အာဏာသိမ်းပြီးနောက် စစ်တပ်အတွက် လက်နက်ထုတ်လုပ်ရန် ကုန်ကြမ်းများဝယ်ယူပေးရာတွင် မုတ္တမဟိုးလ်ဒင်း Mottama Holdings ကုမ္ပဏီ ပါဝင်သည်ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စတာ တွမ်အင်ဒရူး၏ အစီရင်ခံစာတွင် ရေးသားထားသောကြောင့် စစ်တပ်နှင့် ပူးပေါင်းပြီး သံနှင့် သံမဏိပစ္စည်း အထူးပြု စီးပွားရေးလုပ်သူ (ဦးရန်ဟိုးဟုလည်း လူသိများသူ) ဦးရန်ဟော်ကို သတိပြုစရာ ဖြစ်လာရသည်။
၂၀၂၃ မေလ ၁၇ ရက်နေ့တွင် တင်သွင်းသော အစီရင်ခံစာ၏ စာမျက်နှာ ၂၄ စာပိုဒ် ၇၉ တွင် မုတ္တမဟိုးလ်ဒင်း ကုမ္ပဏီသည် လက်ရှိတွင် ကပစ ဟုအတိုကောက်ခေါ်ကြသည့် စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်သည့် ကာကွယ်ရေးပစ္စည်း စက်ရုံများနှင့် တရုတ်လက်နက် ထုတ်လုပ်ရေးလုပ်ငန်းကုမ္ပဏီ North Industries Group Corporation (NORINCO) တို့ကြား ကိုယ်စားလှယ်ဖြစ်ကြောင်း၊ ကပစ က လိုသော ကုန်ကြမ်းပစ္စည်းများ ဝယ်ယူရေးအတွက်လည်း ကူညီပံ့ပိုးပေးကြောင်း၊ သံမဏိနှင့်ဆိုင်သော ကုန်ကြမ်းပစ္စည်းများကို မုတ္တမဟိုးလ်ဒင်း ကုမ္ပဏီအုပ်စုပိုင် Min Dhama Steel Structures ကုမ္ပဏီက မလေးရှားနိုင်ငံမှတဆင့် တင်သွင်းခဲ့ကြောင်း ဖော်ပြခဲ့သည်။
ဦးရန်ဟိုးသည် မြန်မာစစ်တပ်နှင့် ပူးပေါင်းပြီး စီးပွားရေးလုပ်ကိုင်နေသည်မှာ ယခင်စစ်အုပ်စု နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး ကောင်စီလက်ထက် Asia Metal Company (AMC) အာရှသတ္တုကုမ္ပဏီကတည်းက ဖြစ်သည်။
မုတ္တမဟိုးလ်ဒင်း ကုမ္ပဏီအကြီးအကဲမှာ ဦးရန်ဟိုးဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မွေးဖွားခဲ့သည့် ကိုးကန့်တရုတ်လူမျိုးတဦးဖြစ်သည်။ သူသည် မြန်မာစစ်တပ်နှင့် ပူးပေါင်းပြီး စီးပွားရေးလုပ်ကိုင်နေသည်မှာ ယခင်စစ်အုပ်စု နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး ကောင်စီလက်ထက် Asia Metal Company (AMC) အာရှသတ္တုကုမ္ပဏီကတည်းက ဖြစ်သည်။
၁၉၉၀ ခုနှစ်များအစောပိုင်းတွင် လူရွယ်တဦးအနေဖြင့် ဦးရန်ဟိုးသည် ထိုင်ဝမ်နှင့် ထိုင်းနိုင်ငံတွင် စီးပွားရေးလုပ်ငန်းကို မည်သို့လုပ်ဆောင်ရမည်ကို အတတ်နိုင်ဆုံး လေ့လာသင်ယူခဲ့ပြီး ၁၉၉၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီး သံမဏိ ထုတ်ကုန်ရောင်းဝယ်ရေးနှင့် ရုံးပရိဘောဂထုတ်လုပ်ရေး မိသားစုစီးပွားရေးဖြင့် စီးပွားရေးလုပ်ငန်း စသည်။
၁၉၉၇ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး စတင်ချိန်က ဦးရန်ဟိုးအပြင် လုပ်ငန်းရှင်ငါးဦးဖြင့် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ မုတ္တမဟိုးလ်ဒင်း ကုမ္ပဏီဖြစ်သွားပြီဖြစ်သည့် (AMC) အာရှသတ္တုကုမ္ပဏီသည် Asia Metal Construction၊ Asia Metal Industry and Manufacturing နှင့် Asia Metal Trading တို့အထိ ချဲ့ထွင် အုပ်စုဖွဲ့လာနိုင်ခဲ့သည်။
“ကပစမှာ စက်ရုံဆောက်မယ်ဆိုရင် ဦးရန်ဟိုးပဲ ရတာ။ အဲဒီစက်ရုံတွေက ဘတ်ဂျက် သတ်မှတ်ထားတာ မရှိဘူး။ တောင်းသလောက်ပေးရတာ။ စာရင်းလည်း စစ်ခွင့်မရှိဘူး” ဟု CDM အရာရှိတဦးက ဆိုသည်။
မြန်မာစစ်တပ်အတွက် စက်ရုံများ ဆောက်လုပ်ပေးရာ အထူးသဖြင့်တောင်များအား ဖြိုချဖောက်ထွင်းပြီး လှိုဏ်ခေါင်းတူး ဆောက်လုပ်ရသော စက်ရုံများအား အာရှသတ္တု ကုမ္ပဏီက တည်ဆောက်ခဲ့သည်။ ဦးသိန်းစိန်အစိုးရလက်ထက် ယူနတီဂျာနယ်က ဖော်ပြရေးသားခဲ့သော မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်တွင် ဆောက်လုပ်ထားသော ကပစ (၂၄) စက်ရုံသည် အာရှသတ္တုကုမ္ပဏီမှ ဆောက်လုပ်ပေးခဲ့သော စက်ရုံများထဲက တခုဖြစ်ပြီး သံနှင့် သံမဏိအား အရည်ကြိုသည့် လုပ်ငန်း လုပ်ပေးသည့်စက်ရုံ တရုံဖြစ်ကာ လက်နက်ကြီး ကျည်ဆန်များ ထုတ်လုပ်သည်။
လှိုဏ်ခေါင်းတူး ဆောက်လုပ်ရသော စက်ရုံများအား ဆောက်လုပ်ရာတွင် မြောက်ကိုရီးယားနိုင်ငံသား အချို့ အလုပ်လုပ်ကိုင်ပေးနေသည်ကို တွေ့ရှိသည့်အတွက် အမေရိကန်အစိုးရမှ အာရှသတ္တု ကုမ္ပဏီအား ပိတ်ဆို့အရေးယူခဲ့သည်။
လှိုဏ်ခေါင်းတူး ဆောက်လုပ်ရသော စက်ရုံများအား ဆောက်လုပ်ရာတွင် မြောက်ကိုရီးယားနိုင်ငံသား အချို့ အလုပ်လုပ်ကိုင်ပေးနေသည်ကို တွေ့ရှိသည့်အတွက် အမေရိကန်အစိုးရမှ အာရှသတ္တု ကုမ္ပဏီအား ပိတ်ဆို့အရေးယူခဲ့သည်။ သို့သော် ၂၀၁၆ ခုနှစ်တွင် အမေရိကန်အစိုးရက မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင့် စစ်ဗိုလ်ချုပ်များအား စီးပွားရေး ပိတ်ဆို့ အရေးယူမှုမှ ပြန်လည် ဖယ်ရှားပေးခဲ့သည့်အတွက် အာရှသတ္တုကုမ္ပဏီသည်လည်း ပိတ်ဆို့ အရေးယူခံရခြင်းမှ ပြန်လည် လွတ်မြောက်ခဲ့သည်။
ဦးရန်ဟိုးသည် နဝတ အစိုးရလက်ထက်မှစ၍ တရုတ်နိုင်ငံက ဝယ်ယူသည့် စက်လက်နက်ပစ္စည်း စက်ရုံများအား အဓိက တည်ဆောက်ခွင့်ရခဲ့သူလည်း ဖြစ်သည်။ နဝတ အစိုးရလက်ထက်တွင် တရုတ်နိုင်ငံ North Industries Group Corporation (NORINCO) ထံမှ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံများ အများအပြား ဝယ်ခဲ့သည်။ အဆိုပါ စက်ရုံများ၏ တည်ဆောက်ခွင့်နှင့် စက်ရုံအတွက် လိုအပ်သော ကုန်ကြမ်းအား အာရှသတ္တုကုမ္ပဏီက တင်သွင်းခွင့် ရရှိခဲ့သည်။
မုတ္တမ ဟိုးဒင်းကုမ္ပဏီသည် ၂၀၁၃ ခုနှစ်တွင် အာရှသတ္တုကုမ္ပဏီအား နာမည်ပြောင်းပြီး ဖွင့်လှစ်လိုက်သည့် ကုမ္ပဏီဖြစ်ပြီး အာရှသတ္တုကုမ္ပဏီတွင် ပါဝင်ခဲ့သော လုပ်ငန်းရှင်အချို့သည်လည်း ကုမ္ပဏီ သီးခြားထောင်သူများ ရှိလာခဲ့သည်။ ဦးအောင်မြတ် (Mother Company အုပ်စု) သည် အာရှသတ္တုကုမ္ပဏီ ဒါရိုက်တာအဖွဲ့မှ ခွဲထွက်သွားသူ ဖြစ်သည်။
မုတ္တမဟိုးဒင်းကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်း၊ ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းတို့ကို လုပ်ကိုင်ပြီး မုတ္တမ ဟိုးဒင်းကုမ္ပဏီအောက်တွင် ကုမ္ပဏီခွဲ ၉ ခုရှိကာ အများပိုင်ကုမ္ပဏီနှစ်ခု ရှိသည်။
“မြန်မာနိုင်ငံမှာ သံနဲ့ပတ်သက်ရင် မုတ္တမ ဟိုးဒင်းက အကြီးဆုံးပဲ။ Steel Structure နဲ့ပတ်သက်ရင် သူတို့ယှဉ်နိုင်တဲ့ကုမ္ပဏီမရှိဘူး”
“မြန်မာနိုင်ငံမှာ သံနဲ့ပတ်သက်ရင် မုတ္တမ ဟိုးဒင်းက အကြီးဆုံးပဲ။ Steel Structure နဲ့ပတ်သက်ရင် သူတို့ယှဉ်နိုင်တဲ့ကုမ္ပဏီမရှိဘူး” ဟု ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းရှင်တဦးက ဆိုသည်။
ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံတွင် မုတ္တမ ဟိုးဒင်းကုမ္ပဏီအောက်ရှိ Mindama Steel Structure ကုမ္ပဏီက ဆောက်လုပ်နေသော ၂၆ ထပ်အမြင့်ရှိသော M Tower သည် မြန်မာနိုင်ငံတွင် Steel Structure ဖြင့်ဆောက်လုပ်ထားသော အထပ်အမြင့်ဆုံး အဆောက်အဦးကြီး ဖြစ်သည်။
ထို့ပြင် သမ္မတဦးသိန်းစိန်လက်ထက် မြေဧက ၆၀ ကျော်ကျယ်ဝန်းသော ရန်ကုန်မြို့ဘူတာကြီး ပြန်လည်တည်ဆောက်ရေးစီမံကိန်းအား မုတ္တမ ဟိုးဒင်းကုမ္ပဏီခွဲတခုဖြစ်သော မင်းဓမ္မ Steel Structure ဆောက်လုပ်ရေးကုမ္ပဏီက လုပ်ပိုင်ခွင့် ရရှိခဲ့သည်။
ဦးရန်ဟိုးသည် ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် ( ကကထုတ် ) တာဝန်ယူခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် ခင်မင်ရင်းနှီးသူဖြစ်ပြီး လက်ရှိ ကကထုတ် အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းနှင့်ပါ ဆက်ဆံရေးကောင်းသူ ဖြစ်သည်။
ထို့အပြင် နဝတ အစိုးရလက်ထက်တွင် ရေတပ်ဦးစီးချုပ်နှင့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် သမ္မတရုံး တာဝန်ယူခဲ့သော ဝန်ကြီးဦးစိုးသိန်းနှင့်လည်း ဆက်ဆံရေးကောင်းမွန်သူဖြစ်သည်။
ဦးရန်ဟိုးသည် မြန်မာထိပ်တန်းသူဌေးကြီး ဦးအောင်ကိုဝင်း ( KBZ ) နှင့်ရင်းနှီးသော ဆက်ဆံရေးရှိပြီး ဦးရန်ဟိုး၏ လုပ်ငန်းအချို့တွင် ဦးအောင်ကိုဝင်း ရှယ်ယာပါသည်ဟုလည်း လုပ်ငန်းရှင်အချို့က ယုံကြည်နေကြသည်။
စစ်တပ် အာဏာသိမ်းပြီးနောက် ဦးရန်ဟိုးနှင့် ဧရာဟင်္သာကုမ္ပဏီအကြီးအကဲ ဦးဇော်ဝင်းရှိန်တို့သည် ဦးအောင်ကိုဝင်းနေထိုင်သည့် ရှမ်းပြည်နယ်အောင်ပန်းအိမ်သို့ တပတ်တခါ သွားရောက်လေ့ရှိသည်ဟု စုံစမ်းသိရှိရသည်။
ဦးရန်ဟိုးသည် မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌလည်း ဖြစ် လက်နက်ပွဲစားလည်း ဖြစ်သူ ဦးစစ်တိုင်းအောင်နှင့်လည်း စီးပွားဖက်ဖြစ်သည်။
ဦးရန်ဟိုးသည် မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌလည်း ဖြစ် လက်နက်ပွဲစားလည်း ဖြစ်သူ ဦးစစ်တိုင်းအောင်နှင့်လည်း စီးပွားဖက်ဖြစ်သည်။
SAC-M မှ ရရှိသည့် အချက်အလက်များအရ ဦးစစ်တိုင်းအောင်သည် ကာကွယ်ရေးစက်မှုလုပ်ငန်းအတွက် သံမဏိထုတ်လုပ်ရေးတွင် ကျွမ်းကျင်သည့် Czech ကုမ္ပဏီများနှင့်တွေ့ဆုံရန် ၂၀၁၉ ခုနှစ် ဇွန်လတွင် Prague ၌ကျင်းပသော B2B ဖိုရမ်တွင် မုတ္တမဟိုးလ်ဒင်း ကို ကိုယ်စားပြုခဲ့သည်။
ဦးစစ်တိုင်းအောင်ကို မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်မှုဖြင့် အမေရိကန်နှင့် အနောက်နိုင်ငံများက နာမည်ပျက်စာရင်းထည့်သွင်းထားသည်။
ပိတ်ဆို့အရေးယူမှုများအပြင် စစ်တပ်၏ လွဲမှားသော စီမံအုပ်ချုပ်မှုကြောင့် တိုင်းပြည်စီးပွားရေး ကမောက်ကမဖြစ်နေသော်လည်း ဦးရန်ဟိုး၏ စီးပွားရေးကမူ အခြေအနေ ကောင်းနေပုံပေါ်သည်။
မုတ္တမဟိုးဒင်းကုမ္ပဏီအနေဖြင့် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ အိမ်ရာစီမံကိန်း အပါအဝင် အဓိက စီမံကိန်း ၉ ခုကို ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်းလည်း ၂၀၂၂ ခုနှစ် နှစ်ဦးပိုင်းက ထုတ်ပြန်ထားခဲ့သည်။
မုတ္တမဟိုးဒင်းကုမ္ပဏီက တည်ဆောက်နေသော စီမံကိန်းများမှာ ပြည်လမ်းပေါ်ရှိ M Tower ၊ မင်းဓမ္မလမ်း ပေါ်ရှိ Min Residence Mottama Center၊ Kandawgyi Park Aquarium, ပြည်လမ်းပေါ်ရှိ HL Tower မင်းဓမ္မလမ်း ပေါ်ရှိ Mottama Business Tower၊ ကျိုက်ဝိုင်းဘုရားလမ်း ပေါ်ရှိ Bonnamy Tower နှင့် M Green Apartments၊ မင်္ဂလာဒုံမြို့နယ်ရှိ တန်ဖိုးသင့်အိမ်ရာ စီမံကိန်းတို့ ဖြစ်သည်။
You may also like these stories:
အာဏာသိမ်း စစ်အုပ်စု၏ ထောက်တိုင်တခု (သို့မဟုတ်) ဦးစစ်တိုင်းအောင်
ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း
၂၀၂၁ စစ်အာဏာသိမ်းမှုနှင့် ခရိုနီ ဖခင်ကြီး ဦးအောင်ကိုဝင်း
ဆရာကျောင်း စင်တင်ပေးခဲ့တဲ့ ဂျော်နသန်ကျော်သောင်း
အသက်ငင်နေဆဲ မြန်မာ့စီးပွားရေးနှင့် တကျော့ပြန် ခရိုနီဝါဒ