• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်

by အောင်ခမ်း
8 December 2023
in ဆောင်းပါး
A A
စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်

ယခုရက်ပိုင်းအတွင်း စက်သုံးဆီဈေးနှုန်းများသည် ဆက်တိုက်မြင့် တက်လာနိုင်သည်/AFP

12.1k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ကဲ့သို့သော မြို့ကြီးများတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စက်သုံးဆီပြတ်တောက်မှု အကြီးအကျယ်ဖြစ်ပေါ်ကာ ဆီဆိုင်များတွင် တန်းစီစောင့်ဆိုင်းဝယ်ယူရသည့် အခြေအနေများ ရှိခဲ့ကြသည်။

ယခင်က ဗဟိုဘဏ်သည် စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများကို ဆီဖိုးပေးချေရန် လိုအပ်သော ဒေါ်လာပမာဏ၏ ၄၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ဈေး ၁ ဒေါ်လာလျှင် ကျပ် ၂၁၀၀ ဖြင့် ရောင်းချပေးပြီး ယခု ထုတ်မရောင်းပေးတော့ဘဲ ဆီကုမ္ပဏီများက လိုအပ် သော ဒေါ်လာအားလုံးကို ပြင်ပပေါက်ဈေးနှုန်းဖြင့် ဝယ်ယူတင်သွင်းရခြင်းကြောင့် ဈေးကွက်အတွင်း ဒေါ်လာအလုံအလောက် ဝယ်ယူမရ၍ ငွေပေးချေရန် နှောင့်နှေးခြင်းနှင့် ပြင်ပဒေါ်လာပေါက်ဈေးဖြင့် တင်သွင်းရသော စက်သုံးဆီဈေးနှုန်းများ မသတ်မှတ်နိုင်သေးခြင်းကြောင့် ဆီဆိုင်များသို့ ဆီထုတ်မရောင်းနိုင်ဖြစ်သွားခဲ့ရသည်။

RelatedPosts

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
174
တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
942
မြိတ်မြို့

မြိတ်မြို့

11 May 2025
431

ဆီဖိုးပေးချေရန် လိုအပ်သော ဒေါ်လာပမာဏ၏ ၄၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ဈေး ၁ ဒေါ်လာလျှင် ကျပ် ၂၁၀၀ ဖြင့် ရောင်းချပေးပြီး ယခု ထုတ်မရောင်းပေးတော့

စက်သုံးဆီကုမ္ပဏီလုပ်ငန်းရှင်တဦးက “ဗဟိုဘဏ် ဒေါ်လာရောင်းပေးတုန်းက ဆီ Importer နဲ့ PPRD တို့က ဆီကြမ်းခင်းဈေးဖွင့်ပေးတာပေါ့။ အခုဟာက ၁၀၀ ရာခိုင်နှုန်းကို အပြင်ဈေး(ဒေါ်လာ)နဲ့ သွင်းလာသမျှ ဆီတွေကို ဘယ်ဈေးနဲ့ ရောင်းမလဲဆိုတာကို ပြန်ညှိနေကြတာ လက်ရှိဈေးနဲ့ ရောင်းရင် Importer တွေက ကွဲပြီလေ။ အဲဒီတော့ သူတို့က ထုတ်မရောင်းသေးတာတော့ ဆီပြတ်တာ” ဟု ဧရာဝတီသို့ ပြောသည်။

PPRD သည် စစ်ကောင်စီလက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာန၏ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေး ရေးဦးစီးဌာနဖြစ်သည်။ PPRD သည် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ တည်ငြိမ်ရေးအတွက် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီဖွဲ့စည်းပြီး စက်သုံးဆီ ဈေးနှုန်းများကို သတ်မှတ်ထိန်းချုပ်လျက်ရှိသည်။

လတ်တလောတွင် စက်သုံးဆီကုမ္ပဏီများနှင့် PPRD တို့ကြား ဈေးနှုန်းသတ်မှတ်လာနိုင်ပြီး ဒေါ်လာပြင်ပပေါက်ဈေးဖြင့် တင်သွင်းလာသော ဆီတချို့ကို ဈေးကွက်အတွင်းသို့ စက်သုံးဆီ တင်သွင်း သော ကုမ္ပဏီများက အနည်းငယ်ပြန်ထုတ်ရောင်းလာခြင်းကြောင့် တန်းစီဝယ်ယူ စောင့်ဆိုင်းရခြင်းမျိုး လျော့နည်းသွားနေသည်။

ဈေးကွက်အတွင်း စက်သုံးဆီများ ပြန်လည်ဝင်ရောက်လာသော်လည်း ဒေါ်လာ ပြင်ပပေါက်ဈေးဖြင့် ဝယ်ယူပေးချေနေရခြင်းကြောင့် ယခုရက်ပိုင်းအတွင်း စက်သုံးဆီဈေးနှုန်းများသည် ဆက်တိုက်မြင့် တက်လာနိုင်ကြောင်း စက်သုံးဆီဈေးကွက်ထံမှ သိရသည်။

လတ်တလောတွင် ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ကျပ် ၃၅၀၀ မှ ၃၆၀၀ ကျော်အထိ ပေါက်ဈေးရှိနေလျက်ရှိပြီး စစ်ကောင်စီ ဗဟိုဘဏ်ကမူ ဒေါ်လာဈေးကို ကျပ် ၂၁၀၀ သတ်မှတ်ထားသည်။

မနက်အစောပိုင်းကတည်းက ဆီထည့်ရန် တန်းစီစောင့်ဆိုင်းနေကြရသည်/AFP

ပြည်တွင်းစက်သုံးဆီ ဒီဇင်ဘာ ၈ ရက်နေ့ ဈေးနှုန်းများအရ အောက်တိန်း 92 တလီတာလျှင် ၂၄၆၅ ကျပ် နှင့် 95 တလီတာလျှင် ၂၅၇၅ကျပ်ရှိပြီး ဒီဇယ်ဈေးနှုန်းမှာ ၂၂၁၅ နှင့် ပရီမီယံ ဒီဇယ်ဈေးနှုန်းမှာ ကျပ် ၂၂၇၀ ရှိကြောင်း စက်သုံးဆီဆိုင်များထံမှ သိရသည်။ နိုဝင်ဘာ ၃၀ ရက် ဈေးနှုန်းများမှာ 92 တလီတာ ၂,၁၇၀ ကျပ်နှင့် 95 တလီတာ ၂,၃၀၀ ကျပ်သာ ရှိခဲ့ပြီး ဒီဇယ်ဈေးနှုန်းမှာ ၂၂၀၀ နှင့် ပရီမီယံ ဒီဇယ်ဈေးနှုန်းမှာ ကျပ် ၂၂၉၀ ရှိကြောင်း သိရသည်။

အခု ဆီဈေးကွက်က ဘာဖြစ်လာနိုင်လဲဆိုတော့ အစိုးရ ဈေးက လိုက်မြှင့်လာရင် အပြင်ဈေးက နည်းနည်းတော့ ကျသွားနိုင်တယ်။ အခုက အပြင်ဈေးနဲ့ ဆိုင်ဈေးနဲ့က ၂ ဆကွာနေတာကို

အထက်ပါစက်သုံးဆီကုမ္ပဏီလုပ်ငန်းရှင်က “ အခု ဆီဈေးကွက်က ဘာဖြစ်လာနိုင်လဲဆိုတော့ အစိုးရ ဈေးက လိုက်မြှင့်လာရင် အပြင်ဈေးက နည်းနည်းတော့ ကျသွားနိုင်တယ်။ အခုက အပြင်ဈေးနဲ့ ဆိုင်ဈေးနဲ့က ၂ ဆကွာနေတာကို။ ဆိုင်ဈေး ၂၂၀၀ ဆိုရင် အပြင်က ၄၄၀၀ ဖြစ်နေတာ ” ဟု ပြောသည်။

စက်သုံးဆီ၊ ဒီဇယ် ပြင်ပဈေးကွက်သည် စစ်အာဏာသိမ်းပြီးနောက် လျှပ်စစ်မီးပြတ်တောက်မှု အချိန် ကြာမြင့်လာ၍ စက်မှုလက်မှုနှင့် အသေးစားအလတ်စားလုပ်ငန်းများက မီးစက်များကို အားထားပြီး လုပ်ငန်းလည်ပတ်လာရခြင်းကြောင့် ဖြစ်ပေါ်လာသော ဈေးကွက်ဖြစ်သည်။

စစ်ကောင်စီဘက်ကမူ ပြည်ပမှ ဆီတင်သင်္ဘော ၁၀ စီးသည် ပင်လယ်ဝတွင် လည်းကောင်း၊ ဆီတင်သင်္ဘော ၃ စီးသည် သီလဝါဆိပ်ကမ်းရှိ Jetty များတွင်လည်းကောင်း အသင့်စောင့်ဆိုင်းလျက်ရှိပြီး သက်ဆိုင်ရာ Terminal များသို့ အချိန်နှင့်တပြေးညီ ဖြည့်တင်းနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

မန္တလေးမြို့ရှိ စက်သုံးဆီလက်ကားကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးက “ ဆီတွေကတော့ ရောက်နေပြီ။ သင်္ဘောတွေကို ငွေအပြည့်အဝ မချေနိုင်သေးတာကြောင့် တကြောင်း၊ နောက်ခွဲတမ်းမချပေးသေးတော့ ဈေးကွက်ထဲမှာ မလုံလောက်တာမျိုးဖြစ်တာ” ဟု ပြောသည်။

လတ်တလောတွင် ပြောင်းလဲလာသော မူဝါဒတချို့ကြောင့် စက်သုံးဆီတင်သွင်းလာသော ကုမ္ပဏီများ သည် ၎င်းတို့၏ မိတ်ဖက်ကုမ္ပဏီများကို တိုက်ရိုက်ရောင်းချခွင့်ပြန်ပေးရန် စီစဉ်လျက်ရှိပြီး မိမိ Terminal မှ ဆီထုတ်ကာ ဖြန့်ဖြူးနိုင်တော့မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၎င်းကဆက်လက်၍ “ အခုလို ဆီပြတ်တဲ့ ပြဿနာတွေကတော့ ထပ်ဖြစ်လာနေဦးမှာပဲ။ ဘာလို့ဆိုရင် ဒေါ်လာကလည်း ဝယ်ရခက်နေတုန်းပဲ။ ဈေးကွက်ကလည်း ပုံမှန်ရှိနေတာ မဟုတ်ဘူး။ သူတို့ရဲ့ ထိန်းချုပ်မှုကလည်း ရှိနေသေးတယ်။ အဲဒီတော့ ဆီပြတ်လိုက်၊ ဆီဆိုင်တွေမှာ တန်းစီလိုက်၊ ဇာတ်လမ်းက ခဏအဆင်ပြေသွားလိုက်၊ ပြန် ဖြစ်လိုက်နဲ့ပေါ့။ ဈေးကလည်း လိုက်တက်လိုက်နဲ့ ဖြစ်နေမှာ” ဟု ပြောဆိုသည်။

စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် ယခင်က ၎င်းတို့ဆီဆိုင်တွင် ပြန်ရောင်းချရန် ဆီကို သီလဝါရှိ Terminal တခုတွင်သာ တကြိမ်တန်းစီ ဝယ်ယူရုံဖြင့် ရနိုင်သော်လည်း ယခုအခါ ခွဲတမ်းစနစ်ဖြင့် Terminal ၂ ခု သို့မဟုတ် ၃ ခုတွင် လိုက်လံတန်းစီ ဝယ်ယူရသည့် အခြေအနေဆိုက်ခဲ့သည်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ အစည်းအဝေးအရ ကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သော စက်သုံးဆီခွဲတမ်းကို ဒီဇင်ဘာ ၄ ရက်မှ စ၍ ရပ်ဆိုင်းလိုက်သည်

ပြီးခဲ့သည့် နိုဝင်ဘာ နောက်ဆုံးပတ်တွင်ပြုလုပ်ခဲ့သော မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ အစည်းအဝေးအရ ကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သော စက်သုံးဆီခွဲတမ်းကို ဒီဇင်ဘာ ၄ ရက်မှ စ၍ ရပ်ဆိုင်းလိုက်သည်။

ထို့အပြင် လတ်တလောဖြစ်ပေါ်နေသော စက်သုံးဆီတင်သွင်းမှုအတွက် လိုအပ်သော ဒေါ်လာအကျပ်အတည်းကို ဖြေရှင်းနိုင်ရန် ပို့ကုန်သမားများထံမှ ရသော ဝင်ငွေ ၆၅ ရာခိုင်နှုန်းကို နိုင်ငံခြားငွေ ပေါက်ဈေးအတိုင်း လွတ်လပ်စွာ ရောင်းချနိုင်ကြောင်း စစ်ကောင်စီ ဗဟိုဘဏ်က ပြင်ဆင်သတ်မှတ်ပေးလိုက်သည်။

အဆိုပါ သတ်မှတ်ချက် ထွက်လာပြီးနောက် အမေရိကန်ဒေါ်လာဈေးမှာ မငြိမ်မသက်ဖြစ်နေပြီး ဆက်တိုက်မြင့်တက်ပြီး တဒေါ်လာလျှင် ၃၆၀၀ ကျပ်ကျော်အထိပင် ဖြစ်လာကာ ထို့အတွက် သွင်းကုန်ကိုသာ မှီခိုနေရသည့် မြန်မာနိုင်ငံအတွက် အခြေခံ လူသုံးကုန်၊ စားသောက်ကုန် ဈေးများ မြင့်လာနိုင်နေသည်။

လတ်တလောဖြစ်ပေါ်နေသော အဓိက အကြောင်းရင်းသည် စစ်ကောင်စီတွင် နိုင်ငံခြားအရန်ငွေ ပိုမို အကျပ်ရိုက်လာနေခြင်းနှင့် ဈေးကွက်များကို ထိန်းချုပ်ကန့်သတ်ထားမှုများကြောင့်ပင် ဖြစ်ကြောင်း စီးပွားရေးပညာရှင်တဦးက ဧရာဝတီသို့ ပြောသည်။

၎င်းက “အခုအခြေအနေက သူတို့မှာ နိုင်ငံခြားအရန်ငွေပြဿနာကို ပိုပြီး ကြီးလာနေတာတော့ အသေအချာပဲ။ ဈေးကွက်တွေကို သူတို့အကုန်လိုက်ဝင်ထိန်းတယ်၊ အခု မနိုင်တော့ကြပြန်ပြီးတော့ လွှတ်ပေးတယ်။ သူတို့ ပို့ကုန်ရငွေကိစ္စကို ပြန်ဖြေလျှော့ပေးလိုက်တဲ့ ကိစ္စကလည်း အဆင်ပြေမယ်လို့ မထင်ဘူး။ နောက်ကျသွားပြီ။ ဘာလို့ဆိုရင် ပို့ကုန်တင်ပို့မှုလျော့ကျနေတဲ့ ဒီလိုအချိန်ဖြစ်နေလို့ပဲ။ ကျနော်တို့ အရင်ကလည်းပြောခဲ့တယ်။ သူတို့မှာ မူဝါဒသေချာမရှိဘူး။ အကုန်လုံးကို ရေတိုနည်းလမ်းတွေနဲ့ပဲ လိုက်လုပ်နေတာ” ဟု ပြောဆိုသည်။

စစ်ကောင်စီသည် အမေရိကန်၏ အရေးယူပိတ်ဆို့ခံရခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မရှိခြင်း၊ ပို့ကုန် ကျဆင်းသွားခြင်း၊ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေခြင်းတို့ကြောင့် နိုင်ငံခြားငွေစီးဝင်မှု လျော့ကျနေချိန်၌ တဖက်တွင် စစ်အသုံးစရိတ် ပိုမိုကုန်ကျကာ နိုင်ငံခြားအရန်ငွေ ခန်းခြောက်မှုက အကြီးအကျယ် အကျပ်ရိုက်လာနေပြီဖြစ်သည်။

You may also like these stories:

ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

စက်မှုဇုန်များအတွက် စက်သုံးဆီ မပေးတော့သဖြင့် ကုန်ထုတ်လုပ်မှု ပိုခက်လာနိုင်

စစ်ပွဲများကြောင့် ပြတ်တောက်လာသည့် နယ်စပ်ကုန်သွယ်ရေး

နွေဦးဘဏ်က ၁၀ ရက်အတွင်း ဒေါ်လာ ၁၀ သန်းဖိုး ရှယ်ယာရောင်းချနိုင်

Your Thoughts …
Tags: Sliderစက်သုံးဆီဈေးနှုန်းစက်သုံးဆီအရောင်းဆိုင်စွမ်းအင်ဝန်ကြီးဌာနနိုင်ငံခြားအရန်ငွေပြတ်တောက်ရခြင်း နောက်ကွယ်ဗဟိုဘဏ်လျှပ်စစ်မီးပြတ်တောက်မှု
အောင်ခမ်း

အောင်ခမ်း

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.1k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.4k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.5k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.2k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

by ဧရာဝတီ
14 September 2023
48.7k

စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

Next Post
အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

အဖော်လေးတွေ…

အဖော်လေးတွေ…

No Result
View All Result

Recommended

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

2 days ago
5.2k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
4.7k

Most Read

  • တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • အငြင်းပွားဖွယ် စီးပွားရေးသမားကို NUG က အမေရိကန် အထူးသံတမန်ခန့်

    shares
    Share 0 Tweet 0
  • အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

    shares
    Share 0 Tweet 0
  • ဗန်းမော်ကို KIA ဘာကြောင့် မသိမ်းနိုင်သေးလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate