ငယ်ရွယ်သော Generation Z များသည် အကြီးမားဆုံးမဲဆန္ဒရှင်အုပ်စု မဟုတ်သေးသော်လည်း ၎င်းတို့၏ နိုင်ငံရေးတွင် ပြင်းထန်သော စိတ်ဝင်စားမှုသည် လာမည့်လတွင် ကျင်းပမည့် ထိုင်းရွေးကောက်ပွဲအပေါ် အကြီးအကျယ် သြဇာသက်ရောက်မည် ဖြစ်သည်။
လူဦးရေ ၇ ဒသမ ၆၇ သန်းရှိသော Generation Z များ (အသက် ၁၈ နှစ်မှ ၂၆ နှစ်ကြား ထိုင်းနိုင်ငံသားများ) ၏ ၈၅ ရာခိုင်နှုန်းသည် မေလ ၁၄ ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲတွင် မဲပေးရန် ရည်ရွယ်ကြကြောင်း စစ်တမ်းများက ဖော်ပြသည်။
Gen Z မျိုးဆက်ဝင်များသည် နိုင်ငံမှ မဲပေးခွင့်ရှိသူ ၅၂ သန်းတွင် နှိုင်းယှဉ်ချက်အားဖြင့် သေးငယ်သော အုပ်စုတခုသာ ဖြစ်သော်လည်း ၎င်းတို့၏အသံကို အခြားသူများကြားအောင် အတူတကွ လုပ်ဆောင်နိုင်ပါက ၎င်းတို့၏ရွေးချယ်မှုသည် အရေးပါမည်ဖြစ်သည်။
Gen Z မျိုးဆက်ဝင်များသည် နိုင်ငံမှ မဲပေးခွင့်ရှိသူ ၅၂ သန်းတွင် နှိုင်းယှဉ်ချက်အားဖြင့် သေးငယ်သော အုပ်စုတခုသာ ဖြစ်သော်လည်း ၎င်းတို့၏အသံကို အခြားသူများကြားအောင် အတူတကွ လုပ်ဆောင်နိုင်ပါက ၎င်းတို့၏ရွေးချယ်မှုသည် အရေးပါမည်ဖြစ်သည်။
နိုင်ငံရေးနိုးကြားသော Gen Z
ရွေးကောက်ပွဲနေ့တွင် နေရပ်မပြန်နိုင်သောကြောင့် ပြင်ပမဲဆန္ဒနယ်တွင် မဲပေးရန် မှတ်ပုံတင်ထားပြီးဖြစ်ကြောင်း အသက် ၂၄ နှစ်အရွယ် ပင်ပစ်ချာယာက ပြောသည်။
“ကျမရဲ့မဲပေးခွင့်ကို ကျမ ကျင့်သုံးနိုင်ဖို့ လုပ်ဆောင်ထားပြီးပြီ။ ကျမတို့ တိုင်းပြည်အုပ်ချုပ်ရေးမှာ ကျမ ပြောရေးဆိုခွင့်ရချင်တယ်။ ကျမ နိုင်ငံရေးသတင်းတွေ ဖတ်နေတာကြာပြီ” ဟု မျိုးရိုးအမည် မဖော်ပြလိုသူ မစ္စ ပင်ပစ်ချာယာက ပြောသည်။
ယခု အထွေထွေရွေးကောက်ပွဲသည် ပင်ပစ်ချာယာအတွက် ပထမဆုံးမဲပေးခွင့်ရသည့် ရွေးကောက်ပွဲ ဖြစ်သည်။
သူနှင့် သက်တူရွယ်တူ အများအပြားကဲ့သို့ပင် ပထဆုံးအကြိမ် လုပ်ငန်းခွင်ဝင်သူ ပင်ပစ်ချာယာသည် ရှေ့သို့ချီပါတီ (Move Forward Party) ကို ထောက်ခံသူဖြစ်သည်။ သူ၏အမြင်တွင် ထိုပါတီသည် မျိုးဆက်သစ်များကို ကိုယ်စားပြုပြီး ထိုင်းလူ့အဖွဲ့အစည်းတွင် ပိုမိုကောင်းမွန်သော အပြောင်းအလဲကို တွေ့မြင်ရရန် လူငယ်များကို မျှော်လင့်ပေးသည် ဟုထင်သည်။
“မညီမျှမှုတွေကို သုတ်သင်ဖယ်ရှားရမယ်။ ဒီမိုကရေစီ ပိုမိုတောင့်တင်းကြံ့ခိုင်ရမယ်။ အဆင့်တိုင်း ပြဿနာဖြေရှင်းရာမှာ ပြည်သူဗဟိုပြုနည်းလမ်း အသုံးပြုသင့်တယ်”
“မညီမျှမှုတွေကို သုတ်သင်ဖယ်ရှားရမယ်။ ဒီမိုကရေစီ ပိုမိုတောင့်တင်းကြံ့ခိုင်ရမယ်။ အဆင့်တိုင်း ပြဿနာဖြေရှင်းရာမှာ ပြည်သူဗဟိုပြုနည်းလမ်း အသုံးပြုသင့်တယ်” ဟုလည်း သူကပြောသည်။
အခြား Gen Z တဦးဖြစ်သည့် အသက် ၂၀ အရွယ် တက္ကသိုလ်ကျောင်းသူ အောင်းမ်၏ နိုင်ငံရေးအမြင်သည် ကွဲပြားသည်။ သူက ဖွေထိုင်းပါတီ၏ မူဝါဒများကို အကြိုက်ဆုံးဖြစ်ပြီး အထူးသဖြင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး အခမဲ့ထိုးပေးရန်နှင့် ပြည်သူလူထုကို အမှန်တကယ် အကျိုးဆောင်ရေးအတွက် ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံကို ပြုပြင်ရန် ကတိပြုထားသည်ကို သဘောကျသည်။
“နိုင်ငံရေးဟာ လူတိုင်းအပေါ် သက်ရောက်မှု ရှိတယ်လို့ ယုံကြည်တဲ့အတွက် တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေကို လေ့လာနေတာ အတော်ကြာပြီ။ ကျမရဲ့မဲက နိုင်ငံကို ပြောင်းလဲစေမယ်လို့ ယုံကြည်လို့ ကျမ မဲပေးမယ်” ဟု သူကပြောသည်။
၂၀၁၉ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲပေးသူအရေအတွက်မှာ မဲပေးခွင့်ရှိသူများ၏ ၇၄ ဒသမ ၈၄ ရာခိုင်နှုန်းရှိသည်။
လူကြိုက်အများဆုံး ဝန်ကြီးချုပ်လောင်းများ
ရန်းစစ်တက္ကသိုလ်၊ နိုင်ငံရေး သိပ္ပံဌာနမှ တွဲဖက်ပါမောက္ခ သမ်ရောင်ဆက် ပက်ချ်လာတန်နန် ပြုလုပ်ခဲ့သည့် မကြာသေးမီက စစ်တမ်းအရ Move Forward Party ခေါင်းဆောင် မစ္စတာ ပီတ လမ်ဂျာရွန်ရက်သည် လူငယ်များက ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်ထားသူများတွင် ထိပ်ဆုံးရောက်နေသည်။
မတ်လ ၁၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကောက်ယူပြီး Gen Z ၁၀၅၀ ပါဝင်သည့် ထိုစစ်တမ်းတွင် ဖြေဆိုသူ ၂၉ ဒသမ ၂ ရာခိုင်နှုန်းက မစ္စတာ ပီတကို နောက်လာမည့် ဝန်ကြီးချုပ်သစ် ဖြစ်စေလိုသည်။
မတ်လ ၁၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကောက်ယူပြီး Gen Z ၁၀၅၀ ပါဝင်သည့် ထိုစစ်တမ်းတွင် ဖြေဆိုသူ ၂၉ ဒသမ ၂ ရာခိုင်နှုန်းက မစ္စတာ ပီတကို နောက်လာမည့် ဝန်ကြီးချုပ်သစ် ဖြစ်စေလိုသည်။
လူငယ်များအကြား ဒုတိယလူကြိုက်အများဆုံးမှာ ဖွေထိုင်းပါတီမှ မစ္စ ပေတောင်တန် ရှင်နာဝပ် ဖြစ်ပြီး ၂၃ ရာခိုင်နှုန်းက သူ့ကိုထောက်ခံကြသည်။ တတိယထောက်ခံမှု အများဆုံးဖြစ်သည့် ထိုင်းစန်ထိုင်းပါတီ ခေါင်းဆောင် ခွန်ယင်း ဆူဒါရက် ကီယူရာဖန်မှာ ၃ ဒသမ ၃ ရာခိုင်နှုန်းသာ ထောက်ခံမှုရသည်။ ယူနိုက်တက် ထိုင်းနေးရှင်းပါတီမှယှဉ်ပြိုင်မည့် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာသည် ထောက်ခံမှု ၁ ဒသမ ၃ ရာခိုင်နှုန်းသာ ရသည်။ သို့သော် စစ်တမ်းကောက်ယူသူများ၏ ၂၆ ဒသမ ၉ ရာခိုင်နှုန်းက ဖြေကြားရန် ငြင်းဆန်သည်ဆိုသည့်အချက်ကို မှတ်သားသင့်သည်။
လူငယ်မဲဆန္ဒရှင်များ စောင့်ကြည့်နေသည့်ပါတီများ
လူငယ်များက Move Forward ပါတီသည် ၎င်းတို့နှင့်ဆက်စပ်သည်ဟု ယူဆသောကြောင့် ထိုပါတီကို ပိုမိုနှစ်သက်သည်ဟု ဘူရာဖာတက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံနှင့် ဥပဒေ မဟာဌာနမှ မစ္စတာ အိုလန် သင်ဘန်တီယိုက ပြောသည်။
“လူငယ်မဲဆန္ဒရှင်တွေက ဒီပါတီဟာ သူတို့မျိုးဆက်က လာတယ်လို့ ခံစားကြတယ်။ Move Forward ပါတီက မဲဆန္ဒရှင်တွေဆီ ဆက်သွယ်ပြီး ဆက်ဆံရေးလည်း ကောင်းတယ်” ဟု ၎င်းကပြောသည်။
သူ၏အမြင်အရ ရာဇဝတ်မှုဥပဒေ ပုဒ်မ ၁၁၂ သို့မဟုတ် တော်ဝင်မိသားစုကို ကာကွယ်ပေးသည့် ဥပဒေကို ပြင်ဆင်ရန် Move Forward ၏ အပြင်းအထန် တောင်းဆိုမှုသည် နိုင်ငံရေးကို စည်းခြားပေးသောမျဉ်း ဖြစ်သည်။ လူငယ်မဲဆန္ဒရှင်အချို့သည် Move Forward ထက် ဖွေထိုင်းပါတီဘက်သို့ ယိမ်းကြသည်မှာ တော်ဝင်မိသားစုကို ကာကွယ်သည့်ဥပဒေအား ပြင်ဆင်ရန်လိုသည်ဟု မယူဆသောကြောင့် ဖြစ်ကြောင်း မစ္စတာ အိုလန် သင်ဘန်တီယိုက ပြောသည်။
ဝရမ်းပြေး ဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ရှင်နာဝပ်၏ အငယ်ဆုံးသမီးနှင့် ဖွေထိုင်းပါတီ၏ ဝန်ကြီးချုပ်လောင်းဖြစ်သူ မစ္စ ပေတောင်တန်သည် Gen Z နှင့် Gen Y တို့အကြား လူကြိုက်များသည်ဟု ယူဆကြသည်။
ဝရမ်းပြေး ဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ရှင်နာဝပ်၏ အငယ်ဆုံးသမီးနှင့် ဖွေထိုင်းပါတီ၏ ဝန်ကြီးချုပ်လောင်းဖြစ်သူ မစ္စ ပေတောင်တန်သည် Gen Z နှင့် Gen Y တို့အကြား လူကြိုက်များသည်ဟု ယူဆကြသည်။
အခြားမျိုးဆက်များ၏ ရပ်တည်ချက်
Gen Y တွင် အသက် ၂၇ နှစ်နှင့် ၄၂ နှစ်ကြားလူများပါဝင်သည်။ ထိုင်းနိုင်ငံသား ၁၅ ဒသမ ၁၄ ရာခိုင်နှုန်းရှိသော Gen Y များသည် မဲဆန္ဒရှင်များ၏ အများပြားဆုံး အုပ်စုများတွင် ပါဝင်သည်။ အနည်းငယ်မျှသာ ပိုမိုကြီးမားသည့်အုပ်စုဖြစ်သော ၁၉၆၅ မှ ၁၉၈၁ ခုနှစ်အတွင်း မွေးဖွားသည့် Gen X များသည် ၁၆ ဒသမ ၁၅ သန်းရှိပြီး မဲပေးခွင့်ရှိသူများ၏ ၃၀ ဒသမ ၃၈ ရာခိုင်နှုန်းရှိသည်။
အသက် ၅၉ မှ ၇၇ နှစ်အကြား ဘေဘီဘွန်းမား (Baby Boomers) အရေအတွက်မှာ ၁၁ ဒသမ ၁၅ သန်းရှိပြီး အသက် ၇၈ နှစ်မှ ၉၉ နှစ်အကြားရှိသည့် တိတ်ဆိတ်သောမျိုးဆက် (Silent Generation) မှာ ၂ ဒသမ ၂၃ သန်းသာရှိသည်။
ထိုင်းနိုင်ငံတွင် အသက် ၉၉ နှစ်အထက် မဲဆန္ဒရှင် ၃၆,၁၇၉ ဦးလည်း ရှိနေသည်။
ထိုင်းနိုင်ငံတွင် အသက် ၉၉ နှစ်အထက် မဲဆန္ဒရှင် ၃၆,၁၇၉ ဦးလည်း ရှိနေသည်။
ဘေဘီဘွန်းမားများနှင့် တိတ်ဆိတ်သော မျိုးဆက်တို့သည့် လွန်စွာတူညီသည့် လူမှုနှင့် နိုင်ငံရေး အတွေ့အကြုံများကို ခံစားခဲ့ရသောကြောင့် ၎င်းတို့ကို အုပ်စုတခုတည်းအဖြစ် သတ်မှတ်နိုင်ကြောင်း ချူလာလောင်ကွန်း တက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံဌာနမှ လက်ထောက် ပါမောက္ခ ဒေါက်တာ ကန်နိုကရက် လတ်ချိုးစာကူးက ပြောသည်။
“အဲဒီမျိုးဆက် နှစ်ခုက လူမှုရေးပြဿနာတွေမှာ ရှေးရိုးစဉ်လာသမားတွေ ဖြစ်ပေမယ့် သူတို့မှာ မတူညီတဲ့ နိုင်ငံရေးအမြင်တွေ ရှိကြတယ်။ သူတို့ရဲ့ နိုင်ငံရေးအမြင်တွေက အရမ်းထင်ရှားတယ်” ဟု ၎င်းကပြောသည်။
ဒေါက်တာ ကန်နိုကရက်၏ အဆိုအရ Gen X နှင့် Gen Y များသည် တူညီသောအတွေ့အကြုံ ရှိသော်လည်း နိုင်ငံရေးသစ္စာခံမှုကွဲပြားပြီး ကြိုတင်ခန့်မှန်းရန် ခက်ခဲကြောင်း သိရသည်။
၎င်းတို့ကြုံတွေ့ရသည့် ပဋိပက္ခများဖြစ်သည့် စစ်အာဏာရှင်စနစ်နှင့် ဒီမိုကရေစီအကြား ပဋိပက္ခ၊ စီးပွားရေး တိုးတက်နေသော်လည်း နိုင်ငံရေး ဖရိုဖရဲဖြစ်နေခြင်း၊ ရွေးကောက်ခံအစိုးရက ဒုက္ခများကို ဖန်တီးနေခြင်းနှင့် ဘဝများကို ရုတ်တရက်ပြောင်းလဲစေသည့် နည်းပညာတို့အရ ထိုအုပ်စုသည် မတူညီသည့် နိုင်ငံရေးအမြင်များ ရှိကြသည်။
“ဒီမျိုးဆက်တွေထဲမှာ အုပ်စုကွဲလေးတွေ အများကြီးရှိပြီး သူတို့က ဘယ်သူ့ကို မဲပေးမယ်ဆိုတာ မဆုံးဖြတ်ရသေးဘူး” ဟု ၎င်းကရှင်းပြသည်။
Gen Y များ၏ ၇၀ ရာခိုင်နှုန်းခန့်သည် လစ်ဘရယ်ဝါဒီများဖြစ်ပြီး ကျန်သူများသည် ရှေးရိုးစဉ်လာသမားများ ဖြစ်သည်
Gen Y များ၏ ၇၀ ရာခိုင်နှုန်းခန့်သည် လစ်ဘရယ်ဝါဒီများဖြစ်ပြီး ကျန်သူများသည် ရှေးရိုးစဉ်လာသမားများ ဖြစ်သည်ဟု ဘုရင် ပရာဂျာဒီပေါ့ အင်စတီကျူမှ Office of Innovation for Democracy ၏ ဒါရိုက်တာ စတီသွန် သန်နာနီသီချော့က ခန့်မှန်းသည်။
နောက်မျိုးဆက်တွေက ပိုမိုညီမျှတယ်ဟုလည်း ၎င်းကပြောသည်။ “Gen X တွေရဲ့ ထက်ဝက်လောက်က ရှေးရိုးစဉ်လာဝါဒီတွေဖြစ်ပြီး ကျန်တဝက်က လစ်ဘရယ်တွေလို့ ကျနော်ထင်တယ်” ဟုလည်း ပြောသည်။
ပိုမိုငယ်ရွယ်သော မျိုးဆက်များဖြစ်သည့် Gen Z နှင့် အယ်လ်ဖာများ (၂၀၁၀ နှင့် နောက်ပိုင်းမွေးသူများ) သည် နိုင်ငံရေး ကမောက်ကမအချိန်တွင် လူလားမြောက်သောကြောင့် များစွာပိုမိုလစ်ဘရယ်ဆန်သည် ဟုလည်း သူကပြောသည်။
“ရှေးရိုးစဉ်လာအုပ်စု အင်အားကောင်းလာတဲ့အခါ နိုင်ငံရေးပြဿနာတွေက တိုင်းပြည်ကို ဒုက္ခပေးတာကို သူတို့တွေ့မြင်ရလို့ သူတို့က ထိုင်းကို ပိုဒီမိုကရေစီကျတာ မြင်လိုကြတယ်” ဟု ဒေါက်တာ ကန်နိုကရက်က ပြောသည်။ “ဒီလူငယ်တွေက ဒီမိုကရေစီ အကန့်အသတ်နဲ့ပဲ ရှိပေမယ့် ထိုင်းစီးပွားရေး ဘယ်လိုအောင်မြင်တယ် ဆိုတာကို မမြင်ဖူးကြဘူး” ဟုလည်း ပြောသည်။
အနှစ်သာရအားဖြင့် ဆိုရပါက ပြည်သူများသည် အတွေ့အကြုံ၊ အကျိုးအမြတ်နှင့် အနာဂတ်တွင် မည်သို့ဖြစ်နိုင်သည်ဆိုသည့် ယုံကြည်ချက်များကို အခြေခံကာ မဲပေးရန်ဆုံးဖြတ်ကြသည်။
အနှစ်သာရအားဖြင့် ဆိုရပါက ပြည်သူများသည် အတွေ့အကြုံ၊ အကျိုးအမြတ်နှင့် အနာဂတ်တွင် မည်သို့ဖြစ်နိုင်သည်ဆိုသည့် ယုံကြည်ချက်များကို အခြေခံကာ မဲပေးရန်ဆုံးဖြတ်ကြကြောင်းလည်း ဒေါက်တာ ကန်နိုကရက်က ပြောသည်။
“မတူညီတဲ့ မျိုးဆက်တွေမှာ မတူညီတဲ့ အတွေ့အကြုံတွေရှိပြီး အယူအဆကွဲပြားတယ်။ ဒါကြောင့် သူတို့ရဲ့ ရပ်တည်ချက်တွေနဲ့ ရွေးချယ်မှုတွေလည်း အရမ်းကွဲပြားမယ်” ဟု သူကရှင်းပြသည်။
ကိုးကား ။ ။ Thai PBS သတင်း Generation gaps could have decisive influence on Thai general election
You may also like these stories:
ကမ္ဘောဒီးယားနှင့် ထိုင်းတို့၏ ရွေးကောက်ပွဲတွေ ဘာကွာလဲ
ရွေးကောက်ပွဲပြီးလျှင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ထိုင်းပြန်ပြီး အဖမ်းခံမည်
ထိုင်းရွေးကောက်ပွဲက မြန်မာ့ဒီမိုကရေစီတိုက်ပွဲအပေါ် ရိုက်ခတ်နိုင်
ထိုင်းဝန်ကြီးချုပ်ရာထူး သက်ဆင်သမီး အပြတ်အသတ် ရေပမ်းစားနေ
ထိုင်း ရွေးကောက်ပွဲမှာ ဆေးခြောက်က ပြဿနာဖြစ်လာ