အာဏာသိမ်းပြီး သုံးနှစ်ကြာသောအခါ နိုင်ငံတဝန်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပုန်ကန်သောကြောင့် မြန်မာစစ်ကောင်စီသည် ကြီးမားသော စိန်ခေါ်မှုနှင့် ရင်ဆိုင်ရသည်။
တိုင်းရင်းသား လက်နက်ကိုင်များ၏ ညီနောင်မဟာမိတ်သုံးဖွဲ့သည် ရှမ်းပြည်မြောက်ပိုင်းမှ မြို့ပေါင်း တဒါဇင်ကျော်နှင့် ကုန်သွယ်ရေးစခန်းများကို ထိန်းချုပ်ထားသည်။ တရုတ်က ကြားဝင်စေ့စပ်ပေးသည့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ထားသော်လည်း ထိုအဖွဲ့သည် ရခိုင်ပြည်နယ်တွင် ဆက်လက် တိုက်ခိုက် သိမ်းပိုက်နေသည်။
ပဋိပက္ခ၏ ဘက်နှစ်ဖက်လုံးအပေါ် သြဇာရှိပုံရသော တရုတ်သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် မကြာသေးမီက စီစဉ်ပေးခဲ့သည်။ ထိုသို့ တွေ့ဆုံဆွေးနွေးမှုများမှ စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် တိုက်ခိုက်မှု ရပ်ဆိုင်းရန် သဘောတူသည်။ သို့သော် ထိုအပစ်အခတ်ရပ်စဲရေး ပျက်ပြီး နှစ်ဖက် ဆက်လက်တိုက်ခိုက်ကာ တိုင်းရင်းသားလက်နက်ကိုင်များက နယ်မြေများ ပိုမိုသိမ်းပိုက်လာနိုင်သည်။
တရုတ်သည် တည်ငြိမ်ရေးကို ဦးစားပေးအဖြစ် မြင်သောကြောင့် ထာဝရ အပစ်အခတ် ရပ်စဲရေးအတွက် ၎င်း၏ သြဇာကို ဆက်လက် အသုံးပြုမည်ဟု လေ့လာသူများ မြင်ကြသော်လည်း ဘက်အသီးသီး၏ မတူညီသော အကျိုးစီးပွားများကြောင့် ထိုအားထုတ်မှုများကို ရှုပ်ထွေးသွားစေနိုင်သည်။
တရုတ်သည် တည်ငြိမ်ရေးကို ဦးစားပေးအဖြစ် မြင်သောကြောင့် ထာဝရ အပစ်အခတ် ရပ်စဲရေးအတွက် ၎င်း၏ သြဇာကို ဆက်လက် အသုံးပြုမည်ဟု လေ့လာသူများ မြင်ကြသော်လည်း ဘက်အသီးသီး၏ မတူညီသော အကျိုးစီးပွားများကြောင့် ထိုအားထုတ်မှုများကို ရှုပ်ထွေးသွားစေနိုင်သည်။
လွန်ခဲ့သောလတွင် ယူနန်မှ ဆွေးနွေးပွဲများအတွင်း အပစ်အခတ်ရပ်စဲရေးအတွက် ကြားဝင်ဆောင်ရွက်ပေးနိုင်သည်ဆိုသည့် အချက်က နှစ်ဖက်လုံးသည် ဆွေးနွေးလိုစိတ်ရှိသော်လည်း မတည်ငြိမ်သော အခြေအနေကြောင့် အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုပြီး ထိခိုက်ပျက်စီးလွယ်ကြောင်း ပြသနေသည်ဟု ရှန်ဟိုင်း နိုင်ငံတကာလေ့လာရေး အင်စတီကျုမှ အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ မစ္စတာ ကျိုရှီရှင်က ပြောသည်။
“ငြိမ်းချမ်းရေးအတွက် ရတဲ့အချိန်က အရမ်းတိုတောင်းတယ်။ ငြိမ်းချမ်းရေးထိန်းသိမ်းဖို့ အချိန်က အရမ်းတိုတယ်။ ဒါကြောင့် ခဏတာ ပြန်လည်သင့်မြတ်ပြီးတာနဲ့ တိုက်ပွဲပြန်ဖြစ်တယ်” ဟု ၎င်းကပြောသည်။
ယူနန်မှ ဆွေးနွေးပွဲများအတွင်း ရရှိခဲ့သော ယာယီ အပစ်အခတ်ရပ်စဲရေးက သက်ဆိုင်သူများတွင် နောက်ထပ် တောင်းဆိုစရာ အနည်းငယ်သာရှိသည့် သဘောဖြစ်ပြီး ထို့ကြောင့် တင်းမာမှုများ ထပ်မံ လျော့ကျလာနိုင်သည်ဟု မစ္စတာ ကျိုရှီရှင်က ပြောသည်။
“ဒါကြောင့်မို့ အနာဂတ်မှာ တိုက်ပွဲတွေဟာ ဒေသအလိုက် ဒါမှမဟုတ် ကြိုကြားကြိုကြားသာ ဖြစ်ပြီး နယ်ပယ်အရ အကန့်အသတ် ရှိလိမ့်မယ်လို့ ထင်တယ်” ဟု ၎င်းကပြောသည်။
မစ္စတာ ကျိုရှီရှင်၏အဆိုအရ တရုတ်သည် မြန်မာတွင် ငြိမ်းချမ်းရေး ပြန်လည် ထိန်းသိမ်းရေးအတွက် လွန်စွာ စိတ်ရှည်ပြီး ရိုးသားသော်လည်း စစ်ကောင်စီနှင့် လက်နက်ကိုင်အုပ်စုများသည် ထိုဖြစ်စဉ်တွင် တရုတ်၏ အခန်းကဏ္ဍအပေါ် မျှော်မှန်းချက် မြင့်မားနေသောကြောင့် ဖိအားပေးခံနေရသည်ဟု သိရသည်။
“စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကပါ အခြားတဖက်ကို ကျနော်တို့က ဖိအားပေးစေလိုကြတယ်။ မြင့်မားတဲ့ မျှော်မှန်းချက်တွေက တရုတ်အတွက် အခက်အခဲ ဖြစ်စေနိုင်တယ်။ တရုတ်က ဘယ်သူ့ဆီကမှ ဖိအားကို မလိုချင်ဘူး။ အဲဒီ မျှော်မှန်းချက်တွေက တရုတ်ရဲ့ ငြိမ်းချမ်းရေး ကြားဝင်သူအဖြစ် အခန်းကဏ္ဍနဲ့ ကြားနေမှုကို ထိခိုက်စေတယ်”
“စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကပါ အခြားတဖက်ကို ကျနော်တို့က ဖိအားပေးစေလိုကြတယ်။ မြင့်မားတဲ့ မျှော်မှန်းချက်တွေက တရုတ်အတွက် အခက်အခဲ ဖြစ်စေနိုင်တယ်။ တရုတ်က ဘယ်သူ့ဆီကမှ ဖိအားကို မလိုချင်ဘူး။ အဲဒီ မျှော်မှန်းချက်တွေက တရုတ်ရဲ့ ငြိမ်းချမ်းရေး ကြားဝင်သူအဖြစ် အခန်းကဏ္ဍနဲ့ ကြားနေမှုကို ထိခိုက်စေတယ်” ဟု ၎င်းကပြောသည်။
စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်များသည် တရုတ်ကို တနိုင်ငံတည်းသော ငြိမ်းချမ်းရေး ကြားဝင်ပေးနိုင်သည့် နိုင်ငံအဖြစ် မြင်ကြသော်လည်း တရုတ်သည် နှစ်ဖက်လုံး၏ တောင်းဆိုမှုများကို ဖြည့်ဆည်း မပေးနိုင်ကြောင်း မြန်မာအခြေစိုက် ကချင်ပြည်သုတေသနဌာန (KRC) မှ အမှုဆောင်ဒါရိုက်တာ ဒန်ဆိုင်လွန်က ပြောသည်။
“ဆွေးနွေးညှိနှိုင်းမှု ရလဒ်ကို တရုတ်က သတ်မှတ်ပေးလို့ မရဘူး” ဟု ၎င်းကပြောပြီး နှစ်ဖက်စလုံးသည် ကိုယ်နိုင် သူရှုံး အပြတ်အသတ် စိတ်ဓာတ်မျိုး ရှိနေသောကြောင့် ၎င်းတို့၏ မျှော်မှန်းချက်များကို မည်သည့်ပြင်ပ အင်အားကြီးနိုင်ငံကမှ ဖြည့်ဆည်းနိုင်မည် မဟုတ်ဟု ရှင်းပြသည်။
ပြည်သူလူထု၏ အမြင်ကိုလည်း ထည့်သွင်းစဉ်းစားရသောကြောင့် တိုင်းရင်းသားလက်နက်ကိုင်များ အနေဖြင့် စစ်ကောင်စီနှင့် ထာဝရ အပစ်အခတ်ရပ်ရန် ခက်မဲမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် ယခုအချိန်တွင် တိုက်ခိုက်မှုရပ်ပြီး စစ်ကောင်စီနှင့် ဆွေးနွေးပါက ပြည်သူလူထုကို ဖြေရှင်းချက်များစွာ ပေးရမည်ဟု ၎င်းကပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်များက ပြီးခဲ့သည့် အောက်တိုဘာလတွင် တိုက်ပွဲများ စတင်ပြီးနောက် တရုတ်နှင့် မြန်မာ ကုန်သွယ်ရေး ထိခိုက်နေသည်။ တရုတ်နိုင်ငံသည် မြန်မာ၏ အကြီးမားဆုံး ကုန်သွယ်ဖက်နှင့် အဓိက ရင်းနှီးမြှုပ်နှံသူ ဖြစ်သည်။
လွန်ခဲ့သောလတွင် စစ်ကောင်စီနှင့် တရုတ်တို့သည် ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) ၏ အဓိက စီမံကိန်းဖြစ်သော ကျောက်ဖြူ ရေနက်ဆိပ်ကမ်း တည်ဆောက်ရန် ထပ်မံကတိပြုသည်။
လွန်ခဲ့သောလတွင် စစ်ကောင်စီနှင့် တရုတ်တို့သည် ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) ၏ အဓိက စီမံကိန်းဖြစ်သော ကျောက်ဖြူ ရေနက်ဆိပ်ကမ်း တည်ဆောက်ရန် ထပ်မံကတိပြုသည်။
ဥရောပနှင့် အရှေ့အလယ်ပိုင်းသို့ တရုတ်ကုန်သွယ်ရေး ဝင်ထွက်ပေါက်ဖြစ်သော ထိုဆိပ်ကမ်း၏ တိုးတက်မှုသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ရပ်တန့်နေပြီး စစ်ကောင်စီက ထိုဆိပ်ကမ်းကို ထပ်မံ ကတိပြုခြင်းသည် တရုတ်၏ ထောက်ခံမှုရရန် ပြုလုပ်သည့် လုပ်ရပ်ဟု မြင်ကြသည်။
တချိန်တည်းတွင် ညီနောင်မဟာမိတ်သုံးဖွဲ့ကလည်း တရုတ်၏ ယုံကြည်မှုကိုရရန် ပဋိပက္ခအတွင်း တရုတ်ပိုင်ဆိုင်မှုများကို ကာကွယ်ရန် ကတိပြုထားသည်။
မတည်ငြိမ်မှု ရှည်ကြာနေပါက တရုတ်အစိုးရအနေဖြင့် ၎င်း၏ ရပ်ဝန်းနှင့်လမ်းအစီအစဉ် အပြည့်အဝ အကောင်အထည် ဖော်နိုင်မည် မဟုတ်ကြောင်း၊ တရုတ်အစိုးရဌာနများသည် မြန်မာစစ်ကောင်စီနှင့်သာမက တရုတ်က စီမံကိန်း အကောင်အထည် ဖော်နေသည့် ဒေသများတွင် လှုပ်ရှားနေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အများအပြားနှင့် နီးကပ်သော ဆက်သွယ်ရေးရှိကြောင်း ဂျော့ဝါရှင်တန် တက္ကသိုလ် မြန်မာ့ရေးရာပါမောက္ခ ဒေါက်တာ ခရစ္စတီးနား ဖင့်ခ်က ပြောသည်။
“တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တရုတ်အစိုးရအကြား နားလည်မှုအရ အဲဒီ စီမံကိန်းတွေကို လက်ရှိအချိန်အထိ ပစ်မှတ်မထားသေးဘူး” ဟု ၎င်းကပြောသည်။
ရှည်ကြာသော ပဋိပက္ခသည် တရုတ်နယ်စပ်လုံခြုံရေး၊ မြန်မာနှင့်ရေရှည် ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်စေမည် ဖြစ်သော်လည်း တရုတ်သည် ၎င်း၏ အခြေခံအဆောက်အအုံ စီမံကိန်းများတွင် တဖက်ဖက်ကို ရွေးမည်မဟုတ်ဟု ရှာမန် တက္ကသိုလ်၊ အရှေ့တောင်အာရှရေးရာ ပါမောက္ခ ကျောင်ကိုထူက ပြောသည်။
“မြန်မာပြဿနာအတွက် မျှတတဲ့ဖြေရှင်းမှုဟာ ရေရှည်မှာ တရုတ်ရဲ့ ရပ်ဝန်းနဲ့လမ်း စီမံကိန်းတွေ အတွက် အကျိုးပြုမယ်လို့ ကျနော်ယုံကြည်တယ်” ဟု ၎င်းကပြောသည်။
တရုတ်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိုးစစ်ကို ထောက်ခံသည်ဟု နေပြည်တော်မှ လူအများအပြား ခန့်မှန်းကြသည်။ စစ်ကောင်စီ လိုလားသော မီဒီယာများနှင့် စစ်ကောင်စီထောက်ခံသူများသည် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများပြုလုပ်ပြီး တရုတ်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို ထောက်ခံသည်ဟု စွပ်စွဲကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့သည်။
စစ်တပ်လိုလားသည့် ဆန္ဒပြပွဲနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက တရုတ်နှင့် မြန်မာအကြား ချစ်ကြည်ရင်းနှီးမှုကို ထိခိုက်အောင်လုပ်သည့် လုပ်ရပ်များသည် အောင်မြင်မည် မဟုတ်ကြောင်း ပြောသည်။
တရုတ်က ၎င်းတို့သည် မြန်မာ့ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မည် မဟုတ်ကြောင်း အကြိမ်ကြိမ် ပြောသည်။ စစ်တပ်လိုလားသည့် ဆန္ဒပြပွဲနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက တရုတ်နှင့် မြန်မာအကြား ချစ်ကြည်ရင်းနှီးမှုကို ထိခိုက်အောင်လုပ်သည့် လုပ်ရပ်များသည် အောင်မြင်မည် မဟုတ်ကြောင်း ပြောသည်။
တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် နယ်စပ်ဖြတ်ကျော် လိမ်လည်မှုများကို စစ်ကောင်စီက တိုက်ဖျက်မှု မရှိခြင်းကြောင့် တရုတ်နှင့် စစ်ကောင်စီအကြား ယုံကြည်မှု ပြဿနာအချို့ ရှိနိုင်ကြောင်း လေ့လာသူများက ပြောသည်။ သိန်းနှင့်ချီသော တရုတ်နိုင်ငံသားများသည် လစာကောင်းသော အလုပ်များဖြင့် မြန်မာသို့ လှည့်စား ခေါ်ဆောင်ခံရပြီး ဖမ်းဆီးခံရကာ ငွေကြေးလိမ်လည်မှု လုပ်ငန်းများတွင် အတင်းအကျပ် စေခိုင်းခံကြရသည်။
လွန်ခဲ့သောနှစ်အတွင်း တရုတ်အရာရှိများသည် မြန်မာသို့ အကြိမ်ကြိမ်သွားရောက်ပြီး ဆိုက်ဘာ ငွေကြေးလိမ်လည်မှု လုပ်ငန်းများကို ဖြိုခွဲရာတွင် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်ရန် နေပြည်တော်ကို တိုက်တွန်းခဲ့သည်။
လွန်ခဲ့သောနှစ်တွင် စစ်ကောင်စီသည် မြန်မာမှ အမည်ဆိုးကျော်ကြားသည့် ဆိုက်ဘာဂိုဏ်းဝင်များနှင့် ဆိုက်ဘာ ငွေကြေးလိမ်လည်မှု ကျူးလွန်သည်ဟု သံသယရှိသူ ၄၀,၀၀၀ ကျော်ကို တရုတ်သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
စစ်ကောင်စီ၏ ထိုသို့သော လုပ်ဆောင်မှုကို တရုတ်အစိုးရက ကျေးဇူးတင်မည် ဖြစ်သော်လည်း လက်ရှိ စစ်ကောင်စီသည် နိုင်ငံကို စီမံရာတွင် ညံ့ဖျင်းသည်ဆိုသည့် အကဲဖြတ်ချက်ကို ပြောင်းလဲမည် မဟုတ်ကြောင်း ပါမောက္ခ ဖင့်ခ်က ပြောသည်။
“မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ခေါင်းဆောင်မှုကို တရုတ်က စိတ်ပျက်တယ်။ ၂၀၂၀ ပြည့်နှစ်က ရွေးကောက်ခံ နိုင်ငံရေးသမားတွေက ဖွဲ့စည်းထားတဲ့ စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ဝင်တွေက တရုတ်ကသူတို့ကို ယုံကြည်လာအောင် ကြိုးစားနေကြတယ်” ဟု ပါမောက္ခ ဖင့်ခ်က ပြောသည်။
လွန်ခဲ့သောလက သဘောထားထုတ်ပြန်ချက် တခုတွင် NUG က တရုတ် ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ပြီး နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ တိုက်ဖျက်ရန် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်ပြီး “တရုတ် တနိုင်ငံတည်းမူ” ကို ထောက်ခံကြောင်း ဖော်ပြခဲ့သည်။
လွန်ခဲ့သောလက သဘောထားထုတ်ပြန်ချက် တခုတွင် NUG က တရုတ် ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ပြီး နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ တိုက်ဖျက်ရန် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်ပြီး “တရုတ် တနိုင်ငံတည်းမူ” ကို ထောက်ခံကြောင်း ဖော်ပြခဲ့သည်။
NUG ကျောထောက်နောက်ခံပြု ပြည်သူ့ကာကွယ်ရေးတပ် (PDF) များသည် စစ်ကောင်စီကို ဒေသတွင်း တိုက်ခိုက်မှုများတွင် ညီနောင်မဟာမိတ် သုံးဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ကြသည်။
ငြိမ်းချမ်းရေး သုတေသန အင်စတီကျုမှ မြန်မာအထူးပြု ပါရဂူသင်တန်းတက်နေသူ အမရာသီဟက “အခုလက်ရှိ အခြေအနေမှာ ကြာနေမယ်ဆိုရင် နောက်နှစ်အနည်းငယ်အတွင်းမှာ ဗဟိုချုပ်ကိုင်မှု မရှိတဲ့ အာဏာပိုင်တွေနဲ့ အစိတ်စိတ်အပိုင်းပိုင်း ဖြစ်နေတဲ့ ပြည်နယ်ငယ်လေးတွေနဲ့ ခွဲထွက်ဖို့ အားထုတ်မှုတွေကို တွေ့ရနိုင်တယ်” ဟု ပြောသည်။
“အဲဒီလို အစိတ်စိတ်အမွှာမွှာဖြစ်တာက တရုတ်လိုချင်တဲ့ပုံစံ မဟုတ်ဘူး။ မီးလောင်နေတာကို မြစ်တဖက်ကမ်းကနေ ထိုင်ကြည့်နေတာမျိုးနဲ့တူတဲ့ တရုတ်သေနင်္ဂဗျူဟာဆိုတဲ့ အယူအဆတခု ရှိတယ်။ တရုတ်က အဲဒီနည်းကို သုံးနေတယ်လို့ ဆိုလိုချင်တဲ့ ပါဝင်ပတ်သက်သူတွေလည်း ရှိနေတယ်” ဟု သူကရှင်းပြသည်။
ရေနက်ဆိပ်ကမ်း စီမံကိန်းပါဝင်သော တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုသည် ကတိကဝတ်တခုကို ကိုယ်စားပြုနေပြီး တရုတ်သည် မြန်မာမှ လက်ရှိ အာဏာရယူထားသူများကိုသာ ဆက်လက်ထောက်ခံမှု ပြသနေကြောင်း အမရာသီဟက ပြောသည်။
လွန်ခဲ့သောအပတ်က တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိသည် တရုတ်-အမေရိကန် ဆက်ဆံရေးအကြောင်း ဆွေးနွေးရန် အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး မစ္စတာ ဂျိတ်ဆူလီဗန်နှင့် ထိုင်းနိုင်ငံတွင် တွေ့ဆုံသည်။ ၎င်းတို့ နှစ်ဦးသည် မြန်မာအကြောင်းကိုလည်း ဆွေးနွေးကြပြီး မြန်မာ့အရေးနှင့် ပတ်သက်သည့် နောက်ထပ် ဆွေးနွေးပွဲများ ကျင်းပရန် သဘောတူကြသည်။
သို့သော် အမေရိကန်-တရုတ် ပူးပေါင်းဆောင်ရွက်နိုင်ခြေ နည်းကြောင်း အမရာသီဟက ပြောသည်။
“မြန်မာအရေး ဆွေးနွေးရာမှာ အမေရိကန်ကို ထည့်သွင်းခြင်းဟာ တရုတ်က အမေရိကန်သြဇာ ချဲ့ထွင်တာလို့ မြင်နိုင်တယ်။ အဆင်မပြေတဲ့ တရုတ်-အမေရိကန် ဆက်ဆံရေးကလည်း အဲဒီလိုဖြစ်နိုင်ခြေကို လျော့နည်းရှုပ်ထွေးစေတယ်” ဟု ၎င်းကရှင်းပြသည်။
လတ်တလော မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မည်သည့် အနောက်တိုင်းနိုင်ငံမှ ပါဝင်နိုင်ခြင်း မရှိကြောင်းနှင့် တရုတ်နှင့် အမေရိကန်တို့ အကောင်းဆုံးလုပ်နိုင်သည့် အလုပ်မှာ မြန်မာကို ၂၀၁၁ ခုနှစ်က အခြေအနေ ပြန်ရောက်အောင် အပြန်အလှန် နားလည်မှု ရယူခြင်းသာ
လတ်တလော မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မည်သည့် အနောက်တိုင်းနိုင်ငံမှ ပါဝင်နိုင်ခြင်း မရှိကြောင်းနှင့် တရုတ်နှင့် အမေရိကန်တို့ အကောင်းဆုံးလုပ်နိုင်သည့် အလုပ်မှာ မြန်မာကို ၂၀၁၁ ခုနှစ်က အခြေအနေ ပြန်ရောက်အောင် အပြန်အလှန် နားလည်မှု ရယူခြင်းသာဖြစ်ကြောင်း ဒန်ဆိုင်လွန်က ပြောသည်။
၂၀၁၁ ခုနှစ်တွင် မြန်မာကို ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့သည့် စစ်အုပ်စုသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ လုပ်ပြီး အရပ်သားခေါင်းဆောင်မှုအဖြစ် အသွင်ပြောင်းခဲ့သည်။
“ဖြစ်နိုင်ရင် အဲဒါက လတ်တလော အကောင်းဆုံးအခြေအနေပဲ။ အရပ်သား ခေါင်းဆောင်မှုကို တံခါးဖွင့်ပေးရမယ်။ အနောက်နိုင်ငံတွေကို တံခါးဖွင့်ပေးရမယ်။ ဒါပေမယ့် အဲဒါက လောလောဆယ် မဖြစ်နိုင်လောက်အောင် ခက်ခဲတယ်” ဟု ၎င်းကပြောသည်။
(South China Morning Post ပါ Kawala Xie ၏ China plays peacemaker in Myanmar but high expectations, ‘trust issues’ and belt and road projects thwart progress ကို ဘာသာပြန်သည်။)
You may also like these stories:
တရုတ်ကို ကြောက်နေရတဲ့ နေပြည်တော်စစ်ကောင်စီ
စစ်ကောင်စီ ဝှက်ပေးထားသော ရာဇဝတ်သားများ တရုတ်ထံ လွှဲပေး
စစ်တပ် ကာကွယ်ထားသော တရုတ်နယ်စပ် ငွေကြေးလိမ်လည်လုပ်ငန်း နှစ်စဉ် ဒေါ်လာ ၁၄ ဘီလီယံ ရ
ဒေါ်လာ ၈ ဘီလီယံကျော်တန် ကျောက်ဖြူစီမံကိန်းဖြင့် စစ်ကောင်စီက တရုတ်ကို အချိုသတ်
စစ်ကောင်စီက တရုတ်ထံမှ ဒေါ်လာဘီလီယံချီ အထောက်အပံ့ရနေ