• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အင်ဒီပင်းဒင့် ဒေါ်စန်း

by စောမုံညင်း
27 August 2023
in ဆောင်းပါး
A A
အင်ဒီပင်းဒင့် ဒေါ်စန်း

သတင်းစာ ဆရာမကြီး အင်ဒီပင်းဒင့် ဒေါ်စန်း

1.1k
VIEWS
Share on FacebookShare on Twitter

မြန်မာ သတင်းစာ လောကတွင် အမျိုးသမီး သတင်းစာဆရာ အဖြစ် ထင်ရှား ကြော်ကြားခဲ့သော ဒေါ်ဒေါ်စန်းမှာ ၁၂၄၈ ခုနှစ် တပို့တွဲလ က (ခရစ်နှစ် ၁၈၈၆ ခုနှစ် ဖေဖော်ဝါရီလ) ဖွားမြင်၍ မိဘများမှာ ရွှေချည်ထိုး ရပ်ကွက် ကုန်သည်ကြီး ဦးဖိန်း နှင့် အမိ ဒေါ်ရှုတို့ ဖြစ်ကြသည်။

ငယ်နာမည်မှာ မစန်းယုံ ဖြစ်၍ မစန်းဖုံ၊ မစန်းမြ၊ မစန်းရှင်နှင့် မောင်ကိုကို ဟူသော မွေးချင်း ပေါက်ဖော်များ ရှိခဲ့သည်။ ဒေါ်စန်း၏ မိခင်ကြီးမှာ ရွှေချည်ထိုး အထက်တန်း ကုန်သည်ကြီး ဖြစ်၍ မြန်မာစာပေ ပရိယတ္တိ ဘက်၌ အထူး မွေ့လျော် လိုက်စားခဲ့သူ ဖြစ်သည်။

RelatedPosts

ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
357
မြို့ ၅ မြို့  ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

16 May 2025
840
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.9k

သားသမီးများကလည်း သဒ္ဒါ သင်္ဂြိုဟ်၊ ရာဇဝင်၊ မဟာဝင်၊ ပျို့၊ ကဗျာ စာပေများ၌ ဝါသနာအထုံ ပါရမီ ပါလာခဲ့ကြသည်။

ဒေါ်စန်းသည် ငယ်စဉ်က မြန်မာစာ ခုနစ်တန်း နှင့် အစိုးရ ပညာတော်သင်ဆုကို ရရှိခဲ့ပြီး မော်လမြိုင် မော်တင်လိန်းမှ ဆရာဖြစ် အောင်၍ှ တောင်ငူ နော်မန်ကျောင်းတွင် ဆရာမလုပ်ရင်း ဆရာ ဦးကြွက်နှင့် အိမ်ထောင် ကျခဲ့ရာ သားသမီး သုံးယောက် ထွန်းကားခဲ့သည်။

သို့ရာတွင် ပညာအုပ် ကတော်ဘဝနှင့် မုဆိုးမ ဖြစ်ရရှာသည်တွင် သားသမီးများကို အုပ်ချုပ် ဦးစီး၍ ပညာသင်ပေး လာခဲ့ရသည်။

ဒေါ်စန်းသည် စာပေနှင့် မွေ့လျော်ခဲ့သူပီပီ ကျောင်းဆရာမ ဘဝနှင့်ပင် သတင်းစာ မဂ္ဂဇင်းများ၌ ဆောင်းပါး ဝတ္ထုများ ရေး၍ ခင်စန်းကြည် ဟူသော ကလောင်အမည်ကို ရခဲ့သည်။ သူရိယ မဂ္ဂဇင်း ဝတ္ထုပြိုင်ပွဲ ပထမ ရရှိခဲ့သည်က စ၍ ထင်ရှား လာခဲ့သူ ဖြစ်သည်။

အမျိုးသမီး စာရေးဆရာမ ဟူ၍ တိုင်းပြည်က အားပေးလာခဲ့ရာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း က “ရွှေသူရိန် မဂ္ဂဇင်း တွင်မှ၊ ဝေဘူစိန် အမျက်တကွင်းလိုပ၊ အိုကွယ်၊ ထွက်လင်းရှာသပါ့ မြန်မာများ ကာလ ခင်စန်းကြည်” အစချီ၍ “လှိုင်ထိပ်ခေါင် ရွှေညီခံငဲ့ပြင်၊ ဒေဝီ ရံရွေတော်အပေါင်းတွေနှင့် ရွယ်တူလျှင် ဘယ်သူက ကောင်းမယ်လို့ကွယ်၊ လောင်းချင် လှသည်” စသဖြင့် ချီးမြှောက် ရေးသားခဲ့ဖူးသည်။

ဒေါ်စန်းသည် “ဗုဒ္ဓဘာသာ မြန်မာမ” “ပုဏ္ဏမီ” ကလောင်အမည်များနှင့် ပညာ့အလင်း မဂ္ဂဇင်း၏ မာတလိဝိသကြုံ အခန်းတွင် နိုင်ငံရေး ဆောင်းပါးများ ရေးခဲ့သည့်အပြင် သတင်းစာ လောကနှင့် ဆက်သွယ်မိသည့် အခါ ပညာမင်းကြီး၏ ချုပ်ချယ် တားမြစ်ခြင်းများကိုလည်း ခံခဲ့ရသည်။

သတင်းစာ လောကနှင့် ရင်းနှီးလာရာမှ သူရိယ သတင်းစာ အယ်ဒီတာ ဦးဘသန်းနှင့် လက်ဆက်ခဲ့ပြီး ဆရာမ အလုပ်မှ ထွက်ကာ ၁၉၂၂ ခုနှစ်တွင် ရန်ကုန်သို့ ပြောင်းလာခဲ့သည်။

သို့ရာတွင် အိမ်ထောင် အဆင်မပြေပြန်သဖြင့် လူချင်း ခွဲကာ ဒေါ်စန်းသည် လမ်း ၄၀ ၌ မိမိပိုင် လက်ဝတ် လက်စားများကို အသုံးမပြုတော့ဘဲ ထုခွဲ ရောင်းချ၍ အင်ဒီပင်းဒင့် အပတ်စဉ် သတင်းစာကို ၁၉၄၂ ခုနှစ်တွင် စွန့်စွန့်စားစား တည်ထောင်ခဲ့ လေသည်။

“အင်ဒီပင်းဒင့်” ဟု နာမည် ပေးရာ၌ မြန်မာပြည်ကို ဒိုင်အာခီ အုပ်ချုပ်ရေး စနစ် ပေးနေခိုက် “အိုင်းရစ်” သတင်းစာ တစောင်၏ နာမည်ကို သဘောကျပြီး မြန်မာပြည် လွတ်လပ်ရေးနှင့် ဆီလျော်အောင် “အင်ဒီပင်းဒင့်” သတင်းစာဟု ယူလိုက်ကြောင်း သိရှိရသည်။

ထို့ပြင် မလွတ်လပ်သော လခစား ဘဝ၊ မလွတ်လပ်သော အိမ်ထောင်သည် ဘဝကိုလည်း ပြန်မရောက်လို၍ ထိုနာမည် ပေးခြင်း ဖြစ်ပေသည်။

အမျိုးသမီး တယောက်အနေနှင့် သတင်းစာကို ဦးစီးရသည်မှာ လွယ်ကူသော အလုပ်မဟုတ်ပေ။ ယောက်ျားများနှင့် အပြိုင်အဆိုင် ကြဲရသည် ဖြစ်ရာ သူတယောက်တည်း ပြယုဂ် အမျိုးမျိုးကို ကပြနေရသော သဘော ရှိပါသည်။

ခေါင်းကြီးပိုင်း၊ မရွှေကျေး ဒိုင်ယာယီ၊ ဦးကွာစိ အမေးအဖြေခန်း၊ စာတိုက်ခန်း၊ မာတလိဝိသကြုံ၊ နိုင်ငံရေး ဆွေးနွေးခန်းများ ကိုလည်း တဦးတည်း ဒိုင်ခံ ရေးရသည်။

အယ်ဒီတာ အလုပ်ပြင် သတင်းလိုက်၊ ကြော်ငြာလိုက်၊ ကြော်ငြာခ တောင်းခံခြင်း အပြင် သားသမီးများကို ကျွေးမွေး ပြုစုရခြင်း စသော အလုပ်တာဝန်များကို လူတကိုယ် ခေါင်းဆယ်လုံး သိမ်းကြုံး လုပ်ခဲ့ရသည်။

ဒီးဒုတ် ဂျာနယ်တွင် ဦးဘချို နှင့် အပြန်အလှန် ရေးကြပုံတွေမှာ လူကြိုက်အများဆုံး ဖြစ်သည်။

၁၉၂၉-၃၀ ခုနှစ်တွင် တဦးတည်း မနိုင်သဖြင့် စောင်ရေ တိုးလာသော သတင်းစာ အတွက် ညီမများ ဖြစ်သော ဒေါ်စန်းဖုံနှင့် ဒေါ်စန်းရှင်တို့က ငွေသော်တာ မည်နှင့် လည်းကောင်း၊ စန္ဒာငွေရည် အမည်နှင့် လည်းကောင်း ရေးသား ကူညီ လာခဲ့ကြသည်။

ဦးကွာစိ အခန်းနှင့် ခေါင်းကြီးပိုင်းမှ ဗြိတိသျှ အစိုးရ အုပ်ချုပ်ပုံကို ပြင်းထန်စွာ ဝေဖန်ခဲ့သဖြင့် မကြာခဏ သတိပေး အရေးယူခြင်း ခံရသည်။

၁၉၃၉ ဇူလိုင်လ ၂၉ ရက်နေ့တွင် အိန္ဒယ-မြန်မာ အဓိကရုဏ်း ဖြစ်ကြ၍ လမ်း ၄၀ အင်ဒီပင်းဒင့် သတင်းစာတိုက်မှာ ဖျက်ဆီးခြင်း ခံရသည့် အတွက် ၁၁ နှစ်ကြာ တည်ထောင်ခဲ့သော သတင်းစာတိုက်ကို ပိတ်ပြီး အနားယူခဲ့ရလေသည်။

ဒုတိယ ကမ္ဘာစစ် အပြီးတွင် ဒေါ်ခင်ခင်လေးနှင့် သွားရောက်နေထိုင်ပြီး ယုဝတီ ဂျာနယ် အယ်ဒီတာ အဖွဲ့ဝင် တဦးအဖြစ် ဒေါ်ကွာစီ အမည်နှင့် ဆောင်းပါးများ ရေးသားလာခဲ့သည်။ မြန်မာနိုင်ငံ အသံလွှင့် ဌာနမှာလည်း ထွေရာ စိတ်ကူး အခန်းမှနေ၍ အသံလွှင့်ခဲ့ရာ အလွန် ပရိသတ်ကြိုက်ခဲ့လေသည်။

ဒေါ်ဒေါ်စန်းသည် မြန်မာနိုင်ငံရေး၌သာမက ကမ္ဘာ့နိုင်ငံရေးကိုပါ အမြင်ကျယ်စွာနှင့် ဝေဖန် ရေးသားနိုင်ခဲ့သည်။ သူ၏ ကလောင်မှာ ထက်မြက် စူးရှသဖြင့် ဗြိတိသျှ အစိုးရက မကြာခဏ သတိပေးခြင်း ခံခဲ့ရသည်။

အမျိုးသမီး အယ်ဒီတာ အနေနှင့် အုပ်ချုပ်ရေးကို အဆင့်တန်းမြင့်မြင့် ဝေဖန် သုံးသပ်လာခဲ့သူ ဖြစ်သည်။

ဘီးဆံပတ်ကြီးနှင့် ယောလုံချည်၊ သိုးမွေး တဘက် ခြုံတတ်သော ဒေါ်စန်းကို ကျမတို့ ယနေ့အထိ မြင်ယောင်မိဆဲ။ ဂျပ်ဆင် ကောလိပ် မြန်မာစာပေ အသင်း ဟောပြောပွဲတွင် ဆရာကြီး မှိုင်း နှင့် ဒေါ်စန်းတို့ ကြွရောက်လာစမြဲ ဖြစ်သည်။

သူ၏ ဟောပြောချက်များသည် ငြီးငွေ့ဖွယ် အလျဉ်းမပါ။ ဆော်စရာ ကလော်စရာ ဆိုလျှင်လည်း မညှာမတာ ဝေဖန်သဘောနှင့် ဟာသ နှောပြီး တင်ပြတတ်သဖြင့် စိတ်မဆိုးနိုင်။

အမျိုးသမီးလေးတွေ၊ စီးပွားရေးသမားတွေ၊ အကျင့်ပျက် ဝန်ထမ်းတွေ၊ ပကာသန အလုပ်တွေ၊ သခင်ဘဝ ရောက်ကာမှ ကျွန်ဘဝကို လွမ်းဆွတ်နေသေးသူတွေ၊ စိန်ရွှေ မက်သော အမျိုးသမီးတွေ၊ လူပေါင်း မှားတတ်သော အရာရှိ ကတော်တွေ စသည်ဖြင့် နားထောင်၍ မငြီးအောင် အများကြီး ဆုံးမခဲ့သည်။

ရီဒါပေါ့ (ရယ်တာပေါ့)၊ ပြည်ကြီးသား၊ ထွက်ပေါက်ပိတ်နည်း၊ အပေါင်းအသင်း၊ မဇ္စျိမပဋိပဒါ၊ လာဘ်ပေး လာဘ်ယူ၊ အူတိုမျိုး၊ လွတ်လပ်တဲ့ အရသာ၊ ဝင်ပေါက်ဖွင့်နည်း၊ ဒါအရေးကြီးဆုံး စသော ခေါင်းစဉ်မျိုးတွေ ဖြစ်သည်။

ထွေရာ စိတ်ကူး အခန်းကို ရေဒီယို ပရိသတ်သည် လက်လွတ် မခံနိုင်၊ စောင်ပြီး နားထောင်ရသည်။

နိုင်ငံတော် ပြန်လည် ထူထောင်ရေး အတွက် အင်ဒီပင်းဒင့် ဒေါ်စန်း၏ “ထွေရာစိတ်ကူး” ဟူသော စာအုပ်ကို ၁၉၄၇ ခုနှစ် မေလတွင် သုဓမ္မဝတီ စာပုံနှိပ်နိတိုက်မှ ထုတ်ဝေခဲ့သည်။ အသံလွှင့်ပြီးတိုင်း သောတရှင်များက သူဟောပြောသည့် စာမူကို တောင်းကြလွန်းသည့် အတွက် ဖြစ်သည်။

မူလ လွှင့်စဉ်ကလည်း ပြန်ကြားရေး ဝန်ကြီး ဦးဘချိုက စစ်ဒဏ်ခံရသော မြန်မာပြည် ပြန်လည် ထူထောင်ရေး အတွက် တတ်စွမ်းသမျှ ကူညီရန် တာဝန်ပေးသည့် အတွက် ဘာသာပြန် မပါ၊ ဝတ္ထုလည်း မဟုတ်ဘဲ မိမိ ကိုယ်ပိုင်ဉာဏ်နှင့် စိတ်ကူး ရသရွေ့ကို အသံလွှင့်ခဲ့သည်ဟု အမှာစာ၌ ဖတ်ရသည်။

ကျွန်မတို့ အမျိုးသမီး ကလောင်အဖွဲ့ဝင်များမှာ ဒေါ်စန်းမရှိသည့်နောက် ဆက်လက်၍ တာဝန်ကျ တစ်လလျှင် နှစ်ကြိမ် အမျိုးသမီးလောကအခန်းမှ အသံလွှင့်ခဲ့ ရသည်။

နာယကဆရာကြီး ဒေါ်စန်းကား စာရေးဆရာမကြီး၊ သတင်းစာ ဆရာမကြီးဘဝမှ ၁၉၅ဝ ခု၊ သြဂုတ်လ ၃ ရက်နေ့တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့လေသည်။

မိုးတွေ လေတွေထဲတွင် ကျွန်မတို့သည် ဒေါ်ဒေါ်စန်းအား နောက်ဆုံးခရီးသို့ လိုက်ပို့ခဲ့ကြ၏။ သူဆုံးပြီး သုံးနှစ်အကြာ ၁၉၅၃ ခုနှစ်တွင် ဒေါ်ဒဂုန်ခင်ခင်လေးက သူ့အတွက် အမှတ်တရ ကဗျာပြိုင်ပွဲ ကျင်းပခဲ့ရာ ကျွန်မဖို့ အောက်ပါ လေးချိုး တစ်ပုဒ်ကို ပထမဆုအဖြစ် ရခဲ့ပါသည်။

“အယ်ဒီတာစန်း ဒေါ်ဒေါ်ကဝိကိုက၊ ရွယ်ရည်ကာ မှန်းမျှော်မျှော်ကြည့်ပါလို့၊ လွမ်းသနော်နော် ရှိလိုက်ပါဘိ၊ မမေ့ဘူးသာဓကတင်၊ အိုကွယ်ရမ်းယော်မိတာမို့ ယနေ့အထူး ဂါရဝဆင်။

သြော် …… သူ့အတွက် စာသဘင်ပွဲဆိုထင့်၊ လုယက်ပါဝင်နွှဲကာ အလင်္ကာခြယ်လို့၊ မယှဉ်သာဖွယ် တေးဂီတတွေနှင့်၊ တင်မဏ္ဏာဘွယ် ရေးစီးသချင်ငဲ့၊ အတွေးမညီမျှစရာ ပညာချို့တာကြောင့် ယခင်အခါသို့နော် အလွယ်မဖြစ်မြောက်ပေဘု၊ တကယ်ချစ်စလောက်ပါ့ ရွယ်ဖျန်းသွင် လိုနော်ကွယ်၊ မယ်ဆံရစ်ဆံတောက်တမျှ၊ ဆယ်နှစ်လောက် ဘဝငယ်စမ်းချင်။

အာဝဇ္ဇန်းရွှင်ရာမှ နာမည်တဂုဏ်ထူးသူရဲ့၊ ကဗျာနိဒါန်းအစဉ်လာ စာစီပုံမြူးတဲ့ပြင် ပါရမီ မကြုံဘူးအောင်ပေါ့။ ဉာဏ်လှစ်ထွင်၊ အမှန်ချစ်ခင်သမို့ ကညာတွေနှမြော၊ အိုကွယ် မြန်တစ်ခေတ်တွင်ဖြင့် ခမျာအသေစော။

ဆုံးရှာပြီ၊ သုံးရာသီ ခါလယ်တွင်းမှာဖြင့် စာနယ်ဇင်းတွေ တိမ်ကာမြုပ်သည့်ပြင်၊ ရှိန်ပဏ္ဏာမယုတ်သူ ယုဝတီဟောင်းမှာလ၊ စုတိပြောင်းကာ အင်ဒီပင်းဒင့် ရပြီထင့်၊ ရွယ်ကြည်လင်းပွင့်လှစွာ အနားယူစခန်းဆီက၊ များသူအလွမ်းပြေ မျှော်ကာ ကြည့်ပါဦး၊ ဒေါ်ကွာစိခေါ် ဟာသမှူးကိုဖြင့် ရှာမရထူးစွာ ဥပမာမြွက်ရရင်၊ အညုအခရာဘက်မှာ တစ်ဖုံတစ်မူ ကဗျာစာ မချောပေမယ့် (မုံညင်းမှရှင်) ကရုဏသက်သက်၊ ဆုသပြာ မက်ပါဘူး၊ သူ့ခမျာအတွက် ဂုဏ်ယူရတာအမော” ဟူ၍ ဖြစ်ပါသည်။

ထို့နောက် သြဂုတ်လ ၃ ရက်တိုင်း သုံးလေးကြိမ် အမှတ်တရဆောင်းပါးများ လုပ်သားသတင်းစာတွင် ကျွန်မရေးခဲ့ပါသေး သည်။ သားဖြစ်သူ ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူး ဦးခင်က “မေမေ့ကို မှန်မှန် သတိရတာ စောမုံညင်းတစ်ယောက်ပဲ” ဟုပင် ပြောခဲ့ဖူးပါသည်။ ယခုမှ ကောက်ရေးသည် မဟုတ်ပါ။

ယခုခေတ် စာနယ်ဇင်းပြပွဲတွေ၊ နိုင်ငံတကာ အမျိုးသမီးနှစ် လှုပ်ရှားပွဲတွေကို ဒေါ်ဒေါ်စန်းအား ပြလိုက်စမ်းချင်ပါဘိသည်။ ခုမှ ပိုပြီး သတိရမိ၏။ ပိုပြီးတော့လည်း နှမြောမိ၏။ သူ့ခြေရာကို ဘယ်နှစ်ယောက် နင်းနိုင်ပြီးလဲဟုလည်း စဉ်းစားရင်းပင် အားလျှော့မိသည်။ “မိန်းမမင်းတိုင်ပင်တွေလိုပြီ” ဟူသော သူ့ဆောင်းပါး တစ်ပုဒ်ကိုလည်း ဖတ်ဖူးမိသည်။

ထိုအချိန်ကား အနှစ် (၂ဝ) ကျော်ခဲ့ပေပြီ။ အမျိုးသမီးတွေကို နိုင်ငံ တည်ဆောက်ရာ၌ လွှတ်တော်ကိုယ်စားလှယ်အထိ အရေးကြီးသော တာဝန်ပေးအပ်ခြင်း ခံနေရသည်ကို ဒေါ်ဒေါ်စန်းခမျာ မမြင်မကြားလိုက်ရရှာပါ။ ။

(စာရေး ဆရာမကြီး စောမုံညင်း ရေးသားခဲ့သည့် ဤဆောင်းပါးကို စိတ်ကူးချိုချို စာပေတိုက်က ၂၀၀၈ ခုနှစ် သြဂုတ်လတွင် ထုတ်ဝေသော “မြန်မာအမျိုးသမီး” ပထမအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာမကြီးသည် ၂၀၁၁ နှစ် ဒီဇင်ဘာလ ၁၁ ရက် အသက် ၉၁ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)

Your Thoughts …
Tags: ကျောင်းဆရာမဒုတိယ ကမ္ဘာစစ်ဒေါ်စန်းသတင်းစာသူရိယ မဂ္ဂဇင်းအင်ဒီပင်းဒင့် သတင်းစာ
စောမုံညင်း

စောမုံညင်း

Similar Picks:

စစ်ရှုံး အရှက်

စစ်ရှုံး အရှက်

by လူထုစိန်ဝင်း
24 February 2024
3.9k

အကဲ့ရဲ့ ခံရမယ့် အရှက်တကွဲ အဖြစ်ကို ရင်ဆိုင်ရမှာထက် အသက်ကိုသာ အသေခံသွားမယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ အရှက်ကို အသက်နဲ့ လဲသွားကြတာ…

ရသေ့တောင် ကျောင်းဆရာမ သတ်ခံရမှု၌ သံသယရှိသူ ထွက်ပြေးရာမှ ပြန်ဖမ်းမိ

ရသေ့တောင် ကျောင်းဆရာမ သတ်ခံရမှု၌ သံသယရှိသူ ထွက်ပြေးရာမှ ပြန်ဖမ်းမိ

by ဧရာဝတီ
27 September 2023
2.7k

ဆရာမဒေါ်နှင်းယုနွယ်မေသည် ကျွန်းပေါ်ပေါက်တောရွာမှ လယ်ကွင်းများ ပုဇွန်ကန်များကို ဖြတ်၍ နာရီဝက်ခန့် လမ်းလျှောက် ရသည့် ပန်းဖော်ပြင်ရွာ ကျောင်း၌ တာဝန်ထမ်းနေသူ ဖြစ်ကာ စက်တင်ဘာ ၁၆ ရက် နံနက် ကျောင်းသွားစဉ် လမ်း တွင် အသတ်ခံရခြင်းဖြစ်သည်။

လက်ဖက်ရည် ပန်းကန်ထဲ မုန်တိုင်းထန်ချိန်

လက်ဖက်ရည် ပန်းကန်ထဲ မုန်တိုင်းထန်ချိန်

by ဧရာဝတီ
21 April 2024
2.6k

သတင်းစာလောကမှာ မရေးဝံ၊ မပြောဝံ၊ မဆိုဝံ ရေငုံနုတ်ပိတ်နေကြရင်းကနေ သက်သာသလိုနေတဲ့ သတင်းစာဆရာ တွေ ပေါ်လာတယ်။ သတင်းစာလောက ကသောင်းကနင်းဖြစ်လာတယ်။ စစ်ထွက် တောပြန် သတင်းစာဆရာတွေရဲ့ လွှမ်းမိုးမှုကြောင့် တကြောင်း၊ သတင်းစာလောက အပျက်ကြီး ပျက်လာတယ်။

သင်္ကြန် ရန်ကုန်စတိုင်

သင်္ကြန် ရန်ကုန်စတိုင်

by မောင်သော်က
12 April 2025
2k

သူ့ခေတ်ရဲ့ သရုပ်ကို ထင်ဟပ် စေခဲ့သလို ဒီဘက် ခေတ်တွေမှာလည်း သူ့ခေတ်နဲ့သူ တာစားခဲ့တဲ့ သင်္ကြန် သံချပ်တွေ ရှိပါကြတယ်…

အမျိုးသမီး သတင်းစာဆရာ

အမျိုးသမီး သတင်းစာဆရာ

by မောင်သစ်လွင် (လူထု)
19 November 2023
726

ယခု အချိန်အထိ တွေ့ရသမျှ အမျိုးသမီး သတင်းစာဆရာများ အနက် ဒေါ်ဖွားရှင်သည် ပထမဆုံး မြန်မာ အမျိုးသမီး သတင်းစာဆရာ ဖြစ်သည်။

အမျိုးသမီး သတင်းစာတိုက် ပိုင်ရှင် ဒေါ်ဖွားရှင်

အမျိုးသမီး သတင်းစာတိုက် ပိုင်ရှင် ဒေါ်ဖွားရှင်

by စောမုံညင်း
31 December 2023
523

ဝံသာနု မျိုးချစ်စိတ် ရှိသော အမျိုးသမီးကြီး တည်ထောင်ခဲ့၍လည်း စကြဝဠာ ပုံနှိပ်တိုက်မှ ထုတ်ဝေသော သာယာဝတီ သတင်းစာမှာ နိုးကြားသော အမြင် ရှိခဲ့ခြင်း ဖြစ်ပါသည်။

Next Post
ဘန်ကောက် အတက်အကျ၊ ဆူရင် ပစ်ဆူဝမ် နှင့် မြန်မာ (၅)

ဘန်ကောက် အတက်အကျ၊ ဆူရင် ပစ်ဆူဝမ် နှင့် မြန်မာ (၅)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.3k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အနောက်တိုင်း အားထုတ်မှု ခြားနားချက်

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate