• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စစ်အာဏာသိမ်း သုံးနှစ်ပြည့် ရီဗျူး (၂)

by ဗညားအောင်
30 January 2024
in ဆောင်းပါး
A A
စစ်အာဏာသိမ်း သုံးနှစ်ပြည့် ရီဗျူး (၂)

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီစခန်းကို သိမ်းပိုက်ပြီးနောက် ညီနောင်မဟာမိတ်အဖွဲ့က အလံလွှင့်အောင်ပွဲခံနေစဉ် / The Kokang

4.6k
VIEWS
Share on FacebookShare on Twitter

တစုတစည်းတည်း ခေါင်းဆောင်မှု

စစ်တပ်အာဏာသိမ်းပြီးနောက် ‌နွေဦးတော်လှန်ရေးသည် အားကောင်းမောင်းသန်ရှိလာသည်။ စစ်တပ်ကို လက်နက်ကိုင်ပုန်ကန်သည့် အင်အားစုများသည် များပြားပြီး စစ်တပ်အား အနိုင်တိုက်နိုင်သည်ဟု ကြည့်မြင်သူများပင်လျှင် သံသယရှိသည့်အချက်မှာ ထိုအင်အားများကို တစုတစည်းတည်း ခေါင်းဆောင်နိုင်သည့် အင်အားစုမရှိဟု သုံးသပ်ခြင်းနှင့်အတူ PDF များအား လက်နက်ခဲယမ်းတပ်ဆင်ရန် ခက်ခဲလိမ့်မည်ဟု အမြင်ရှိကြ၏။ အဓိကပြဿနာမှာ တစုတစည်းတည်း ခေါင်းဆောင်နိုင်ခြင်း မရှိသည့်ပြဿနာ ဖြစ်သည်ဟု ကြည့်မြင်ကြ၏။

RelatedPosts

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

14 May 2025
3.5k
ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

14 May 2025
990
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
10.4k

ပြည်တွင်းပြည်ပမှ မြန်မာပြည်အရေးကို ရှုမြင်သူတိုင်းသည် တခုတည်းသောပါတီ၊ တခုတည်းသော ခေါင်းဆောင်၏ ခေါင်းဆောင်မှုအောက်တွင်သာ တော်လှန်ရေးအောင်နိုင်သည်၊ တိုင်းနိုင်ငံသစ် ပေါ်ပေါက်နိုင်သည်ဟု ကြည့်မြင်ကြ၏။ သမားရိုးကျအတိုင်း ကြည့်မြင်ကြသည်။ မြန်မာပြည်၏ အဖွဲ့အသီးသီး ကွဲပြားနေသော အခြေအနေကို နားလည်နိုင်ခြင်း မရှိကြပေ။ ထို့အတူ ဘေးတိုက် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နေကြသည့် မြန်မာပြည်၏ စုပေါင်းခေါင်းဆောင်မှု ပုံစံသစ်ကို နားလည်နိုင်ခြင်း မရှိကြပေ။

နွေဦးတော်လှန်ရေးနှင့် စုပေါင်းခေါင်းဆောင်မှု

လက်ရှိ မြန်မာပြည်ပြည်တွင် လက်နက်ကိုင်အဖွဲ့များစွာရှိသည်ဟု ဆိုနိုင်သော်လည်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် တပ်ဖွဲ့များကို ကြည့်ပါက လက်တွေ့တွင် တဖွဲ့နှင့်တဖွဲ့ ချိတ်ဆက်ထားသော၊ ချိတ်ဆက် တိုက်ပွဲဝင်နေကြသော အဖွဲ့ကြီးနှစ်ဖွဲ့သာရှိ၏။

ပထမအစုအဖွဲ့မှာ ကချင် KIA, ချင်းတော်လှန်ရေးအင်အားစု၊ ABSDF ကျောင်းသားတပ်မ‌တော်၊ ကရင် KNU, ကရင်နီတော်လှန်ရေးအင်အားစုနှင့် NUG / PDF တို့ ဖြစ်သည်။ နယ်မြေအနေအထားအရ မြောက်ပိုင်းတွင် KIA, ချင်းတော်လှန်ရေးအင်အားစု၊ ABSDF မြောက်ပိုင်းနှင့် PDF စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မိုးမိတ်၊ မဘိမ်းဒေသတို့သည် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု ရှိကြ၏။

လက်ရှိ မြန်မာပြည်ပြည်တွင် လက်နက်ကိုင်အဖွဲ့များစွာရှိသည်ဟု ဆိုနိုင်သော်လည်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် တပ်ဖွဲ့များကို ကြည့်ပါက လက်တွေ့တွင် တဖွဲ့နှင့်တဖွဲ့ ချိတ်ဆက်ထားသော၊ ချိတ်ဆက် တိုက်ပွဲဝင်နေကြသော အဖွဲ့ကြီးနှစ်ဖွဲ့သာရှိ၏။

တောင်ပိုင်းတွင် ကရင်နီတော်လှန်ရေးအင်အားစု၊ KNU, ABSDF တောင်ပိုင်း၊ NUG / PDF ကရင်၊ မွန်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းတို့သာမက မွန်၊ ပအိုဝ်းအမျိုးသားလက်နက်ကိုင် အင်အားစုအသစ်များနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု ရှိ၏။

‌ထို‌မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ တော်လှန်ရေးအင်အားစု နှစ်ခုလုံးတွင် ပါဝင်‌နေပြီး ချိတ်ဆက်ထားသည်မှာ NUG/ PDF ဖြစ်သည်။ ထိုမြောက်ပိုင်းနှင့် တောင်ပိုင်းသည် တခုတည်းသော အမိန့်ပေးစနစ်အောက်တွင် မရှိသော်လည်း အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နိုင်ကြသည်၊ ‌စစ်ရေးအရကို အောင်မြင်စွာ ဆောင်ရွက်နိုင်ကြသည်ကို ပြီးခဲ့သော သုံးနှစ်အတွင်းတွေ့နိုင်၏။

ဒုတိယအစုအဖွဲ့မှာ ဝ UWSA, မိုင်းလား NDAA, ရှမ်း SSPP, ရခိုင် AA, တအာင်း TNLA နှင့် ကိုးကန့် MNDAA တို့ ဖြစ်၏။ ထိုခြောက်ဖွဲ့သည် နိုင်ငံရေးအရရော စစ်ရေးအရပါ ပူးပေါင်းလှုပ်ရှားကြသည့် အဖွဲ့များဖြစ်သည်။ ၂၀၂၁ မှ ၂၀၂၂ ခုနှစ်အထိ ရှမ်းပြည်တောင်ပိုင်းတွင် SSPP နှင့် UWSA ပူးပေါင်းဆောင်ရွက်မှုရှိပြီး ယခုရပ်နားထားသည်။ AA, TNLA, MNDAA တို့၏ စစ်ရေးပြင်ဆင်မှုများကို UWSA နှင့် NDAA ဒေသများတွင် ပြုလုပ်သွားခြင်းဖြစ်သည်။

လက်ရှိ ရှမ်းမြောက်နှင့် ရခိုင်ရှိ စစ်ဆင်ရေးများကို မြောက်ပိုင်းသုံးဖွဲ့က ပူးတွဲဆောင်ရွက်နေကြခြင်းဖြစ်ပြီး တဖွဲ့၊ တဦးတယောက်က ဦးဆောင်သည် မဟုတ်ပေ။ မြောက်ပိုင်းသုံးဖွဲ့၏ စစ်ရေးလှုပ်ရှားနှင့်အတူ UWSA က ဟိုပန်၊ ပန်လုံကို သိမ်းသွားသကဲ့သို့ ပြည်တွင်းနှင့်ရှမ်း‌မြောက်၌ စစ်ရေးလှုပ်ရှားများ ထပ်မံမြင့်မားပါက ရှမ်းတောင်နှင့် ရှမ်းအရှေ့၌ UWSA, SSPP, NDAA တို့၏ ပူးတွဲစစ်ရေးလှုပ်ရှားမှုများ တွေ့ရပါက အံ့ဩဖွယ်မရှိပေ။

ထိုအင်အားစုကို စစ်ရေးအရ အဖွဲ့အစည်းတခု၊ လူတဦးတယောက်က ခေါင်းဆောင်သည် မဟုတ်ဘဲ အပြန်အလှန် လေးစားမှု၊ အသိအမှတ်ပြုမှုတို့ဖြင့် ပူးပေါင်းဆောင်ရွက်ကြနေကြခြင်း ဖြစ်၏။ ထိုသို့ပူးပေါင်းဆောင်ရွက်မှုမှ စစ်ရေးအရ အောင်မြင်မှုများကို အောင်မြင်စွာ ဆောင်ရွက်နိုင်သည်ကို တွေ့ရ၏။

ထိုအင်အားစုကြီးနှစ်ခုသည် သီးခြား စုဖွဲ့လှုပ်ရှားနေကြသော်လည်း အပြန်အလှန် ဆက်နွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိသည်။ KIA သည် UWSA, SSPP, NDAA, AA, TNLA, MNDAA တို့နှင့် နိုင်ငံရေးမဟာမိတ် ဖြစ်သည်။ ထို့ပြင် KIA နှင့် AA သည် စစ်ရေးအရပါ ပူးပေါင်းဆောင် ရွက်မှုရှိ၏။

မြောက်ပိုင်းသုံးဖွဲ့၏ ရှမ်းမြောက် စစ်ရေးလှုပ်ရှားမှုတွင် PLA, BPLA, KNDF စသည့် နွေဦးတော်လှန်ရေး အင်အားစုများပါသကဲ့သို့ NUG/ PDF များလည်း ပါဝင်သည်။ ထို့အတူ ရခိုင်စစ်မျက်နှာတွင် ကျောင်းသားတပ်ဦး၊ ယော၊ မရာစသည့် နွေဦးတော်လှန်ရေးအင်အားစုများ ပါဝင်သကဲ့သို့ NUG / PDF များလည်း ပါဝင်သည်။ အလားတူ KIA / PDF များ ပြုလုပ်သည့် စစ်ကိုင်း၊ မဘိမ်း စသည့်ဒေသများရှိ စစ်ရေးလှုပ်ရှားမှုများတွင် AA တပ်ဖွဲ့များ ပါဝင်လှုပ်ရှားသည်။

မြောက်ပိုင်းသုံးဖွဲ့၏ ရှမ်းမြောက် စစ်ရေးလှုပ်ရှားမှုတွင် PLA, BPLA, KNDF စသည့် နွေဦးတော်လှန်ရေး အင်အားစုများပါသကဲ့သို့ NUG/ PDF များလည်း ပါဝင်သည်။ ထို့အတူ ရခိုင်စစ်မျက်နှာတွင် ကျောင်းသားတပ်ဦး၊ ယော၊ မရာစသည့် နွေဦးတော်လှန်ရေးအင်အားစုများ ပါဝင်သကဲ့သို့ NUG / PDF များလည်း ပါဝင်သည်။

ထို့ပြင် AA တပ်ဖွဲ့အတွက် ထောက်ပို့ကို PDF များက ပြန်လည်ကူညီသည်။ ကရင်နီမှ KNDF သည် မြောက်ပိုင်းသုံးဖွဲ့၊ UWSA တို့နှင့် ချိတ်ဆက်မှု၊ ပူးပေါင်းဆောင် ရွက်မှုရှိသည်။ KNU မှ တပ်မဟာ အချို့သည်လည်း UWSA, AA တို့နှင့် ချိတ်ဆက်ပူးပေါင်းမှုရှိသည်။

သို့ဖြစ်ရာ အထက်ပါ အချက်အလက်များကို ကြည့်ပါက မြန်မာပြည်တွင် အဓိက လက်နက်ကိုင်အင်အားစုကြီး နှစ်ခုရှိပြီး ထိုအင်အားစုကြီးများသည် မိမိအင်အားစုအလိုက် ပူးပေါင်းဆောင်ရွက်မှုဖြင့် စစ်ကောင်စီကို တိုက်ပွဲဝင်နေကြသကဲ့သို့ စစ်ရေးအရ အောင်ပွဲများလည်း ရကြသည်ကိုတွေ့မြင်နိုင်သည်။

ထို့အတူ ထိုအင်အားစုကြီး နှစ်ခုသည်လည်း အပြန်အလှန်ချိတ်ဆက်မှု၊ ပူးပေါင်းမှုများကို တခုလုံးအရ မဟုတ်သော်လည်း တစိတ်တပိုင်းချင်းအရ ရသည့်နေရာမှ ပူးပေါင်းဆောင်ရွက်နေသည်ကို တွေ့မြင်နိုင်၏။ ထိုများပြားသော အဖွဲ့များကြား ပဋိပက္ခ မရှိသည် မဟုတ်ပေ။ ရှိကြသည်။ ထိုပဋိပက္ခများကို ဆွေးနွေးဖြေရှင်း ကျော်လွှားပြီး ပူးပေါင်းဆောင်ရွက်ကြသည်က အဓိကဖြစ်သကဲ့သို့ စစ်ရေးအရ အောင်မြင်မှုလည်း ရခဲ့ကြသည်ကို တွေ့မြင်နိုင်သည်။

ဤသည်မှာ စစ်အာဏာရှင်စနစ်၊ တပါတီအာဏာရှင်စနစ်နေရာတွင် အစားထိုး ဝင်ရောက်လာသည့် စုပေါင်းခေါင်ဆောင်မှု ဖြစ်၏။ မြန်မာပြည် နွေဦးတော်လှန်ရေးတွင် မြင်တွေ့ရသည့် ခေါင်းဆောင်မှုပုံစံသစ် ဖြစ်၏။ တွေ့နေကြပုံစံဖြစ်သည့် အားကောင်းသောပါတီတရပ်၊ ဩဇာတက္ကမ ကြီးမားသည့် ခေါင်းဆောင်တယောက် ခေါင်းဆောင်သည့် ပုံစံနေရာတွင် အစားထိုး ဝင်ရောက်လာသည့် စုပေါင်း ခေါင်းဆောင်မှုပုံစံ ဖြစ်သည်။ စစ်အာဏာရှင်စနစ်ကို အောင်မြင်စွာ တိုက်ပွဲဝင်နေသည့် စုပေါင်း ခေါင်းဆောင်မှုပုံစံ ဖြစ်သည်။

NUG / PDF နှင့် ပြည်မ နွေဦးအင်အားစုများ

ဤနေရာတွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များသည် နှစ် ဆယ်နှင့်ချီ၍ လုံးပမ်းပြီး တည်ဆောက်ထားခဲ့ကြသည်ဖြစ်ရာ တိုင်းရင်းသားတပ်ဖွဲ့များ၏ တည်ဆောက်မှု၊ လက်နက်ခဲယမ်းတပ်ဆင်မှု၊ တိုက်ခိုက်စွမ်းရည်၊ ဘဏ္ဍာရေးနှင့်ထောက်ပို့၊ ထိန်းချုပ်ဒေသများရှိ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးတို့နှင့် ပတ်သက်သည့် စွမ်းရည်များနှင့်ပတ်သက်ပြီး တစုံတရာ ယုံကြည်မှုရှိကြသည်။ များစွာ အငြင်းမပွားကြ၊ အပြစ်တင်ခြင်း မရှိကြပေ။

သို့သော် NUG / PDF များနှင့် ပတ်သက်၍မူ ထောက်ခံသူများ တွေ့ကြရသကဲ့သို့ ထိုးနှက်တိုက်ခိုက်မှုများလည်း တွေ့ကြရ၏။ နိုင်ငံတကာကလည်း NUG / PDF ၏ လုပ်နိုင်စွမ်းကို သံသယဖြင့် စောင့်ကြည့်ကြသည်ကို တွေ့ရ၏။ NUG / PDF သည် ပြည်မနိုင်ငံရေး အင်အားစုများအတွက်ဖြစ်စေ၊ မြန်မာပြည်ရှိ လက်နက်ကိုင် အင်အားစုကြီးနှင့် ချိတ်ဆက်ရာတွင်ဖြစ်စေ အရေးပါသည့်အခန်းတွင် ရှိနေသည်ဖြစ်ရာ စစ်တပ်အာဏာသိမ်းသည့် သုံးနှစ်ပြည့်ကာလတွင် တွေ့ရသည့် NUG / PDF ၏ အနေအထားအား သုံးသပ်ကြည့်ရာ အောက်ပါအတိုင်း တွေ့ရ၏။

NUG အနေနှင့် လိုအပ်ချက်များရှိသည် ဆိုသော်လည်း နိုင်ငံရေးမဟာဗျူဟာအရ လမ်းညွှန်မှုပေးရာတွင် အတိမ်းအစောင်း နည်းသည်ဟု ဆိုနိုင်သည်။ အမေရိကန်နှင့် အနောက်နိုင်ငံများနှင့် ဆက်ဆံရာတွင်လည်းကောင်း၊ အာဆီယံနိုင်ငံအချို့နှင့် ဆက်ဆံရာတွင်လည်းကောင်း အောင်မြင်မှုရခဲ့၏။ အထူးသဖြင့် ချက်သမ္မတနိုင်ငံနှင့် အရှေ့တီမောနိုင်ငံများ၏ ထောက်ခံမှုအပြည့်အဝရခဲ့၏။ တရုတ်နှင့်လည်း ဆက်ဆံနိုင်ခဲ့သည်။ အိန္ဒိယနှင့် ဆက်ဆံနိုင်ခြင်း မရှိသေးသော်လည်း မကြာခင် ဆက်ဆံနိုင်မည်ဟု ယူဆရသည်။

NUG အနေနှင့် လိုအပ်ချက်များရှိသည် ဆိုသော်လည်း နိုင်ငံရေးမဟာဗျူဟာအရ လမ်းညွှန်မှုပေးရာတွင် အတိမ်းအစောင်း နည်းသည်ဟု ဆိုနိုင်သည်။ အမေရိကန်နှင့် အနောက်နိုင်ငံများနှင့် ဆက်ဆံရာတွင်လည်းကောင်း၊ အာဆီယံနိုင်ငံအချို့နှင့် ဆက်ဆံရာတွင်လည်းကောင်း အောင်မြင်မှုရခဲ့၏။ အထူးသဖြင့် ချက်သမ္မတနိုင်ငံနှင့် အရှေ့တီမောနိုင်ငံများ၏ ထောက်ခံမှုအပြည့်အဝရခဲ့၏။

NUG အနေနှင့် အစောပိုင်း နိုင်ငံရပ်ခြားဆက်ဆံရေးသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့်ရပ်ခံမှု၊ ဒီမိုကရေစီရေးကို ရပ်ခံသည့် နိုင်ငံများနှင့် ဆက်ဆံရေး ထူထောင်နိုင်ခြင်းဖြစ်၏။ ရှေ့တွင် ရရှိမည့် နိုင်ငံခြားဆက်ဆံရေးမှာ PDF များ၏ စစ်ရေးအောင်ပွဲမှ ရရှိသည့် အခြေခံပေါ်မှ ဖြစ်ပေလိမ့်မည်။ ထို့ပြင် ကုလသမဂ္ဂ၌ စစ်ကောင်စီ ကိုယ်စားလှယ်နေရာကို စစ်ကောင်စီ လက်လွှဲမယူနိုင်သည်ကလည်း အောင်မြင်မှုတခု ဖြစ်သည်။

NUG အနေဖြင့်လည်း စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ ကရင်၊ မွန်၊ တနင်္သာရီ၊ ရန်ကုန်၊ ဧရာဝတီ၊ နေပြည်တော်၊ ကရင်နီနှင့် ရှမ်းတောင်တို့တွင် PDF တပ်ရင်းပေါင်း ၃၀၀ ခန့် ဖွဲ့စည်းထားရှိပြီး အင်အား ၆၀,၀၀၀ ခန့်ရှိ၏။ လက်ရှိတွင် NUG သည် တပ်ရင်း သုံးရင်းမှ ငါးရင်းအထိပါသည့် ဗျူဟာများ ဖွဲ့စည်းပြီး စစ်ဆင်ရေးများကို တိုးမြှင့်ဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိသည်။

တိုင်းနှင့်ပြည်နယ် ၁၁ ခု၊ ခရိုင် ၅၂ ခုရှိ မြို့နယ် ၂၅၀ ကျော်တွင် ပကဖ အဖွဲ့များ ဖွဲ့စည်းထားပြီး စုစုပေါင်း ပကဖ ၇၅,၀၀၀ ခန့်ရှိသည်ဟုသိရ၏။ လက်ရှိအချိန်တွင် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် တပ်ဆင်မှုရော၊ ဒေသတပ်ရင်းများမှ ဝယ်ယူတပ်ဆင်မှုများ အပါအဝင် လက်နက် ၂၀,၀၀၀ ခန့် တပ်ဆင်ပေးနိုင်ခဲ့ပြီဟု သိရသည်။ ထို့ပြင် PDF တပ်ရင်းများအား လစဉ် ပုံမှန်ထောက်ပံ့မှု ပြုလုပ်လာနိုင်၏။

NUG ကို ထောက်ခံဆန္ဒပြသူများ / AFP

လက်ရှိတွင် PDF တပ်ရင်းများ၏ အင်အား သုံးပုံတပုံခန့်ကို လက်နက်တပ်ဆင်ပေးနိုင်ခဲ့သကဲ့သို့အမိန့်ပေးစနစ်အောက်တွင်လည်း ထည့်သွင်းနိုင်ပြီဟု ဆိုသည်၊၊ လက်တွေ့တွင်လည်း တိုက်ပွဲများစွာ တိုက်ခိုက်နိုင်ခဲ့သကဲ့သို့ စခန်းသိမ်းတိုက်ပွဲများစွာကို တိုက်ခိုက်နိုင်ခဲ့သည်။ ထို့ပြင် ကောလင်း၊ ခမ်းပါတ်၊ ရွှေပြည်အေး၊ မော်လူးမြို့များကို သိမ်းပိုက်ထားနိုင်သည်။

သိမ်းပိုက်ထားသည့်မြို့များ၊ ပြောက်ကျားဒေသများအား ပကဖ အဖွဲ့များက ကောင်းစွာထိန်းချုပ်ထားနိုင်သည်။ ထိန်းချုပ်ဒေသများရှိ ပညာရေး၊ ကျန်းမာရေး၊ ကယ်ဆယ်ရေးလုပ်ငန်းများကို ထိုက်သင့်သလောက် စွမ်းဆောင်နိုင်သည်ကို တွေ့ရ၏။ ထို့ပြင် NUG က စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ထုတ်၍ နိုင်ငံတကာသို့ တင်ပြနိုင်ခဲ့သည်ဟု‌ တွေ့ရ၏။

NUG ၏ သိသာသည့် အောင်မြင်မှုတခုမှာ ဘဏ္ဍာရေး ငွေရှာဖွေမှုဖြစ်၏။ ဒေါ်လာသန်းရာနှင့်ချီ၍ ရှာနိုင်ခဲ့သည်ကို တွေ့ရ၏။ ဆန်းသစ်သည့် ဘဏ္ဍာငွေရှာဖွေမှု ပုံစံများကိုလည်း တွေ့ရ၏။ NUG – pay ဖန်တီးပြီးနောက် NUG pay မှ ငွေလွှဲသည့်ပမာဏမှာ မြန်မာငွေ ဘီလီယံ ၉၅၀ အထိ ရှိလာခဲ့သည်။ အသစ်ထူထောင်လိုက်သည့် နွေဦးဘဏ်သည်လည်း အောင်မြင်မှုများ ဆက်လက်ရမည်ဟု ယုံကြည်ရသည်။

ထို့ပြင် ထိန်းချုပ်နယ်မြေများတွင် အခွန်ငွေကောက်ခံမှုများမှလည်း တမြို့နယ်လျှင် သိန်းရာဂဏန်းမှ သိန်းထောင်ဂဏန်းအထိ ရရှိနေသည်။ ကောလင်း မြို့သိမ်းတိုက်ပွဲမှလည်း မြန်မာကျပ်ငွေ ဘီလီယံ ဆယ်ဂဏန်းအထိ ထိန်းချုပ်နိုင်ခဲ့သည်ကို တွေ့ရ၏။

NUG တွင် အားနည်းချက်များစွာ ရှိပါသည်။ သို့သော် သုံးနှစ်မပြည့်မီ လက်နက် ၂၀,၀၀၀ ခန့် တပ်ဆင်နိုင်မှု၊ ‌ဘဏ္ဍာငွေ ရှာဖွေနိုင်မှုသည် သိသာသည့် အားသာချက်ဖြစ်သည်။ ယနေ့ စစ်ရေးအရအစွမ်းပြနေသော မြောက်ပိုင်းသုံးဖွဲ့သည်ပင် တည်ထောင်ပြီး သုံးနှစ်အတွင်း ဤမျှ စွမ်းဆောင်နိုင်ခြင်း မရှိပေ။ မြန်မာပြည် လက်နက်ကိုင်အဖွဲ့အစည်း သမိုင်းတွင် ပြည်တွင်းစစ် အစပိုင်းက ပြည်မမှ ဗကပ၊ အလံနီ၊ ပြည့်သူရဲဘော်တို့သည်လည်းကောင်း၊ ဦးနု၏ ပဒပသည်လည်းကောင်း၊ ၁၉၈၈ ခုနှစ် ABSDF နှင့် NCGUB သည်လည်းကောင်း ဤကဲ့သို့သော လူထုထောက်ခံမှု မရရှိသဖြင့် လက်ရှိအခြေအနေမျိုး ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိပေ။

NUG ၏ သိသာသည့် အောင်မြင်မှုတခုမှာ ဘဏ္ဍာရေး ငွေရှာဖွေမှုဖြစ်၏။ ဒေါ်လာသန်းရာနှင့်ချီ၍ ရှာနိုင်ခဲ့သည်ကို တွေ့ရ၏။ ဆန်းသစ်သည့် ဘဏ္ဍာငွေရှာဖွေမှု ပုံစံများကိုလည်း တွေ့ရ၏။ NUG – pay ဖန်တီးပြီးနောက် NUG pay မှ ငွေလွှဲသည့်ပမာဏမှာ မြန်မာငွေ ဘီလီယံ ၉၅၀ အထိ ရှိလာခဲ့သည်။

NUG / PDF သည် ပြည်မ အဓိက လက်နက်ကိုင်အင်အားစုအဖြစ် ရှိနေပြီး ၎င်းတို့၏ လုပ်နိုင်စွမ်းတို့ကို အသိအမှတ်ပြုကာ အားနည်းချက်များကို ဝေဖန်ထောက်ပြသွားရန် လိုသည်။ မထိုးနှက်ကြရန်သာ လိုသည်။ လက်ရှိ မြန်မာစစ်တပ်ပြိုကွဲချိန်တွင် အစားထိုးရန် အင်အားစုများ လိုအပ်သည်။

တဖက်ကလည်း NUG အနေဖြင့် သတိပြုရန်မှာ ၂၀၂၀ ရွေးကောက်ပွဲ၏ တရားဝင်မှုကို ယူထားသော်လည်း ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းပြီးဖြစ်သည်။ CRPH ၏ လက်ရှိ အရေးပါမှုနှင့် လုပ်ဆောင်နိုင်မှုမှာလည်း အားနည်းနေပြီ ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် နိုင်ငံတကာကလည်း NUG အား အစိုးရတရပ် အနေဖြင့်ထက် တော်လှန်ရေးအင်အားစုတခုအဖြစ် အသိမှတ်ပြု ဆက်ဆံသည်ကို သတိပြုရန် လိုသည်။ အစိုးရတရပ်အဖြစ်အနေနှင့် ဖွဲ့စည်းထားသော ဝန်ကြီးဌာနအချို့ အလုပ်မဖြစ်ခြင်း၊ အပိုဖြစ်နေခြင်းကို ပြန်လည် သုံးသပ်ရန်လိုသည်။

ထို့ပြင် PDF တပ်ရင်းများ ဖောင်းပွမှုကို စိစစ်ရန်၊ လက်နက်တပ်ဆင်နိုင်မှုကို အခြေပြု၍ လှုပ်ရှားစစ်ဗျူဟာများ ဖွဲ့စည်းရန်၊ အခွန်ကောက်ခံမှုများတွင် လေလွင့်ဆုံးရှုံးမှုများကို ထိန်းသိမ်းရန်၊ တရားစီရင်ရေးစနစ်တရပ် တည်ထောင်ရန် စသည့်တို့ကို ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရေး လိုအပ်သည်။

NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း PDF စခန်းများသို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၇ ရက်က သွားရောက်ခဲ့စဉ် / NUG

နိုင်ငံရေးအရ သတိပြုရန်တချက်မှာ NUG သည် NLD နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်‌ဖွဲ့များ၏ တပ်ပေါင်းစု ဖြစ်နေ၏။ NLD အနေနှင့် တိုင်းရင်းသားတပ်ဖွဲ့များနှင့်သာမက ပြည်မ လက်နက်ကိုင် အင်အားစုများနှင့်ပါ တပ်ပေါင်းစုဖွဲ့ရန် လို၏။ ဖဆပလ သည် ပြည်မအင်အားစုများ၏ တပ်ပေါင်းစုဖြစ်သည်ကို အတုယူရန်လိုသည်။ NLD အား ရွေးကောက်ပွဲတွင် လူထုက ရွေးချယ်ထောက်ခံခဲ့သည် မှန်သော်လည်း လူထုရွေးချယ်ခဲ့သည့် NLD အမတ်အများစု လက်နက်ကိုင် တိုက်ပွဲမဝင်ခဲ့ပေ။

NLD မဟုတ်သော်လည်း လက်နက်ကိုင်တိုက်ပွဲဝင်သည့် ပြည်မအင်အားစုများ ဖြစ်ကြသည့် PLA, BPLA, SAF စသည့် အဖွဲ့အစည်းများစွာသည် မြန်မာပြည်အနှံ့ တည်ရှိ‌သည်။ တတ်နိုင်သလောက်လည်း အားထုတ် တိုက်ပွဲဝင်နေကြ၏။ ထို့အဖွဲ့အစည်းများသည် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့်လည်း လက်တွဲ တိုက်ပွဲဝင်နေကြသည်။ ထိုအင်အားစုများသည်လည်း တဖြည်းဖြည်း အင်အားကောင်းလာသည်ကို သတိပြုရန်လိုသည်။ ထိုအင်အားစုများနှင့် ကောင်းမွန်စွာ လက်တွဲရန် လိုအပ်သည်။

NLD မဟုတ်သော်လည်း လက်နက်ကိုင်တိုက်ပွဲဝင်သည့် ပြည်မအင်အားစုများ ဖြစ်ကြသည့် PLA, BPLA, SAF စသည့် အဖွဲ့အစည်းများစွာသည် မြန်မာပြည်အနှံ့ တည်ရှိ‌သည်။ တတ်နိုင်သလောက်လည်း အားထုတ် တိုက်ပွဲဝင်နေကြ၏။ ထို့အဖွဲ့အစည်းများသည် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့်လည်း လက်တွဲ တိုက်ပွဲဝင်နေကြသည်။ ထိုအင်အားစုများသည်လည်း တဖြည်းဖြည်း အင်အားကောင်းလာသည်ကို သတိပြုရန်လိုသည်။

ထိုတပ်ဖွဲ့များအနက်အချို့နှင့် NUG တို့ ဆက်စပ်မှုရှိသော်လည်း အချို့နှင့် ဆက်စပ်မှုရှိမနေပေ။ NUG အနေဖြင့် ထိုတပ်ဖွဲ့များနှင့် ပတ်သက်၍ လက်သင့်သလို ဆောင်ရွက်သည်ထက် ခိုင်မာသည့် တပ်ပေါင်းစု ပေါ်လစီတရပ် ချမှတ်လုပ်ဆောင်ရန် လိုအပ်သည်။

ပြည်မအင်အားစုများနှင့် တိုင်းရင်းသားအင်အားစုများ

ထို့ပြင် ၁၀၂၇ စစ်ဆင်ရေး အောင်ပွဲခံလာသည့်နောက်ပိုင်း တိုင်းရင်းသားအဖွဲ့များနှင် NUG / PDF များကို ခွဲထုတ်ရန် ထပ်မံကြိုးစားမှုများကို စစ်တပ်လော်ဘီများ၊ နိုင်ငံရေးဇာတ်ပျက်များက နည်းမျိုးစုံနှင့် ပြောဆိုလုပ်ကိုင်နေသည်ကို တွေ့ရ၏။ အထူးသဖြင့် တရုတ်ဖိအားကြောင့် ရှမ်းမြောက်၌ တိုက်ပွဲများ ခဏနားထားရသောအချိန်တွင် ပိုကျယ်လောင်လာသည်ကို တွေ့ရ၏။

ထို့ပြင် စစ်တပ်သည် တိုင်းရင်းသားလက်နက်ကိုင်များကို အပစ်ရပ်လက်မှတ်ထိုးပြီး ထိန်းချုပ်ရန် ကြိုးစားနေသော်လည်း ပြည်မ အတိုက်အခံ အင်အားစုများဖြစ်သည့် NUG / PDF များအား အသိမှတ်ပြုဆွေးနွေးရန် ငြင်းပယ်ထားသည်။ PDF များကို ဦးတည်တိုက်ခိုက်ရန် ကြိုးစားနေသကဲ့သို့ PDF ထောက်ခံသည့်ကျေးရွာများကို ဦးတည် မီးရှို့ဖျက်ဆီးနေပြီး ဖမ်းဆီးထောင်ချမှုများကိုလည်း ဆက်လက်လုပ်ကိုင်ဆဲဖြစ်၏။

စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကို ခွဲထုတ်၍ အပစ်အခတ်ရပ်စဲရန် ကြိုးစားသော်လည်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များက လက်မခံကြပေ။ ပြည်မရှိ ဒီမိုကရက်တစ်အင်အားစုများ၏ စစ်ရေးလှုပ်ရှားမှုများသည် တိုင်းရင်းသားလက်နက်ကိုင်များ၏ နိုင်ငံရေး၊ စစ်ရေး ရည်ရွယ်ချက်များ အောင်မြင်ရေးအတွက် မဖြစ်မနေလိုအပ်သည့် ကြီးမားသော အထောက်အပံ့ဖြစ်သည်ကို ကောင်းစွာ သဘောပေါက်ကြ၏။

၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲသောအခါတွင်လည်း မြောက်ပိုင်းအဖွဲ့များသည် မိမိတို့ အကျိုးစီးပွားအတွက်သာ တိုက်နေခြင်းဖြစ်ကြောင်း၊ ပြည်မလူထုကို လှည့်ကြည့်လိမ့်မည် မဟုတ်ကြောင်း၊ မြောက်ပိုင်းသုံးဖွဲ့နှင့် တွဲတိုက်နေသည့် PDF များသည် အသုံးချခံနေရကြောင်း စသည်ဖြင့် စစ်တပ်လော်ဘီများ၊ နိုင်ငံရေးဇာတ်ပျက်များက ပြောဆိုသွေးခွဲနေကြသည်။

သို့သော် မြောက်ပိုင်းအဖွဲ့များက ၎င်းတို့ပြောသကဲ့သို့ မစဉ်းစားပေ။ NUG လက်အောက်ခံ PDF များ အားကောင်းစေရေးအတွက် ယခင် အကူအညီပေးခဲ့သကဲ့သို့ ယခုလည်း ဆက်လက် အကူအညီပေးသွားမည်၊ မြန်မာပြည်လူထုက ၁၀၂၇ စစ်ဆင်ရေးကို မျှော်လင့် အားကိုးအားထားပြုပြီး ထောက်ခံမှုအား မြောက်ပိုင်းအဖွဲ့များအနေဖြင့် ကျေးဇူးတင်သကဲ့သို့ ပြည်မ တော်လှန်ရေးအင်အားများ မလျော့ပါးအောင် နည်းလမ်းပေါင်းစုံနှင့် ပြန်လည်ကူညီသွားမည်ဟု မြောက်ပိုင်းသုံးဖွဲ့ ခေါင်းဆောင်တဦးက ဆိုခဲ့သည်။

သို့ဖြစ်ရာ စစ်ကောင်စီ၏ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် စစ်ရှိန်လျှော့ချရန် ကြိုးစားမှု၊ တိုင်းရင်းသားတပ်ဖွဲ့များနှင့် PDF, ပြည်မ နွေဦးအင်အားစုများကြား သွေးခွဲရန်ကြိုးစားမှုတို့သည် မအောင်မြင်နိုင်ပေ။

စစ်ကောင်စီနှင့်ပေါင်း၍ ကိုယ်ကျိုးစီးပွားရှာသည့် တိုင်းရင်းသားခေါင်းဆောင်အချို့ ရှိသကဲ့သို့ မိမိ တိုင်းရင်းသားလူမျိုးအတွက် ရည်မှန်းချက်ကြီးသည့် တိုင်းရင်းသားအဖွဲ့အစည်းများလည်း ရှိသည်။ ထိုအဖွဲ့အစည်းများသည် စစ်တပ်၏ ပရိယာယ်နှင့် ယုတ်မာကောက်ကျစ်မှုကို ကောင်းစွာ သိကြသူများဖြစ်၏။

စစ်ကောင်စီနှင့်ပေါင်း၍ ကိုယ်ကျိုးစီးပွားရှာသည့် တိုင်းရင်းသားခေါင်းဆောင်အချို့ ရှိသကဲ့သို့ မိမိ တိုင်းရင်းသားလူမျိုးအတွက် ရည်မှန်းချက်ကြီးသည့် တိုင်းရင်းသားအဖွဲ့အစည်းများလည်း ရှိသည်။ ထိုအဖွဲ့အစည်းများသည် စစ်တပ်၏ ပရိယာယ်နှင့် ယုတ်မာကောက်ကျစ်မှုကို ကောင်းစွာ သိကြသူများဖြစ်၏။ ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်များ အောင်မြင်အောင် ပြည်မမှ လက်နက်ကိုင် တိုက်ပွဲသူများကို ပူးပေါင်းရမည်။ အားပေးထောက်ခံရမည်၊ ပြည်မ၌ စစ်မျက်နှာများ ဖွင့်ထားရမည်ကို ကောင်းစွာသိကြ၏။

စုပေါင်းခေါင်းဆောင်မှုနှင့် တိုင်းပြည်ပုံစံသစ်

တပြည်ထောင်စနစ်ကို ဖျက်သိမ်းပြီးနောက် တိုင်းပြည်ပုံစံသစ်ကို မည်သို့ ထူထောင်မည်ဆိုသည်မှာ အရေးပါသည့်အချက် ဖြစ်၏။ မြန်မာပြည်ပြိုကွဲမည်၊ ဗရမ်းဗတာဖြစ်မည်ဟု ယူဆနေသူများအားလည်း လက်တွေ့ဖြေရမည့် အဖြေဖြစ်၏။

နွေဦးတော်လှန်ရေးတွင် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ဖွဲ့စည်းပြီး ဖြေရှင်းရန် ကြိုးစားခဲ့ကြသော်လည်း အလုပ်မဖြစ်ခဲ့ပေ။ အကြောင်းမှာ လက်တွေ့မကျ၍ဖြစ်သည်။ ကချင်တွင် ကချင်အတိုင်ပင်ခံကောင်စီ ရှိသော်လည်း လက်တွေမြေပြင်တွင် ထိန်းချုပ်နယ်မြေများကို အုပ်ချုပ်သည်က KIA ဖြစ်သည်။

ထို့အတူ တအာင်းပလောင်တွင် တအာင်းနိုင်ငံရေး အတိုင်ပင်ခံကောင်စီ ရှိသော်လည်း ထိန်းချုပ်နယ်မြေများကို အုပ်ချုပ်သည်က TNLA ဖြစ်သည်။ အခြားဒေသများတွင်လည်း အလားတူဖြစ်၏။ သို့ဖြစ်ရာ မြန်မာပြည်၏ အနာဂတ်ပုံစံသစ်ကို အဓိက ပါဝင်ဆွေးနွေးရမည်မှာ ထိုနယ်မြေအလိုက် ထိန်းချုပ်ထားသော အဖွဲ့များဖြစ်၏။ အကြောင်းမှာ မြန်မာပြည်ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းနေခြင်း မဟုတ်ဘဲ စစ်ရေးအရ ဖြေရှင်းနေ၍ ဖြစ်သည်။ မြန်မာအရေးတွင် နိုင်ငံရေးဘောင်ကျဉ်းပြီး စစ်ဘောင်ကျယ်နေ၍ဖြစ်၏။

မြန်မာပြည်၏ အနာဂတ်ပုံစံသစ်ကို ကြိုတင်သတ်မှတ်ထား၍ ရမည်မဟုတ်ပေ။ စုပေါင်းခေါင်းဆောင်မှုဖြင့် စစ်ကောင်စီကို အနိုင်တိုက်ပြီး နေရာ‌ဒေသအလိုက် ထိန်းချုပ်ထားသည့် တပ်ဖွဲ့များသည် မည်သို့ နေထိုင်ကြမည်ကို ရွေးချယ်ကြရမည်၊ ဆွေးနွေးဆုံးဖြတ်ကြရမည် ဖြစ်၏။

ပြည်ထောင်စုပုံစံသစ်သည် တကြိမ်တည်း ဆွေးနွေး၍ ပြီးပြတ်မည် မဟုတ်ပေ။ ဆွေးနွေးရင်း၊ ငြင်းခုံရင်း၊ ရှာဖွေရင်း၊ အတူတကွနေထိုင်ရင်း သင့်လျော်ကောင်းမွန်သည့် ပြည်ထောင်စုပုံစံသစ် ပုံပေါ်လာပေလိမ့်မည်။ အဓိကအားဖြင့် ပြည်နယ်များ၏ လုပ်ပိုင်ခွင့်နှင့် ပြည်ထောင်စုအစိုးရကြား လုပ်ပိုင်ခွင့်များကို ကြိမ်ဖန်များစွာ ညှိနှိုင်းရမည်ဖြစ်ပြီး ပြည်နယ်များ၊ တိုင်းများ၊ အထူးဒေသများက လုပ်ပိုင်ခွင့်ပိုရသည့်စနစ် ဖြစ်လာနိုင်ခြေများသည်။ ရှမ်းစော်ဘွားများ ဖက်ဒရယ်ပြည်နယ် (Federated Shan states) ကဲ့သို့ ပုံစံမျိုး ပေါ်လာနိုင်သည်။

ထို့ပြင် ခွဲထွက်မည်ကို စိုးရိမ်စရာ မလိုပေ။ ခွဲထွက်လိုပါကလည်း သူတို့၏ အခွင့်အရေးဖြစ်သည်။ အများစုက ခွဲထွက်သည်ထက် မည်သို့ ပူးပေါင်းနေထိုင်မည်ကို ပို၍ စိတ်ဝင်စားကြပါသည်။ မိမိဆန္ဒနှင့် ပူးပေါင်းနေထိုင်ပါမှသာ ငြိမ်းချမ်းမည့်တိုင်းပြည် ဖြစ်ပေလိမ့်မည်။

ခွဲထွက်မည်ကို စိုးရိမ်စရာ မလိုပေ။ ခွဲထွက်လိုပါကလည်း သူတို့၏ အခွင့်အရေးဖြစ်သည်။ အများစုက ခွဲထွက်သည်ထက် မည်သို့ ပူးပေါင်းနေထိုင်မည်ကို ပို၍ စိတ်ဝင်စားကြပါသည်။ မိမိဆန္ဒနှင့် ပူးပေါင်းနေထိုင်ပါမှသာ ငြိမ်းချမ်းမည့်တိုင်းပြည် ဖြစ်ပေလိမ့်မည်။

ဤသည်မှာ လက်ရှိ မြန်မာပြည်အခြေအနေအရ ပေါ်ထွက်လာသည့် ပုံစံဖြစ်၏။ စစ်ကောင်စီ ပြုတ်ကျလျှင် မြန်မာပြည် ဗရမ်းဗတာဖြစ်မည်ဟု ယူဆသူများအနေဖြင့် လက်ရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ထိန်းချုပ်ရာ ဒေသများတွင်ဖြစ်စေ၊ NUG / PDF များ ထိန်းချုပ်ရာ ဒေသများတွင်ဖြစ်စေ တည်ငြိမ်လျက် ရှိသည့်အပြင် အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်းအားလုံး လည်ပတ်နေသည်ကို တွေ့မြင်နိုင်၏။ ဗရမ်းဗတာဖြစ်သည့် အခြေအနေမျိုး မတွေ့ရပေ။

အဆိုပါ အင်အားစုများ နယ်မြေထိန်းချုပ်မှုနှင့် ပတ်သက်၍ သူ့နယ်ကိုယ့်နယ့် အငြင်းပွား ပြဿနာများ ရှိနိုင်ပါသည်။ သို့သော် ထိုပြဿနာများနှင့် ပတ်သက်၍ လက်နက်ကိုင် အဖွဲ့အစည်းတိုင်းလိုလို ညှိနှိုင်းဖြေရှင်းသည့် အတွေ့အကြုံကောင်းများ ရှိကြရာ ပြဿနာကြီး ဖြစ်လာဖွယ် မရှိပေ။

သို့ဖြစ်ရာ လက်ရှိအချိန်သည် လက်နက်ကိုင်၍ နိုင်ငံရေးအာဏာ လုယူနေသည့် စစ်ကောင်စီတပ်ကို ပြိုကွဲအောင် တိုက်နိုင်သည့် အချိန်အခါသမယ ဖြစ်သည်။ စုပေါင်းခေါင်းဆောင်မှု ပုံစံသစ်သည် စစ်အာဏာရှင်စနစ်အား ပြိုကွဲအောင် တိုက်ခိုက်နိုင်သည်ကို သက်သေပြခဲ့ပြီဖြစ်သကဲ့သို့ အဆုံးတိုင် သက်သေပြဦးမည် ဖြစ်၏။ စုပေါင်းခေါင်းဆောင်မှုနှင့် စစ်အာဏာရှင်ကို ဖြိုချပြီး လွတ်မြောက်ခဲ့သော မြို့ရွာများကို တည်ငြိမ်အောင် အုပ်ချုပ်နိုင်ကြောင်း ပြသပြီးဖြစ်သကဲ့သို့ ဆက်လက်ပြသဦးမည် ဖြစ်၏။ စစ်ကောင်စီ၏ ပြိုကျပျက်စီးမှုကို မည်သူမှ တားဆီး၍ ရမည်မဟုတ်ပေ။

စုပေါင်းခေါင်းဆောင်မှု ပုံစံသစ်နှင့် မိမိဆန္ဒအရ စုပေါင်းနေထိုင်သည့် ပြည်ထောင်စုပုံစံသစ်သည် မြန်မာပြည်နှင့် နွေဦးတော်လှန်ရေး၏ ထူးခြားချက်ဖြစ်သကဲ့သို့ သာလွန်ချက်လည်းဖြစ်၏။ အခြားနိုင်ငံများ၊ အခြား တော်လှန်ရေးများနှင့် မတူဘဲ ခွဲထွက်လာသည့်ပုံစံလည်း ဖြစ်၏။ မြန်မာပြည်သည် ဥခွံဟောင်းထဲမှ ထိုးဖောက်ထွက်လာခဲ့ပေပြီ။

စစ်ကောင်စီနှင့် တပြည်ထောင်စနစ် ပျက်သုဉ်းပြီး စုပေါင်းခေါင်းဆောင်မှုနှင့် မိမိဆန္ဒအရ စုပေါင်းနေထိုင်သည့် ပြည်ထောင်စုပုံစံသစ်ကို မကြာခင် မြင်တွေ့ကြရတော့မည်ကို စစ်ကောင်စီ အာဏာသိမ်းသည့် သုံးနှစ်ပြည့်ကာလတွင် ရှင်းလင်းစွာ တွေ့မြင်ရပေသည်။

အချို့တိုင်းပြည်များက မြန်မာပြည် တည်ငြိမ်ရေးဆိုသည့် ခေါင်းစဉ်အောက်တွင် စစ်အာဏာရှင်များကို အသက်ဆက်ပေးလိုကြသော်လည်း နှစ်ပေါင်းများစွာ မြန်မာပြည်လူထုကို ဂုတ်ခွစီးထားသည့် စစ်ရာဇဝတ်ကောင်များကို အပြီးတိုင်ဖြိုချရန် အခွင့်အခါကောင်းရရှိနေသည့် တော်လှန်ရေးအင်အားစုများနှင့် လူမျိုးပေါင်းစုံ ပြည်သူလူထုက လက်သင့်ခံမည် မဟုတ်တော့ပေ။

စုပေါင်းခေါင်းဆောင်မှု ပုံစံသစ်နှင့် မိမိဆန္ဒအရ စုပေါင်းနေထိုင်သည့် ပြည်ထောင်စုပုံစံသစ်သည် မြန်မာပြည်နှင့် နွေဦးတော်လှန်ရေး၏ ထူးခြားချက်ဖြစ်သကဲ့သို့ သာလွန်ချက်လည်းဖြစ်၏။ အခြားနိုင်ငံများ၊ အခြား တော်လှန်ရေးများနှင့် မတူဘဲ ခွဲထွက်လာသည့်ပုံစံလည်း ဖြစ်၏။ မြန်မာပြည်သည် ဥခွံဟောင်းထဲမှ ထိုးဖောက်ထွက်လာခဲ့ပေပြီ။

(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦး ဖြစ်သည်။)

You may also like these stories:

စစ်အာဏာသိမ်း သုံးနှစ်ပြည့် ရီဗျူး (၁)

အာဏာသိမ်းပြီး ၃ နှစ်ကြာသောအခါ အချိန်သည် စစ်တပ်ဘက်တွင် မရှိတော့

“၁၀၂၇ စစ်ဆင်ရေး” နှင့် ရက်ပေါင်း ၆၀

စစ်အာဏာသိမ်း ၃ နှစ်ပြည့် NUG သို့ အိတ်ဖွင့်ပေးစာ

ထီ၊ ငွေတိုက်စာချုပ်နှင့် ခရစ်ပတိုငွေကြေး သို့မဟုတ် နွေဦးတော်လှန်ရေး ရန်ပုံငွေ

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးAAMNDAANCANLDNUCCNUGPDFTNLAငြိမ်းချမ်းရေးစခန်းသိမ်းတိုက်ပွဲစစ်ကောင်စီစစ်အာဏာသိမ်းမှုညီနောင်မဟာမိတ်အဖွဲ့တရုတ်ဒေါ်အောင်ဆန်းစုကြည်နွေဦးတော်လှန်ရေးပြည်တွင်းစစ်မြို့သိမ်းတိုက်ပွဲရွေးကောက်ပွဲ
ဗညားအောင်

ဗညားအောင်

ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.1k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ကောင်စီကြောင့် မြန်မာ့ သဘာဝပတ်ဝန်းကျင် ပျက်စီးရေး ဦးတည်

စစ်ကောင်စီကြောင့် မြန်မာ့ သဘာဝပတ်ဝန်းကျင် ပျက်စီးရေး ဦးတည်

ကိုယ့်ဘဝ ကိုယ့်ရွေးချယ်မှုပါဆိုတဲ့ ဥက္ကာမင်းမောင်

ကိုယ့်ဘဝ ကိုယ့်ရွေးချယ်မှုပါဆိုတဲ့ ဥက္ကာမင်းမောင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.5k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate