• English
Friday, July 11, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ကရင်နီမှာ ထိုးစစ်ဆင်တဲ့ စစ်ကောင်စီတပ် အကျအဆုံးများ

by ဧရာဝတီ
30 May 2023
in ဆောင်းပါး
A A
တိုက်ပွဲဝင်နေကြသည့် KNDF တပ်ဖွဲ့ဝင်တချို့ (ဓာတ်ပုံ- KNDF)

တိုက်ပွဲဝင်နေကြသည့် KNDF တပ်ဖွဲ့ဝင်တချို့ (ဓာတ်ပုံ- KNDF)

10k
VIEWS
Share on FacebookShare on Twitter

ကယား (ကရင်နီ) ပြည်နယ်မှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေပေမယ့် အဆုံးအရှုံးများနဲ့ ရင်ဆိုင်နေပြီး အထိနာ နေတယ်လို့ ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ရေးလေ့လာသူအချို့က ပြောပါတယ်။

အင်အားပြင်းတဲ့ စူပါဆိုင်ကလုန်း မိုခါမုန်တိုင်း ရခိုင်ပြည်နယ်ကို ဝင်တဲ့နေမှာပဲ လွိုင်ကော်မြို့နဲ့ ၁၀ မိုင်ကျော် ခန့် ဝေးတဲ့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက် ဒေါလျားခူရွာကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတဲ့အတွက် ကရင်နီ ကာကွယ်ရေးတပ်(KNDF)၊ ကရင်နီ စစ်တပ် (KA) နဲ့ အခြား ကရင်နီ မဟာမိတ်တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

RelatedPosts

တိုင်းပြည်ကို ရိုးရိုးသားသားချစ်တဲ့လူတွေ (ရုပ်/သံ)

တိုင်းပြည်ကို ရိုးရိုးသားသားချစ်တဲ့လူတွေ (ရုပ်/သံ)

10 July 2025
79
ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

10 July 2025
690
စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်က သွေးခွဲချေမှုန်းရေးလို့ဆို (ရုပ်/သံ)

စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်က သွေးခွဲချေမှုန်းရေးလို့ဆို (ရုပ်/သံ)

10 July 2025
89

ကရင်နီဒေသ မြို့တော်လွိုင်ကော်ဟာ စစ်ကောင်စီရဲ့ ဗဟိုချက် နေပြည်တော်နဲ့ ဆိုရင် ကားလမ်းအတိုင်း မိုင် ၁၃၀ လောက်ပဲ ကွာဝေးပြီး တနေ့တည်းနဲ့ ရောက်နိုင်တဲ့ နေရာဖြစ်ပါတယ်၊

အပြင်းအထန်တိုက်ကြတဲ့ တိုက်ပွဲဟာ ၉ ရက်ခန့်အကြာ မေလ ၂၃ ရက်မှာ ပြန်ငြိမ်သွားပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်ရှိသူ ၁ ဦး၊ ဗိုလ်အဆင့်ရှိသူ ၂ ဦးအပါအဝင် ၄၀ခန့်သေဆုံးပြီး ကရင်နီပူးပေါင်းတပ်တွေ ဘက်ကတော့ ၈ဦး သေဆုံးတယ်လို့ မေလ ၂၅ရက် KNDF ရဲ့ ထုတ်ပြန်ချက်မှာ ပါပေမယ့် ဧရာဝတီအနေနဲ့ နှစ်ဘက် ထိခိုက်သေဆုံး တာတွေကို သီးခြားအတည်မပြုနိုင်သေးပါဘူး။

KNDF ကတော့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ပစ္စတိုသေနတ် ၁ လက်အပါအဝင် သေနတ် ၁၄ လက်၊ ပခုံးထမ်းလောင်ချာ အာပီဂျီ၂ လက်နဲ့ ခဲယမ်းပစ္စည်းတွေ သိမ်းနိုင်ခဲ့တယ်လို့ ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ပါတယ်။

တိုက်ပွဲဟာ ခေတ္တငြိမ်သက်ပြီးတဲ့နောက် မေလ၂၇ ရက်မှာတော့ ရှမ်း-ကယား နယ်စပ်က မိုးဗြဲမြို့ပေါ်၊ လွိုင်ကော်မြို့ နယ် ကုန်းသာရွာ၊ ကယန်းသာရွာနဲ့ ဆောင်ကန်းရွာ စတဲ့ နေရာ ၄ခုမှာ စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်လာတဲ့ အတွက် တပြိုင်တည်း တိုက်ပွဲတွေ ဖြစ်ခဲ့ပြန်ပါတယ်။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)ရဲ့ ထုတ်ပြန်ချက်အရကတော့ မေလ ၂၇ ရက်က မိုးဗြဲမြို့မှာ ကရင်နီမဟာမိတ် တပ်တွေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က တိုက်လေယာဉ်နဲ့ ၈ ကြိမ်ထက်မနည်း ပစ် ခတ်ခဲ့သလို လက်နက်ကြီးဒဏ်ကြောင့် ၃ နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး ပြည်သူ ၄ ဦးထိခိုက် ဒဏ်ရာ ရသလို ဘုန်းကြီးကျောင်းနဲ့ နေအိမ်အမြောက်မြား ပျက်စီးရတယ်၊ ဒါ့အပြင် မေလ၂၈ ရက် နံနက် ၄ နာရီ ခွဲမှာတော့ မိုးဗြဲအနောက်ဘက်က စစ်ရှောင်စခန်းတွေကို လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲခဲ့လို့ ပြည်သူ ၄ ဦးဒဏ်ရာရပြီး အိမ် ၃ လုံး ပျက်စီးတယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု (KRU) ကလည်း မေလ ၂၇ ရက်တိုက်ပွဲမှာ ၎င်းတို့ရဲ့ ဒီးမော့ဆို အခြေစိုက် ဆေး တပ်ဖွဲ့က ရဲဘော် ၂ ဦးနဲ့ ရဲမေ ၂ ဦး တိုက်ပွဲ ကျခဲ့တယ်လို့ မေလ ၂၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

လွိုင်ကော်မြို့နယ် ကုန်းသာတိုက်ပွဲမှာတော့ KNDF တပ်ရင်း ၂ က ရဲဘော် ၃ ဦးကျဆုံးတယ်လို့ KNDF က Facebook စာမျက်နှာမှာ အသိပေးပါတယ်။ တိုက်ပွဲအခြေအနေ ပိုသိနိုင်ဖို့ KNDF ခေါင်းဆောင်ပိုင်းကို ဧရာဝတီက ဆက်သွယ် ပေမယ့် မေလအကုန်မှသာ တိုက်ပွဲ သတင်းတွေ ထပ်မံထုတ်ပြန်ပေးသွားမယ်လို့ ဖြေပါတယ်။

ကရင်နီ စစ်ဘက်(KA) သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ခူညေးရယ်ကတော့ တိုက်ပွဲမှာ တော်လှန်ရေး တပ်ဘက်က အကျအဆုံးရှိနေပေမယ့် စစ်ကောင်စီတပ်ရဲ့ ကျဆုံးမှုက ပိုများနေတယ်လို့ ဧရာဝတီကို ပြောပါတယ်။

၎င်းက “သူတို့က တိုက်ပွဲဖြစ်ရင် အကျအဆုံးများတာက ကျနော်တို့ ခန့်မှန်းနိုင်ပါတယ်။ ကျနော်နော်တို့အမြင်အရ တော့ သူတို့ဆီမှာ စစ်သက်နုတဲ့သူတွေ ပါနေတယ်။ မတ်လတုန်းက ဒေါတမကြီးတိုက်ပွဲမှာ တချို့တွေ ထွက်ပြေးလာ တာရှိတယ်။ သူတို့အပြောအရတော့ စစ်သက်က ၆ လ တနှစ်၊ တချို့တွေဆို ၁ လ ၊ ၂ လပဲ ရှိသေးတယ်လေ။ ဒါက တချက်ပေါ့။ နောက်တပိုင်းကတော့ ပထဝီအနေအထားပိုင်း တချို့တပ်တွေက ပြည်မဘက်ကနေလာတာဆိုတော့ ရာသီဥတုနဲ့ ပထဝီပိုင်းမှာ မကျွမ်းကျင်ဘူး။ ကျနော်တို့က ဒေသခံဆိုတော့ အားသာတယ်လေ။ သူတို့ ဘယ်လမ်း ကြောင်းကလာမလဲ ဆိုတာတွေ တွက်ဆပြီး ခုခံနိုင်တာတွေရှိပါတယ်” လို့ ဆိုပါတယ်။

ခူးညေးရယ်က ဒီးမော့ဆို အရှေ့ဘက်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဟာ ကရင်နီပူးပေါင်းတပ် နေရာ ယူထားတဲ့ ခြေကုပ်နေရာတွေကို သိမ်းနိုင်ဖို့ ကျားထိုးတက်ပြီး တိုက်ခဲ့တာတောင် ရှိခဲ့တယ်လို့ ပြန်ပြောပြပါတယ်။

ယခု မေ ၂၄ ရက်က ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တနီးလာလဲကျေးရွာ၊ ဒေါလျာခူကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီအား တိုက်ခိုက်ပြီး ရရှိလာသည့် လက်နက်ခဲယမ်းများ (ဓာတ်ပုံ- KNDF)

အခုကတော့ ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီတပ်က အနောက်ဘက်ကို တမိုင်လောက်ဆုတ်သွားပေမယ့် ကန် ခုနှစ်ဆင့်ဆိုတဲ့ အရပ်မှာ ၂ ဖက်တပ်တွေဆိုင်ထားပြီး စစ်ရေးတင်းမာနေတယ်လို့ သူက ပြောပါတယ်။ ခူညေး ရယ်က ကရင်နီဒေသတခုလုံးခြုံပြောရရင် နေ့စဉ်ဆိုသလို တိုက်ပွဲငယ်တွေ ရှိနေတယ်လို့ ဆိုပါတယ်။

၎င်းက “ထိတွေ့တိုက်ပွဲကတော့ နေ့စဉ်ရှိပါတယ်။ လက်နက်ကြီးနဲ့ ပစ်တာတို့ လေယာဉ်တွေပျံဝဲတာတို့က နေ့စဉ် နေ့တိုင်းရှိတယ်။ ဒီးမောဆိုအရှေ့ခြမ်းကနေ ဖရူဆိုအရှေ့ခြမ်းအထိ ဘောလခဲမြောက်ဘက် အဲဒီမှာ တိုက်ပွဲငယ် လေးတွေ၊ ပြောက်ကျား သွားပစ်တာတွေက နေ့တိုင်းရှိတယ်။ မိုင်းစစ်ဆင်ရေးကတော့ နေ့တိုင်းလိုလိုရှိပါတယ်” လို့ ပြောပါတယ်။

စစ်ရေး လေ့လာသုံးသပ်သူတဦးကတော့ စစ်ကောင်စီတပ်ဟာ ၂၀၂၃ ခုနှစ် နှစ်ဆန်းကနေစပြီး စစ်ကိုင်းနဲ့ ကရင်နီကို ထိုးစစ်ဆင်နေပေမယ့် အောင်မြင်မှု ရတာ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

အင်အားကောင်းလာတဲ့ ကရင်နီတော်လှန်ရေး တပ်ပေါင်းစုကို ဖြိုဖို့ စစ်ကောင်စီဟာ တရုတ်နယ်စပ် ရှမ်းပြည်မြောက် ပိုင်းမှာ ရောက်နေတဲ့ အမှတ်၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံတပ်တွေ သုံးပေမယ့် အခုထိ မထိန်းနိုင် သေးဘူးလို့ သူက ဆက်ပြောပါတယ်။

“စကခ ၂ ထည့်တဲ့အပြင် ရှမ်းအရှေ့မှာရှိတဲ့ စကခ ၁၄ နဲ့ ၁၈ က တပ်ရင်း ၃ ရင်းကနေ ၆ ရင်းလောက်ကို သံလွင်မြစ် အရှေ့ခြမ်း ရှားတောမြို့နယ်ထဲကို ထိုးခိုင်းတယ်။ မေလထဲမှာလုပ်သွားတဲ့ စစ်ကောင်စီရဲ့ ၄ လပတ် ဆုံးဖြတ်ချက်အရ ဆိုရင် ရှမ်းမြောက်က စကခ ၇ ကို ဆွဲထုတ်ပြီး ထပ်ထည့် ပြန်ပြီ။ အဲဒီတော့ ကရင်နီနယ်ထဲမှာ ဒကစ (ဒေသကွပ်ကဲမှု စစ်ဌာနချုပ်) လွိုင်ကော်လက်အောက်ခံ ၁၀ ရင်း လောက်ရှိမယ်။ တပ်မ ၆၆၊ စကခ ၂၊ စကခ ၇ လက်အောက် က တပ်ရင်းကလည်း ၁၀ ရင်းလောက်ရှိတယ်။ သံလွင် မြစ်အရှေ့ဘက် ရှားတောမြို့နယ်ထဲမှာဆိုရင် စကခ ၁၈ က တပ် ရင်း အနည်းဆုံး ၆ ရင်းလောက်ရှိတယ်။ ဆိုတော့ စစ် ကောင်စီရဲ့ တပ်ရင်းပေါင်းက ၄၀ လောက်ရှိတယ်။ ဆိုလိုတာက ကရင်နီကို အကြီးအကျယ်ဖိပြီး ထိုးနေတယ်။ လက်တွေ့ရလဒ်ကတော့ မကောင်းဘူးဆိုတာ မြင်နေရတယ်” လို့ အဆိုပါ စစ်ရေးလ့လာသူက ရှင်းပြပါတယ်။

ကရင်နီဒေသမှာ စစ်ကောင်စီဘက်က တပ်ရင်းတွေများနေပေမယ့် လူအင်အားအရဆိုရင်တော့ ကရင်ပူးပေါင်းတပ် တွေဘက်က ပိုသာနေတယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

ကရင်နီဒေသမှာ အင်အားအကောင်းဆုံး တော်လှန်ရေးတပ်ဖြစ်တဲ့ KNDF ဟာ တပ်ရင်းပေါင်း ၂၁ ရင်း အထိရှိရုံမက မြို့နယ်အလိုက် PDF တပ်ရင်းတွေလည်း ရှိနေပါတယ်။ ကရင်နီဒေသတခုလုံးမှာ စစ်ကောင်စီတပ်ကို ခုခံတိုက်နေတဲ့ တိုက်ခိုက်ရေးတပ် အင်အား အနည်းဆုံး ၂၀၀၀၀ ကျော်နေပြီး မောင်းပြန်သေနတ်တွေ တပ်ဆင်ထားတယ်လို့ စစ်ရေး လေ့လာသူတွေ ခန့်မှန်းထားပါတယ်။

ကရင်နီဒေသမှာ မြို့ပြကိုသာ ထိန်းနိုင်တော့တဲ့ စစ်ကောင်စီတပ်ဟာ စိုးမိုးနယ်မြေ ပိုရလိုမှုနဲ့ စစ်ထိုးနေပေမယ့် အရေး မလှဖြစ်နေပြီး မကြာမီ မိုးကျတော့မယ်ကာလဖြစ်တာကြောင့် စစ်ကောင်စီရဲ့ ထိုးစစ်အရှိန်လျော့နိုင်တယ်လို့ စစ်ရေး လေ့လာသူတွေက သုံးသပ်ပါတယ်။

မည်သို့ပင် ဆိုပါစေ မေလလယ်မှာစတဲ့ စစ်ကောင်စီနဲ့ ကရင်ပူးပေါင်းတပ်တွေကြား တိုက်ပွဲကြောင့် စစ်ဘေးရှောင် အရေအတွက်ဟာလည်း တိုးလာခဲ့ရပါပြီ။

အရင်က စစ်ရှောင်၂ သိန်းရှိခဲ့ပေမယ့် အခုဆိုရင် ၂ သိန်း ၅ သောင်း ဝန်းကျင်အထိ ဖြစ်လာပြီလို့ ကရင်နီလူ့အခွင့် အရေး အဖွဲ့က ခန့်မှန်းပါတယ်။

စစ်ရှောင်တွေ များလာပေမယ့် ကုလသမဂ္ဂ အဖွဲ့အစည်းတွေအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီဟာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့တွေကိုသာ ရောက်လာပြီး တောတောင်ထဲက စစ်ရှောင်တွေဆီကို ရောက်မလာဘူး လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားကဆိုပါတယ်။

၎င်းက “စားနပ်ရိက္ခာက အစကတည်းက သယ်ယူတဲ့နေရာမှာ အကန့်အသတ်ရှိတဲ့အထဲက ကရင်နီဒေသကို ကုန်စည် ဝင်တဲ့ အဓိက လမ်းဖြစ်တဲ့ လွိုင်ကော်မြို့အထွက်တွေမှာ အဖမ်းအဆီးများတဲ့အတွက် စားနပ်ရိက္ခာရောက်ရှိမှုက ကျပ် တည်းနေတာပေါ့။ UN အေဂျင်စီနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း မြို့ပေါ်လောက်မှာပဲ အလုပ်လုပ်တယ်။ အရင် တပတ်အတွင်းမှာပဲ ဖယ်ခုံမြို့ထဲနဲ့ လွိုင်ကော်မြို့ထဲလောက်ဝေတာရှိတယ်။ စစ်ရှောင်တွေအများကြီးရှိတဲ့ ဖရူဆိုဘက် တို့၊ ဒီးမော့ဆိုတို့၊ မယ်စဲ့၊ ဖားဆောင်းဘက်အခြမ်းအထိ သူတို့က လက်လှမ်းမမီတဲ့အတွက် ကျနော်တို့ဆီမှာတော့ ကိုယ်ထူကိုယ်ထ လုပ်နေရတာပေါ့” လို့ ပြောပါတယ်။

စစ်ရေးတင်းမာနေတဲ့ ကရင်နီပြည်မှာတော့ ပိုတိုးလာမယ့် စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာအခက်အခဲတွေ ကြုံရမယ့်အခြေအနေ ရှိနေသလို၊ စစ်ဧရိယာ ပိုကျယ်ပြန့်လာတာနဲ့အမျှ လက်နက်ခဲယမ်းအင်အား လိုအပ်နေတဲ့ ကရင်နီတော်လှန်ရေး အင်အားစုတွေအနေနဲ့လည်း ပိုမို ရုန်းကန်ရဦးမှာပဲ ဖြစ်ပါတယ်။ ။

You may also like these stories:

စစ်ပွဲ အလှည့်အပြောင်းဖြစ်လာစေရေး PDF များ လက်နက်များ ရရှိလာနေ

စဉ့်ကူးမြို့နယ်ကရွာများအား စစ်ကောင်စီ တိုက်ခိုက်ဖျက်ဆီး

နွေဦးတော်လှန်ရေးနှင့် ချင်းလက်နက်ကိုင်တပ်ဖွဲ့များ (၃)

Your Thoughts …
Tags: KNDFကရင်နီစစ်ကောင်စီစစ်ရှောင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.3k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.6k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.3k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.1k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများကို တွေ့ရစဉ် / AFP

မုန်တိုင်းဒဏ်ခံ ရခိုင်ပြည်နယ်တွင် အရေးပေါ် အကူအညီ လိုအပ်နေ

၂၀၂၃ ခုနှစ် မေလ ၁၅ ရက်နေ့ ထုတ် Bangkok Post သတင်းစာ  ရှေ့ဆုံးစာမျက်နှာတွင် ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲအကြောင်း ဖော်ပြထားသည် / AFP

ထိုင်းအစိုးရသစ် မြန်မာ့အရေး ဘာလုပ်နိုင်မည်နည်း

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

6 days ago
3.9k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

4 days ago
3.5k

Most Read

  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0
  • ဒီမိုကရေစီတိုက်ပွဲ ဘာကြောင့် ၃၇ နှစ် ကြာတာလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate