• English
Saturday, June 21, 2025
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

နွေဦးတော်လှန်ရေးနှင့် ချင်းလက်နက်ကိုင်တပ်ဖွဲ့များ (၁)

by ကိုဦး
26 May 2023
in ဆောင်းပါး
A A
CNF ဌာနချုပ်တွင် တွေ့ရသော ချင်းတပ်သားတဦး/ABC

CNF ဌာနချုပ်တွင် တွေ့ရသော ချင်းတပ်သားတဦး/ABC

7.9k
VIEWS
Share on FacebookShare on Twitter

နွေဦးတော်လှန်ရေးသည် ချင်းပြည်နယ်အား အပြောင်းအလဲကြီးမားစေခဲ့၏။ ချင်းပြည်နယ်၏ အသွင်သစ်ကို ဖော်ပြခဲ့၏။ ချင်းပြည်နယ်သည် ၁၉၄၈ လွတ်လပ်ရေးရပြီး ကတည်းက နှစ် ၇၀ ကျော် လက်နက်ကိုင်ပုန်ကန်မှု မရှိသလောက်ဖြစ်ခဲ့သည့် တခုတည်းသော ပြည်နယ်ဖြစ်သည်။ ချင်းအမျိုးသားတပ်ဦး (CNF) အပါအဝင် လက်နက်ကိုင်ပုန်ကန်ရန် ကြိုးစားအားထုတ်မှုများ ရှိလာခဲ့သော်လည်း ကျယ်ကျယ်ပြန့်ပြန့် ကြီးကြီးမားမား ဖြစ်ပွားခဲ့ခြင်း မရှိပေ။

၂၀၂၁ ခုနှစ်မှစ၍ ချင်းပြည်နယ် တဝန်းလုံးတွင် လက်နက်ကိုင်ပုန်ကန်မှုများ တွေ့ရသည်မှာ နွေဦးတော်လှန်ရေး၏ ထူးခြားချက်ဖြစ်သကဲ့သို့ ချင်းပြည်နယ်၏ ထူးခြားချက်လည်းဖြစ်၏။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် ချင်းတောင်တန်း မင်းတပ်မြို့မှ သေနတ်သံစထွက်၏။ ချင်းတို့၏ တူမီးတော်လှန်ရေး အစပြုသည်။ ထိုခုခံတော်လှန်မှုများသည် ချင်းပြည်နယ်တခုလုံးသို့ လျှင်မြန်စွာ ပျံ့နှံ့သွားတော့သည်။ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ က မင်းတပ်မြို့တွင် ပေါ်ထွက်ခဲ့သော ပထမဆုံး တူမီးသေနတ်သံသည် ချင်းပြည်နယ်၏ သမိုင်းသစ်၊ အသွင်ပြင်သစ်ကို သယ်ဆောင်လာခဲ့၏။

RelatedPosts

စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

20 June 2025
1.6k
စစ်ကောင်စီအမြစ်မပြတ်သရွေ့ ဘယ်နယ်မြေသိမ်းပိုက်မှုမှ အာမခံချက်မရှိဘူး (ရုပ်/သံ)

စစ်ကောင်စီအမြစ်မပြတ်သရွေ့ ဘယ်နယ်မြေသိမ်းပိုက်မှုမှ အာမခံချက်မရှိဘူး (ရုပ်/သံ)

20 June 2025
66
မြန်မာစစ်တပ် ကလေးစစ်သား စုဆောင်းအသုံးပြုမှု တိုးလာဟု HRW ပြော

မြန်မာစစ်တပ် ကလေးစစ်သား စုဆောင်းအသုံးပြုမှု တိုးလာဟု HRW ပြော

20 June 2025
206

နွေဦးတော်လှန်ရေးအတွင်း ချင်းပြည်နယ်တခုလုံး လက်နက်ကိုင် ပုန်ကန်မှုဖြစ်ပွားခဲ့သော်လည်း အဖွဲ့အစည်းတခုတည်း အောက်တွင်တော့ မဟုတ်ပေ။ မျိုးနွယ်စုအလိုက်၊ ဒေသအလိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့များ ပေါ်လာသည်။

နွေဦးတော်လှန်ရေးအတွင်း ချင်းပြည်နယ်တခုလုံး လက်နက်ကိုင် ပုန်ကန်မှုဖြစ်ပွားခဲ့သော်လည်း အဖွဲ့အစည်းတခုတည်း အောက်တွင်တော့ မဟုတ်ပေ။ မျိုးနွယ်စုအလိုက်၊ ဒေသအလိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့များ ပေါ်လာသည်။ CNF/CNA အပြင် ပေါ်ပေါက်လာသော တပ်ဖွဲ့များသည် ချင်းမျိုးနွယ်စုအလိုက်၊ ချင်းမျိုးနွယ်စုများ နေထိုင်ရာဒေသအလိုက် စုဖွဲ့ပေါ်ပေါက်လာခဲ့ရာ ချင်းပြည်နယ်ရှိ မြို့နယ် ကိုးမြို့နယ်လုံးတွင်သာမက ချင်းပြည်နယ်ပြင်ပ ချင်းလူမျိုးများနေထိုင်ရာ ဒေသများတွင်ပါ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့မှစ၍ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (Chinland Defense Force – CDF) များ အလျှိုအလျှို ပေါ်ပေါက်လာခဲ့၏။

CDF ၏ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့ထုတ်ပြန်ချက်အရ CDF သည် စစ်ကောင်စီအား အသိအမှတ်မပြုဘဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အခြားအဖွဲ့အစည်းများနှင့် ဆက်စပ်ဆောင်ရွက်သွားမည်၊ ချင်းပြည်နယ်၏ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာများကို ချင်းအက်ဥပဒေနှင့် ချင်းရိုးရာ ဓလေ့ထုံးတမ်းများနှင့်အညီ ဆောင်ရွက်သွားမည်ဟုသိရသည်။

သို့နှင့် ချင်းပြည်နယ်တွင် မူလရှိပြီး CNF/CAN အပြင် အောက်ပါ ချင်းလက်နက်ကိုင်တပ်ဖွဲ့များ ပေါ်ပေါက်ဖွဲ့စည်းလာသည်ကို တွေ့ရ၏။

၁။ CNF / CNA (ချင်းအမျိုးသားတပ်ဦး / ချင်းအမျိုးသားတပ်မတော်)
၂။ CNO / CNDF (ချင်းအမျိုးသားအစည်းအရုံး / ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့)
၃။ CDF – KKG (Kalay-Kabaw-Ganggaw – ကလေး၊ ကဘော်၊ ဂန့်ဂေါ)
၄။ CDF – (Mindat – မင်းတပ်)
၅။ CDF – Kanpetlet (ကန်ပက်လက်)
၆။ CDF – Matupi (မတူပီ)
၇။ CDF – Paletwa (ပလက်ဝ)
၈။ CDF – Hakha (ဟားခါး)
၉။ CDF – Tonzang (တွန်းဇံ)
၁၀။ CDF – Thantlang (ထန်တလန်)
၁၁။ ZFU / PDF – Zoland (Tedim / Tonzang) ဇိုနယ်မြေ (တီးတိန်/တွန်းဇံ)
၁၂။ CDF – Daai (ဒိုင်ရ်)
၁၃။ CDF – Mara (မရာ)
၁၄။ CDF – Zophei (ဇိုဖေ)
၁၅။ CDF – Zotung (ဇိုတုန်)
၁၆။ CDF – Lautu (လောက်တူ)
၁၇။ CDF – Hualngo (ဟွာလ်ငို)
၁၈။ CDF – CDM – SIYIN (စီရင်း) တို့ ဖြစ်ကြ၏။

ဤသို့ဖြင့် ၂၀၂၁ ခုနှစ်အတွင်း ချင်းပြည်နယ်နှင့် ချင်းပြည်နယ်ပြင်ပ ချင်းလူမျိုးများ နေထိုင်ရာဒေသများတွင် မူလရှိပြီး CNF/ CNA အပြင် ချင်းလက်နက်ကိုင်အဖွဲ့အစည်း ၁၇ ဖွဲ့ ပေါ်လာသည်ကို တွေ့ရ၏။ အဆိုပါ ချင်းလက်နက်ကိုင် အဖွဲ့အစည်းများကို ဒေသအလိုက် မျိုးနွယ်စုအလိုက် အခြေခံ၍ ဖွဲ့စည်းခဲ့သည်ကို တွေ့ရ၏။

မီးလောင်နေသော ထန်တလန်ကို လှမ်းကြည့်နေသော ချင်းတော်လှန်ရေးတပ်သားတဦး/ ABC

မျိုးနွယ်စုအလိုက် ဖွဲ့စည်းထားသည့် အဖွဲ့များအဖြစ် ဇိုမီ၊ ဇိုတုန်၊ မရာ၊ ဇိုဖေ၊ လောက်တူ၊ စီရင်း၊ ဒိုင်ရ်၊ ဟွာလ်ငိုစသည့် အဖွဲ့ ရှစ်ဖွဲ့၊ ဒေသအလိုက် ဖွဲ့စည်းသည့် ပလက်ဝ၊ မတူပီ၊ ကန်ပက်လက်၊ မင်းတပ်၊ ထန်တလန်၊ ဟားခါး၊ တွန်းဇံ၊ ကလေး/ကဘော်/ဂန့်ဂေါနှင့် ဖလမ်းအခြေပြု အဖွဲ့ ကိုးဖွဲ့ ပေါ်ပေါက်လာခဲ့၏။ ဒေသအလိုက် ဖွဲ့စည်းမှုဆိုသည်မှာလည်း ထိုဒေသရှိ မျိုးနွယ်စုများအပေါ် အခြေခံ၍ ဖွဲ့စည်းခြင်းဖြစ်၏။

မျိုးနွယ်စုအလိုက် ဖွဲ့စည်းထားသည့် အဖွဲ့များအဖြစ် ဇိုမီ၊ ဇိုတုန်၊ မရာ၊ ဇိုဖေ၊ လောက်တူ၊ စီရင်း၊ ဒိုင်ရ်၊ ဟွာလ်ငိုစသည့် အဖွဲ့ ရှစ်ဖွဲ့၊ ဒေသအလိုက် ဖွဲ့စည်းသည့် ပလက်ဝ၊ မတူပီ၊ ကန်ပက်လက်၊ မင်းတပ်၊ ထန်တလန်၊ ဟားခါး၊ တွန်းဇံ၊ ကလေး/ကဘော်/ဂန့်ဂေါနှင့် ဖလမ်းအခြေပြု အဖွဲ့ ကိုးဖွဲ့ ပေါ်ပေါက်လာခဲ့၏။

အစောပိုင်းကာလက CDF တပ်ဖွဲ့ ဌာနချုပ်ပြုလုပ်ပြီး ကွပ်ကဲခဲ့သော်လည်း ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် အဆိုပါ ၁၆ ဖွဲ့နှင့် CNF / CNA တို့ ပူးပေါင်းပြီး ချင်းလက်နက်ကိုင် တပ်ဖွဲ့များအား စစ်ရေးအရ ကွပ်ကဲမှုယူနိုင်ရန် Chinland Joint defense Committee (CJDC) ကို အဖွဲ့ ၁၇ ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့ကြ၏။ နောက်ပိုင်းတွင် CDF – CDM – Siyin ပါ ပါဝင်လာပြီး စုစုပေါင်း ၁၈ ဖွဲ့ဖြစ်ခဲ့သည်။ လက်ရှိ CJDC ဥက္ကဋ္ဌအဖြစ် CNF မှ အထွေထွေအတွင်းရေးမှူး ဆလိုင်းထားဟေးလ် (Salai Thla Hei) က တာဝန်ယူသည်ကို တွေ့ရ၏။

အဆိုပါအဖွဲ့များသည် CDF များအပြင် သက်ဆိုင်ရာနယ်မြေအလိုက် ပကဖ (ပြည်သူအုပ်ချုပ်ရေးအဖွဲ့များ)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ကြားကာလ ခူမီး (ချင်း )မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ဟားခါးကောင်စီ၊ ဇိုမီးဖက်ဒရယ်ယူနီယံ၊ Central Committee for Siyin Affairs (CCSA) စသည့် အဖွဲ့အစည်းလိုက် နိုင်ငံရေးအရ ဦးဆောင်မည့်အဖွဲ့များ၊ အုပ်ချုပ်ရေးတာဝန်ယူမည့် အဖွဲ့များကိုလည်း ဖွဲ့စည်းထား၏။

မူလဖွဲ့စည်းထားရှိသော CNF / CNA သည်လည်း ပြောင်းလဲသည့် နိုင်ငံရေးအခြေအနေနှင့် အမီလိုက်ပါနိုင်ခဲ့၏။ ၂၀၂၁ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် CNF နှင့် NUG တို့ကြား စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့၏။ CNF မှ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများ တက်ရောက်ခဲ့ပြီး NUG မှ သမ္မတ၊ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေး ဝန်ကြီးများ တက်ရောက်ခဲ့၏။ ထို့ပြင် ချင်းပြည်နယ်တွင်း ဒေသအလိုက် CDF များ ဖွဲ့စည်းလေ့ကျင့်ခြင်းနှင့် တစုတစည်းတည်း ဖြစ်ရေး၊ CJDC ဖွဲ့စည်းရေးတို့တွင် CNF / CNA က အရေးပါသောအခန်းမှ ပါခဲ့သည်။

ထို့ပြင် ချင်းပြည်နှင့် ချင်းလူမျိုးကိုယ်စား နိုင်ငံရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (Interim Chin National Consultative Council – ICNCC) ကို ဖွဲ့စည်းကြောင်း ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ICNCC တွင်ပြည်တွင်းပြည်ပ ချင်းအဖွဲ့အစည်းများ ပါဝင်သည်ဟု ဆိုပါသည်။

ICNCC သည် ပြည်နယ်အဆင့် ချင်းပြည်နယ်အစိုးရ ဖွဲ့စည်းသွားမည်။ ချင်းပြည် နယ်အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးများကို ဆောင်ရွက်သွားမည်။ ပြည်ထောင်စုအဆင့်တွင် NUCC သို့ ကိုယ်စားလှယ် စေလွှတ်ပြီး NUG ဖွဲ့စည်းရေး၊ ပြည်ထောင်စုဝင် ပြည်နယ်များနှင့် တန်းတူရည်တူ ပူးပေါင်းရေးဆောင်ရွက်သွားမည်ဟု ဖော်ပြ၏။

ICNCC သည် ပြည်နယ်အဆင့် ချင်းပြည်နယ်အစိုးရ ဖွဲ့စည်းသွားမည်။ ချင်းပြည် နယ်အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးများကို ဆောင်ရွက်သွားမည်။ ပြည်ထောင်စုအဆင့်တွင် NUCC သို့ ကိုယ်စားလှယ် စေလွှတ်ပြီး NUG ဖွဲ့စည်းရေး၊ ပြည်ထောင်စုဝင် ပြည်နယ်များနှင့် တန်းတူရည်တူ ပူးပေါင်းရေးဆောင်ရွက်သွားမည်ဟု ဖော်ပြ၏။ ထို့ပြင် ချင်းအမျိုးသားများအတွင်း ပိုမိုကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုရရှိရန်၊ ပါဝင်သင့်ပါဝင်ထိုက်သော ချင်းအစုအဖွဲ့များနှင့် ဆက်လက် ဆွေးနွေးဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ခဲ့၏။ ICNCC သည် ချင်းပဋိညာဉ်ရေးဆွဲလျက်ရှိပြီး ချင်းလန်းအစိုးရပေါ်ပေါက်ရေး ကြိုးပမ်းနေသည်ဟု ဆိုပါသည်။

လက်ရှိ ICNCC တွင် စစ်အစိုးရအား ဆန့်ကျင်တိုက်ခိုက်နေသည့် ပြည်တွင်းရှိ ချင်းလက်နက်ကိုင် အဖွဲ့အစည်းများ၊ ပြည်ပမှ ကူညီထောက်ပံ့နေသော အဖွဲ့အစည်းများပါဝင်နေပြီး ICNCC တွင် အဖွဲ့အစည်း အရေအတွက် ထုတ်ပြန်ထားသည်ကို မတွေ့ရပါ။ ထို့ပြင် ချင်းပြည်နယ်တွင် ချင်းပြည်နယ် လွှတ်တော်ကိုယ်စားပြု ကော်မတီ (၂၀၂၀ ရွေးကောက်ပွဲ ) ဖွဲ့စည်းထားပြီး CRPH နှင့်လည်းကောင်း၊ ICNCC နှင့်လည်းကောင်း ချိတ်ဆက် ဆောင်ရွက်နေသည်ကို တွေ့ရ၏။

ချင်းပြည်နယ် အုပ်ချုပ်ရေးဖွဲ့စည်းပုံနှင့် ချင်းလူမျိုး

လက်ရှိ ချင်းပြည်နယ်တွင် မြို့နယ် ကိုးခု၊ မြို့ ၂၀၊ ရပ်ကွက် ၆၆ ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၆၄ အုပ်စုနှင့် ရွာပေါင်း ၁,၃၄၇ ရွာ ရှိသည်။ ချင်းပြည်နယ်၏ အကျယ်အဝန်းသည် ၃၆,၀၁၈.၈ စတုရန်းကီလိုမီတာ (၁၃,၉၀၆.၉ စတုရန်းမိုင်) ရှိပြီး ကရင်နီ (ကယား) ပြည်နယ်ထက် သုံးဆ၊ ဝ နယ်ထက် နှစ်ဆ ကျယ်ဝန်းသည်။ ချင်းပြည်နယ်သည် တောတောင်ထူထပ်ပြီး ပေတသောင်းကျော်မြင့်သည့် တောင်များရှိသည်။ ဆောင်းရာသီတွင် သုညဒီဂရီအောက်အထိ အေးခဲသည်။

CNF ဌာနချုပ်တွင် တွေ့ရသော ချင်းတပ်သားများ / CNN

ချင်းပြည်နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၄၇၈,၈၀၁ ဦးရှိပြီး ၈၅ ဒသမ ၄ ရာခိုင်နှုန်းမှာ ခရစ်ယန်ဘာသာ ကိုးကွယ်ကြ၏။ ချင်းမျိုးနွယ်စု ၅၃ စုရှိသည်ဟု ဆိုသော်လည်း အငြင်းပွားဖွယ်ဖြစ်နေပြီး ပြန်လည်အတည်ပြုရန် လိုသည်။ ချင်းပြည်နယ်ရှိ မြို့နယ်နှင့်မြို့များ အောက်ပါအတိုင်းဖြစ်၏။

၁။ တွန်းဇန်မြို့နယ် (ကျီခါးမြို့၊ တွန်းဇန်မြို့)
၂။ တီးတိန်မြို့နယ် (ခိုင်ကမ်းမြို့၊ တီးတိန်မြို့)
၃။ ဖလမ်းမြို့နယ် (ဖလမ်းမြို့၊ ရိခေါ်ဒါရ်မြို့၊ ဝေဘူလမြို့)
၄။ ဟားခါးမြို့နယ် (ဆူရ်ခွားမြို့၊ ဟားခါးမြို့)
၅။ ထန်တလန်မြို့နယ် (ထန်တလန်မြို့၊ နှာဟရိန်မြို့)
၆။ ကန်ပက်လက်မြို့နယ် (ကန်ပက်လက်မြို့၊ ကျင်ဒွေးမြို့)
၇။ မင်းတပ်မြို့နယ် (မကွီအိမ်နူးမြို့၊ မင်းတပ်မြို့)
၈။ မတူပီမြို့နယ် (မတူပီမြို့၊ ရေဇွာမြို့၊ လိုင်လင်းပီမြို့)
၉။ ပလက်ဝမြို့နယ် (ဆမီးမြို့၊ ပလက်ဝမြို့)

ချင်းပြည်နယ်သည် အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ၏ မီဇိုရမ်ပြည်နယ်၊ မြောက်ဖက်တွင် တမူး၊ ကလေး၊ ကဘော်ဒေသ၊ အရှေ့ဘက်တွင် ယောဒေသ ဂန့်ဂေါခရိုင်၊ တောင်ဘက်တွင် ရခိုင်တို့နှင့် ဆက်နေသည်။ ဆက်စပ်ဒေသများတွင်လည်း ချင်းလူမျိုးများ နေထိုင်ကြ၏။ ရခိုင်တွင် ချင်းလူမျိုး ၁ သိန်းခန့် ရှိ၏။

ချင်းပြည်နယ်သည် အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ၏ မီဇိုရမ်ပြည်နယ်၊ မြောက်ဖက်တွင် တမူး၊ ကလေး၊ ကဘော်ဒေသ၊ အရှေ့ဘက်တွင် ယောဒေသ ဂန့်ဂေါခရိုင်၊ တောင်ဘက်တွင် ရခိုင်တို့နှင့် ဆက်နေသည်။ ဆက်စပ်ဒေသများတွင်လည်း ချင်းလူမျိုးများ နေထိုင်ကြ၏။ ရခိုင်တွင် ချင်းလူမျိုး ၁ သိန်းခန့် ရှိ၏။

ကလေး၊ ကဘော်၊ ဂန့်ဂေါဒေသနှင့်စေတုတ္ထရာ၊ မင်းဘူးစသည့် ရခိုင်ရိုးမ အရှေ့ခြမ်းများတွင် ချင်းလူမျိုးများ ပျံ့နှံ့နေထိုင်ကြ၏။ ချင်းပြည်တွင်းသာမက ချင်းပြည်နယ်ပြင်ပရှိ ချင်းလူမျိုးများကိုပါ တွက်ချက်ပါက မြန်မာပြည်တွင် ချင်းလူမျိုး အနည်းဆုံး ၇ သိန်းကျော်ရှိပြီး မြန်မာပြည်တွင်းမှ ပြည်ပသို့ ပြောင်းရွှေ့အခြေချသည့် ချင်းလူမျိုး တသိန်းခန့်ရှိသည်ဟု သိရပါသည်။

CJDC နှင့် ချင်းလက်နက်ကိုင်တပ်ဖွဲ့များ

CJDC သည် ပုံမှန်အစည်းအဝေးများ ပြုလုပ်ပြီး ချင်းလက်နက်ကိုင်တပ်ဖွဲ့များ စုစည်းနိုင်ရေး၊ ညီညွတ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် အမိန့်ပေးစနစ်နှင့် စစ်ရေးဟန်ချက်ညီရေးအတွက် ဆောင်ရွက်လျက်ရှိ၏။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်မှ ၇ ရက်နေ့ထိ CJDC ပဉ္စမအကြိမ် ပုံမှန်အစည်းအဝေး ပြုလုပ်ခဲ့ရာ ကိုယ်စားလှယ် ၃၀ ဦးနှင့် လေ့လာသူ ၂၇ ဦး တက်ရောက်ခဲ့သည်ကို တွေ့ရ၏။

အဆိုပါညီလာခံမှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး ၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေးတို့နှင့် ပတ်သက်၍ ဆုံးဖြတ်ချက်များ ချမှတ်သည်ကို တွေ့ရ၏။ ထို့ပြင် CJDC တွင် ပါဝင်နေသည့် အဖွဲ့ ၁၈ ဖွဲ့၏ နယ်မြေလှုပ်ရှား ထိန်းချုပ်မှုများကို အသိအမှတ်ပြုပြီး နောက်ထပ် အသစ်ဖွဲ့စည်းလိုသည့် အဖွဲ့များအနေဖြင့် သက်ဆိုင်ရာ နယ်မြေအလိုက် တာဝန်ယူထားသည့် တပ်ဖွဲ့၏ လမ်းညွှန်မှုအောက်တွင် ဖွဲ့စည်းရန်၊ ထိုသို့မဟုတ်ပါက CJDC က အဖွဲ့သစ်အဖြစ် ထပ်မံလက်မခံရန် ဆုံးဖြတ်ထားခဲ့ပြီး အဖွဲ့ငယ်များ မဖောင်းပွစေရန် ထိန်းချုပ်ထားသည်ကို တွေ့ရ၏။

လက်ရှိ CJDC တွင် CNF က ခေါင်းဆောင်မှုနေရာ ရထားပြီး နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသော အဖွဲ့အများစုကဲ့သို့ မျိုးနွယ်စု လက္ခဏာ၊ ဒေသလက္ခဏာထက် ချင်းပြည်နယ်တခုလုံးအား ကိုယ်စားပြုနိုင်ရန် စဉ်းစားလုပ်ကိုင်သည်ကို တွေ့ရ၏။ နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသောအဖွဲ့ထဲမှ CNO / CNDF သည်လည်း ချင်းတမျိုးသားလုံးကို ကိုယ်စားပြုစုစည်းရန် ရည်ရွယ်ချက်ရှိသည်ကို တွေ့ရ၏။

လက်ရှိ CJDC တွင် CNF က ခေါင်းဆောင်မှုနေရာ ရထားပြီး နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသော အဖွဲ့အများစုကဲ့သို့ မျိုးနွယ်စု လက္ခဏာ၊ ဒေသလက္ခဏာထက် ချင်းပြည်နယ်တခုလုံးအား ကိုယ်စားပြုနိုင်ရန် စဉ်းစားလုပ်ကိုင်သည်ကို တွေ့ရ၏။ နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသောအဖွဲ့ထဲမှ CNO / CNDF သည်လည်း ချင်းတမျိုးသားလုံးကို ကိုယ်စားပြုစုစည်းရန် ရည်ရွယ်ချက်ရှိသည်။

CJDC တွင် ပါဝင်သော အဖွဲ့ ၁၈ ဖွဲ့၏ အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်သည်ကို တွေ့ရ၏။ ဤနေရာတွင် အဖွဲ့အစည်းများ စတင်ဖွဲ့စည်းသည့် နေ့ရက်နှင့်ပတ်သက်လျှင် အချို့အဖွဲ့များအရ နိုင်ငံရေးအဖွဲ့အစည်း စတင်ဖွဲ့စည်းသည့်နေ့ရက်ကို ယူထားသော်လည်း လက်နက်ကိုင်တိုက်သည့်နေ့က နောက်ကျသည်လည်းရှိ၏။

အချို့အဖွဲ့များက အခြားအမည်များနှင့် လှုပ်ရှားရာမှ CDF တရားဝင် အမည်ယူသည့်နေ့ကို မှတ်တမ်းယူထားသည်လည်း ရှိ၏။ အချို့က မြို့နယ်တခုတည်းတွင် ကော်မတီ နှစ်ခု၊ တပ်ဖွဲ့နှစ်ခု ကွဲနေရာမှ ပေါင်းစည်းနိုင်သောနေ့ကို မှတ်တမ်းယူထားသည်လည်း ရှိ၏။

၁။ CNF / CNA (ချင်းအမျိုးသားတပ်ဦး / ချင်းအမျိုးသားတပ်မတော်)

CNF/ CNA အား ၁၉၈၈ ခုနှစ်၊ မတ်လ ၂ဝ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၆ ရက်မှ ၁၉ ရက်ထိ CNF သတ္တမအကြိမ် ညီလာခံ ကျင်းပခဲ့ပြီး ပြည်တွင်းပြည်ပမှ ကိုယ်စားလှယ်နှင့် လေ့လာသူ ၁၅၁ ဦး တက်ရောက်ခဲ့၏။ သတ္တအကြိမ် CNF ညီလာခံမှ ရွေးကောက် တင်မြှောက်ခဲ့သော လက်ရှိ CNF ခေါင်းဆောင်များမှာ အောက်ပါအတိုင်း ဖြစ်၏။

ဥက္ကဋ္ဌ ပူဇင်ကျုံး
ဒုဥက္ကဋ္ဌ (၁) Pu Than Ning Kee
ဒုဥက္ကဋ္ဌ (၂) ဒေါက်တာ လျန်မှုန်းဆခေါင်
ဒုဥက္ကဋ္ဌ (၃) ဒေါက်တာ ရွှေခါး
အထွေထွေအတွင်းရေးမှူး Salai Thal Hei
လက်ထောက် အထွေထွေအတွင်းရေးမှူး (၁) Salai Ram Kulh Cung
လက်ထောက် အထွေထွေအတွင်းရေးမှူး (၂) ဆလိုင်းထက်နီ
လက်ထောက် အထွေထွေအတွင်းရေးမှူး (၃) Pu HC Ral Hnin တို့ ဖြစ်၏။

ကာကွယ်ရေးဌာန အတွင်းရေးမှူးအဖြစ် ဗိုလ်မှူးကြီး ဆော်လမွန်၊ CNA စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး လှထွန်းတို့က အသီးသီး တာဝန်ယူသည်။

CNF / CNA ဌာနချုပ်အား ထန်တလန် အနောက်ဘက် အိန္ဒိယနယ်စပ်ရှိ ဗစ်တိုရီယားစခန်းတွင် အခြေပြုသည်။ နွေဦးတော်လှန်ရေး ကာလတွင် CNA သည် သိသိသာသာ အင်အားတိုးပွားလာပြီး CNA လက်အောက်တွင် တပ်မဟာ ၄ ခုအထိ ဖွဲ့စည်းနိုင်ခဲ့၏။

CNF / CNA ဌာနချုပ်အား ထန်တလန် အနောက်ဘက် အိန္ဒိယနယ်စပ်ရှိ ဗစ်တိုရီယားစခန်းတွင် အခြေပြုသည်။ နွေဦးတော်လှန်ရေး ကာလတွင် CNA သည် သိသိသာသာ အင်အားတိုးပွားလာပြီး CNA လက်အောက်တွင် တပ်မဟာ ၄ ခုအထိ ဖွဲ့စည်းနိုင်ခဲ့၏။

– CNA တပ်မဟာ (၁) နယ်မြေ မတူပီ၊ ရေဇွာ ကြား၊
– တပ်မဟာ (၃) နယ်မြေ ထန်တလန်၊ ဟားခါး
– တပ်မဟာ (၄) နယ်မြေ၊ ချင်းပြည်နယ်မြောက်ပိုင်း စသည်တို့တွင် ဒေသခံ CDF များနှင့် ပူးတွဲ လှုပ်ရှားသည်ကို တွေ့ရ၏။

CNA တပ်မဟာ (၂) မှာမူ ကချင်ပြည်နယ် KIA ဒေသတွင် ရှိသည်ဟု သိရ၏။ CNA တပ်မဟာ တခုလျှင် တပ်ရင်း ၃ ရင်းခန့် ရှိနိုင်ပါသည်။ တပ်ရင်း တရင်းလျှင် အင်အားမည်မျှရှိသည်ကို မသိရပါ။

၂။ CNO / CNDF (ချင်းအမျိုးသား အစည်းအရုံး / ချင်းအမျိုးသားကာကွယ်ရေး တပ်မတော်)

CNO / CNDF သည် နွေဦးတော်လှန်ရေးတွင် ပေါ်လာသောအဖွဲ့ ဖြစ်သော်လည်း မျိုးနွယ်စုအမည်၊ ဒေသအမည်မတပ်ဘဲ ချင်းတမျိုးသားလုံးအား ကိုယ်စားပြုရန် ရည်ရွယ်သည့်အဖွဲ့အစည်းဖြစ်ပုံရ၏။

၂၀၂၁ ခုနှစ်၊ ဧပြီ ၁၃ ရက်နေ့တွင် CNO / CNDF ကို စတင်ဖွဲ့စည်းခဲ့ပြီး ထိုနေ့အား ချင်းအမျိုးသား နွေဦးတော်လှန်ရေးနေ့ အဖြစ် CNO က သတ်မှတ်ထားသည်။ လက်ရှိ CNO ၏ အထွေထွေအတွင်းရေးမှူးမှာ ဆလိုင်းဝီလီယံချင်း ဖြစ်၏။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် ကလေးဒေသတွင် လှုပ်ရှားသည်။ CNDF တွင် တပ်မဟာ လေးခုဖွဲ့စည်းထား၏။ တပ်မဟာ သုံးခုသည် ချင်းပြည်နယ်၊ ဖလမ်းဒေသတွင်းရှိပြီး ကလေးဒေသ (ဝါ) အထက်ချင်းတွင်းဒေသတွင် တပ်မဟာ တခု (တပ်မဟာ ၄) ရှိ၏။ တပ်မဟာတခုလျှင် တပ်ရင်း သုံးရင်းခန့် ရှိနိုင်သည်။

CNDF စစ်ရုံးအား Camp Rihli – Chinram အခြေစိုက်ထားရှိပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်မှ ၉ ရက်နေ့အထိ CNDF ဒုတိယအကြိမ် ညီလာခံအား Camp Rihli တွင်ကျင်းပခဲ့ရာ CNO ကာကွယ်ရေးကောင်စီ၊ War Office (စစ်ရုံး) နှင့် တပ်မဟာ လေးခုမှ ကိုယ်စားလှယ် ၆၀၊ လေ့လာသူ ၃၀ တက်ရောက်သည်ကို တွေ့ရ၏။

CNDF သည် NUG နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည်။ NUG အစိုးရ၏ ပံ့ပိုးမှုဖြင့် Suangdawn ကုတင် ၅၀ ဆန့် ဆေးရုံတရုံအား CNDF ထိန်းချုပ်နယ်မြေတွင် ဖွင့်လှစ်ထားရှိသည်ကို တွေ့ရ၏။

(ဆက်လက်ဖော်ပြပါမည်)

(ကိုဦးသည် တိုင်းရင်းသားအရေး လေ့လာသူ သုတေသီတဦး ဖြစ်သည်။)

You may also like these stories:

စစ်အာဏာသိမ်းပြီးနောက်ပိုင်းရခိုင်နှင့် ချင်းတို့ကြား ဆက်ဆံရေး ပိုကောင်းလာ

လမ်းပန်းဆက်သွယ်ရေး ပြတ်နေသဖြင့် ဟားခါး၌ ကုန်ဈေးနှုန်းမြင့်လာ

ဟားခါး၊ ချွန်ကျုံးရွာ၌ တိုက်ပွဲ ဆက်ပြင်းထန်

စစ်ကောင်စီယာဉ်တန်း ဖလမ်း- ဟားခါး လမ်းပေါ်တွင် ချေမှုန်းခံရ

ဖလမ်း-ဟားခါး ကားလမ်းတလျှောက် တိုက်ပွဲများဆက်ဖြစ်နေ

ချင်းတောင်တန်းမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာမလား

Your Thoughts …
Tags: CDFCJDCCRPHICNCCNUGကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ချင်းပြည်နယ်ချင်းလက်နက်ကိုင်တပ်ဖွဲ့စစ်ကောင်စီစစ်အာဏာသိမ်းမှုတူမီးသေနတ်နွေဦးတော်လှန်ရေးမင်းတပ်မြို့အမျိုးသားညီညွတ်ရေးအစိုးရ
ကိုဦး

ကိုဦး

ကိုဦးသည် တိုင်းရင်းသားအရေး လေ့လာသူ သုတေသီတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.4k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ငွေကြေး မတည်ငြိမ်စေရန် လုပ်ဆောင်သူများ အရေးယူမည်ဟု ဗဟိုဘဏ် ထုတ်ပြန်

ငွေကြေး မတည်ငြိမ်စေရန် လုပ်ဆောင်သူများ အရေးယူမည်ဟု ဗဟိုဘဏ် ထုတ်ပြန်

စာပေပညာရှင် ကဗျာဆရာကြီး မင်းသုဝဏ်

အဖြစ်အပျက်လေး တခု

No Result
View All Result

Recommended

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

1 week ago
26.8k
တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

5 days ago
4.5k

Most Read

  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0
  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် ချောင်ပိတ်မိနေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate