ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် အတိုက်အခံပါတီ အများအပြားကို ဖျက်သိမ်းလိုက်ခြင်းကြောင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို အသေးစိတ် ပိုမိုစူးစမ်းလေ့လာကြမည်ဖြစ်သည်။
ထိုသို့လုပ်လိုက်သောကြောင့် စစ်ကောင်စီက ရက်စွဲမသတ်မှတ်ရသေးသည့် လာမည့်ရွေးကောက်ပွဲများနှင့် ရလဒ်များကို ပြည်သူများနှင့် နိုင်ငံတကာအသိုက်အဝန်း အများစုက လက်ခံမည် မဟုတ်ကြောင်း သုတေသီများက ပြောသည်။
ထိုရွေးကောက်ပွဲများနှင့် ရလဒ်များသည် လူ ၁ သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးစေသည့် စစ်အာဏာသိမ်းမှုနောက်ပိုင်း သွေးချောင်းစီးအကျပ်အတည်း နှစ်နှစ်ကျော်အကြာ အရှေ့တောင်အာရှရှိ အဆင်းရဲဆုံး မြန်မာနိုင်ငံတွင် မတည်ငြိမ်မှုနှင့် အကြမ်းဖက်မှုများ ပိုမိုများပြားစေမည်ဟု ၎င်းတို့က ပြောသည်။
ကန့်သတ်ချက်များသော ရွေးကောက်ပွဲဥပဒေသစ်အရ ပြန်လည်မှတ်ပုံတင်ရန် ပျက်ကွက်သည့် NLD နှင့် အခြား နိုင်ငံရေးပါတီ ၃၉ ခုကို ဖျက်သိမ်းကြောင်း စစ်အရာရှိများဖြင့် ခန့်အပ်ထားသည့် မြန်မာရွေးကောက်ပွဲ ကော်မရှင်က မတ်လ ၂၈ ရက်နေ့တွင် ကြေညာသည်။
ထိုဥပဒေသစ်အရ နိုင်ငံရေးပါတီများသည် လိမ်လည်လှည့်စားသည့် ဥပဒေဆုံးဖြတ်ချက်ကို မလိုက်နာပါက ဖျက်သိမ်းရမည် ဖြစ်သောကြောင့် စစ်တပ်၏ အာဏာချုပ်ကိုင်မှုကို တိုးချဲ့ရန်သာဖြစ်စေသည်ဟု စောင့်ကြည့်လေ့လာသူများက ပြောသည်။
“ဒီလို အခြေအနေအောက်မှာ ယုံကြည်လက်ခံလောက်တဲ့ ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်ဘူး။ ရွေးကောက်ပွဲအပေါ် တုံ့ပြန်မှု ကောင်းမှာမဟုတ်လို့ မကျင်းပသင့်တဲ့ ရွေးကောက်ပွဲဖြစ်တယ်” ဟု သြစတြေးလျ မြန်မာအင်စတီကျုဥက္ကဋ္ဌ ပါမောက္ခ ခရစ်စတိုဖာ လမ့်ဘ်က ပြောသည်။
“ဒီလို အခြေအနေအောက်မှာ ယုံကြည်လက်ခံလောက်တဲ့ ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်ဘူး။ ရွေးကောက်ပွဲအပေါ် တုံ့ပြန်မှု ကောင်းမှာမဟုတ်လို့ မကျင်းပသင့်တဲ့ ရွေးကောက်ပွဲဖြစ်တယ်” ဟု သြစတြေးလျ မြန်မာအင်စတီကျုဥက္ကဋ္ဌ ပါမောက္ခ ခရစ်စတိုဖာ လမ့်ဘ်က ပြောသည်။
ရွေးကောက်ပွဲကို ယုံကြည်လက်ခံနိုင်မည်လား
လက်ရှိအခြေအနေတွင် စစ်အုပ်ချုပ်သူများက ပြုလုပ်သည့် မည်သည့် ရွေးကောက်ပွဲမဆိုသည် လက်ခံယုံကြည်နိုင်ဖွယ်မရှိ ဖြစ်နေမည်ဟု သုတေသီများက ပြောသည်။
အရပ်သားအစိုးရတုတခု ပေါ်ပေါက်စေမည့် ရွေးကောက်ပွဲဖြင့် နိုင်ငံတကာအသိုက်အဝန်းက မြန်မာကို ပြန်လည်ထိတွေ့ဆက်ဆံစေရန် လှည့်စားနိုင်မည်ဟု စစ်ကောင်စီက မျှော်လင့်နေကြာင်း ဂျော့ဝါရှင်တန် တက္ကသိုလ်မှ နိုင်ငံတကာရေးရာ ပါမောက္ခ ခရစ္စတီးနား ဖင့်ခ်က ပြောသည်။
“စစ်တပ်ရဲ့အမြင်မှာ ယှဉ်ပြိုင်မယ့် ပါတီတွေရှိနေသမျှ စစ်အုပ်ချုပ်ရေးကို ဖုံးကွယ်ဖို့ တရားဝင်မှုနဲ့ အရပ်သား အုပ်ချုပ်ရေးအတု လုပ်လို့ရမယ်လို့ ထင်နေတာ” ဟု ပါမောက္ခ ဖင့်ခ်က CNA သတင်းဌာနသို့ ပြောသည်။
“ပြဿနာက စစ်ကောင်စီက အကြမ်းဖက်မှုရပ်ဖို့ ညှိနှိုင်းတာ၊ အားထုတ်တာ မရှိတော့ မြန်မာပြည်သူအများစုက စစ်ကောင်စီအောက်က ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို လက်မခံတာပဲ ဖြစ်တယ်။ အဲဒီတော့ နိုင်ငံရေးအကြမ်းဖက်မှုတွေပဲ ပိုမိုဖြစ်လာတော့မယ်” ဟု ၎င်းကပြောသည်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းရန် လုပ်ဆောင်နေခြင်း မဟုတ်ဘဲ အာဏာသိမ်းမှုကို တရားဝင်အောင် ရွေးကောက်ပွဲအတု ကျင်းပရန် လုပ်နေခြင်းသာ ဖြစ်ကြောင်း လွတ်လပ်သော သုတေသီ ဒေးဗစ်စကော့ မက်သီဆန်က ပြောသည်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းရန် လုပ်ဆောင်နေခြင်း မဟုတ်ဘဲ အာဏာသိမ်းမှုကို တရားဝင်အောင် ရွေးကောက်ပွဲအတု ကျင်းပရန် လုပ်နေခြင်းသာ ဖြစ်ကြောင်း လွတ်လပ်သော သုတေသီ ဒေးဗစ်စကော့ မက်သီဆန်က ပြောသည်။
“စစ်ကောင်စီဥပဒေအောက်မှာ NLD နဲ့ တခြားပါတီအများအပြား မှတ်ပုံပြန်တင်မှာ မဟုတ်ဘူးဆိုတာ လူတိုင်းသိတယ်” ဟု ၎င်းကပြောသည်။
“ဒါက စစ်အုပ်ချုပ်ရေး တရားဝင်ကြောင်းပြဖို့လုပ်တဲ့ မဖြစ်နိုင်တဲ့ နောက်ထပ်ခြေလှမ်းတခုပဲ” ဟုလည်း ပြောသည်။
မှတ်ပုံတင်ရန် NLD ၏ ငြင်းဆန်မှု
ရွေးကောက်ပွဲအာဏာပိုင်များထံတွင် မှတ်ပုံတင်မည် မဟုတ်ကြောင်း NLD က အကြိမ်ကြိမ်ပြောပြီး စစ်ကောင်စီနှင့် ၎င်းတို့စီစဉ်နေသည့် ရွေးကောက်ပွဲ၏ တရားဝင်မှုကို အသိအမှတ်ပြုမည် မဟုတ်ဟု ပြောသည်။
NLD သည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြိုနိုင်သော်လည်း စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အရပ်သားအစိုးရကို ဖြုတ်ချသောအခါ ပါတီဝင် ရာပေါင်းများစွာ အဖမ်းခံထားရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို အမှုပေါင်းများစွာဖြင့် ဆယ်စုနှစ်များစွာကြာသည့် ထောင်ဒဏ်များ ချမှတ်ထားသည်။
“NLD ဟာ အရင်ကလည်း ဖိနှိပ်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ အများကြီးခံခဲ့ရဖူးတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ကျနော်တို့ မြင်ရတာမျိုး မဟုတ်ဘူး။ အခုဟာတွေက ခေါင်းဆောင်အများအပြားကို ပစ်မှတ်ထားတာ၊ သိမ်းကြုံးဖမ်းတာ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ လုပ်ကြံသတ်ဖြတ်တာတွေ” ဟု မစ္စတာ မက်သီဆန်က ပြောသည်။
“အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ ပါတီဝင်အများစုက ဒါဟာ NLD ရဲ့နိဂုံးလို့ ယူဆမှာမဟုတ်ဘူး” ဟု ၎င်းကပြောပြီး ၂၀၂၀ ရွေးကောက်ပွဲအတွင်းက NLD ၏ အောင်ပွဲကို မဲဆန္ဒရှင်များ မေ့မည်မဟုတ်ကြောင်း ပြောသည်။
NLD နှင့် အခြားအတိုက်အခံပါတီများကို ယခုနောက်ဆုံးအကြိမ် ချေမှုန်းခြင်းသည် ပြည်သူလူထု ယုံကြည်မှု တည်ဆောက်ရန် စစ်ကောင်စီအတွက် ပိုမိုခက်ခဲစေမည်ဖြစ်ကြောင်း ၁၉၈၆ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်တာဝန် ထမ်းဆောင်ခဲ့သူ ပါမောက္ခ လမ့်ဘ်က ပြောသည်။
“မှတ်ပုံတင်တင်၊ မတင်တင် NLD နဲ့ အခြား ၃၉ ပါတီဟာ နိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်မှာ အရေးပါတဲ့အင်အားစုတခု ဆက်ဖြစ်နေမှာပဲ” ဟု CNA သတင်းဌာန၏ Asia Now အစီအစဉ်သို့ သူကပြောသည်။
“မှတ်ပုံတင်တင်၊ မတင်တင် NLD နဲ့ အခြား ၃၉ ပါတီဟာ နိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်မှာ အရေးပါတဲ့အင်အားစုတခု ဆက်ဖြစ်နေမှာပဲ” ဟု CNA သို့ သူကပြောသည်။
ဆက်လက် သွေးချောင်းစီးမည်
သွေးချောင်းဆက်လက်စီးနေမည်ဟု လေ့လာသူများက မျှော်လင့်ပြီး ငြိမ်းချမ်းသော ဆန္ဒပြပွဲများကို စစ်ကောင်စီက အကြမ်းဖက်သောကြောင့် လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာကြောင်း ပြောကြသည်။
“စစ်ကောင်စီက ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို အရမ်း ရက်ရက်စက်စက် ဖြိုခွဲတဲ့အတွက် လူအများအပြားက သူတို့မှာ ခုခံတော်လှန်တာကလွဲပြီး တခြားရွေးစရာ မရှိတော့ဘူးလို့ ခံစားရပြီး ခုခံတော်လှန်ရေးကို ထောက်ခံဖို့ တွန်းအားပေးလိုက်တယ်” ဟု ပါမောက္ခ ဖင့်ခ်က ပြောသည်။
မြန်မာစစ်တပ်က အာဏာသိမ်းသောအခါ နိုင်ငံသားများသည် အကြမ်းမဖက်သော သပိတ်များနှင့် လမ်းမပေါ် ဆန္ဒပြပွဲများဖြင့် တုံ့ပြန်ခဲ့သည်။
စစ်တပ်က အတိုက်အခံများကို ဖိနှိပ်ရန် လူသတ် လက်နက်များသုံးပြီး အတိုက်အခံ ခုခံတော်လှန်ရေး အင်အားစုများသည် “အကြမ်းဖက်သမားများ” ဖြစ်သည်ဟု ပြောသည်။
အရေးပေါ်အခြေအနေကို ဖေဖော်ဝါရီလတွင် သက်တမ်းတိုးလိုက်ခြင်းက စစ်ကောင်စီသည် စစ်အာဏာသိမ်းမှုနှင့် စစ်အုပ်ချုပ်ရေးကို ၎င်းတို့မျှော်လင့်မထားသည့် များစွာပိုမိုကြီးမားသော ဆန့်ကျင်မှုနှင့် ရင်ဆိုင်နေရကြောင်း ပြသနေသည်ဟု မစ္စတာ မက်သီဆန်က ပြောသည်။
“အရေးပေါ်အခြေအနေဆိုတာ စစ်မြေပြင်မှာရော မြန်မာပြည်သူတွေအကြား တရားဝင်မှုအရပါ တကယ့်လက်တွေ့မှာ သူတို့ရှုံးနေကြောင်း ပြသတဲ့လက္ခဏာ ဖြစ်တယ်” ဟုလည်း ၎င်းကပြောသည်။
“ဒီအခြေအနေက သူတို့မှာ ရွေးကောက်ပွဲအတုတောင် ကျင်းပဖို့ စွမ်းရည်မရှိကြောင်း ပြသနေတယ်” ဟုလည်း ပြောသည်။
ASEAN ၏ အခန်းကဏ္ဍ မေးခွန်းထုတ်ခံနေရ
နိုင်ငံတကာအသိုက်အဝန်းက အထီးကျန်ထားမည့် ခြိမ်းခြောက်မှု တိုးလာခြင်းအပေါ် မြန်မာစစ်ကောင်စီက အလျှော့ပေးမည်လားဟု မေးသောအခါ ပါမောက္ခ ဖင့်ခ်က စစ်ကောင်စီသည် ထိုသို့သော အတွေ့အကြုံကို ကျင့်သားရနေကြောင်း ပြောသည်။
၁၉၄၈ ခုနှစ်တွင် ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်က စတင်သည့် တိုတောင်းသော ဒီမိုကရေစီအုပ်ချုပ်ရေး ဆယ်စုနှစ်မတိုင်မီအထိ စစ်အုပ်ချုပ်ရေးအောက်တွင် နေထိုင်ရသည်။
မြန်မာသည် တရုတ်နှင့် ရုရှားထောက်ခံမှုတို့နှင့် သွေးကွဲနေသော အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ ထောက်ခံမှုဖြင့် လုံးဝအထီးကျန်သည့် အနေအထားရောက်မည် မဟုတ်ကြောင်း ပါမောက္ခ ဖင့်ခ်က ပြောသည်။
မြန်မာသည် တရုတ်နှင့် ရုရှားထောက်ခံမှုတို့နှင့် သွေးကွဲနေသော အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ ထောက်ခံမှုဖြင့် လုံးဝ အထီးကျန်သည့် အနေအထားရောက်မည် မဟုတ်ကြောင်း ပါမောက္ခ ဖင့်ခ်က ပြောသည်။
မြန်မာအကျပ်အတည်းကို ဖြေရှင်းရန် အားထုတ်မှုများအတွက် ASEAN သည် ဝေဖန်ခံနေရသော်လည်း မျှော်လင့်ချက်မှာ ယခုနှစ်အလှည့်ကျ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေသည့် အင်ဒိုနီးရှားအပေါ် မူတည်နေသည်ဟု ကျွမ်းကျင်သူများက ပြောသည်။
“ASEAN က ထိရောက်သင့်သလောက် ထိထိရောက်ရောက် မလုပ်ဘူး။ ဒါပေမယ့် အင်ဒိုနီးရှားက မြန်မာစစ်ကောင်စီအနေနဲ့ စေ့စပ်ညှိနှိုင်းဖို့ စဉ်းစားအောင် လုပ်နိုင်မယ့် နည်းလမ်း ရှာနေတယ်” ဟု ပါမောက္ခ ဖင့်ခ်က ပြောသည်။
သို့သော် မစ္စတာ မက်သီဆန်က ASEAN စွမ်းရည်နှင့် ပတ်သက်ပြီး သိပ်အကောင်းမမြင်လှပေ။
အဖွဲ့ဝင် ၁၀ နိုင်ငံရှိသော ASEAN သည် အကြမ်းဖက်မှုများကြောင့် ထိတ်လန့်ပြီး သံတမန်ရေးအရ အဖြေမရှာနိုင်သည့် စစ်ကောင်စီကြောင့် တုန်လှုပ်ရမည်ဖြစ်သော်လည်း စစ်ကောင်စီသည် ၎င်းတို့ဘက်က အသာမရသည့် အဖြေကို စိတ်မဝင်စားကြောင်း ၎င်းကပြောသည်။
“ကံမကောင်း အကြောင်းမလှတာက သူတို့ဟာ သူတို့ ဖန်တီးထားတဲ့ အရှုပ်ထုပ်ကနေ လွတ်မြောက်အောင် စစ်တပ်ကို လမ်းကြောင်းကူညီရှာဖွေပေးဖို့ လုပ်တာ နှစ်နှစ်ကြာလာလို့ မယုံကြည်နိုင်လောက်အောင် စိတ်ပျက်နေတဲ့ အင်ဒိုနီးရှားနဲ့ အခြား ASEAN နိုင်ငံတွေအနေနဲ့ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ လုပ်နေတာတောင်မှ ဘယ်လိုကြားဝင် ကူညီပေးမှုကိုမှ လက်မခံဘဲ ခေါင်းမာနေတဲ့ စစ်ကောင်စီနဲ့ ဆက်ဆံနေရတာ ဖြစ်တယ်” ဟု မစ္စတာ မက်သီဆန်က ပြောသည်။
“ASEAN ဖြစ်ဖြစ်၊ ကုလသမဂ္ဂဖြစ်ဖြစ် ဘယ်သူ့သံတမန်ရေးကမှ အပြုသဘော ရလဒ်တွေ ထွက်လာတာ တွေ့ရမှာမဟုတ်ဘူး။ အခုလောလောဆယ် မြန်မာစစ်တပ်က ဆက်လက်ရပ်တည်ဖို့ ရုန်းကန်နေရပြီး သံတမန်ရေးက အလုပ်ဖြစ်မှာမဟုတ်ဘူး” ဟုလည်း ၎င်းကပြောသည်။
(CNA မှ Darrelle Ng ၏ Dissolving Aung San Suu Kyi’s NLD party makes junta’s election plans less credible: Analysts ကို ဘာသာပြန်သည်။)
NLD ပါတီ ဖျက်သိမ်းခံရမှု တရုတ်နှင့်အာဆီယံ နှုတ်ဆိတ်နေ
စစ်အာဏာရှင်လက်အောက် NLD ပါတီ ဒုတိယအကြိမ် ဖျက်သိမ်းခံရ
NLD ပါတီတွင်းသပ်လျှိုရန် စစ်ကောင်စီကြိုးစားနေ
စစ်တပ် ဖျက်ဆီးခဲ့သော ပြည်သူတို့၏ ဆန္ဒမဲများ
ရာဇပလ္လင်ကို ဖက်တွယ်ရေး ကြိုးစားနေသည့် မင်းအောင်လှိုင်
စစ်အာဏာမသိမ်းဖို့ ဒေါ်အောင်ဆန်းစုကြည် ဘာတွေ ကမ်းလှမ်းခဲ့သလဲ