စစ်ကောင်စီမှ အကျင့်ပျက်အရာရှိများကို အပြင်းအထန် အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က လွန်ခဲ့သောအပတ်တွင် သတိပေးလိုက်သည်။
စစ်ကောင်စီ အစည်းအဝေးတခုအတွင်း မင်းအောင်လှိုင်က အဓိကကျသည့် တာဝန်ပေးအပ်ခံထားရသော စစ်အရာရှိများနှင့် ဝန်ကြီးများ ကိုယ်ကျိုးအတွက် အာဏာအလွဲသုံးစားလုပ်သည်ကို တွေ့ပါက ရာထူးမှ ဖြုတ်ချသည့်အပြင် ပြင်းထန်သော အပြစ်ပေးမည်ဟု သတိပေးလိုက်သည်။
မင်းအောင်လှိုင်၏ လူယုံ မိုးမြင့်ထွန်းနှင့် ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ်တို့ကို အဂတိလိုက်စားမှုအတွက် စစ်မေးနေပြီး စစ်ကောင်စီမှ ထုတ်ပယ်ထားသည်။
ထိုသို့သော ရာထူးဖြုတ်ချမှုများနှင့် ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက “မြန်မာ စစ်ဗိုလ်ချုပ်တွေက သူတို့ရတဲ့ ကိုယ်ကျိုးစီးပွားအတွက် စစ်အာဏာရှင်စနစ်ကို အရမ်း ကာကွယ်စောင့်ရှောက်တယ်။ နိုင်ငံအခြေအနေ အရမ်းဆိုးလာရင် ဓားစာခံရှာတယ်။ ဒီတော့ အဲဒီဗိုလ်ချုပ် နှစ်ယောက်က ဓားစာခံတွေပဲ ဖြစ်တယ်” ဟု ပြောသည်။
မင်းအောင်လှိုင်သည် လူကြားကောင်းအောင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ကြီးကြီးကျယ်ကျယ် ပြောဆိုနေသည်ဆိုသော်လည်း လူတိုင်းသိထားသည့် အချက်မှာ သူ၏သား အောင်ပြည်စုံနှင့် သမီး ခင်သီရိသက်မွန်တို့သည် ချမ်းသာကြွယ်ဝမှုအတွက် ဖခင်၏ အာဏာကို အလွဲသုံးစား လုပ်သည်ဆိုသည်ပင်။
မင်းအောင်လှိုင်သည် ရန်ကုန်၊ နေပြည်တော်နှင့် ပြင်ဦးလွင်တွင် များပြားလှသော စံအိမ်များ ရယူထားသည်။ စီးပွားရေးမြို့တော် ရန်ကုန်တွင် အချမ်းသာဆုံးရပ်ကွက်မှ အိမ် နှစ်လုံးအပြင် စုစုပေါင်း အိမ် လေးလုံး ရယူထားသည်။
မင်းအောင်လှိုင်သည် လူကြားကောင်းအောင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ကြီးကြီးကျယ်ကျယ် ပြောဆိုနေသည်ဆိုသော်လည်း လူတိုင်းသိထားသည့် အချက်မှာ သူ၏သား အောင်ပြည်စုံနှင့် သမီး ခင်သီရိသက်မွန်တို့သည် ချမ်းသာကြွယ်ဝမှုအတွက် ဖခင်၏ အာဏာကို အလွဲသုံးစား လုပ်သည်ဆိုသည်ပင်။
စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အမှတ် ၁၄ အင်းလျားလမ်းမှ သူ၏ အိမ်တလုံးကို လေလံပစ်ပြီး တော်လှန်ရေး ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၁၀ သန်း ရရှိထားသည်။
မင်းအောင်လှိုင်သည် နေပြည်တော်မှ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ အိမ်အနီးတွင် အိမ်တလုံး ဆောက်နေသည်ဟု BBC သတင်းဌာနက ဖော်ပြသည်။ ထိုရပ်ကွက်သည် ဦးသန်းရွှေ၊ သူ့လက်ထောက် ဦးမောင်အေးနှင့် သမ္မတဟောင်း ဦးသိန်းစိန် အပါအဝင် ဗိုလ်ချုပ်ဟောင်းများ နေထိုင်သော ခြောက်လုံးတန်းဟု ခေါ်သည့် ရပ်ကွက်ဖြစ်သည်။
၂၀၂၁ ခုနှစ် မင်းအောင်လှိုင် အာဏာမသိမ်းမီကပင် သူ၏ သား အောင်ပြည့်စုံကို ရန်ကုန်ရှိ ပြည်သူ့ဥယျာဉ်ထဲတွင် နှစ် ၃၀ မြေငှားခွင့်ကို ဈေးပြိုင်ခေါ်ယူသူမရှိ ချထားပေးသည်။ ထိုမြေငှားခမှာ အခမဲ့ သဘောပင်ဖြစ်ပြီး အောင်ပြည့်စုံက ထိုနေရာတွင် ရန်ကုန် စားသောက်ဆိုင်နှင့် ရန်ကုန် ပန်းချီပြခန်း ဖွင့်ထားသည်။
အာဏာသိမ်းပြီးနောက်တွင် အမေရိကန် ပြည်ထောင်စုက အောင်ပြည့်စုံ၊ ခင်သီရိသက်မွန်နှင့် ၎င်းတို့၏ ကုမ္ပဏီ ခြောက်ခုကို ၂၀၂၁ ခုနှစ်တွင် အရေးယူပိတ်ဆို့သည်။ ဗြိတိန်နိုင်ငံကလည်း အောင်ပြည့်စုံ ပိုင်ဆိုင်သည့် Sky One Construction ကုမ္ပဏီကို ၂၀၂၂ ခုနှစ်တွင် အရေးယူပိတ်ဆို့သည်။
မင်းအောင်လှိုင် မိသားစုပိုင် ကုမ္ပဏီများသည် ဆေးပစ္စည်း၊ ဆေးရုံများ၊ ဆောက်လုပ်ရေး၊ ဟိုတယ်များ၊ သယ်ယူပို့ဆောင်ရေး၊ ရုပ်ရှင်ထုတ်လုပ်ရေးနှင့်ဖျော်ဖြေရေး၊ အာမခံ၊ ဆက်သွယ်ရေး၊ ပန်းချီပြခန်း၊ စားသောက်ဆိုင်များနှင့် အာကစားခန်းမများ လုပ်ကိုင်ကြောင်း NUG ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဖော်ပြသည်။
အောင်ပြည့်စုံ ပိုင်သည့် Sky One ဆောက်လုပ်ရေး ကုမ္ပဏီသည် စစ်တပ်က ချထားပေးသည့် တည်ဆောက်ရေး စီမံကိန်းများမှ အကျိုးအမြတ် ရနေသည်။
မင်းအောင်လှိုင် မိသားစုပိုင် ကုမ္ပဏီများသည် ဆေးပစ္စည်း၊ ဆေးရုံများ၊ ဆောက်လုပ်ရေး၊ ဟိုတယ်များ၊ သယ်ယူပို့ဆောင်ရေး၊ ရုပ်ရှင်ထုတ်လုပ်ရေးနှင့်ဖျော်ဖြေရေး၊ အာမခံ၊ ဆက်သွယ်ရေး၊ ပန်းချီပြခန်း၊ စားသောက်ဆိုင်များနှင့် အာကစားခန်းမများ လုပ်ကိုင်ကြောင်း NUG ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဖော်ပြသည်။
ထိုကုမ္ပဏီသည် ရန်ကုန်မှ မင်္ဂလာဒုံမြို့နယ်ရှိ စစ်ဆေးရုံတွင် လူနာဆောင်သစ်တခု၊ စစ်တပ်မှတ်တမ်းရုံးတွင် စစ်ကောင်စီအာဘော် မြဝတီရုပ်သံအတွက် မီဒီယာစင်တာတခုနှင့် မင်းအောင်လှိုင် မိသားစုပိုင် မိုးကောင်းရတနာ မိခင်နှင့် ကလေးဆေးရုံ တည်ဆောက်ခွင့်ရသည်။
ထိုကုမ္ပဏီသည် ရန်ကုန်တိုင်း ကိုကိုးကျွန်းနှင့် မှော်ဘီတွင် လေတပ်စခန်းများ တိုးချဲ့တည်ဆောက်ခွင့်လည်း ရသည်။ Sky One ဆောက်လုပ်ရေးသည် သူတောင်းသည့်ဈေးအတိုင်း စစ်တပ်မှ လုပ်ငန်းများ ရနေသောကြောင့် စစ်တပ်နှင့်ပတ်သက်သည့် စီမံကိန်းများမှ အကျိုးအမြတ်ရနေကြောင်း စီးပွားရေး ရင်းမြစ်များက ပြောသည်။
မင်းအောင်လှိုင်သည် စစ်သားအားလုံးကို သူ့သား အောင်ပြည်စုံပိုင်သည့် အောင်မြင့်မိုမင်း အာမခံကုမ္ပဏီတွင် အသက်အာမခံ မထားမနေရ လုပ်ထားသည်။
လွန်ခဲ့သောနှစ်တွင် စစ်ကောင်စီ၏ လက်နက်ပွဲစား မြန်မာနိုင်ငံသား ထွန်းမင်းလတ်ကို ထိုင်းအာဏာပိုင်များက ဘန်ကောက်တွင် ဖမ်းဆီးလိုက်သောအခါ ဘတ်သန်း ၂၀၀ ကျော် (အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ သန်း) တန်သည့် မူးယစ်ဆေးဝါးနှင့် အခြားပစ္စည်းများ သိမ်းဆည်းမိသည်။
ထွန်းမင်းလတ်ထံမှ သိမ်းဆည်းမိသော ပစ္စည်းများတွင် ဘန်ကောက်ရှိ Belle Rama 9 complex မှ အောင်ပြည့်စုံ၏ အိပ်ခန်း လေးခန်းပါ ကွန်ဒိုအခန်း ပိုင်ဆိုင်မှုလည်းပါကြောင်း စစ်ကောင်စီ၏ စီးပွားရေးလုပ်ငန်းများကို ခြေရာခံနေသည့် တက်ကြွလှုပ်ရှားသူအဖွဲ့ Justice for Myanmar (JFM) က ဖော်ပြသည်။
ထွန်းမင်းလတ်ထံမှ သိမ်းဆည်းမိသော ပစ္စည်းများတွင် ဘန်ကောက်ရှိ Belle Rama 9 complex မှ အောင်ပြည့်စုံ၏ အိပ်ခန်း လေးခန်းပါ ကွန်ဒိုအခန်း ပိုင်ဆိုင်မှုလည်းပါကြောင်း စစ်ကောင်စီ၏ စီးပွားရေးလုပ်ငန်းများကို ခြေရာခံနေသည့် တက်ကြွလှုပ်ရှားသူအဖွဲ့ Justice for Myanmar (JFM) က ဖော်ပြသည်။
ထိုသို့ သိမ်းဆည်းလိုက်သည့် ပစ္စည်းများတွင် Siam Commercial Bank မှ ခင်သီရိသက်မွန် ပိုင်ဆိုင်သည့် ငွေစာရင်းစာအုပ် နှစ်အုပ်လည်း ပါဝင်သည်။
အနုပညာနှင့် ဖျော်ဖြေရေးလုပ်ငန်းများ လုပ်ကိုင်သည့် ခင်သီရိသက်မွန်သည် Seventh Sense Co. Ltd. ကို ၂၀၁၇ ခုနှစ်တွင် တည်ထောင်သည်။ နှစ်စဉ် ကျပ်ငွေ ဘီလီယံပေါင်းများစွာ အသုံးပြုပြီး မြန်မာ ရုပ်ရှင်လောကတွင် ထိပ်တန်း ကုမ္ပဏီဖြစ်လာသည်။ အာဏာသိမ်းပြီးနောက်တွင် ဝေဖန်မှုများစွာ ခံရသောကြောင့် သူ၏ ရုပ်ရှင်ကုမ္ပဏီကို SM Winner Production ဟု အမည်ပြောင်းပြီး ရုပ်ရှင်တကားကို မကြာသေးမီက ရုံတင်သည်။
သူသည် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများမှ ပြည်သူလူထုကို အာရုံလွှဲရန် လုပ်ဆောင်နေသည့် အတင်းအဖျင်း သတင်းဌာန အများအပြားနှင့်လည်း ပတ်သက်နေသည်ဟုလည်း ယူဆရသည်။
စစ်ကောင်စီဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ကျော်ကြားသော ရုပ်ရှင်ဒါရိုက်တာ ဏကြီး “မင်းအောင်လှိုင်သမီး ပိုင်တဲ့ ကုမ္ပဏီက ထုတ်တဲ့ ရုပ်ရှင်တွေ ဇာတ်လမ်းတွဲတွေကို ပြည်သူလူထုက သပိတ်မှောက်ရမယ်။ အဲဒီနည်းနဲ့ တော်လှန်ရေးမှာ ပါဝင်လို့ရတယ်” ဟု ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

ခင်သီရိသက်မွန်သည် နော်ဝေ ဆက်သွယ်ရေးလုပ်ငန်း တယ်လီနော၏ မြန်မာမှ လုပ်ငန်းများကို ဝယ်ယူခဲ့သည့် Investcom PTE Ltd. တွင်လည်း ရင်းနှီးမြှုပ်နှံထားသည်။
မင်းအောင်လှိုင်သည် အစိုးရဝန်ထမ်းများနှင့် ပြည်သူများ ချွေတာရန် မကြာခဏ တိုက်တွန်းပြီး အခွန်နှုန်းများ တိုးမြှင့် ချထားသော်လည်း မင်းအောင်လှိုင်နှင့် သူ့ဇနီး ကြူကြူလှသည် တန်ဖိုးကြီး ဇိမ်ခံပစ္စည်းများသာ သုံးစွဲကြောင်း စစ်ကောင်စီမီဒီယာများ ကျေးဇူးကြောင့် သိရသည်။
စစ်ကောင်စီအဖွဲ့ဝင်သစ်အဖြစ် ခန့်အပ်ခံရသူ ဒုဗိုလ်ချုပ်ကြီး ညိုစောသည် စစ်တပ်ပိုင်လုပ်ငန်းစု မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) ဥက္ကဋ္ဌဖြစ်ပြီး မင်းအောင်လှိုင်မိသားစု စီးပွားရေးလုပ်ငန်းများကို ကာကွယ်ရသူ ဖြစ်သည်။
မင်းအောင်လှိုင်သည် MEC က ပိုင်ဆိုင်သည်ဟု မှတ်ပုံတင်ထားပြီး ၂၀၁၇ ခုနှစ်က ဖွင့်လှစ်သည့် ကန်သာယာဆေးရုံတွင် အကျိုးစီးပွား အကြီးအကျယ် ရှိသည်။ ရန်ကုန်မှ အချမ်းသာဆုံး ရပ်ကွက်ဖြစ်သည့် အင်းလျားကန်စောင်းတွင် ဖွင့်ထားသည့် ထိုပုဂ္ဂလိကဆေးရုံ တည်ဆောက်ရေးကို ညိုစော ကြီးကြပ်ရသည်။
စစ်ကောင်စီအဖွဲ့ဝင်သစ်အဖြစ် ခန့်အပ်ခံရသူ ဒုဗိုလ်ချုပ်ကြီး ညိုစောသည် စစ်တပ်ပိုင်လုပ်ငန်းစု မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) ဥက္ကဋ္ဌဖြစ်ပြီး မင်းအောင်လှိုင်မိသားစု စီးပွားရေးလုပ်ငန်းများကို ကာကွယ်ရသူ ဖြစ်သည်။
စစ်ဆေးရုံမှ ဝန်ထမ်းများနှင့် သမားတော်များသည် ကန်သာယာဆေးရုံတွင် အခမဲ့ တာဝန်ထမ်းဆောင်ရသည်။
ညိုစောသည် မင်းအောင်လှိုင် မိသားစုပိုင်သည့် အခြားပုဂ္ဂလိက ဆေးရုံတခုဖြစ်သည့် မိုးကောင်းရတနာ မိခင်နှင့် ကလေးဆေးရုံတွင်လည်း ပတ်သက်နေသည်။ ထိုဆေးရုံကို အာဏာသိမ်းပြီး လအနည်းငယ်အကြာ ၂၀၂၁ ခုနှစ်၊ မေလက ဖွင့်လှစ်ခြင်းဖြစ်သည်။
မင်းအောင်လှိုင် မိသားစု ပိုင်သည့် အခြားစီးပွားရေးလုပ်ငန်းများတွင် A & M Mahar Foods and Medical Products Company, ရန်ကုန်မှ အားကစားနှင့် ကြံ့ခိုင်ရေးလုပ်ငန်း Everfit Co. Ltd, Stellar Seven Entertainment Co Ltd, ဧရာဝတီတိုင်း ချောင်းသာမှ Azura Beach Resort, Mytel Telecom Company, Bone Myat Pyae Sone Trading Company (Limited), JOOX MYANMAR Music platform, မန္တလေးမှ Pullman Hotel, Nyein Chan Pyae Soe Bus Terminal, Myanmar Sit Thu Gyi, Min Tayar Gyi, Winning Sky, True Golf နှင့် Nyein Chan Pyae Sone Manufacturing & Trading Co Ltd တို့လည်း ပါဝင်သည်။
၎င်းတို့သည် လောင်စာဆီ တင်သွင်းခြင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် အခြားစီမံကိန်းများမှလည်း အကျိုးစီးပွား ရရှိခံစားကြသည်။
“မင်းအောင်လှိုင်ကို အဂတိလိုက်စားမှုအတွက် အပြစ်ပေးရမယ်ဆိုရင် သူ့ပိုင်ဆိုင်မှုကိုသာမက သူ့သားစဉ်မြေးဆက် ဆွေမျိုးတွေကိုလည်း အပြစ်ပေးရမယ်” ဟု မြန်မာစစ်တပ်မှ ဘက်ပြောင်းပြီး လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်လာသူ ဗိုလ်ကြီးဟောင်း လင်းထက်အောင်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။
စစ်ကောင်စီက ဈေးလျှော့ရောင်းသည့် ဆန်နှင့်ဆီကို ပြည်သူအများအပြား တန်းစီဝယ်ယူရချိန်တွင် မင်းအောင်လှိုင်၏ တပည့် မိုးမြင့်ထွန်းသည် လွန်ခဲ့သောလ ၃၀ အတွင်း ဒေါ်လာသန်းပေါင်းများစွာ ရှာနိုင်သည်။ ထို့ကြောင့် မင်းအောင်လှိုင် မိသားစုသည် မြန်မာခရိုနီအသိုက်အဝန်းတွင် လူ့မလိုင်များဖြစ်သည်ဟု ဆိုနိုင်သည်။
စစ်ကောင်စီက ဈေးလျှော့ရောင်းသည့် ဆန်နှင့်ဆီကို ပြည်သူအများအပြား တန်းစီဝယ်ယူရချိန်တွင် မင်းအောင်လှိုင်၏ တပည့် မိုးမြင့်ထွန်းသည် လွန်ခဲ့သောလ ၃၀ အတွင်း ဒေါ်လာသန်းပေါင်းများစွာ ရှာနိုင်သည်။
“စစ်တပ်မှာ ထိပ်ဆုံးကနေ အောက်ဆုံအထိ အဂတိလိုက်စားမှု ပုံစံမျိုးစုံ ရှိနေပြီးသားပဲ။ စစ်ကောင်စီ ခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်က အဂတိလိုက်စားမှုနဲ့ ညစ်ပတ်တဲ့ စီးပွားရေးလုပ်ငန်းတွေကနေ အရမ်းချမ်းသာနေကြတယ်။ တခြား စစ်တပ်ခေါင်းဆောင်တွေလည်း ဒီလိုပဲ ချမ်းသာနေတယ်” ဟု ဗိုလ်ကြီးဟောင်း ညီသုတက ဧရာဝတီသို့ ပြောသည်။
မင်းအောင်လှိုင်သည် သူ့လူများ ဗြောင်ကျကျလာဘ်စားသောကြောင့် သူ့လူများကို အတွင်းစည်းမှ ထုတ်ပယ်ရကြောင်း ဝေဖန်သူများက ပြောသည်။
“မင်းအောင်လှိုင်ကို အပြင်းအထန် အပြစ်ပေးဖို့ ထိုက်တန်တယ်။ သူက အဂတိလိုက်စားမှု၊ ရာဇဝတ်မှု အများအပြား ကျူးလွန်ထားတယ်။ အာဏာမသိမ်းမီ စစ်တပ်ခေါင်းဆောင် ဘဝကတည်းက ရာဇဝတ်မှုတွေ ကျူးလွန်ထားတယ်။ စစ်ခေါင်းဆောင်ဖြစ်လာတော့လည်း ရာဇဝတ်မှု ဆက်လက် ကျူးလွန်တယ်။ အာဏာသိမ်းပြီးနောက် အာဏာသိမ်း ခေါင်းဆောင်အဖြစ်လည်း ရာဇဝတ်မှုတွေ ဆက်လက် ကျူးလွန်တယ်” ဟု ဗိုလ်ကြီးဟောင်း လင်းထက်အောင်က ပြောသည်။
“တော်လှန်ရေး အောင်မြင်သွားရင် ဗိုလ်ချုပ်တွေနဲ့ အာဏာသိမ်းခေါင်းဆောင်တွေ အရင်လို ပြစ်ဒဏ်ကင်းလွတ်ခွင့် မရသင့်တော့ဘူး။ သူတို့ကျူးလွန်ခဲ့တဲ့ အဂတိလိုက်စားမှုနဲ့ အခြားအမှုတွေအတွက် သူတို့ကို အပြစ်ပေးရမယ်” ဟုလည်း ၎င်းက ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Boss’s Graft Purge Can’t Hide His Own Ill-Gotten Wealth ကို ဘာသာပြန်သည်။)
You may also like these stories:
အဂတိစွဲချက်များကြောင့် စစ်ကောင်စီ ပြင်ဆင်ဖွဲ့စည်း
အမှတ် ၁၄ အင်းလျားလမ်း ရောင်းရန် ရှိသည်
ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းရဲ့ အဂတိမှုများ ပွင့်လင်းမြင်သာ စစ်ဆေးဖို့လို
ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး
သမီးအမည် မူးယစ်ဆေးမှုနှင့် ငွေကြေးခဝါချမှုမှ ပယ်ဖျက်ပေးရန် စစ်ခေါင်းဆောင်က ထိုင်းကိုတောင်းဆို