၂၀၂၃ ခုနှစ်သည် အရှေ့တောင်အာရှ၏ ဖရိုဖရဲနှစ်ဖြစ်သည်။
မြန်မာတွင် စစ်ဆက်လက်ဖြစ်နေပြီး ယခုနှစ်အတွင်း ရာပေါင်းများစွာသော စစ်သားများနှင့် စစ်ကောင်စီဆန့်ကျင်ရေး တိုက်ခိုက်ရေးသမားများအပြင် ထောင်ပေါင်းများစွာသော အရပ်သားများ အသတ်ခံခဲ့ရနိုင်သည်။ ဒေသတွင်းအဖွဲ့အစည်းဖြစ်သော အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) သည် စစ်ဖြစ်နေသည့် ဘက်အသီးသီးကို တွေ့ဆုံညှိနှိုင်းရေး စားပွဲဝိုင်းသို့ ခေါ်ရန် မလုပ်ဆောင်နိုင်ရုံသာမက ၂၀၂၁ ခုနှစ် အစောပိုင်းက အာဏာသိမ်းသည့် စစ်ကောင်စီကို ပိုမိုတင်းမာသည့် သဘောထားလည်း မထားနိုင်ဘဲဖြစ်နေသည်။
မြန်မာတွင် နိုင်ငံရေး အကြမ်းဖက်မှု မြင့်မားလာခြင်း၏ အကျိုးဆက်တခုမှာ ရာဇဝတ်မှုများ ပျံ့နှံ့လာခြင်း ဖြစ်သည်။ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNDOC) က ထုတ်ပြန်သည့် အရှေ့တောင်အာရှ ဘိန်းစစ်တမ်း ၂၀၂၃ အရ မြန်မာသည် ကမ္ဘာ့ဘိန်းအများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်လာပြီး ၂၀၂၃ ခုနှစ်တွင် ယခင်နှစ်ထက် ဘိန်းစိုက်ပျိုးမြေ ၁၈ ရာခိုင်နှုန်းတိုးကာ ၄၇,၁၀၀ ဟက်တာ (၁၁၆,၃၈၆ ဧက) အထိ ရှိလာသည်။
“ဘိန်းစိုက်ပျိုးမြေ အကျယ်အဝန်းသည် ၂၀၁၃ ခုနှစ်က သမိုင်းဝင် အမြင့်မားဆုံးဖြစ်သည့် ၅၈,၀၀၀ ဟက်တာ (၁၄၃,၃၀၀ ဧက) သို့ ပြန်မရောက်သေးသော်လည်း သုံးနှစ်ဆက်တိုက် တိုးလာနေပြီး မြန်မာတွင် ဘိန်းစိုက်ပျိုးမှု ကျယ်ပြန့်လာနေကာ ထွက်နှုန်းလည်း ပိုမိုကောင်းနေသည်” ဟု အထက်ပါ အစီရင်ခံစာက ဖော်ပြသည်။
“ဘိန်းစိုက်ပျိုးမြေ အကျယ်အဝန်းသည် ၂၀၁၃ ခုနှစ်က သမိုင်းဝင် အမြင့်မားဆုံးဖြစ်သည့် ၅၈,၀၀၀ ဟက်တာ (၁၄၃,၃၀၀ ဧက) သို့ ပြန်မရောက်သေးသော်လည်း သုံးနှစ်ဆက်တိုက် တိုးလာနေပြီး မြန်မာတွင် ဘိန်းစိုက်ပျိုးမှု ကျယ်ပြန့်လာနေကာ ထွက်နှုန်းလည်း ပိုမိုကောင်းနေသည်”
တချိန်တည်းတွင် မက်သာဖက်တမင်း ထုတ်လုပ်မှုလည်း တိုးလာနေသည်။ ရလဒ်တခုမှာ အရှေ့တောင်အာရှ ကျန်အစိတ်အပိုင်းများတွင် ဈေးပေါသော မူးယစ်ဆေးများ ရေလွှမ်းမိုးသလို များပြားလာခြင်းဖြစ်သည်။ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့သည် မြန်မာနယ်စပ်အနီးတွင် မက်သာဖက်တမင်းဆေးပြား သန်း ၅၀ ဖမ်းမိပြီး ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါး အများဆုံး ဖမ်းမိခြင်းဖြစ်ကာ အာရှတွင် ဒုတိယအများဆုံး မူးယစ်ဆေးဝါးဖမ်းမိခြင်း ဖြစ်သည်။

မက်သာဖက်တမင်းနှင့် ကဖိန်း ပေါင်းစပ်ထားသည့် ယာဘ ဆေးပြားများကို လာအိုတွင် တပြားလျှင် အမေရိကန်ဒေါ်လာ ၂၄ ဆင့်ဖြင့် ရောင်းကြောင်း အလက်စတာ မက်ခရီဒီက Al Jazeera သတင်းတွင် နိုဝင်ဘာလက ဖော်ပြခဲ့သည်။
မူးယစ်ဆေးဝါး ပေါများခြင်းကြောင့် အခြားရာဇဝတ်မှုများ ပေါက်ကွဲများပြားလာသည်။ ရာဇဝတ်မှု အသေးစားများကိုပင် အာဏာပိုင်များက အရေးမယူနိုင်ခြင်းနှင့် ပတ်သက်၍ သာမန် လာအိုပြည်သူများ၏ ဒေါသအကြောင်း လွတ်လပ်သောအာရှအသံ (RFA) က ဖော်ပြခဲ့သည်။ ထိုအခြေအနေကို ကွန်မြူနစ် လာအိုနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့် စီးပွားရေး အကျပ်အတည်းက ပိုမိုဆိုးရွားစေသဖြင့် ဒေသတခုလုံးကို ဖရိုဖရဲအခြေအနေ ကူးစက်လာသည့် နောက်ထပ် လက္ခဏာတခုဖြစ်သည်။
အွန်လိုင်း ငွေကြေးလိမ်လည်သည့် နိုင်ငံတော်များ
သေဒဏ်စီရင်ခြင်းကို နှစ်အတန်ကြာ ရပ်ဆိုင်းထားပြီးနောက် စင်ကာပူသည် နိုင်ငံတော်က အကောင်အထည်ဖော်သည့် သေဒဏ်စီရင်ခြင်း ပြန်လည် စတင်ရန် လိုအပ်သည်ဟု ယူဆပြီး ဆယ်စုနှစ် နှစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတရားခံတဦးကို မူးယစ်ဆေးနှင့် ပတ်သက်သည့် အမှုများအတွက် ၂၀၂၃ ခုနှစ်တွင် ကွပ်မျက်လိုက်သည်။
မြန်မာသည် “မူးယစ်ဆေးဝါးနိုင်ငံတော်” ဆိုသည့် ဝိသေသထူးကို ထပ်မံပိုင်ဆိုင်လာသည်ဆိုလျှင် မြန်မာနှင့် ကုန်းမြေချင်း ဆက်စပ်နေသည့် အိမ်နီးချင်းများအနက် အချို့သည် “အွန်လိုင်း ငွေကြေးလိမ်လည်သည့် နိုင်ငံတော်များ” ဆိုသည့် ဝိသေသထူးကို ရရှိမည်ဖြစ်သည်။
No more bet သည် တရုတ်တွင် အများပြည်သူကို သတိပေးသည့် ကြေကွဲစရာ ရာဇဝတ်မှု ဇာတ်လမ်း ဖြစ်သည်ဆိုလျှင် အရှေ့တောင်အာရှတွင် ထိုရုပ်ရှင်သည် ၎င်းတို့နိုင်ငံများမှ မှားယွင်းနေသည်များ အားလုံးအတွက် တုန်လှုပ်စရာကောင်းသော စွဲချက်ဖြစ်သည်။
အရှေ့တောင်အာရှ တနေရာရာမှ ငွေကြေးလိမ်လည်သူများအတွက် အလုပ်လုပ်ပေးရန် ဖြားယောင်းခံရသည်ကို မသိဘဲ အလိမ်ခံရသည့် တရုတ်လူငယ်များ ကြေကွဲစရာဖြစ်ရပ်များ ရင်ဆိုင်ရသည့် အကြောင်း တရုတ်မှ ကျော်ကြားသည့် ရုပ်ရှင် No More Bets ကို ကမ္ဘောဒီးယား အပါအဝင် အရှေ့တောင်အာရှ အစိုးရအများအပြားက ပိတ်ပင်ထားသည်။ အင်အားကြီးမားသည့် မိတ်ဆွေနိုင်ငံသည် “မသမာသော ဝါဒဖြန့်မှု” လုပ်နေသည်ဟု ကမ္ဘောဒီးယားက ယူဆသည်။
No more bet သည် တရုတ်တွင် အများပြည်သူကို သတိပေးသည့် ကြေကွဲစရာ ရာဇဝတ်မှု ဇာတ်လမ်း ဖြစ်သည်ဆိုလျှင် အရှေ့တောင်အာရှတွင် ထိုရုပ်ရှင်သည် ၎င်းတို့နိုင်ငံများမှ မှားယွင်းနေသည်များ အားလုံးအတွက် တုန်လှုပ်စရာကောင်းသော စွဲချက်ဖြစ်သည်။ မည်မျှကြိုးစားသည်ဖြစ်စေ လျစ်လျူရှုမထားနိုင်သည့် ထင်ဟပ်မှုဖြစ်သည်။
မြန်မာတွင် အနည်းဆုံး လူ ၁၂၀,၀၀၀ နှင့် ကမ္ဘောဒီးယားတွင် အနည်းဆုံး လူ ၁၀၀,၀၀၀ ကို အွန်လိုင်း ငွေကြေးလိမ်လည်မှုလုပ်ငန်းများ အတင်းအကျပ်ခိုင်းသည့် အခြေအနေတွင် ဖမ်းဆီးထားဖွယ်ရှိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက သြဂုတ်လတွင် ဖော်ပြခဲ့သည်။

UNDOC ၏ အစီရင်ခံစာတစောင်အရ ကမ္ဘောဒီးယား တနိုင်ငံတည်းတွင်ပင် ရာဇဝတ်မှုများအတွက် အတင်းအကျပ်ခိုင်းရန် လူကုန်ကူးခံရသည့် သားကောင် အနည်းဆုံး ၁၀၀,၀၀၀ ရှိကြောင်း သိရသည်။
“မှန်ကန်တိကျပါက အရှေ့တောင်အာရှတွင် အတင်းအကျပ် ရာဇဝတ်မှုကျူးလွန်စေရန် လူကုန်ကူးခံရသည့် ထိုခန့်မှန်းချက်များအရ သမိုင်းတွင် အကြီးမားဆုံး ညှိနှိုင်းဆောင်ရွက် လူကုန်ကူးသည့် လုပ်ငန်းများဖြစ်သည်” ဟုလည်း ထိုအစီရင်ခံစာက ဆက်လက် ဖော်ပြသည်။
ထိုအရေအတွက်များမှာ ပင်မ ကုန်းမြေနိုင်ငံများမှသည် မလေးရှားနှင့် ဖိလစ်ပိုင်အထိ ကျယ်ပြန့်သည့် အရှေ့တောင်အာရှမှ ငွေကြေးလိမ်လည်သည့် ခြံဝင်းများတွင် အတင်းအကျပ် စေခိုင်းခံရသူများ၏ အရေအတွက်သာဖြစ်ကြောင်း သတိပြုရန်လိုသည်။ အတင်းအကျပ် စေခိုင်းခံရခြင်းမဟုတ်ဘဲ ထိုလုပ်ငန်းကို လုပ်ကိုင်ရန် ရွေးချယ်သူ အရေအတွက်သည် ထို့ထက်အဆများစွာ ပိုမိုများပြားမည်ကို သံသယဖြစ်ရန် မလိုပေ။
စုစုပေါင်းအမျိုးသားထုတ်ကုန်၏ ထက်ဝက်
UNDOC သည် ဘာသာစကား သုံးစွဲရာတွင် လိုအပ်သည်ထက် ပို၍ တွေဝေတုံ့ဆိုင်းနေသည်။ အမည်မဖော်ပြထားသည့် မဲခေါင်နိုင်ငံတခုမှ ငွေကြေးလိမ်လည်သည့် လုပ်ငန်းသည် နှစ်စဉ်ဝင်ငွေဒေါ်လာ ၇ ဒသမ ၅ ဘီလီယံမှ ၁၂ ဒသမ ၅ ဘီလီယံကြား သို့မဟုတ် ထိုနိုင်ငံ၏ ၂၀၂၁ ခုနှစ်က စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု GDP ၏ ထက်ဝက်ခန့် ရှိသည်ဆိုသည့် လျှော့ပေါ့ခန့်မှန်းချက်ကို ထိုရုံးက ထုတ်ပြန်သည်။
လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုများနှင့်လည်း ပတ်သက်နေသော အွန်လိုင်းငွေကြေး လိမ်လည်သည့် လုပ်ငန်းသည် ယခုအခါ ထိုသုံးနိုင်ငံလုံးတွင် အကျိုးအမြတ်အများဆုံး လုပ်ငန်းဖြစ်နေနိုင်ပြီး ပိုမို ဗြောင်ကျကျ လုပ်လာသည့် အဆိုပါလုပ်ငန်းသည် ထိုသုံးနိုင်ငံလုံး၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု GDP နှင့် တူညီနေနိုင်သည်။
ထိုနိုင်ငံသည် ကမ္ဘောဒီးယားဖြစ်မည်ဟု အချို့ထင်ကြသည်။ ကမ္ဘောဒီးယား၏ ထိုနှစ်က စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုသည် ဒေါ်လာ ၂၇ ဘီလီယံရှိသည်။ ထိုအချက်သည် မြန်မာနှင့် လာအိုတို့တွင်လည်း မှန်ကန်နေမည်ကို သိသောကြောင့် မည်သည့်နိုင်ငံဖြစ်သည်ကို UNDOC က အတိအကျ မပြောခြင်းဖြစ်မည်ဟု စာရေးသူ ခန့်မှန်းသည်။
လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုများနှင့်လည်း ပတ်သက်နေသော အွန်လိုင်းငွေကြေး လိမ်လည်သည့် လုပ်ငန်းသည် ယခုအခါ ထိုသုံးနိုင်ငံလုံးတွင် အကျိုးအမြတ်အများဆုံး လုပ်ငန်းဖြစ်နေနိုင်ပြီး ပိုမို ဗြောင်ကျကျ လုပ်လာသည့် အဆိုပါလုပ်ငန်းသည် ထိုသုံးနိုင်ငံလုံး၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု GDP နှင့် တူညီနေနိုင်သည်။
UNDOC ၏ အစီရင်ခံစာကို ကိုးကားရမည်ဆိုပါက “အွန်လိုင်းငွေကြေး လိမ်လည်သည့်လုပ်ငန်းသည် ရာဇဝတ်အုပ်စုများကို ဒေါ်လာ ဘီလီယံပေါင်းများစွာရစေပြီး အကျိုးအမြတ်သည် ဒေသတွင်းမှ နိုင်ငံအချို့၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် အပြိုင်ဖြစ်လာသည်” ဟု ဖော်ပြထားသည်။
ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်တွင် ဖြိုခွဲမှု အချို့ရှိသည်။ မြန်မာနိုင်ငံမြောက်ပိုင်းတွင် အောက်တိုဘာလက ဖြစ်ပွားသော ၁၀၂၇ စစ်ဆင်ရေး ထိုးစစ်ကို ဖြစ်စေသည့် မီးပွားများအနက် တခုမှာ ရှမ်းပြည်နယ်မှ တရုတ် ငွေကြေးလိမ်လည်သော ခြံဝင်းများကို စစ်ကောင်စီက ကိုင်တွယ်နိုင်စွမ်း မရှိခြင်းဖြစ်ကြောင်း ထင်ရှားသည်။
ထိုစစ်ဆင်ရေးသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီတပ်များအတွက် အကြီးမားဆုံး ထိုးနှက်ချက်ဖြစ်သည်ဟု ဖော်ပြကြသည်။ စစ်ကောင်စီက ထိုလုပ်ငန်းများကို အရေးယူခြင်း မရှိသောကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ထိုခြံဝင်းကြီးများကို ကိုင်တွယ်ရန် ဝင်ရောက်လုပ်ကိုင်ခြင်းဖြစ်ပြီး ထိုကိစ္စကို တရုတ်ကလည်း ကောင်းစွာလက်ခံသည်။
ကာလကြာမြင့်စွာ အုပ်ချုပ်နေသည့် လာအိုပြည်သူ့တော်လှန်ရေးပါတီသည် ဘိုကီယိုပြည်နယ်ကို ထိန်းချုပ်ပါသလား သို့မဟုတ် ထိုပြည်နယ်သည် တရုတ်ရာဇဝတ်ကောင် လုပ်ငန်းရှင် ကျောက်ဝေ၏ အပိုင်စားနယ်မြေ ဖြစ်နေပါသလား။ သူသည် ထိုပြည်နယ်၏ မြို့တော်သဖွယ်ဖြစ်နေသော ရွှေတြိဂံ အထူးစီးပွားဇုန်ကို အုပ်ချုပ်နေသည်။
သို့သော် ရာဇဝတ်အုပ်စုများကို ကိုင်တွယ်ရသည့် ကိစ္စသည် အရှေ့တောင်အာရှနိုင်ငံများမှ ရဲတပ်ဖွဲ့များနှင့် စစ်တပ်များ၏ စွမ်းရည်ထက် ကျော်လွန်နေသည်။ အာဏာရှင် အရှေ့တောင်အာရှကုန်းမြေ နိုင်ငံများတွင် တရားဥပဒေ စိုးမိုးရေး အကောင်အထည်ဖော်ခြင်းသည် အာဏာရပါတီများ၏ မျက်နှာသာပေးသော ရာထူးတက်ရန် ငွေပေးရသည့် သြဇာထူထောင်မှုစနစ် ဖြစ်သည်။ ထိုအချက်သည် စစ်တပ်နှင့် ရဲကို လုပ်ငန်း မထိရောက်စေရန်သာမက စနစ်တကျ အကျင့်ပျက်ခြစားစေသည်။
နိုင်ငံရေး အကာအကွယ်
ထိုငွေကြေးလိမ်လည်သည့် ဂိုဏ်းများအတွက် နိုင်ငံရေး အကာအကွယ် အများအပြားရှိသည်မှာ သဘာဝပင် ဖြစ်သည်။ အတော်ထင်ရှားသည့် အချက်မှာ အုပ်ချုပ်သူများ တစိတ်တပိုင်း တက်ကြွစွာ ပါဝင်ပတ်သက်ခြင်း မရှိဘဲ နိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု၏ ထက်ဝက်ခန့်အထိ ကြီးမားသည့် လုပ်ငန်းကို မည်သူမှ မတည်ထောင်နိုင်ပေ။ ကမ္ဘောဒီးယားမှ ငွေကြေးလိမ်လည်သည့် ခြံဝင်းတခု၏ ပိုင်ရှင်အဖြစ် စွပ်စွဲခံရသူ လီခူအောင်ကို နိုင်ငံတွင် ဂုဏ်သိက္ခာအမြင့်မားဆုံးဖြစ်သည့် Neak Oknha ဘွဲ့ကို ဇွန်လတွင် ပေးခဲ့သည်။

ကာလကြာမြင့်စွာ အုပ်ချုပ်နေသည့် လာအိုပြည်သူ့တော်လှန်ရေးပါတီသည် ဘိုကီယိုပြည်နယ်ကို ထိန်းချုပ်ပါသလား သို့မဟုတ် ထိုပြည်နယ်သည် တရုတ်ရာဇဝတ်ကောင် လုပ်ငန်းရှင် ကျောက်ဝေ၏ အပိုင်စားနယ်မြေ ဖြစ်နေပါသလား။ သူသည် ထိုပြည်နယ်၏ မြို့တော်သဖွယ်ဖြစ်နေသော ရွှေတြိဂံ အထူးစီးပွားဇုန်ကို အုပ်ချုပ်နေသည်။
ထို့ကြောင့် အကျင့်ပျက်ခြစားမှုအကြောင်း ဆက်လက် ဆွေးနွေးကြမည်။ ယခုနှစ်တွင် ဗီယက်နမ် ကွန်မြူနစ်ပါတီသည် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးသူများသည် အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၄ ဘီလီယံနီးပါး အလွဲသုံးစားလုပ်သည်ဟု စွပ်စွဲခံရသည့် ထင်ရှားသော အိမ်ခြံမြေ တည်ဆောက်ရေးသမား၏ အမှုနှင့် ပတ်သက်ပြီး အဆင့်မြင့် အရာရှိများနှင့် စီးပွားရေးသမားများ ဒါဇင်ပေါင်းများစွာကို ဖမ်းဆီးလိုက်သည်။ ထိုငွေပမာဏသည် နိုင်ငံ၏ စုစုပေါင်းထုတ်ကုန်၏ ၃ ရာခိုင်နှုန်းကျော် ရှိသည်။
၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်က ကိုဗစ်နိုင်တင်း ကပ်ရောဂါ အမြင့်မားဆုံး ကာလအချို့တွင် အာဏာရှင်နိုင်ငံများသည် တည်ငြိမ်မှု၊ စနစ်ကျမှုနှင့် ကြွယ်ဝချမ်းသာမှုများ ရရှိစေရေးတွင် ဒီမိုကရေစီနိုင်ငံများထက် စွမ်းဆောင်နိုင်သည်ဆိုသည့် အယူအဆ အရှိန်ရလာသည်။ သို့သော် အရှေ့တောင်အာရှမှ ၂၀၂၃ ခုနှစ် ဖြစ်ရပ်များက ဆန့်ကျင်ဘက်လားရာသို့ ပြသနေသည်။
ကွန်မြူနစ် ဗီယက်နမ်သည် ဒေသသမိုင်းတွင် အကြီးမားဆုံး အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံကို မကြာသေးမီကမှ ရင်ဆိုင်ခဲ့ရပြီး ထိုထက်ဆိုးရွားသည့် အခြေအနေများ ဖြစ်လာနိုင်သည်။ ရာဇဝတ်မှုနှုန်းသည် ကွန်မြူနစ် လာအိုတွင် ထိန်းချုပ်မရဖြစ်နေပြီး စီးပွားရေး အကျပ်အတည်းသည်လည်း ၂၀၂၄ နှစ်တွင် ပြီးဆုံးဖွယ် မရှိသေးသောကြောင့် အာဏာရှင်များသည် စီးပွားရေးတိုးတက်မှုကို ကာကွယ်ပေးနိုင်သည့် ယုံကြည်အားထားလောက်သောသူများ မဟုတ်ကြောင်း ပြသနေသည်။
ကမ္ဘောဒီယား၊ လာအိုနှင့် မြန်မာတို့သည် ၎င်းတို့၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု၏ ထက်ဝက်အထိ များပြားသည့် တရားမဝင် ငွေကြေးလိမ်လည်မှု လုပ်ငန်းများကို ပိုင်ဆိုင်နိုင်ပြီး အွန်လိုင်း “ငွေကြေးလိမ်လည်သည့် နိုင်ငံတော်များ” ဖြစ်လာသည်။
ဒေသတွင်းမှ မူးယစ်နိုင်ငံတော် မြန်မာသည် စစ်ကောင်စီက ဖန်တီးခဲ့သည့် စစ်၏ ဝါးမြိုခံနေရသည်။ ယခု စစ်ကောင်စီသည် ယခင်စစ်အုပ်စု နဝတ၊ နအဖတို့မှ ဆင်းသက်လာသည့် စစ်ကောင်စီဖြစ်သည်။
ကမ္ဘောဒီယား၊ လာအိုနှင့် မြန်မာတို့သည် ၎င်းတို့၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု၏ ထက်ဝက်အထိ များပြားသည့် တရားမဝင် ငွေကြေးလိမ်လည်မှု လုပ်ငန်းများကို ပိုင်ဆိုင်နိုင်ပြီး အွန်လိုင်း “ငွေကြေးလိမ်လည်သည့် နိုင်ငံတော်များ” ဖြစ်လာသည်။ ထိုအွန်လိုင်း ငွေကြေးလိမ်လည်သည့် နိုင်ငံများတွင် အစိုးရ၊ တရားစီရင်ရေးနှင့် စစ်တပ်တို့သည် ငွေကြေးလိမ်လည်မှုဂိုဏ်းများ၏ ထိထိရောက်ရောက် ထိုးဖောက်မှူကို ခံနေရသည်။
အာဏာကို လက်ဝါးကြီးအုပ်ရသည့် အကြောင်းပြချက်အဖြစ် အာဏာရှင်များပြောသည့် တည်ငြိမ်မှုနှင့် စနစ်ကျမှုမျိုးက ထိုဖြစ်ရပ်များ အားလုံးနှင့် ကိုက်ညီမှု မရှိပါ။
(RFA ပါ David Hutt ၏ Southeast Asia’s ‘narco-state’ and ‘scam-states’ undercut authoritarian rule boasts ကို ဘာသာပြန်သည်။ ဒေးဗစ်ဟတ်သည် အာရှလေ့လာရေး ဗဟိုဥရောပအင်စတီကျု (CEIAS) မှ သုတေသီဖြစ်ပြီး Diplomat စာစောင်အတွက် အရှေ့တောင်အာရှ ဆောင်းပါးရှင် ဖြစ်သည်)
You may also like these stories:
အွန်လိုင်းငွေကြေးလိမ်လည်မှု ကမ္ဘာတဝန်း ပြန့်ပွားလာဟု အင်တာပို အစီရင်ခံ
အာဏာရှင်လက်ထက် တကျော့ပြန်ပေါ်လာတဲ့ အွန်လိုင်းပေါ်က ငွေကြေးလိမ်လည်မှုများ
မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ
ကိုးကန့် ငွေလိမ်ဂိုဏ်းများကို တရုတ် ဘယ်လိုနှိမ်နင်းသလဲ
အာဖဂန်ကို ကျော်တက်ပြီး ကမ္ဘာ့ဘိန်းအများဆုံးစိုက်သည့် နိုင်ငံ မြန်မာ ဖြစ်လာ