• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

33 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
in ဆောင်းပါး
A A
ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ ထိန်းချုပ်ထားသော အကျင့်ပျက်စီးပွားရေး အင်ပါယာ

55.3k
VIEWS
Share on FacebookShare on Twitter

တော်လှန်ရေးကောင်စီခတ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ခေတ်နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ခေတ်များတွင် စစ်တပ်အတွင်း တာဝန် ထမ်းဆောင်ခဲ့ပြီး ဗိုလ်မှူးကြီးအဆင့်ဖြင့် အနားယူခဲ့သူ၊ နဝတခေတ်တွင် ကုန်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နအဖခေတ်တွင် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး နှင့် အမှတ် (၁) စက်မှုဝန်ကြီးဌာနဝန်ကြီး တာဝန်များကိုယူခဲ့သူ အညာသားကြီး တဦး ရှိသည်။

သူက စစ်အစိုးရများ အဆက်ဆက် ကာလတလျှောက် ဖြတ်သန်းမှုသမိုင်း ကြာရှည်ခဲ့သည်နှင့်ထပ်တူ နဝတ၊ နအဖခေတ် စစ်ခေါင်းဆောင်များ ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့နှင့် နီးကပ်သည့် ဆက်ဆံရေးရှိခဲ့သည့် မန္တလေးတိုင်း၊ တောင်သာမြို့နယ်က ကျောက်ကာရွာသားကြီး ဦးအောင်သောင်း ဖြစ်သည်။

RelatedPosts

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

23 May 2025
3.2k
ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

22 May 2025
1.3k
KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

22 May 2025
2.9k

ဦးသန်းရွှေအနားကို ရောက်ရန် ဇနီးဒေါ်ကြိုင်ကြိုင်ကို အကောင်းစားပစ္စည်းများ လာဘ်ထိုးပြီး ရင်းနှီးမှု ထူထောင်ခဲ့ကြောင်း လူအများက ပြောကြသည်။

ထိုသို့ ယခင် စစ်အုပ်စုခေါင်းဆောင် ၂ ဦးနှင့် နီးစပ်သွားပြီး အခွင့်အာဏာများကို အသုံးချကာ ကြွယ်ဝချမ်းသာခဲ့သူ ဦးအောင်သောင်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ဗဟိုအလုပ်အမှူဆောင်၊ ဗဟိုအတွင်းရေးမှူး တာဝန်များကို ယူခဲ့သည့်အပြင် သမ္မတ ဦးသိန်းစိန်၏ စစ်ယူနီဖောင်းချွတ် အစိုးရလက်ထက်တွင်လည်း တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ်နှင့် ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကော်မတီဥက္ကဋ္ဌ တာဝန်ကို ယူခဲ့သေးသည်။

နိုင်ငံရေးအရ ဦးအောင်သောင်းသည် ခေါင်းမာသည်။ ၂၀၀၃ ခုနှစ် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်း လူအများအပြား အသတ်ခံရသော ဒေါ်အောင်ဆန်းစုကြည်ကို ဦးတည်တိုက်ခိုက်မှု၏ လက်သည်တရားခံမှာ ဦးအောင်သောင်းဟု စွပ်စွဲမှုများ ရှိခဲ့သည်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအား နှိမ်နင်းရန် စွမ်းအားရှင် လူရမ်းကားများ ပို့ဆောင်ပေးခြင်းဖြင့် နောက်ကွယ်က ကြိုးကိုင်ခဲ့သူအဖြစ်လည်း အများက ယုံကြည်ကြသည်။

ယခင် စစ်အုပ်ချုပ်ရေးတွင် အကျင့်ပျက်ဆုံး ဝန်ကြီး ဦးအောင်သောင်း

၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတွင် မွတ်ဆလင်ဆန့်ကျင်ရေး အုပ်ဖွဲ့တိုက်ခိုက်မှုများ ဖြစ်ပွားလာရာ ၎င်း၏ မဲဆန္ဒနယ် တောင်သာကို ရည်ညွှန်းပြီး ” တောင်သာတပ်” ဖွဲ့စည်းကာ ဦးအောင်သောင်းသည် မီးလောင်ရာလေပင့်ပေးခဲ့ကြောင်း စွပ်စွဲခံရသည်။ စွမ်းအားရှင်နှင့် စစ်တပ် မည်သည့်ပတ်သက်မှုမှမရှိကြောင်း ဦးအောင်သောင်း ငြင်းဆိုခဲ့သော်လည်း အမေရိကန်အစိုးရက ၂၀၁၄ ခုနှစ်တွင် နာမည်ပျက်စာရင်း ပြန်ထည့်ခဲ့သည်။ အမေရိကန်သည် ထိုအချိန်က မြန်မာစစ်တပ်အပေါ် ချမှတ်ခဲ့သော ပိတ်ဆို့ဒဏ်ခတ်မှုများအား ပြန်ရုတ်သိမ်းနေချိန် ဖြစ်သည်။

စစ်တပ်သို့ သူစတင် ဝင်ရောက်ခဲ့သည့် ၁၉၆၄ ခုနှစ်မှ သူသေဆုံးခဲ့သည့် ၂၀၁၅ ခုနှစ်အထိ ကာလကို ရေတွက်ကြည့်ပါက နှစ်ပေါင်း ၅၁ နှစ်တိုင် စစ်အာဏာရှင်တောတွင် အာဏာရှင် ဘက်တော်သားအဖြစ် ပျော်မွေ့စွာ ဖြတ်သန်းသွားခဲ့သူ ဖြစ်သည်။ သူသေဆုံးချိန်တွင် အသက် ၇၅ နှစ် ဖြစ်သောကြောင့် သူ့ဘဝ သုံးပုံနှစ်ပုံကို စစ်တပ်ယန္တရား ဒေါက်တိုင်တခုအဖြစ် နေထိုင်သွားခဲ့သူဟု ပြော၍ရသည်။

ထိုသို့ စစ်တပ်နှင့် စစ်အုပ်ချုပ်ရေး ယန္တရားတွင် ကာလကြာရှည်စွာ နေရာယူသွားခဲ့သူအညာသားကြီးက သူတဦးတည်းသာ စစ်အာဏာရှင်တို့နှင့် အကျိုးတူ လက်တွဲခဲ့သည် မဟုတ်၊ သူ့မျိုးဆက် သားသမီးများကိုပါ စစ်အာဏာရှင်တို့နှင့် လက်တွဲရန် မျိုးစေ့ချပေးခဲ့သည်။

ထိုသို့ စစ်တပ်နှင့် စစ်အုပ်ချုပ်ရေး ယန္တရားတွင် ကာလကြာရှည်စွာ နေရာယူသွားခဲ့သူအညာသားကြီးက သူတဦးတည်းသာ စစ်အာဏာရှင်တို့နှင့် အကျိုးတူ လက်တွဲခဲ့သည် မဟုတ်၊ သူ့မျိုးဆက် သားသမီးများကိုပါ စစ်အာဏာရှင်တို့နှင့် လက်တွဲရန် မျိုးစေ့ချပေးခဲ့သည်။ သားသမီး လေးဦး ထွန်းကားခဲ့သည့် ဦးအောင်သောင်းသည် သားသုံးဦးအနက် နှစ်ဦးကို စစ်တပ်အတွင်း ဝင်စေခဲ့ပြီး တဦးကို စစ်အာဏာရှင်တို့နှင့် စီးပွားဖက် ဖြစ်စေခဲ့သည်။ သမီးဖြစ်သူကိုလည်း သူ မသေခင် စစ်တပ်က ဗိုလ်ကြီးဖြစ်သူတဦးနှင့် အိမ်ထောင်ချပေးခဲ့သည်။

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။ ၎င်းသည် စစ်အာဏာရှင် မင်းအောင်လှိုင်၏ အာဏာသိမ်းမှုအပြီး ရေတပ်ဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးပေးခြင်း ခံရသူဖြစ်ပြီး အာဏာသိမ်းစစ်တပ်က ဖွဲ့စည်းထားသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (နစက) အဖွဲ့ဝင်လည်း ဖြစ်သည်။

ရေချုပ် မိုးအောင်

မြန်မာ့ရေတပ်အတွက် ရေငုပ်သင်္ဘောများ ဝယ်ယူရေးအပြင် အိန္ဒိယနှင့် ရုရှားနိုင်ငံတို့သို့ အရာရှိများ စေလွှတ်လေ့ကျင့်ပေးခြင်းစသည့် အောင်မြင်မှုများကြောင့် မြန်မာစစ်ဦးစီးချုပ် မင်းအောင်လှိုင်က မိုးအောင်ကို နှစ်သက်သဘောကျကြောင်း စစ်ရေးလေ့လာသူများက ပြောသည်။

ဦးအောင်သောင်းနှင့် နီးစပ်သူများအဆို ဦးအောင်သောင်းသည် သူ့သားသမီးများအတွက် ရည်မှန်းချက်ကြီးပြီး စစ်တပ်တွင် ဦးစီးချုပ်ဖြစ်လာစေရန် ပျိုးထောင်ပေးခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီး မိုးအောင်သည် လက်ရှိ မြန်မာပြည်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူအစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်မှုများကို ကျူးလွန်နေသည့် အာဏာသိမ်းစစ်တပ် ပိုင်ဆိုင်သော မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့တွင် ဒါရိုက်တာတဦးအဖြစ် တာဝန်ယူထားသူ ဖြစ်သည်။

၎င်းကို လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဒီမိုကရေစီအရေးနှင့် တရားဥပဒေးစိုးမိုးမှုကို ပျက်ပြားစေသော လုပ်ဆောင်ချက်များနှင့် ဆက်စပ်၍ ဥရောပသမဂ္ဂ (EU) က ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ဒဏ်ခတ်အရေးယူမှုများ ချမှတ်ခဲ့သည်။

၂၀၁၇ ခုနှစ် အိန္ဒိယနိုင်ငံခရီးစဉ်တွင် မင်းအောင်လှိုင်နှင့် အတူ တွေ့ရသော ရေတပ်ဗိုလ်ချုပ် မိုးအောင်

ဗိုလ်ချုပ်ကြီး မိုးအောင်သည် အာဏာသိမ်းမှုအပြီး လေးလအကြာ ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၌ ပြုလုပ်သည့် နိုင်ငံတကာ ရေကြောင်းကာကွယ်ရေးပြပွဲ International Maritime Defense Show (IMDS) ကို တက်ရောက်ခဲ့သူလည်း ဖြစ်သည်။ ထိုပြပွဲ ခရီးတွင် ရုရှား ရေတပ်ဗိုလ်ချုပ်ကြီး Nikolai Yevmenov နှင့် တွေ့ဆုံခဲ့ပြီး ရုရှား-မြန်မာ ရေကြောင်း ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် လေ့ကျင့်ရေးသင်တန်းများကိစ္စများ ဆွေးနွေးခဲ့သည်။

ဗိုလ်ချုပ်ကြီး မိုးအောင်၏ ဇနီးမှာ ဒေါက်တာ အေးခိုင်ညွန့် ဖြစ်ပြီး သမီးသုံးဦးမှာ သုနန္ဒာအောင်၊ အေးမြတ်ပိုအောင်နှင့် အေးမြတ်သန္တာတို့ ဖြစ်သည်။

ဦးအောင်သောင်း၏ နောက်ထပ် သားတဦးဖြစ်သည့် ဦးပြည်အောင်သည် ဒုတိယဗိုလ်မှူးကြီး အဆင့်ဖြင့် စစ်တပ်မှ အနားယူခဲ့သူဖြစ်ပြီး လက်ရှိ pristine group၏ ပိုင်ရှင်ဖြစ်သည်။ ယခင် နအဖ လက်ထက် ဒုတိယ အာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ သမီးဖြစ်သူ ဒေါ်နန္ဒာအေးသည် ဦးပြည်အောင်၏ ဇနီးဖြစ်သည်။

ဦးနေအောင်ကမှု စစ်တပ်ထဲသို့ မဝင်ခဲ့သည့် ဦးအောင်သောင်း၏ တဦးတည်းသောသား ဖြစ်သည်။ သူက မြန်မာပြည်၏ အကြီးဆုံး စီးပွားရေးလုပ်ငန်းစုကြီး တခုဖြစ်သည့် IGE Group of Companies ၏ ဥက္ကဋ္ဌဖြစ်ပြီး လက်ရှိ စစ်အာဏာရှင်များနှင့် စီးပွားရေး လုပ်ငန်းများ လက်တွဲလုပ်ဆောင်နေသူ ဖြစ်သည်။

ဦးအောင်သောင်း၏ သမီးဖြစ်သူ ဒေါ်ခင်ငုရည်ဖြိုးသည်လည်း စစ်တက္ကသိုလ် အပတ်စဉ် (၄၈) ဆင်း ရုရှားပြန် ဗိုလ်ကြီးဟောင်း လှိုင်မြင့်မင်းနှင့် လက်ထပ်ထားသည်။ ဒေါ်ခင်ငုရည်ဖြိုးသည် စက်သုံးဆီလုပ်ငန်း လုပ်ကိုင်သည့် New Day Energy ၏ ဒါရိုက်တာတဦးဖြစ်ပြီး တစ်သျှူးများ ထုတ်လုပ်သည့် Stay-Flower Company ၏ ပိုင်ရှင်လည်း ဖြစ်သည်။

ဦးအောင်သောင်း မိသားစု စီးပွားရေးအစ

ဦးအောင်သောင်း မိသားစု ကြွယ်ဝလာသည့် စီးပွားရေးလုပ်ငန်း အစကို ပြောရမည်ဆိုလျှင် ၎င်းတို့ မိသားစုပိုင် ကုမ္ပဏီဖြစ်သော အောင်ရည်ဖြိုး ကုမ္ပဏီ (Aung Yee Phyo Company) က စရမည် ဖြစ်သည်။

နဝတခေတ် ကုန်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ဦးအောင်သောင်း စ၍တာဝန်ယူသည့် နှစ်၏ နောက်တနှစ် ၁၉၉၄ ခုနှစ်တွင် အောင်ရည်ဖြိုး ကုမ္ပဏီကို စတင်တည်ထောင်သည်။ ၎င်း၏ ဇနီး ဒေါ်ခင်ခင်ရီနှင့် သားသုံးယောက် ဖြစ်သော ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဒုဗိုလ်မှူးကြီးဟောင်း ပြည်အောင်၊ IGE ကုမ္ပဏီဥက္ကဋ္ဌ ဦးနေအောင်တို့က ထိုကုမ္ပဏီ၏ ရှယ်ယာရှင်များအဖြစ်နှင့် စတင်ခဲ့ခြင်း ဖြစ်သည်။ အောင်ရည်ဖြိုး ကုမ္ပဏီသည် သစ်နှင့် ကောက်ပဲသီးနှံများကို တင်ပို့ခဲ့ပြီး လက်ရှိတွင်မှု ဦးနေအောင်နှင့် ၎င်း၏ဇနီး ဒေါ်ခင်မိုးညွန့်တို့က ဒါရိုက်တာအဖြစ် တာဝန်ယူထားကြသည်။

အောင်ရည်ဖြိုး ကုမ္ပဏီသည် နောင်တချိန်တွင် စစ်တပ်မဟာမိတ် မြန်မာပြည်၏ အကြီးဆုံး ထိပ်တန်းစီးပွားရေး လုပ်ငန်းစုကြီး ဖြစ်လာမည့် IGE Group ၏ ကနဦးအစလည်း ဖြစ်သည်။ IGE ကုမ္ပဏီကို မတည်ထောင်ခင်တွင် ဦးနေအောင်တို့ ညီအစ်ကို သုံးယောက်သည် Myanmar Oceanic Resources Manufacturing Company ကို ဖက်စပ်တည်ထောင်၍ လုပ်ငန်းများ လည်ပတ်ကြသေးသည်။

အောင်ရည်ဖြိုး ကုမ္ပဏီသည် နောင်တချိန်တွင် စစ်တပ်မဟာမိတ် မြန်မာပြည်၏ အကြီးဆုံး ထိပ်တန်းစီးပွားရေး လုပ်ငန်းစုကြီး ဖြစ်လာမည့် IGE Group ၏ ကနဦးအစလည်း ဖြစ်သည်။ IGE ကုမ္ပဏီကို မတည်ထောင်ခင်တွင် ဦးနေအောင်တို ညီအစ်ကို သုံးယောက်သည် Myanmar Oceanic Resources Manufacturing Company ကို ဖက်စပ်တည်ထောင်၍ လုပ်ငန်းများ လည်ပတ်ကြသေးသည်။ ထို့နောက် ၁၉၉၉ ခုနှစ်တွင်မှု မြန်မာ့ထိပ်တန်း ခရိုနီကြီး ဦးနေအောင်၏ IGE ကုမ္ပဏီ ပေါ်ပေါက်လာခဲ့သည်။

ထိပ်တန်းခရိုနီ ဦးနေအောင် (သို့) သယံဇာတထုတ်၍ ကြီးပွားလာသူ

ကုန်သွယ်ရေးမှတ်တမ်းများအရ International Group Of Entrepreneur Company Limited (IGE) ကို ဦးနေအောင်က ၎င်း၏ အဓိကစီးပွားဖော် ဦးဝင်းကြိုင်နှင့် ပူးတွဲတည်ထောင်ခဲ့သည်။ ဦးဝင်းကြိုင်သည် IGE အုပ်စု၏ လုပ်ငန်းခွဲများတွင် အဓိက ရှယ်ယာရှင်တဦးလည်း ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ၏ ကုမ္ပဏီ မှတ်ပုံတင်ဆိုင်ရာ အချက်အလက်များတွင် ဖော်ပြထားသည့် IGE ၏ လက်ရှိ ဒါရိုက်တာနှစ်ဦးမှာ ဦးနေအောင်နှင့် ၎င်း၏ လူယုံလည်းဖြစ် စီးပွားလုပ်ဖော်ကိုင်ဖက်လည်း ဖြစ်သူ ဦးသန်းဝင်းဆွေတို့ ဖြစ်သည်။

ဦးသန်းဝင်းဆွေသည် IGE အုပ်စု၏ လုပ်ငန်းပေါင်း များစွာတွင် ဒါရိုက်တာရာထူးကို ယူထားသူ ဖြစ်သည်။

IGE ကုမ္ပဏီသည် စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များနှင့် နီးကပ်သည့် ဆက်ဆံရေး ရှိသည်ဆိုပြီး မြန်မာပြည် စစ်အာဏာသိမ်းမှု နောက်ပိုင်း ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဥရောပသမဂ္ဂ (EU) ၏ ဒဏ်ခတ်အရေးယူခြင်းကို ခံထားရသည်။

သစ်တင်ပို့မှုမှာ ခရာကျသူ

ဦးနေအောင်သည် ၂၀၀၁ ခုနှစ် ဝန်းကျင်တွင် သစ်ထုတ်လုပ်ရေးနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းများတွင် ၎င်း၏ စီးပွားရေးကို တိုးချဲ့ခဲ့သည်။ မြန်မာ့ သစ်တင်ပို့မှုတွင် ထိပ်သီးနေရာ ယူထားသည့် Myanmar Rice Trading Company (MRT) ကို ၂၀၀၁ ခုနှစ်တွင် ဦးနေအောင်က တည်ထောင်ခဲ့သည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်၊ မတ်လတွင် ထုတ်ပြန်ခဲ့သည့် ဝါရှင်တန် အခြေစိုက် Forest Trends အဖွဲ့အစည်း၏ အစီရင်ခံစာတွင် MRT ကုမ္ပဏီသည် မြန်မာပြည်၏ အဓိက သစ်တင်ပို့သည့် ကုမ္ပဏီဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် အများဆုံးတင်ပို့သူအဖြစ် ဖော်ပြထားသည်။ ထိုသို့ သစ်အများဆုံ့းပို့သည့် ကုမ္ပဏီ ဖြစ်သော်လည်း တင်ပို့မှုအတွက် အစိုးရသို့ ပေးချေသည့် အခွန်ပမာဏသည် မရှိသလောက် ဖြစ်သည်ဟု ထိုအစီရင်ခံစာက ဆိုထားသည်။ ယင်းအပြင် မြန်မာ့သစ်လုပ်ငန်း (MTE) သည် MRT ကဲ့သို့သော ကုမ္ပဏီများကို သစ်များ တိုက်ရိုက်ရောင်းချသည်ဟု ဆိုသည်။

မြန်မာ့သစ်လုပ်ငန်းသည် စစ်အစိုးရ လက်အောက်ခံလုပ်ငန်းဖြစ်၍ အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် ဥရောပသမဂ္ဂတို့က အာဏာသိမ်းပြီးနောက်ပိုင်း အရေးယူပိတ်ဆို့မှုများ ချမှတ်ထားသည်။ IGE Group ကုမ္ပဏီ ဝက်ဘ်ဆိုက်တွင်မှု MRT ကုမ္ပဏီသည် သစ်အလုံးလိုက် တင်ပို့မှုများကို ၂၀၁၄ ခုနှစ်တွင် ရပ်ဆိုင်းခဲ့သည်ဟု ဖော်ပြထားသည်။ ထိုနှစ်တွင် ဦးသိန်းစိန် အစိုးရက သစ်အလုံးလိုက် တင်ပို့မှုများကို ပိတ်ပင်သည့် တားမြစ်ချက် ထုတ်ပြန်ခဲ့သည်။

စင်ကာပူ ကုမ္ပဏီများနှင့် ရေနံ၊ ဓာတ်ငွေ့လုပ်ကွက်များ

ဦးနေအောင်သည် သစ်တင်ပို့မှုအတွက် MRT ကုမ္ပဏီကို ၂၀၀၁ ခုနှစ်တွင် တည်ထောင်ခဲ့သည့်နည်းတူ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ လုပ်ကိုင်ရန် IGE Pte Ltd ကို စင်ကာပူနိုင်ငံ၌ ၂၀၀၁ ခုနှစ် နှစ်ကုန် ဒီဇင်ဘာလတွင် မှတ်ပုံတင်ခဲ့သည်။ ထိုကုမ္ပဏီတွင်လည်း ဦးဝင်းကြိုင်က ရှယ်ယာရှင်အဖြစ် ပါဝင်သည်။ ဒေါ်ကျော့ကေခိုင်သည်လည်း ကုမ္ပဏီ၏ ရှယ်ယာရှင်တဦးဖြစ်ပြီး ၎င်းသည် ယူနိုက်တက်အမရဘဏ် (UAB) ၏ လက်ရှိ ဒုတိယအုပ်ချုပ်ရေးအရာရှိ ဖြစ်သည်။

IGE Pte Ltd ထူထောင်ပြီး ငါးနှစ်အကြာ ၂၀၀၆ ခုနှစ်တွင် ဦးနေအောင်က UNOD Pte Ltd ကို စင်ကာပူတွင် ထပ်မံ မှတ်ပုံတင် တည်ထောင်သည်။ အဆိုပါ စင်ကာပူအခြေစိုက် ၎င်း၏ ကုမ္ပဏီနှစ်ခုဖြစ်သည့် IGE Pte Ltd နှင့် UNOD Pte Ltd တို့သည် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးလုပ်ကွက် ရှစ်ခုထက် မနည်းကို ယခင် စစ်အစိုးရ လက်ထက်နှင့် ဦးသိန်းစိန်အစိုးရ လက်ထက်တို့တွင် လုပ်ပိုင်ခွင့် ရခဲ့ကြသည်။

ဧရာဝတီက ရရှိထားသည့် အချက်အလက် စာရွက်စာတမ်းများအရ အဆိုပါ ကုမ္ပဏီနှစ်ခုသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုန်းတွင်းလုပ်ကွက် ငါးခုနှင့် ကမ်းရိုးတန်း လုပ်ကွက် သုံးခုတို့ လုပ်ကိုင်ခွင့် ရခဲ့ကြသည်။

ဦးနေအောင်၏ စင်ကာပူ အခြေစိုက် ကုမ္ပဏီနှစ်ခုနှင့် အကျိုးတူ ဖက်စပ် ပူပေါင်းလုပ်ကိုင်ခွင့် ရခဲ့ကြသည့် ကုမ္ပဏီများမှာ Rimbunan Petrogas Limited (မလေးရှား), Petronas Carigali Myanmar Inc. (လိုက်ဘေးရီးယား), Petronas Carigali Overseas Sdn Bhd (မလေးရှား) နှင့် Brunei National Petroleum Company Sdn Bhd (ဘရူနိုင်း) တို့ ဖြစ်သည်။

ဦးနေအောင်၏ စင်ကာပူ အခြေစိုက် ကုမ္ပဏီနှစ်ခုနှင့် အကျိုးတူ ဖက်စပ် ပူပေါင်းလုပ်ကိုင်ခွင့် ရခဲ့ကြသည့် ကုမ္ပဏီများမှာ Rimbunan Petrogas Limited (မလေးရှား), Petronas Carigali Myanmar Inc. (လိုက်ဘေးရီးယား), Petronas Carigali Overseas Sdn Bhd (မလေးရှား) နှင့် Brunei National Petroleum Company Sdn Bhd (ဘရူနိုင်း) တို့ ဖြစ်သည်။ အောက်ပါ ဇယားတွင် ၎င်းတို့ လုပ်ကိုင်ခွင့်ရခဲ့သည့် လုပ်ကွက်များနှင့် ကုမ္ပဏီများ၏ အကျိုးအမြတ်ခွဲဝေမှုများကို တွေ့နိုင်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အချက်အလက်များအရ ၎င်းတို့၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများ တည်နေရာများကို အောက်ပါ မြေပုံပေါ်တွင် ပြသထားသည်။ (မှတ်ချက်- လုပ်ငန်းလည်ပတ်ရန် ၎င်းတို့၏ ကုမ္ပဏီများ ခွင့်ပြုချက်များ သက်တမ်းကုန်နေပြီး သက်တမ်းတိုးထားခြင်း ရှိ မရှိ မရှင်းလင်းပါ။)

စစ်တပ်ပိုင် Mytel ၏ အရေးပါသည့် ရှယ်ယာရှင်

စစ်တပ်ပိုင် တယ်လီကွန်း စီးပွားရေးလုပ်ငန်းကြီး ဖြစ်သော Myanmar National Tele & Communications Co., Ltd (Mytel) ကုမ္ပဏီတွင် IGE Group က အရေးပါသည့် ရှယ်ယာရှင်အဖြစ် ပါဝင်သည်။

Mytel ကုမ္ပဏီသည် မြန်မာစစ်တပ်ပိုင် Star High Company, ဗီယက်နမ် စစ်တပ်ပိုင် Viettel Global နှင့် မြန်မာကုမ္ပဏီ ၁၁ ခု စုပေါင်း ဖွဲ့စည်းထားသော Myanmar National Telecom Holding Public Limited (MNTH) အများပိုင် ကုမ္ပဏီတို့ အကျိုးတူ ဖက်စပ်ပူးပေါင်း ဖွဲ့စည်းထားခြင်း ဖြစ်သည်။

သင်းဖွဲ့မှတ်တမ်းများအရ ဦးနေအောင်သည် MNTH ၏ ဒါရိုက်တာတဦး ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ လက်ရှိ ကုမ္ပဏီဆိုင်ရာ အချက်အလက်များတွင်မှု ဒေါ်အေးမြမြကြည်ကို MNTH ၏ ဒါရိုက်တာ စာရင်းတွင် ဖော်ပြထားသည်။ ဒေါ်အေးမြမြကြည်သည် IGE Group ၏ လုပ်ငန်းခွဲတခုဖြစ်သော Amara Communication Company ၏ ဒါရိုက်တာ တဦးဖြစ်ပြီး IGE Group ၏ ဘုတ်အဖွဲ့ဝင်တဦးလည်း ဖြစ်သည်။

စီးပွားရေး စကားဝိုင်းတခုတွင် တွေ့ရသော ဦးနေအောင်

MNTH အများပိုင်ကုမ္ပဏီကို ဖွဲ့စည်းတည်ထောင်သူ ကုမ္ပဏီ ၁၁ ခုထဲတွင် ဦးနေအောင်၏ International Power Generation Public Company (IPGP) ပါဝင်သည်။ IPGP ကုမ္ပဏီသည် IGE ၏ လက်အောက်ခံ ကုမ္ပဏီဖြစ်ပြီး MNTH တွင် ရှယ်ယာ ၁ ဒသမ ၂၄ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။

အဆိုပါ ကုမ္ပဏီ၏ ဒါရိုက်တာ ဒေါ်နှင်းနှင်းအောင်သည် IGE Group ၏ ဘုတ်အဖွဲ့ဝင်တဦးဖြစ်ပြီး IGE Power Company ၏ ဒါရိုက်တာလည်း ဖြစ်သည်။

MNTH အများပိုင် ကုမ္ပဏီတွင် ရှယ်ယာ ၃၂ ဒသမ ၂၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားသော Royal Yatanarpon Telecom Public Company တွင်လည်း ဦးနေအောင်က ဒါရိုက်တာတဦးအဖြစ် ပါဝင်သည်။

စစ်ထောက်ချုပ်ရုံးမြေမှာ တည်တဲ့ Lotte Hotel

IGE ၏ လုပ်ငန်းခွဲတခုဖြစ်သည့် Spirit Paradise Servises Company (IGE – Sinphyushin Co.,) သည် ကိုရီးယားနိုင်ငံ Daewoo Global Development Pte Ltd နှင့် ပူးပေါင်း၍ ၂၀၁၃ ခုနှစ်၊ ဩဂုတ်လတွင် Daewoo Amara Company ကို တည်ထောင်သည်။ အဆိုပါ ကုမ္ပဏီက အင်းလျားကန်ဘေးရှိ စစ်ထောက်ချုပ်ရုံးပိုင် မြေနေရာကို ငှားရမ်းစာချုပ် ချုပ်ဆိုပြီး Lottle Hotel (Amara Hotel) ကို ဆောက်လုပ်ခဲ့သည်။ ကွန်ကရစ် လုပ်ငန်းလုပ်ကိုင်သည့် IGE လုပ်ငန်းခွဲ Crete Master Company သည် Lotte Hotel စီမံကိန်း ဆောက်လုပ်ရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ခဲ့သည်။

Justice For Myanmar အဖွဲ့က ၎င်းတို့ ရရှိထားသည့် အချက်အလက်များအရ ဆိုထားသည်မှာ Daewoo Global Development Pte Ltd သည် စစ်ထောက်ချုပ်ရုံးသို့ မြေအသုံးပြုခ အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၅၁ သန်း ပေးချေရပြီး နှစ်စဉ် မြေငှားရမ်းခအဖြစ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၇၄ ပေးရသည်ဟု ဆိုထားသည်။

Lotte Hotel တည်ရှိသော အင်းလျားကန်ဘေးမှ မြေနေရာသည် ယခင်က စစ်တပ်ပိုင်ဖြစ်ပြီး ဗိုလ်မှူးကြီးအဆင့်နှင့် အထက် စစ်အရာရှိကြီးများကို ထားသော ဆင်ဖြူရှင်အိမ်ရာဖြစ်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် Lotte Hotel ဆောက်ရန် မြေအငှားချပေးခဲ့သည်။

စစ်တပ်ပိုင်မြေပေါ် ဆောက်လုပ်ထားသော Lotte Hotel

Justice For Myanmar အဖွဲ့က ၎င်းတို့ ရရှိထားသည့် အချက်အလက်များအရ ဆိုထားသည်မှာ Daewoo Global Development Pte Ltd သည် စစ်ထောက်ချုပ်ရုံးသို့ မြေအသုံးပြုခ အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၅၁ သန်း ပေးချေရပြီး နှစ်စဉ် မြေငှားရမ်းခအဖြစ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၇၄ ပေးရသည်ဟု ဆိုထားသည်။ ရှယ်ယာပိုင်ဆိုင်မှုများကို ဖော်ပြထားသည်မှာ POSCO International ကုမ္ပဏီက ၆၉ ဒသမ ၃ ရာခိုင်နှုန်း၊ Lotte Corporation က ၁၅ ဒသမ ၇ ရာခိုင်နှုန်းနှင့် Spirit Paradise Services Company က ၁၅ ရာခိုင်နှုန်း ဖြစ်သည်။

(ဆက်လက် ဖော်ပြပါမည်။)

You may also like these stories:

စစ်အစိုးရလက်ထက် နာမည်ဆိုး အထွက်ဆုံး ဝန်ကြီးဖြစ်ခဲ့သူ ဦးအောင်သောင်း

ရေတပ်ဦးစီးချုပ် နှစ်ဦးကြားက တယ်လီနောမြန်မာ အရောင်းအဝယ်

ဆွေမျိုး မိတ်ဆွေ ကောင်းစားရေးနှင့် စစ်ဗိုလ်ချုပ်များ

Mytel မှ ဘဏ္ဍာရေးမှူးချုပ် ပစ်ခတ်ခံရ၍ သေဆုံး

ဦးအောင်သောင်းနှင့် သားများ အနာဂတ် ဘာဖြစ်လာမလဲ

Your Thoughts …
Tags: MytelSliderUABUSDPခရိုနီစစ်ကောင်စီစစ်အာဏာသိမ်းမှုမြန်မာ့သစ်လုပ်ငန်းရေနံနှင့်သဘာဝဓာတ်ငွေ့သစ်ထုတ်လုပ်ရေးသဘာဝသယံဇာတဥရောပသမဂ္ဂဦးအောင်သောင်း
အောင်သစ်

အောင်သစ်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ပြည်ပဆန်တင်ပို့ခွင့် လိုင်စင်သစ် ထုတ်ပေးခြင်း ယာယီရပ်မည်

ပြည်ပဆန်တင်ပို့ခွင့် လိုင်စင်သစ် ထုတ်ပေးခြင်း ယာယီရပ်မည်

စစ်ကောင်စီ ဆန်‌စျေးသတ်မှတ်၊ စျေးပိုရောင်းသူ အရေးယူမည်ဟုဆို

စစ်ကောင်စီ ဆန်‌စျေးသတ်မှတ်၊ စျေးပိုရောင်းသူ အရေးယူမည်ဟုဆို

No Result
View All Result

Recommended

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

3 days ago
2.8k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

4 days ago
2.7k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate