• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ထီ၊ ငွေတိုက်စာချုပ်နှင့် ခရစ်ပတိုငွေကြေး သို့မဟုတ် နွေဦးတော်လှန်ရေး ရန်ပုံငွေ

by ဧရာဝတီ
13 July 2023
in ဆောင်းပါး
A A
NUG ကို ထောက်ခံဆန္ဒပြသူများ / AFP

NUG ကို ထောက်ခံဆန္ဒပြသူများ / AFP

4.7k
VIEWS
Share on FacebookShare on Twitter

ရွေးကောက်ခံအစိုးရကို စစ်တပ်က ဖြုတ်ချပြီးနောက် သွေးချောင်းစီး ပြည်တွင်းစစ် စတင်သည်မှာ နှစ်နှစ်ကျော် ကြာလာသောအခါ စစ်ကောင်စီအုပ်ချုပ်ရေးကို တွန်းလှန်နေသော ခုခံတော်လှန်ရေး အင်အားစုများသည် ၎င်းတို့ တိုက်ပွဲအတွက် ရန်ပုံငွေရှာရန် ပိုမိုလိမ္မာပါးနပ်၊ အဆင့်မြင့်သော နည်းပညာများကို သုံးလာကြသည်။

ဆွီဒင်မှ စင်ကာပူအထိ အဝေးရောက်မြန်မာများက တိုက်ရိုက်လှူဒါန်းမှုများသည် အဓိကအားဖြင့် အများပြည်သူက ဝိုင်းဝန်းရန်ပုံငွေရှာပေးသည့် လှုပ်ရှားမှုများသို့ ဆက်လက် ငွေကြေးထည့်ဝင်နေသလို ငွေတိုက်စာချုပ်များ၊ အိမ်ခြံမြေ လေလံများနှင့် သတ္တုတူးဖော်ခွင့်များမှလည်း ထိုရန်ပုံငွေ အမျိုးမျိုးသို့ စီးဝင်နေသည်။

RelatedPosts

မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
609
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
490
မြို့ ၅ မြို့  ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

16 May 2025
975

ပုန်းအောင်းနေထိုင် သို့မဟုတ် အဝေးရောက်နေထိုင် လုပ်ကိုင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် စစ်ကောင်စီချုပ်ကိုင်ထားသည့် ဘဏ်များကို ကျော်ဖြတ်ရန် လွန်ခဲ့သောနှစ်တွင် ဒစ်ဂျစ်တယ် ငွေကြေးတခု စတင်ပြီး ယခုအခါတွင်မူ ကိုယ်ပိုင်အွန်လိုင်းဘဏ်တခု ဖွင့်တော့မည်ဖြစ်သည်။

လွန်ခဲ့သောနှစ်တွင် ဒစ်ဂျစ်တယ် ငွေကြေးတခု စတင်ပြီး ယခုအခါတွင်မူ ကိုယ်ပိုင်အွန်လိုင်းဘဏ်တခု ဖွင့်တော့မည်ဖြစ်သည်။

“NUG က လက်နက်ဖြစ်စေ၊ လက်နက်မဟုတ်တဲ့ အကူအညီဖြစ်စေ အနောက်နိုင်ငံတွေကနေ နိုင်ငံတော် အကူအညီ အထောက်အပံ့ကို ပိုမိုလိုလားတာ ထင်ရှားပေမယ့် လတ်တလော အဲဒီလိုဖြစ်မယ့် အခြေအနေ မရှိသေးတာကြောင့် သူတို့ဟာ ကိုယ့်အားကိုယ်ကိုးနေရတယ်” ဟု ဝါရှင်တန် အမျိုးသား စစ်ကောလိပ်မှ အရှေ့တောင်အာရှ ပုန်ကန်မှုများကို နှစ်ပေါင်း ၃၀ ကျော်လေ့လာခဲ့သော ပါမောက္ခ ဇာချာရီ အဘူဇာက ပြောသည်။

“ပြီးတော့ သူတို့က အဲဒီလိုလုပ်ရာမှာ နည်းပညာအကျွမ်းကျင်ဆုံး၊ တီထွင်ဖန်တီးမှု အရှိဆုံးနည်းတွေ၊ ပျော်ရွှင်စရာ ဖြစ်စေမယ့်နည်းတွေကို သုံးကြတယ်။ သူတို့က ဘယ်သူမှ မထင်ထားတာကို လုပ်ကြတာ” ဟု ၎င်းက VOA သတင်းဌာနသို့ ပြောသည်။

အိမ်ခြံမြေ မဟုတ်သော အိမ်ခြံမြေ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာတွင် ဖြစ်ပွားနေသည့် စစ်ပွဲသည် လူပေါင်း ၃ သောင်းကျော် သေဆုံးစေခဲ့ပြီး လူ ၁၅ သန်းအထက်ကို နေရပ်စွန့်ခွာထွက်ပြေးစေကာ အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးသည့်သူ ထောင်ပေါင်းများစွာရှိသည်ဟု ခန့်မှန်းရသည်။

နိုင်ငံတဝန်းမှ ရာပေါင်းများစွာသော ဒေသခံများသည် ပြန်လည်တိုက်ခိုက်ရန် လက်နက်စွဲကိုင်ကြပြီး ပိုင်နက်အတွက် စစ်ကောင်စီကို တိုက်ခိုက်နေသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သော တိုင်းရင်းသားလူနည်စုများ ဦးဆောင်သည့် လက်နက်ကိုင်များနှင့် ပူးပေါင်းကြသည်။

NUG ၏ နွေဦးမန္တလေး ရင်းနှီးမြှုပ်နှံမှု အစီအစဉ်အရ အဆိုပြု အိမ်ယာ စီမံကိန်း / End of Dictatorship

NUG သည် ထိုပြည်သူ့ကာကွယ်ရေးတပ် (PDF) အများအပြားကို ကွပ်ကဲ၊ ငွေကြေး ထောက်ပံ့ပြီး အကြီးမားဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် မဟာမိတ်ဖွဲ့ထားသည်။

ဇန်နဝါရီလက သတင်းစာရှင်းလင်းပွဲတခုတွင် NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က NUG သည် ဒေါ်လာသန်း ၁၀၀ ခန့်အထိ ရန်ပုံငွေရရှိထားကြောင်း ပြောသည်။ ထိုရန်ပုံငွေ၏ ထက်ဝက်နီးပါးကို နွေဦးတော်လှန်ရေး ငွေတိုက်စာချုပ်ရောင်းချရာမှ ရရှိကြောင်း ၎င်းကပြောသည်။ ထိုငွေတိုက်စာချုပ် ဝယ်ယူသူများသည် အတိုးမရဘဲ စစ်ကောင်စီပြုတ်ကျသော အခါမှသာ ပြန်လည် ရရှိမည်ဖြစ်သည်။

ဇန်နဝါရီလက သတင်းစာရှင်းလင်းပွဲတခုတွင် NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က NUG သည် ဒေါ်လာသန်း ၁၀၀ ခန့်အထိ ရန်ပုံငွေရရှိထားကြောင်း ပြောသည်။

NUG သည် ၎င်းတို့ ထိန်းချုပ်ထားသည့် သို့မဟုတ် အားပြိုင်နေသည့် မြန်မာနိုင်ငံထက်ဝက်ခန့်မှ အခွန်ကောက်ယူသောကြောင့် ဒေါ်လာ ၁၄ သန်း ရရှိကြောင်းနှင့် အများအားဖြင့် စစ်ကောင်စီထိန်းချုပ်ထားသည့် ကျောက်မျက်ရတနာ လုပ်ငန်းများလုပ်ပိုင်ခွင့် ရောင်းချမည်ဖြစ်ကြောင်းလည်း ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။ NUG သည် ၎င်း၏ ပထမဆုံး ကျောက်တူးဖော်ခွင့်ကို အမည်မဖော်လိုသော ဝယ်ယူသူတဦးသို့ ဖေဖော်ဝါရီလတွင် ဒေါ်လာ ၄ သန်းဖြင့် ရောင်းချခဲ့ကြောင်း ပြောသည်။

စင်ပြိုင်အစိုးရသည် စစ်ကောင်စီခေါင်းဆောင် ရန်ကုန်တွင် အသုံးပြုသည့် အင်းလျားကန်စပ် အိမ်အပါအဝင် စစ်ကောင်စီက ပိုင်ဆိုင်သည့်၊ သိမ်းပိုက်ထားသည့် အိမ်ခြံမြေရှယ်ယာများကိုလည်း ရောင်းချနေသည်။ သတ္တုတွင်း တူးဖော်ခွင့်အတွက် ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့ ဝယ်ယူထားသော လုပ်ပိုင်ခွင့်ကို တော်လှန်ရေး မအောင်မြင်မချင်း သုံးခွင့်ရမည်မဟုတ်သေးပေ။

အိမ်ခြံမြေများသည် အမြတ်ရနိုင်သောကြောင့် ထိုလေလံများသည် ပြည်သူလူထုအကြား အထူးရေပန်းစားပြီး နောက်ဆုံးတွင် ငွေတိုက်စာချုပ်ရောင်းသည်ထက်ပင် ပိုမိုများပြားနိုင်

အိမ်ခြံမြေများသည် အမြတ်ရနိုင်သောကြောင့် ထိုလေလံများသည် ပြည်သူလူထုအကြား အထူးရေပန်းစားပြီး နောက်ဆုံးတွင် ငွေတိုက်စာချုပ်ရောင်းသည်ထက်ပင် ပိုမိုများပြားနိုင်ကြောင်း ပါမောက္ခ အဘူဇာက ပြောသည်။

ငွေတိုက်စာချုပ်များကို ယုံကြည်

အနည်းငယ်မျှစီ အကြိမ်ကြိမ် ဝင်လာသော်လည်း ကမ္ဘာတဝန်းမှ လှူဒါန်းမှုများသည်လည်း NUG နှင့် အခြား အဖွဲ့အစည်းများအတွက် ဒေါ်လာသန်းချီရနိုင်သည်ဟု ယုံကြည်ရသည်။

မြန်မာနိုင်ငံတွင် မွေးဖွားသူ ဒေါ်ခင်မိုးသည် နယူးယောက်ရှိ သူ၏နေအိမ်မှတဆင့် လက်စွပ်များ၊ ဆွဲသီးများနှင့် အခြားတောက်ပသည့် လက်ဝတ်ရတနာများကို နွေဦးတော်လှန်ရေးအတွက် အွန်လိုင်းမှ လေလံတင်ရောင်းချသည်။ မဲလက်မှတ်တစောင် ဒေါ်လာ ၂၀ နှင့်ပင် လက်ဝတ်ရတနာ တခုလျှင် ဒေါ်လာတထောင်ကျော် ရသည်ဟု ဒေါ်ခင်မိုးက ပြောသည်။

NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း PDF စခန်းများသို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၇ ရက်က သွားရောက်ခဲ့စဉ် / NUG

သူနှင့်မိတ်ဆွေမိသားစုများသည် နွေဦးတော်လှန်ရေး ငွေတိုက်စာချုပ် ဒေါ်လာ ၁၀,၀၀၀ ကျော်ဖိုး ဝယ်ယူထားသည်။ နယူးယောက်တွင်နေထိုင်သည့် သူတို့ညီအစ်မသည် မြန်မာစစ်တပ်က ပိုင်ဆိုင်ဆဲဖြစ်သည့် မြေတွင် တနေနေ့ တည်ဆောက်ပေးမည်ဟု NUG က ကတိပြုထားသည့် တိုက်ခန်းတခန်း ဝယ်ထားကြောင်းလည်း ဒေါ်ခင်မိုးက ပြောသည်။

“စစ်ကောင်စီက သူတို့အာဏာနဲ့ လူတိုင်းကို ထိန်းချုပ်ချင်တာ။ သူတို့က အားလုံးကိုဖမ်းပြီး ပြည်သူတွေနဲ့ ကျောင်းသားတွေကို သတ်တယ်။ အဆိုးဆုံးကတော့ သူတို့က လူတိုင်းရဲ့လွတ်လပ်မှုကို သိမ်းယူတာပဲ။ ဒါကို ကျမတို့ လက်မခံနိုင်ဘူး” ဟု ဒေါ်ခင်မိုးက VOA သတင်းဌာနသို့ ပြောသည်။

“NUG ခေါင်းဆောင်တွေက မြန်မာက ပြည်သူတွေလိုချင်တာကို ကူညီထောက်ပံ့နိုင်မယ်လို့ ယုံကြည်ပြီး ငွေတိုက်စာချုပ်တွေ ဝယ်တယ်” ဟု ၎င်းကပြောသည်။ “အဲဒီငွေတိုက်စာချုပ်တွေက အတိုးမရမှန်း ကျမတို့ သိတယ်။ ဒါပေမယ့် ယုံကြည်လို့ ထောက်ခံတယ်” ဟုလည်း ပြောသည်။

“အဲဒီငွေတိုက်စာချုပ်တွေက အတိုးမရမှန်း ကျမတို့ သိတယ်။ ဒါပေမယ့် ယုံကြည်လို့ ထောက်ခံတယ်”

ထိုငွေများကို ရည်မှန်းထားသည့်အတိုင်း မြန်မာမြေပြင်မှ ပြည်သူများလက်သို့ ရောက်၊ မရောက်ဆိုသည့် ကိစ္စသည် အခြားအပိုင်းဖြစ်သည်။

အာဏာသိမ်းလိုက်ခြင်းနှင့်အတူ စစ်ကောင်စီသည် မြန်မာဗဟိုဘဏ်ကို ထိန်းချုပ်လိုက်ပြီး ခုခံတော်လှန်ရေး အင်အားစုများသို့ ငွေကြေးထောက်ပံ့သည်ဟု သံသယရှိသည့်ငွေစာရင်းများကို စောင့်ကြည့် ပိတ်ဆို့ရန် ပြည်တွင်းဘဏ်များကို ညွှန်ကြားသည်။ ထိုနောက် သံသယရှိသောငွေစာရင်းမှ ငွေလွှဲသူများကို ဖမ်းဆီးပြီး အလုပ်ကြမ်းနှင့်ထောင် ၁၀ နှစ်ချသည်။

ကိုယ်စားလှယ် ကွန်ရက်များနှင့် အလုပ်လုပ်သည့် တရားမဝင် ဟွန်ဒီ ငွေလွှဲစနစ်သည် ထိုဘဏ်များကို ရှောင်ကွင်းနိုင်သော်လည်း အကန့်အသတ်များ ရှိနေသည်။

NUG Pay အွန်လိုင်းဘဏ် ကြော်ငြာ

ပြဿနာကို ကျော်လွှားရန် အခြားနည်းလမ်းတခုအနေဖြင့် NUG သည် ပိတ်ဆို့ရန် ခက်ခဲသည့် သို့မဟုတ် မဖြစ်နိုင်သည့် ဘလော့ချိန်း နည်းပညာကို အသုံးပြုပြီး မြန်မာကျပ်နှင့် ၁:၁ ချိတ်ဆက်ထားသည့် ဒစ်ဂျစ်တယ် မြန်မာကျပ် (DMMK) ကို စတင်ထူထောင်သည်။ NUG သည် NUGPay အမည်ရှိ mobile wallet ကိုလည်း အသုံးပြုသူများအနေဖြင့် ဒစ်ဂျစ်တယ်ကွိုင်များ စုဆောင်း၊ ဝယ်ယူရန် ဖွင့်ထားသည်။

အောင်ပွဲကိုယုံကြည်

ကနဦးကာလတွင်သာ ရှိနေသေးသော်လည်း DMMK သည် ခုခံတော်လှန်ရေး အင်အားစုအနေဖြင့် နိုင်ငံအတွင်း ငွေကြေးရွှေ့ပြောင်းရာတွင် အထောက်အကူပြုသည်ဟု လုံခြုံရေးအကြောင်းများကြောင့် အမည်အပြည့်အစုံ မပြောလိုသည့် ဘလော့ချိန်းကျွမ်းကျင်သူ စိုးက ပြောသည်။

စိုးသည် မြန်မာနိုင်ငံ ပဋိပက္ခဇုန်များမှ အစိုးမဟုတ်သည့် ပရဟိတအဖွဲ့အစည်းများ ခရစ်ပတိုငွေကြေးနှင့် အခြား ဘလော့ချိန်းကိရိယာများ အသုံးပြုပြီး စစ်တပ်၏ ဘဏ်လုပ်ငန်းကန့်သတ်ချက်များ၊ မိုဘိုင်းကွန်ရက် ကြားဖြတ် အချက်အလက်ရယူခြင်းကို ကျော်လွှားရန် လေ့ကျင့်ပေးနေပြီး တိုင်းရင်းသားလက်နက်ကိုင်နှင့် ပြည်သူ့ တော်လှန်ရေအဖွဲ့အချို့နှင့် အဆက်အသွယ်ရှိသည်။

“အဓိကအချက်ကတော့ တော်လှန်ရေးကို မြန်မာပြည်သူတွေက၊ အခြားနိုင်ငံတွေရှိ ပြည်သူတွေက ရန်ပုံငွေ ထောက်ပံ့ဖို့လိုတယ်။ ခရစ်ပတိုငွေကြေး အသုံးပြုခြင်းဟာ တော်လှန်ရေးကို ထောက်ခံဖို့ အန္တရာယ် အကင်းဆုံး နည်းလမ်းဖြစ်တယ်။ မြန်မာစစ်တပ်သာမက တကမ္ဘာလုံးက အစိုးရအားလုံး ဘလော့ချိန်းမှာ အရောင်းအဝယ်ကို မထိန်းချုပ်နိုင်ဘူး” ဟုလည်း VOA သတင်းဌာနသို့ ၎င်းကပြောသည်။

“တော်လှန်ရေးကို မြန်မာပြည်သူတွေက၊ အခြားနိုင်ငံတွေရှိ ပြည်သူတွေက ရန်ပုံငွေ ထောက်ပံ့ဖို့လိုတယ်။ ခရစ်ပတိုငွေကြေး အသုံးပြုခြင်းဟာ တော်လှန်ရေးကို ထောက်ခံဖို့ အန္တရာယ် အကင်းဆုံး နည်းလမ်းဖြစ်တယ်”

သို့သော် DMMK နှင့် အခြားခရစ်ပတိုငွေကြေးများအကြား လဲလှယ်နိုင်မှု အကန့်အသတ်ရှိနေခြင်းနှင့် ငွေအထုတ်အသွင်း လုပ်ပေးမည့်ကိုယ်စာလှယ်များ လိုအပ်ခြင်းကြောင့် DMMK သည် ခုခံတော်လှန်ရေးအတွက် လက်တွေ့ အသုံးဝင်ရန် သံသယများဖြစ်စေသည်။ NUG က ထုတ်ပြန်သည့် နွေဦးဖွံ့ဖြိုးတိုးတက်ရေးဘဏ်နှင့် ပတ်သက်သည့် တပိုင်းတစ အချက်အလက်များအရ DMMK ကို လက်ခံသည် ခရစ်ပတိုငွေကြေးတခုထက် အခြား ခရစ်ပတိုငွေကြေးများနှင့်ပါ လိုက်လျောညီထွေရှိသော ဘလော့ချိန်းကွန်ရက်များကို အသုံးပြုခြင်းကြောင့် ထိုပြဿနာများအနက် အချို့ကို ဖြေရှင်းနိုင်ကြောင်း စိုးက ပြောသည်။

ဇွန်လနှောင်းပိုင်းတွင်မူ ပြည်တွင်းသတင်းများက NUG သည် ယခုလအတွင်း ထိုဘဏ်ကို အသက်သွင်းမည်ဖြစ်ကြောင်း ဖော်ပြကြသည်။

သို့သော် စစ်ကောင်စီက စိတ်တိုင်းကျသုံးနေသည့် ဒေါ်လာဘီလီယံပေါင်းများစွာ၏ အသေးအမွှား အစိတ်အပိုင်းကိုသာ မြန်မာ့ခုခံတော်ရေးက ရှင်သန်ရန် မှီခိုနေရသည်။ NUG သည် ဘဏ်လုပ်ငန်း လည်ပတ်နိုင်ပါက ထိုဘဏ်သည် အသက်သွေးကြော ဖြစ်လာနိုင်ကြောင်း ပါမောက္ခ အဘူဇာက ပြောသည်။ ထိုကိစ္စနှင့်ပတ်သက်၍ သူသည် NUG နှင့် လျှို့ဝှက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သူဖြစ်သည်။

“နွေဦးဘဏ်ရဲ့ အသေးစိတ်တွေ၊ သူတို့ပေးမယ့်အရာတွေနဲ့ သူတို့အွန်လိုင်းမှာသုံးမယ့် ကွန်ပျူတာ ဆက်သွယ်ရေး အင်တာဖေ့စ်ကို ကျနော်ကြည့်ပြီးသွားပြီ။ ရေပန်းစားလိမ့်မယ်လို့ ကျနော်ထင်တယ်” ဟု ၎င်းကပြောသည်။

“အဲဒီဘဏ်က ထီ၊ မြေရောင်းချမှု၊ ငွေတိုက်စာချုပ် ရောင်းချမှု စတာတွေ အပါအဝင် သူတို့ရဲ့ အခြားရန်ပုံငွေတွေကိုလည်း အဆင်ပြေချောမွေ့အောင် လုပ်ပေးလိမ့်မယ်”

“အဲဒါက NUG အတွက် ဝင်ငွေရင်းမြစ်ဖြစ်လိမ့်မယ်။ အဲဒီဘဏ်က ထီ၊ မြေရောင်းချမှု၊ ငွေတိုက်စာချုပ် ရောင်းချမှု စတာတွေ အပါအဝင် သူတို့ရဲ့ အခြားရန်ပုံငွေတွေကိုလည်း အဆင်ပြေချောမွေ့အောင် လုပ်ပေးလိမ့်မယ်” ဟု ပါမောက္ခ အဘူဇာက ပြောသည်။ “သူတို့အောင်မြင်အောင် လုပ်နိုင်ရင် တော်လှန်ရေးရှင်သန်စေဖို့ သူတို့အတွက် အရေးကြီးတဲ့ ဘဏ်ဖြစ်လာမယ်” ဟုလည်း ပြောသည်။

(VOA ပါ Zsombor Peter ၏ Raffles, Bonds and Crypto Are Funding Myanmar’s Armed Resistance ကို ဘာသာပြန်သည်။)

You may also like these stories:

စစ်ကောင်စီကို ဖြုတ်ချရန် NUG ဒေါ်လာသန်း ၁၀၀ ကျော် ရန်ပုံငွေရှာထား

ပြည်သူရဲ့ ပိုက်ဆံ တပြားတကျပ်ကိုမှ ပစ်စလက်ခတ် လုပ်တာ မရှိပါဘူး

စစ်ကောင်စီ သိမ်းမြေများ လေလံမှ NUG ဒေါ်လာ ၉ သန်း ရ

အမှတ် ၁၄ အင်းလျားလမ်း ရောင်းရန် ရှိသည်

ဝယ်ထားသည့် လက်နက် ၆ ပုံ ၁ ပုံသာ PDF ထံ ပို့နိုင်သေးကြောင်း NUG ပြော

Your Thoughts …
Tags: DMMKNUGNUGPayPDFခရစ်ပတိုငွေကြေးခုခံတော်လှန်ရေး အင်အားစုငွေတိုက်စာချုပ်စစ်ကောင်စီစစ်အာဏာသိမ်းမှုတိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံဒစ်ဂျစ်တယ် မြန်မာကျပ်ဒစ်ဂျစ်တယ်ငွေကြေးနွေဦးတော်လှန်ရေးနွေဦးဖွံ့ဖြိုးတိုးတက်ရေးဘဏ်ပြည်တွင်းစစ်ဘဏ္ဍာရေးဘလော့ချိန်းမဲလက်မှတ်ရန်ပုံငွေသတ္တုတူးဖော်ခွင့်အိမ်ခြံမြေ လေလံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ရန်ကုန်မြို့ရှိ ဆေးဆိုင်တဆိုင်ကို ၂၀၂၀ နှစ်ဆန်းပိုင်းက တွေ့ရစဉ် / ဧရာဝတီ

ဒေါ်လာဈေးကြောင့် ဆေးဝါးနှင့် စက်သုံးဆီဈေးများလည်း တက်လာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ လွှတ်တော်အဆောက်အအုံ အနီးတဝိုက် လုံခြုံရေးချထားသောကြောင့် ယာဉ်ကြော ပိတ်ဆို့နေမှုများ/The Reporters

ထိုင်းနိုင်ငံရေး မြန်မာများ မပါရန် အလုပ်သမားအရေးဆောင်ရွက်သူများ သတိပေး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

7 days ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate