“၁၀၂၇ စစ်ဆင်ရေး” တစိတ်တပိုင်းဖြစ်သော ကိုးကန့်ဒေသ အလုံးစုံသိမ်းပိုက်ရေး နောက်ဆုံးခံတပ်ဖြစ်သည့် လောက်ကိုင်မြို့အား ထိုးစစ်ဆင်နေချိန် တရုတ်၏ကြားဝင်မှုကြောင့် ရှမ်းပြည်မြောက်ပိုင်းဒေသ စစ်ရေး၊ နိုင်ငံရေး အပြောင်းအလဲများအား လူအများစောင့်ကြည့်နေကြရသည်။
ညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်သော မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် စစ်ဆင်ရေး တလကျော်အတွင်း ကိုးကန့်ဒေသရှိ မြို့များ၊ တပ်စခန်းများနှင့် မြန်မာ-တရုတ် ကုန်သွယ်ရေးဂိတ်အားလုံးနီးပါးကို တိုက်ခိုက်ချေမှုန်းခဲ့ပြီးနောက် ကိုးကန့်ဒေသတခုလုံးထိန်းချုပ်ရေး လောက်ကိုင်မြို့အား သိမ်းပိုက်ရန်သာ ကျန်တော့သည်။
လက်ရှိတွင် ညီနောင်မဟာမိတ်တပ်သည် ကိုးကန့်ဒေသဦးစီးအဖွဲ့ရုံးစိုက်ရာ လောက်ကိုင်မြို့အား ဝိုင်းပတ်ပိတ်ဆို့ ထားပြီး တိုက်ပွဲသည် မြို့အတွင်းသို့ ကူးစက်ဝင်ရောက်လာနေပြီ ဖြစ်သည်။
လက်ရှိတွင်လည်း ညီနောင်မဟာမိတ်တပ်သည် ကိုးကန့်ဒေသဦးစီးအဖွဲ့ရုံးစိုက်ရာ လောက်ကိုင်မြို့အား ဝိုင်းပတ်ပိတ်ဆို့ ထားပြီး တိုက်ပွဲသည် မြို့အတွင်းသို့ ကူးစက်ဝင်ရောက်လာနေပြီ ဖြစ်သည်။
ထို့ကြောင့် “၁၀၂၇ စစ်ဆင်ရေး” အား တန်ပြန်ချေမှုန်းရန်ကြုံးဝါးခဲ့သည့် စစ်ကောင်စီသည် ကိုးကန့်ဒေသနှင့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးအား လက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက် စစ်ရေးပဋိပက္ခအား နိုင်ငံရေးအရဖြေရှင်းရန် လေသံပစ်ခဲ့ပြီး မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့အား ဖိအားပေးရန် တရုတ်ထံ အကူအညီတောင်းခဲ့ရသည်။
တရုတ် ဖမ်းဝရမ်း
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေသည် မကြာသေးမီက တရုတ်နိုင်ငံ၊ ပေကျင်းတွင် ကျင်းပသည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်စဉ် တရုတ်နိုင်ငံခြားဝန်ကြီး ဝမ်ယိနှင့် သီးခြားတွေ့ဆုံကာ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ ပူတွဲတိုက်ဖျက်ရေး ထပ်မံပြောဆို ဆွေးနွေးခဲ့သည်။
ထိုတွေ့ဆုံမှုအပြီး မကြာမီ လောက်ကိုင်ဒေသ ထိုးစစ်အရှိန်တန့်သွားကာ အခြေအနေများ ပြောင်းလဲလာခဲ့သည်။
ဒီဇင်ဘာ ၁၀ ရက်တွင် တရုတ်က စစ်ကောင်စီတပ် သစ္စာခံများဖြစ်သော ကိုးကန့်ဒေသနယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်ခေါင်းဆောင်များအား အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများနှင့်ပတ်သက်ပြီး ဖမ်းဝရမ်းထုတ်လိုက်သည်။
တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ကိုးကန့်ဒေသခေါင်းဆောင် ပယ်ဆောက်ချိန်၊ သားဖြစ်သူ ပယ်ရင်ချန် (ခ) ခင်မောင်ဝင်း၊ သမီးဖြစ်သူ ပယ်ရင်လန်၊ နယ်ခြားစောင့်တပ်ခေါင်းဆောင်ဟောင်း ဝေဆန်း (ဗိုလ်မှူးကြီး-ငြိမ်း) နှင့် သားဖြစ် သူ ဝေချင်းဆုန်၊ ဟိန်းလီလုပ်ငန်းစု CEO ဝေယုံ (ခ) ဒေါ်ချောချောအေး၊ ဖူလီလိုက်လုပ်ငန်းစု ဥက္ကဋ္ဌ လျိုအာပေါက်နှင့် သားဖြစ်သူ လျိုကျီကွမ်၊ လျိုကျိမ့်မောက်နှင့် ရွှီလောက်ဖာတို့ ၁၀ ဦးအား ဖမ်းဝရမ်းထုတ်လိုက်ခြင်း ဖြစ်သည်။
၎င်းတို့သည် ကိုးကန့်ဒေသ၏ အကြီးဆုံးစီးပွားရေးလုပ်ငန်းရှင်များလည်း ဖြစ်ကြသည်။
ထိုသို့ ဖမ်းဝရမ်းမထုတ်မီ အောက်တိုဘာလကတည်းက လျိုအာပေါက်ညီဖြစ်သူ ဦးမောင်မောင်၊ ဒေါ်ချောချောအေး၏ မောင်ဖြစ်သူ ဝေချင်ထောက်နှင့် မြင်ရွှေချမ်း၏ သားမက်ဖြစ်သူ ပီဟွေ့ကျင်းတို့ အပါအဝင် ကိုးကန့်ဒေသလုပ်ငန်းရှင် ၁၁ ဦးအား တရုတ်က ဖမ်းဆီးထားပြီး ဖြစ်သည်။
တရုတ်အစိုးရက ထပ်မံထုတ်ပြန်လိုက်သည့် အဆိုပါ ဖမ်းဝရမ်းနှင့်ပတ်သက်ပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ တိုက်ဖျက်ရေး ပူးတွဲဆောင်ရွက်ရန် ကတိကဝတ်ပြုထားသော စစ်ကောင်စီသည် ၎င်း၏သစ္စာခံ ကိုးကန့်ခေါင်းဆောင်များအား တရုတ်ထံ ဖမ်းဆီးလွှဲပြောင်းပေး မပေး ဆုံးဖြတ်ရတော့မည်။
တရုတ်အစိုးရက ထပ်မံထုတ်ပြန်လိုက်သည့် အဆိုပါ ဖမ်းဝရမ်းနှင့်ပတ်သက်ပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ တိုက်ဖျက်ရေး ပူးတွဲဆောင်ရွက်ရန် ကတိကဝတ်ပြုထားသော စစ်ကောင်စီသည် ၎င်း၏သစ္စာခံ ကိုးကန့်ခေါင်းဆောင်များအား တရုတ်ထံ ဖမ်းဆီးလွှဲပြောင်းပေး မပေး ဆုံးဖြတ်ရတော့မည်။
စစ်ကောင်စီ ဖမ်းပို့မလား
လက်ရှိ ဝိုင်းပတ်ပိတ်ဆို့ခံထားရသည့် ကိုးကန့်မြို့တော် လောက်ကိုင်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အခြေစိုက် ထားသော်လည်း စစ်ကောင်စီသည် ညီနောင်မဟာမိတ်အဖွဲ့၏ထိုးစစ်အား ရင်ဆိုင်ရန် အင်အားထောင်ဂဏန်းဝန်းကျင်ရှိ ကိုးကန့်နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်များကို အားကိုးနေရသည့်အခြေအနေ ဖြစ်သည်။
ထို့ကြောင့် တရုတ်ကအလိုရှိသည့် နယ်ခြားစောင့်တပ်ခေါင်းဆောင်များနှင့် စီးပွားရေးသမားများအား ဖမ်းဆီးလွှဲပြောင်းပေး မပေးသည် ကိုးကန့်စစ်ပွဲအပေါ် တစုံတရာ သက်ရောက်မှုရှိလာနိုင်သည့် အခြေအနေဟုလည်း ဆိုနိုင်သည်။
နိုင်ငံရေးလေ့လာသုံးသပ်သူတဦးကမူ စစ်ကောင်စီအနေဖြင့် စစ်ရေးဖိအားများသည့် အခြေအနေတွင် ကိုးကန့်နယ်ခြား စောင့်တပ်နှင့် ပြည်သူ့စစ်များအပေါ် ဩဇာကြီးသည့် ပယ်ဆောက်ချိန်နှင့်ဝေဆန်းတို့ အပါအဝင် ဝရမ်းထုတ်ခံရသူများအား တရုတ်ထံ လွှဲပြောင်းပေးဖွယ်မရှိကြောင်း သုံးသပ်ပြောဆိုသည်။
၎င်းက “အဓိကတော့ ပယ်ဆောက်ချိန်တို့၊ ဝေဆန်းတို့ကို လွှဲပေးလိုက်ရင် ကိုးကန့်ပြည်သူ့စစ် မရှိတော့ဘူး။ ကုန်ပြီ။ သူ အားကိုးစရာလူ မရှိတော့ဘူး။ ဒုတိယက ဟိုလူတွေကဖော်လို့ရှိရင် သူတို့စစ်တပ်ကို ဘယ်လောက်ခွဲပေးရတယ်ဆိုတာ ပေါ်ပြီး ပိုဇာတ်လမ်းရှုပ်မှာပေါ့” ဟု ပြောသည်။
ညီနောင်မဟာမိတ်အဖွဲ့၏ ပြင်းထန်သောထိုးစစ်များအောက် ကိုးကန့်ဒေသတွင် စစ်ကောင်စီဘက်က တပ်ရင်းလိုက် လက်နက်ချမှုနှင့် ပြည်သူ့စစ်များ အညံ့ခံမှု ဆက်တိုက်ဖြစ်နေရာ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်ခေါင်းဆောင်များ ထပ်မံအရေးယူဖမ်းဆီးခံရပါက အောက်ခြေကိုးကန့်ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ ဆက်လက်တိုက်ခိုက်လိုမှုအပေါ် ထည့်သွင်းစဉ်းစားရမည် ဖြစ်ကြောင်းလည်း လေ့လာသူအချို့က ဆိုသည်။
MNDAA အနေဖြင့်လည်း ကိုးကန့်ဒေသပြည်သူ့စစ်များ လက်နက်ချကာ ၎င်းတို့နှင့်ပူးပေါင်းရန် အကြိမ်ကြိမ်ဖိတ်ခေါ်လျက် ရှိသည်။
နိုဝင်ဘာလအတွင်းက အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် လူသေစေမှုများကြောင့် တရုတ်က ဖမ်းဝရမ်းထုတ်ခဲ့သည့် ပယ်ဆောက်ချိန်၏ လက်ရင်းတပည့်ဖြစ်သူ မြင်ရွှေချမ်းနှင့်မိသားစုအား စစ်ကောင်စီသည် ဖမ်းဆီးကာ တရုတ်ထံ လွှဲပြောင်းပေးခဲ့ဖူးသည်။
နိုဝင်ဘာလအတွင်းက အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် လူသေစေမှုများကြောင့် တရုတ်က ဖမ်းဝရမ်းထုတ်ခဲ့သည့် ပယ်ဆောက်ချိန်၏ လက်ရင်းတပည့်ဖြစ်သူ မြင်ရွှေချမ်းနှင့်မိသားစုအား စစ်ကောင်စီသည် ဖမ်းဆီးကာ တရုတ်ထံ လွှဲပြောင်းပေးခဲ့ဖူးသည်။
သို့သော် ထိုလွှဲပြောင်းမှုတွင် ၎င်းတို့အား သစ္စာခံခဲ့သည့် မြင်ရွှေချမ်းမှာ ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့်ပစ်ပြီး သတ်သေခဲ့သည်ဟုဆိုကာ အလောင်းကိုသာ တရုတ်ထံ အပ်နှံပြသခဲ့သည်။
ထိုဖြစ်စဉ်တွင် မြင်ရွှေချမ်းအနေဖြင့် အမှန်တကယ် သတ်သေခြင်း ဟုတ် မဟုတ်ကိုမူ လူထုကြား သံသယရှိကြသည်။
MNDAA ပြောခွင့်ရှိသူ ကိုရန်ရန်က “မြင်ရွှေချမ်းက ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်ပြောပေမယ့် သံသယတွေ အများကြီး ရှိပါသေးတယ်။ သတ်သေတာလား၊ သူများသတ်လို့ သေတာလားဆိုတာ။ မနက်ပိုင်းမှာ ဖမ်းမိပြီးဆိုပြီး နောက်ကျတော့ သတ်သေတယ် ထပ်ထုတ်ပြန်တာဆိုတော့ ထိန်းချုပ်ထားတဲ့သူကို ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့အထိ ဖြစ်တယ်ဆိုတာ စဉ်းစားစရာပဲ။ တခုခုကိုဖုံးကွယ်ဖို့ ဒီလိုဖြစ်လာတယ်လို့ သုံးသပ်ချင်စရာပဲ” ဟု ဧရာဝတီကို ပြောဆိုထားသည်။
အပစ်ရပ်ရန်လည်း တရုတ်က ပြော
လက်ရှိတွင် အွန်လိုင်းငွေကြေးလိမ်လည်မှုများတိုက်ဖျက်ရေး နေ့စဉ်ထုတ်ပြန်ပြောဆိုနေသည့် စစ်ကောင်စီသည် နယ်ခြား စောင့်တပ်ခေါင်းဆောင်များ ဖမ်းဝရမ်းထုတ်ခံရမှုအပေါ် ယနေ့အချိန်ထိ တစုံတရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
ကိုးကန့်ခေါင်းဆောင်များအား တရုတ်က ဝရမ်းထုတ်ပြီး နောက်တရက် ဒီဇင်ဘာ ၁၁ ရက်တွင် တရုတ်၏ ကြားဝင်ကူညီမှုဖြင့် စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ကြား တရုတ်နိုင်ငံ၌ တွေ့ဆုံမှုတခု ဖြစ်ပေါ်လာခဲ့သည်။
ယင်းတွေ့ဆုံမှုသည် စစ်ရေးပဋိပက္ခအား နိုင်ငံရေးအရဖြေရှင်းရန် ဆွေးနွေးခြင်းဖြစ်ပြီး ယခုလကုန်ပိုင်းတွင် ထပ်မံတွေ့ဆုံ ရန်ရှိကြောင်း စစ်ကောင်စီ ပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
တရုတ်ဘက်ကလည်း အဆိုပါတွေ့ဆုံမှုသည် ကောင်းမွန်သောရလဒ်ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သော်လည်း ညီနောင် မဟာမိတ်သုံးဖွဲ့နှင့် နီးစပ်သူတဦးကမူ ဆွေးနွေးမှုတွင် မည်သည့်သဘောတူညီမှုမှ ရခဲ့ခြင်းမရှိကြောင်း ဧရာဝတီသို့ ပြောသည်။
တရုတ်ဘက်ကလည်း အဆိုပါတွေ့ဆုံမှုသည် ကောင်းမွန်သောရလဒ်ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သော်လည်း ညီနောင် မဟာမိတ်သုံးဖွဲ့နှင့် နီးစပ်သူတဦးကမူ ဆွေးနွေးမှုတွင် မည်သည့်သဘောတူညီမှုမှ ရခဲ့ခြင်းမရှိကြောင်း ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့က ဆွေးနွေးပွဲအချက်အလက်များအား ထုတ်ဖော်ပြောဆိုခြင်း မရှိ သော်လည်း ဆွေးနွေးမှုမှတဆင့် နိုင်ငံအနှံ့စစ်ဆင်ရေးဖော်ဆောင်မှုများအား သက်ရောက်မှုရှိလာမည်ကို ပြည်သူများက စိုးရိမ်မှုရှိခဲ့သည်။
ထိုအချက်နှင့်ပတ်သက်ပြီး ညီနောင်မဟာမိတ်အဖွဲ့က “စစ်ကောင်စီ၏ ဖိနှိပ်မှုဒဏ်ကို မျိုးဆက်တခုပြီးတခု ခံစားခဲ့ကြရ သော မြန်မာပြည်သူလူထုတရပ်လုံး မျှော်လင့်တောင့်တနေသည့် နိုင်ငံရေးရည်မှန်းချက်များကို မိမိတို့အနေဖြင့် မည်သည့်အခါမှ လစ်လျူရှုသွားမည် မဟုတ်သည့်အပြင် နောက်လှည့်၍သွားမည့်သူများ မဟုတ်ကြောင်း အသိပေးလိုက်ပါသည်” ဟု ဒီဇင်ဘာ ၁၂ ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
လတ်တလောတွင်လည်း ညီနောင်မဟာမိတ်သုံးဖွဲ့ထဲမှ ရက္ခိုင့်တပ်တော်(AA)၊ ပလောင် (တအာင်း) အမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကောင်စီတို့ကြား ရှမ်းပြည်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိသည်။
ကရင်၊ စစ်ကိုင်း၊ ပဲခူးနှင့် ကရင်နီဒေသတို့တွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားမှုရှိနေပြီး မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲ များ ဆက်လက်ဆင်နွှဲနေမှုကြောင့် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်အဖွဲ့ကြား တွေ့ဆုံမှုသည် ထိုစစ်ဆင်ရေးလှုပ်ရှားမှု များအပေါ် သက်ရောက်မရှိနိုင်ကြောင်း စစ်ရေးလေ့လာသူတဦးက ပြောသည်။
၎င်းက “တချို့ စိုးရိမ်တာက ရှမ်းမြောက်က အပစ်ရပ်သွားရင် တခြားဘက်ကို ဖိမလားပေါ့။ ရှမ်းမြောက်က လောလောဆယ် အပစ်ရပ်လည်း ရှမ်းမြောက်ကနေ တပ်ထုတ်စရာမရှိပါဘူး။ လေကြောင်းကလည်း နမ့်ခမ်းရော၊ နမ့်ဆန်ရော အခု ဆက်တိုက်ဗုံးကြဲနေတာပဲ။ ကျန်တဲ့နေရာတွေ စိတ်ပူစရာမလိုပါဘူး” ဟု ဆိုသည်။
ဆက်လက်၍ ၎င်းက “အဓိက စစ်တပ်က ဝါဒဖြန့်နေတာများတယ်။ အပစ်ရပ်ပြီ၊ ငြိမ်းချမ်းရေးရပြီဆိုတဲ့ သတင်းတွေပေါ့။ တကယ်က ဘာသဘောတူညီချက်မှမရဘူး။ မြောက်ပိုင်းသုံးဖွဲ့နဲ့ ပြည်မလူထု၊ PDF ကြား သွေးခွဲဖို့ကြိုးစားနေတာ။ EAO တွေက စစ်တပ်နဲ့ပတ်သက်ပြီး ပိုပြီးအတွေ့အကြုံ ရှိကြပါတယ်။ စစ်တပ်လိမ်တိုင်း သူတို့ခံမှာမဟုတ်ပါဘူး” ဟုလည်း သုံးသပ်ပြောဆိုသည်။
လက်ရှိတွင် တရုတ်၏ ကိုးကန့်နယ်ခြားစောင့်တပ်ခေါင်းဆောင်များအား ဖမ်းဝရမ်းထုတ်မှုနှင့် နှစ်ဖက်တွေ့ဆုံမှုအပြီး ညီနောင်မဟာမိတ်အဖွဲ့၏ နေ့စဉ်သတင်းထုတ်ပြန်ချက်များ၌ လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်ပွားမှု အခြေအနေများ အရှိန်တန့်နေသည်ကို တွေ့ရသည်။
တရုတ်ဘက်ကလည်း အပစ်ရပ်ရန် MNDAA ဘက်ကို အကြီးအကျယ် ဖိအားပေးနေကြောင်း သိရသည်။ တရုတ်နယ်စပ်ရှိ သတင်းရင်းမြစ်များအဆိုအရ တရုတ်ပြည်အတွင်း နေထိုင်နေသောMNDAA နှင့် ပတ်သက်ဆက်စပ်သူများအား တရုတ်က ထိန်းသိမ်းထားကြောင်း သိရသည်။
တရုတ်ဘက်ကလည်း အပစ်ရပ်ရန် MNDAA ဘက်ကို အကြီးအကျယ် ဖိအားပေးနေကြောင်း သိရသည်။ တရုတ်နယ်စပ်ရှိ သတင်းရင်းမြစ်များအဆိုအရ တရုတ်ပြည်အတွင်း နေထိုင်နေသောMNDAA နှင့် ပတ်သက်ဆက်စပ်သူများအား တရုတ်က ထိန်းသိမ်းထားကြောင်း သိရသည်။
ယာယီအပစ်ရပ် လောက်ကိုင်
ညီနောင်မဟာမိတ်သုံးဖွဲ့သည် စစ်ဆင်ရေးစတင်ကတည်းက စစ်အာဏာရှင်အမြစ်ဖြတ်ရေးနှင့် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများတိုက်ဖျက်ရေး ဦးတည်ကြောင်း အတိအလင်းကြေညာထားခဲ့ပြီး ကိုးကန့်ဒေသအလုံးစုံထိန်းချုပ်ရေးတွင် အွန်လိုင်း လိမ်လည်မှုလုပ်ငန်းများအခြေစိုက်ရာ လောက်ကိုင်မြို့ တိုက်ခိုက်သိမ်းပိုက်ရေးသည်လည်း အဓိကအရေးပါလျက်ရှိသည်။
ထို့ကြောင့် တရုတ်နိုင်ငံက အလိုရှိသော အွန်လိုင်းလိမ်လည်မှုလုပ်ငန်း ပဲ့ကိုင်ရှင်များနှင့် လုပ်ကိုင်သူများအား ဖမ်းဆီးလွှဲ ပြောင်းပေးနေသကဲ့သို့ လက်ရှိတွင်လည်း ပဲ့ကိုင်သူများ၊ လုပ်ငန်းနှင့်ဆက်စပ်သူအချို့ ထွက်ပြေးတိမ်းရှောင်နေသည့် အတွက် ၎င်းတို့အနေဖြင့် စုံစမ်းစစ်ဆေးပြီး လိုက်လံဖမ်းဆီးခြင်းများ လုပ်ဆောင်နေကြောင်း ညီနောင်မဟာ မိတ်အဖွဲ့က ထပ်မံသတင်းထုတ်ပြန်သည်။
ထိုအခြေအနေတွင် တရုတ်အစိုးရကူညီမှုဖြင့် စစ်ရေးဖိအားလျှော့ချရန် ဆွေးနွေးရေးလမ်းကြောင်းခင်းလာသည့် စစ်ကောင်စီသည် တရုတ်အစိုးရ၏ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဖိအားပေးမှုကြား ၎င်း၏သစ္စာခံ နယ်ခြားစောင့် တပ်ခေါင်းဆောင်များအား ဖမ်းဆီးပြီး တရုတ်ထံ လွှဲပြောင်းပေးခြင်းပြုမပြုနှင့် လောက်ကိုင်မြို့သိမ်း စစ်ဆင်ရေးအပေါ် မည်သို့သက်ရောက်မှုရှိလာမည်ကို ဆက်လက်စောင့်ကြည့်ရမည် ဖြစ်သည်။ ။
You may also like these stories:
ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ
ရှမ်းမြောက်စစ်ပွဲ အပစ်ရပ်သတဲ့လား
အွန်လိုင်းငွေကြေးလိမ်လည်မှု ကမ္ဘာတဝန်း ပြန့်ပွားလာဟု အင်တာပို အစီရင်ခံ
သစ္စာဖောက်ခံရပြီး ၁၄ နှစ်အကြာတွင် ဖုန် ဆွေမျိုးစု လက်စားချေခြင်း
မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း