• English
Saturday, July 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၄)

by အေးချမ်းဆု
19 October 2023
in Military, ဆောင်းပါး
A A
မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၄)

ကရင်ပြည်နယ်အတွင်း မြင်တွေ့ရသော တပ်ဖွဲ့ဝင်များ/ The New York Times

7.6k
VIEWS
Share on FacebookShare on Twitter

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ (EAOs)

မြန်မာပြည်တွင် လွတ်လပ်ရေးရပြီးကတည်းက တဖွဲ့ပြီးတဖွဲ့ ပေါ်ပေါက်လာသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ များစွာရှိသည်။ ထိုတပ်ဖွဲ့များကို လက်ရှိကာလတွင် အောက်ပါအတိုင်း တွေ့ရှိရသည်။

(က) ပြည်မ PDF အင်အားစုများနှင့် အတိအလင်းပူးပေါင်းပြီး တိုက်ပွဲဝင်နေသည့် EAO များ

RelatedPosts

လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဥ့်ကူးရောက်

လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဥ့်ကူးရောက်

18 July 2025
1.7k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

18 July 2025
1.5k
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

17 July 2025
3.4k

(၁) ကရင်ပြည်နယ်မှ ကရင်အမျိုးသားအစည်းအရုံး / ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU / KNLA)
(၂) ကချင်ပြည်နယ်မှ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ / ကချင်လွတ်မြောက်ရေးတပ်မတော် (KIO / KIA)
(၃) ကရင်နီပြည်နယ်မှ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ / ကရင်နီတပ်မတော် (KNPP / KA)၊ ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (ကလလတ)
(၄) ချင်းပြည်နယ်မှ ချင်းအမျိုးသားတပ်ဦး / ချင်းအမျိုးသားတပ်မတော် (CNF / CAN)
(၅) မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ဖြစ်၏။

(ခ) PDF နှင့် ပြည်မအင်အားစုများကို အပြည့်အဝ အကူအညီပေးလျက်ရှိပြီး ရေရှည်တွင် စစ်တပ်အား တိုက်ခိုက်မည့် အလားအလာရှိသည့် EAO တပ်ဖွဲ့များ

(၁) ရခိုင်ပြည်နယ်မှ ရခိုင်အမျိုးသားအဖွဲ့ချုပ် / ရက္ခိုင့်တပ်တော် (ULA / AA)
(၂) ရှမ်းမြောက်မှ ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး / တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF / TNLA)
(၃) ကိုးကန့်ဒေသမှ မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) တို့ဖြစ်၏။

(ဂ) စစ်ကောင်စီနှင့် PDF နှစ်ဖက်လုံးအား မှန်တန်း ဆက်ဆံရေး ထူထောင်ထားသော်လည်း တိုင်းရင်းသားအင်အားစုနှင့် တော်လှန်ရေးအင်အားစုများကို စာနာမှုရှိသည့် EAO တပ်ဖွဲ့များ

(၁) ဝ ပြည်နယ်မှ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ / ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA / UWSA)
(၂) ရှမ်းပြည်နယ်မှ ရှမ်းပြည်တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော် (SSPP / SSA)
(၃) ရှမ်းအရှေ့မှ ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေး ကော်မတီ / အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (PSC / NDAA) တို့ဖြစ်၏။

(ဃ) စစ်ကောင်စီနှင့် ပူးပေါင်းပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပုံမှန်တက်နေသော EAO တပ်ဖွဲ့များ

(၁) ရှမ်းပြည်နယ်မှ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / ရှမ်းပြည်တပ်မတော် (RCSS / SSA)
(၂) မွန်ပြည်နယ်မှ မွန်ပြည်သစ်ပါတီ / မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (NMSP / MNLA)
(၃) ပအိုဝ်းဒေသမှ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ / ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLO / PNLA)
(၄) ရခိုင်ပြည်နယ်မှ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ / ရခိုင်ပြည်လွတ်လပ်ရေးတပ်မတော် (ALP / ALA)
(၅) ပြည်ပအခြေစိုက် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)
(၆) ကရင်ပြည်နယ်မှ KNU / KNLA ငြိမ်းချမ်းရေးကောင်စီ (KNU / KNLA – PC)
(၇) ကရင်ပြည်နယ်မှ ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်မတော် (DKBA)

(င) ယခင်အခါက တိုင်းရင်းသားအဖွဲ့များဖြစ်ခဲ့ပြီး ယခုအခါ ပြည်သူ့စစ်နှင့် BGF ဖြစ်သွားပြီဖြစ်သော်လည်း နိုင်ငံရေးအရရော စစ်ရေးလှုပ်ရှားနိုင်စွမ်းအရပါ ဂရုပြုရမည့် အဖွဲ့များ

(၁) ကရင်နီပြည်နယ်မှ ပြည်သူ့စစ် (ပသစ) အဖြစ် သတ်မှတ်ခံထားရသည့် ကယန်းပြည်သစ်ပါတီ
(၂) ကချင်ပြည်နယ်မှ ပန်ဝါ ပသစ နှင့် နယ်ခြားစောင့်တပ် (BGF) များ
(၃) ရှမ်းပြည်နယ်မှ ကောင်းခါး ပသစ၊ စိန်ဂျော့ ပသစ၊ ကာလိ ပသစ၊ ပအိုဝ်း PNO ပသစ၊
(၄) ကရင်ပြည်နယ်မှ BGF တပ်ဖွဲ့များ
(၅) စစ်ကိုင်းတိုင်းမှ ရှမ်းနီ SNA အဖွဲ့များ ဖြစ်ကြ၏။

(က) ပြည်မ PDF အင်အားစုများနှင့် အတိအလင်း ပူးပေါင်းပြီး တိုက်ပွဲဝင်နေသည့် EAO အဖွဲ့များ၏ အင်အား အခြေအနေ

(၁) KNU / KNLA

KNU ၏ ဥက္ကဋ္ဌအဖြစ် ဖဒိုကွယ်ထူးဝင်းက တာဝန်ယူပြီ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ၏ စစ်ဦးစီးချုပ်မှာ ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ဦးစီးချုပ် ဗိုလ်မှူးချုပ် စောရှီးလေ့တို့ ဖြစ်ကြ၏။ ဌာနချုပ်မှာ ဖားအံခရိုင်ရှိ လေးဝါးဖြစ်၏။

၂၀၂၁ ခုနှစ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်ဖွဲ့ဝင်များက မြန်မာစစ်တပ်စခန်းတခုကို ဝင်ရောက်သိမ်းပိုက်အပြီး

KNLA ကို တပ်မဟာ ခုနစ်ခုနှင့် ဖွဲ့စည်းထားပြီး KNDO ကို တပ်ရင်း ရှစ်ရင်းဖြင့် ဖွဲ့စည်းထားသည်။ KNLA တပ်မဟာ တခုတွင် KNLA တပ်ရင်းများအပြင် KNDO တပ်ရင်း တရင်းစီထားရှိပြီး KNDO ရင်း ၈ အား တပ်မဟာ ၆ တွင် ထားရှိ၏။ KNDO တပ်ရင်း ၈ ဖွဲ့စည်းမှုကို အခြေခံ၍ KNLA တပ်မဟာ ၈ အသစ်ထပ်ဖွဲ့ရန် ပြင်ဆင်နေသည်ဟု သုံးသပ်ကြသည်။

KNLA ကို တပ်မဟာ ခုနစ်ခုနှင့် ဖွဲ့စည်းထားပြီး KNDO ကို တပ်ရင်း ရှစ်ရင်းဖြင့် ဖွဲ့စည်းထားသည်။ KNLA တပ်မဟာ တခုတွင် KNLA တပ်ရင်းများအပြင် KNDO တပ်ရင်း တရင်းစီထားရှိပြီး KNDO ရင်း ၈ အား တပ်မဟာ ၆ တွင် ထားရှိ၏။

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၏ လက်အောက်ခံတပ်များမှာ –
– တပ်မဟာ (၁) သထုံခရိုင် (ရင်း ၁၊ ၂၊ ၃ နှင့် KNDO ရင်း ၁)
– တပ်မဟာ (၂) တောင်ငူခရိုင် (ရင်း ၄၊ ၅၊ ၆ နှင့် KNDO ရင်း ၂)
– တပ်မဟာ (၃) ညောင်လေးပင်ခရိုင် (ရင်း ၇၊ ၈၊ ၉ နှင့် KNDO ရင်း ၃)
– တပ်မဟာ (၄) ထားဝယ်ခရိုင် (ရင်း ၁၀၊ ၁၁၊ ၁၂၊ ၂၀၃ နှင့် KNDO ရင်း ၄)
– တပ်မဟာ (၅) ဖာပွန်ခရိုင် (ရင်း ၁၃၊ ၁၄၊ ၁၅၊ ၁၀၂ နှင့် KNDO ရင်း ၅)
– တပ်မဟာ (၆) ဒူးပလာယာခရိုင် (ရင်း ၁၆၊ ၁၇၊ ၁၈၊ ၂၇၊ ၁၀၃၊ ၂၀၁ နှင့် KNDO ရင်း ၆၊ ၈)
– တပ်မဟာ (၇) ဘားအံခရိုင် ဒေသ (ရင်း ၁၉၊ ၂၀၊ ၂၁၊ ၂၂၊ ၁၀၁၊ ၂၀၂ နှင့် KNDO ရင်း ၇)

KNLA ပုံမှန်တပ်ရင်းအနေဖြင့် ၂၃ ရင်း၊ အထူးတပ်ရင်းများဖြစ်သည့် ၁၀၁၊ ၁၀၂၊ ၁၀၃၊ ၂၀၁၊ ၂၀၂၊ ၂၀၃ ရင်းဟူ၍ ခြောက်ရင်းနှင့် KNDO ရင်း ရှစ်ရင်း စုစုပေါင်း တပ်မဟာ ၇ ခုအောက်တွင် တပ်ရင်း ၃၇ ရင်း ရှိသည်ကို တွေ့ရ၏။

အထူးတပ်ရင်းများမှအပ KNLA တပ်ရင်းများအား နံပါတ်စဉ်အလိုက် ဖွဲ့စည်းထားသော်လည်း ရင်း ၂၃ မှ ရင်း ၂၆ ကြား တပ်ရင်း နံပါတ် လေးခုကို မတွေ့ရပါ။ ဖွဲ့ရန် ရည်ရွယ်ချက် ရှိ၊ မရှိ သို့မဟုတ် ဖွဲ့စည်းပြီးခြင်း ရှိ၊ မရှိ မသိရပါ။ တပ်မဟာ ၅ တွင် ရင်း ၁၅ နှင့် ရင်း ၁၀၂ တို့ လှုပ်ရှားမှုအား ပုံမှန်တွေ့ရသော်လည်း ရင်း ၁၃ နှင့် ရင်း ၁၄ ၏ လှုပ်ရှားမှုများ မတွေ့ရပါ။

KNU / KNLA သည် ကရင်ပြည်နယ်တွင်သာမက မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း ဆက်စပ်နယ်မြေများတွင် လှုပ်ရှားနေသည်ကို တွေ့မြင်ရပြီး လက်ရှိ KNU တခုလုံး၏ အင်အားမှာ ၈၀၀၀ မှ ၁၀၀၀၀ ဝန်းကျင်တွင်ရှိမည်ဟု ခန့်မှန်းရပါသည်။

(၂) KIO/ KIA

KIO ကို ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ယာယီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်တို့ ဦးစီးပြီး KIA ၏ တပ်မှူးကြီး ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ဒုတပ်မှူးကြီး ဗိုလ်ချုပ်ကြီး ဂွမ်ထန်ဂမ်ရှောင်၊ စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး R ခေါင်လွန်း နှင့် ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် မရစ်အောင်ဆိုင်းလာတို့ ဦးစီးပြီး လိုင်ဇာတွင် ဌာနချုပ်ထားရှိ၏။

KIA ဌာနချုပ်ဖွဲ့စည်းမှု

(၁) စစ်ရုံးချုပ် – Dailawn Rung
(၂) စစ်မဟာဗျူဟာလေ့လာရေးဌာန – Zai Ninggawn Rung
(၃) ခြေမြန်တပ်မဟာ – ရင်း ၂၅၁၊ ၂၅၂၊ ၂၅၃၊ ၂၅၄၊ ၂၅၅၊ ၂၅၆
(၄) ဗဟိုကင်းတပ်မဟာ – ရင်း ၂၃၊ ၂၈၊ ၄၀၊ ၄၂
(၅) လက်နက်ကြီးတပ်ဖွဲ့ – ရင်း ၆၁၁၊ ၆၁၂၊ ၆၁၃၊ ၆၁၄
(၆) ကွန်မန်ဒိုတပ်ရင်း
(၇) ဂေါ်ရခါးတပ်ရင်း
(၈) လက်ဖြောင့်တပ်ဖွဲ့
(၉) လေ့ကျင့်ရေးတပ်ရင်း

KIA စစ်ရုံးချုပ်နှင့် ဌာနချုပ်လက်အောက်ခံ တပ်မဟာ၊ တပ်ရင်း၊ တပ်ဖွဲ့များသည် ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း လိုင်ဇာဒေသအား ဗဟိုပြု၍ ဖြန့်ခွဲစုဖွဲ့ထားရှိပါသည်။

KIA ၏ စစ်သင်တန်းတခု/TIME

တပ်ဖြန့်ခွဲမှုများမှာ –

(၁) မြောက်ပိုင်းတိုင်းနယ်မြေ

(က) တပ်မဟာ ၁ – ပူတာအို၊ ဆွမ်ပရာဘွမ်ဒေသ – ရင်း ၄၊ ၇၊ ၁၀၊ ၂၂
(ခ) တပ်မဟာ ၇ – ချီဖွေ၊ ဖရဲဒေသ – ရင်း ၃၂၊ ၃၃၊ ၄၆

(၂) အနောက်ပိုင်းတိုင်းနယ်မြေ

(က) တပ်မဟာ ၂ – လီဒိုကားလမ်း တောင်/မြောက် ရင်း ၁၁၊ ၁၄၊ ၂၀၊ ၄၅
(ခ) တပ်မဟာ ၉ – ဖားကန့်ဒေသ – ရင်း ၆၊ ၂၆၊ ၄၄
(ဂ) တပ်မဟာ ၈ – မိုးညှင်း၊ နန့်စီအောင်ဒေသ – ရင်း ၅၊ ၃၅၊ ၄၁

(၃) အရှေ့ပိုင်းတိုင်းနယ်မြေ

(က) တပ်မဟာ ၃ – ဗန်းမော်ဒေသ -ရင်း ၁၊ ၁၂၊ ၁၅၊ ၁၆၊ ၂၁၊ ၂၇
(ခ) တပ်မဟာ ၅ – ဆဒုံးဒေသ – ရင်း ၃၊ ၁၈၊ ၁၉၊ ၂၄၊ ၂၅၊ ၃၀

(၄) တောင်ပိုင်းတိုင်းနယ်မြေ

(က) တပ်မဟာ ၄ – လားရှိုး – မူဆယ် ကားလမ်းတောင်ဘက်ခြမ်း – ရင်း ၈၊ ၂၉၊ ၃၄၊ ၃၇
(ခ) တပ်မဟာ ၆ – ကွတ်ခိုင် – မူဆယ် ကားလမ်းမြောက်ခြမ်း – ရင်း ၉၊ ၃၆၊ ၃၈
(ဂ) တပ်မဟာ ၁၀ – သိန္နီ – ကွန်လုံကားလမ်း တောင်/မြောက် – ရင်း ၂၊ ၁၇၊ ၃၉

သို့ဖြစ်ရာ KIA သည် စုစုပေါင်း ခြေလျင် တပ်ရင်း ၅၁ ရင်းပါသည့် တပ်မဟာ ၁၂ ခု၊ လက်နက်ကြီးတပ်ရင်း လေးရင်းနှင့် အထူးတပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားသည်ကို တွေ့ရှိရပါသည်။

KIA သည် စုစုပေါင်း ခြေလျင် တပ်ရင်း ၅၁ ရင်းပါသည့် တပ်မဟာ ၁၂ ခု၊ လက်နက်ကြီးတပ်ရင်း လေးရင်းနှင့် အထူးတပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားသည်

(မှတ်ချက် ။ ။ ရင်း ၁၃ အား ဖွဲ့စည်းထားခြင်း မရှိပါ ။ ကျန် ရင်း ၃၁၊ ၄၃ တို့အား စိစစ်ဆဲဖြစ်ပါသည်။)

MHH ပြည်သူ့စစ်

KIA က MHH ခေါ် ပြည်သူ့စစ်များကို တိုင်း၊ မြို့နယ်၊ တိုက်နယ်၊ ကျေးရွာအလိုက်ဖွဲ့စည်း လက်နက်တပ်ဆင်ထားပြီး KIC အုပ်ချုပ်ရေးရုံးများနှင့် တွဲဖက်ထား၏။ ပြည်သူ့စစ်များကို KIC အတွင်းရေးမှူးက ကွပ်ကဲပါသည်။

KPDF များ

နွေဦးတော်လှန်ရေးကာလ၌ ကချင်ပြည်နယ်အတွင်းရှိ PDF များကို ကချင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) များအဖြစ် ဖွဲ့စည်းပြီး KIA က ဌာနတခုအသစ်ဖွင့်၍ တိုက်ရိုက် ကိုင်တွယ်သည်ဟု သိရ၏။ KPDF များအား လေ့ကျင့်၊ ဖွဲ့စည်း၊ လက်နက်တပ်ဆင်၊ ထောက်ပံ့၊ ကွပ်ကဲမှုအား KIA မှ တာဝန်ယူပြီး NUG ၏ MOD အောက်တွင် မရှိဟု သိရ၏။

မိုးညှင်း၊ ဟိုပင်၊ အင်းတော်ကြီး၊ မိုးကောင်း၊ နမ္မတီး၊ ပူတာအို၊ မြစ်ကြီးနား၊ ဆော့လော်နှင့် ဖားကန့်ဒေသများတွင် KPDF ၁၃ ဖွဲ့ရှိပြီး ဟုမ္မလင်း PDF တပ်ရင်း ၂ ရင်းမှာလည်း KIA ၏ ကွပ်ကဲမှုအောက်တွင် ရှိ၏။ ကချင်ပြည်နယ်တွင်းရှိ အခြားလူမျိုးများကိုပါ KPDF အဖြစ် စုစည်းနိုင်သဖြင့် ပိုမိုအားကောင်းလာ၏။ KPDF အင်အား ၁,၇၀၀ ခန့်ရှိ၏။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း KIA သည် PDF ရင်း ၅၀၉၊ ၅၁၀၊ ၅၁၁၊ ၅၁၂၊ ၅၁၃၊ ၅၁၄၊ ၅၁၅ တို့နှင့် လေ့ကျင့်ပေးပြီး ပူးတွဲလှုပ်ရှားနေ၏။

KIA ၏ အင်အားမှာ KPDF (PDF မပါ) ကို ထည့်သွင်းတွက်ချက်ပါက ၁၇,၀၀၀ နီးပါးခန့်ရှိမည်ဟု ခန့်မှန်းရ၏။ KIA တပ်ဖွဲ့များသည် ကချင်ပြည်နယ်သာမက ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ပါ လှုပ်ရှား၏။

(၃) KNPP/ KA နှင့် ကလလတ

(က) KNPP/ KA

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်မှ ၃၀ ရက်အထိ ကျင်းပသည့် KNPP ၁၄ ကြိမ်မြောက် ကွန်ဂရက်၏ ရွေးကောက်တင်မြှောက်မှုအရ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ / ကရင်နီတပ်မတော် (KNPP / KA) ခေါင်းဆောင်မှုမှာ ဥက္ကဋ္ဌ ခူဦးရယ်၊ ဒုဥက္ကဋ္ဌ အေဘယ်တွိဒ်၊ အထွေထွေ အတွင်းရေးမှူး ခူပလူးရယ် တို့ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် ဘီထူး၊ KA ၏ စစ်ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ် အောင်မြတ်တို့ တာဝန်ယူသည်။ KNPP / KA ဌာနချုပ်ကို တာလဲဒူဆို (ခေါ်) ညာမိုး (ရှားတောမြို့နယ်) တွင် အခြေပြုပြီး လက်ရှိတွင် ခရိုင် သုံးခုထိ ဖွဲ့စည်းထားသည်ဟု သိရသည်။

ရှေ့တန်းတနေရာက KA ကရင်နီတပ်သားများ/AFP

KNPP / KA ဌာနချုပ်ကို တာလဲဒူဆို (ခေါ်) ညာမိုး (ရှားတောမြို့နယ်) တွင် အခြေပြုပြီး လက်ရှိတွင် ခရိုင် သုံးခုထိ ဖွဲ့စည်းထားသည်

ခရိုင် ၁ တွင် ရှားတောမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ခရိုင် ၂ တွင် ဖားဆောင်းမြို့နယ်၊ မော်ချီးမြို့နယ်တို့ ဖြစ်သည်။ ယခင်က ခရိုင် ၃ မှာ ကယောနယ်တို့ ဖြစ်၏။ ကရင်နီတပ်မတော် (KA) တွင် တပ်ရင်း လေးရင်းအထိ ဖွဲ့စည်းထားပြီး ခရိုင်တပ်၊ မြို့နယ်တပ်များ ဖွဲ့စည်းထားကာ လက်ရှိ KA စုစုပေါင်းအင်အားမှာ အများဆုံး ၂,၅၀၀ ခန့် ရှိနိုင်ပါသည်။

(ခ) ကရင်နီပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (ကလလတ)

ကရင်နီပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (ကလလတ / KNPLF) သည် မူလ KNPP အဖွဲ့အစည်းမှဖြစ်ပြီး နိုင်ငံရေးသဘောထား ကွဲလွဲမှုများကြောင့် ခွဲထွက်ခဲ့ကာ ၁၉၇၈ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကလလတ အဖွဲ့အစည်းအဖြစ် ထူထောင်ခဲ့၏။

၁၉၉၄ ခုနှစ်၊ မေလ ၉ ရက်နေ့တွင် ကလလတသည် နဝတနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် နယ်ခြားစောင့်တပ် (BGF) အဖြစ် ပြောင်းလဲဖွဲ့စည်းရန် ဖိအားပေးခံခဲ့ရပြီး ကလလတ အင်အားအချို့အား BGF ရင်း ၁၀၀၄ နှင့် ၁၀၀၅ အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့၏။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ကရင်နီတော်လှန်ရေး အင်အားစုများကို လျှို့ဝှက်အကူအညီပေးနေရာမှ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက် မယ်စဲ့တိုက်ပွဲမှစ၍ ဗြောင်အတိအလင်း ပူးပေါင်းလိုက်ခြင်း ဖြစ်သည်။

ကလလတ ပူးပေါင်းလိုက်ခြင်းကြောင့် ယခင် BGF ရင်း ၁၀၀၄ နှင့် ၁၀၀၅ တို့က မူလ ကလလတ ရင်း ၇၈၉၄ နှင့် ၄၈၇၈ အဖြစ် ပြန်ပေါ်ထွက်လာသည်။ ထို့ပြင် BGF အဖြစ် ပြောင်းလဲဖွဲ့စည်းခြင်း မပြုသည့် ကလလတ တပ်ရင်းများအဖြစ် ရင်း ၉၄၂၀၊ ရင်း ၉၄၂၁ နှင့် ရင်း ၉၄၂၂ တို့ကို ဖွဲ့စည်းထားရာ စုစုပေါင်း ကလလတ တပ်ရင်း ငါးရင်းသည် ကရင်နီတော်လှန်ရေး အင်အားစုများအဖြစ် ထပ်မံ ပူးပေါင်းလာခဲ့သည်။ ကလလတ ဒုဥက္ကဌနှင့် အင်အားအချို့မှာ စစ်တပ်နှင့်ဆက်လက် ပူးပေါင်းပြီး ကျန်နေခဲ့၏။

ကလလတ အဓိကလှုပ်ရှားဒေသမှာ မယ်စဲ့နှင့် ဟိုရဒေသတို့ဖြစ်၏။ ကလလတ ၏အင်အားမှာ ၁,၃၀၀ ခန့်ရှိပါသည်။

(၄) CNF / CNA

ချင်းအမျိုးသားတပ်ဦး / ချင်းအမျိုးသားတပ်မတော် (CNF / CNA) ကို ၁၉၈၈ ခုနှစ်၊ မတ်လ ၂ဝ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ လက်ရှိ CNF ဥက္ကဋ္ဌ ပူဇင်ကျုံး၊ အထွေထွေအတွင်းရေးမှူး ဆလိုင်း တလာဟဲ၊ ကာကွယ်ရေးဌာန အတွင်းရေးမှူးအဖြစ် ဗိုလ်မှူးကြီး ဆော်လမွန်၊ CNA စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး လှထွန်းတို့က အသီးသီး တာဝန်ယူသည်။

CNF ဗဟိုဌာနချုပ်တွင် စစ်ရေးပြချီတက်လာသော ချင်းစစ်သားများ/RFA

CNF / CNA ဌာနချုပ်အား ထန်တလန် အနောက်ဘက် အိန္ဒိယနယ်စပ်ရှိ ဗစ်တိုရီယားစခန်းတွင် အခြေပြုသည်။ နွေဦးတော်လှန်ရေးကာလတွင် CNA သည် သိသိသာသာ အင်အားတိုးပွားလာပြီး CNA လက်အောက်တွင် တပ်မဟာ လေးခုထိ ဖွဲ့စည်းနိုင်ခဲ့၏။

CNF / CNA ဌာနချုပ်အား ထန်တလန် အနောက်ဘက် အိန္ဒိယနယ်စပ်ရှိ ဗစ်တိုရီယားစခန်းတွင် အခြေပြုသည်။ နွေဦးတော်လှန်ရေးကာလတွင် CNA သည် သိသိသာသာ အင်အားတိုးပွားလာပြီး CNA လက်အောက်တွင် တပ်မဟာ လေးခုထိ ဖွဲ့စည်းနိုင်ခဲ့၏။

– CNA တပ်မဟာ ၁ နယ်မြေ မတူပီ၊ ရေဇွာ ကြား
– တပ်မဟာ ၃ နယ်မြေ ထန်တလန်၊ ဟားခါး
– တပ်မဟာ ၄ နယ်မြေ ချင်းပြည်နယ်မြောက်ပိုင်း စသည်တို့တွင် ဒေသခံ CDF များနှင့် ပူးတွဲ လှုပ်ရှားသည်ကို တွေ့ရ၏။

CNA တပ်မဟာ ၂ မှာမူ ကချင်ပြည်နယ် KIA ဒေသတွင် ရှိသည်ဟုသိရ၏။ CNA တပ်မဟာ တခုလျှင် တပ်ရင်း သုံးရင်းခန့် ရှိနိုင်ပါသည်။ တပ်ရင်းတရင်းလျှင် အင်အား မည်မျှရှိသည်ကို မသိရပါ။ CNF / CNA ၏ အင်အားမှာ ၂,၅၀၀ မှ ၃,၀၀၀ ခန့် ရှိနိုင်ပါသည်။

(၅) ABSDF

ABSDF အင်အားမှာ အနည်းဆုံး ၁၀၀၀ မှ အများဆုံး ၁၅၀၀ ကြားတွင် ရှိနိုင်ပြီး NUG /MOD ၊ KNU ၊ KIA တို့နှင့် ပူးတွဲလှုပ်ရှားနေ၏

ABSDF ဌာနချုပ်ကို KNU နယ်မြေတွင် အခြေပြုပြီး ဥက္ကဋ္ဌ ရဲဘော် သံခဲ၊ စစ်ကော်မရှင် အတွင်းရေးမှူး ရဲဘော် လှဌေးတို့က တာဝန်ယူသည်။ ABSDF ဌာနချုပ်တွင် လေ့ကျင့်သင်တန်းပေးနေသည့် အင်အား ၁၀၀ ခန့်ရှိ၏။ ဘုရာသုံးဆူဒေသတွင် ရင်း ၁၊ KNU တပ်မဟာ ၁ တွင် ရင်း ၂ (သထုံ အလုပ်အဖွဲ့)၊ တပ်မဟာ ၃ တွင် ရင်း ၃ တို့ရှိပြီး တနင်္သာရီတိုင်းတွင် တပ်ခွဲ တခွဲနှင့် စစ်ကိုင်းတိုင်း၊ တမူးတွင် ရင်း ၅ အား ဖွဲ့စည်းထား၏။

တပြည်လုံးရှိ ABSDF အင်အားမှာ အနည်းဆုံး ၁၀၀၀ မှ အများဆုံး ၁၅၀၀ ကြားတွင် ရှိနိုင်ပြီး NUG /MOD ၊ KNU ၊ KIA တို့နှင့် ပူးတွဲလှုပ်ရှားနေ၏။

မြန်မာပြည်မြောက်ပိုင်းတွင် KIA, PDF များနှင့်တွဲ၍ ကသာ၊ အင်းတော်ဒေသတွင် စစ်ကြောင်း ၁၊ မိုးမိတ်၊ မိုးကုတ်ဒေသတွင် စစ်ကြောင်း ၂၊ ယောနှင့် ယင်းမာပင်ဒေသတွင် စစ်ကြောင်း ၃ စသည်ဖြင့် ABSDF စစ်ကြောင်းသုံးခု ဖြန့်ခွဲလှုပ်ရှား၏။ စစ်ကြောင်းတခုတွင် တပ်ရင်း နှစ်ရင်းပါဝင်သည်ဟု သိရ၏။ တပြည်လုံးရှိ ABSDF အင်အားမှာ အနည်းဆုံး ၁၀၀၀ မှ အများဆုံး ၁၅၀၀ ကြားတွင် ရှိနိုင်ပြီး NUG /MOD ၊ KNU ၊ KIA တို့နှင့် ပူးတွဲလှုပ်ရှားနေ၏။

ဆက်လက်ဖော်ပြပါမည်။

(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၅)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၁)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၂)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၃)

NUG နှင့် EAOs ပူးပေါင်းမှု ဘယ်အထိ ခရီးရောက်ပြီလဲ

မွန်နှင့် ပအိုဝ်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့သစ်များ

Your Thoughts …
Tags: EAONUGPDFကချင်ပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်စစ်ကောင်စီစစ်ဒေသဒရုန်းစစ်ဆင်ရေးနယ်ခြားစောင့်တပ်နေပြည်တော်နွေဦးတော်လှန်ရေးပကဖပြည်တွင်းစစ်ပြည်သူ့စစ်
အေးချမ်းဆု

အေးချမ်းဆု

အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.5k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.9k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.4k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.3k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.2k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၆ လအတွင်း ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ကျော် ကျဆင်း

၆ လအတွင်း ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ကျော် ကျဆင်း

မုံရွာထောင်မှ အစာငတ်ခံဆန္ဒပြသူများ လျှော့ရက် ၁ နှစ်ပိတ်ခံရ

မုံရွာထောင်မှ အစာငတ်ခံဆန္ဒပြသူများ လျှော့ရက် ၁ နှစ်ပိတ်ခံရ

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

2 days ago
3.4k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

3 days ago
3.4k

Most Read

  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဥ့်ကူးရောက်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate