• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

တရုတ်ရာဇဝတ်ဂိုဏ်းများ ထိုင်း-မြန်မာနယ်စပ်ကို ထိန်းချုပ်ထား

by Alastair McCready နှင့် Allegra Mendelson
12 August 2023
in ဆောင်းပါး
A A
တရုတ်ရာဇဝတ်ဂိုဏ်းများ ထိုင်း-မြန်မာနယ်စပ်ကို ထိန်းချုပ်ထား

မြဝတီရှိ Gate 25 အဆောက်အဦ။ ထိုခြံဝန်းမှ လွတ်မြောက်လာသူ ရှစ်ဦးက ၎င်းတို့ခံစားရသည့် ပြင်းထန်သော ညှဉ်းပန်းနှိပ်စက်မှုများကို This Week in Asia သို့ ပြောပြသော်လည်း ထိုခြံဝန်း၏ အမည်မှန်ကို မသိရပေ / Alastair McCready

7.5k
VIEWS
Share on FacebookShare on Twitter

မြန်မာတွင် အတင်းအကျပ် အွန်လိုင်းမှ ငွေလိမ်ခိုင်းခံရသည့် ဆိုးရွားသော ခြောက်လတာ အတွေ့အကြုံအဆုံးတွင် ဖိလစ်ပိုင်နိုင်ငံသားများဖြစ်သော မက်စ်နှင့်ဂျိန်းတို့ နောက်ဆုံးရသည့် ညွှန်ကြားချက်မှာ “ကဲပြေးကြတော့” ဆိုသည့် စကားသာ ဖြစ်သည်။

လွတ်မြောက်လာပြီး တရက်ကြာသောအခါ မဲဆောက်မြို့စွန်မှ လယ်တောအိမ်တခုတွင်ထိုင်ရင်း ၎င်းတို့နှစ်ဦး၏ နောက်ဆုံး တုန်လှုပ်စရာကာလများကို ပြန်ပြောပြသည်။ လှေငယ်တစီးသည် မြစ်ကျဉ်းကို ဖြတ်သန်းပြီး ဘေးကင်းရာသို့ တဖြည်းဖြည်း သွားနေသည်။ မဲဆောက်မြို့သည် လွန်ခဲ့သောနှစ်နှောင်းပိုင်းက ၎င်းတို့ကို လူမှောင်ခိုကူးလာသည့် ထိုင်းနယ်စပ်မြို့ပင် ဖြစ်သည်။

RelatedPosts

မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

14 May 2025
1.5k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13k
အရိုင်းအစိုင်းများအတွက် မေးခွန်းများ

အရိုင်းအစိုင်းများအတွက် မေးခွန်းများ

13 May 2025
1.9k

ထိုင်းနိုင်ငံဘက်ကမ်းသို့ ရောက်သောအခါ ၎င်းတို့ကို စောင့်ရှောက်လာသူများက “မင်းတို့လုပ်ရမယ့်ကိစ္စက ပြေးဖို့ပဲ” ဟုပြောကြောင်း ဂျိန်းက ပြန်ပြောပြပြီး ၎င်းတို့သည် ပစ္စည်းများကို လက်တွင်ဆွဲကာ ထွက်ပြေးလာကြောင်း ပြောသည်။ တွေ့ကြုံခဲ့ရသည်များကြောင့် တုန်လှုပ်နေဆဲဖြစ်သော မက်စ်က သူ့ကိုယ်စား ဂျိန်းကို This Week in Asia သို့ စကားပြောစေသည်။

၎င်းတို့ နှစ်ဦးသည် ထိုင်းနိုင်ငံတွင် လစာကောင်းကောင်းရမည် ဆိုသည့် ကြော်ငြာများကို ဆက်သွယ်ပြီး ဖိလစ်ပိုင်မှ ပြီးခဲ့သည့် ဒီဇင်ဘာနှင့် ဇန်နဝါရီတွင် သီးခြားစီ ရောက်လာကြသည်။

သို့သော် ၎င်းတို့သည် ကျဉ်းမြောင်းသော သောင်ရင်းမြစ်ကို ဖြတ်ကာ မဲဆောက်အနောက်မြောက်ဘက် ကီလိုမီတာ ၅၀၀ နီးပါး မြန်မာအထိ ပို့ဆောင်ခံရပြီး တရုတ်ရာဇဝတ်ဂိုဏ်းများက စီမံသည့် ခြံဝန်းတခုမှတဆင့် ဥရောပနှင့် မြောက်အမေရိကမှ ပစ်မှတ်များကို ငွေကြေးလိမ်လည်ရန် အတင်းအကျပ် စေခိုင်းခံရသည်။

၎င်းတို့ ပြန်လည် လွတ်မြောက်လာသောအခါ အတင်းအကျပ် အလုပ်စေခိုင်းသူများ၏ ရိုက်နှက်မှုကြောင့် အမာရွတ်များ အဖူးအရောင်များနှင့် ၎င်းတို့လုပ်ဆောင်ခဲ့ရသည့် ကိစ္စများအတွက် အပြစ်ရှိသကဲ့သို့ ခံစားနေကြရသည်။

“ကျမက လူတွေကို ငွေကြေးလိမ်လည်တဲ့နေရာမှာ အသုံးချခံလို ဖြစ်နေတာ။ ကျမရဲ့ ရွေးချယ်မှုကြောင့် မဟုတ်ဘူးဆိုရင်တောင်မှ ကျမ သူတို့အတွက် အလုပ်လုပ်ပေးခဲ့ရတယ်” ဟု ဂျိန်းက ပြောသည်။

မလေးရှား၊ ထိုင်ဝမ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ကင်ညာနှင့် နီပေါမှ ထောင်ပေါင်းများစွာသော သူများသည် သွေးဆောင်ဖျားယောင်းခံရပြီး ထိုတူညီသောခရီးကိုသာ ဖြတ်သန်းခဲ့ရကာ ဆိုက်ဘာငွေကြေးလိမ်လည်မှု ဝင်္ကပါတွင် လပေါင်းများစွာ သို့မဟုတ် နှစ်နှင့်ချီ၍ ထောင်ချောက်မိကြရသည်။

“ကျမက လူတွေကို ငွေကြေးလိမ်လည်တဲ့နေရာမှာ အသုံးချခံလို ဖြစ်နေတာ။ ကျမရဲ့ ရွေးချယ်မှုကြောင့် မဟုတ်ဘူးဆိုရင်တောင်မှ ကျမ သူတို့အတွက် အလုပ်လုပ်ပေးခဲ့ရတယ်” ဟု ဂျိန်းက ပြောသည်။

ဂျိန်းနှင့် မက်စ်တို့ကို အတင်းအကျပ် လုပ်အားစေခိုင်းသော ကုမ္ပဏီသည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှ မြစ်ကြောင်း ကီလိုမီတာ ၄၀ တလျှောက်တွင် လုပ်ကိုင်ကြီးထွားလာနေသည့် လုပ်ငန်း တဒါဇင်ကျော် သို့မဟုတ် အရှေ့တောင်အာရှတလွှား ကျယ်ပြန်သည့် တရုတ်လွှမ်းမိုးသော ကြီးမားကျယ်ပြန့်သည့် ငွေကြေးလိမ်လည်မှု ကွန်ရက်မှ ဆုံမှတ်များအနက် တခုမျှသာဖြစ်သည်။

ကမ္ဘောဒီးယား၏ ငွေကြေးလိမ်လည်မှုကဏ္ဍသည် လွန်ခဲ့သောနှစ်တွင် ကြီးမားသော လူကုန်ကူးမှု၊ အတင်းအကျပ် လုပ်အားခိုင်းစေမှုနှင့် စနစ်တကျ ညှဉ်းပန်းနှိပ်စက်မှုသတင်းများ ထွက်လာပြီးနောက် အမည်ဆိုးကျော်ကြားမှု ရလာသည်။ ဖိလစ်ပိုင်သည်လည်း အွန်လိုင်းငွေကြေးလိမ်လည်မှု အချက်အခြာ နေရာဖြစ်နေကြောင်းကို ဇွန်လနှောင်းပိုင်းက မနီလာတောင်ပိုင်းမှ တရုတ်ရာဇဝတ်ဂိုဏ်းများ စီမံသည့် အွန်လိုင်းငွေကြေးလိမ်လည်မှု အဆောက်အအုံကို ဝင်ရောက်စီးနင်းပြီး လူပေါင်း ၂,၇၀၀ ကျော်ကို ကယ်တင်ရသောအခါ အတည်ပြုနိုင်ပြီး ကြီးမားသော အွန်လိုင်းငွေကြေးလိမ်လည်မှုများကို လာအိုက ရွှေတြိဂံ အထူးစီးပွားရေးဇုန်တွင် လက်ခံထားသည်။

၂၀၂၃ ခုနှစ်က တွေ့ရသော ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ / Alastair McCready

သို့သော် မြန်မာတွင် ထိုရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ် လုပ်ငန်းများသည် အဟန့်အတားမရှိ ဆက်လက် လုပ်ကိုင်နေကြသည်။ ထိုလုပ်ငန်းများကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာပြီး တရားဥပဒေစိုးမိုးရေး အေဂျင်စီများ၊ လူမှုအခြေပြု အဖွဲ့အစည်းများနှင့် မီဒီယာများ လက်လှမ်းမမီသည့် တရုတ်လူဆိုးဂိုဏ်းများနှင့် ဒေသခံ လက်နက်ကိုင်အဖွဲ့အစည်းများ ပူးပေါင်းလုပ်ကိုင်နေကြပြီး နိုင်ငံတွင်း ဖရိုဖရဲအခြေအနေများက အားပေးကူညီနေသည်။

ထိုအကျပ်အတည်းကို စုံစမ်းစစ်ဆေးရာတွင် This Week in Asia သည် နိုင်ငံပေါင်း ၇ နိုင်ငံမှ ကရင်ပြည်နယ်၊ မြဝတီသို့ ယခုနှစ်နှင့် လွန်ခဲ့သောနှစ်တွင် လူကုန်ကူးခံရသည့် အွန်လိုင်းငွေကြေးလိမ်လည်ရန် အတင်းအကျပ် စေခိုင်းခံရသည့်၊ စိတ်ပိုင်းရုပ်ပိုင်း ညှဉ်းပန်းနှိပ်စက်ခံသည့်၊ လွတ်လပ်စွာ ထွက်ခွာခွင့်မရသည့် လက်ရှိနှင့် လက်ဟောင်း အလုပ်သမား ၁၈ ဦးနှင့် တွေဆုံမေးမြန်းခဲ့သည်။

ထိုလုပ်ငန်းသည် နိုင်ငံပေါင်းချုပ် အွန်လိုင်းငွေကြေးလိမ်လည်မှု အသင်းကြီး ဖြစ်နေကြောင်း အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP) မှ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဂျေဆင်တာဝါက ပြောသည်။ “အဲဒီမှာက နိုင်ငံပေါင်းစုံကနေ လူကုန်ကူးခံရပြီး အတင်းအကျပ် လုပ်အားစေခိုင်းခံရတဲ့ အွန်လိုင်းငွေကြေး လိမ်လည်သူတွေ ရှိနေတယ်” ဟု ၎င်းကပြောသည်။

ထိုလုပ်ငန်းသည် နိုင်ငံပေါင်းချုပ် အွန်လိုင်းငွေကြေးလိမ်လည်မှု အသင်းကြီး ဖြစ်နေကြောင်း အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP) မှ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဂျေဆင်တာဝါက ပြောသည်။

နိုင်ငံတွင်းသို့ ဝင်ရောက်ရန်နှင့် ထွက်ခွာရန် လုံခြုံမှု လုံးဝမရှိသော ထိုင်း-မြန်မာနယ်စပ်ကို သုံးကြသည်။ ၂၀၂၂ ခုနှစ် နှစ်လယ်မှ စတင်ပြီး လူကုန်ကူးမှုဖြစ်နိုင်သည့် လွှဲပြောင်းပေးအပ်မှု အရေအတွက် အကြီးအကျယ် များပြားကြောင်း ထိုင်းနိုင်ငံမှ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်မှု အဖွဲ့အစည်း (IOM) အကြီးအကဲ ဂျရက်ဒင်း အန်းဆက်က ပြောသည်။ “ဒါက အဖျားအနားပဲလို့ ကျနော်တို့ ယူဆနိုင်တယ်” ဟု ၎င်းကပြောသည်။

ထိုငွေကြေးလိမ်လည်မှု လုပ်ငန်းသည် ဝက်ဘ်ဆိုက်အတုအတွက် ပေးရသည့် ခိုးယူငွေများ၊ သားကောင်သစ်ကို ရှာဖွေရန် ကြိုးစားနေသည့် လူသစ်ရှာသူများနှင့် ထိုသို့သော နယ်စပ်ဖြတ်ကျော် ဆိုးရွားသော ကိစ္စများကို တံခါးဖွင့်ပေးသည့် အကျင့်ပျက်အရာရှိများကို ကြည့်ပါက ဒေါ်လာ ဘီလီယံပေါင်းများစွာ ရရှိနေသည်ဟု ယူဆရသည်။

ဂျိန်းက သူသည် သူ ယခင်က ဖိလစ်ပိုင်တွင် အလုပ်လုပ်ဖူးသော ကုမ္ပဏီတခုဖြစ်သည့် အမေဇုန်အတွက် အလုပ်လုပ်ပေးရမည်ဟု မျှော်လင့်ပြီး ကုမ္ပဏီလိပ်စာစစ်နှင့် အီးမေးလ်သစ်ဖြစ်ပုံရသောကြောင့် ထိုအလုပ်ကို လျှောက်ခဲ့ခြင်းဖြစ်သည်။ သူ့ကို အလုပ်ရှာပေးသူက ဘန်ကောက်အထိ လေယာဉ်လက်မှတ် ကြိုဖြတ်ခြင်းကို ရက်ပိုင်းအတွင်း လုပ်ပေးသည်။ သူသည်မြစ်ထဲသို့ ဦးတည်မောင်းနေသည့်ကားပေါ်တွင် ပါသွားခြင်းဖြစ်သည်။

KK Park

သောင်ရင်းမြစ် ထိုင်းဘက်ကမ်း၌ တခုသော တနင်္ဂနွေနေ့နံနက်တွင် လူအုပ်စုတစုသည် ထရပ်ကားတစီး ဆိုက်ရောက်လာသည်ကို တွေ့သောကြောင့် ထိုကားမှ ကုန်ပစ္စည်းများကို ချရန် ၎င်းတို့၏ နံနက်စာများကို ချထားလိုက်သည်။ ထိုကုန်ပစ္စည်းများမှာ အောက်မှလှေပေါ်သို့ ချပေးရမည့် တခါသုံး ကလေးအောက်ခံအဝတ်များ၊ ချောကလက် ဝေဖာများနှင့် ငှက်သိုက်ပုလင်းများသာ ဖြစ်သည်။

ထိုကုန်ပစ္စည်းများအနက်အချို့သည် မြဝတီရှိ မြစ်တဖက်ကမ်းမှ ခြံဝန်းများအတွက် ဖြစ်သည်ဟုဆိုသည်။ ထိုခြံဝန်းများသည် တရုတ်အွန်လိုင်းလောင်းကစားလုပ်ငန်များ သို့မဟုတ် အွန်လိုင်းငွေလိမ်ဂိုဏ်းများအတွက် ဌာနချုပ်ဖြစ်သည်။

ထိုခြံဝန်းကို Family Park ဟုခေါ်ကြောင်း ထိုနေရာတွင် ယခုနှစ်အစောပိုင်းက ငါးလကြာ ပိတ်မိနေသော အင်ဒိုနီးရှားနိုင်ငံသား ငါးဦးကပြောသည်။ ထိုခြံဝန်းအတွင်းတွင် အလုပ်သမား ၂,၀၀၀ ခန့်ရှိပြီး အွန်လိုင်း ငွေကြေးလိမ်လည်မှုများကို ကျူးလွန်ကာ နေ့လယ် နေအလွန်ပူနေချိန်တွင် ပြေးခိုင်းခြင်း၊ ရိုက်နှက်ခြင်းနှင့် လျှပ်စစ်ရှော့တိုက်ခြင်း စသည့် ပြင်းထန်သော ရုပ်ပိုင်းညှဉ်းပန်းနှိပ်စက်မှုများ ခံနေရကြောင်း ၎င်းတို့က ပြောသည်။

“တခါတုန်းက ကျနော်တို့ လူ ၂၀ လောက်ကို အခန်းတခုထဲမှာ ပိတ်ထားပြီး အစားအစာ တနေ့တကြိမ်ပဲ ကျွေးတယ်။ အစောင့်တွေက ကျနော့် ထိုးကြိတ်၊ ရှော့တိုက်၊ တုတ်နဲ့ရိုက်ကြတယ်” ဟု ထိုသူများအနက် တဦးဖြစ်သူ အရစ်ဖ်က ပြောသည်။

လုပ်ငန်းများချဲ့ ထွင်နေသည့်တိုင် Family Park သည် မြဝတီမြို့နယ်မှ များပြားလှသည့် အွန်လိုင်းငွေကြေး လိမ်လည်သည့် လုပ်ငန်းများအနက် သေးငယ်သော လုပ်ငန်းတခုသာ ဖြစ်သည်။

သောင်းရင်းမြစ် မြန်မာဘက်ကမ်းတွင် မှောင်ခိုသွင်းထားသည့် ကားများကို ထိုင်းဖက်အခြမ်းမှ ၂၀၂၃ ခုနှစ်က မြင်ရစဉ် / Alastair McCready

မြစ်သည် တောင်ပိုင်းတွင် ကွေးသွားသောအခါ အမည်ဆိုးကျော်ကြားသည့် KK Park ဇုန်ကို မြန်မာဘက်ကမ်းတွင် တွေ့ရသည်။ ၎င်းသည် ကျယ်ပြန့်ပြီး အစိတ်အပိုင်း နှစ်ခုပါသည့် အဆောက်အအုံ ဖြစ်ပြီး အနီရောင်အမိုးများသည် အွန်လိုင်း ငွေကြေးလိမ်လည်မှုများ၊ မှောင်ခိုမှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုများကို ဖော်ပြနေသကဲ့သို့ ဖြစ်သည်။ ခန္ဓာကိုယ်အစိတ်အပိုင်းများကို မှောင်ခိုကူးသည်ဆိုသည့် ကောလာဟလများလည်း ဖြစ်ပေါ်နေသည်။

KK Park သည် အလျင်အမြန် ကြီးထွားနေပြီး Maxar Technologies မှပေးပို့သည့် ဂြိုလ်တုဓာတ်ပုံများအရ KK I ဟုခေါ်သည့် အပိုင်း ၁ ကို ၂၀၁၉ ခုနှစ်နှောင်းပိုင်းနှင့် ၂၀၂၁ ခုနှစ် နှစ်လယ်အတွင်း တည်ဆောက် ပြီးစီးသည်။

“တခါတုန်းက ကျနော်တို့ လူ ၂၀ လောက်ကို အခန်းတခုထဲမှာ ပိတ်ထားပြီး အစားအစာ တနေ့တကြိမ်ပဲ ကျွေးတယ်။ အစောင့်တွေက ကျနော့် ထိုးကြိတ်၊ ရှော့တိုက်၊ တုတ်နဲ့ရိုက်ကြတယ်”

၎င်းနှင့်ယှဉ်တွဲနေသည့် အဆောက်အအုံဖြစ်သည့် KK II သို့မဟုတ် လူကုန်ကူးခံရသူများက ဒေါင်ဖန်းဟု ခေါ်သည့် ခြံဝန်းသည် ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် မြေကွက်လွတ်သာဖြစ်သော်လည်း ယခုနှစ်မတ်လတွင် ပေါ်ပေါက်လာသည့် ခြံဝန်းအဆောက်အအုံ ဖြစ်သည်။ အဓိကကျသည့် အဆောက်အအုံမှာ ယခုအချိန်အထိ တည်ဆောက်ဆဲ ဖြစ်သည်။

ဂျိန်းနှင့် မက်စ်တို့ အွန်လိုင်းငွေကြေးလိမ်လည်သူများအဖြစ် အတင်းအကျပ် စေခိုင်းခံရသည်မှာ KK I မှ ၄ ထပ် အဆောက်အအုံတွင်ဖြစ်ပြီး လူ ၁၅ ဦးပါသော အဖွဲ့သည် တနေ့လျှင် ၁၂ နာရီမှ ၁၄ နာရီအထိ အဆိုင်းဖြင့် လုပ်ကိုင်ကာ တနေ့လျှင် အမေရိကန်ဒေါ်လာ ၂၅,၀၀၀ သတ်မှတ်ချက်ပြည့်အောင် ရှာပေးရသည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့က KK Park တွင် တည်ဆောက်နေသည့် KK II အဆောက်အဦကို တွေ့ရစဉ် / Alastair McCready

ထိုနေရာတွင် အခြားသူ အနည်းဆုံး ၃၀၀ ရှိနေပြီး ပစ်မှတ် (marks) ခေါ် လူမှုကွန်ရက်တွင် သားကောင်ရှာဖွေခြင်းနှင့် အွန်လိုင်းငွေကြေးလိမ်လည်ခြင်း စသည့် လုပ်ငန်းများကို ခွဲခြားလုပ်ကိုင်ကြရသည်။

သူနှင့်အတူ လုပ်ရသူများသည် အမည်ဆိုးကျော်ကြားသည့် ‘ဝက်သားပေါ်ခြင်း’ ကဲ့သို့သော နည်းလမ်းများ အသုံးပြုပြီး သတ်မှတ်ထားသည့် ငွေကြေးပမာဏ ရအောင် လိမ်လည်နိုင်ကြောင်း ဂျိန်းက ပြောသည်။ ထိုနည်းလမ်းမှာ လိမ်လည်သော ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် အချစ်ဇာတ်လမ်းများဖြင့် ဖျားယောင်းသွေးဆောင်ခြင်း ဖြစ်သည်။
ဂိုဏ်းခေါင်းဆောင်တွေက ကျမတို့ကို စက်ရုပ်တွေလို့ ထင်နေတာ။ ကျမတို့က သူတို့ကို ငွေရှာပေးရတယ်။ မရှာပေးရင် ပြင်းပြင်းထန်ထန် အပြစ်ပေးတယ်” ဟု သူ၏ကျောမှ ရိုက်နှက်ခံထားရသော ဒဏ်ရာများကို ပြသပြီး ဂျိန်းက ပြောသည်။

“ဂိုဏ်းခေါင်းဆောင်တွေက ကျမတို့ကို စက်ရုပ်တွေလို့ ထင်နေတာ။ ကျမတို့က သူတို့ကို ငွေရှာပေးရတယ်။ မရှာပေးရင် ပြင်းပြင်းထန်ထန် အပြစ်ပေးတယ်”

အချို့နေ့များတွင် ဝက်သားပေါ်သည့်အခါ ၎င်းတို့အဖွဲ့သည် ဒေါ်လာ ၂ သိန်းအထိ ရကြောင်း ၎င်းကပြောသည်။ ထိုအဆင့်တွင် လိမ်လည်ခံရသော သားကောင်သည် ငွေကြေးပုံအောထည့်ဝင်အောင် ပြုလုပ်သည့် နောက်ဆုံး အဆင့်ဖြစ်သည်။

ကာစီနိုများ၊ ရာဇဝတ်ကောင်များနှင့် ငြင်းပယ်မှုများ

မြစ်အထက်ပိုင်း ၂၅ ကီလိုမီတာခန့်တွင် မြန်မာအွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်း၏ ဗဟိုချက်ဖြစ်သော ရွှေကုက္ကိုဟုခေါ်သည့် ကာစီနို၊ ဟိုတယ်၊ ကေတီဗီနှင့် အွန်လိုင်းငွေကြေးလိမ်လည်သည့် ခြံဝန်းများရှိသော မြို့ရှိသည်။

ရွှေကုက္ကိုသည် မြန်မာစစ်တပ် ကွပ်ကွဲမှုအောက်မှ လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော နယ်ခြားစောင့်တပ်က ထိန်းချုပ်ထားသည့် နယ်မြေဖြစ်သည်။

တခါက သောင်းရင်းမြစ် အကွေ့မှ ရွာငယ်တခုသာဖြစ်သော ရွှေကုက္ကိုသည် ၂၀၁၇ ခုနှစ်တွင် စတင်ကြီးထွားလာပြီး ထိုမြို့တွင် နယ်ခြားစောင့်တပ်ပိုင် လုပ်ငန်းဖြစ်သော ချစ်လင်းမြိုင် ကုမ္ပဏီနှင့် ရှီကျီကျန်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ဟောင်ကောင်အခြေစိုက် ယတိုင် နိုင်ငံတကာလုပ်ငန်းအုပ်စု တို့သည် ထိုဒေသတွင် အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်းတန်သည့် တည်ဆောက်လုပ်ငန်းများ စတင်ကြသည်။

ယတိုင် ရွှေကုက္ကို အထူးစီးပွားရေးဇုန်စီမံကိန်းသည် ၂၀၁၉ ခုနှစ် ခွင့်ပြုထားသည် အတိုင်းအတာထက် ကျယ်ပြန့်လာသည်။ ယတိုင်နိုင်ငံတကာအုပ်စု၏ ကြော်ငြာများတွင် ဘဏ္ဍာရေးလုပ်ငန်းရပ်ကွက်များ၊ စက်မှုဇုန်များ၊ အပန်းဖြေစခန်းများနှင့် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံတန်သည့် တောက်ပြောင်သော မြို့ပြ စီမံကိန်းကို ဖော်ပြထားသည်။

တရုတ်နိုင်ငံသားဖြစ်ခြင်းကို ၂၀၁၉ ခုနှစ်တွင် စွန့်လွှတ်ပြီး ကမ္ဘောဒီးယားနိုင်ငံသား ခံယူထားသူ ရှီကျီကျန်းသည် ထိုသို့လုပ်ငန်းချဲ့ထွင်ရင်း ဘေဂျင်း၏ ရန်သူဖြစ်လာပုံရသည်။ တရုတ်နိုင်ငံတွင် သူသည် တရားမဝင် အွန်လိုင်းလောင်းကစား ဝက်ဘ်ဆိုက်အများအပြား လုပ်ကိုင်သောကြောင့် အလိုရှိနေသူဖြစ်သည်။ လွန်ခဲ့သောနှစ် သြဂုတ်လတွင် သူ့ကို ထိုင်းနိုင်ငံက နိုင်ငံတကာရဲတပ်ဖွဲ့၏ အနီရောင်အဆင့် သတိပေးချက်အရ ဖမ်းဆီးခဲ့ပြီး တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးမည့်အစီအစဉ်ကို ဆန့်ကျင်ပြီး ဆက်လက် ဖမ်းဆီးခံထားရသည်ဟု ယူဆရသည်။

တရုတ်နိုင်ငံသားဖြစ်ခြင်းကို ၂၀၁၉ ခုနှစ်တွင် စွန့်လွှတ်ပြီး ကမ္ဘောဒီးယားနိုင်ငံသား ခံယူထားသူ ရှီကျီကျန်းသည် ထိုလုပ်ငန်းချဲ့ထွင်ရင်း ဘေဂျင်း၏ ရန်သူဖြစ်လာပုံရသည်။

ယတိုင် နိုင်ငံတကာအုပ်စုကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိခဲ့ပေ။ သို့သော် ဘန်ကောက်ပို့စ် သတင်းစာတွင် မေလက ဖော်ပြခဲ့သောကြေညာချက်တခု၌ ထိုအုပ်စုက အွန်လိုင်းငွေကြေး လိမ်လည်မှု သို့မဟုတ် KK Park အပါအဝင် မည်သည့်ရာဇဝတ်မှုနှင့်မျှ ပတ်သက်ခြင်းမရှိကြောင်း ပြောကြားပြီး စီးပွားရေးလုပ်ငန်း သက်သက်သာဖြစ်ကြောင်း ဖော်ပြပြီး ရှီကျီကျန်းသည် တရားဝင် စီးပွားရေး လုပ်ငန်းရှင်ဖြစ်ကြောင်း ဖော်ပြသည်။

ရွှေကုက္ကိုသည် လာအို၊ ကမ္ဘောဒီယားနှင့် မြန်မာမှ တရုတ်က ငွေကြေးစိုက်ထုတ်သည့် အထူးစီးပွားရေးဇုန်များ ကွန်ရက်၏ အစိတ်အပိုင်းဖြစ်သည်။ ထိုကွန်ရက်သည် ဘေဂျင်း၏ ရည်မှန်းချက်ကြီးမားသော ရပ်ဝန်းနှင့်လမ်း အစီအစဉ် မမျှော်လင့်ဘဲ ဆက်စပ်နေသည့် မဲခေါင်ဒေသမှ တရုတ် အခြေခံအဆောက်အအုံနှင့် ကုန်သွယ်ရေး ကွန်ရက်ဖြစ်သည်။

ရွှေကုက္ကို စတင်တည်ဆောက်ပြီးနောက် ၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် တရုတ်အွန်လိုင်းငွေကြေး လိမ်လည်သည့် ဂိုဏ်းများသည် သောင်ရင်းမြစ်၏ မြန်မာဘက်ကမ်းတွင် မြေကွက်များရလာသည်။ မြန်မာတွင် စစ်အာဏာသိမ်းမှု ဖြစ်ပွားသောအခါ နယ်စပ်ဒေသများကို ပိုမိုစောင့်ကြည့်လေ့လာမည့် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရ၏ အားထုတ်မှုများ အဆုံးသတ်သွားပြီး ထိုလုပ်ငန်းများ ပိုမိုအရှိန်ရလာကြောင်း သုတေသီများက ပြောသည်။

ရွှေကုက္ကိုရှိ ကာစီနိုရုံ၊ ဟိုတယ်နှင့် ကေတီဗီ အဆောက်အဦများကို ၂၀၂၃ ခုနှစ်က တွေ့ရစဉ် / Alastair McCready

သောင်ရင်းမြစ်ကမ်း တလျှောက်ရှိ အွန်လိုင်းငွေကြေးလိမ်လည်သည့် လုပ်ငန်းများမှ အလုပ်သမား အရေအတွက်ကို အတိအကျသိရန် ခက်ခဲသော်လည်း ရွှေကုက္ကိုနှင့် KK Park တွင်ပင် အလုပ်သမား ၂၀,၀၀၀ ရှိမည်ဟု ခန့်မှန်းသည်။

“မြစ်ကြောင်းတလျှောက်မှာ အဲဒီလို ခြံဝန်းကြီးတွေ ၁၇ ခုရှိတယ်။ အဲဒီခြံဝန်းကြီးတွေ အားလုံးက လူထောင်ချီ နေလို့ရတဲ့ ခြံဝန်းတွေ” ဟု ၎င်းကပြောသည်။

ဂြိုဟ်တုမှ ရိုက်ကူးထားသော ဓာတ်ပုံများအရ မြဝတီမြို့တောင်ဘက်မှ ကြီးထွားလာသော မြို့သစ်ဖြစ်သည့် Huanya International မြို့သစ်စီမံကိန်းနှင့် Xinghua ခြံဝန်းတွင် ၂၀၂၁ ခုနှစ် ဧပြီလနှင့် ယခုနှစ် မတ်လ အကြား အလျင်အမြန် တည်ဆောက်မှုများကို ဖော်ပြနေသည်။ Xinghua ခြံဝန်းသည် This Week in Asia က တွေ့ဆုံမေးမြန်းခဲ့သည့် လူကုန်ကူးခံရသူ ငါးဦး ညှဉ်းပန်းနှိပ်စက်ခံရသော နေရာဖြစ်သည်။

“မြစ်ကြောင်းတလျှောက်မှာ အဲဒီလို ခြံဝန်းကြီးတွေ ၁၇ ခုရှိတယ်။ အဲဒီခြံဝန်းကြီးတွေ အားလုံးက လူထောင်ချီ နေလို့ရတဲ့ ခြံဝန်းတွေ”

မြန်မာမှ သက်တမ်းအရှည်ဆုံးနှင့် အင်အားအကြီးမားဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနက် တခုဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU) သည်လည်း Huanya စီမံကိန်းနှင့် ပတ်သက်နေသည်။ ထိုအဖွဲ့၏ ကာကွယ်ရေးဌာန အကြီးအကဲ ရော်ဂျာခင်သည် ၂၀၂၀ ခုနှစ်က ထိုစီမံကိန်း ပန္နက်ရိုက်သည့် အခမ်းအနားတွင် တက်ရောက် ဓာတ်ပုံရိုက်ခံသည်။

KNU ပြောခွင့်ရသူ ဖဒို စောကလယ်ဆေးက မည်သည့် KNU ခေါင်းဆောင်မှ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ပြောကြားပြီး ထိုခြံဝန်းအတွင်းမှ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များနှင့် အတင်းအကျပ် လုပ်အားခိုင်းစေမှုများကို ပြင်းထန်စွာ ရှုတ်ချကြောင်း ပြောသည်။ ထိုကိစ္စကို စုံစမ်းစစ်ဆေးရန် အဖွဲ့တဖွဲ့ ဖွဲ့စည်းထားကြောင်းလည်း This Week in Asia သို့ ၎င်းကပြောသည်။

ရွှေကုက္ကို၊ KK Park နှင့် Huanya မြို့သစ် စီမံကိန်းတို့ကို ပိုမို လေ့လာစောင့်ကြည့်လာကြသော်လည်း သောင်ရင်းမြစ်ကြောင်းတလျှောက်မှ အွန်လိုင်းငွေကြေး လိမ်လည်သည့် ခြံဝန်းများကို လူသိနည်းနေဆဲ ဖြစ်ပြီး လွတ်မြောက်လာသူများနှင့် ဆက်လက် ဖမ်းဆီးခံထားရပြီး ရှင်သန်ရန် ရုန်းကန်နေရသူများ၏ ပြောကြားချက် အနည်းငယ်ကိုသာ သိရသည်။

ဥပမာတခုမှာ ယခင်က Saixigang Industrial Zone Project ဟုခေါ်သည့် Dongmei Zone ဖြစ်သည်။ ထိုဇုန်သည် ကမ္ဘောဒီးယားမှ တရုတ်ချုပ်ကိုင်ထားသည့် အပန်းဖြေမြို့ Sihanoukville ထက် သာလွန်သော မြို့ဖြစ်သည့် အမည်ပေးထားခြင်းဖြစ်သည်။ ထိုမြို့ကို မက္ကာအို ရာဇဝတ်ဂိုဏ်း ခေါင်းဆောင် သွားကျိုးခေါ် ဝမ်ခူအော့ခွိုင် ပိုင်ဆိုင်သည်။ သူသည် တရားမဝင်လောင်းကစားမှုအတွက် ၁၉၉၉ ခုနှစ်တွင် ဖမ်းဆီးခံရပြီး ထောင်ထဲတွင် ၁၄ နှစ်နေခဲ့ရသူ ဖြစ်သည်။

မြဝတီ၏ မြောက်ဘက်နားမှ Gate 25 ခြံဝန်းကိုလည်း စောင့်ကြည့်လာကြသည်။ ထိုခြံဝန်းမှ လွတ်မြောက်လာသူ ရှစ်ဦးက ၎င်းတို့ခံစားရသည့် ပြင်းထန်သော ညှဉ်းပန်းနှိပ်စက်မှုများကို This Week in Asia သို့ ပြောပြသော်လည်း ထိုခြံဝန်း၏ အမည်မှန်ကို မသိရပေ။

မြဝတီ၏ မြောက်ဘက်နားမှ Gate 25 ခြံဝန်းကိုလည်း စောင့်ကြည့်လာကြသည်။ ထိုခြံဝန်းမှ လွတ်မြောက်လာသူ ရှစ်ဦးက ၎င်းတို့ခံစားရသည့် ပြင်းထန်သော ညှဉ်းပန်းနှိပ်စက်မှုများကို ပြောပြသော်လည်း ထိုခြံဝန်း၏ အမည်မှန်ကို မသိရပေ။

အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့်ပတ်သက်သော ပထမဆုံး လူကုန်ကူးခံရသူ တဦးကို လွန်ခဲ့သောနှစ် သြဂုတ်လတွင် ထိုင်းရဲက စတင်လွှဲပြောင်းပေးပြီးနောက် လူကုန်ကူးခံရသူ အရေအတွက် မြင့်မားလာသည်ကို တွေ့ရကြောင်း မဲဆောက်မှ လူကုန်ကူးမှုတိုက်ဖျက်ရေး အစိုးရမဟုတ်သော လုပ်ငန်း Global Alms မှ အမှုဆောင် အရာရှိချုပ် မစ်ရှဲလ် မိုးက ပြောသည်။

“အဲဒီကနေ တဖြည်းဖြည်းကြီးထွားလာတာ” ဟု သူက ပြောသည်။ ဇူလိုင်လအထိ သူ၏ အဖွဲ့အစည်းသည် လူ ၄၅၂ ဦးထက်မနည်းကို အကူအညီပေးခဲ့ရကြောင်း ပြောသည်။

အများအပြားမှ မြန်မာနိုင်ငံအတွင်းသို့ လူကုန်ကူးခံရပြီး အတင်းအကျပ် ဖမ်းဆီးခံထားရသော်လည်း အချို့သူများသည် လစာရရှိနေသောကြောင့် မိသားစုထံ ငွေပြန်ပို့နေပြီး လုပ်ငန်း၏ သဘောသဘာဝကို မသိကြောင်းလည်း မိုးက ပြောသည်။

ထိုခြံဝန်းများသို့ လူကုန်ကူးခံရသူများသည် ၎င်းတို့ မြန်မာတွင်ရောက်ရှိနေသည်ကို သိရှိချိန်တွင် လွန်စွာ နောက်ကျသွားပြီဖြစ်ကြောင်း ပြန်လည် လွတ်မြောက်လာသူများက ပြောသည်။ ထိုနေရာများသို့ ရောက်သောအခါ ၎င်းတို့သည် တရားဥပဒေစိုးမိုးမှု ပြင်ပသို့ရောက်နေပြီး ရာဇဝတ်ဂိုဏ်းများနှင့် ဒေသခံလက်နက်ကိုင်များက ဖမ်းချုပ်ခံထားရသည်။

“မင်းတို့ကို သတ်ပစ်လို့ရတယ်။ ဒါ မြန်မာနိုင်ငံလို့ သူတို့က ကျမတို့ကိုပြောတယ်” ဟု ဂျိန်းက ပြောသည်။

နိဂုံး၏ နိဒါန်းလား

သောင်ရင်းမြစ်တလျှောက်တွင် တည်ဆောက်ရေး လုပ်ငန်းများ ဆက်လက် လုပ်ကိုင်နေသော်လည်း အွန်လိုင်း ငွေကြေးလိမ်လည်မှု ခြံဝန်းများကို ဖိအားများလာနေသည်။

“အွန်လိုင်း လိမ်လည်မှုအလုပ်များ” လုပ်ရေးအတွက် လူကုန်ကူးမခံရစေရန် ထိုင်း-မြန်မာနယ်စပ်တွင် သတိပေးချက် ဆိုင်းဘုတ် ထောင်ထားသည် / Allegra Mendelson

နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ်သည် လူကုန်ကူးမှုနှင့် ပတ်သက်နေသည့် အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် ပတ်သက်ပြီး တကမ္ဘာလုံးသို့ ပထမဆုံး သတိပေးချက်ကို ဇွန်လတွင် ထုတ်ပြန်ခဲ့ပြီး ထိုလတွင်ပင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ၂၀၂၃ ခုနှစ် လူကုန်ကူးမှုအစီရင်ခံစာတွင် ထိုင်းနိုင်ငံသည် အွန်လိုင်းငွေကြေးလိမ်ရန် မြန်မာသို့ လူကုန်ကူးသည့် ကြားခံနိုင်ငံအဖြစ် အခန်းကဏ္ဍ ကြီးမားနေကြောင်း မီးမောင်းထိုးပြထားသည်။ ထိုသို့ သတ်မှတ်ခံရခြင်းကို ထိုင်းအာဏာပိုင်များက လိုလားမည်မဟုတ်ကြောင်း တာဝါက ပြောသည်။

သို့သော် အသိသာအထင်ရှားဆုံးမှာ နယ်စပ်ဒေသများမှ ဆိုက်ဘာ ရာဇဝတ်မှုများကို ဖြိုခွဲရန် မြန်မာအာဏာပိုင်များကို တောင်းဆိုသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း၏ မေလက ထုတ်ပြန်ချက် ဖြစ်သည်။

နိုင်ငံတကာက ပစ်ပယ်ခံထားရသည့် စစ်ကောင်စီကို ထောက်ခံသည့် အစိုးရအနည်းငယ်အနက် တခုအဖြစ် ဘေဂျင်း၏ သြဇာသည် အွန်လိုင်းငွေကြေးလိမ်လည်သည့် ဂိုဏ်းများကို ဖြိုခွဲရာတွင် အရေးပါမည်ဟု တာဝါက ယူဆသည်။

နိုင်ငံတကာက ပစ်ပယ်ခံထားရသည့် စစ်ကောင်စီကို ထောက်ခံသည့် အစိုးရအနည်းငယ်အနက် တခုအဖြစ် ဘေဂျင်း၏ သြဇာသည် အွန်လိုင်းငွေကြေးလိမ်လည်သည့် ဂိုဏ်းများကို ဖြိုခွဲရာတွင် အရေးပါမည်ဟု တာဝါက ယူဆသည်။

ဇွန်လ ၆ ရက်နေ့တွင် ထိုင်းနိုင်ငံသည် ရွှေကုက္ကိုနှင့် KK Park တည်ရှိသော လေးကေ့ကော်သို့ လျှပ်စစ်ဓာတ်အား ဖြတ်တောက်လိုက်သည်။ ထိုနယ်စပ်ဒေသအများစုကို ထိုင်းကုမ္ပဏီများက လျှပ်စစ်ဓာတ်အားနှင့် အင်တာနက်ဝန်ဆောင်မှု ပေးနေသည်။

ဓာတ်အားဖြတ်တောက်ခြင်းသည် ဇုန်အတွင်းမှ လုပ်ငန်းများကို အနည်းငယ်သာ ထိခိုက်စေသော်လည်း ထိုကိစ္စသည် ရာဇဝတ်ဂိုဏ်းများကို ဘေဂျင်း၏ သံတမန်ရေး ဖိအားကြောင့်ဖြစ်သည်ဟု တာဝါက ယုံကြည်သည်။

“တရုတ်နိုင်ငံသားတွေ လူကုန်ကူးခံရတဲ့၊ လိမ်လည်မှုမှာ တရုတ်နိုင်ငံသားတွေ ပါဝင်ပတ်သက်နေတဲ့ သတင်းတွေ ထပ်ထွက်လာရင် တရုတ်အစိုးရအတွက် မျက်နှာပျက်စရာ ဖြစ်လာမယ်” ဟု ၎င်းကပြောသည်။

သို့သော် ကမ္ဘာတဝန်းမှ လူငယ်မျိုးစုံသည် သောင်ရင်းမြစ်ကို ဆက်လက် ဖြတ်ကျော်နေသောကြောင့် ယခုထက် ပိုမိုလုပ်ဆောင်ခြင်းမရှိပါက အွန်လိုင်းငွေကြေးလိမ်လည်သည့် လုပ်ငန်းများသည် မြန်မာမှ ဆက်လက် ထွက်ပေါ်လာမည် ဖြစ်သည်။ “ငရဲက လွတ်မြောက်လာတော့ တခြားအခွင့်အလမ်းတခု ရလိုက်သလိုပဲ” ဟု ဂျိန်းက ပြောသည်။

“ဘုရားသခင်ရှိတယ်။ ကျမတို့ ဆုတောင်းတာကို သူကြားနိုင်တယ်” ဟု သူကပြောသည်။

(South China Morning Post ပါ Alastair McCready နှင့် Allegra Mendelson တို့၏ Inside the Chinese-Run Crime Hubs of Myanmar That Are Conning the World
ကို ဘာသာပြန်သည်။ ဟိန်းသာက ပါဝင်ကူညီရေးသားသည်။)

You may also like these stories:

ရွှေကုက္ကိုလ်ကို တရုတ်အစိုးရက သိမ်းဖို့ ကြိုးစားနေဟု အဖမ်းခံ တရုတ်ပိုင်ရှင် ပြော

တရုတ်မြေအောက်လောကနဲ့ သောင်ရင်းမြစ်ဘေးက နယ်စပ်ဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများ

ဒေသတွင်း တည်ငြိမ်မှုကို ရွှေကုက္ကို ခြိမ်းခြောက်လာနေ

လူကုန်ကူးမှု အရူပ်တော်ပုံကြားက ရွှေကုက္ကိုလ် (ရုပ်/သံ)

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

တရုတ်ခြံစည်းရိုးနှင့် လူကုန်ကူးမှု ဗဟိုချက်ဖြစ်လာသည့် မြန်မာနယ်စပ်

လူကုန်ကူးမှု၊ ဒုစရိုက်ဂိုဏ်းများနှင့် ဝ ဒေသ

Your Thoughts …
Tags: KK ParkKNUစစ်ကောင်စီစောချစ်သူတရုတ်မဲဆောက်မြို့မြဝတီမြို့ရာဇဝတ်ဂိုဏ်းရာဇဝတ်မှုရွှေကုက္ကိုလူကုန်ကူးမှုလေးကေကော်
Alastair McCready နှင့် Allegra Mendelson

Alastair McCready နှင့် Allegra Mendelson

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေ

ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေ

ဘန်ကောက် အတက်အကျ၊ ဆူရင် ပစ်ဆူဝမ် နှင့် မြန်မာ (၄)

ဘန်ကောက် အတက်အကျ၊ ဆူရင် ပစ်ဆူဝမ် နှင့် မြန်မာ (၄)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.8k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate