စစ်ကောင်စီသည် တနိုင်ငံလုံးတွင် စစ်ကောင်စီဆန့်ကျင်ရေး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ၎င်းတို့၏ မဟာမိတ်တော်လှန်ရေး အင်အားစုများ၏ ကြီးထွားလာသည့် ထိုးစစ်များကို ချေမှုန်းရန် ရုန်းကန်နေရချိန်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အသက်သွင်းလိုက်ပြီး လူငယ်အမျိုးသား၊ အမျိုးသမီးများကို စစ်တပ်တွင် အနည်းဆုံး နှစ်နှစ် အမှုထမ်းရန် ဆင့်ခေါ်သည်။
လွန်ခဲ့သော ၆၅ နှစ်က စတင်ပြဋ္ဌာန်းသည့် ထိုဥပဒေကို ယခင် အစိုးရအဆက်ဆက်က အသက်မသွင်းခဲ့ပေ။
နည်းဥပဒေကို မကြာမီ ကြေညာမည်ဟု စစ်ကောင်စီက ပြောသည်။ ထိုပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် အဓိကအချက် ခြောက်ချက်ကို ဧရာဝတီက အောက်တွင် ဖော်ပြထားသည်။
၁။ ဥပဒေအသက်သွင်းခြင်း၏ နောက်ကွယ်မှ အကြောင်းရင်း
စစ်တပ်သည် တော်လှန်ရေး အင်အားစုများကို တိုက်ခိုက်ရာတွင် ထိခိုက်သေဆုံးသောကြောင့်၊ အထူးသဖြင့် ၁၀၂၇ စစ်ဆင်ရေးနှင့် နောက်ဆက်တွဲ ထိုးစစ်များနှင့် တပ်သားစုဆောင်းမှု အကျပ်အတည်း၊ တပ်မှထွက်ပြေးခြင်းနှင့် လူထုထောက်ခံမှု လုံးဝ မရှိခြင်းကြောင့် အကြီးအကျယ် အင်အားချိနဲ့နေချိန်တွင် ထိုဥပဒေကို အသက်သွင်းခဲ့သည်။
၁၀၂၇ စစ်ဆင်ရေးနှင့် နောက်ဆက်တွဲ ထိုးစစ်များနှင့် တပ်သားစုဆောင်းမှု အကျပ်အတည်း၊ တပ်မှထွက်ပြေးခြင်းနှင့် လူထုထောက်ခံမှု လုံးဝ မရှိခြင်းကြောင့် အကြီးအကျယ် အင်အားချိနဲ့နေချိန်တွင် ထိုဥပဒေကို အသက်သွင်းခဲ့သည်။
စစ်တပ်သည် တိုက်ခိုက်ရေးတပ်များကို အင်အား ပြန်လည် ဖြည့်တင်းရန် နည်းလမ်းအမျိုးမျိုး ပြုလုပ်ခဲ့ကြောင်း ဗိုလ်ချုပ်ဟောင်းတဦးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။ ထိုနည်းလမ်းများတွင် စစ်မှုထမ်းဟောင်းများကို သာမက တပ်ပြေးများ၊ ခွင့်မဲ့ပျက်ကွက်များကို ပြန်လည် ခန့်အပ်ခြင်းနှင့် ပြည်သူ့စစ်ဟုခေါ်သည့် အဖွဲ့များတွင် အတင်းအကျပ် စုဆောင်းခြင်း၊ ပေါ်တာဆွဲခြင်းများ ပါဝင်သည်။ ထိုနည်းလမ်းများဖြင့် ပြဿနာကို ဖြေရှင်းရန် မအောင်မြင်သောအခါ စစ်ကောင်စီသည် အတင်းအကျပ် စစ်သားစုဆောင်းခြင်းကို အသက်သွင်းလိုက်ကြောင်း အထက်ပါ ဗိုလ်ချုပ်ဟောင်းက ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) ကို တိုက်ခိုက်ရန်နှင့် အချို့အင်အားကြီးနိုင်ငံများသည် စစ်ပွဲများ၊ လက်ဝေခံစစ်ပွဲများ ဆင်နွှဲရေးအတွက် အကြောင်းပြချက်အနေဖြင့် လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးကိုသုံးကာ ၎င်းတို့ မလိုလားသည့် အစိုးရများကို အရေးယူပိတ်ဆို့မှု ပုံစံအမျိုးမျိုးသုံးနေသောကြောင့် အမျိုးသားအချုပ်အခြာအာဏာကို ကာကွယ်ရန် ထိုဥပဒေကို ကျင့်သုံးခြင်းဖြစ်သည်ဟု စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက စစ်ကောင်စီ ဝါဒဖြန့်သတင်းစာများကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပြောသည်။
၂။ မည်သူတို့ အကျုံးဝင်ပြီး မည်သူတို့ ကင်းလွတ်သနည်း
အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများအားလုံးနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများ အာလုံး စစ်မှုထမ်းရမည် ဖြစ်သည်။
အသက် ၁၈ နှစ်မှ ၄၅ နှစ်အရွယ်အတွင်း ပညာရှင်အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အရွယ်အတွင်း ပညာရှင်အမျိုးသမီးများ အကျုံးဝင်သည်။
စစ်မှုထမ်းရမည့် ကာလသည် နှစ်နှစ်ထက်မကျော်ဟု ဆိုသော်လည်း ပညာရှင်အဖြစ် ခေါ်ယူသူများသည် သုံးနှစ်အထိ စစ်မှုထမ်းရမည် ဖြစ်သည်။ သို့သော် ယခုကဲ့သို့သော အရေးပေါ်အခြေအနေမျိုးတွင် စစ်မှုထမ်းသက်ကို ငါးနှစ်အထိ တိုးချဲ့နိုင်သည်။
စစ်မှုထမ်းရမည့် ကာလသည် နှစ်နှစ်ထက်မကျော်ဟု ဆိုသော်လည်း ပညာရှင်အဖြစ် ခေါ်ယူသူများသည် သုံးနှစ်အထိ စစ်မှုထမ်းရမည် ဖြစ်သည်။ သို့သော် ယခုကဲ့သို့သော အရေးပေါ်အခြေအနေမျိုးတွင် စစ်မှုထမ်းသက်ကို ငါးနှစ်အထိ တိုးချဲ့နိုင်သည်။
အစိုးရဝန်ထမ်းများ၊ ကျောင်းသားများ၊ သက်ကြီးရွယ်အို မိဘများကို စောင့်ရှောက်နေသူများ၊ ပြန်လည် ထူထောင်ရေးလုပ်နေသည့် မူးယစ်ဆေးစွဲသူများ၊ ဆေးဝါးကုသမှု ခံယူနေသူများနှင့် ထောင်ကျနေသူများကို ယာယီဆိုင်းငံ့မှုပေးသည်။ (ထိုသို့ ဆိုင်းငံ့ပြီးသောအခါ ၎င်းတို့သည့် သတ်မှတ်အသက် ကျော်လွန်နေစေကာမူ သတ်မှတ်ကာလအပြည့် စစ်မှုထမ်းရန် လိုအပ်သည်။)
ကင်းလွတ်ခွင့်ရသူများမှာ သာသနာ့ဘောင်ဝင်များ၊ အိမ်ထောင်သည် အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ စစ်သားစုဆောင်းရေးအဖွဲ့က ကင်းလွတ်ခွင့်ပြုသူများ၊ မြန်မာစစ်တပ် ဆေးစစ်ဆေးရေးအဖွဲ့က စစ်တပ်တွင် တာဝန်ထမ်းဆောင်ရန် အမြဲတမ်း မသင့်တော်ဟု သတ်မှတ်သူများ ပါဝင်သည်။
၃။ စစ်မှုထမ်းရန် တိမ်းရှောင်ခြင်းအတွက် အပြစ်ဒဏ်
စစ်မှုထမ်းရန် တိမ်းရှောင်ခြင်းကို ထောင် သုံးနှစ်မှ ငါးနှစ်အထိ အပြစ်ပေးနိုင်သည်။ စစ်မှုထမ်းရန် တိမ်းရှောင်ခြင်းအတွက် ကျန်းမာရေး မကောင်း သို့မဟုတ် မသန်စွမ်း ဖြစ်ဟန်ဆောင်ခြင်းကို ထောင် ငါးနှစ်အထိ အပြစ်ပေးနိုင်သည်။
၄။ ထိုဥပဒေ၏ မူလအစ
မြန်မာ့ ပထမဆုံး စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်းသည် အိမ်စောင့်အစိုးရ အကြီးအကဲအဖြစ် ထိုဥပဒေကို ၁၉၅၉ ခုနှစ်တွင် ပြဋ္ဌာန်းသည်။ သူသည် ၁၉၆၂ ခုနှစ်တွင် မြန်မာ့ပထမဆုံး စစ်အာဏာသိမ်းမှု ပြုလုပ်သူဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလသို့ ရောက်သောအခါ ထိုစဉ်က အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဥပဒေကို ပြင်ဆင်သည်။ သို့သော် ဥပဒေကို ဦးနေဝင်း၊ ဦးသန်းရွှေ၊ ဦးသိန်းစိန် အရပ်သားအစိုးရတုနှင့် ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီအစိုးရတို့က ကျင့်သုံးခြင်း မပြုခဲ့ပေ။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းပြီးနောက် သုံးနှစ်ကြာသောအခါ နိုင်ငံတဝန်း လက်နက်ကိုင် တော်လှန်မှုကို မကိုင်တွယ်နိုင်တော့သည့် အခြေအနေ ရောက်သောအခါ ထိုဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်ကျင့်သုံးသည်။
၅။ အလားအလာရှိသော ရိုက်ခတ်မှုများ
ထိုဥပဒေသည် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်များကို ပစ်မှတ်ထားသောကြောင့် နိုင်ငံ၏ လူသားရင်းမြစ်များကို အပြင်းအထန် ထိခိုက်မည်ဟု မျှော်လင့်ရသည်။
ယခုဥပဒေကို ကျင့်သုံးခြင်းသည် ဦးနှောက်စီးထွက်မှုကို ပိုမိုဆိုးရွားစေမည်။ အိမ်နီးချင်းနိုင်ငံများ ရင်ဆိုင်နေရသည့် မြန်မာဒုက္ခသည် အကျပ်အတည်း ပိုမိုဆိုးရွားလာမည်ဟုလည်း မျှော်လင့်ရသည်။
စစ်အာဏာသိမ်းပြီးနောက်တွင် ပြည်သူအများအပြားသည် ဘေးကင်းလုံခြုံမှုနှင့် ပိုမိုကောင်းမွန်သော ဘဝရရန် နိုင်ငံမှ ထွက်ခွာသွားပြီး ယခုဥပဒေကို ကျင့်သုံးခြင်းသည် ဦးနှောက်စီးထွက်မှုကို ပိုမိုဆိုးရွားစေမည်။ အိမ်နီးချင်းနိုင်ငံများ ရင်ဆိုင်နေရသည့် မြန်မာဒုက္ခသည် အကျပ်အတည်း ပိုမိုဆိုးရွားလာမည်ဟုလည်း မျှော်လင့်ရသည်။
ထိုဥပဒေသည် စစ်တပ်ထောက်ခံသူများကိုသာမက စစ်တပ် မထောက်ခံသူများကိုလည်း သက်ရောက်မည် ဖြစ်သောကြောင့် စစ်ကောင်စီဆန့်ကျင်ရေးကို ပိုမို မီးထိုးပေးမည်ဟု လေ့လာသူများက ပြောသည်။
လူအင်အား အလွန်နည်းနေသော စစ်တပ်က အရပ်သားများအား ပိုမိုပေါ်တာဆွဲမည်ကို ပြည်သူများ စိုးရိမ်နေကြသည်။ ထိုဥပဒေကြောင့် လူငယ်များသည် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများနှင့် ပိုမိုပူးပေါင်းစေနိုင်သည်ဟု သုတေသီများက ပြောသည်။
၆။ အတင်းအကျပ် စစ်သားစုဆောင်းခြင်းမှ အကျင့်ပျက်ခြစားခြင်းနှင့် ငွေညှစ်ခြင်းသို့
ထိုဥပဒေကြောင့် စစ်ကောင်စီသည် ပြည်သူလူထုထံမှ၊ အထူးသဖြင့် စစ်မှု မထမ်းလိုသည့် ချမ်းသာကြွယ်ဝသော မိသားစုများထံမှ ငွေညှစ်ရန် အခွင့်အလမ်းရသွားသည်။ သို့သော် စစ်ကောင်စီသည် ငွေညှစ်ရာတွင် ဆင်းရဲသော မိသားစုများကိုလည်း အလွတ်ပေးမည် မဟုတ်ပေ။
အာဏာသိမ်းပြီးနောက် မြို့များသို့ ရောက်လာသည့် စစ်သားများသည် ဧည့်စာရင်း မတိုင်ထားသည့် ဧည့်သည်များကို ရှာရန်ဟုဆိုကာ ညဘက်တွင် အိမ်ထောင်စုစာရင်းစစ်စဉ် အငြင်းပွားဖွယ်ရာ ဖမ်းဆီးမှုများ ပြုလုပ်ပြီး ငွေညှစ်ကာ ပြန်လွှတ်ပေးသည်မှာ ထုံးစံသဖွယ် ဖြစ်နေသည်။ ယခုဥပဒေသည် ၎င်းတို့အတွက် ငွေရပေါက် ဖြစ်သည်ဟု လေ့လာသူများက ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Six Key Points About Myanmar’s Newly Enforced Conscription Law ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ
ပျက်နေတဲ့ တပ်ထဲ မည်သူမျှ မဝင်လိုတော့
စစ်ကောင်စီတပ် စုပေါင်းစပ်ပေါင်း ဖွဲ့ထားရကြောင်း သံဘိုတပ်စခန်းသက်သေပြ
စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ ပြည်သူများ စိုးရိမ်
သေမည့်အပတ် စစ်ထဲလိုက်ရမည့်အဖြစ် နောက်ဆုံးအသုတ် ဗိုလ်လောင်းများ ကြုံနေရ