယ့် ပစ်သတ်ခံလိုက်ရတဲ့ လူငယ်လေးသတင်းကြောင့်လည်း မြို့ကဆိုင်တွေက ညနေ ၅ နာရီ ကျော်လောက်တည်းက ပိတ်ဖို့ပြင်ကြ၊ ပိတ်ကုန်ကြပြီ။ ညနေဘက်ဆို မြို့ကြီးကိုယ်တိုင်က ခြောက်ကပ်တိတ်ဆိတ်နေရော။ အိမ်ထဲကနေတောင် အသံကျယ်ကျယ် မထွက်ဝံ့ကြ
အဆိုးတွေကြားက မေတ္တာစေတနာအချို့လည်း မြင်ခဲ့ရသေးတယ်။ ဒါကတော့ အခြားသော မြို့ကြီးပြကြီးတွေ၊ အထူးသဖြင့် ရန်ကုန်ကလို ဈေးသည်တွေက အမြတ်ကြီးမစားဘဲ ဈေးဝယ်သူအတွက် စဉ်းစားပေးတာကိုပါ။ ဈေးဝယ်သူက လျှော့ပါဦး မပြောရသေးဘူး၊ ဈေးက လျှော့ပေးပြီးတဲ့ ဈေးသည်သူငယ်ချင်း၊ ရွာကဈေးဝယ်တွေကို အဓိကထားရောင်းရတဲ့ လက်ဖက်ရည်ဆိုင်မှာ “ဒီမှာ ဈေးသက်သာသားပဲ” လို့ ကျနော် ပြောတော့ “ဈေးတက်ချင်ပေမယ့် ဈေးတက်မရောင်းရက်ပါဘူး” ဆိုတဲ့ ဆိုင်ရှင်။ “ပြည်သူမှာ ပြည်သူပဲရှိတယ်” ရှိတယ်ဆိုတဲ့ အွန်လိုင်းပေါ်က စကားလုံးကြီးကို ကျနော် လက်တွေ့သိမြင်ခံစားရချိန်ပါပဲ။

ရွှေဘိုကပြန်တော့ ကားဝန်းထဲ မဆင်းခင် အောင်မြေနင်းရင်း ကိုယ့်နယ်သူနယ်သားတွေ အားလုံးအတွက် ဆုတောင်းဖြစ်ခဲ့တယ်။ အပြန်ခရီးမှာ ကားတွေတန်းနေပြီး လှည့်ပြန်ရတော့မလို တခါကြုံရပြီးနောက်မှာတော့ စစ်ကိုင်းမရောက်ခင်အထိ PDF အဖွဲ့တွေကို အလာခရီးထက် ခပ်စိပ်စိပ်တွေ့ခဲ့ရတယ်။
မိုင်းခွဲဖို့ ပြင်ဆင်ထားတာတွေ၊ ဘေးကနေပဲ ကားတွေ ခရီးသည်တွေ ကြောက်လန့်မှုတွေမရှိ မောင်းနှင်သွားလာနေကြတာ၊ လက်နက်တွေ ကိုင်ထားပေမယ့် “အားလုံးအေးဆေး ဖြစ်ပါတယ်ခင်ဗျ … ခပ်သွက်သွက်လေးသာ မောင်းပါ” လို့ လေပြေအေးနဲ့ ပြောဆိုနေတဲ့ PDF လူငယ်လေးတွေကို ကြည့်ရင်း ကျနော့်နှလုံးသားထဲ ဘေးကင်းဖို့နဲ့ အောင်နိုင်ဖို့ကိုသာ ထပ်ခါထပ်ခါ ဆုတောင်းနေမိတယ်။
မိုင်းခွဲဖို့ ပြင်ဆင်ထားတာတွေ၊ ဘေးကနေပဲ ကားတွေ ခရီးသည်တွေ ကြောက်လန့်မှုတွေမရှိ မောင်းနှင်သွားလာနေကြတာ၊ လက်နက်တွေ ကိုင်ထားပေမယ့် “အားလုံးအေးဆေး ဖြစ်ပါတယ်ခင်ဗျ … ခပ်သွက်သွက်လေးသာ မောင်းပါ” လို့ လေပြေအေးနဲ့ ပြောဆိုနေတဲ့ PDF လူငယ်လေးတွေကို ကြည့်ရင်း ကျနော့်နှလုံးသားထဲ ဘေးကင်းဖို့နဲ့ အောင်နိုင်ဖို့ကိုသာ ထပ်ခါထပ်ခါ ဆုတောင်းနေမိတယ်။
နောက်တခါနယ်ပြန်ရင် အောင်နိုင်ခြင်းနဲ့အတူ ကိုယ့်နယ်သူနယ်သားတွေရဲ့ မျက်နှာတွေမှာ ပြုံးပျော်ကျေနပ်ခြင်းတွေသာ မြင်တွေ့ရဖို့ ကျနော်တို့ ဝိုင်းဝန်းကြိုးစားရမယ်။ ငါတို့နိုင်မှ ဖြစ်မယ်။
(CHMM သည် မြန်မာသတင်းစာဆရာတဦးဖြစ်သည်။)
You may also like these stories:
ရွှေဘိုမြို့နယ်ရှိ ရက်ကန်းရုံ ရာနှင့်ချီ မီးရှို့ ဖျက်ဆီးခံရ
သတင်းအမှောင်ချခံထားရတဲ့ စစ်ကိုင်းက ပြည်သူများ
ဝက်လက်နယ်တွင်၂ ပတ်အတွင်း အိမ် ၂ ထောင်ခန့် မီးရှို့ခံရ
ဝက်လက် အနောက်ခြမ်းရွာများ မီးရှို့ခံရ