ကိုဗစ်ကပ်ရောဂါ၊ အာဏာသိမ်းစစ်ကောင်စီလေတပ်၏ ခြိမ်းခြောက်မှုတို့အပြင် အဖွဲ့တွင်း သဘောထားကွဲပြားမှုများဖြင့် ၂ နှစ်ကြာရွှေ့ဆိုင်းခဲ့အပြီး ဖေဖော်ဝါရီလက လျှို့ဝှက်စွာ ပြန်လည်ကျင်းပခဲ့သော ၁၇ ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU) ကွန်ဂရက်က မေလအတွင်းတွင် ခေါင်းဆောင်သစ် ရွေးတင်ခဲ့ကြသည်။
အသက် ၉၁ နှစ် အရွယ်ရှိ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးသည် ကျန်းမာရေး အခြေအနေကြောင့် ကွန်ဂရက်ကို စွန့်ခွာသွားသည့်နောက် ဥက္ကဋ္ဌရာထူးကို KNU ၏ ဒုဥက္ကဌဖြစ်သူ ပဒိုစောကွယ်ထူးဝင်းက ရွေးကောက်ပွဲမဲရလဒ်ဖြင့် ဆက်ခံလာသည်။
အလားတူ KNU ၏ ကြီး ၅ ကြီးဟု ခေါ်ဆိုနိုင်သည့် ဒုဥက္ကဋ္ဌရာထူး အပါအဝင် အတွင်းရေးမှူးရာထူး ၃ နေရာနှင့် တရားသူကြီးချုပ်ရာထူးတို့ကို မေလ ၃ ရက်တွင် ရွေးချယ်ခဲ့ပြီး KNU ၏ ဌာနကြီး ၁၂ ဌာနအတွက် အကြီးအကဲများကိုလည်း မေလ ၅ ရက်တွင် အပြီးခန့်အပ်ခဲ့သည်။
မေလ ၅ ရက်နေ့တွင် ၁၇ ကြိမ်မြောက် ကွန်ဂရက်အပြီး ကြေညာချက်တစောင်တွင် KNU က တန်းတူညီမျှမှုနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရန် ဆက်လက် တိုက်ပွဲဝင်မည်ဟု ထုတ်ပြန်သည်။
မေလ ၅ ရက်နေ့တွင် ၁၇ ကြိမ်မြောက် ကွန်ဂရက်အပြီး ကြေညာချက်တစောင်တွင် KNU က တန်းတူညီမျှမှုနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရန် ဆက်လက် တိုက်ပွဲဝင်မည်ဟု ထုတ်ပြန်သည်။
တင်းမာလာသော စစ်ကောင်စီနှင့် ဆက်ဆံရေး
မေလ ၅ ရက်ထုတ် ကြေညာချက်တွင် KNU သည် မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ပြီး ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး၊ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် တိုက်နေသည့် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများ၊ ဒီမိုကရေစီ အင်အားစုများ၊ လူထုလူတန်းစား အသီးသီးနှင့် အတူ လက်တွဲညီစွာ ပူးပေါင်း ကြိုးပမ်းဆောင်ရွက်မည်ဟု ရေးသားသည်။
စစ်အုပ်ချုပ်ရေး အဆုံးသတ်ရန် အခြား ဒီမိုကရေစီအင်အားစုများနှင့် ဆက်လက်ပူးပေါင်းရေး ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကြေညာချက်ကို စစ်ကောင်စီက ပြစ်တင်ရှုတ်ချသည်။
KNU ၏ ကြေညာချက်သည် အပြုသဘောမဆောင်ဘဲ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကိုဆန့်ကျင်ပြီး ထိပ်တိုက်တွေ့စေလိမ့်မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ (NSPNC) က မေလ ၁၀ ရက်နေ့တွင် ဖော်ပြသည်။
“ထိပ်တိုက်တွေ့ဆုံမှုကို အခြေခံသော လက်နက်ကိုင်တိုက်ပွဲသည် ဒီမိုကရေစီစနစ်ကို လမ်းချော်စေပြီး အကြမ်းဖက်မှု ဖြစ်စေသည်” ဟု အထက်ပါကော်မတီက ပြောပြီး NCA သည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် တခုတည်းသော လမ်းကြောင်းဖြစ်ကြောင်းလည်း ဖော်ပြသည်။
KNU သည် NCA ကို ဦးသိန်းစိန်၏ အရပ်သားတပိုင်း အစိုးရလက်ထက်တွင် လက်မှတ်ရေးထိုးထားပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာမသိမ်းမီအထိ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များတွင် ရှေ့တန်းမှ ပါဝင်ခဲ့သည်။
အာဏာသိမ်းအပြီးတွင်မူ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ရန် ရောက်လာသော PDF များအား လက်ခံကူညီရင်း KNU သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိလာသည်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကရင်နီတပ်မတော် (KA)၊ ချင်းအမျိုးသားတပ်မတော် (CNA) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ကဲ့သို့ KNU သည်လည်း စစ်ကောင်စီ၏ ဖိတ်ခေါ်မှုကို ပယ်ချကာ နွေဦးတော်လှန်ရေး ခုခံတော်လှန်ရေး အင်အားစုများနှင့်အတူ ရပ်တည်သည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကရင်နီတပ်မတော် (KA)၊ ချင်းအမျိုးသားတပ်မတော် (CNA) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ကဲ့သို့ KNU သည်လည်း စစ်ကောင်စီ၏ ဖိတ်ခေါ်မှုကို ပယ်ချကာ နွေဦးတော်လှန်ရေး ခုခံတော်လှန်ရေး အင်အားစုများနှင့်အတူ ရပ်တည်သည်။
အမည်မဖော်လိုသည့် KNU အဆင့်မြင့်အရာရှိတဦးက KNU ကွန်ဂရက်ပြီးသည့်နောက် ကြေညာချက်သည် KNU ၏ ယခင်ပေါ်လစီသာဖြစ်ပြီး KNU ခေါင်းဆောင်ပိုင်းအနေနှင့် စစ်ကောင်စီနှင့် ဆွေးနွေးမည့် အခြေအနေမရှိကြောင်း ပြောသည်။
၎င်းက “လက်ရှိခေါင်းဆောင်အများစုက လူရွယ်တွေလို့ ပြောလို့ရတယ်။ သူတို့ကတော့ သွက်သွက်လက်လက် လုပ်ချင်ကိုင်ချင်စိတ်ရှိတယ်လို့ ကျနော် နားလည်ပါတယ်။ စစ်ကောင်စီဘက်ကတော့ ဘာလုပ်လုပ်ဖိတ်တာ ၊ ခေါ်တာတွေ ရှိတယ်။ ဒီဘက် (KNU) ကတော့ စစ်အာဏာရှင်တွေနဲ့ စကားမပြောဘူးဆိုတဲ့ သဘောတော့ ရှိတယ်။ ပဒိုတောနီးတို့လည်း ဒီစစ်တပ်နဲ့ ပြောစရာမရှိဘူးဆိုတာ ပြောထားတယ်လေ။ နောင်တက်မယ့် အရပ်သားအစိုးရနဲ့ပဲ စကားပြောမယ်လို့ ပြောထားတာရှိတယ်။ သူတို့ပြောတာက ပေါ်လစီပဲလို့ ကျနော်ထင်တာပဲ” ဟု ဆိုသည်။
ဖိအားများကြားက ကွန်ဂရက်
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပြီးကတည်းက စစ်ကောင်စီ၏ တိုက်လေယာဉ်များ ဗုံးကြဲမည်ကို စိုးရိမ်သဖြင့် ရွှေ့ဆိုင်းခဲ့ရသော ကွန်ဂရက်သည် ပြန်လည်ကျင်းပသည့် ကာလတွင်လည်း KNU နယ်မြေအတွင်း စစ်ကောင်စီတိုက်လေယာဉ်များ မကြာခဏ ပျံဝဲလာမှုကြောင့် ကျီးလန့်စာစား ကျင်းပခဲ့ရကြောင်း KNU သတင်းရင်းမြစ်များ ထံမှသိရသည်။
ကွန်ဂရက်ကျင်းပနေစဉ်မှာပင် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ တပ်မဟာ ၁၊ တပ်မဟာ ၃၊ တပ်မဟာ ၅၊ တပ်မဟာ ၆ နယ်မြေများ၌ စစ်ကောင်စီနှင့် KNU ဦးဆောင်သည့် ကရင်ပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲများ ဖြစ်နေခဲ့သည်။
ယင်းအပြင် ကွန်ဂရက်ကျင်းပနေစဉ်မှာပင် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ တပ်မဟာ ၁၊ တပ်မဟာ ၃၊ တပ်မဟာ ၅၊ တပ်မဟာ ၆ နယ်မြေများ၌ စစ်ကောင်စီနှင့် KNU ဦးဆောင်သည့် ကရင်ပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲများ ဖြစ်နေခဲ့သည်။
စစ်ကောင်စီတပ်၏ လေကြောင်းမှ တိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ၊ တိုက်ပွဲများကြောင့် ဒုက္ခသည် အရေအတွက်မှာလည်း ၃၆၅၁၈၇ ဦး ရှိကြောင်း KNU လူ့အခွင့်အရေးကော်မတီ နှင့် သုတေသန မှတ်တမ်းဌာနခွဲ၏ ၂၀၂၂ခု ဒီဇင်ဘာလ ထုတ်ပြန်ချက်အရ သိရသည်။ ယခင် ရှိပြီးသား စစ်ဘေးဒုက္ခသည် အရေအတွက်နှင့် ပေါင်းပါက KNU နယ်မြေတွင် ဒုက္ခသည် ၅ သိန်းနီးပါးရှိနေသည်။
၁၇ ကြိမ်မြောက် KNU ကွန်ဂရက်သည် လုံခြုံရေးနှင့် စစ်ရေးဖိအားများအောက်တွင်သာမက ဦးသိန်းစိန်ခေတ်မှ စတင်ခဲ့သည့် အပစ်ရပ်ကာလအတွင်း စီးပွားရေးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အထူးသဖြင့် KNU ထိန်းချုပ်နယ်မြေအတွင်း အကောင်အထည်ဖော်ခဲ့ပြီး ယခုအခါ လူကုန်ကူးမှု၊ ငွေခဝါချမှုများဖြင့် ဒေသတွင်းနာမည်ကြီးနေသည့် KKPark သည် KNU ကာကွယ်ရေးဝန်ကြီးဌာနပါဝင်ပတ်သက်နေကြောင်း ကရင်အရပ်ဘက်အဖွဲ့များနှင့် ကရင်တပ်မှူးများ၏ တောင်းဆို ဖိအားပေးမှုများကြား ကျင်းပရသောကြောင့်လည်း လူအများ စိတ်ဝင်တစား ဖြစ်ကြသည်။
KNU သည် KK Park ဟု လူသိများသည့် ဟွမ်ယာ တရုတ်မြို့သစ်စီမံကိန်းကို KNU နယ်မြေ မော်ထိုတလေးတွင် ခွင့်ပြုထားသဖြင့် KNU ခေါင်းဆောင်ပိုင်း နှုတ်ထွက်ပေးရန် အထိပင် ကရင်အရပ်ဘက်အဖွဲ့များ၏ တောင်းဆိုမှုကို ကြုံရသည်။
မေလ ၁၇ ရက်တွင် ထုတ်ပြန်သည့် ဗမာဘာသာဖြင့် ကြေညာချက်တွင် KNU တပ်မဟာ ၅ ကလည်း ၎င်းတို့ ကွန်ဂရက်မှ နှုတ်ထွက်ခြင်းကို အတည်ပြုထားပြီး “KNU ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လမ်းစဉ်အောက်က ခွဲထွက်ခြင်း မဟုတ်ဘဲ KNU ၏ အနာဂတ်ဦးဆောင်မှု ခိုင်ခန့် ကောင်းမွန်ရန် အပါအဝင် လူထုယုံကြည်ထောက်ခံမှုရရှိရန်” ဖြစ်ကြောင်း ဆိုသည်။
ဒုစရိုက် စီးပွားရေး လုပ်ငန်းနှင့် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်သော စီးပွားရေးလုပ်ငန်းများသည် အဖွဲ့အစည်းအတွင်း သဘောထားကွဲလွဲမှုနှင့် ပြိုကွဲမှုဖြစ်ပေါ်စေရန်၊ လူထုနှင့် ရန်တိုက်ပေးရန် ရန်သူက ပြုလုပ်သော နည်းဗျူဟာ ဖြစ်ကြောင်း တပ်မဟာ ၅ က ဆိုသည်။
ဒုစရိုက် စီးပွားရေး လုပ်ငန်းနှင့် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်သော စီးပွားရေးလုပ်ငန်းများသည် အဖွဲ့အစည်းအတွင်း သဘောထားကွဲလွဲမှုနှင့် ပြိုကွဲမှုဖြစ်ပေါ်စေရန်၊ လူထုနှင့် ရန်တိုက်ပေးရန် ရန်သူက ပြုလုပ်သော နည်းဗျူဟာ ဖြစ်ကြောင်း တပ်မဟာ ၅ က ဆိုထားပြီး ကွန်ဂရက်မှ ရွေးကောက်လိုက်သော KNU ခေါင်းဆောင်များအနေနှင့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် ၊ စည်းမျည်းချိုးဖောက်သော KNU ခေါင်းဆောင်များကို အရေးယူရန်နှင့် ကော်သူးလေနယ်မြေ အတွင်းရှိ ဒုစရိုက်စီးပွားရေးလုပ်ငန်းများကို ချေမှုန်း၍ ဥပဒေစိုးမိုးမှု အကောင်အထည်ဖော်ရန် တာဝန်ခံရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ပြောသည်။
KNU တပ်မဟာ ၂ ကလည်း အစည်းအဝေးတွင် ခရိုင်တပ်မဟာများ အစုံအလင် ပါဝင်မှုမရှိပါက အဖွဲ့အစည်း စည်းလုံးရေး ထိခိုက်လာနိုင်သဖြင့် ကိုယ်စားလှယ်ရွေးချယ်ခြင်းမပြုသလို ကိုယ်စားလှယ်အဖြစ် အရွေးမခံခြင်းဖြစ်ကြောင်း မေလ ၁၂ ရက်တွင် ကရင်ဘာသာဖြင့် ကြေညာချက်ထုတ်သည်။ သို့သော်လည်း ကွန်ဂရက်ပြီးဆုံးသည်အထိ တက်ရောက်ခဲ့ပြီး တပ်မဟာ ၂ အနေနှင့် “ဒီမိုကရေစီလမ်းစဉ်”အား ယုံကြည်သည့်အတွက် ဖြစ်ကြောင်း ရေးသားထားသည်။
KNU ဗဟိုဘက်ကမူ KNU ခေါင်းဆောင်များအား ရာဇဝတ်မှုများနှင့်ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ရေးသားပြောဆိုမှုများအား ဆန့်ကျင်ကန့်ကွက်ကြောင်း ၎င်းတို့ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သို့သော် အခြေအနေမှန်ကို သိရှိဖော်ပြနိုင်ရေးအတွက် KNU ဗဟိုအဆင့်က ဦးဆောင်ကာ လွတ်လပ်ပြီးဘက်မလိုက်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များ ပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်း၍ KNU မူဝါဒနှင့် စည်းမျဉ်းဥပဒေများအတိုင်း အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း KNU က ဆိုသည်။
သို့ဖြစ်ရာ အထက်ပါ KNU အတွင်းပြဿနာများနှင့် ပတ်သက်၍ KNU ဗဟိုခေါင်းဆောင်များ မည်ကဲ့သို့ ကိုင်တွယ်လုပ်ဆောင်မည်ဆိုသည့် အပေါ်မူတည်ပြီး KNU တပ်မဟာ ၂ ၊ တပ်မဟာ ၅ နှင့် KNU ဗဟိုအကြား ဆက်ဆံရေးသည် အတက်အကျ ဖြစ်လာမည့်သဘောရှိသည်။
ဥက္ကဋ္ဌသစ်နှင့် ခေါင်းဆောင်မှုသစ်
တပ်မဟာ ၂ နှင့် တပ်မဟာ ၅ က မဲမပေးခဲ့သလို ဝင်ရောက်အရွေးခံခြင်းလည်း မရှိသည့် KNU ၁၇ကြိမ်မြောက် ကွန်ဂရက်က လက်ရှိ ဒုဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းအား ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင် မြှောက်လိုက်သည်။
ရန်ကုန် စီးပွားရေးတက္ကသိုလ် ကျောင်းသားဟောင်း ပဒိုစောကွယ်ထူးဝင်းသည် ၁၉၉၀ ခုနှစ် မှ ၂၀၁၂ ဝန်းကျင်အထိ KNU မြိတ်-ထားဝယ်ခရိုင် (တပ်မဟာ ၄) ဥက္ကဌအဖြစ် တာဝန်ယူခဲ့ပြီး ၁၅ ကြိမ်မြောက်ကွန်ဂရက်တွင် KNU အထွေထွေအတွင်း ရေးမှူးအဖြစ် ရွေးကောက်ခံရသူဖြစ်သည်။
သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာတွင် ပြုလုပ်သည့် NCA ကို KNU က လက်မှတ်ထိုးသောအခမ်းအနားတွင် ပဒိုကွယ်ထူးဝင်းသည် အထွေထွေအတွင်းရေးမှူးရာထူးဖြင့် အခမ်းအနားတက်ခဲ့သည်။
သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာတွင် ပြုလုပ်သည့် NCA ကို KNU က လက်မှတ်ထိုးသောအခမ်းအနားတွင် ပဒိုကွယ်ထူးဝင်းသည် အထွေထွေအတွင်းရေးမှူးရာထူးဖြင့် အခမ်းအနားတက်ခဲ့သည်။
၁၆ ကြိမ်မြောက် KNU ကွန်ဂရက်တွင် ပဒိုကွယ်ထူးဝင်းသည် KNU ဒုတိယဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ယခုအခါ KNU၏ ၁၀ဦးမြောက် ဥက္ကဌ ဖြစ်လာသည်။
အသက် ၉၁နှစ်ရှိ လက်ရှိ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးမှာ KNU အဖွဲ့၏ ဖွဲ့စည်းပုံဥပဒေအရ ထပ်မံရွေးချယ်ခံခွင့် မရှိသည်က တကြောင်း၊ အသက်အရွယ်ကြီးမြင့်ပြီး ကျန်းမာရေးအရ အနားယူသင့်နေသည်က တကြောင်း အကြောင်းအမျိုးမျိုးက သူ့ကို နိုင်ငံရေးတာဝန်မှ အနားယူစေခဲ့သည်။
စစ်ကောင်စီဘက်က KNU ခေါင်းဆောင်မှုသစ်အပေါ် သွေးတိုးစမ်းမှုဟု ယူဆဖွယ်ရာရှိသည့် လုပ်ဆောင်မှုများ တွေ့လာရသည်။
မကြာသေးသည့် မေလ ၁၄ ရက်က ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် ရေတွင်းကုန်းကြီး ကျေးရွာတွင် လက်ရှိ ရွေးကောက်တင်မြှောက်လိုက်သည့် KNU ဒုဥက္ကဋ္ဌ ပဒိုစောစဲဂေ၏ ညီဖြစ်သူနှင့် တူဖြစ်သူကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့်က လာရောက်ဖမ်းဆီးပြီး နောက်တရက် မေ ၁၅ ရက်၌ ပြန်လွှတ်ပေးခဲ့သည်။
ကျောက်ကြီးမြို့နယ်သည် KNU တပ်မဟာ ၃ အခြေစိုက်ရာ ညောင်လေးပင်ခရိုင်တွင် ပါဝင်ပြီး အဆိုပါနယ်မြေတွင် စစ်ကောင်စီနှင့် KNU ဦးဆောင်သည့် ကရင်ပူးပေါင်းတပ်များအကြား လတ်တလောတိုက်ပွဲများ ဖြစ်နေသည့် ဒေသလည်းဖြစ်သည်။
စစ်ကောင်စီတပ်သည် မေလ ၁ဝ ရက်နေ့ကလည်း ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ် ညောင်ပင်သာရွာထဲသို့ စစ်ကြောင်းထိုးဝင်လာပြီး ရွာရှိ ကလေးငယ် ၄ ဦး၊ အမျိုးသမီး ၁၁ ဦးနှင့် အခြားဒေသခံ စုစုပေါင်း ၂ဝ ဦးတို့အား ဖမ်းဆီးကာ အစုလိုက်ပြုံလိုက် မီးရှို့သတ်ခဲ့သေးသည်။
စစ်ကောင်စီတပ်သည် မေလ ၁ဝ ရက်နေ့ကလည်း ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ် ညောင်ပင်သာရွာထဲသို့ စစ်ကြောင်းထိုးဝင်လာပြီး ရွာရှိ ကလေးငယ် ၄ ဦး၊ အမျိုးသမီး ၁၁ ဦးနှင့် အခြားဒေသခံ စုစုပေါင်း ၂ဝ ဦးတို့အား ဖမ်းဆီးကာ အစုလိုက်ပြုံလိုက် မီးရှို့သတ်ခဲ့သေးသည်။
စုပေါင်းခေါင်းဆောင်မှုနဲ့ KNU
ပြီးခဲ့သည့် ၄ လတာ နွေရာသီကာလတလျှောက်ကို ပြန်ကြည့်ပါက KNU နှင့် စစ်ကောင်စီအကြား KNU အုပ်ချုပ်နယ်မြေတကြော၌ တိုက်ပွဲကြီးငယ်ပေါင်း ၁၆၄၂ ကြိမ်ဖြစ်ပွားခဲ့သည်။ NUG လက်အောက်ခံ PDF များ ပူးပေါင်းပါဝင်သည့် ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က တပ်ဖွဲ့ဝင် ၁၇၀၀ ကျော်သေဆုံးခဲ့ကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများနှင့် ပတ်သက်၍ ဧရာဝတီက သီးခြားအတည်မပြုနိုင်ပါ။ KNU ဘက်ကမူ တိုက်ပွဲတွင် တပ်ဖွဲ့ဝင် ၅၉ ဦးသေဆုံးပြီး ၂၀၀ နီးပါး ဒဏ်ရာရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
KNU နှင့်နီးစပ်သည့် သတင်းရင်းမြစ်တဦးကမူ စစ်ကောင်စီတပ်သည် မိုးတွင်းကာလတွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်အားကို ပိုမိုအသုံးပြုလေ့ရှိပြီး KNU ဘက်ကလည်း တုံ့ပြန်သည့် တိုက်စစ်ဖော်ဆောင်သည်လည်း ရှိနိုင်သဖြင့် တိုက်ပွဲပြင်းထန်နိုင်ချေ ရှိမရှိဆိုသည့်အချက်မှာ မှန်းဆရခက်ခဲကြောင်း ဆိုသည်။
“KNU မှာ တခုကောင်းတာက စုပေါင်းခေါင်းဆောင်မှုနဲ့ သွားတဲ့မူ ရှိတယ်” ဟု နယ်စပ်အခြေစိုက် ကရင်နိုင်ငံရေးလေ့လာသူတဦးက မှတ်ချက်ပေးသည်။
“ခုလက်ရှိတက်လာတဲ့ခေါင်းဆောင်တဝက်လောက်က လူငယ်ပိုင်းတွေဖြစ်တယ်။ သူတို့က နိုင်ငံရေးမှာ ဘယ်လောက်ကြွယ်ပြီး လက်ရှိဥက္ကဋ္ဌကို ထိန်းနိုင်၊ မနိုင်စောင့်ကြည့်ရမယ်”
You may also like these stories:
နာမည်ဆိုးထွက်နေတဲ့ KK Park က KNU ထိန်းချုပ်နယ်မြေတွင် ဖြစ်
ရာဇဝတ်ဂိုဏ်း၊ စစ်ကောင်စီတို့နှင့် ပတ်သက်သူများကို KNU ခေါင်းဆောင် မရွေးရန် တိုက်တွန်း
BGF နှင့် KNU ခေါင်းဆောင်များ တွေ့ဆုံမှု ကရင်အရပ်ဘက်အဖွဲ့များ ဝေဖန်
KNU ၏ ၁၇ ကြိမ်မြောက်ကွန်ဂရက် ပြန်လည်ကျင်းပ
တရားမဝင်လုပ်ငန်းများနှင့် ပတ်သက်သူ ၅ ဦးကို အရေးယူမည်ဟု KNU ဆို