အာဏာဆုံးရှုံးမည့် အလားအလာများကို ရှင်းလင်းရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာ ဟွန်ဆန် အပြင်းအထန် လုပ်ဆောင်နေသည်မှာ နှစ်ပေါင်းများစွာကြာပြီ ဖြစ်သည်။
အများအားဖြင့် အင်အားနည်းပြီး လူထုထောက်ခံမှုရှိသည့် အတိုက်အခံများကို အင်အားချိနဲ့အောင် နှစ်ပေါင်းများစွာ လုပ်ဆောင်ကာ မစ္စတာ ဟွန်ဆန်သည် သူရှုံးနိမ့်ရန် ဖြစ်နိုင်ခြေမရှိသော လာမည့် ဇူလိုင်လ ၂၃ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲသို့ ချဉ်းကပ်လာသည်။
ကမ္ဘောဒီးယား၏ နောက်ဆုံးလက်ကျန် အတိုက်အခံများကို ရွေးကောက်ပွဲမဝင်နိုင်စေရန် မေလတွင် တရားဝင် ပိတ်ပင်လိုက်ပြီး ဟွန်ဆန်သည် အတိုက်အခံလက်ကျန်များကို အမြစ်ဖြတ်ရန်နှင့် နိုင်ငံတွင်းတွင် ရှိနေဆဲဖြစ်သော်လည်း အရေအတွက်လျော့နည်းလာသည့် ဝေဖန်သူများ နှုတ်ပိတ်သွားအောင် မည်သည့်နည်းလမ်းကိုမဆို သုံးသည်။
ဟွန်ဆန်သည် အတိုက်အခံလက်ကျန်များကို အမြစ်ဖြတ်ရန်နှင့် နိုင်ငံတွင်းတွင် ရှိနေဆဲဖြစ်သော်လည်း အရေအတွက်လျော့နည်းလာသည့် ဝေဖန်သူများ နှုတ်ပိတ်သွားအောင် မည်သည့်နည်းလမ်းကိုမဆို သုံးသည်။
ကမ္ဘောဒီးယား၏ ပျက်စီးယိုယွင်းနေသော ဒီမိုကရေစီ စမ်းသပ်မှု ဆယ်စုနှစ် သုံးခုအတွင်း မဲဆန္ဒရှင်များက ရွေးကောက်ပွဲလုပ်ငန်းစဉ်သည် နိုင်ငံခေါင်းဆောင်ပိုင်းကို လွတ်လပ်စွာ ရွေးချယ်ရန် အခွင့်အလမ်းအတွက် မျှော်လင့်ချက်နှင့်မဆိုင်ဘဲ အကြောက်တရားနှင့်သာ ပိုမိုသက်ဆိုင်ကြောင်း ပြောသည်။
ရွေးကောက်ပွဲ၏ အနှစ်သာရရွေးချယ်မှု မူများမရှိဘဲ မဲဆန္ဒရှင်များသည် ဟွန်ဆန်အတွက် မဲမပေးဘဲနေပါက ဖြစ်လာမည့် အကျိုးဆက်များကို မည်သို့ စိုးရိမ်ကြောက်လန့်နေရကြောင်း Al Jazeera သို့ ပြောပြသည်။
“မဲမပေးတဲ့သူ အမည်စာရင်းကို စစ်မှာ စိုးရိမ်နေရတယ်” ဟု ကလေး ငါးဦး၏ မိခင် ဖယ်လီက ပြောသည်။ ဟွန်ဆန်၏ အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) က ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အချက်အလက်များကို ကြည့်ရှုမည်ကို သူစိုးရိမ်နေခြင်းဖြစ်သည်။
“ကျမ မဲမပေးဘဲနေတယ်ဆိုတာ သူတို့သိသွားရင် ပြဿနာကစပြီ” ဟု ၎င်းကပြောသည်။
အမေရိကန် အရီဇိုးနားတက္ကသိုလ် တွဲဘက်ပါမောက္ခနှင့် ကမ္ဘောဒီးယားနိုင်ငံရေးသုတေသီ ဆိုဖယ်အီယာက ကမ္ဘောဒီးယား ရွေးကောက်ပွဲများသည် ဖိနှိပ်ရေးကိရိယာ ဖြစ်နေကြောင်း ပြောသည်။
ယခုအခါ ပြည်သူများသည် ဦးခေါင်းကိုသေနတ်ဖြင့် အထောက်ခံထားရပြီး မဲပေးရသကဲ့သို့ ဖြစ်နေကြောင်း ၎င်းက ပြောသည်။
“ရွေးစရာမရှိတဲ့အခါ ရွေးကောက်ပွဲလို့ ခေါ်လို့ရမလား။ တရုတ်မှာလည်း ရွေးကောက်ပွဲရှိသလို ဆိုဗီယက်ယူနီယံမှာလည်း ရှိခဲ့တာပဲ။ အဲဒါတွေကို အစစ်အမှန်လို့ ဘယ်သူမှ ဟန်ဆောင် မနေဘူး” ဟုလည်း သူက ဆက်ပြောသည်။
“ရွေးစရာမရှိတဲ့အခါ ရွေးကောက်ပွဲလို့ ခေါ်လို့ရမလား။ တရုတ်မှာလည်း ရွေးကောက်ပွဲရှိသလို ဆိုဗီယက်ယူနီယံမှာလည်း ရှိခဲ့တာပဲ။ အဲဒါတွေကို အစစ်အမှန်လို့ ဘယ်သူမှ ဟန်ဆောင် မနေဘူး”
ဇူလိုင်လ ၂၃ ရက်နေ့တွင် ဟွန်ဆန်၏ CPP နှင့်အတူ အခြားပါတီငယ် ၁၇ ခု ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်ထားသော်လည်း တခုတည်းသော ယုံကြည်လက်ခံနိုင်သည့် အတိုက်အခံ Candlelight ပါတီကို အရည်အချင်း ပျက်ယွင်းသည်ဟု သတ်မှတ်လိုက်သောကြောင့် ယခုရွေးကောက်ပွဲသည် ပြိုင်ဘက်မရှိသည့် ရွေးကောက်ပွဲဖြစ်ကြောင်း သေချာသွားသည်။
Candlelight ပါတီသည် ကမ္ဘောဒီးယား၏ အဓိကအတိုက်အခံဖြစ်သော ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီ (CNRP) ၏ ပျောက်ကွယ်လုနီးပါးဖြစ်သော်လည်း လူထုထောက်ခံမှုရှိသော အစားထိုးပါတီ ဖြစ်သည်။ ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီ ရွေးကောက်ပွဲတွင် ဟွန်ဆန်ကို နိုင်လုနီးပါးဖြစ်လာပြီး လေးနှစ်ကြာသောအခါ ၂၀၁၇ ခုနှစ်တွင် တရားစီရင်ရေး၏ ဖျက်သိမ်းမှုကို ခံခဲ့ရသောပါတီ ဖြစ်သည်။
ကမ္ဘောဒီးယား၏ တသက်တာခေါင်းဆောင်
အာဏာရနေသည်မှာ နှစ်ပေါင်း ၃၈ နှစ်နီးပါး ရှိပြီဖြစ်သော ဟွန်ဆန်သည် ဇင်ဘာဘွေမှ ကွယ်လွန်သူ ရောဘတ်မူဂါဘီနှင့် လစ်ဗျားမှ ကွယ်လွန်သူ မွမ်မာကဒါဖီတို့ကဲ့သို့သော သက်ဆိုးရှည်ခဲ့သည့် အာဏာရှင်များထက် အာဏာချုပ်ကိုင်မှုသက်တမ်း ပိုမိုရှည်ကြာပြီး သက်ရှိထင်ရှားရှိနေဆဲဖြစ်သော ကမ္ဘာ့သက်တမ်းအရှည်ဆုံး နိုင်ငံရေးခေါင်းဆောင်များ စာရင်းတွင် ထိပ်ဆုံးနီးပါး ရောက်နေသည်။

ထိုအဆင့်သည် ဟွန်ဆန်လိုချင်သည့် သရဖူဖြစ်သည်။
“ကျနော် တဆက်တည်း အာဏာရနေတာ ၁၉၇၉ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့ကနေ ဒီနေ့အထိပဲ” ဟု ဟွန်ဆန်က ဧပြီလက သူ၏မိန့်ခွန်းတွင် ကြွားဝါသည်။
“ဝန်ကြီးချုပ်အဖြစ် ၃၈ နှစ်ကျော်ပြီ” ဟု ၎င်းက ပြောသည်။
“ကမ္ဘာမှာ ဒါမျိုးတခါမှ မရှိဖူးဘူး။ ကျနော်က စံချိန် သုံးခု ချိုးလိုက်တယ်။ ပထမစံချိန်က ကမ္ဘာမှာ အသက်အငယ်ဆုံး နိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့တယ်။ ဒုတိယစံချိန်က ကမ္ဘာမှာ အသက်အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်ခဲ့တယ်။ တတိယစံချိန်က ကမ္ဘာမှာ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်ဖြစ်တယ်” ဟု ဟွန်ဆန်က ပြောသည်။
“ကမ္ဘာမှာ ဒါမျိုးတခါမှ မရှိဖူးဘူး။ ကျနော်က စံချိန် သုံးခု ချိုးလိုက်တယ်။ ပထမစံချိန်က ကမ္ဘာမှာ အသက်အငယ်ဆုံး နိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့တယ်။ ဒုတိယစံချိန်က ကမ္ဘာမှာ အသက်အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်ခဲ့တယ်။ တတိယစံချိန်က ကမ္ဘာမှာ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်ဖြစ်တယ်”
ဟွန်ဆန်သည် ကမ္ဘောဒီးယားမှ အတိုက်အခံအဖွဲ့အစည်းအားလုံး ထိထိရောက်ရောက် ပျောက်ကွယ်သွားအောင် လုပ်ခဲ့သော်လည်း သူသည် ဒီမိုကရေစီတော်လှန်ရေးများနှင့် သူ့ကိုဖြုတ်ချရန် အနောက်နိုင်ငံများ အကူအညီနှင့် ကြိုးစားနေသည့် “အကြမ်းဖက်သမားများ”ဟု သူသတ်မှတ်ထားသူများအတွက် အမြဲစိုးရိမ်နေရဆဲ ဖြစ်သည်။
ယခု အသက် ၇၀ ရှိပြီဖြစ်သော ဟွန်ဆန်ကို ၁၉၈၅ ခုနှစ်တွင် ဗီယက်နမ်မှ သူ၏နိုင်ငံရေးနှင့် စစ်ရေး ဆရာသမားများက စတင်ခန့်အပ်ခဲ့သည်။ ဗီယက်နမ်သည် ပိုပေါ့၏ အစွန်းရောက်ကွန်မြူနစ် ခမာနီအစိုးရကို ဖယ်ရှားရန် ကမ္ဘောဒီးယားနိုင်ငံတွင်းသို့ စွက်ဖက်ဝင်ရောက်ခဲ့သည်။ ခမာနီတို့၏ သုတ်သင်မှုများက ကမ္ဘောဒီးယားမှ လူ ၂ သန်းခန့်ကို အငတ်ဘေးကျရောက်စေပြီး အသက်သေဆုံးသည်အထိ အလုပ်စေခိုင်း သတ်ဖြတ်သောအခါ ခမာနီတပ်မှ ဒုတပ်ရင်းမှူးဖြစ်သော ဟွန်ဆန်သည် ဗီယက်နမ်သို့ ထွက်ပြေးခဲ့သည်။
နိုင်ငံ၏ ပြည်တွင်းစစ် အဆုံးသတ်ရန်နှင့် ဒီမိုကရေစီရွေးကောက်ပွဲများအတွက် ပြင်ဆင်ရန် အစီအစဉ် အစိတ်အပိုင်းအဖြစ် ၁၉၉၂ ခုနှစ်တွင် ကမ္ဘောဒီးယားအစိုးရ စီမံခန့်ခွဲမှုကို ကုလသမဂ္ဂက နှစ်အတန်ကြာ ထိန်းချုပ်ပြီးနောက်တွင် သူ၏အသေးစိတ်သော ဆက်လက်ရှင်သန်ရန် ဗီဇကြောင့် ဟွန်ဆန်သည် အာဏာရအောင် လုပ်နိုင်သည်။ ၁၉၉၃ ခုနှစ်က ကျင်းပသော ရွေးကောက်ပွဲများတွင် သူ၏ပါတီ ရှုံးနိမ့်သည်။
ထိုပထမဆုံးရွေးကောက်ပွဲ အရှုံးနှင့်ရင်ဆိုင်ရပြီးနောက် ဟွန်ဆန်သည် နောက်ထပ် အရှုံးမခံတော့ပေ။
သူသည် ကမ္ဘောဒီးယားစစ်တပ်အတွင်းတွင် ပုဂ္ဂိုလ်ရေးသစ္စာခံမှု ထူထောင်ပြီး သူ့မိသားစုများ၊ မိတ်ဆွေများနှင့် သူ့ကိုလိုလားသူများ ချမ်းသာကြွယ်ဝမှုနှင့် အာဏာကြီးထွားလာအောင် လုပ်ကိုင်သည်။ သူ့ကိုဝေဖန်သူများ နှုတ်ပိတ်သွားစေမည့် သေနင်္ဂဗျူဟာကျသည့် ဥပဒေများကိုလည်း ပြဋ္ဌာန်းပြီး အားကောင်းသော နိုင်ငံရေးပြိုင်ဘက် အားလုံးကို ထိန်းချုပ်ကန့်သတ်သည်။ စီးပွားရေး တည်ငြိမ်တိုးတက်မှုကလည်း သူ၏ တသက်တာခေါင်းဆောင်ဆိုသည့် အဆင့်ကို အထောက်အကူပြုနေသည်။
ဟွန်ဆန်သည် ကမ္ဘောဒီးယားစစ်တပ်အတွင်းတွင် ပုဂ္ဂိုလ်ရေးသစ္စာခံမှု ထူထောင်ပြီး သူ့မိသားစုများ၊ မိတ်ဆွေများနှင့် သူ့ကိုလိုလားသူများ ချမ်းသာကြွယ်ဝမှုနှင့် အာဏာကြီးထွားလာအောင် လုပ်ကိုင်သည်။
အစိုးရက အသရေဖျက်မှုနှစ်ခုဖြင့် စွပ်စွဲသောကြောင့် ၂၀၁၈ ခုနှစ်တွင် နိုင်ငံမှ ထွက်ခွာလာသည့် နိုင်ငံရေး သုတေသီ ကင်ဆော့က ဟွန်ဆန်၏ အစဉ်အလာ နည်းဗျူဟာမှာ သူ့ကိုဝေဖန်သူများအား အမည်တပ်ပြီး ဝေဖန်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ ထိုသို့ အမည်တပ် ဝေဖန်လိုက်သောကြောင့် သူ့ကို ဆန့်ကျင်သူများကို တဦးချင်းအနေဖြင့် ခြိမ်းခြောက်လိုက်ပြီး ကျန်သူများကို မဝေဖန်ရဲအောင် သတိပေးလိုက်သည့် သဘောဖြင့် အလုပ်ဖြစ်ကြောင်း ပြောသည်။
ဟွန်ဆန်၏နည်းလမ်းမှာ သူ့ကိုဝေဖန်သူများ ကြောက်လန့်အောင် လုပ်သည့်နည်းဖြစ်ကြောင်း ကင်ဆော့က ပြောသည်။
“လူအများအပြားက သူ့ကိုမထောက်ခံဘဲ တရားမျှတမှုနဲ့ ဒီမိုကရေစီ တောင်းဆိုနေဆဲပါ” ဟု သူကပြောပြီး ဟွန်ဆန်သည် အကြောက်တရားမှ ထောက်ခံမှု တည်ဆောက်ကြောင်း ရှင်းပြသည်။

လုပ်ပုံလုပ်နည်းမှာ သူ့ကိုထောက်ခံသူများ သူ့အတွက်မဲပေးစေပြီး သူ့ကို မထောက်ခံသူများလည်း အကြောက်တရားဖြင့် သူ့ကိုမဲပေးအောင် ပြုလုပ်ခြင်းဖြစ်သည်။
“ဒါကြောင့်မို့ ဟွန်ဆန်က အမြဲတမ်း ခြိမ်းခြောက်နေတာပဲ” ဟု ကင်ဆော့က ပြောသည်။
ဒေသဆိုင်ရာရွေးကောက်ပွဲများတွင် သူ၏ပါတီမဲခိုးသည်ဟု ပြောသောကြောင့် အရိုက်အနှက်ခံမည်လား သို့မဟုတ် တရားရုံးသို့သွားမည်လားဟု ဇန်နဝါရီလက သူ၏ Facebook စာမျက်နှာတွင် တိုက်ရိုက်လွှင့်သည့် မိန့်ခွန်းတခုတွင် ဟွန်ဆန်က သူ့ကိုဝေဖန်သူများကို ပြောခဲ့သည်။
ဒေသဆိုင်ရာရွေးကောက်ပွဲများတွင် သူ၏ပါတီမဲခိုးသည်ဟု ပြောသောကြောင့် အရိုက်အနှက်ခံမည်လား သို့မဟုတ် တရားရုံးသို့သွားမည်လားဟု ဇန်နဝါရီလက သူ၏ Facebook စာမျက်နှာတွင် တိုက်ရိုက်လွှင့်သည့် မိန့်ခွန်းတခုတွင် ဟွန်ဆန်က သူ့ကိုဝေဖန်သူများကို ပြောခဲ့သည်။
Facebook ၏မိခင်ကုမ္ပဏီ Meta မှ လွတ်လပ်သော စောင့်ကြည့်အဖွဲ့က ဟွန်ဆန်သည် လူမှုကွန်ရက်တွင် အကြမ်းဖက်မှုလှုံ့ဆော်သည်ဟု ဆုံးဖြတ်လိုက်ပြီး ထိုမိန့်ခွန်းကို ဖြုတ်ချရန်နှင့် ဟွန်ဆန်ကို Facebook နှင့် Instagram မှ ခြောက်လဆိုင်းငံ့ရန် တင်ပြခဲ့သည်။
အထက်ပါ ဘုတ်အဖွဲ့က ပြစ်တင်ရှုတ်ချခြင်းကို ဟွန်ဆန်၏ တုံ့ပြန်ခြင်းမှာ ကြည့်ရှုသူ ၁၄ သန်းရှိသည့် သူ၏ Facebook အကောင့် ပယ်ဖျက်လိုက်ပြီး Telegram နှင့် TikTok ကို ပြောင်းသုံးမည်ဟု ကြေညာခြင်းဖြစ်သည်။
ဟွန်ဆန်က သူသည်အွန်လိုင်းတွင် အကြမ်းဖက်မှု လှုံ့ဆော်သည်ဆိုသည့် အထက်ပါအဖွဲ့၏ ဆုံးဖြတ်ချက်ကို မဖော်ပြသော်လည်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက Meta မှ စောင့်ကြည့် ကြီးကြပ်ရေးအဖွဲ့ဝင် ၂၂ ဦးကို အမည်ပျက်စာရင်း ထည့်သွင်းလိုက်သည်။
ထိုအဖွဲ့၏ ဆုံးဖြတ်ချက်သည် နိုင်ငံရေးသဘောဆောင်ပြီး ကမ္ဘောဒီးယား ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်း ဖြစ်သည်ဟုဖော်ပြပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုအဖွဲ့ဝင် ၂၂ ဦးကို လက်ခံနိုင်ဖွယ် မရှိသူများအဖြစ် သတ်မှတ်ကာ နိုင်ငံသို့လာရောက်ခြင်းမှ ပိတ်ပင်သည်။
မဲပေးရေး မပေးရေး
မဲပေးရမည့် ယုံကြည်လောက်သော အတိုက်အခံမရှိဘဲ အစိုးရက ယခုနှစ်အစောပိုင်းတွင် ရွေးကောက်ပွဲ ဥပဒေများကို ပြင်ဆင်လိုက်ခြင်းသည် မဲပေးသည့်အရေအတွက် မြင့်မားစေရန် ကြိုတင် လုပ်ဆောင်ခြင်း ဖြစ်ပုံရသည်။
ရွေးကောက်ပွဲ နှစ်ခါဆက်တိုက် မဲမပေးဘဲနေသူများသည် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးမည်ဖြစ်ပြီး အခြားသူများ မဲပေးသည်ကို တားဆီးသည့် အကြံဉာဏ်ပေးသူ၊ ပြုမူဆောင်ရွက်သူ နိုင်ငံသားများသည် လှုံဆော်မှုဖြင့် ဒဏ်ငွေရိုက်ခံရနိုင်သည်။
မဲစာရွက်ကို ဖျက်ဆီးခြင်းကိုလည်း ပိတ်ပင်တားမြစ်ထားသည်။
ဆန္ဒမဲဥပဒေ ပြင်ဆင်ချက်သစ်များကို နားမလည်ကြောင်း မဲဆန္ဒရှင်တဦးက Al Jazeera သို့ ပြောသည်။ မဲမပေးဘဲနေသောကြောင့် ဒဏ်ငွေဆောင် အပြစ်ပေးခံရမည်ကို နားမလည်ကြောင်းလည်း ၎င်းကပြောသည်။
“အစိုးရက ပြည်သူတွေ စိတ်ပိုင်းရုပ်ပိုင်း ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် ဘာမှ မလုပ်သေးဘူး” ဟု ရွေးကောက်ပွဲမတိုင်မီ ခံစားချက်ကို သူကရှင်းပြသည်။
ယခုရွေးကောက်ပွဲသည် ဟွန်ဆန်က သူအာဏာလွှဲပေးရန် ပြင်ဆင်နေသည်၊ သို့သော် ကမ္ဘောဒီးယား စစ်တပ်အကြီးအကဲ သူ့သား ဟွန်မန်နက်ကို အာဏာလွှဲပေးမည်ဟု ကြေညာပြီးနောက်ပိုင်း ပထမဆုံး ကျင်းပသော ရွေးကောက်ပွဲ ဖြစ်သည်။ သူ၏သားသည် ဇူလိုင်လ ၂၃ ရက်နေ့တွင် ကျင်းပမည့် အောက်လွှတ်တော်တွင် ကိုယ်စားလှယ်လောင်းအဖြစ် ပထမဆုံးအကြိမ် ရွေးကောက်ပွဲဝင်မည် ဖြစ်သည်။
ယခုရွေးကောက်ပွဲသည် ဟွန်ဆန်က သူအာဏာလွှဲပေးရန် ပြင်ဆင်နေသည်၊ သို့သော် ကမ္ဘောဒီးယား စစ်တပ်အကြီးအကဲ သူ့သား ဟွန်မန်နက်ကို အာဏာလွှဲပေးမည်ဟု ကြေညာပြီးနောက်ပိုင်း ပထမဆုံး ကျင်းပသော ရွေးကောက်ပွဲ ဖြစ်သည်။
ဟွန်ဆန်သည် သူ့သားထံ အာဏာလွှဲပေးရေးအတွက်သာ အာရုံစိုက်နေပုံရပြီး သာမန်ပြည်သူများ ရုန်းကန်မှုများကို သတိမထားမိကြောင်း ဖနွမ်ပင်မှ မဲပေးချင်မှပေးမည့်သူတဦးက ပြောသည်။
“ရွေးကောက်ပွဲမတိုင်ခင် လူတွေက ပိုမိုဒုက္ခရောက်နေကြတယ်” ဟု ၎င်းကပြောပြီး ပြည်သူများသည် ၎င်းတို့အခွင့်အရေးများဆုံးရှုံးကာ ၎င်းတို့၏အနာဂတ်သည် စီးပွားရေးအရ မတည်မငြိမ်ဖြစ်နေသည်ဟု ခံစာနေရကြောင်း ရှင်းပြသည်။
ဟွန်ဆန်သည် ပြည်သူများအတွက် အလုပ်အကိုင်များနှင့် စီးပွားရေးအခွင့်အလမ်းများ ဖန်တီးပေးမည်ဟု မိန့်ခွန်းများတွင် မပြောဘဲ ပြည်သူများကိုသာ ခြိမ်းခြောက်လေ့ရှိကြောင်း သူကပြောသည်။
ဟွန်ဆန်၏ အာဏာနှင့် ခြိမ်းခြောက်သည့် နည်းလမ်းများသာမက သူ၏ပါတီက ကျေးလက်ဒေသများတွင် တင်းကျပ်သည့် နိုင်ငံရေးချုပ်ကိုင်မှုများ ရှိသော်လည်း လွန်ခဲ့သောနှစ်က ဒေသဆိုင်ရာ ရွေးကောက်ပွဲများတွင် အတိုက်အခံ Candlelight ပါတီသည် ပြည်သူ့မဲ ၂၀ ရာခိုင်နှုန်း ရရှိကြောင်း ကမ္ဘောဒီးယားနိုင်ငံရေးစနစ်ကို သုတေသနပြုနေသည့် လန်ဒန်တက္ကသိုလ်မှ နီးလ် လောင်လင်က ပြောသည်။
ဟွန်ဆန်အာဏာ၏သော့ချက်မှာ အမျိုးသားလုံခြုံရေးတပ်များကို သူ၏ ပုဂ္ဂလိကနှင့် နိုင်ငံရေး မဟာမိတ်အဖြစ် တည်ဆောက်ထားခြင်း ဖြစ်သည်။
ထိုနည်းဖြင့် ဟွန်ဆန်သည် သူ့ကိုယ်သူ လုံခြုံရေးတပ်များ၏ ဗဟိုချက်ဖြစ်အောင်ပြုလုပ်ပြီး ဝန်ကြီးချုပ်ကို ထောက်ခံသည့်သူများသည် အတိုက်အခံများကို ဖိနှိပ်ရန် ရက်စက်ကြမ်းကြုတ်သော နည်းများသုံးပြီး သစ္စာခံမှု ပြရန်လိုသည့် ပတ်ဝန်းကျင်တခု ဖန်တီးထားသည်ဟု သုတေသီ လောင်လင်က ၂၀၂၁ ခုနှစ်က သုတေသနစာတမ်းတွင် ရေးသားခဲ့သည်။
ဟွန်ဆန်သည် သူ့ကိုယ်သူ လုံခြုံရေးတပ်များ၏ ဗဟိုချက်ဖြစ်အောင်ပြုလုပ်ပြီး ဝန်ကြီးချုပ်ကို ထောက်ခံသည့်သူများသည် အတိုက်အခံများကို ဖိနှိပ်ရန် ရက်စက်ကြမ်းကြုတ်သော နည်းများသုံးပြီး သစ္စာခံမှု ပြရန်လိုသည့် ပတ်ဝန်းကျင်တခု ဖန်တီးထားသည်
“တကယ်တော့ ၁၉၈၀ ပြည့်နှစ်များ၊ ၁၉၉၀ ပြည့်နှစ်များ၊ ၂၀၀၀ ပြည့်နှစ်များနဲ့ ယနေ့တိုင် အတင်းအကျပ် လုပ်ခြင်းဟာ ကမ္ဘောဒီးယားအာဏာရှင်စနစ်ရဲ့ အဓိကလက္ခဏာ ဖြစ်တယ်” ဟု လောင်လင်က Al Jazeera သို့ ပြောသည်။
(Al Jazeera ပါ Fear and voting in Cambodia’s one-horse election race ကို ဘာသာပြန်သည်။ အင်တာဗျူး ဖြေဆိုသူများ၏ အမည်များကို လွှဲပြောင်းထားပါသည်။)
You may also like these stories:
လွတ်လပ်သော သတင်းဌာနကို ဟွန်ဆန် ပိတ်ပင်
ASEAN ထိပ်သီးဆွေးနွေးပွဲတွင် ဟွန်ဆန်က အဖိုးတန်နာရီများ လက်ဆောင်ပေးမည်
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာ့အရေး လက်လျှော့
“သွေးသောက်ညီအကို”အဖြစ် သဘောထားရန် စစ်ကောင်စီခေါင်းဆောင်က ဟွန်ဆန်ကို ပြော
ဟွန်ဆန်၏ “ကောင်းဘွိုင်ဒီပလိုမေစီ” အာဆီယံအဖွဲ့ကို ဖျက်ဆီးနေသလား
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က သားမက်ဖြစ်သူကို ဒုရဲချုပ် ခန့်အပ်