• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အာဏာရှင်အသစ်၊ ကစားကွက်အဟောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်

by ဗညားအောင်
6 August 2023
in ဆောင်းပါး
A A
အာဏာရှင်အသစ်၊ ကစားကွက်အဟောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် / ဧရာဝတီ

4.1k
VIEWS
Share on FacebookShare on Twitter

၂၀၂၃ ခုနှစ်၊ ဇူလိုင်လသည် ကောလာဟလများနှင့် ပြည့်နှက်နေသောလ ဖြစ်၏။ ထိုကောလာဟလများအား အနှစ်ချုပ်ကြည့်ပါက စစ်ကောင်စီတပ်၏ စနစ်တကျအကွက်ချ ဖန်တီးထားသည့် ကောလာဟလများဖြစ်ပြီး စစ်ကောင်စီတပ်၏ စိတ်ဓာတ်စစ်ဆင်ရေးဖြစ်သည်ကို တွေ့ရ၏။ သို့သော်လည်း မြန်မာနိုင်ငံရေးအခြေအနေကို အပြောင်းအလဲဖြစ်လိုကြသည့် ဆန္ဒများနှင့်အတူ စစ်ကောင်စီတပ်၏ ကစားကွက်ဟောင်းတွင် သိသိနှင့် မျောပါသွားကြသည်ကို တွေ့ရ၏။

ဒေါ်အောင်ဆန်းစုကြည်

RelatedPosts

ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို  အမေရိကန်ဥပဒေ ခွင့်ပြု မပြု

ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို အမေရိကန်ဥပဒေ ခွင့်ပြု မပြု

21 May 2025
420
ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

21 May 2025
244
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

20 May 2025
3.8k

စစ်ကောင်စီတပ်၏ ကစားကွက်အလယ်၊ သတင်းအားလုံး၏ အလယ်ဗဟိုချက်တွင် ဒေါ်အောင်ဆန်းစုကြည်ရှိ၏။ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်၏ ပြည်တွင်းပြည်ပသို့ သက်ရောက်သည့် အရှိန်ဩဇာကို အသုံးပြုပြီး စိတ်ဓာတ်စစ်ဆင်ရေးကို ပြုလုပ်သွားခြင်းဖြစ်၏။

နဝတ၊ နအဖ ခေတ်များက လုပ်သည့်အချိုးအတိုင်း လုပ်ခြင်းဖြစ်၏။ ကွာခြားသည်ဟု ဆိုနိုင်သည်မှာ နဝတ၊ နအဖခေတ် တလျှောက်လုံးတွင် ဒေါ်အောင်ဆန်းစုကြည်ကို သွင်းလိုက်ထုတ်လိုက် ကစားသည်။ ယခု စစ်ကောင်စီကတော့ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးအရ အသေသတ်ရန် လုပ်ဆောင်ခဲ့ပြီးမှ သူ၏ ပြည်တွင်းပြည်ပ အကြပ်အတည်းကြောင့် ပြန်လည်ထုတ်သုံးရန် ကြိုးစားလာခြင်းဖြစ်၏။

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်ထုတ်သုံးလာခြင်း၏ အဓိက အကြောင်းအချက်မှာ ပြည်တွင်းရှိ လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်နေသည့်အပြင် ဆက်လက်၍လည်း ပိုမိုပြင်းထန်မည့် အလားအလာများ ရှိနေသည့် အခြေအနေကြောင့် ဖြစ်၏။ ထို့ကြောင့် ပြည်တွင်းရော ပြည်ပတွင်ပါ ဩဇာသက်ရောက်မှု ရှိသည့်အပြင် အကြမ်းမဖက်သည့် နိုင်ငံရေးလမ်းစဉ်ကို တစိုက်မတ်မတ် စွဲကိုင်ထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချရန် ကြိုးစားခြင်းဖြစ်၏။

လက်ရှိ PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်များကို စစ်ရေးအရ အနိုင်တိုက်ရန် ဖြစ်နိုင်ခြေ မရှိတော့သည့်အခြေအနေတွင် အကြမ်းမဖက်သည့် နိုင်ငံရေးလမ်းစဉ်ကို ကျင့်သုံးသည် ဒေါ်အောင်ဆန်းစုကြည်က အကြမ်းဖက်လမ်းစဉ်ကို လက်မခံဘူးဆိုသည့် အာဘော်ကို ဖန်တီးရန် ကြိုးစားလာခြင်းဖြစ်၏။

အာဆီယံအစည်းအဝေးတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့်သတင်းကို မြန်မာစစ်တပ်အတွက် လော်ဘီလုပ်ပေးနေသည့် ဂျပန်တွင် မှတ်ပုံတင်ထားသော Pan Orient News သတင်း ဌာနမှ စတင်သတင်းထုတ်၏။

အာဆီယံအစည်းအဝေးတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့်သတင်းကို မြန်မာစစ်တပ်အတွက် လော်ဘီလုပ်ပေးနေသည့် ဂျပန်တွင် မှတ်ပုံတင်ထားသော Pan Orient News သတင်း ဌာနမှ စတင်သတင်းထုတ်၏။ ထိုသတင်းဌာနအား ပူးတွဲတည် ထောင်သူတဦးဖြစ်သူမှာ ခယ်လ်ဒန် အဇာဟာရီ (Khaldon Azhari) ဖြစ်ပြီး လွန်ခဲ့သော နှစ်လခန့်က စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဆိုသူနှင့် လာရောက်တွေ့ဆုံခဲ့သူဖြစ်၏။

Khaldon Azhari သည် ဆီးရီးယားလူမျိုးဖြစ်ပြီး စစ်ကောင်စီအပါအဝင် အဖွဲ့အစည်းအချို့အတွက် အခကြေးငွေယူပြီး ဝါဒဖြန့်လုပ်ငန်းဆောင်ရွက်ပေးသူဟု သိကြ၏။ နဝတ၊ နအဖ ခေတ်ကာလကတည်းက မြန်မာစစ်တပ်သည် ဒေါ်လာသန်းနှင့်ချီပေး၍ နိုင်ငံခြားသားလော်ဘီများကို ငှားလေ့ရှိသည်။

ထိုသတင်းဌာနမှ စတင်၍ သတင်းထုတ်ပြန်ရာတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က PDF နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အသိအမှတ်မပြု၊ လက်မခံဟု ပြောဆိုကြောင်း သတင်းထုတ်ပြန်ခဲ့၏။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် / ဧရာဝတီ

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အာဆီယံအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ကြိုတင် စည်းကမ်းသတ်မှတ်မထားသည့် ဆွေးနွေးမှုကို လက်ခံသည်ဟု ဆိုခဲ့သော်လည်း NUG နှင့် PDF ကို ဒေါ်အောင်ဆန်းစုကြည်က လက်မခံ၊ အသိအမှတ်မပြုဆိုသည့်အချက်နှင့် ပတ်သက်၍ အတည်ပြုခဲ့ခြင်း သို့မဟုတ် ငြင်းပယ်ခြင်း သို့မဟုတ် ရှင်းလင်းပြောဆိုခြင်း မပြုဘဲ မြန်မာစစ်တပ် စိတ်ကြိုက်ဝါဒဖြန့်ရန် အခွင့်အရေးပေးခဲ့၏။

ထို့သတင်းကို အခြေခံပြီး ပြည်တွင်းရှိ လော်ဘီသတင်းဌာနများကလည်း ဒေါ်အောင်ဆန်းစုကြည်က NUG နှင့် PDF ကို မထောက်ခံဟူ၍ ပြူးတူးပြဲတဲ ဆက်လက် သတင်းဖော်ပြနေသည်ကို တွေ့ရ၏။ ထို့အတူ စစ်တပ်သည် ထိုအကြောင်းကို လက်ကမ်းကြော်ငြာများ ရိုက်နှိပ်ပြီး နယ်များတွင် ဖြန့်ချိခြင်းပြုလုပ်သကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်က မထောက်ခံသဖြင့် PDF များ လက်နက်ချလာပြီဟု ဝါဒဖြန့်ခြင်းများပြုလုပ်သည်ကို တွေ့ရ၏။ သို့သော် မဟုတ်မမှန် သတင်းဖြန့်ချိခြင်းဖြစ်သဖြင့် စစ်တပ်သည် မြန်မာအသံကဲ့သို့ တရားဝင်သတင်းဌာနများမှ ထုတ်ပြန်ရဲခြင်း မရှိပေ။

အကြမ်းမဖက်သည့်လမ်းစဉ်

ဒေါ်အောင်ဆန်းစုကြည်သည် အကြမ်းမဖက်လမ်းစဉ်ကို ကိုင်စွဲသူဖြစ်သဖြင့် NUG, PDF ၏ လက်နက်ကိုင်ပုန်ကန်မှုကို လက်ခံမည်မဟုတ်ဆိုသည်မှာ သာမန်လော့ဂျစ်ကို အသုံးချခြင်းသာဖြစ်၏။ သို့သော် စစ်ကောင်စီတပ် မေ့လျော့နေသည်မှာ ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်၏ အကြမ်းဖက် စစ်အာဏာသိမ်းမှု၊ ဆန္ဒပြပြည်သူများအား အကြမ်းဖက် ပစ်ခတ်နှိမ်နင်းသတ်ဖြတ်မှုများ၊ အကြမ်းဖက်ဖမ်းဆီးမှုများ၊ အရပ်သားအိုးအိမ်များအား အကြမ်းဖက်မီးရှို့ဖျက်ဆီးမှု၊ ဗုံးကြဲတိုက်ခိုက်မှုများ၊ အရပ်သားများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု စသည့် အကြမ်းဖက်လုပ်ရပ်များကိုလည်း လက်ခံလိမ့်မည်မဟုတ် ဆိုခြင်းဖြစ်သည်။

ထို့ပြင် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးသည် လူပုဂ္ဂိုလ်တယောက်၊ နိုင်ငံရေးပါတီတရပ်က လက်နက်ကိုင် တိုက်ခိုက်မည်ဟု ဆုံးဖြတ်ချပြီး လှုံ့ဆော်၍ ပေါ်ပေါက်လာခြင်း မဟုတ်ပေ။ စစ်တပ်၏ အကြမ်းဖက်အာဏာသိမ်းမှုကြောင့် အနယ်နယ်အရပ်ရပ်မှ ရရာလက်နက်နှင့် ပုန်ကန်တိုက်ခိုက်ကြပြီး ပေါ်ပေါက်လာခြင်းဖြစ်၏။ သို့ဖြစ်ရာ ဤလက်နက်ကိုင်ပုန်ကန်မှုနှင့်ပတ်သက်၍ လူပုဂ္ဂိုလ်တဦးတယောက်၊ နိုင်ငံရေးပါတီ အသင်းအဖွဲ့တခုကြောင့်ဟု ဆို၍မရဘဲ အကြမ်းဖက်အာဏာသိမ်းပြီး၊ အကြမ်းဖက် အင်အားသုံး နှိမ်နင်းသည့် စစ်တပ်သာ တရားခံဖြစ်ပေသည်။

သတိပြုရမည်မှာ ဒီမိုကရက်တစ်ဆိုသူအချို့သည် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်အား အသုံးချသည်ကို သိသိနှင့် အပြောင်းအလဲ ရှိတန်ကောင်းရဲ့ဆိုသည့် မျှော်လင့်ချက်ဖြင့် စစ်တပ်၏ ကစားကွက်ထဲတွင် မျောပါနေကြခြင်း ဖြစ်၏။

နွေဦးလက်နက်ကိုင်ပုန်ကန်မှုသည် အကြောင်းရှိ၍ အကျိုးရှိလာခြင်းဖြစ်၏။

ထိုသို့သော အခြေအနေကိုလည်းကောင်း၊ မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် ပြည်သူလူထု မခံမရပ်နိုင်ဖြစ်သည်ကိုလည်းကောင်း ဒေါ်အောင်ဆန်းစုကြည် နားမလည်ဘဲ နေမည်မဟုတ်ပေ။ ထို့အတူ အကြမ်းမဖက်လမ်းစဉ်ကို ကိုင်စွဲသော ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ် ကျောင်းသားများ လက်နက်ကိုင်တိုက်ခိုက်စဉ်က အတိအလင်း ရှုတ်ချခဲ့ခြင်းမျိုးမရှိဘဲ နားလည်မှုပေးခဲ့သူဖြစ်၏။

သတိပြုရမည်မှာ ဒီမိုကရက်တစ်ဆိုသူအချို့သည် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်အား အသုံးချသည်ကို သိသိနှင့် အပြောင်းအလဲ ရှိတန်ကောင်းရဲ့ဆိုသည့် မျှော်လင့်ချက်ဖြင့် စစ်တပ်၏ ကစားကွက်ထဲတွင် မျောပါနေကြခြင်း ဖြစ်၏။

နောက်ဆက်တွဲ ဝါဒဖြန့်ချချက်များ

စစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်က NUG နှင့် PDF တို့၏ အကြမ်းဖက်လုပ်ရပ်များကို လက်မခံဟု ဝါဒဖြန့်ချိပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ပြောင်းထားပြီ၊ ဒုဝန်ကြီး အဆင့်နေအိမ်သို့ ပြောင်းပြီ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတီခွန်မြတ်တွေ့သည်၊ သဘောထားပျော့ပြောင်းသည့် ဦးသိန်းစိန်အား ယာယီအစိုးရအဖြစ် အာဏာလွှဲပြောင်းပေးမည်၊ ထိုသို့ဖြစ်မလာသည့် နောက်တွင် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ဒေါ်အောင်ဆန်းစုကြည် ခွင့်ပြု၍ ကာ/လုံ အစည်းအဝေးတက်သည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံခြားသံတမန်များ ထပ်မံတွေ့ခွင့်ရမည်ဟူ၍ ဆက်တိုက် ကောလဟာလ ပေါင်းစုံဖြန့်ချိနေသည်ကို တွေ့ရ၏။

ထိုသို့သော သတင်းများကို စိတ်ချရသည့် သတင်းအမြစ်ကရသလိုလို၊ အတွင်းလူက ရသလိုလိုနှင့် မည်သူမှ အခိုင်အမာ အတည်ပြု၍မရပေ။ ထိုသို့ အတည်ပြု၍မရအောင် အယူခံဝင်နေသည့် ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ရှေ့နေများနှင့်ပင် တွေ့ခွင့်မပေးပေ။ တကယ်တမ်း အတည်ပြု၍ရသည့်သတင်းမှာ ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ်အချို့ လျှော့ပေါ့ပေးပြီး လက်ကျန် ထောင်ဒဏ် ၂၇ နှစ်ကျန်သည်နှင့် သူမ၏ရှေ့နေများ နောက်ဆုံးထောင်ဝင်စာ ပို့ခဲ့ရသည်မှာ နေပြည်တော်ထောင်မှာသာ ဖြစ်၏။

သို့ဖြစ်ရာ ကျန်သည့်သတင်းများကို အခိုင်အမာ အတည်ပြု၍မရပါ။

သို့သော်လည်း စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ကောလဟာလပေါင်းစုံ ထုတ်နေသဖြင့် ပြည်တွင်းပြည်ပမှ အချို့က အပြောင်းအလဲများ ဖြစ်လာလေမလားဟု ထင်ယောင်ထင်မှား ဖြစ်လာကြ၏။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာရင် မည်သို့ဖြစ်မည်နည်းဟု ဆွေးနွေးသုံးသပ်ပွဲများ လုပ်ကြသည်ကို တွေ့ရ၏။ တကယ်တော့ စစ်ကောင်စီတပ်၏ ကစားကွက်ထဲတွင် မျောပါနေကြ၏။

စစ်တပ်၏ သဘောထား အစစ်အမှန်

တဖက်က ဒေါ်အောင်ဆန်းစုကြည်အား ထုတ်၍ ကစားကွက်ဟောင်းနှင့် ကစားနေသော်လည်း လက်တွေ့ မြေပြင်တွင် စစ်တပ်သည် စစ်ဆင်ရေးကို ပြင်းပြင်းထန်ထန် လုပ်နေသည်။ ကရင်နီပြည်နယ်တွင် စစ်အင်အားများ ဆက်တိုက်ဖြည့်၍ ထိုးစစ်ဆင်နေ၏။ လေကြောင်းတိုက်ခိုက်မှုများကို နေ့စဉ်ပြုလုပ်နေ၏။ စစ်ကိုင်းတိုင်းတွင် ရွာစဉ်ပတ် မီးရှို့ပြီး အရပ်သားများကို သတ်ဖြတ်နေသည်။ ကချင်ပြည်နယ်၊ လိုင်ဇာဒေသတွင် လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် တိုက်ပွဲများပြင်းထန်နေ၏။

ချုပ်၍ဆိုရလျှင် ကချင်၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ ကရင်နီ၊ ကရင်၊ မွန်၊ တနင်္သာရီတို့တွင် တိုက်ပွဲများ တောက်လျှောက်ဖြစ်နေ၏။ ပဲခူး၊ ရှမ်းမြောက်တို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေ၏။ အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်နေ၏။ အပြင်းထန်ဆုံးက ကရင်နီနှင့်စစ်ကိုင်း ဖြစ်၏။ ဒေါ်အောင်ဆန်းစုကြည် သတင်းကို လှိုင်လှိုင်ထုတ်နေသည့် ဇွန်၊ ဇူလိုင်လများတွင် နေ့စဉ်ရက်စက် ဗုံးကြတိုက်ခိုက်မှု၊ ရွာစဉ်ပတ်မီးရှို့မှုတို့ကို တွေ့ရ၏။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြသူများ / ဧရာဝတီ

တဖက်တွင်လည်း စစ်ကောင်စီသည် ရွေးကောက်ပွဲကော်မရှင် လုပ်ငန်းများ ရပ်ဆိုင်းထားသည်။ လူဦးရေစာရင်းမှန်မှ မဲစာရင်းမှန်မည်ဆိုသည့် အာဘော်ဖန်တီးပြီး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာတွင် သန်းခေါင်စာရင်း ကောက်ရန် ပြင်ဆင်နေသည်ဖြစ်ရာ ၂၀၂၃ နှင့် ၂၀၂၄ တွင် မည်သည့်အပြောင်းအလဲ၊ မည်သည့်ရွေးကောက်ပွဲမှ ရှိမည်မဟုတ်ပေ။

လက်ရှိ စစ်ကောင်စီကသာ သက်တမ်း ဆက်တိုးပြီး အာဏာရယူထားမည်သာ ဖြစ်သည်ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့ ကာ/လုံအစည်းအဝေး အစီရင်ခံစာတွင် ရှင်းလင်းစွာ ထပ်မံတွေ့ခဲ့ရပြီဖြစ်၏။ ၂၀၂၃၊ ၂၀၂၄ အတွင်း စစ်ကောင်စီက အပြောင်းအလဲ တစုံတရာလုပ်မည်ဟု မျှော်လင့်နေပါက မိုက်မဲရာကျပေလိမ့်မည်။ စစ်ကောင်စီသည် မည်သည့် အပြောင်းအလဲမှ ပြုလုပ်မည်မဟုတ်ဘဲ သူတို့အာဏာတည်မြဲရေးအတွက် မီးကုန်ယမ်းကုန် စစ်တိုက်နေဦးမည်သာ ဖြစ်၏။

ထို့ပြင် လတ်တလော အပြောင်းအလဲ (ဝါ) ငြိမ်းချမ်းရေးဆွေးနွေးပွဲ မရှိနိုင်သည့် အဓိကအကြောင်းရင်းမှာ စစ်တပ်က NUG, PDF ကို ဆွေးနွေးဖက်အဖြစ် သဘောမထားဘဲ အကြမ်းဖက်အဖြစ် သဘောထားနေ၍ ဖြစ်၏။ NUG, PDF ကို ဖယ်ထားပြီး ကျန်သည့် တိုင်းရင်းသားအဖွဲ့များနှင့် ဆွေးနွေးမည်ဆိုသည့် စစ်တပ်၏ အကြံကိုလည်း တိုင်းရင်းသားတပ်ဖွဲ့များက အယုံအကြည်မရှိကြပေ။

ပြည်မအင်အားစုများကို ခွဲခြားနှိမ်နင်း၍ပြီးပါက တိုင်းရင်းသားတပ်ဖွဲ့များဆီသို့ ပြန်လည် ဦးလှည့်လာမည့် မြန်မာစစ်တပ်အကျင့်ကို ကောင်းစွာသဘောပေါက်ထားကြ၏။ ထို့ကြောင့် NUG, PDF အား စစ်တပ်က ဆွေးနွေးဖက်အဖြစ် အသိအမှတ်မပြုသေးသ၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်မြောက်အောင်မြင်နိုင်မည် မဟုတ်ပေ။

ပြည်မအင်အားစုများကို ခွဲခြားနှိမ်နင်း၍ပြီးပါက တိုင်းရင်းသားတပ်ဖွဲ့များဆီသို့ ပြန်လည် ဦးလှည့်လာမည့် မြန်မာစစ်တပ်အကျင့်ကို ကောင်းစွာသဘောပေါက်ထားကြ၏။ ထို့ကြောင့် NUG, PDF အား စစ်တပ်က ဆွေးနွေးဖက်အဖြစ် အသိအမှတ်မပြုသေးသ၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်မြောက်အောင်မြင်နိုင်မည် မဟုတ်ပေ။

ဤသို့ဆို၍ ငြိမ်းချမ်းရေး၊ ဆွေးနွေးရေးလမ်းကြောင်း လုံးဝမရှိတော့သည့် တလမ်းသွား၊ တဖက်ပိတ်အမြင်ဟု မယူဆစေလိုပါ။ လတ်တလောတွင် စေ့စပ်ဆွေးနွေးရေးလမ်းကြောင်း မရှိဟု ဆိုလိုခြင်းဖြစ်၏။ ဤသည်မှာ စစ်တပ်က ငြင်းပယ်ထား၍ဖြစ်၏။ အလွယ်ကူဆုံး ဥပမာပြုရလျှင် စစ်တပ်၏အကျင့်သည် ရပ်ကွက်ထဲမှ ဗလအားကိုးနှင့် ရမ်းကားလေ့ရှိသည့် ရပ်ကွက်လူမိုက်နှင့် အကျင့်တူသည်။ သူအနိုင်ကျင့်၍ ရနိုင်သမျှ အခြားသူများကို အုပ်စုဖွဲ့အနိုင်ကျင့်‌ ဗိုလ်ကျလေ့ရှိပြီး သူအား ကျောင်းမှန်းကန်မှန်းသိအောင်၊ မှတ်လောက်သားလောက်အောင် ပြန်လည်ဆုံးမနိုင်သူဆိုမှ အပိုးကျိုးလေ့ရှိ၏။ စစ်တပ်သည်လည်း ရပ်ကွက်လူမိုက်ကဲ့သို့ပင် သူ့အား စစ်ရေး သူတင်ကိုယ်တင်ယှဉ်နိုင်မှ၊ သူ့အား မှတ်လောက်သားလောက်အောင် တိုက်ခိုက်နိုင်မှ အပိုးကျိုးပြီး ဆွေးနွေးစကားပြောလေ့ရှိ၏။

ထို့ကြောင့် စစ်အုပ်စုအား မုချအပြုတ်တိုက်မှ ရမည်ဟု ယူဆသူများဖြစ်စေ၊ တချိန်ချိန်၌ ဆွေးနွေးပွဲစကားဝိုင်းလမ်းကြောင်းကို သွားရမည်ဟု ယူဆသူများဖြစ်စေ ရှင်းလင်းစွာပြတ်သားရမည်မှာ လက်ရှိအချိန်သည် စစ်တပ်က စကားပြော၍ရသည့်အချိန် မဟုတ်ပေ။ စစ်ရေးအစွမ်း ပြရမည့်အချိန်ဖြစ်၏။

အခြားဖက်တွင် အချိန်မဖြုန်းဘဲ တိုက်ပွဲများနှင့် တပ်အင်အားတောင့်အောင် တည်ဆောက်ရေးကို အလေးထားရမည့်အချိန်၊ အားဖြည့်ရမည့်အချိန်၊ ဝိုင်းရံရမည့်အချိန်ဖြစ်၏။ ထို့အတူ စစ်ပွဲ၏ အကျိုးဆက်ကြောင့် ဖြစ်ပေါ်လာသည့် စစ်ဘေးဒုက္ခသည်များကို ဝိုင်းဝန်းကူရမည့်အချိန်ဖြစ်သည်။

စစ်တပ်အား အပြုတ်တိုက်သည်ဖြစ်စေ၊ တချိန်ချိန်တွင် ဆွေးနွေးစကားပြောသည်ဖြစ်စေ လူထုဖက်တွင် တောင့်တင်းခိုင်မာသောတပ် မရှိ၍ မဖြစ်ပေ။ အထူးသဖြင့် တချိန်ချိန်တွင် ဆွေးနွေးပွဲလမ်းကြောင်းသွားရမည်ဟု ယူဆသူများအနေနှင့် အထူးသတိပြုရမည့်အချက်မှာ တောင့်တင်းသော လက်နက်ကိုင်တပ်နှင့် စစ်ရေးအစွမ်းအစ မပြနိုင်ဘဲ စစ်တပ်က တန်းတူရည်တူ၊ တူတူတန်တန် ဆွေးနွေးလိမ့်မည်မဟုတ် ဆိုသည်ကို လေးနက်ရန်လို၏။

လက်ရှိကာလတွင် စစ်ကောင်စီက ပြောနေသည့် ဆွေးနွေးရေးဆိုသည်မှာ သူ့လက်အောက် ခေါင်းငုံ့ဝင်ရေးသာဖြစ်၏။ လက်ရှိ စစ်တပ်လုပ်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုသည်မှာ ရုပ်မပျက်အောင် လုပ်နေရသည့် ဆွေးနွေးပွဲများဖြစ်ပြီး တက်ရောက်နေသည့် အဖွဲ့အချို့မှာလည်း အခြေအနေကို ထိန်းသိမ်းသည့်သဘောမျှသာ ဖြစ်သည်ကို တွေ့နေရ၏။

နိဂုံး

စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်သုံးလာခြင်းမှာ ပြည်တွင်း လက်နက်ကိုင်အင်အားများကို ဖြိုခွဲရန်အပြင် နိုင်ငံတကာကိုလည်း သူတို့ သဘောထားပျော့ပြောင်းသည်ဟုထင်ရန် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချခြင်းသက်သက်သာ ဖြစ်၏။ နဝတ၊ နအဖ သက်တမ်းကာလတလျှောက်လုံး သုံးလာသော အကွက်ဟောင်းဖြစ်သည်ကို အားလုံးရှင်း လင်းစွာမြင်နိုင်၏။

နိုင်ငံခြားသားအချို့က ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တွေ့ခွင့်ရမှုကို တိုးတက်မှုဟု ရှုမြင်ကြ၏။ ဤအချက်ကို ငြင်းပယ်ရန်မရှိပေ။ နှစ်နှစ်ခွဲခန့်အတွင်း နိုင်ငံတကာက တောင်းဆိုမှုအကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း မည်သူနှင့်မှ တွေ့ခွင့်မပေးသည့်ကြားမှ တွေ့ခွင့်ရခြင်းသည် တိုးတက်မှုယူဆနိုင်ပါသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရသည်နှင့် ပြဿနာကို အောင်မြင်စွာ ဖြေရှင်းနိုင်မည်ဟု အာမခံချက် မရှိပေ။ နဝတ၊ နအဖ ခေတ်ကာလတလျှောက်လုံး ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ ကိုယ်စားလှယ်များ အကြမ်ကြိမ် တွေ့ဆုံခဲ့သော်လည်း အောင်မြင်ခဲ့သည် မဟုတ်ပေ။

သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရသည်နှင့် ပြဿနာကို အောင်မြင်စွာ ဖြေရှင်းနိုင်မည်ဟု အာမခံချက် မရှိပေ။ နဝတ၊ နအဖ ခေတ်ကာလတလျှောက်လုံး ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ ကိုယ်စားလှယ်များ အကြမ်ကြိမ် တွေ့ဆုံခဲ့သော်လည်း အောင်မြင်ခဲ့သည် မဟုတ်ပေ။

အကြောင်းမှာ စစ်တပ်က ၎င်းတို့၏ အကြပ်အတည်းကို ကျော်လွှားရန်၊ နိုင်ငံတကာနှင့် အပေးအယူ လုပ်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချနေ၍ဖြစ်၏။ ထို့ပြင် တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့ကဲ့သို့ မြန်မာနှင့် နယ်နိမိတ်ချင်း ဆက်စပ်နေပြီး စစ်မီးလွင့်စင်မှုကို ခံရသည့်အပြင် ကုန်သွယ်ရေးလုပ်ငန်းများ၊ စီးပွားရေးအကျိုးအမြတ်များရှိသည့် နိုင်ငံများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ လိုအပ်သည်ထက်ပိုပြီး တွက်ချက်မျှော်လင့်သည်ကတော့ အံ့ဩစရာမရှိပေ။

မြန်မာပြည်လူထုအနေဖြင့်မူ စစ်တပ်၏ အကွက်ဟောင်းတွင် မျောမပါရန် လိုအပ်သကဲ့သို့ စစ်တပ်ဖန်တီးသည့် အတုအယောင်ကို အစစ်အမှန်ဟု မထင်မိရန်လို၏။ နောက်ဆုံး လွတ်ငြိမ်းချမ်းသာခွင့်တွင်လည်း လွတ်ငြိမ်း ၇ ထောင်ကျော်တွင် လွတ်ရက်စေ့ခါနီး နိုင်ငံရေးအကျဉ်းသမား ၁၀၀ ကျော်သာ ပါသည်ဟုသိရ၏။ ယခင်အကြိမ်များတွင် ဤသို့သာဖြစ်၏။ စစ်တပ်သည် မျှော်လင့်ချက်ပေးပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို မဏ္ဍိုင်ပြုပြီး ကစားသည့် အကွက်ဟောင်းကို ကစားပြီး စစ်တပ်အာဏာတည်မြဲရေးကိုသာ ပြုလုပ်မည်ဖြစ်သည်ကို ရှင်းလင်းစွာတွေ့မြင်နိုင်၏။

ဤသို့သော အခြေအနေအောက်တွင် စစ်တပ်သည် ရှေ့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချသည့် ကစားကွက်ကို လိုအပ်လျှင်လိုအပ်သလို ဆက်လက် အသုံးပြုသွားမည်၊ မကြာခဏဆိုသလို အသုံးပြုနိုင်သည် ဆိုသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ စစ်တပ်၏ ရိုးအီနေသော အကွက်ဟောင်းကို သိသိနှင့် အမှားဟောင်း ဆက်မမှားဖို့လို အပ်ပေသည်။ ပြည်ပနိုင်ငံများ၏ ဖိအားကိုလည်း တုန့်ပြန်ရှင်းလင်းနိုင်ရန် လိုအပ်၏။

ဒေါ်အောင်ဆန်းစုကြည်သည် ပြည်တွင်းပြည်ပတွင် ဩဇာရှိသော ခေါင်းဆောင်တယောက်ဖြစ်သည်ကို ငြင်းပယ်ရန် မရှိပေ။ သူမ၏ သဘောထားကို ထည့်သွင်းစဉ်းစားရန်လည်း လိုအပ်သည်မှာလည်း အမှန်ဖြစ်ပါသည်။ ထိုအချိန်သည် ဦးစွာအားဖြင့် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ပြည်တွင်းအခြေအနေများကို လွတ်လပ်ပွင့်လင်းစွာ သိရှိနားလည်ခွင့်ရသည့် အချိန်ကာလဖြစ်ရန် လို၏။ ဤအချက်သည် လွန်စွာအရေးကြီးသည်။

အဘယ်ကြောင့်ဆိုသော် မြန်မာပြည်၏အခြေအနေသည် စစ်တပ်အာဏာသိမ်းခဲ့သည့် နှစ်နှစ်ခွဲအတွင်း များစွာပြောင်းလဲသွား၍ ဖြစ်၏။ နောက်တချက်မှာ သူမ၏ အမြင်ကို လွတ်လပ်ပွင့်လင်းစွာ ပြောဆိုခွင့်ရသည့် အချိန်ကာလဖြစ်ရန် လိုပါသည်။ ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ ရှေ့နေများကိုပင် တွေ့ခွင့်မပေးသည့်၊ သူမ၏သဘောထားအမှန် မည်ကဲ့သို့ဖြစ်သည်ကို အတည်ပြု၍မရသည့် အချိန်မျိုး၊ သူမအား ပိတ်လှောင်ထားသည့် အချိန်မျိုး မဟုတ်ပေ။

(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦး ဖြစ်သည်။)

You may also like these stories:

ဒေါ်အောင်ဆန်းစုကြည်ကို သုံးပြီး စစ်ကောင်စီ သတင်းတုဖြန့်ချိနေ

ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်သော်လည်း စစ်ကောင်စီ ထင်တိုင်းမပေါက်

စစ်အုပ်စုက ရှေးရိုးအတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ဝှက်ဖဲအဖြစ် ထုတ်သုံး

စစ်ကောင်စီဆန့်ကျင်ရေးသမား လူငယ်များကို ဒေါ်အောင်ဆန်းစုကြည် ချီးကျူး

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောဆိုချက်အပေါ် နိုင်ငံရေးနယ်ပယ်မှ တုံ့ပြန်မှုများ

Your Thoughts …
Tags: Sliderစိတ်ဓာတ်စစ်ဆင်ရေးတိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံဒေါ်အောင်ဆန်းစုကြည်နွေဦးတော်လှန်ရေးလွတ်ငြိမ်းချမ်းသာခွင့်ဝါဒဖြန့်ချိရေးအာဆီယံ
ဗညားအောင်

ဗညားအောင်

ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦး ဖြစ်သည်။

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

by ဧရာဝတီ
14 September 2023
48.7k

စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

Next Post
ဖမ်းဆီးစစ်ဆေးနေသည့် တနင်္သာရီတိုင်းမှ စစ်အရာရှိကြီးများနေရာ အစားထိုးခန့်အပ်

ဖမ်းဆီးစစ်ဆေးနေသည့် တနင်္သာရီတိုင်းမှ စစ်အရာရှိကြီးများနေရာ အစားထိုးခန့်အပ်

မုန်တိုင်ပင်ရွာ လူသတ်မှု၌ တာဝန်ရှိသူ တိုင်းမှူး ဖြစ်လာ

မုန်တိုင်ပင်ရွာ လူသတ်မှု၌ တာဝန်ရှိသူ တိုင်းမှူး ဖြစ်လာ

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.6k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate